အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​က...
By Arr_Sheng
1.7M 185K 35.4K
This story book presented by Zawgyi & UNICODE. #Zawgyi သေမိန့်ကျပြီး လူတစ်ယောက်၏ နောက်ဆုံးဆန္ဒ #UNICODE သမေိန့... More
Author's Note
synopsis
EP-1
EP-2
EP-3
EP-4
EP-5
EP-6
EP-7
EP-8
EP-9
EP-10
EP-11
EP-12
EP-13
EP-14
EP-15
EP-16
EP-17
EP-18
EP-19
EP-20
EP-21
EP-22
EP- 23
EP-24
EP-26
EP-27
EP-28
EP-29
EP-30
EP-31
EP-32
EP-33
EP-34
EP-35
EP-36
EP-37
EP-38
EP-39
EP-40
EP-41
EP-42
EP-43
EP-44
EP-45
EP-46
EP-47
Final Episode
From Arr_Sheng
EP-25
23.8K 2.8K 523
By Arr_Sheng
ကျန်းလောင်ဝေ့ရဲ့ အခန်းကို Downကအ၀င်၊ အခန်းထဲမှ ထွက်လာသော သင်းချယ်ရီထွေးနှင့် ဆုံသည်။
Downက သင်းချယ်ရီထွေးကို နှစ်လိုခြင်းမရှိခြင်းနဲ့ ကျန်းလောင်ဝေ့ကို ဆောင့်ဆောင့်အောင်အော့င့် မေးသည်။
""Room Service လာပေးတာ""
""မနိုင်က ပိုင်စီးအစ်ကိုနဲ့အရင်ဆုံး ချစ်သူဖြစ်တာလေ၊ ပိုင်စီးက အစ်ကိုဖြစ်သူဆီက အားလုံးကို သိမ်းကြုံးလုယူထားတာ၊ အဲ့ဒါကြောင့် အခုထိ သူ့အစ်ကိုမိသားစုနဲ့သူ အဆင်မပြေတာ၊ ကာယကံရှင်တွေက တည်ငြိမ်သွားရင်တောင် ပိုင်စီးကတော့ သူ့အပြစ်နဲ့သူ ဘယ်သူ့ကိုမှ အမြင်ကြည်နိုင်မှာ မဟုတ်ဘူး""
""အင်း""
""အဲ့လိုတွေ ရှိခဲ့တာပဲ""
ကျန်းလောင်ဝေ့က ရေသောက်ပြီး ထမင်းစားခြင်းကို လက်စသတ်လိုက်သည်။ Down က ဖွာရှိုက်ပြီး စီးကရက်ကို ပြာခွက်ပေါ် တင်ပြီး စားပွဲပေါ်တင်ထားသော ကျန်းလောင်ဝေ့သောက်နေကျ ဆေးကို အလိုက်တသိ လာပေးသည်။
""ဘာကိုလဲ""
ကျန်းလောင်ဝေ့မျက်နှာကို မော့ငေးကြည့်လျက် မေးပုံက အထူးအခြားကိစ္စမရှိသည့်နှယ်။
ကျန်းလောင်ဝေ့ ကျေနပ်မိသလိုလို ရှိသည်။
""say what!""
--------------
""ကိုအာကာ .. ဒါဦးပိုင်စီးအာဏာရဲ့  အမျိုးသမီး မေမမနိုင်၊ မမနိုင် ဒါက အခုအမှု့ ကို တာဝန်ယူထားတဲ့ အမှု့ စစ်မင်းအာကာပါ""
""ဘာဆိုင်လို့လဲ၊ မ့ ယောက်ျားတစ်ယောက်လုံး ဒီလိုဖြစ်နေတာ မ တွေ့သင့်တာပေါ့၊ အကျိုးအကြောင်းမေးပြီး မောင့်ကို အားပေးနှစ်သိမ့်ရမှာ""
ပိုင်စီးကို မိမိ၏ ကာမပိုင်ယောက်ျားအဖြစ် မမနိုင် မဏ္ဍိုင်တတ်ပြသည်။
""မမနိုင် က ဘာတတ်နိုင်မှာလဲ၊ ဘာမှအကူအညီမပေးနိုင်တဲ့အပြင် မိန်းမတွေရဲ့  ဘာသာဘာဝအတိုင်း ငိုဦးမယ်ယိုဦးမယ်၊ အလုပ်ကိစ္စကြောင့် အစစ်ဆေးခံနေရတဲ့ ပိုင်က မမနိုင်အားနွဲ့ပုံကို မြင်ပြီး စိတ်မကောင်းဖြစ်ပေးရဦးမယ်၊ အခု အခန်းထဲ ၀င်သွားလို့ ပိုင့်ကိုတွေ့ရင် မမနိုင် မငိုပါဘူးလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု့  ရှိလား၊ ပိုင်ကရော ... အခုလို အစစ်ဆေးခံနေရတဲ့ တရားခံပုံစံနဲ့ သူ့ချစ်လှစွာသော ဇနီးသည်ကို တွေ့ချင်ပါ့မလား၊ သူ့မာန သူ့သိက္ခာကို မမနိုင် စဉ်းစားကြည့်ပါဦး၊ ပိုင့်ရဲ့  မိန်းမဖြစ်နေပြီး ဘာလို့ ပိုင့်စိတ်ကို နည်းနည်းလေးမှ အရိပ်အကဲ မသိတာလဲ၊ ကိုယ်ဖြစ်ချင်တာပဲ ကိုယ်သိတယ် ပိုင့်အတွက် မစဉ်းစားပေးရတာလဲ""
""မမနိုင်""
---------------
""လောလောဆယ် သံသယအဆင့်ပဲရှိသေးတယ် မမနိုင်၊ တိကျတဲ့ ၀န်ခံချက်ရဖို့ တွန်းအားပေးနေတာ၊ ၀န်ကြီးဦးအောင်သိန်းကလည်း အခုထိ ၀န်ခံချက်မပေးဘူး၊ Videoအပြင် သက်သေထပ်မရှိတော့ရင် သုံးရက်အတွင်း လွတ်နိုင်ပါတယ်၊ အခု သက်သေရထားတဲ့ Video Fileက ၀ါးတားတားဖြစ်နေတယ်၊ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်ယူကောက်ချက်ချလို့မရဘူး""
လက်ရှိပြောနေသမျှ အခြေအနေက စိတ်သက်သာရာဖြစ်ပေမဲ့ ရှေ့ နေဟိန်းမင်းစံက မျက်နှာမကောင်း။
