အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​က...

By Arr_Sheng

1.7M 185K 35.4K

This story book presented by Zawgyi & UNICODE. #Zawgyi ေသမိန္႔က်ၿပီး လူတစ္ေယာက္၏ ေနာက္ဆုံးဆႏၵ #UNICODE သေမိန့... More

Author's Note
synopsis
EP-1
EP-2
EP-3
EP-4
EP-5
EP-6
EP-7
EP-8
EP-9
EP-10
EP-11
EP-12
EP-13
EP-14
EP-15
EP-16
EP-17
EP-18
EP-19
EP-20
EP-21
EP-22
EP- 23
EP-24
EP-25
EP-26
EP-27
EP-29
EP-30
EP-31
EP-32
EP-33
EP-34
EP-35
EP-36
EP-37
EP-38
EP-39
EP-40
EP-41
EP-42
EP-43
EP-44
EP-45
EP-46
EP-47
Final Episode
From Arr_Sheng

EP-28

24.5K 3K 735
By Arr_Sheng

""တမလြန္ဘ၀ကူးနယ္က ႀကဳိဆုိပါတယ္ က်န္းေလာင္ေ၀့""

စိမ္းျမေရာင္မ်က္ခုံးတန္းေအာက္ ပတၱျမားေသြးေရာင္ မ်က္လုံးက စူး႐ွလွ်က္ ပန္းအငုံႏႈတ္ခမ္းဖူးက ၿပဳံးေယာင္သမ္းေနသည္။ ေ႐ႊျဖဴေရာင္ ၀တ္႐ုံဖားဖားႀကီး၏ အက်ႌလက္႐ွည္က ေငြသားေရာင္ ဆံႏြယ္႐ွည္တုိ႔ကို ျဖန္႔ကားကာ ၿပဳံးျမျမအသြင္နဲ႔ ေသမင္းတမန္ေတာ္။ 

""အခုဘ၀မွာ ကိုယ့္ဖက္က ေစတနာထားခဲ့ေပမဲ့ ေက်းဇူးမသိတတ္ေလသူ Minus Downကို အမုန္းမႀကီးပါနဲ႔၊ အားလုံးက ဘ၀အဆက္ဆက္ ကံအေၾကြးပါလာတဲ့အတုိင္း အတုံ႔အလွည့္ ေပးဆပ္ရယူတာခ်ည္းပါပဲ""

နဖူးေပၚ အသားကိုထုိးထားေသာ သေကၤတအမွတ္ရာေလးက သက္တန္႔ေရာင္ေျပးတလက္လက္။

-------------------

႐ႈပ္ပြေနေသာ အခန္းမွာ ပ်က္စီးေနေသာ အပ်က္အစီးမ်ားက လူႏွစ္ေယာက္၏ ႐ုန္႔ရင္းဆန္ခက္ အၾကမ္းဖက္မႈ ႔ေၾကာင့္ အေကာင္းတုိင္းမ႐ွိ။ ကုတင္ထက္မွာ လူေသ အေလာင္းေကာင္၊ အေလာင္းေကာင္အေပၚမွာ ခြထားလွ်က္ လူသတ္သမား၊ အခန္းထဲ ၀င္ေရာက္လာသည့္ အမႈ ႔အခငး္၏ ပထမဦးဆုံး မ်က္ျမင္သက္ေသက ဆီးႀကဳိေနေသာ ကုတင္ထက္က ျမင္ကြငး္ေၾကာင့္ ၾကမ္းခင္းေပၚ ယိုင္လဲ ထုိင္က်လွ်က္သား။

အခန္းထဲမွာ အခ်ိန္အတန္ၾကာ ပုံေသပန္းခ်ီကားတစ္ခ်ပ္လို ၿငိမ္သက္ေနရာမွာ အခန္းတြင္း လႈပ္႐ွားမႈ ႔႐ွိလာသည္။ ထိုင္က်ေနရာမွ ထ ရပ္လာသူက ပုိင္စီး။ Downအနားကို ေလွ်ာက္လာသည္။

ေခါငး္အုံးအစြန္းႏွစ္ဖက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားဆဲ လက္ေခ်ာငး္သြယ္တုိ႔ကို တစ္ေခ်ာငး္ခ်ငး္ ဆဲြ ျဖဳတ္ယူသည္။ ေရခဲတမွ် ေအးခဲေနေသာ လက္ေခ်ာငး္သြယ္တို႔ကို ကိုယ့္လက္ေခ်ာင္းတုိ႔ၾကား ယွက္သြယ္ကာ ကိုယ့္နဖူးႏွင့္ တိုက္လွ်က္ ယူႀကဳံးမရ ငိုေၾကြးသည္။ ေယာက္်ားတစ္ေယာက္ ျဖစ္ေသာ္ျငား အခန္းတြင္း ပဲ့တင္ထပ္သြားေအာင္ ပုိင္စီး ေအာ္ဟစ္ငိုသည္။

Downပါးျပင္ႏွစ္ဖက္ေပၚ  မ်က္ရည္စီးေၾကာင္းေတြက တသြင္သြင္ စီးက်လွ်က္ Downကိုယ္ကမူ လႈပ္လဲမလႈပ္ အသံမထြက္။ ပိုင္စီးက Down၏ လည္တုိင္ကို ငု႔ံမိုးနမ္းလွ်က္ Downပခုံးေပၚ ေခါင္းစုိက္က်ကာ မ်က္ရည္မိုး ႐ြာသြန္းၿဖဳိးေကာင္းတုန္း။ ပိုင္စီး၏ မ်က္ရည္မိုးစက္တုိ႔က Downအက်ႌပခုံးသားေပၚ စိမ့္၀င္ယိုဖိတ္သည္။

""မိုက္မဲလိုက္တာ Mineရာ""

Downပခုံးကို ပုိင္စီးလက္ပုတ္႐ုိက္လွ်က္ အျပစ္တင္သည္။

""ဒီလိုတန္ဖိုးမ႐ွိတဲ့ အသက္ကို တန္ဖိုး႐ွိတဲ့ မင္းရဲ ႔ဘ၀နဲ႔ လဲလွယ္လိုက္လို႔ ငါႏွေျမာလိုက္တာကြာ၊ မင္းမုိလို႔ ကုိယ့္ဘ၀တစ္ခုလုံးကို စေတးၿပီး မ်က္စိတစ္မွိတ္အတြင္းမွာ ဒီလူႀကီးအသက္ကို မုိက္မိုက္မဲမဲ ႏႈတ္ယူခဲ့တယ္၊ မင္းသိပ္မိုက္မဲတယ္၊ မင္းေသာက္႐ူးအလုပ္ကို လုပ္ခဲ့တာပဲ""

ေတာင့္မတ္ေနေသာ Downကုိယ္ကို ရင္ခြင္ထဲ ဆြဲသြင္းကာ ပခုံးကို ျဖည္းညွင္းစြာ ပုတ္သည္။ ပိုင္စီး၏ ေထြးေပြ႔မႈ႔မွာ Downကုိယ္ ၿပဳိက်လာၿပီး တ႐ႈတ္႐ႈတ္ ငို႐ႈိက္ေတာ့သည္။

""ေ႐ြးခ်ယ္စရာမ႐ွိခဲ့ဘူး၊ ေသျခငး္တရားကုိ ေတာင့္တေနတဲ့ တုိ႔က အဲ့ဒီ့အခ်ိန္တုန္းက ေသမွာကို စိုးရိမ္ခဲ့တယ္၊ တို႔ေသသြားၿပီး ပိုင့္ကုိ မကာကြယ္ေပးႏုိင္မွာ သိပ္ေၾကာက္ခဲ့တယ္၊ အသက္တစ္ခုကို သူနဲ႔တို႔ လုယူခဲ့႐ုံပါ၊ တုိ႔သာ သူ႔အသက္ကိုမယူခဲ့ရင္ အခု ေသတဲ့ အေလာင္းက တုိ႔ျဖစ္ေနမွာ၊ တုိ႔ အဲ့ဒီအခ်ိန္တုန္းက မေသခ်င္ခဲ့ဘူး၊ ပိုင္တစ္ခုခုျဖစ္မွာစိုးလို႔ ပုိင့္ကိုကာကြယ္ခ်င္တဲ့စိတ္ပဲ ႐ွိတယ္""

""မင္းသိပ္မိုက္မဲတယ္၊ မင္း႐ူးလိုက္တာ၊ မငး္ေသာက္႐ူးပဲ""

နဖူးထက္က ဆံစေတြကို သိမ္းတင္ေပးလွ်က္ ပုိင္စီးက ယူႀကံဳးမရ ျမည္တမ္း ေရ႐ြတ္သည္။

ကုိယ့္ကိုခ်စ္လြန္းလို႔ ႐ူးေနတဲ့ ဒီအခ်စ္႐ူးေလးအတြက္ ရင္နာရလြန္းလို႔ ... 

ရင္ခြင္မွာေခါင္းမွီကာ ငို႐ႈိက္ေနေသာ Downက

""တို႔ အခု ဘာဆက္ျဖစ္မွာလဲ ... ေထာင္က်ေတာ့မွာလား""

ပုိင္စီးက Downကုိယ္ကို တင္းၾကပ္ေအာင္ ဖက္ၿပီး Downနဖူးကို အႏူးညံ့ဆုံး အနမ္းတစ္ပြင့္ေပးသည္။

က်န္းေလာင္ေ၀့ကုိယ္ေပၚမွ Downကုိ ေပြ႔ခ်ီကာ ေရခ်ိဴးခန္းထဲ၀င္ၿပီး bathtubထဲ အသာအယာခ်သည္။ ေရကို ေဖာက္ခ်ၿပီး Downကုိယ္ကို ပတ္ျဖန္းသည္။ ေသြးေတြနဲ႔ ေပက်ံေနေသာ Downကုိယ္ေပၚက အက်ႌေတြကို တစ္လႊာခ်င္း ခၽြတ္သည္။

ေရေႏြးေႏြးနဲ႔ Downလည္ပင္းဒဏ္ရာကို ပုိင္စီးလက္ေခ်ာင္းတို႔က ညင္ညင္သာသာ ထိေတြ႔ပြတ္ေဆးသည္။ အညိဳအမဲစြဲေနေသာ Downေက်ာျပင္ကို ဖြဖြေလး ပြတ္တိုက္ ေဆးေၾကာသည္။ Downလက္ႏွင့္ေျခေထာက္တို႔ကုိ ဆပ္ျပာျမွပ္ေတြၾကား ႏွစ္ၿပီး လက္ေခာ်ငး္ ေျခေခ်ာင္း တစ္ေခ်ာင္းခ်ငး္စီၾကားကို စိတ္႐ွည္႐ွည္နဲ႔အႏူးညံ့ဆုံး သန္႔႐ွင္းေပးသည္။

ပုိင္စီးသန္႔႐ွင္းေရးလုပ္ေပးသမွ်ကို Downက ပုလဲမ်က္ရည္ခရင္း တဆက္ဆက္တုန္ရီလွ်က္ ၿငိမ္ခံေနသည္။

Downကုိယ္ကို သန္႔႐ွင္းေအာင္ ေဆးေၾကာၿပီးေနာက္ တဘက္ျဖဴနဲ႔ ပတ္ၿပီး ေပြ႔မ လိုက္သည္။ ဧည့္ခန္းက စားပဲြေပၚမွာ Downကုိ ခ်ၿပီး ဗီဒိုထဲက ႐ိုး႐ွင္းေပါ့ပါးေသာ ၀တ္စုံတစ္စုံကို ထုတ္သည္။ ၀တ္စုံေပၚ ေရေမႊးျဖန္းပတ္ၿပီး ပုိင္စီးကိုယ္တိုင္ Downကို သပ္သပ္ရပ္ရပ္ ၀တ္ေပးသည္။

ဆံပင္ကို ေသသပ္စြာ ၿဖီးေပးၿပီး ဒဏ္ရာကို  ေသေသခ်ာခ်ာ ေဆးလိမ္းေပးသည္။ ေဆးေၾကာင့္ ဒဏ္ရာစပ္သြားတုိငး္ Downကုိယ္ တြန္႔သြားသည္။ ထုိအခါ ပိုင္စီးက ဒဏ္ရာေပၚ ေလတျဖဴးျဖဴးမႈတ္ေပးသည္။

စိတ္႐ွည္႐ွည္ထား ေဆးလိမ္းေပးေနေသာ ပုိင္စီးလက္ကုိ စိတ္မ႐ွည္ေသာ Downက ဆြဲကိုင္ကာ

""အခု တို႔ကို ရဲစခန္းကို ပုိ႔ေတာ့မွာလား၊ ပုိင္ကုိယ္တုိင္ ပုိ႔ေပးေတာ့မွာလား၊ တို႔ပုိင္နဲ႔ မခဲြႏိုင္ဘူး""

ေၾကကဲြအက္႐ွေသာ ေျခာက္ကပ္ကပ္ စကားသံႏွင့္ ပိုးဟပ္ျဖဴလို ျဖဴဖပ္ျဖဴေလ်ာ့ မ်က္ႏွာက အၾကည္စင္ဆုံး မ်က္ရည္ဥတို႔ တဲြက်လာသည္။ ပုိင္စီးလက္ကို ပါးထက္မွာ ကပ္ကာ Downငိုသည္။ ပုိင္စီးက Downပါးျပင္ကို လက္တစ္ဖက္နဲ႔ ပြတ္သပ္ေပးလွ်က္

""ဟင့္အင္း ... မပုိ႔ပါဘူး၊ ငါလည္းမင္းနဲ႔မခြဲႏိုင္ဘူး""

Downက ပုိင္စီးကုိ တင္းတင္းၾကပ္ၾကပ္ ဆြဲဖက္ကာ ကေလးတစ္ေယာက္လိုငိုသည္။ Downေက်ာျပင္ကို ပုတ္ေပးလွ်က္