""ဒီအခြေအနေက ၀န်ကြီးဦးအောင်သိန်းထက် ကိုအာဏာနဲ့Panoramaကို ပိုဒုက္ခများစေလိမ့်မယ်၊ လက်ခံရရှိသူ ၀န်ကြီးဦးအောင်သိန်းက ငွေကို ဖျောက်လိုက်လို့ရပေမဲ့ ကိုအာဏာက ငွေပျောက်တာဆိုတော့ ဒီလောက်များတဲ့ ပမာဏကို တရားဝင် စာရင်းပြနိုင်ဖို့ ခက်ခဲလိမ့်မယ်၊ ပျောက်ဆုံးနေတဲ့ ငွေ 1 Billionအတွက် တရားဝင် ပိုင်ဆိုင်မှု့ စာရင်းကို ပြနိုင်ဖို့လိုတယ်""
""ဇွဲရန် ... မောင့်ရဲ့  Personal Expenses account နဲ့ Saving Bank account မ ကို ပေးပါ၊ အဲ့ဒီ့ထဲကနေ တစ်ခုခု စာရင်းပြနိုင်မယ်လို့ မျှော်လင့်ရတာပဲ၊ ဘုရားစာရွတ်တာအပြင် မ တတ်နိုင်တာရှိသေးတာကို မ လုပ်ပြချင်မိတယ်""
""မမနိုင်တောင်းတာကို ပေးနိုင်ပါတယ်၊ နောက်ပြီး ... ရှယ်ယာရှင်အစည်းအဝေးက ဒီရက်အတွင်း ဖြစ်လာနိုင်တယ်၊ ကိုအာဏာ အပြစ်ကင်းကြောင်း သက်သေပြနိုင်ပြီး အမြန်လွတ်နိုင်မှ ဖြစ်မှာပါ၊ ကိုအာဏာကြောင့် Panoramaမှာ တစ်စုံတစ်ခု ထိခိုက်နစ်နာစရာတွေဖြစ်လာရင် ရှယ်ယာရှင်တွေ ပုန်ကန်လာနိုင်ပါတယ်""
------------
""ပိုင့်မှာလည်းနော် ... တို့ကို အိပ်ရာပေါ်ကလွဲ အခြားနေရာမှာ တွေ့ရင် မျက်လုံးပြူးမျက်စံပြူးနဲ့ သရဲတစ္ဆေတွေ့လိုက်ရတဲ့အတိုင်းပဲ""
စားပွဲခုံကို ထုလျက် အထိတ်တလန့်ပြောနေဟန်က ဟန်ဆောင်မူပိုခြင်း ကင်းစွာ တုန်လှုပ်ခြောက်ခြားနေသည်။
ကယောင်ခြောက်ခြားပြောနေသော Downကို ကြည့်လျက် ပိုင်စီး မထိန်းနိုင်စွာ ထရယ်တော့သည်။
""ချစ်လို့?""
ပိုင်က ထပ် ရယ်ပြန်သည်။
""စာရင်း? ဘာစာရင်းလဲ? 1 Billion ဆိုတာ ဘယ်လောက်လဲ၊ ဘာစာရင်းစစ်တွေလဲ၊ ဘာတွေပြောနေတာလဲ တို့ဥာဏ်မမှီဘူး၊ တို့သိချင်တာပဲဖြေ၊ အဲ့တော့ လွတ်မှာလား မလွတ်ဘူးလား""
""ဘာလဲ""
""Lamborghini""
""ဟင်""
""ဘာ...""
""မင်းဘာပြောလိုက်တယ်? အစ်ကိုပိုင်ဇေနဲ့ မ က ပြန်တွေ့နေတယ်၊ မဖြစ်နိုင်တာ မပြောစမ်းနဲ့၊ အစ်ကိုပိုင်ဇေက အခု မန္တလေးမှာ""
""ဒါဘယ်လို နွားကျတဲ့ ဇာက်လမ်းမျိုးလဲ၊ ပိုင်က ကိုယ့်ကိုယ်ကို ခြံခုန်တဲ့နွားလို့ ခံယူထားပေမဲ့ ပိုင့်ခေါင်းကို ပြန်စမ်းကြည့်ပါဦး၊ တို့နဲ့မဖောက်ပြန်ခင်ကတည်းက မမနိုင်တပ်ပေးထားတဲ့ ဂျိုကြီးက ပိုင့်ခေါင်းမှာ ဘယ်လောက်ကြီးနေပြီလဲမသိဘူး၊ ပိုင်တောင် မသိတဲ့ ပိုင့်အစ်ကို ရန်ကုန်ရောက်နေကြောင်းကို မမနိုင်က ဘယ်လိုသိပြီး အခန်းတစ်ခန်းထဲမှာ နှစ်ယောက်တည်း ခိုးတွေ့နေကြပါလိမ့်""
""ဒီစစ်ဆေးရေးအခန်းမှာ အနားယူရင်း တစ်ယောက်တည်း စဉ်းစားကြည်ပေါ့့၊ မေမမနိုင် မခံစားရစေမဲ့ ပိုင်လွတ်မြောက်နိုင်တဲ့နည်းလမ်းကို၊ ရှိမှရှိပါ့မလား""
 လက်သီးကို တင်းတင်းဆုပ်လျက် ကြိတ်မနိုင်ခဲမရဖြစ်နေသော ပိုင်စီးကို လည်စောင်းပြန်ကြည့်လျက် Downစိတ်တိုလာသည်။
""ဒါနဲ့ အခုက နောက်ဆုံးဧည့်တွေ့ချိန်တဲ့၊ ဒီကို မမနိုင် လာတွေ့လား၊ မတွေ့သေးရင် ပိုင်ကပဲ နားလည်ပေးလိုက်ပါ၊ ပိုင့်အစ်ကိုရှိတဲ့နေရာနဲ့ ပိုင်ရှိတဲ့နေရာက တော်တော် ဝေးလို့ သူ ချက်ချင်းမလာနိုင်တာနေမှာ""
""စဉ်းစား၊ တွေဝေ ... ခင်ဗျားမိန်းမကို ငဲ့ကွက်ပြီး ခင်ဗျားက ဒီကလွတ်အောင် လုပ်စရာရှိတာ မလုပ်ပဲ ထောင်အကျခံ၊ ခင်ဗျားကို မခွဲနိုင်တဲ့ ကျူပ်ကပဲ ခင်ဗျားမိန်းမကိုသတ်ပြီး ခင်ဗျားရှိတဲ့ထောင်ကို ရောက်လာခဲ့မယ်""
ဝေဒနာကိုအံတုလျက် ဖိကိုက်ထားသော အောက်နှုတ်ခမ်းနုနုက သွေးစီးကျလာသည်။ ခန္ဓာနှင့်မမျှသော နာကျင်ခြင်းတွေအတူ မျက်ရည်မလုံလောက်နိုင်သော ငိုကြွေးခြင်းတွေကလည်း စည်းနဲ့ဝါးကိုက်ညီနေသည်။
--------------
မောင်တကယ်ပဲ အလုပ်ကိစ္စအရ လာဘ်ထိုးငွေပေးခဲ့လျှင်တောင် ကုမ္မဏီငွေမဟုတ်ပဲ ဘာလို့ မောင့်ရဲ့  Personal saving account ထဲကလဲ? မောင်ဘာတွေ လုပ်နေတာလဲ ... မောင့်ကိုယ်ကျိုးအတွက် သုံးလျှင်တောင် ဒီ များပြားလှသော ငွေအမောက်အတွက် မ ကို တစ်ခွန်းတစ်လေတော့ တိုင်ပင်သင့်ပါရဲ့  ...
""ကိုအာဏာရဲ့  Personal saving account ကို မမနိုင် စာရင်းစစ်နေတယ်၊ ထင်ထားတဲ့အတိုင်းပဲ၊ ဟိုတစ်ယောက်အတွက် expenseတွေကို တွေ့ပြီး လာမေးနေတယ်""
________________
4:36 PM
9/21/2018
ကျန်းလောင်ေ၀့ရဲ ့အခန်းကို Downကအ၀င်၊ အခန်းထဲမှ ထွက်လာသော သင်းချယ်ရီထွေးနှင့် ဆုံသည်။
သင်းချယ်ရီထွေးက Downကို တစ်ချက်သာကြည့်ပြီး ထွက်သွားသည်။
အကြည့်ကိုက ပမာမခန့်နဲ့ ဆောင့်ကန်ချင်စရာ။ ကိုယ်ကသာ သူများကို ထိုသို့သော အကြည့်နဲ့ ကြည့်သည်။ ကိုယ့်ကိုလာကြည့်ရင် စိတ်ထဲဖျင်းခနဲ ဗျင်းခနဲ။
ကျန်းမာရေးမကောငး်သူမိုလို့လားမသိ။ အသေးအဖွဲ သူတစ်ပါးက ကိုယ့်ကိုလာကြည့်သည့် အကြည့်တွေကပါအစ စိတ်တိုသည်။ ကိုယ့်ကိုယ်ကိုယ်လည်း အားမရ၊ သူများကိုလည်း စိတ်တိုင်းမကျ။ အကျိူးဆက်က ထောင့်မကျိူ း ဂျစ်ကန့်ကန့်နဲ့ အရာတိုင်းကို ကန့်လန့်တိုက်ချင်လာသည်။ 
""ခုနက မိန်းမက ဘဲကြီးအခန်းကို ဘာလာလုပ်တာလဲ""
Downက သင်းချယ်ရီထွေးကို နှစ်လိုခြင်းမရှိခြင်းနဲ့ ကျန်းလောင်ေ၀့ကို ဆောင့်ဆောင့်အောင်ေ့အာင့် မေးသည်။
""Room Service လာပေးတာ""
Downဘာမှ ဆက်မပြောပဲ မျက်နှာဆူပုတ်လျက် အိပ်ရာပေါ်  ၀င်လှဲအိပ်သည်။ ကျန်းလောင်ေ၀့က ညနေစာလား၊ ညစာလားမသဲကွဲသော ထမင်းကို စားနေသည်။
""အဲ့တစ်ယောက်က ပိုင့်အစ်ကိုရဲ ့ မိန်းမဆို ... ပိုင်နဲ့တည့်ပုံမရဘူး၊ ပိုင်နဲ့မတည့်ပေမဲ့ ဘဲကြီးကိုတော့ service ပေးကောင်းသားပဲ""
အစိုးမရသော Downစိတ်က အိပ်ရာပေါ် ငေါက်ခနဲ ထ ထိုင်ပြီး စီးကရက်ကို မီးညှိနေသည်။
""ပိုင်စီးက မနိုင်နဲ့ပတ်သက်ရင် ဘယ်သူနဲ့မှ မတည့်တာ""
""ပိုင့်အစ်ကိုရဲ ့မိန်းမပါဆိုနေမှ ပိုင်နဲ့ပဲ ပတ်သက်မှာပေါ့၊ ဘာလို့ မေမမနိုင်နဲ့ ပတ်သက်ရမှာလဲ""
""မနိုင်က ပိုင်စီးအစ်ကိုနဲ့အရင်ဆုံး ချစ်သူဖြစ်တာလေ၊ ပိုင်စီးက အစ်ကိုဖြစ်သူဆီက အားလုံးကို သိမ်းကြုံးလုယူထားတာ၊ အဲ့ဒါကြောင့် အခုထိ သူ့အစ်ကိုမိသားစုနဲ့သူ အဆင်မပြေတာ၊ ကာယကံရှင်တွေက တည်ငြိမ်သွားရင်တောင် ပိုင်စီးကတေ့ာ သူ့အပြစ်နဲ့သူ ဘယ်သူ့ကိုမှ အမြင်ကြည်နိုင်မှာ မဟုတ်ဘူး""
""မေမမနိုင်နဲ့ပိုင့်အစ်ကိုက အရင်ဆုံး ချစ်သူတွေ ဖြစ်ခဲ့တာလား""
""အင်း""
Downမျက်လုံးထဲ ဒီနေ့နေ့လည်မှာ ပူပူနွေးနွေးတွေ့ခဲ့ရသော ဆေးရုံအခန်းထဲက ထွက်လာသည့် မေမမနိုင်နဲ့ ကျန်ရစ်ခဲ့သော ပိုင်ဇေ၏ပုံကို မြင်ယောင်လာသည်။
""အဲ့လိုတွေ ရှိခဲ့တာပဲ""
ကျနး်လောင်ေ၀့က ရေသောက်ပြီး ထမင်းစားခြင်းကို လက်စသတ်လိုက်သည်။ Down က ဖွာရှိုက်ပြီး စီးကရက်ကို ပြာခွက်ပေါ် တင်ပြီး စားပွဲပေါ်တင်ထားသော ကျန်းလောင်ေ၀့သောက်နေကျ ဆေးကို အလိုက်တသိ လာပေးသည်။
အပြောအဆို အပြုအမူ ထောင့်မကျိူးပေမဲ့ ကိုယ့်လို အဘိုးကြီးကို ဆေးတိုတ်ဖို့ ဂရုတစိုက်ရှိတာ ဒီကလေးတစ်ယောက်သာ ကြုံဖူးသည်။ ဒီလိုဂရုတစိုက်ရှိပေးခြင်းကပဲ တစ်ဖက်လူ၏ စိတ်ကို သိမ်းသွင်း အရယူတတ်တာ သူ့မာယာပရိယာယ်ပဲလား?