""ဘာလို႔ ငိုေနတာလဲ၊ မင္းမွာ ငါတစ္ေယာက္လုံး႐ွိတယ္ေလ၊ ငါ ကာကြယ္ေပးမယ္၊ မင္းကို ဘယ္သူမွ မထိပါးေစရဘူး၊ မင္းကငါ့လူျဖစ္ၿပီးေနၿပီ၊ ငါ့လူကို ဘယ္သူမွ ငါ့အနားက ဆဲြထုတ္မသြားေစရဘူး၊ ငါကမငး္ေနာက္မလိုက္ႏိုင္မွေတာ့ ငါ့အနားမွာပဲ မင္းကို ထားရေတာ့မွာေပါ့""

Downလက္ခုံကို နမ္းလွ်က္ ပုိင္စီးက Downကို ေပြ႔ဖက္ထားသည္။

""က်န္းေလာင္ေ၀့ကိစၥကုိ ငါအားလုံးေျဖ႐ွင္းေပးမွာမိုလို႔ မင္းက ငါ့အေနာက္မွာပဲေန၊ ငါတို႔ မိုက္မဲလို႔ ရသမွ် အဆုံးထိ ႐ူးမုိက္ၾကတာေပါ့ ... Mine""

Downလက္ေခ်ာင္းတို႔ကို ဆြဲညွစ္ကိုင္လွ်က္ ပုိင္စီးေျပာသည္။

-------------

""အဲ့ဒီ့ကိစၥက ဖုန္းထဲကအတုိငး္ပဲ ေျပာၿပီးပါၿပီ အစ္မရယ္၊ ညီမတို႔ ေျပာခြင့္မ႐ွိလို႔ပါ""

""အမ်ားႀကီးမဟုတ္ပါဘူး၊ အဲ့ေန႔က ဧည့္သည္စာရင္းကုိ ရႏိုင္ဖို႔ပါပဲ""

""တကယ္ ဘယ္လိုမွ မျဖစ္ႏိုင္လို႔ပါ႐ွင္""

Receptionမွာ ၀န္ထမ္းေကာင္မေလးႏွင့္ မမႏိုင္ အခ်င္းမ်ားေနသည္။

""အဆင္မေျပတာ ဘာ႐ွိလို႔လဲ ဧည့္သည္""

""မမေရ ႔ ... ဒီအစ္မက ဧည့္သည္စာရင္းေတာင္းေနလို႔""

ဟိုတယ္မန္ေနဂ်ာျဖစ္ဟန္တူေသာ အမ်ိဴးသမီးက မမႏိုင္ကို ၾကည့္လာသည္။ မမႏုိင္က ထိုအမ်ိဴးသမီးလက္ကို ေျပးကုိင္ကာ

""ကူညီေပးပါ ညီမရယ္၊ မ အသက္နဲ႔ထပ္တူ အေရးႀကီးလို႔ပါ၊ မ ဘ၀အတြက္ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ကို ခ်ႏုိင္ဖို႔ ကိစၥေတြအားလုံးကို အမွန္အတိုငး္ သိရမွျဖစ္မယ္၊  ရန္ကုန္ကေန ဒီကို မနားတမ္း လာရတာပါ၊ မ ကို ကူညီေပးပါ""

ထိုအမ်ိဴးသမီးလက္ကို ကိုင္ဆဲြကာ မမႏိုင္ ခခယယေတာင္းပန္သည္။

""အားနာပါတယ္၊ ကၽြန္မတို႔ လုပ္ခြင့္မ႐ွိလို႔""

 က်ဆင္းသြားေသာ မ်က္ရည္စကို မျမင္ေအာင္ သုတ္လိုက္ေသာ္လည္း ျမင္ျဖစ္ေအာင္ ျမင္လိုက္မိသည္။ ဆက္ေတာငး္ဆိုခ်င္သည့္ မ်က္၀န္းေတြကို ေတြ႔ရေပမဲ့ ဆက္မေျပာေတာ့ပဲ ေက်ာခိုင္းသြားသည့္ ေက်ာျပင္ကုိၾကည့္ကာ

""ဟို .. အစ္မက အလွမယ္ေဟာင္း ေမမမႏိုင္လား""

မ်က္ႏွာခ်ငး္ဆိုင္ျပန္လွည့္လာသည္။ ထို႔ေနာက္ ေခါင္းညိမ့္သည္။

""ဒါဆို ကၽြန္မ ကူညီႏုိင္မယ္ ထင္တယ္၊ ကၽြန္မဘ၀ရဲ ႔ Idolတစ္ေယာက္ကုိေပါ့""

----------------

ပိုင္စီးက လယ္သာလက္အိတ္ကို လက္မွာ စြပ္သည္။ ၿပီးေနာက္ ကုတင္ထက္က က်န္းေလာင္ေ၀့အေလာငး္ကို ကိုင္တြယ္သည္။

""ပိုင္ ... ပိုင္ ကုိယ္တုိင္ လုပ္မွာလား၊ ဇြဲရန္ကို ေခၚသင့္တယ္မဟုတ္လား""

""ငါက ဒီလိုကိစၥႀကီးကို""

က်န္းေလာင္ေ၀့အေလာင္းကို Luggageအိတ္ sizeအႀကီးဆုံးထဲ ေခြေခါက္ ထည့္ေနေသာ ပိုင္စီးက အသံက်ယ္သြားသည္။ အံတစ္ခ်က္ ဖိႀကိတ္လ်က္ ပုံမွန္ေလသံအတုိင္းဆက္ကာ

""အျပင္လူဇြဲရန္ကို ခုိင္းရမွာလား၊ ဒီကိစၥကုိ မင္းနဲ႔င့ါအျပင္ သိသူမ႐ွိေစရဘူး၊ ဘယ္သူ႔ကုိမွ အသိမခံႏုိင္လို႔ အစ အဆုံး ငါကိုယ္တိုင္ ငါ့လက္နဲ႔ လုပ္မယ္၊ မင္းကိစၥတိုင္းမွာ ငါယုံၾကည္စိတ္ခ်ရတဲ့ တစ္ဦးတည္းေသာလူက ငါကုိယ္တိုင္ပဲ""

အခန္းကို ႐ွင္းေနေသာ ပိုင္စီးလုပ္သမွ်ကို ထိုင္ၾကည့္ကာ ေၾကာက္လြန္းလို႔  ဒူးပိုက္လွ်က္ ခႏၶာကိုယ္တစ္ခုလုံး တုန္ရီေနေသာ Down။

""မင္းမ်က္ရည္ေတြကို သုတ္လိုက္စမ္း Mine ... မေပ်ာ့ည့ံစမ္းနဲ႔၊ မင္းလုပ္ၿပီးတဲ့ အရာအတြက္ ေနာင္တမရနဲ႔၊ ျဖစ္ၿပီးသြားၿပီ၊ ဘာမွ ျပန္ျပင္လို႔ မရေတာ့တာကို မင္းလုပ္ၿပီးၿပီ၊ ေၾကာက္ေနလို႔ ကိစၥေတြက ၿပီးသြားမွာမဟုတ္ဘူး၊ ျဖစ္ၿပီးတဲ့ကိစၥကို အေကာင္းဆုံးျဖစ္ေအာင္ ငါလုပ္ေပးမယ္၊ မင္းဖက္မွာ ငါတစ္ေယာက္လုံး ႐ွိတယ္၊ မင္းဘာကိုမွ ေသာက္ေၾကာက္ႀကီးေနစရာမလိုဘူး""

--------------

လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္ကျဖစ္မလား။ ကၽြန္မ ဒီေငြေဆာင္ဟိုတယ္မွာ Housekeeper တစ္ေယာက္အျဖစ္ စတင္ခဲ့တယ္။ ကၽြန္မရဲ ႔ ေပါ့ဆမႈ ႔ အမွားအယြင္းတစ္ခုေၾကာင့္ ညေနပြဲအတြက္ ၀တ္ရမဲ့ အလွမယ္ ေမမမႏိုင္ရဲ ႔ ၀တ္စုံက ပ်က္စီးသြားခဲ့တယ္။

ဟိုတယ္လူႀကီးေတြေရာ မမႏိုင္ရဲ ႔ အဖဲြ႔သားေတြကေရာ ကၽြန္မကို အေလ်ာ္ေတာင္းၿပီး အလုပ္ထုတ္ အျပစ္ေပးဖို႔ လုပ္ၾကေပမဲ့ မမႏိုင္က ကၽြန္မကို ဘာမွမျဖစ္ေစပဲ ခြင့္လႊတ္ေပးခဲ့တယ္။ အၿမဲ အဲ့ဒီ့ေက်းဇူးကို ဆပ္ခ်င္ခဲ့တာပါ ... အခုအခြင့္အေရးရၿပီထင္တယ္။

""အဲ့ဒီ့ေန႔က ဦးပိုင္စီးအာဏာအခန္းမွာ ျပသနာတစ္ခုျဖစ္သြားတယ္၊ Celeစုံတြဲတစ္တြဲက ကၽြန္မတို႔ဟိုတယ္မွာ ကုိယ္ေရး လ်ိဴ ႕ ၀ွက္ၿပီး လာအပန္းေျဖတည္းခိုၾကတယ္၊ ဒါကို ေျခရာခံမိတဲ့ ပါပါရာဇီတစ္ေယာက္က Celeစုံတြဲ တည္းမယ္လို႔ သတငး္ရတဲ့ အခန္းမွာ လ်ိဴ ႕၀ွက္ကင္မရာ တပ္ထားခဲ့တယ္၊ တကယ္ေတာ့ အဲ့ဒါက ပါပါရာဇီေတြကို လွည့္စားမႈ ႔တစ္ခုပါ၊ Celeစုံတြဲက အခန္းကို ျပန္Cancelခဲ့တယ္၊ အဲ့ဒီအခန္းကို ငွားျဖစ္ခဲ့တဲ့ ဦးပုိင္စီးအာဏာတို႔က ကင္မရာနဲ႔အတူ တစ္ညတာ ႐ွိခဲ့တယ္၊ ေနာက္ေန႔မွ အခန္းသန္႔႐ွင္းေရး၀င္လုပ္တဲ့ ၀န္ထမ္းက လ်ိဴ ႕၀ွက္ကင္မရာကို ေတြ႔ခဲ့ပါတယ္၊ ဒါက ဦးပိုင္စီးအာဏာတို႔အခန္းမွာ တစ္ညတာ ထားခဲ့တဲ့ ကင္မရာမွတ္တမ္းပဲ၊ ကိုယ္ေရးလုံၿခဳံမႈ႔အရ ကၽြန္မတုိ႔ ဖြင့္မၾကည့္ေပမဲ့ ဖ်တ္စီးဖို႔ သိမ္းထားခဲ့တယ္၊ အဲ့ဒီ့ကင္မရာကုိ မမႏိုင္ ယူမလား""

မမႏိုင္ ဟက္ခနဲ ရယ္သည္။ ေ၀့သီလာေသာ မ်က္ရည္အိတ္ကို မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ တားစီးလွ်က္ ေျခာက္ကပ္ကပ္ ရယ္သည္။

အဆင္သင့္လုိက္ေလတဲ့ ကံၾကမၼာရယ္။ ေယာက်ား္ရဲ ႔ေဖာက္ျပန္ျခင္း ကင္မရာမွတ္တမ္းကို လက္၀ယ္ရလို႔ ေပ်ာ္ရမလား ၀မ္းသာရမလား။ ဟင့္အင္း ေပ်ာ္လည္း မေပ်ာ္ႏုိင္ဘူး ၀မ္းလည္း၀မ္းမသာဘူး။

ဘယ္မိန္းမမွ ကုိယ့္ေယာက္်ားရဲ ႔ေဖာက္ျပန္ျခင္းမွာ ၀မ္းေျမာက္၀မ္းသာ ေကာင္းေသာစိတ္ခံစားခ်က္မျဖစ္ဘူး။ ေယာက္်ားရဲ ႔ေဖာက္ျပန္မႈ ႔ကို သက္ေသနဲ႔တကြ ေဖာ္ထုတ္ႏိုင္လို႔ ငါကြလို႔ မေၾကြးေႀကာ္မဟစ္ေအာ္ႏုိင္ဘူး။  လုပ္ရက္လိုက္ၾကတာလို႔ပဲ ရင္ထဲ အထပ္ထပ္ နာက်င္ရတယ္။ 

ဒီကိုလာတဲ့လမ္းမွာ မမႏိုင္ ေမွ်ာ္လင့္တာက ဒီလို ေဖာက္ျပန္ျခင္းလက္ရသက္ေသထက္ မ့ အထင္လဲြမွားေနမဲ့ သက္ေသတစ္ခုကို ပိုေမွ်ာ္လင့္ခဲ့တယ္။ ဘယ္လိုပဲ ႀကံဳေတြ႔ရပါေစ အထင္လဲြမႈ႔ သက္သက္သာ ျဖစ္ေစခ်င္ခဲ့တယ္။

တကယ္ေတာ့ ဒီလိုသက္ေသဆုိတာ မိန္းမေတြအတြက္ ထပ္နာက်င္ရေသာ ဒဏ္ရာတစ္ခုပါပဲ။ သိသာသိ မျမင္ေစနဲ႔ စကား႐ွိတယ္။ အျခားလူနဲ႔ေပ်ာ္ပါးေနတဲ့ ကုိယ့္ခင္ပြန္းကို ဘယ္မိန္းမမွ မ်က္ျမင္ကုိယ္ေတြ႔ မေတြ႔ခ်င္မျမင္ခ်င္ၾကဘူး။