""ထမင်းကို အချိန်နဲ့ မှန်မှန်မစားဘူး ဘဲကြီးကလေ""
""ဗိုက်ဆာတဲ့အချိန်က ထမင်းစားချိန်ပဲကွ""
Down နှုတ်ခမ်းစွန်းလေး ပြုံးယောင်ယောင်ဖြစ်သွားသည်။ ထို့နောက် ကျန်းလောင်ေ၀့ ပေါင်ပေါ် လာမှီနွဲ့ထိုင်သည်။ ရင်ခွင်ထဲက Downဆံသားနုနုကို ဖွပေးနေရင်း
""ဒါနဲ့ ကလေးလေး ဒီလိုနေရမဲ့အချိန်မဟုတ်ဘူးထင်တာပဲ""
""ဘာကိုလဲ""
ကျန်းလောင်ေ၀့မျက်နှာကို မော့ငေးကြည့်လျက် မေးပုံက အထူးအခြားကိစ္စမရှိသည့်နှယ်။
""သတင်းမကြားသေးဘူးလား၊ ဒါမှမဟုတ် သတင်းကြားပြီး သံယောဇဉ်ဖြတ်လိုက်တာလား""
""ဘာသတင်းလဲ ဘာကို သံယောဇဉ်ဖြတ်ရမှာလဲ""
မျက်မှောင်ကြုတ်လျက် ပြန်မေးလာသော Downက ပိုင်စီးသတင်းကို လုံး၀မသိသေးသည်မှာ သေချာသည်။
ကျန်းလောင်ေ၀့ ကျေနပ်မိသလိုလို ရှိသည်။
ပိုင်စီးအာဏာ၏ ကျဆုံးခန်းကို မြိန်ရေယှက်ရေ ပြောရတော့မည်မဟုတ်လား ...
""ပိုင်စီးကို ဒီနေ့ စစ်ဆေးရေးတွေ လာဖမ်းသွားတယ်""
""say what!""
--------------
""မောင့်အခြေအနေဘယ်လိုရှိလဲ၊ မ ကြားကြားချင်း ပူထူသွားတာပဲ၊ မနက်က အေးအေးဆေးဆေး အလုပ်သွားတဲ့ မောင်က အခုညနေခင်းမှာ အစစ်ဆေးခံရတယ်တဲ့၊ ဒါမယုံနိုင်စရာပဲ""
ဇွဲရန်ကို ကြည့်လျက် တတွတ်တွတ် မြည်တွန် တောတ်တီးနေသော မမနိုင်က ကယောင်ခြောက်ခြား။
""စိတ်အေးအေးထားပါ မမနိုင်၊ အခု ရှေ ့နေနဲ့ စကားပြောနေပါတယ်၊ စီးပွားရေးလုပ်ငန်းရှင်တိုင်း ကြုံတွေ့ရတဲ့ ကိစ္စဖြစ်လို့ အပြစ်မရှိကြောင်း သက်သေပြနိုင်ရင် လွတ်မှာပါ""
""အခု သက်သေမိလို့ မောင့်ကို စစ်မေးတာ မဟုတ်လား""
မမနိုင်က သွေးအေးနေသော ဇွဲရန်ကို အားမလိုအားမရ အော်မိသွားသည်။
""မိပေမဲ့ သံသယအဆင့်ပဲ ရှိပါသေးတယ်၊ အဲ့သက်သေ Video Fileက အတိအကျလို့ မပြောနိုင်သေးဘူး""
မမနိုင်က နဖူးပေါ် လျော့တိလျော့ရဲ ကျဆင်းလာသော ဆံစတို့ကို ဖြစ်သလို လက်နဲ့ သိမ်းလှန်တင်ရင်း လက်ချောင်းအချင်းချငး် ဆုပ်နယ်နေသည်။ မမနိုင်က စိုးရိမ့်ကြောင့်ကြစိတ်ကြောင့် ထိုင်မရ ထမရ  ဂဏာမငြိမ်။
အရာရှိရဲတွေ၊ တရားခံတွေ ဖြတ်သွားဖြတ်လာလုပ်နေသည့် ရဲဋ္ဌာန၏ထောင့်တစ်နေရာမှာ ခေါက်တွန့်ခေါက်ပြန် လျှောက်နေရင်း စစ်ဆေးခန်းထဲမှာ ရှိနေသော ပိုင်စီးကို မမြင်ရသော်လည်း မျှော်ငေးကြည့်နေသည်။
ဇွဲရန်က မမနိုင်ကိုယ်ကို ထိန်းကိုင်ပေးလျက် ထိုင်ခုံမှာ ၀င်ထိုင်စေသည်။ မမနိုင် နှုတ်ဖျားက တရားစာသဲ့သဲ့ရွတ်ဆိုခြင်းကိုလည်း ကြားရသည်။
မမနိုင်နှင့်ဇွဲရန် အချိန်တစ်ခုကြာအောင် စောင့်နေတုန်း စစ်ဆေးရေးခန်းထဲက ပိုင်စီးနှင့်တွေ့ခဲ့သည့် ရှေ ့နေ ဦးဟိန်းမင်းစံ ထွက်လာသည်။ ရှေ ့ နေဟိန်းမင်းစံက အမှု ့စစ်ရဲ၀န်ထမ်းနှင့် စကားပြောလျက် မမနိုင်တို့အနားကို လျှောက်လာသည်။
မမနိုင်ကို တစ်ချက် ဦးညွှတ်နှုတ်ဆက်လျက်
""ကိုအာကာ .. ဒါဦးပိုင်စီးအာဏာရဲ ့ အမျိူးသမီး မေမမနိုင်၊ မမနိုင် ဒါက အခုအမှု ့ကို တာ၀န်ယူထားတဲ့ အမှု ့စစ်မင်းအာကာပါ""
ရှေ ့နေက ပိုင်စီးအမှု ့ကို တာ၀န်ယူထားသော အမှု ့စစ်နှင့် မမနိုင်ကို အပြန်အလှန် မိတ်ဆက်ပေးသည်။ မမနိုင်ခဗျ သက်တောင့်သက်သာမရှိသော အပြုံးတစ်ခုကလွဲ ၀တ်ကျေတန်းကျေ မပျူငှာနိုင်။ အခန်းထဲက ခင်ပွန်းဖြစ်သူ၏ အခြေအနေကို သိချင်စိတ်နှင့် တွေ့ချင်နေသော စိတ်ဆန္ဒသာ ပြင်းပျနေသည်။
""ဒီနေ့အတွက် နောက်ဆုံးဧည့်တွေ့ချိန်ပဲ၊ မမနိုင် ၀င်တွေ့လို့ရပြီ၊ ကိုအာကာ ... ဧည့်တွေ့ချိန်မှာ ကင်မရာတွေ အသံဖမ်းစက်တွေ ပိတ်ထားဖို့ တောင်းဆိုတယ်နော်၊ အခုထိ သံသယအဆင့်ပဲရှိသေးလို့ အကြပ်အတည်းတွေ မလုပ်ပါနဲ့""
ရှေ ့နေ၏လျှောက်ထားမှု ့ကို အမှု ့စစ်က သဘောမတူ တတူ အပြုအမူနဲ့ စိတ်မပါစွာ ခေါင်းညိမ့်သည်။ 
""မမနိုင် လွတ်လွတ်လပ်လပ် စကားပြောနော်""
ရှေ ့နေက ပြောတော့ မမနိုင်က ခေါင်းညိမ့်လျက် အခန်းထဲ ၀င်ရန် ပြင်စဉ် ...