မိန္းမေတြ မသိေအာင္ ေယာက္်ားေတြက ေဖာက္ျပန္ၾကတယ္။ ဒါေပမဲ့ မိန္းမေတြ လုံး၀ မသိႏိုင္ေအာင္ ေယာက္်ားေတြ မဖုံးကြယ္ႏိုင္ၾကဘူး။

သစၥာေဖာက္ျခင္းဓါးေျမွာင္နဲ႔ ရင္၀ကို ထိုးစိုက္တယ္။ သံသယကန္ထဲ ေဆာင့္ကန္ခ်ၿပီး မေ၀ခြဲႏိုင္မႈ႔ေတြၾကား နစ္မြန္းေစတယ္။ မျဖစ္ႏုိင္ပါဘူး ျဖစ္ေနတယ္ ဒြိဟေတြထဲ စိတ္ကို အၿပဳိင္လြန္ဆြဲေစတယ္။

ေနာက္ဆုံး ဒီလိုသက္ေသမ်ိဴးအထိ မိန္းမေတြကို ျမင္ေစေတြ႔ေစၿပီး လည္မ်ိဴညွစ္တယ္။ အဆုံးမွာ ေဖာက္ျပန္ျခင္းခံရတဲ့ မိန္းမတစ္ေယာက္က ေသလုနီးပါး စိတ္ဒဏ္ရာေတြဗလပြနဲ႔ ႐ူးမတတ္ ႐ူးခါမသြား႐ုံတမယ္ ခံစားနာက်င္ရတယ္။

ဒီေကာင့္ကို ငါအမိဖမ္းမယ္ဟဲ့ လို႔ ႀကဳံး၀ါးျခငး္မွာ မျဖစ္ႏိုင္ပါဘူးဆိုတဲ့ ခင္ပြန္းအေပၚ ယုံၾကည္ျခငး္က မိန္းမေတြႏွလုံးသားမွာ တစ္ဖက္ပိတ္စုံကန္ျငင္းေနတယ္။ ယုံၾကည္မႈ ႔ေတြ ႐ိုက္ခ်ိဴးခံရၿပီး သစၥာကိုပစ္ပယ္ခံရတဲ့အခါ ဘ၀႐ွင္ေနလွ်က္ မုဒိမ္းက်င့္ခံရတဲ့ႏွလုံးသားက ဆြတ္ပ်ံ႔ေသာခံစားခ်က္ေတြကို ၀ါးၿမိဳသြားတယ္။

ဒီထဲမွာ ဘာပါမလဲ မ မသိေပမဲ့ မ သိတာက အဲ့ဒီ့ညမွာ နားရာေလးေၾကာင့္ ေမာင့္ကို တမ္းတရင္း မ တစ္ေယာက္တည္း အ႐ူးမီး၀ိုင္းျဖစ္ခဲ့တာပဲ။

ပိုင္စီးအာဏာ ... ႐ွင္ ကၽြန္မအေပၚ လုပ္ရက္လုိက္တာ။

-----------------

အျမန္လမ္း မုိင္တိုင္ အကြာ၌ အိပ္ငိုက္ေနေသာ ယာဥ္ေမာင္းတစ္ဦး ေမာင္းႏွင္လာေသာ ခရီးသြား Expressကားတစ္စီး။ ေျဖာင့္တန္းေနေသာ တစ္လမ္းသြား လမ္းေၾကာင္းမွာ Expressကားႀကီးက အ႐ွိန္မွန္မွန္နဲ႔ ခရီးႏွင္သည္။

ဖ်က္ခနဲ လင္းလာသည့္ အသိေၾကာင့္ ဆက္ခနဲ ေထာင္လာေသာ ယာဥ္ေမာင္း၏ေခါင္း။ ေမွာင္ေနေသာ လမ္းမွာ Expressကားေ႐ွ ႔မီးေရာင္အက် ေ႐ွ ႔က ဘြားခနဲေပၚလာေသာ အျမန္လမ္း လမ္းလယ္ေခါင္းတည့္တည့္မွာ ကန္႔လန္႔ျဖတ္တင္ထားသည့္ ကားတစ္စီး။

႐ုတ္တရက္ေၾကာင့္ Expressကားႀကီးက အ႐ွိန္မထိန္းနိုင္ပဲ အေ႐ွ ႔မွာ ကန္႔လန္႔ခံထားေသာ ကားကို အ႐ွိန္ျပင္းစြာ ၀င္တိုက္ၿပီးေနာက္ ညသန္းေခါင္ ထိတ္လန္႔ဖြယ္ ကားေပါက္ကြဲသံက ၀ုန္းဒုိင္းႀကဲသြားသည္။

-------------------

""က်န္းေလာင္ေ၀့က တ႐ုတ္ျပည္မႀကီးဖက္မွာ ႏုိင္ငံသစၥာေဖာက္ ၀ရမ္းေျပးတစ္ေယာက္ပဲ၊ အဲ့ဒါေၾကာင့္ သူက တ႐ုတ္ျပည္ကို ျပန္လို႔မရခဲ့ဘူး၊ အခုေသဆုံးမႈ ႔မွာ အဲ့ဒီ့ဖက္ကလူေတြ လက္ခ်က္လို႔ပဲ လဲႊခ်ရမွာ၊ အမႈ႔မႀကီးေအာင္ ငါက ထိန္းခ်ဴပ္မယ္၊ တစ္ေကာင္ၾကြက္ က်န္းေလာင္ေ၀့ေသဆုံးမႈ႔ကို အမႈ႔ဖြင့္မဲ့လူလည္း ႐ွိမွာမဟုတ္ဘူး၊ ဒါဆို အလိုလို အမႈ႔ပိတ္သြားလိမ့္မယ္၊  မင္းေရာ ငါေရာ လူသိ႐ွင္ၾကားလမ္းကို အသုံးမျပဳခဲ့တာေၾကာင့္ ငါတို႔ရဲ ႔အ၀င္အထြက္ လမ္းေၾကာင္းကို ျမင္သူမ႐ွိခဲ့ဘူး၊ မင္းက Panorama ကို ၀င္ခဲ့ေၾကာင္း မ်က္ျမင္မ႐ွိသလို ငါလည္း Panoramaကို ေရာက္လာေၾကာင္း မ်က္ျမင္မ႐ွိဘူး၊ က်န္းေလာင္ေ၀့က မင္းအခန္းကို ေရာက္လာတဲ့လမ္းတစ္ေလွ်ာက္ CCTVအပုိင္းကို ငါသိမ္းလိုက္မယ္၊ မင္းကေတာ့ ဒဏ္ရာေတြမေပ်ာက္မခ်င္း အျပင္ထြက္လို႔ မျဖစ္ေသးဘူး""

တိုက္ခန္းကို ျပန္ေရာက္ေနေသာ္လည္း Downက ပုံမွန္ျပန္မျဖစ္ေသး။ Downကုိယ္ကို ေစာင္ၿခံဳေပးၿပီး အိပ္ရာထက္လွဲေစကာ အလုပ္ကိစၥ လုပ္စရာ႐ွိတာလုပ္ဖို႔ ထ လိုက္သည္။ Downက လက္ကို ျပန္ဖမ္းကိုင္လွ်က္ ေစာင္ၾကားထဲမွ ေခါငး္ျပဴ ေမာ့ၾကည့္သည္။

""အိမ္ကုိ မျပန္ပါနဲ႔လား၊ ဒီည ဒီမွာ ႐ွိေနေပးလို႔မရဘူးလား၊ တို႔တစ္ေယာက္တည္း မေနရဲဘူး""

""အိမ္ကုိ မျပန္ပါဘူး၊ ငါလည္း အိမ္မျပန္ရဲဘူး၊ မနက္ျဖန္အစည္းအေ၀းအတြက္ ငါျပင္စရာ႐ွိတာ ျပင္လိုက္ဦးမယ္""

ပုိင္စီးလက္ကုိ Downက လႊတ္မေပး။ ေတာင္းဆိုေနသည့္ မ်က္၀န္းတို႔ေၾကာင့္ ပိုင္စီးသက္ျပင္းခ်ၿပီး Downေဘး၀င္လဲွလုိက္သည္။

ငါလည္း အိမ္မျပန္ရဲဘူး၊ ဒီလိုကိစၥႀကီးလုပ္ထားၿပီး ငါ့သမီးကို ရင္မဆုိင္ရဲဘူး။ ငါ့သမီးအတြက္ပဲျဖစ္ျဖစ္ ဒီအျဖစ္အပ်က္ေတြ ... လုံး၀ ေပၚသြားလို႔မရဘူး။

---------------

""မမႏိုင္ ... မနက္ျဖန္႐ွယ္ယာ႐ွင္အစည္အေ၀းမွာ သူေ႒းႀကီးဦးပုိင္အာဏာရဲ ႔ အေမြကိစၥပါ ပါလာႏုိင္တယ္""

""ဘယ္လို""

""ကုိပုိင္ေဇရဲ ႔ဇနီး သငး္ခ်ယ္ရီေထြးက အခုအစည္းအေ၀းကုိ ဦးေဆာင္ေနပါတယ္""

မမႏိုင္ ဖုန္းကို တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္သည္။ ေနာက္ေက်ာျပင္က ကားကူ႐ွင္ကိုပင္ မမွီရဲ။ ေနာက္ေက်ာမွာစိုက္ေနေသာ ဓါးေတြေၾကာင့္ ကုိယ့္ေက်ာျပင္ ဘယ္ေလာက္ ဒဏ္ရာေတြမ်ားေနမလဲ ...

""သူေ႒းႀကီးဦးအာဏာရဲ ႔ ေ႐ွ ႔ေနဦးေအာင္ေက်ာ္ပါ ပါလာမွာမုိလို႔ အေမြကိစၥက ေ႐ွာင္လဲႊလို႔မရႏုိင္ေလာက္ဘူး""

""သိၿပီ ဇြဲရန္""

မမႏုိင္ ဖုန္းခ်သြားၿပီးေနာက္ ဇြဲရန္ သက္ျပငး္ခ်လုိက္သည္။

ဟုတ္တယ္ မယုတ္မလြန္ ၾကားထဲမွာ ေနရမယ္။ အင္အားမွ်ေနတဲ့ပြဲမွာ ကုိယ့္႐ွိတာအားလုံးပုံအပ္ၿပီး တစ္ဖက္ကို ရင္းရေလာက္ေအာင္ ငါမပိန္းဘူး။ ၾကားေနတာ အေနအေခ်ာင္ဆုံးပဲ။

------------

""EDက်န္းေလာင္ေ၀့က အခုထိ မလာေသးလား ခ်ယ္ရီေထြး""

""အင္း မနက္က အခန္းမွာလည္း မေတြ႔ဘူး ကိုဇြဲရန္""

အစည္းအေ၀းစတင္သည္အထိ က်န္းေလာင္ေ၀့က ေရာက္မလာေသး။ သင္းခ်ယ္ရီေထြး မ်က္ႏွာ တစတစပ်က္ယြင္းလာသည္။

""Good Morning ... အားလုံး မေတြ႔တာ ၾကာၿပီ""

Mac Notebookတစ္ခုကုိ လက္က ခပ္ေစာငး္ေစာငး္ ကုိင္လ်က္ ေဘာင္းဘီအိပ္ကပ္ထဲ လက္တစ္ဖက္ထည့္ကာ ပိုင္စီးက အစည္းအေ၀းအခန္းထဲကုိ ေပါ့ေပါ့ပါးပါး ၀င္လာသည္။

""ပုိင္စီး""

""ကိုအာဏာ""

စစ္ေဆးေရးအခန္းမွာ ႐ွိေနတုန္းဟု ထင္ထားေသာ ပုိင္စီးက ထင္မွတ္မထားပဲ ေရာက္လာ၍ အားလုံးအံ့ၾသသြားသည္။ တိတ္ဆိတ္သြားသည့္ အခန္းမွာ စားပြဲရွည္ထိပ္ဆုံးက ထိုင္ခုံေနရာတြင္ ပိုင္စီး ၀ုန္းခနဲ ၀င္ထိုင္လိုက္သံက အခန္းတြင္း႐ွိလူႀကီးေတြအားလုံးကို အလိုလိုေနရင္း ခါးမတ္သြားေစသည္။

ပုိင္စီးအာဏာကိုျဖဳတ္ခ်ရန္ အစည္းအေ၀းေခၚသူမွာ EDက်န္းေလာင္ေ၀့ျဖစ္ၿပီး ေရာက္ခ်လာသူက ပုိင္စီးကုိယ္တုိင္ျဖစ္ေနေသာေၾကာင့္ ႐ွယ္ယာ႐ွင္ေတြက အေျခေနကို နားမလည္ႏိုင္ၾကေသး။

""ကဲ! ဆိုစမ္းပါဦး ... အေရးေပၚ႐ွယ္ယာ႐ွင္အစည္းအေ၀းဆို၊ ဘာအေရးတႀကီးကိစၥကုိ ေဆြးေႏြးမွာမုိလို႔ အလုပ္ကိုယ္စီ ႐ႈပ္ေနၾကမဲ့ ဒီက လူႀကီးမင္းေတြအားလုံးက ဒီအခန္းမွာ လာထုိင္စုေနရတာလဲ""

စားပြဲကို ေျခေထာက္နဲ႔တြန္းၿပီး ထုိင္ခုံကို စားပဲြမွ ဆုတ္ခြာကာ ထုိင္ခုံေက်ာမွီလွ်က္ ခပ္႐ြဲ ႔႐ြဲ ႔ေမးသည္။ ပိုင္စီး၏ ေဆာင့္ေဆာင့္ေအာင့္ေအာင့္ ကုိယ္လက္လႈပ္႐ွားမႈ႔တုိင္းမွာ လိုတာထက္ပို အသံထြက္ေနသည္။ ထိုအေျခအေနက ေက်ာခ်မ္းေစသည္။

ေဘာပင္အလယ္ပုိင္းကို ကုိက္လွ်က္ ေျခေထာက္ ခ်ိတ္လိုက္တာက လူမုိက္ဆန္သည္။ ပုိင္စီးစိတ္အေျခအေနက မၾကာမီ အလုံးအရင္း ၀င္ေရာက္ေတာ့မည့္ ဟာရီကိန္းမုန္တိုင္းတစ္ခုကို ဦးတည္ေနသည္။

""ဘာလို႔ ေမးတာကို မေျဖၾကတာလဲ၊ အားလုံး အ သြားတာလား""

ေဘာပင္ကို ပစ္ေပါက္ၿပီး ေမးလုိက္တာ အခန္းထဲ အသံဟိန္းသြားသည္။ ပုိင္စီးထက္ အသက္ႀကီးသူေတြ ပါေနေသာ္လည္း ပုိင္စီးက အ႐ိုအေသ ဂ႐ုစိုက္ျခင္းမ႐ွိ။ အထက္စီးဆန္ဆန္ မင္းမူသည္။ ပုိင္စီး၏ အာဏာစက္ေအာက္ မည္သူမွ အသံမထြက္ရဲၾက။

သငး္ခ်ယ္ရီေထြးက ေနရာမွ ထရပ္ကာ

""အခု စစ္ေဆးေရးအခန္းမွာ ႐ွိေနရမွာမလား မတ္ကေလး""

""ဘာရယ္""

စားပဲြေပၚ လက္ႏွစ္ဖက္ေထာက္လွ်က္ ခါးကုိင္းကာ ပိုင္စီးက သငး္ခ်ယ္ရီေထြးကို လူမုိက္ၾကည့္လွမ္းၾကည့္သည္။

""မတ္ကေလးက စစ္ေဆးေရး လြတ္ရင္ေတာင္ ေနာက္ပုိင္း Panoramaကို စာရင္းစစ္ ၀င္မွာက ေသခ်ာသေလာက္ပဲ""

""ငါ့ကုမၼဏီရဲ ႔ ႐ွယ္ယာ႐ွင္အစည္းအေ၀းမွာ နင့္က ဘာရာထူးရာခံနဲ႔ ၀င္ပါရတာလဲ""

""Panoramaရဲ ႔ တည္ေထာင္သူ သူေ႒းႀကီးဦးပုိင္အာဏာရဲ ႔ ေခၽြးမႀကီးေနရာက ၀င္ပါတာ""

ပုိင္စီးက သင္းခ်ယ္ရီေထြးစကားကို ပ်က္ရယ္ျပဳေလွာင္ရယ္သည္။ ထုိ႔ေနာက္

""သူ႔ကို ဆဲြထုတ္သြား""

အနားမွာ ႐ွိေသာ Guardေတြက သင္းခ်ယ္ရီေထြးလက္ကို ခ်ဴပ္ကုိင္ကာ အခန္းထဲက ဆြဲထုတ္ရန္ ျပင္သည္။ သင္းခ်ယ္ရီေထြးက ႐ုန္းဖယ္ကာ

""မတ္ကေလးရဲ ႔ မဆင္မျခင္ ဥပေဒမဲ့လုပ္ရပ္ေၾကာင့္ Panoramaကုိ ထိခိုက္မႈ ႔ေတြ ျဖစ္လာတယ္၊ ဒီက Panoramaမိသားစု၀င္ေတြလည္း အက်ိဴးယုတ္ရတယ္၊ မတ္ကေလးဦးေဆာင္ေနသ၍ ဒီ့အမႈ႔က Panoramaကုိလာႏြယ္ေနဦးမွာပဲ၊ အဲ့ဒီလိုနဲ႔ Panoramaပါ ပ်က္စီးရလိမ့္မယ္၊ ဒီလိုျပသနာအရင္း႐ွင္ကို ဒီ့ထက္ပိုၿပီး Panoramaရဲ ႔ အုပ္ခ်ဴပ္သူေနရာမွာ မထားႏုိင္ေတာ့ဘူး၊ မတ္ကေလးမွာ ဒီေနရာကိုထိုင္ဖို႔ အရည္အခ်ငး္မ႐ွိဘူး၊ ဒီေန႔ ဒီအစည္အေ၀းရဲ ႔ ရည္႐ြယ္ခ်က္က Panoramaရဲ ႔ ဥကၠ႒အသစ္ တင္ေျမွာက္ဖို႔ပဲ""

သင္းခ်ယ္ရီေထြးေျပာၿပီးေနာက္ က်န္႐ွယ္ယာ႐ွင္ေတြကပါ အသံေတြ ထြက္လာသည္။

""အျပင္ကဧည့္သည္ႀကီး ၀င္ခဲ့ပါ""

ခ်ယ္ရီေထြး၏ စကားအဆုံး သူေ႒းႀကီးဦးအာဏာ၏ ေ႐ွ ႔ေနျဖစ္သူ ဦးေအာင္ေက်ာ္က အစည္းအေ၀းခန္းထဲ ၀င္လာသည္။ ဦးေအာင္ေက်ာ္က ပုိင္စီးကို မ၀ံ့မရဲလွမ္းၾကည့္ေတာ့ သုတ္ခ်ီသြားေတာ့မည့္ သိမ္းငွက္လိုအၾကည့္နဲ႔ ၾကည့္ေနေသာ ပုိင္စီးကို လန္႔သြားသည္။

ပုိင္စီးအာဏာကို ျဖဳတ္ခ်ၿပီး သူ႔အသက္၊သူ႔မိသားစုကို ကာကြယ္ေပးမည္ဟု သင္းခ်ယ္ရီေထြးက ကတိေပးထားေသာေၾကာင့္သာ အမွန္တရားကို ေဖာ္ထုတ္ရမွာ ... ေၾကာက္ေတာ့ေၾကာက္မိသည္။ သို႔ေသာ္ ေသလြန္သြားေသာ ကုိယ့္အေပၚေကာင္း႐ွာလြန္းသည့္ ဥကၠ႒ႀကီးအေၾကာင္းကို ေတြးမိေတာ့လည္း တာ၀န္ေက်ခ်င္သည္။ 

""ဥကၠ႒ပုိင္စီးအာဏာက အုပ္ခ်ဴပ္သူအေနနဲ႔ လုပ္ငန္းပုိင္းအရည္အခ်ငး္မ႐ွိသလို လူတစ္ေယာက္ရဲ ႔အေျခခံအုတ္ျမစ္ ကုိယ့္က်င့္တရားစာရိတၱပါ ခ်ဴ ိ ႔ယြင္းပ်က္ျပားေနတဲ့ ေလာဘသားေကာင္ပါ၊ မိဘအေမြကို တစ္ေယာက္တည္း ေလာဘတတ္ အစ္ကုိျဖစ္သူရဲ ႔ပုိင္ဆုိင္မႈ႔ေတြကို ဥပေဒနဲ႔မညီတာေတြလုပ္ၿပီး မတရားလက္၀ါးႀကီးအုပ္ထားတာပါ၊ ဒါကို ေဟာဒီက ကၽြန္မေယာကၡမ ဦးပုိင္အာဏာရဲ ႔လူယုံေတာ္ေ႐ွ ႔ေနႀကီး ဦးေအာင္ေက်ာ္က သက္ေသပါ""

ဦးေအာင္ေက်ာ္ကို ညႊန္ျပကာ သင္းခ်ယ္ရီေထြးက ဆုိသည္။

""ေ႐ွ ႔ေနႀကီး အမွန္တရားကို ဖြင့္ဆုိ သက္ေသခံေပးပါ""

""ဟုတ္ကဲ့ ... ဦးအာဏာရဲ ႔ ေခၽြးမႀကီးေျပာတာ အမွန္ပါပဲ၊ သူေ႒းႀကီးရဲ ႔ မူရင္းေသတမ္းစာကုိ ျပဳျပင္ၿပီး တစ္ဦးတည္းပိုင္ဆိုင္မႈ႔အျဖစ္ သိမ္းယူခဲ့တယ္၊ ကၽြန္ေတာ့္ကိုလည္း မိသားစုနဲ႔ၿခိမ္းေျခာက္ႏႈတ္ပိတ္ၿပီး ျပည္ႏွင္ဒဏ္ေပးခဲ့တယ္၊ ကၽြန္ေတာ့္ကုိ ယုံၾကည္ခဲ့တဲ့ သူေ႒းႀကီးအေပၚ တာ၀န္မေက်မိတာေတြးမိတုိင္း ကၽြန္ေတာ္ ညတုိင္း အိပ္လို႔မေပ်ာ္ခဲ့ပါဘူး၊ ဒီညကစၿပီး ကၽြန္ေတာ္ ေကာင္းေကာင္းအိပ္စက္ႏိုင္ေတာ့မွာပါ၊ ေနာက္တစ္ရက္ ကၽြန္ေတာ့္နာေရးသတင္းၾကားခဲ့ရင္လည္း ကၽြန္ေတာ့္ေသဆုံးမႈ႔မွာ တရားမွ်တမႈ႔႐ွိေအာင္ လုပ္ေပးၾကပါလို႔ ဒီက လူႀကီးမင္းတို႔ အားလုံးေ႐ွ ႔မွာ ေမတၱာရပ္ခံမွာၾကားခဲ့ပါတယ္""

ပုိင္စီးကုိ မရဲတရဲလွမ္းၾကည့္လွ်က္ ဦးေအာင္ေက်ာ္ဆုိေသာေၾကာင့္ ပိုင္စီးေမးေၾကာေတြေထာင္တတ္ေအာင္ အံႀကိတ္သည္။ ေဒါသေတြ တဟုတ္ဟုတ္ေတာက္ေလာင္လွ်က္ ေနရာမွာ ရပ္ေနေသာ ေျခေထာက္ေတြပင္ မခိုင္ေတာ့။ ႐ွယ္ယာ႐ွင္ေတြ၏ က့ဲရဲ ႔႐ႈတ္ခ်မႈ႔ စကားသံေတြၾကား စိတ္မြန္းၾကပ္လာသည္။

""ဒီေလာက္ ဆိုးသြမ္းတဲ့ ပုိင္စီးအာဏာကို Panoramaရဲ ႔ အုပ္ခ်ဴပ္သူအျဖစ္ ဆက္မထားသင့္သလို တရားဥပေဒနဲ႔ အညီ အေရးယူ အျပစ္ေပး ေဆာင္႐ြက္သင့္ပါတယ္၊ လူႀကီးမင္းတို႔ရဲ ႔သေဘာထားကေရာ ဘယ္လို႐ွိပါသလဲ""

သင္းခ်ယ္ရီေထြးက အေမး႐ွိသည္။

""ေမးေနစရာေတာင္ မလိုေတာ့ပါဘူး၊ ပုိင္စီးအာဏာကို ဒီေနရာမွာ လက္ခံခဲ့တာက သူေ႒းႀကီးရဲ ႔ ေသတမ္းစာအရပါ၊ ဒါေတြက အတုအေယာင္ျဖစ္ေနရင္ ပိုင္စီးအာဏာကို Panoramaရဲ ႔ဥကၠ႒အျဖစ္ လက္ခံႏုိင္စရာအေၾကာင္း လုံး၀မ႐ွိဘူး""

""ႏွစ္ေယာက္မ႐ွိတဲ့ အစ္ကုိအရင္းအေပၚမွာေတာင္ မငဲ့ကြက္တာ၊ ဒီ၀န္ထမ္းေပါင္း ေထာင္ေသာငး္ခ်ီတဲ့ Panoramaမိသားစုရဲ ႔စား၀တ္ေနေရးကို သူဘယ္လို ေမတၱာထားႏုိင္မွာလဲ""

""ေတာ္ေတာ္ဆိုးတဲ့လူပဲ၊ တရားဥပေဒအရ ျပင္းျပင္းထန္ထန္ အျပစ္ေပးသင့္တယ္""

အမ်ိဴးမ်ိဴးေသာ စကားေတြမွာ ပိုင္စီးဖက္က ရပ္တည္ေထာက္ခံသူမ႐ွိ။ မီးေလာင္ရာေလပင့္ဆုိသလို သူေတာ္ေကာင္းဆန္ေနၾကေသာ အေရၿခံဳေတြကို ၾကည့္လွ်က္ ပိုင္စီး စက္ဆုပ္လာသည္။

ၿပဳိပ်က္ေနေသာပိုင္စီးကို ခ်ယ္ရီေထြးက ခပ္မဲ့မဲ့အၿပဳံးနဲ႔ ေလွာင္ေျပာင္ၾကည့္ေနသည္။

""သူ႔ကို ဆဲြထုတ္လိုက္ေတာ့""

သင္းခ်ယ္ရီေထြးအမိန္႔ေပးေသာ္လည္း Guardေတြက သြားမဆြဲရဲ ရပ္ေနတုန္း။

""ဒီလူကို ဆြဲထုတ္လိုက္လို႔ ေျပာေနတယ္ေလ""

ခ်ယ္ရီေထြးက ကုန္းေအာ္သည္။ ထို႔ေနာက္ ပုိင္စီးအနားကို ေလွ်ာက္လာေနေသာ Guardေတြ ...

ဒီမွာတင္ ၿပီးၿပီလား ... ဒီမွာတင္ အားလုံးကို လက္ေလွ်ာ့လိုက္ရေတာ့မလား။ ဒီ Panoramaအတြက္ တရားတာေရာ မတရားတာေရာ ငါအားလုံး ရင္းႏွီးေပးဆပ္ခဲ့တာ။ ေနာက္ဆုံးေတာ့ ငါေျခလွမ္းမွားလို႔ တစ္ခ်က္ကေလး လဲက်ခ်ိန္မွာ ငါ့ကို ဆြဲမထူပဲ တစ္ဘ၀လုံး နလန္မထူႏုိင္ေအာင္ ၀ိုင္းနင္းေခ်ၾကေတာ့မွာလား။

ပုိင္စီးစိတ္ေလွ်ာ့လိုက္စဥ္ ...