""မမနိုင် မတွေ့သင့်ဘူး ထင်တယ်""
အသံကြားရာ အနောက်ကို လှည့်ကြည့်တော့ Down။
အူလျားဖားလျားပြေးလာသည့် Downက မမနိုင်ကို  တွေ့တော့ အေးဆေးတည်ငြိမ်သည့်ဟန်နဲ့ အနားကို လျှောက်လာသည်။
""ပိုင်က အခုလို စခန်းမှာ အစစ်ဆေးခံနေရတဲ့ပုံစံနဲ့ မမနိုင်ကို တွေ့ချင်မယ်မထင်ဘူး၊ တရားခံအဖြစ် သူ့ရဲ ့ပုံစံကိုလည်း မမနိုင်ကို မြင်စေချင်မှာမဟုတ်ဘူး၊ အဲ့ဒါကြောင့် မမနိုင် မတွေ့သင့်ဘူး၊ သူ့မာနနဲ့သူ့ရဲ ့အခုအခြေအနေကို နားလည်ပေးလိုက်ရအောင်""
အနားမှာ ဇွဲရန်၊ ရှေ ့နေဦးဟိန်းမင်းစံ၊ အမှု ့စစ်အာကာ ရှိနေပါလျက် မမနိုင်တစ်ယောက်တည်းကို စိုက်ကြည့်လျက် Downကပြောသည်။
""ဘာဆိုင်လို့လဲ၊ မ့ ယောက်ျားတစ်ယောက်လုံး ဒီလိုဖြစ်နေတာ မ တွေ့သင့်တာပေါ့၊ အကျိူးအကြောငး်မေးပြီး မောင့်ကို အားပေးနှစ်သိမ့်ရမှာ""
ပိုင်စီးကို မိမိ၏ ကာမပိုင်ယောက်ျားအဖြစ် မမနိုင် မဏ္႑ိုင်တတ်ပြသည်။
မမနိုင်၏ "မ့ ယောက်ျားတစ်ယောက်လုံး" ဟူသော အသုံးကြောင့် Down အံတင်းတင်းကြိတ်သွားသည်။
""မမနိုင် က ဘာတတ်နိုင်မှာလဲ၊ ဘာမှအကူအညီမပေးနိုင်တဲ့အပြင် မိန်းမတွေရဲ ့ ဘာသာဘာ၀အတိုင်း ငိုဦးမယ်ယိုဦးမယ်၊ အလုပ်ကိစ္စကြောင့် အစစ်ဆေးခံနေရတဲ့ ပိုင်က မမနိုင်အားနွဲ့ပုံကို မြင်ပြီး စိတ်မကောငး်ဖြစ်ပေးရဦးမယ်၊ အခု အခန်းထဲ ၀င်သွားလို့ ပိုင့်ကိုတွေ့ရင် မမနိုင် မငိုပါဘူးလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ့ ရှိလား၊ ပိုင်ကရော ... အခုလို အစစ်ဆေးခံနေရတဲ့ တရားခံပုံစံနဲ့ သူ့ချစ်လှစွာသော ဇနီးသည်ကို တွေ့ချင်ပါ့မလား၊ သူ့မာန သူ့သိက္ခာကို မမနိုင် စဉ်းစားကြည့်ပါဦး၊ ပိုင့်ရဲ ့ မိန်းမဖြစ်နေပြီး ဘာလို့ ပိုင့်စိတ်ကို နည်းနည်းလေးမှ အရိပ်အကဲ မသိတာလဲ၊ ကိုယ်ဖြစ်ချင်တာပဲ ကိုယ်သိတယ် ပိုင့်အတွက် မစဉ်းစားပေးရတာလဲ""
Down၏ ကက်ကက်လန် ပြန်ပြောမှု ့ကြောင့် ဘေးကလူတွေ အံ့သြသွားသည်။ မမနိုင်က နှုတ်ခမ်းလေး ပွင့်အာသွားပေမဲ့ မည်သည့်စကားမှ မထွက်လာခဲ့။ Downက မဲ့ပြုံးနဲ့
""တို့က ပါတနာအနေနဲ့ အားပေးနှစ်သိမ့်လိုက်ပါ့မယ်၊ မမနိုင်က ဘုရားခန်းမှာ ဘုရားစာသာ ရွတ်နေလိုက်ပါ၊ ဒါ ပိုင့်အတွက် မမနိုင် တတ်နိုင်တာ အကုန်ပဲ""
စကားကုန် ပြောပြီး တအံ့တသြကြည့်နေသော ဘေးလူတွေကို အရေးမစိုက်သလို ကျော်တတ်ကာ အခန်းထဲ စွတ်စွတ်ဆက်ဆက် Down ၀င်သွားသည်။
""ဟေး ... မင်းအဲ့လို ၀င်လို့မရဘူး""
""မောင့်ရဲ ့ လုပ်ငန်းပါတနာပါ၊ သူ့ကို ခွင့်ပြုလိုက်ပါ အမှု ့စစ်ကြီး""
မမနိုင် ၀င်ပြောမှု ့ကြောင့် အမှု့စစ်က ငြိမ်သွားသည်။
""မမနိုင်""
ဇွဲရန်ဆက်ပြောမည့်စကားကို မမနိုင် နားထောင်နိုင်စွမ်းမရှိသောကြောင့် လက်ကာ တားစီးလိုက်သည်။
""သူပြောတာ ဟုတ်ပါတယ်၊ မောင့်ကို အကူအညီမပေးနိုင်တဲ့အပြင် ငိုယိုနေမဲ့ မ ကို ပြန်နှစ်သိမ့်ပေးနေရလိမ့်မယ်၊ မောင်လည်း ဒီလို ပုံစံနဲ့ မ ကို တွေ့ချင်မှာမဟုတ်ဘူး၊ မောင်က သိပ်မာနကြီးတဲ့ ယောက်ျားမဟုတ်လား၊ ဒါပေမဲ့ ... မ လေ မ သူပြောတာ အားလုံးကို လက်ခံနိုင်ပေမဲ့ မ မကြိုက်ဘူး၊ အဲ့ကောင်လေးက မောင့်အကြောင်းကို မ ထက် ကောင်းကောင်းသိနေသလို ပြောသွားတာကို မ မကြိုက်ဘူး""
မမနိုင်က မျက်ရည်တို့ကို လက်ခုံနဲ့သုတ်ဖယ်ပြီး သူမတို့ကို ကြည့်နေသော ရှေ ့နေဖက်လှည့်ရပ်လိုက်သည်။
""မောင့်အခြေနေ ဘယ်လိုရှိလဲ ... ရှေ ့နေကြီး""
""ကျွန်တော်တို့ အပြင်မှာ ဆွေးနွေးကြရအောင် ... မမနိုင်""
---------------