""ကၽြန္ေတာ့္ညီက အဲ့လိို လူမ်ိဴး မဟုတ္ဘူး""

ဆူညံေနေသာ အစည္းအေ၀းအခန္းတြင္း႐ွိ အသံအားလုံးကို ၿငိမ္က်သြားေစသည္။ တံခါး၀မွာေရာက္ေနေသာ တည္ၿငိမ္ျပတ္သားသည့္ ထုိအသံပုိင္႐ွင္ကို အားလုံးအၾကည့္ေရာက္သြားသည္။

""သူေ႒းႀကီးဦးအာဏာရဲ ႔ သားႀကီးပုိင္ေဇအာဏာ မဟုတ္လား""

ေျခေထာက္မွာ ပတ္တီးမျဖည္ရေသးေသာ ပုိင္ေဇက Wheelchairအကူအညီႏွင့္။ ပုိင္ေဇ၏wheelchairကို အေနာက္က တြန္းလာသူက ျပင္ဆင္ျခယ္သမႈ ႔ေတြနဲ႔ အလွႀကီးလွေနေသာ ေမမမႏုိင္။

မမႏိုင္က ပိုင္ေဇwheelchairကို တြန္းလွ်က္ အစည္းအေ၀းခန္းထဲ ၀င္လာၿပီး ပုိင္စီးေဘးမွာ ယွဥ္ရပ္လိုက္သည္။

ဒီအစည္းအေ၀းအေၾကာငး္ကို ဘာဆုိဘာမွမသိထားေသာ ကုိပုိင္ေဇက အခု ဒီကို ဘာလုိ႔ေရာက္လာတာလဲ .. မမႏုိင္ကေရာ ...

အစီအစဥ္ထဲမွာ မပါေလေသာ ပုိင္ေဇႏွင့္မမႏုိင္ေၾကာင့္ သငး္ခ်ယ္ရီေထြး တုန္လႈပ္သြားသည္။

________________________

သူရဲေကာငး္ဟာ အ၀ုန္းခံရမဲ့အကြက္ေတြ သိပ္လုပ္တယ္တဲ့ XD

စာေမးပြဲၿပီးတာ ထပ္တူထပ္မွ် ၀မ္းသာပါတယ္ ^ ^

Updateေတာင္းလို႔ ေပးတာပါ <3
ဇာက္လမး္ေကာငး္ကို တင္ေပးခ်င္ေနတာလည္း ပါတာေပါ့ XD

5:23 PM
9/28/2018

""တမလွန်ဘ၀ကူးနယ်က ကြိုဆိုပါတယ် ကျန်းလောင်ေ၀့""

စိမ်းမြရောင်မျက်ခုံးတန်းအောက် ပတ္တမြားသွေးရောင် မျက်လုံးက စူးရှလျှက် ပန်းအငုံနှုတ်ခမ်းဖူးက ပြုံးယောင်သမ်းနေသည်။ ရွှေဖြူရောင် ၀တ်ရုံဖားဖားကြီး၏ အကျႌလက်ရှည်က ငွေသားရောင် ဆံနွယ်ရှည်တို့ကို ဖြန့်ကားကာ ပြုံးမြမြအသွင်နဲ့ သေမင်းတမန်တော်။ 

""အခုဘ၀မှာ ကိုယ့်ဖက်က စေတနာထားခဲ့ပေမဲ့ ကျေးဇူးမသိတတ်လေသူ Minus Downကို အမုန်းမကြီးပါနဲ့၊ အားလုံးက ဘ၀အဆက်ဆက် ကံအကြွေးပါလာတဲ့အတိုင်း အတုံ့အလှည့် ပေးဆပ်ရယူတာချည်းပါပဲ""

နဖူးပေါ် အသားကိုထိုးထားသော သငေ်္ကတအမှတ်ရာလေးက သက်တန့်ရောင်ပြေးတလက်လက်။

-------------------

ရှုပ်ပွနေသော အခန်းမှာ ပျက်စီးနေသော အပျက်အစီးများက လူနှစ်ယောက်၏ ရုန့်ရင်းဆန်ခက် အကြမ်းဖက်မှု ့ကြောင့် အကောင်းတိုင်းမရှိ။ ကုတင်ထက်မှာ လူသေ အလောင်းကောင်၊ အလောင်းကောင်အပေါ်မှာ ခွထားလျှက် လူသတ်သမား၊ အခန်းထဲ ၀င်ရောက်လာသည့် အမှု ့အခငး်၏ ပထမဦးဆုံး မျက်မြင်သက်သေက ဆီးကြိုနေသော ကုတင်ထက်က မြင်ကွငး်ကြောင့် ကြမ်းခင်းပေါ် ယိုင်လဲ ထိုင်ကျလျှက်သား။

အခန်းထဲမှာ အချိန်အတန်ကြာ ပုံသေပန်းချီကားတစ်ချပ်လို ငြိမ်သက်နေရာမှာ အခန်းတွင်း လှုပ်ရှားမှု ့ရှိလာသည်။ ထိုင်ကျနေရာမှ ထ ရပ်လာသူက ပိုင်စီး။ Downအနားကို လျှောက်လာသည်။

ခေါငး်အုံးအစွန်းနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲ လက်ချောငး်သွယ်တို့ကို တစ်ချောငး်ချငး် ဆွဲ ဖြုတ်ယူသည်။ ရေခဲတမျှ အေးခဲနေသော လက်ချောငး်သွယ်တို့ကို ကိုယ့်လက်ချောင်းတို့ကြား ယှက်သွယ်ကာ ကိုယ့်နဖူးနှင့် တိုက်လျှက် ယူကြုံးမရ ငိုကြွေးသည်။ ယောက်ျားတစ်ယောက် ဖြစ်သော်ငြား အခန်းတွင်း ပဲ့တင်ထပ်သွားအောင် ပိုင်စီး အော်ဟစ်ငိုသည်။

Downပါးပြင်နှစ်ဖက်ပေါ်  မျက်ရည်စီးကြောင်းတွေက တသွင်သွင် စီးကျလျှက် Downကိုယ်ကမူ လှုပ်လဲမလှုပ် အသံမထွက်။ ပိုင်စီးက Down၏ လည်တိုင်ကို ငု့ံမိုးနမ်းလျှက် Downပခုံးပေါ် ခေါင်းစိုက်ကျကာ မျက်ရည်မိုး ရွာသွန်းဖြိုးကောင်းတုန်း။ ပိုင်စီး၏ မျက်ရည်မိုးစက်တို့က Downအကျႌပခုံးသားပေါ် စိမ့်၀င်ယိုဖိတ်သည်။

""မိုက်မဲလိုက်တာ Mineရာ""

Downပခုံးကို ပိုင်စီးလက်ပုတ်ရိုက်လျှက် အပြစ်တင်သည်။

""ဒီလိုတန်ဖိုးမရှိတဲ့ အသက်ကို တန်ဖိုးရှိတဲ့ မင်းရဲ ့ဘ၀နဲ့ လဲလှယ်လိုက်လို့ ငါနှမြောလိုက်တာကွာ၊ မင်းမိုလို့ ကိုယ့်ဘ၀တစ်ခုလုံးကို စတေးပြီး မျက်စိတစ်မှိတ်အတွင်းမှာ ဒီလူကြီးအသက်ကို မိုက်မိုက်မဲမဲ နှုတ်ယူခဲ့တယ်၊ မင်းသိပ်မိုက်မဲတယ်၊ မင်းသောက်ရူးအလုပ်ကို လုပ်ခဲ့တာပဲ""

တောင့်မတ်နေသော Downကိုယ်ကို ရင်ခွင်ထဲ ဆွဲသွင်းကာ ပခုံးကို ဖြည်းညှင်းစွာ ပုတ်သည်။ ပိုင်စီး၏ ထွေးပွေ့မှု့မှာ Downကိုယ် ပြိုကျလာပြီး တရှုတ်ရှုတ် ငိုရှိုက်တော့သည်။

""ရွေးချယ်စရာမရှိခဲ့ဘူး၊ သေခြငး်တရားကို တောင့်တနေတဲ့ တို့က အဲ့ဒီ့အချိန်တုန်းက သေမှာကို စိုးရိမ်ခဲ့တယ်၊ တို့သေသွားပြီး ပိုင့်ကို မကာကွယ်ပေးနိုင်မှာ သိပ်ကြောက်ခဲ့တယ်၊ အသက်တစ်ခုကို သူနဲ့တို့ လုယူခဲ့ရုံပါ၊ တို့သာ သူ့အသက်ကိုမယူခဲ့ရင် အခု သေတဲ့ အလောင်းက တို့ဖြစ်နေမှာ၊ တို့ အဲ့ဒီအချိန်တုန်းက မသေချင်ခဲ့ဘူး၊ ပိုင်တစ်ခုခုဖြစ်မှာစိုးလို့ ပိုင့်ကိုကာကွယ်ချင်တဲ့စိတ်ပဲ ရှိတယ်""

""မင်းသိပ်မိုက်မဲတယ်၊ မင်းရူးလိုက်တာ၊ မငး်သောက်ရူးပဲ""

နဖူးထက်က ဆံစတွေကို သိမ်းတင်ပေးလျှက် ပိုင်စီးက ယူကြုံးမရ မြည်တမ်း ရေရွတ်သည်။

ကိုယ့်ကိုချစ်လွန်းလို့ ရူးနေတဲ့ ဒီအချစ်ရူးလေးအတွက် ရင်နာရလွန်းလို့ ... 

ရင်ခွင်မှာခေါင်းမှီကာ ငိုရှိုက်နေသော Downက

""တို့ အခု ဘာဆက်ဖြစ်မှာလဲ ... ထောင်ကျတော့မှာလား""

ပိုင်စီးက Downကိုယ်ကို တင်းကြပ်အောင် ဖက်ပြီး Downနဖူးကို အနူးညံ့ဆုံး အနမ်းတစ်ပွင့်ပေးသည်။

ကျန်းလောင်ေ၀့ကိုယ်ပေါ်မှ Downကို ပွေ့ချီကာ ရေချိူးခန်းထဲ၀င်ပြီး bathtubထဲ အသာအယာချသည်။ ရေကို ဖောက်ချပြီး Downကိုယ်ကို ပတ်ဖြန်းသည်။ သွေးတွေနဲ့ ပေကျံနေသော Downကိုယ်ပေါ်က အကျႌတွေကို တစ်လွှာချင်း ချွတ်သည်။

ရေနွေးနွေးနဲ့ Downလည်ပင်းဒဏ်ရာကို ပိုင်စီးလက်ချောင်းတို့က ညင်ညင်သာသာ ထိတွေ့ပွတ်ဆေးသည်။ အညိုအမဲစွဲနေသော Downကျောပြင်ကို ဖွဖွလေး ပွတ်တိုက် ဆေးကြောသည်။ Downလက်နှင့်ခြေထောက်တို့ကို ဆပ်ပြာမြှပ်တွေကြား နှစ်ပြီး လက်ခောျငး် ခြေချောင်း တစ်ချောင်းချငး်စီကြားကို စိတ်ရှည်ရှည်နဲ့အနူးညံ့ဆုံး သန့်ရှင်းပေးသည်။

ပိုင်စီးသန့်ရှင်းရေးလုပ်ပေးသမျှကို Downက ပုလဲမျက်ရည်ခရင်း တဆက်ဆက်တုန်ရီလျှက် ငြိမ်ခံနေသည်။

Downကိုယ်ကို သန့်ရှင်းအောင် ဆေးကြောပြီးနောက် တဘက်ဖြူနဲ့ ပတ်ပြီး ပွေ့မ လိုက်သည်။ ဧည့်ခန်းက စားပွဲပေါ်မှာ Downကို ချပြီး ဗီဒိုထဲက ရိုးရှင်းပေါ့ပါးသော ၀တ်စုံတစ်စုံကို ထုတ်သည်။ ၀တ်စုံပေါ် ရေမွှေးဖြန်းပတ်ပြီး ပိုင်စီးကိုယ်တိုင် Downကို သပ်သပ်ရပ်ရပ် ၀တ်ပေးသည်။

ဆံပင်ကို သေသပ်စွာ ဖြီးပေးပြီး ဒဏ်ရာကို  သေသေချာချာ ဆေးလိမ်းပေးသည်။ ဆေးကြောင့် ဒဏ်ရာစပ်သွားတိုငး် Downကိုယ် တွန့်သွားသည်။ ထိုအခါ ပိုင်စီးက ဒဏ်ရာပေါ် လေတဖြူးဖြူးမှုတ်ပေးသည်။

စိတ်ရှည်ရှည်ထား ဆေးလိမ်းပေးနေသော ပိုင်စီးလက်ကို စိတ်မရှည်သော Downက ဆွဲကိုင်ကာ

""အခု တို့ကို ရဲစခန်းကို ပို့တော့မှာလား၊ ပိုင်ကိုယ်တိုင် ပို့ပေးတော့မှာလား၊ တို့ပိုင်နဲ့ မခွဲနိုင်ဘူး""

ကြေကွဲအက်ရှသော ခြောက်ကပ်ကပ် စကားသံနှင့် ပိုးဟပ်ဖြူလို ဖြူဖပ်ဖြူလျော့ မျက်နှာက အကြည်စင်ဆုံး မျက်ရည်ဥတို့ တွဲကျလာသည်။ ပိုင်စီးလက်ကို ပါးထက်မှာ ကပ်ကာ Downငိုသည်။ ပိုင်စီးက Downပါးပြင်ကို လက်တစ်ဖက်နဲ့ ပွတ်သပ်ပေးလျှက်

""ဟင့်အင်း ... မပို့ပါဘူး၊ ငါလည်းမင်းနဲ့မခွဲနိုင်ဘူး""

Downက ပိုင်စီးကို တင်းတင်းကြပ်ကြပ် ဆွဲဖက်ကာ ကလေးတစ်ယောက်လိုငိုသည်။ Downကျောပြင်ကို ပုတ်ပေးလျှက်

""ဘာလို့ ငိုနေတာလဲ၊ မင်းမှာ ငါတစ်ယောက်လုံးရှိတယ်လေ၊ ငါ ကာကွယ်ပေးမယ်၊ မင်းကို ဘယ်သူမှ မထိပါးစေရဘူး၊ မင်းကငါ့လူဖြစ်ပြီးနေပြီ၊ ငါ့လူကို ဘယ်သူမှ ငါ့အနားက ဆွဲထုတ်မသွားစေရဘူး၊ ငါကမငး်နောက်မလိုက်နိုင်မှတော့ ငါ့အနားမှာပဲ မင်းကို ထားရတော့မှာပေါ့""

Downလက်ခုံကို နမ်းလျှက် ပိုင်စီးက Downကို ပွေ့ဖက်ထားသည်။

""ကျန်းလောင်ေ၀့ကိစ္စကို ငါအားလုံးဖြေရှင်းပေးမှာမိုလို့ မင်းက ငါ့အနောက်မှာပဲနေ၊ ငါတို့ မိုက်မဲလို့ ရသမျှ အဆုံးထိ ရူးမိုက်ကြတာပေါ့ ... Mine""

Downလက်ချောင်းတို့ကို ဆွဲညှစ်ကိုင်လျှက် ပိုင်စီးပြောသည်။

-------------

""အဲ့ဒီ့ကိစ္စက ဖုန်းထဲကအတိုငး်ပဲ ပြောပြီးပါပြီ အစ်မရယ်၊ ညီမတို့ ပြောခွင့်မရှိလို့ပါ""

""အများကြီးမဟုတ်ပါဘူး၊ အဲ့နေ့က ဧည့်သည်စာရင်းကို ရနိုင်ဖို့ပါပဲ""

""တကယ် ဘယ်လိုမှ မဖြစ်နိုင်လို့ပါရှင်""

Receptionမှာ ၀န်ထမ်းကောင်မလေးနှင့် မမနိုင် အချင်းများနေသည်။

""အဆင်မပြေတာ ဘာရှိလို့လဲ ဧည့်သည်""

""မမရေ ့ ... ဒီအစ်မက ဧည့်သည်စာရင်းတောင်းနေလို့""

ဟိုတယ်မန်နေဂျာဖြစ်ဟန်တူသော အမျိူးသမီးက မမနိုင်ကို ကြည့်လာသည်။ မမနိုင်က ထိုအမျိူးသမီးလက်ကို ပြေးကိုင်ကာ

""ကူညီပေးပါ ညီမရယ်၊ မ အသက်နဲ့ထပ်တူ အရေးကြီးလို့ပါ၊ မ ဘ၀အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ ကိစ္စတွေအားလုံးကို အမှန်အတိုငး် သိရမှဖြစ်မယ်၊  ရန်ကုန်ကနေ ဒီကို မနားတမ်း လာရတာပါ၊ မ ကို ကူညီပေးပါ""

ထိုအမျိူးသမီးလက်ကို ကိုင်ဆွဲကာ မမနိုင် ခခယယတောင်းပန်သည်။

""အားနာပါတယ်၊ ကျွန်မတို့ လုပ်ခွင့်မရှိလို့""

 ကျဆင်းသွားသော မျက်ရည်စကို မမြင်အောင် သုတ်လိုက်သော်လည်း မြင်ဖြစ်အောင် မြင်လိုက်မိသည်။ ဆက်တောငး်ဆိုချင်သည့် မျက်၀န်းတွေကို တွေ့ရပေမဲ့ ဆက်မပြောတော့ပဲ ကျောခိုင်းသွားသည့် ကျောပြင်ကိုကြည့်ကာ

""ဟို .. အစ်မက အလှမယ်ဟောင်း မေမမနိုင်လား""

မျက်နှာချငး်ဆိုင်ပြန်လှည့်လာသည်။ ထို့နောက် ခေါင်းညိမ့်သည်။

""ဒါဆို ကျွန်မ ကူညီနိုင်မယ် ထင်တယ်၊ ကျွန်မဘ၀ရဲ ့ Idolတစ်ယောက်ကိုပေါ့""

----------------

ပိုင်စီးက လယ်သာလက်အိတ်ကို လက်မှာ စွပ်သည်။ ပြီးနောက် ကုတင်ထက်က ကျန်းလောင်ေ၀့အလောငး်ကို ကိုင်တွယ်သည်။

""ပိုင် ... ပိုင် ကိုယ်တိုင် လုပ်မှာလား၊ ဇွဲရန်ကို ခေါ်သင့်တယ်မဟုတ်လား""

""ငါက ဒီလိုကိစ္စကြီးကို""

ကျန်းလောင်ေ၀့အလောင်းကို Luggageအိတ် sizeအကြီးဆုံးထဲ ခွေခေါက် ထည့်နေသော ပိုင်စီးက အသံကျယ်သွားသည်။ အံတစ်ချက် ဖိကြိတ်လျက် ပုံမှန်လေသံအတိုင်းဆက်ကာ

""အပြင်လူဇွဲရန်ကို ခိုင်းရမှာလား၊ ဒီကိစ္စကို မင်းနဲ့င့ါအပြင် သိသူမရှိစေရဘူး၊ ဘယ်သူ့ကိုမှ အသိမခံနိုင်လို့ အစ အဆုံး ငါကိုယ်တိုင် ငါ့လက်နဲ့ လုပ်မယ်၊ မင်းကိစ္စတိုင်းမှာ ငါယုံကြည်စိတ်ချရတဲ့ တစ်ဦးတည်းသောလူက ငါကိုယ်တိုင်ပဲ""

အခန်းကို ရှင်းနေသော ပိုင်စီးလုပ်သမျှကို ထိုင်ကြည့်ကာ ကြောက်လွန်းလို့  ဒူးပိုက်လျှက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသော Down။

""မင်းမျက်ရည်တွေကို သုတ်လိုက်စမ်း Mine ... မပျော့ည့ံစမ်းနဲ့၊ မင်းလုပ်ပြီးတဲ့ အရာအတွက် နောင်တမရနဲ့၊ ဖြစ်ပြီးသွားပြီ၊ ဘာမှ ပြန်ပြင်လို့ မရတော့တာကို မင်းလုပ်ပြီးပြီ၊ ကြောက်နေလို့ ကိစ္စတွေက ပြီးသွားမှာမဟုတ်ဘူး၊ ဖြစ်ပြီးတဲ့ကိစ္စကို အကောင်းဆုံးဖြစ်အောင် ငါလုပ်ပေးမယ်၊ မင်းဖက်မှာ ငါတစ်ယောက်လုံး ရှိတယ်၊ မင်းဘာကိုမှ သောက်ကြောက်ကြီးနေစရာမလိုဘူး""

--------------

လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဖြစ်မလား။ ကျွန်မ ဒီငွေဆောင်ဟိုတယ်မှာ Housekeeper တစ်ယောက်အဖြစ် စတင်ခဲ့တယ်။ ကျွန်မရဲ ့ ပေါ့ဆမှု ့ အမှားအယွင်းတစ်ခုကြောင့် ညနေပွဲအတွက် ၀တ်ရမဲ့ အလှမယ် မေမမနိုင်ရဲ ့ ၀တ်စုံက ပျက်စီးသွားခဲ့တယ်။

ဟိုတယ်လူကြီးတွေရော မမနိုင်ရဲ ့ အဖွဲ့သားတွေကရော ကျွန်မကို အလျော်တောင်းပြီး အလုပ်ထုတ် အပြစ်ပေးဖို့ လုပ်ကြပေမဲ့ မမနိုင်က ကျွန်မကို ဘာမှမဖြစ်စေပဲ ခွင့်လွှတ်ပေးခဲ့တယ်။ အမြဲ အဲ့ဒီ့ကျေးဇူးကို ဆပ်ချင်ခဲ့တာပါ ... အခုအခွင့်အရေးရပြီထင်တယ်။

""အဲ့ဒီ့နေ့က ဦးပိုင်စီးအာဏာအခန်းမှာ ပြသနာတစ်ခုဖြစ်သွားတယ်၊ Celeစုံတွဲတစ်တွဲက ကျွန်မတို့ဟိုတယ်မှာ ကိုယ်ရေး လျိူ ့ ၀ှက်ပြီး လာအပန်းဖြေတည်းခိုကြတယ်၊ ဒါကို ခြေရာခံမိတဲ့ ပါပါရာဇီတစ်ယောက်က Celeစုံတွဲ တည်းမယ်လို့ သတငး်ရတဲ့ အခန်းမှာ လျိူ ့၀ှက်ကင်မရာ တပ်ထားခဲ့တယ်၊ တကယ်တော့ အဲ့ဒါက ပါပါရာဇီတွေကို လှည့်စားမှု ့တစ်ခုပါ၊ Celeစုံတွဲက အခန်းကို ပြန်Cancelခဲ့တယ်၊ အဲ့ဒီအခန်းကို ငှားဖြစ်ခဲ့တဲ့ ဦးပိုင်စီးအာဏာတို့က ကင်မရာနဲ့အတူ တစ်ညတာ ရှိခဲ့တယ်၊ နောက်နေ့မှ အခန်းသန့်ရှင်းရေး၀င်လုပ်တဲ့ ၀န်ထမ်းက လျိူ ့၀ှက်ကင်မရာကို တွေ့ခဲ့ပါတယ်၊ ဒါက ဦးပိုင်စီးအာဏာတို့အခန်းမှာ တစ်ညတာ ထားခဲ့တဲ့ ကင်မရာမှတ်တမ်းပဲ၊ ကိုယ်ရေးလုံခြုံမှု့အရ ကျွန်မတို့ ဖွင့်မကြည့်ပေမဲ့ ဖျတ်စီးဖို့ သိမ်းထားခဲ့တယ်၊ အဲ့ဒီ့ကင်မရာကို မမနိုင် ယူမလား""

မမနိုင် ဟက်ခနဲ ရယ်သည်။ ေ၀့သီလာသော မျက်ရည်အိတ်ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ် တားစီးလျှက် ခြောက်ကပ်ကပ် ရယ်သည်။

အဆင်သင့်လိုက်လေတဲ့ ကံကြမ္မာရယ်။ ယောကျား်ရဲ ့ဖောက်ပြန်ခြင်း ကင်မရာမှတ်တမ်းကို လက်၀ယ်ရလို့ ပျော်ရမလား ၀မ်းသာရမလား။ ဟင့်အင်း ပျော်လည်း မပျော်နိုင်ဘူး ၀မ်းလည်း၀မ်းမသာဘူး။

ဘယ်မိန်းမမှ ကိုယ့်ယောက်ျားရဲ ့ဖောက်ပြန်ခြင်းမှာ ၀မ်းမြောက်၀မ်းသာ ကောင်းသောစိတ်ခံစားချက်မဖြစ်ဘူး။ ယောက်ျားရဲ ့ဖောက်ပြန်မှု ့ကို သက်သေနဲ့တကွ ဖော်ထုတ်နိုင်လို့ ငါကွလို့ မကြွေးကြော်မဟစ်အော်နိုင်ဘူး။  လုပ်ရက်လိုက်ကြတာလို့ပဲ ရင်ထဲ အထပ်ထပ် နာကျင်ရတယ်။ 

ဒီကိုလာတဲ့လမ်းမှာ မမနိုင် မျှော်လင့်တာက ဒီလို ဖောက်ပြန်ခြင်းလက်ရသက်သေထက် မ့ အထင်လွဲမှားနေမဲ့ သက်သေတစ်ခုကို ပိုမျှော်လင့်ခဲ့တယ်။ ဘယ်လိုပဲ ကြုံတွေ့ရပါစေ အထင်လွဲမှု့ သက်သက်သာ ဖြစ်စေချင်ခဲ့တယ်။

တကယ်တော့ ဒီလိုသက်သေဆိုတာ မိန်းမတွေအတွက် ထပ်နာကျင်ရသော ဒဏ်ရာတစ်ခုပါပဲ။ သိသာသိ မမြင်စေနဲ့ စကားရှိတယ်။ အခြားလူနဲ့ပျော်ပါးနေတဲ့ ကိုယ့်ခင်ပွန်းကို ဘယ်မိန်းမမှ မျက်မြင်ကိုယ်တွေ့ မတွေ့ချင်မမြင်ချင်ကြဘူး။

မိန်းမတွေ မသိအောင် ယောက်ျားတွေက ဖောက်ပြန်ကြတယ်။ ဒါပေမဲ့ မိန်းမတွေ လုံး၀ မသိနိုင်အောင် ယောက်ျားတွေ မဖုံးကွယ်နိုင်ကြဘူး။

သစ္စာဖောက်ခြင်းဓါးမြှောင်နဲ့ ရင်၀ကို ထိုးစိုက်တယ်။ သံသယကန်ထဲ ဆောင့်ကန်ချပြီး မေ၀ခွဲနိုင်မှု့တွေကြား နစ်မွန်းစေတယ်။ မဖြစ်နိုင်ပါဘူး ဖြစ်နေတယ် ဒွိဟတွေထဲ စိတ်ကို အပြိုင်လွန်ဆွဲစေတယ်။