""လောလောဆယ် သံသယအဆင့်ပဲရှိသေးတယ် မမနိုင်၊ တိကျတဲ့ ၀န်ခံချက်ရဖို့ တွန်းအားပေးနေတာ၊ ၀န်ကြီးဦးအောင်သိန်းကလည်း အခုထိ ၀န်ခံချက်မပေးဘူး၊ Videoအပြင် သက်သေထပ်မရှိတော့ရင် သုံးရက်အတွင်း လွတ်နိုင်ပါတယ်၊ အခု သက်သေရထားတဲ့ Video Fileက ဝါးတားတားဖြစ်နေတယ်၊ ဘယ်သူဘယ်ဝါဖြစ်ကြောငး် အတည်ယူကောက်ချက်ချလို့မရဘူး""
ဂျပန်စားသောက်ဆိုင်တစ်ခု၏ သီးသန့်အခန်းငယ်တွင် မေမမနိုင်၊ ဇွဲရန်၊ ရှေ ့နေဟိန်းမင်းစံတို့ သုံးယောက် ရှိနေသည်။ စားပွဲပေါ် စားစရာတွေ တည်ခင်းထားပေမဲ့ သုံးယောက်လုံး မထိမိသလို စားဖို့ အာရုံလည်း မရှိ။
ရှေ ့နေဟိန်းမင်းစံပြောနေသော အမှု ့အခြေအနေကို မမနိုင်နှင့်အတူ ဇွဲရန်ပါ စိတ်၀င်တစားနားထောင်နေသည်။ နှစ်ဦး၏ စိတ်ဆန္ဒကတော့ ကွဲပြားနိုင်သည်။ တစ်ဦးက ပိုင်စီး၏ ကောငး်ကျိူးကိုမျှော်လင့်သည်။ တစ်ဦးက ပိုင်စီး၏ကောင်းကျိူးပျက်စီးရာကို မျှော်လင့်သည်။
လက်ရှိပြောနေသမျှ အခြေအနေက စိတ်သက်သာရာဖြစ်ပေမဲ့ ရှေ ့နေဟိန်းမင်းစံက မျက်နှာမကောငး်။
""နောက်ထပ် ဘာရှိသေးလဲ ရှေ ့နေကြီး""
မမနိုင် စကားထောက်ပေးတော့ ရှေ ့နေက သက်ပြင်းချသည်။ ပတ်၀န်းကျင်အခြေအနေကို အကဲခက်ပြီး ခပ်တိုးတိုးလေသံအနေအထားနဲ့
""ပဲခူးမှာ ဟိုတယ်လုပ်ငန်း လုပ်ခွင့်ရဖို့အတွက် ၀န်ကြီးဦးအောင်သိန်းနဲ့ Panoramaကြား တရားမ၀င် လာဘ်ပေးလာဘ်ယူမှု ့တွေ ရှိခဲ့တယ်၊ ကျွန်တော်နဲ့ကိုအာဏာ စိုးရိမ်တာက Videoသက်သေထက် Panoramaကို စာရင်းစစ်၀င်မှာပဲ၊ ၀န်ကြီးဦးအောင်သိန်းကို လာဘ်ထိုးငွေအဖြစ်သုံးထားတဲ့ ကုမ္မဏီငွေ1 Billion အတွက် တရား၀င် စာရင်းပြနိုင်ရမယ်၊ မဟုတ်ရင် ...""
ပြောရင်း ရှေ ့နေမင်းဟိန်းစံက မျက်မှန်ကို ပင့်တင့်ကာ ခေါင်းခါရမ်းသည်။ 
""ဒီအခြေအနေက ၀န်ကြီးဦးအောင်သိန်းထက် ကိုအာဏာနဲ့Panoramaကို ပိုဒုက္ခမာျးစေလိမ့်မယ်၊ လက်ခံရရှိသူ ၀န်ကြီးဦးအောင်သိန်းက ငွေကို ဖျောက်လိုက်လို့ရပေမဲ့ ကိုအာဏာက ငွေပျောက်တာဆိုတော့ ဒီလောက်များတဲ့ ပမာဏကို တရား၀င် စာရင်းပြနိုင်ဖို့ ခက်ခဲလိမ့်မယ်၊ ပျောက်ဆုံးနေတဲ့ ငွေ 1 Billionအတွက် တရား၀င် ပိုင်ဆိုင်မှု ့စာရင်းကို ပြနိုင်ဖို့လိုတယ်""
ဇွဲရန် ကြိတ်ပြုံးလိုက်သည်။ လိုချင်သည့် Main Point က ဒါပဲ ဖြစ်သည်။ တရားမ၀င် စာရင်းမရှိ ပျောက်ဆုံးနေသည့် 1 Billion အတွက် တရား၀င်ပိုင်ဆိုင်မှု ့ စာရင်းကို ပြနိုင်မှာမဟုတ်။
မမနိုင်က မျက်စိစုံ မှိတ်ချပြီး လက်သီးတင်းတင်းဆုပ်လိုက်သည်။
""ကုမ္မဏီစာရင်းထဲက ရှာလို့မရနိုင်ဘူးလား""
""မရနိုင်ဘူး မမနိုင်၊ ပိုရှုပ်ထွေးသွားလိမ့်မယ်၊ Panoramaရဲ ့ စာရင်းပိုင်းကို စစ်ရင် ရှယ်ယာရှင်တွေ ငြိမ်ခံနေမှာမဟုတ်ဘူး၊ ကိုအာဏာရဲ ့ Personal Expenses ထဲက ရှာတာ ပိုအဆင်ပြေလိမ့်မယ်""
ဇွဲရန် ၀င်ပြောလိုက်သည်။
""ဇွဲရန် ... မောင့်ရဲ ့ Personal Expenses account နဲ့ Saving Bank account မ ကို ပေးပါ၊ အဲ့ဒီ့ထဲကနေ တစ်ခုခု စာရင်းပြနိုင်မယ်လို့ မျှော်လင့်ရတာပဲ၊ ဘုရားစာရွတ်တာအပြင် မ တတ်နို်င်တာရှိသေးတာကို မ လုပ်ပြချင်မိတယ်""
""မမနိုင်တောင်းတာကို ပေးနိုင်ပါတယ်၊ နောက်ပြီး ... ရှယ်ယာရှင်အစည်းအေ၀းက ဒီရက်အတွင်း ဖြစ်လာနိုင်တယ်၊ ကိုအာဏာ အပြစ်ကငး်ကြောငး် သက်သေပြနိုင်ပြီး အမြန်လွတ်နိုင်မှ ဖြစ်မှာပါ၊ ကိုအာဏာကြောင့် Panoramaမှာ တစ်စုံတစ်ခု ထိခိုက်နစ်နာစရာတွေဖြစ်လာရင် ရှယ်ယာရှင်တွေ ပုန်ကန်လာနိုင်ပါတယ်""
မ မျက်လုံးတို့ ပြူးကျယ်၀ိုင်းစက်သွားသည်။
တစ်ပူတောင် မရှင်းနိုင်သေး ... နောက်အပူတွေက ဆင့်ကာ ဆင့်ကာ ဆက်တိုက် ဖြစ်လာသည်။
ရုတ်တရက် တိုက်တိုက်ဆိုင်ဆိုင် ကိစ္စတွေ ဘာလို့ ရှုပ်ထွေးလာရတာလဲ?
------------
""Down မင်းက ဒီကို ဘယ်လိုရောက်လာပြန်တာလဲ""
Downကိုတွေ့သောအခါ ပက်ပက်စက်စက် မျက်နှာပျက်၊ စိတ်လေသွားသော ပိုင်စီး။
""ပိုင့်မှာလည်းနော် ... တို့ကို အိပ်ရာပေါ်ကလွဲ အခြားနေရာမှာ တွေ့ရင် မျက်လုံးပြူးမျက်စံပြူးနဲ့ သရဲတစေၧတွေ့လိုက်ရတဲ့အတိုငး်ပဲ""
""မင်းစကားပြော ဆင်ခြင်စမ်း၊ ဒါမင်းနဲ့ငါတွေ့နေကျ အိပ်ခန်းမဟုတ်ဘူး""
ပိုင်စီး ကြိတ်မာန်တော့ Downမျက်နှာ မဲ့သွားသည်။
""ပိုင်က အမောဆို့အောင် ဆီးကြိုနေတာကိုး၊ ဒီကလူကတော့ သူ အဖမ်းခံရတာ ကြားပြီး ပြေးလာတာ၊ လှေကားပေါ်က ပြုတ်ကျပြီး ဒူးပြဲလက်ပြဲနဲ့""
မကျေမနပ်ဆိုရင်း လက်တံတောင်က ပေါက်ပြဲဒဏ်ရာကို လေတဖြူးဖြူးမှုတ်နေသည်။ Downကို ကြည့်လျက် ပိုင်စီး ရင်တွင်းတစ်နေရာက သိမ့်ခနဲ ငြိမ့်ညောင်းသွားသည်။
အဖမ်းခံရတဲ့ သူ့ကိုတွေ့ဖို့ ပြေးလာတာ ဒူးပြဲလက်ပြဲဖြစ်လာသတဲ့၊ အဘယ်မျှ ရူးသွပ်ချင်စရာကောငး်ပါသလဲ။ မင်းငါ့ကို ဘယ်အထိ ရူးစေချင်တာလဲ Mine ... ငါမင်းကို စွဲလမ်းရလွန်းလို့ ရူးတော့မှာပဲ။
Downက ပိုင်စီး၏ ပစ္စည်းဥစ္စာဂုဏ်ကို မက်မောလို့မဟုတ်၊ ပိုင် ဟု အမျှတစေ ခေါ်လေ့ရှိသော သူ့ကိုပဲ မက်မောချစ်ခင်ကြောင်း ပိုင်စီး အကြွင်းမဲ့ ယုံကြည်သည်။ အမြဲအကောငး်တွေကိုပဲ အတူစံစားတာမဟုတ်၊ အခုလို အဆိုးဖြစ်နေတဲ့အခါမှာလည်း မျှေ၀ခံစားပေးတဲ့ ကောင်းတူဆိုးဖက် အဖော်။
""ပိုင်ကအခု ထောင်ကျမှာလား""
မျက်စိရှေ ့က Downကို စ နောက်ချင်သည့် စိတ်ကြောင့်
""ကျတော့မှာ၊ ကျခါနီးဆဲဆဲ၊ ကျလုကျခင်""
""ဘာ! တို့မှာ ရှိတဲ့အချိန်အပိုင်းအခြားက ပိုင်နဲ့ အတူတူ ပူးကပ်ရှိနေရင်တောင် မလုံလောက်ရတဲ့အထဲ ပိုင်က ထောင်ကျဦးမှာလား၊ မြတ်စွာဘုရား ... တို့ဘယ်လိုတောင် ၀ဋ်ကြွေးကြီးတာလဲ""
စားပွဲခုံကို ထုလျက် အထိတ်တလန့်ပြောနေဟန်က ဟန်ဆောင်မူပိုခြငး် ကင်းစွာ တုန်လှုပ်ခြောက်ခြားနေသည်။
""တို့ အခုပဲ အပြင်က လူတစ်ယောက်ယောက်ကို ဒုတ်ဆွဲပြီး ထွက်ရိုက်လိုက်ရမလား၊ တို့လည်း ထောင်ကျရင် ပိုင်နဲ့ တစ်ခန်းထဲမှာ အတူတူထားပေးဖို့ ပြောလိုက်မယ်လေ၊ အဲ့လိုလုပ်သင့်သလား၊ အဲ့လိုလုပ်ရတော့မှာလား ... ဟင်""
ကယောင်ခြောက်ခြားပြောနေသော Downကို ကြည့်လျက် ပိုင်စီး မထိန်းနိုင်စွာ ထရယ်တေ့ာသည်။
ဒီတစ်နေ့လုံး စိတ်အပူမိခဲ့သမျှ Downရောက်လာတော့မှ ပိုင်စီး အေးချမ်းရာ ရှာတွေ့သွားသလိုပင်။
အားရအောင် ရယ်နေသော ပိုင်စီးကို Downက မျက်မှောင်ကုတ်ကြည့်နေသည်။
""မင်းတော်တော် ရယ်ရတာပဲ""
""ပိုင့်ကို တို့ ထောင်ကျမခံနိုင်ဘူး၊ ပိုင်ထောင်ကျမှာ မကျမှာထက် တို့ ပိုင်နဲ့ မခွဲနိုင်ဘူး၊ ပိုင်ထောင်ကျရင် တို့ပါ ထောင်ထဲလိုက်၀င်မယ်""
စားပွဲပေါ်တင်ထားသော ပိုင်စီးလက်ကို ဆုပ်ကိုင်လျှက် Downက အတည်ပေါက်ပြောနေသည်။
""ဘာလို့လဲ၊ ဘာလို့ ငါ့အတွက်နဲ့ မင်းဒီလောက်ထိ""
""ချစ်လို့ ... ချစ်လို့ပေါ့""
""ချစ်လို့?""