နောက်ဆုံး ဒီလိုသက်သေမျိူးအထိ မိန်းမတွေကို မြင်စေတွေ့စေပြီး လည်မျိူညှစ်တယ်။ အဆုံးမှာ ဖောက်ပြန်ခြင်းခံရတဲ့ မိန်းမတစ်ယောက်က သေလုနီးပါး စိတ်ဒဏ်ရာတွေဗလပွနဲ့ ရူးမတတ် ရူးခါမသွားရုံတမယ် ခံစားနာကျင်ရတယ်။

ဒီကောင့်ကို ငါအမိဖမ်းမယ်ဟဲ့ လို့ ကြုံးဝါးခြငး်မှာ မဖြစ်နိုင်ပါဘူးဆိုတဲ့ ခင်ပွန်းအပေါ် ယုံကြည်ခြငး်က မိန်းမတွေနှလုံးသားမှာ တစ်ဖက်ပိတ်စုံကန်ငြင်းနေတယ်။ ယုံကြည်မှု ့တွေ ရိုက်ချိူးခံရပြီး သစ္စာကိုပစ်ပယ်ခံရတဲ့အခါ ဘ၀ရှင်နေလျှက် မုဒိမ်းကျင့်ခံရတဲ့နှလုံးသားက ဆွတ်ပျံ့သောခံစားချက်တွေကို ဝါးမြိုသွားတယ်။

ဒီထဲမှာ ဘာပါမလဲ မ မသိပေမဲ့ မ သိတာက အဲ့ဒီ့ညမှာ နားရာလေးကြောင့် မောင့်ကို တမ်းတရင်း မ တစ်ယောက်တည်း အရူးမီး၀ိုင်းဖြစ်ခဲ့တာပဲ။

ပိုင်စီးအာဏာ ... ရှင် ကျွန်မအပေါ် လုပ်ရက်လိုက်တာ။

-----------------

အမြန်လမ်း မိုင်တိုင် အကွာ၌ အိပ်ငိုက်နေသော ယာဉ်မောင်းတစ်ဦး မောင်းနှင်လာသော ခရီးသွား Expressကားတစ်စီး။ ဖြောင့်တန်းနေသော တစ်လမ်းသွား လမ်းကြောင်းမှာ Expressကားကြီးက အရှိန်မှန်မှန်နဲ့ ခရီးနှင်သည်။

ဖျက်ခနဲ လင်းလာသည့် အသိကြောင့် ဆက်ခနဲ ထောင်လာသော ယာဉ်မောင်း၏ခေါင်း။ မှောင်နေသော လမ်းမှာ Expressကားရှေ ့မီးရောင်အကျ ရှေ ့က ဘွားခနဲပေါ်လာသော အမြန်လမ်း လမ်းလယ်ခေါင်းတည့်တည့်မှာ ကန့်လန့်ဖြတ်တင်ထားသည့် ကားတစ်စီး။

ရုတ်တရက်ကြောင့် Expressကားကြီးက အရှိန်မထိန်းနိုင်ပဲ အရှေ ့မှာ ကန့်လန့်ခံထားသော ကားကို အရှိန်ပြင်းစွာ ၀င်တိုက်ပြီးနောက် ညသန်းခေါင် ထိတ်လန့်ဖွယ် ကားပေါက်ကွဲသံက ၀ုန်းဒိုင်းကြဲသွားသည်။

-------------------

""ကျန်းလောင်ေ၀့က တရုတ်ပြည်မကြီးဖက်မှာ နိုင်ငံသစ္စာဖောက် ၀ရမ်းပြေးတစ်ယောက်ပဲ၊ အဲ့ဒါကြောင့် သူက တရုတ်ပြည်ကို ပြန်လို့မရခဲ့ဘူး၊ အခုသေဆုံးမှု ့မှာ အဲ့ဒီ့ဖက်ကလူတွေ လက်ချက်လို့ပဲ လွဲှချရမှာ၊ အမှု့မကြီးအောင် ငါက ထိန်းချူပ်မယ်၊ တစ်ကောင်ကြွက် ကျန်းလောင်ေ၀့သေဆုံးမှု့ကို အမှု့ဖွင့်မဲ့လူလည်း ရှိမှာမဟုတ်ဘူး၊ ဒါဆို အလိုလို အမှု့ပိတ်သွားလိမ့်မယ်၊  မင်းရော ငါရော လူသိရှင်ကြားလမ်းကို အသုံးမပြုခဲ့တာကြောင့် ငါတို့ရဲ ့အ၀င်အထွက် လမ်းကြောင်းကို မြင်သူမရှိခဲ့ဘူး၊ မင်းက Panorama ကို ၀င်ခဲ့ကြောင်း မျက်မြင်မရှိသလို ငါလည်း Panoramaကို ရောက်လာကြောင်း မျက်မြင်မရှိဘူး၊ ကျန်းလောင်ေ၀့က မင်းအခန်းကို ရောက်လာတဲ့လမ်းတစ်လျှောက် CCTVအပိုင်းကို ငါသိမ်းလိုက်မယ်၊ မင်းကတော့ ဒဏ်ရာတွေမပျောက်မချင်း အပြင်ထွက်လို့ မဖြစ်သေးဘူး""

တိုက်ခန်းကို ပြန်ရောက်နေသော်လည်း Downက ပုံမှန်ပြန်မဖြစ်သေး။ Downကိုယ်ကို စောင်ခြုံပေးပြီး အိပ်ရာထက်လှဲစေကာ အလုပ်ကိစ္စ လုပ်စရာရှိတာလုပ်ဖို့ ထ လိုက်သည်။ Downက လက်ကို ပြန်ဖမ်းကိုင်လျှက် စောင်ကြားထဲမှ ခေါငး်ပြူ မော့ကြည့်သည်။

""အိမ်ကို မပြန်ပါနဲ့လား၊ ဒီည ဒီမှာ ရှိနေပေးလို့မရဘူးလား၊ တို့တစ်ယောက်တည်း မနေရဲဘူး""

""အိမ်ကို မပြန်ပါဘူး၊ ငါလည်း အိမ်မပြန်ရဲဘူး၊ မနက်ဖြန်အစည်းအေ၀းအတွက် ငါပြင်စရာရှိတာ ပြင်လိုက်ဦးမယ်""

ပိုင်စီးလက်ကို Downက လွှတ်မပေး။ တောင်းဆိုနေသည့် မျက်၀န်းတို့ကြောင့် ပိုင်စီးသက်ပြင်းချပြီး Downဘေး၀င်လဲှလိုက်သည်။

ငါလည်း အိမ်မပြန်ရဲဘူး၊ ဒီလိုကိစ္စကြီးလုပ်ထားပြီး ငါ့သမီးကို ရင်မဆိုင်ရဲဘူး။ ငါ့သမီးအတွက်ပဲဖြစ်ဖြစ် ဒီအဖြစ်အပျက်တွေ ... လုံး၀ ပေါ်သွားလို့မရဘူး။

---------------

""မမနိုင် ... မနက်ဖြန်ရှယ်ယာရှင်အစည်အေ၀းမှာ သူေဋ္ဌးကြီးဦးပိုင်အာဏာရဲ ့ အမွေကိစ္စပါ ပါလာနိုင်တယ်""

""ဘယ်လို""

""ကိုပိုင်ဇေရဲ ့ဇနီး သငး်ချယ်ရီထွေးက အခုအစည်းအေ၀းကို ဦးဆောင်နေပါတယ်""

မမနိုင် ဖုန်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ နောက်ကျောပြင်က ကားကူရှင်ကိုပင် မမှီရဲ။ နောက်ကျောမှာစိုက်နေသော ဓါးတွေကြောင့် ကိုယ့်ကျောပြင် ဘယ်လောက် ဒဏ်ရာတွေများနေမလဲ ...

""သူေဋ္ဌးကြီးဦးအာဏာရဲ ့ ရှေ ့နေဦးအောင်ကျော်ပါ ပါလာမှာမိုလို့ အမွေကိစ္စက ရှောင်လွဲှလို့မရနိုင်လောက်ဘူး""

""သိပြီ ဇွဲရန်""

မမနိုင် ဖုန်းချသွားပြီးနောက် ဇွဲရန် သက်ပြငး်ချလိုက်သည်။

ဟုတ်တယ် မယုတ်မလွန် ကြားထဲမှာ နေရမယ်။ အင်အားမျှနေတဲ့ပွဲမှာ ကိုယ့်ရှိတာအားလုံးပုံအပ်ပြီး တစ်ဖက်ကို ရင်းရလောက်အောင် ငါမပိန်းဘူး။ ကြားနေတာ အနေအချောင်ဆုံးပဲ။

------------

""EDကျန်းလောင်ေ၀့က အခုထိ မလာသေးလား ချယ်ရီထွေး""

""အင်း မနက်က အခန်းမှာလည်း မတွေ့ဘူး ကိုဇွဲရန်""

အစည်းအေ၀းစတင်သည်အထိ ကျန်းလောင်ေ၀့က ရောက်မလာသေး။ သင်းချယ်ရီထွေး မျက်နှာ တစတစပျက်ယွင်းလာသည်။

""Good Morning ... အားလုံး မတွေ့တာ ကြာပြီ""

Mac Notebookတစ်ခုကို လက်က ခပ်စောငး်စောငး် ကိုင်လျက် ဘောင်းဘီအိပ်ကပ်ထဲ လက်တစ်ဖက်ထည့်ကာ ပိုင်စီးက အစည်းအေ၀းအခန်းထဲကို ပေါ့ပေါ့ပါးပါး ၀င်လာသည်။

""ပိုင်စီး""

""ကိုအာဏာ""

စစ်ဆေးရေးအခန်းမှာ ရှိနေတုန်းဟု ထင်ထားသော ပိုင်စီးက ထင်မှတ်မထားပဲ ရောက်လာ၍ အားလုံးအံ့သြသွားသည်။ တိတ်ဆိတ်သွားသည့် အခန်းမှာ စားပွဲရှည်ထိပ်ဆုံးက ထိုင်ခုံနေရာတွင် ပိုင်စီး ၀ုန်းခနဲ ၀င်ထိုင်လိုက်သံက အခန်းတွင်းရှိလူကြီးတွေအားလုံးကို အလိုလိုနေရင်း ခါးမတ်သွားစေသည်။

ပိုင်စီးအာဏာကိုဖြုတ်ချရန် အစည်းအေ၀းခေါ်သူမှာ EDကျန်းလောင်ေ၀့ဖြစ်ပြီး ရောက်ချလာသူက ပိုင်စီးကိုယ်တိုင်ဖြစ်နေသောကြောင့် ရှယ်ယာရှင်တွေက အခြေနေကို နားမလည်နိုင်ကြသေး။

""ကဲ! ဆိုစမ်းပါဦး ... အရေးပေါ်ရှယ်ယာရှင်အစည်းအေ၀းဆို၊ ဘာအရေးတကြီးကိစ္စကို ဆွေးနွေးမှာမိုလို့ အလုပ်ကိုယ်စီ ရှုပ်နေကြမဲ့ ဒီက လူကြီးမင်းတွေအားလုံးက ဒီအခန်းမှာ လာထိုင်စုနေရတာလဲ""

စားပွဲကို ခြေထောက်နဲ့တွန်းပြီး ထိုင်ခုံကို စားပွဲမှ ဆုတ်ခွာကာ ထိုင်ခုံကျောမှီလျှက် ခပ်ရွဲ ့ရွဲ ့မေးသည်။ ပိုင်စီး၏ ဆောင့်ဆောင့်အောင့်အောင့် ကိုယ်လက်လှုပ်ရှားမှု့တိုင်းမှာ လိုတာထက်ပို အသံထွက်နေသည်။ ထိုအခြေအနေက ကျောချမ်းစေသည်။

ဘောပင်အလယ်ပိုင်းကို ကိုက်လျှက် ခြေထောက် ချိတ်လိုက်တာက လူမိုက်ဆန်သည်။ ပိုင်စီးစိတ်အခြေအနေက မကြာမီ အလုံးအရင်း ၀င်ရောက်တော့မည့် ဟာရီကိန်းမုန်တိုင်းတစ်ခုကို ဦးတည်နေသည်။

""ဘာလို့ မေးတာကို မဖြေကြတာလဲ၊ အားလုံး အ သွားတာလား""

ဘောပင်ကို ပစ်ပေါက်ပြီး မေးလိုက်တာ အခန်းထဲ အသံဟိန်းသွားသည်။ ပိုင်စီးထက် အသက်ကြီးသူတွေ ပါနေသော်လည်း ပိုင်စီးက အရိုအသေ ဂရုစိုက်ခြင်းမရှိ။ အထက်စီးဆန်ဆန် မင်းမူသည်။ ပိုင်စီး၏ အာဏာစက်အောက် မည်သူမှ အသံမထွက်ရဲကြ။

သငး်ချယ်ရီထွေးက နေရာမှ ထရပ်ကာ

""အခု စစ်ဆေးရေးအခန်းမှာ ရှိနေရမှာမလား မတ်ကလေး""

""ဘာရယ်""

စားပွဲပေါ် လက်နှစ်ဖက်ထောက်လျှက် ခါးကိုင်းကာ ပိုင်စီးက သငး်ချယ်ရီထွေးကို လူမိုက်ကြည့်လှမ်းကြည့်သည်။

""မတ်ကလေးက စစ်ဆေးရေး လွတ်ရင်တောင် နောက်ပိုင်း Panoramaကို စာရင်းစစ် ၀င်မှာက သေချာသလောက်ပဲ""

""ငါ့ကုမ္မဏီရဲ ့ ရှယ်ယာရှင်အစည်းအေ၀းမှာ နင့်က ဘာရာထူးရာခံနဲ့ ၀င်ပါရတာလဲ""

""Panoramaရဲ ့ တည်ထောင်သူ သူေဋ္ဌးကြီးဦးပိုင်အာဏာရဲ ့ ချေွးမကြီးနေရာက ၀င်ပါတာ""

ပိုင်စီးက သင်းချယ်ရီထွေးစကားကို ပျက်ရယ်ပြုလှောင်ရယ်သည်။ ထို့နောက်

""သူ့ကို ဆွဲထုတ်သွား""

အနားမှာ ရှိသော Guardတွေက သင်းချယ်ရီထွေးလက်ကို ချူပ်ကိုင်ကာ အခန်းထဲက ဆွဲထုတ်ရန် ပြင်သည်။ သင်းချယ်ရီထွေးက ရုန်းဖယ်ကာ

""မတ်ကလေးရဲ ့ မဆင်မခြင် ဥပဒေမဲ့လုပ်ရပ်ကြောင့် Panoramaကို ထိခိုက်မှု ့တွေ ဖြစ်လာတယ်၊ ဒီက Panoramaမိသားစု၀င်တွေလည်း အကျိူးယုတ်ရတယ်၊ မတ်ကလေးဦးဆောင်နေသ၍ ဒီ့အမှု့က Panoramaကိုလာနွယ်နေဦးမှာပဲ၊ အဲ့ဒီလိုနဲ့ Panoramaပါ ပျက်စီးရလိမ့်မယ်၊ ဒီလိုပြသနာအရင်းရှင်ကို ဒီ့ထက်ပိုပြီး Panoramaရဲ ့ အုပ်ချူပ်သူနေရာမှာ မထားနိုင်တော့ဘူး၊ မတ်ကလေးမှာ ဒီနေရာကိုထိုင်ဖို့ အရည်အချငး်မရှိဘူး၊ ဒီနေ့ ဒီအစည်အေ၀းရဲ ့ ရည်ရွယ်ချက်က Panoramaရဲ ့ ဥက္ကဋ္ဌအသစ် တင်မြှောက်ဖို့ပဲ""

သင်းချယ်ရီထွေးပြောပြီးနောက် ကျန်ရှယ်ယာရှင်တွေကပါ အသံတွေ ထွက်လာသည်။

""အပြင်ကဧည့်သည်ကြီး ၀င်ခဲ့ပါ""

ချယ်ရီထွေး၏ စကားအဆုံး သူေဋ္ဌးကြီးဦးအာဏာ၏ ရှေ ့နေဖြစ်သူ ဦးအောင်ကျော်က အစည်းအေ၀းခန်းထဲ ၀င်လာသည်။ ဦးအောင်ကျော်က ပိုင်စီးကို မဝံ့မရဲလှမ်းကြည့်တော့ သုတ်ချီသွားတော့မည့် သိမ်းငှက်လိုအကြည့်နဲ့ ကြည့်နေသော ပိုင်စီးကို လန့်သွားသည်။

ပိုင်စီးအာဏာကို ဖြုတ်ချပြီး သူ့အသက်၊သူ့မိသားစုကို ကာကွယ်ပေးမည်ဟု သင်းချယ်ရီထွေးက ကတိပေးထားသောကြောင့်သာ အမှန်တရားကို ဖော်ထုတ်ရမှာ ... ကြောက်တော့ကြောက်မိသည်။ သို့သော် သေလွန်သွားသော ကိုယ့်အပေါ်ကောင်းရှာလွန်းသည့် ဥက္ကဋ္ဌကြီးအကြောင်းကို တွေးမိတော့လည်း တာ၀န်ကျေချင်သည်။ 

""ဥက္ကဋ္ဌပိုင်စီးအာဏာက အုပ်ချူပ်သူအနေနဲ့ လုပ်ငန်းပိုင်းအရည်အချငး်မရှိသလို လူတစ်ယောက်ရဲ ့အခြေခံအုတ်မြစ် ကိုယ့်ကျင့်တရားစာရိတ္တပါ ချူ ိ ့ယွင်းပျက်ပြားနေတဲ့ လောဘသားကောင်ပါ၊ မိဘအမွေကို တစ်ယောက်တည်း လောဘတတ် အစ်ကိုဖြစ်သူရဲ ့ပိုင်ဆိုင်မှု့တွေကို ဥပဒေနဲ့မညီတာတွေလုပ်ပြီး မတရားလက်ဝါးကြီးအုပ်ထားတာပါ၊ ဒါကို ဟောဒီက ကျွန်မယောက္ခမ ဦးပိုင်အာဏာရဲ ့လူယုံတော်ရှေ ့နေကြီး ဦးအောင်ကျော်က သက်သေပါ""

ဦးအောင်ကျော်ကို ညွှန်ပြကာ သင်းချယ်ရီထွေးက ဆိုသည်။

""ရှေ ့နေကြီး အမှန်တရားကို ဖွင့်ဆို သက်သေခံပေးပါ""

""ဟုတ်ကဲ့ ... ဦးအာဏာရဲ ့ ချေွးမကြီးပြောတာ အမှန်ပါပဲ၊ သူေဋ္ဌးကြီးရဲ ့ မူရင်းသေတမ်းစာကို ပြုပြင်ပြီး တစ်ဦးတည်းပိုင်ဆိုင်မှု့အဖြစ် သိမ်းယူခဲ့တယ်၊ ကျွန်တော့်ကိုလည်း မိသားစုနဲ့ခြိမ်းခြောက်နှုတ်ပိတ်ပြီး ပြည်နှင်ဒဏ်ပေးခဲ့တယ်၊ ကျွန်တော့်ကို ယုံကြည်ခဲ့တဲ့ သူေဋ္ဌးကြီးအပေါ် တာ၀န်မကျေမိတာတွေးမိတိုင်း ကျွန်တော် ညတိုင်း အိပ်လို့မပျော်ခဲ့ပါဘူး၊ ဒီညကစပြီး ကျွန်တော် ကောင်းကောင်းအိပ်စက်နိုင်တော့မှာပါ၊ နောက်တစ်ရက် ကျွန်တော့်နာရေးသတင်းကြားခဲ့ရင်လည်း ကျွန်တော့်သေဆုံးမှု့မှာ တရားမျှတမှု့ရှိအောင် လုပ်ပေးကြပါလို့ ဒီက လူကြီးမင်းတို့ အားလုံးရှေ ့မှာ မေတ္တာရပ်ခံမှာကြားခဲ့ပါတယ်""

ပိုင်စီးကို မရဲတရဲလှမ်းကြည့်လျှက် ဦးအောင်ကျော်ဆိုသောကြောင့် ပိုင်စီးမေးကြောတွေထောင်တတ်အောင် အံကြိတ်သည်။ ဒေါသတွေ တဟုတ်ဟုတ်တောက်လောင်လျှက် နေရာမှာ ရပ်နေသော ခြေထောက်တွေပင် မခိုင်တော့။ ရှယ်ယာရှင်တွေ၏ က့ဲရဲ ့ရှုတ်ချမှု့ စကားသံတွေကြား စိတ်မွန်းကြပ်လာသည်။

""ဒီလောက် ဆိုးသွမ်းတဲ့ ပိုင်စီးအာဏာကို Panoramaရဲ ့ အုပ်ချူပ်သူအဖြစ် ဆက်မထားသင့်သလို တရားဥပဒေနဲ့ အညီ အရေးယူ အပြစ်ပေး ဆောင်ရွက်သင့်ပါတယ်၊ လူကြီးမင်းတို့ရဲ ့သဘောထားကရော ဘယ်လိုရှိပါသလဲ""

သင်းချယ်ရီထွေးက အမေးရှိသည်။

""မေးနေစရာတောင် မလိုတော့ပါဘူး၊ ပိုင်စီးအာဏာကို ဒီနေရာမှာ လက်ခံခဲ့တာက သူေဋ္ဌးကြီးရဲ ့ သေတမ်းစာအရပါ၊ ဒါတွေက အတုအယောင်ဖြစ်နေရင် ပိုင်စီးအာဏာကို Panoramaရဲ ့ဥက္ကဋ္ဌအဖြစ် လက်ခံနိုင်စရာအကြောင်း လုံး၀မရှိဘူး""

""နှစ်ယောက်မရှိတဲ့ အစ်ကိုအရင်းအပေါ်မှာတောင် မငဲ့ကွက်တာ၊ ဒီ၀န်ထမ်းပေါင်း ထောင်သောငး်ချီတဲ့ Panoramaမိသားစုရဲ ့စား၀တ်နေရေးကို သူဘယ်လို မေတ္တာထားနိုင်မှာလဲ""

""တော်တော်ဆိုးတဲ့လူပဲ၊ တရားဥပဒေအရ ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်""

အမျိူးမျိူးသော စကားတွေမှာ ပိုင်စီးဖက်က ရပ်တည်ထောက်ခံသူမရှိ။ မီးလောင်ရာလေပင့်ဆိုသလို သူတော်ကောင်းဆန်နေကြသော အရေခြုံတွေကို ကြည့်လျှက် ပိုင်စီး စက်ဆုပ်လာသည်။

ပြိုပျက်နေသောပိုင်စီးကို ချယ်ရီထွေးက ခပ်မဲ့မဲ့အပြုံးနဲ့ လှောင်ပြောင်ကြည့်နေသည်။

""သူ့ကို ဆွဲထုတ်လိုက်တော့""

သင်းချယ်ရီထွေးအမိန့်ပေးသော်လည်း Guardတွေက သွားမဆွဲရဲ ရပ်နေတုန်း။

""ဒီလူကို ဆွဲထုတ်လိုက်လို့ ပြောနေတယ်လေ""

ချယ်ရီထွေးက ကုန်းအော်သည်။ ထို့နောက် ပိုင်စီးအနားကို လျှောက်လာနေသော Guardတွေ ...

ဒီမှာတင် ပြီးပြီလား ... ဒီမှာတင် အားလုံးကို လက်လျှော့လိုက်ရတော့မလား။ ဒီ Panoramaအတွက် တရားတာရော မတရားတာရော ငါအားလုံး ရင်းနှီးပေးဆပ်ခဲ့တာ။ နောက်ဆုံးတော့ ငါခြေလှမ်းမှားလို့ တစ်ချက်ကလေး လဲကျချိန်မှာ ငါ့ကို ဆွဲမထူပဲ တစ်ဘ၀လုံး နလန်မထူနိုင်အောင် ၀ိုင်းနင်းချေကြတော့မှာလား။

ပိုင်စီးစိတ်လျှော့လိုက်စဉ် ...

""ကျွန်တော့်ညီက အဲ့လိို လူမျိူး မဟုတ်ဘူး""

ဆူညံနေသော အစည်းအေ၀းအခန်းတွင်းရှိ အသံအားလုံးကို ငြိမ်ကျသွားစေသည်။ တံခါး၀မှာရောက်နေသော တည်ငြိမ်ပြတ်သားသည့် ထိုအသံပိုင်ရှင်ကို အားလုံးအကြည့်ရောက်သွားသည်။

""သူေဋ္ဌးကြီးဦးအာဏာရဲ ့ သားကြီးပိုင်ဇေအာဏာ မဟုတ်လား""

ခြေထောက်မှာ ပတ်တီးမဖြည်ရသေးသော ပိုင်ဇေက Wheelchairအကူအညီနှင့်။ ပိုင်ဇေ၏wheelchairကို အနောက်က တွန်းလာသူက ပြင်ဆင်ခြယ်သမှု ့တွေနဲ့ အလှကြီးလှနေသော မေမမနိုင်။

မမနိုင်က ပိုင်ဇေwheelchairကို တွန်းလျှက် အစည်းအေ၀းခန်းထဲ ၀င်လာပြီး ပိုင်စီးဘေးမှာ ယှဉ်ရပ်လိုက်သည်။

ဒီအစည်းအေ၀းအကြောငး်ကို ဘာဆိုဘာမှမသိထားသော ကိုပိုင်ဇေက အခု ဒီကို ဘာလို့ရောက်လာတာလဲ .. မမနိုင်ကရော ...

အစီအစဉ်ထဲမှာ မပါလေသော ပိုင်ဇေနှင့်မမနိုင်ကြောင့် သငး်ချယ်ရီထွေး တုန်လှုပ်သွားသည်။

________________________

သူရဲကောငး်ဟာ အ၀ုန်းခံရမဲ့အကွက်တွေ သိပ်လုပ်တယ်တဲ့ XD

စာမေးပွဲပြီးတာ ထပ်တူထပ်မျှ ၀မ်းသာပါတယ် ^ ^

Updateတောင်းလို့ ပေးတာပါ <3
ဇာက်လမး်ကောငး်ကို တင်ပေးချင်နေတာလည်း ပါတာပေါ့ XD

5:23 PM
9/28/2018

Continue Reading

You'll Also Like

5.6K 581 22
"မောင်ရဲ့စိတ်ကိုအစ်ကိုနားမလည်နိုင်တော့ဖူး" (Baekhyun) "မောင်ဖောက်ပြန်နေတယ်လို့ပြောရအောင် အစ်ကိုလည်း ဖောက်ပြန်နေခဲ့တာပဲလေ" (Chanyeol) Zawgyi🇲🇲Unicod...
252K 27.5K 38
Cover - Artist Ko Khant Aung [Book 3] Story Genre: Romance, Drama, Historical, Fantasy Age Restriction - 12 years and older Plot: သမိုင်းကြောင်းတွေပြ...
1M 96.8K 68
တစ်ချို့သော ငြိတွယ်မှုတွေက စောစောစီးစီးသိရတယ် တစ်ချို့ ခံစားချက်တွေက နောက်ကျမှသိရတယ် တစ်ချို့ အချစ်တွေကိုတော့ အချိန်လွန်မှသိရတယ် 2nd person Cover...
429K 16.1K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...