Downမျက်လုံးကို ကြည့်ရင်း ပိုင်စီးခဏလောက် ငေးငိုင်သွားသည်။
 အချစ် .. အချစ် ... အချစ်က ဘယ်လိုအရာမျိူးမိုလို့ ဒီကောင်လေး ဒီလောက်ထိ မိုက်မဲနေတာလဲ။ အချစ်ကို ပိုင်စီး နားမလည်ပေမဲ့ အချစ်ကို ခေါင်းစဉ်တပ်ပြီး မိုက်ရူးရဲဆန်နေပါသော ဒီကောင်လေးကြောင့် ရုတ်တရက် အချစ်ဆိုတာကြီးကို ပိုင်စီး သိချင်သွားသည်။ ကိုယ့်သွေးသားအချငး်ချငး်တောင် မငဲ့ညှာသည့် ဒီလောက၀ယ် ကိုယ့်သွေးရင်းသားရင်းလည်း မဟုတ်ပါပဲ အချစ်ဆိုသည့်အရာက တကယ် ဖြစ်လာနိုင်သလား။
အခု ကျဉ်းထဲကြပ်ထဲရောက်နေတာတောင် အချစ်အကြောငး် စဉ်းစားနေတာလား .. ပိုင်စီး။ Downကိုင်ထားသော လက်ကို ပြန်ရုန်းကာ ကိုယ့်အဖြစ်ကိုယ် ရယ်မိသည်။
""ထားပါ .. မင်းက အချစ်ဆိုတော့လည်း အချစ်ပေါ့၊ မင်း ငါ့ကို အဲ့လောက်တောင် ချစ်လား""
""ဒီ့ထက်မကတောင် ချစ်တာ၊ တို့ သေရင်တောင် အတူဆွဲခေါ်မိချင်တဲ့အထိ ချစ်တာ""
ပိုင်က ထပ် ရယ်ပြန်သည်။
တို့စကားထဲ ရယ်စရာလည်းမပါဘူး၊ ပြောသမျှက အပြောင်အပျက်လည်း မဟုတ်ဘူး၊ နောက်နေတာလည်း မဟုတ်ပါပဲ .. ဘာလို့များ ခဏခဏ ရယ်နေတာလဲ ပိုင်ရယ်။
""အဓိကက ပျောက်ဆုံးနေတဲ့ ကုမ္မဏီငွေ 1 Billionကျော်ကို စာရင်းပြနိုင်ဖို့ လိုတယ်၊ အခု လွတ်နိုင်ရင်တောင် Panoramaကို စာရင်းစစ်တွေ၀င်လာပြီး စစ်ကြောလိုက်ရင် ပိုကြီးတဲ့ပြသနာနဲ့ တွေ့ရမှာ""
မျက်နှာကို လက်အုပ်ကာ စားပွဲပေါ် လက်ထောက်လျက် ပိုင်စီး ရေရွှတ်သည်။
""စာရင်း? ဘာစာရင်းလဲ? 1 Billion ဆိုတာ ဘယ်လောက်လဲ၊ ဘာစာရင်းစစ်တွေလဲ၊ ဘာတွေပြောနေတာလဲ တို့ဉာဏ်မမှီဘူး၊ တို့သိချင်တာပဲဖြေ၊ အဲ့တော့ လွတ်မှာလား မလွတ်ဘူးလား""
""ပျောက်ဆုံးနေတဲ့ ငွေကို တရား၀င်ပိုင်ဆိုင်မှု ့စာရင်းပြနိုင်ရင် လွတ်ပြီ""
""ပြနိုင်ဖို့ ဘာလုပ်ရမလဲ""
မျက်နှာကို လက်ဖယ်ပြီး ပိုင်စီးက Downကို ကြည့်လာသည်။
""နည်းလမ်းတစ်ခုပဲ ရှိတယ်""
""ဘာလဲ""
Downက စိတ်၀င်တစားနဲ့ ပိုင်စီးကို မေးသည်။ ပိုင်စီးက ဆက်မပြော။ Downကို စိုက်ကြည့်နေသော ပိုင်စီးအကြည့်တို့က အဓိပ္ပာယ်တစ်ခုနဲ့ စူးရှနေသောကြောင့်
""တို့နဲ့များ သက်ဆိုင်နေလား""
""Lamborghini""
""ဟင်""
""မင်းစီးနေတဲ့ကား ငါ၀ယ်ပေးထားတဲ့ Lamborghini ကို စာရင်း ပြနိုင်ရင် ဒီအမှု ့ တစ်ခါထဲ ပွဲသိမ်းပြီ""
၀န်ကြီးဦးအောင်သိန်းကို တရားမ၀င် လာဘ်ထိုးထားသည့် ပျောက်ဆုံးနေသော ကုမ္မဏီငွေပေါင်း 1 Billionကို တရား၀င် စာရင်းပြနိုင်ရမည်။ ကိုယ့် Personal account ထဲက သုံးထားသော Downရဲ ့ တိုက်ခန်းနဲ့ကားကို စာရင်းပြနိုင်ရင် ထိုငွေ amount ကို မှီနိုင်ပေမဲ့ .......
Downက ရုတ်တရက်ကြောင်သွားသည်။ ခဏ ငိုင်နေရာမှ အတွေးပေါက်သွားပြီး လှစ်ခနဲ အားရ၀မ်းသာ ပြုံးသွားသည်။
""အစောတည်းက မပြောဘူး၊ အခု အဲ့ကား တို့မှာ ပါတယ်၊ ပြမယ် ... ပြန်အပ်ဆိုရင်လည်း ပြန်အပ်မယ်၊ ပိုင့်ကို ထောင်ကျမခံဘူး""
Downက ပြောပြောဆိုဆို ထရပ်သည်။ ပိုင်စီးက Downလက်ကို ဖမ်းကိုင်ကာ နေရာမှာပြန်ထိုင်ရန် မျက်နှာရိပ်မျက်နှာကဲပြသည်။ Downက အူတူတူနဲ့ ပြန်ထိုင်သည်။
""မင်းစကားအတွက် ငါ၀မ်းသာပေမဲ့ ... အဲ့လောက် လွယ်ကူရိုးရှင်းနေရင် ငါ ဒီအခန်းထဲမှာ အခုထိ ဆက်ထိုင်နေစရာ မလိုဘူး၊ နည်းလမ်းက အဲ့တစ်ခုတည်း စဉ်းစားလို့ရပေမဲ့ ငါ အဲ့နည်းလမ်းကို မသုံးနိုင်ဘူး""
""ဘာလို့လဲ ... အဲ့တစ်ခုပဲ လွတ်လမ်းရှိတယ်ဆို၊ တို့အတွက် ကားတွေ တိုက်တွေ မလိုဘူး၊ ပိုင့်ကိုပဲ လိုအပ်တယ်၊ တို့က အဆင်သင့်ဖြစ်ပါလျက်နဲ့ ပိုင်ဘာတွေ များ စိုးရိမ်ပူပန်နေလဲ""
ပိုင်စီးလက်မောင်းကို ကိုင်လှုပ်ကာ Downပြောသည်။ ပိုင်စီးက Downလက်ကို ဆုပ်ကိုင်လျက် ကျေးဇူးတင်သောအကြည့်နဲ့ ကြည့်သည်။ ထို့နောက်
ပိုင်စီးခပ်အေးအေးပြောလိုက်သော စကားလုံးအရေအတွက်က Downရင်ကိုပစ်လွှတ်သော ဓါးအရေအတွက်နဲ့ ညီမျှသည်။
""မင်းနဲ့ငါ့ရဲ ့ ပတ်သက်မှု ့ကို မ သိသွားလိမ့်မယ်၊ မ သိသွားရင် မ သိပ်ခံစားသွားရမှာ၊ ဒါဆို ဒီ့ထက်ဒီ့ထက် ပိုရှုပ်ထွေးတဲ့ မိသားစုရေးကိစ္စတွေ ဖြစ်လာလိမ့်မယ်၊ ငါထောင်ကျမှာထက် ငါ့အိမ်ထောင်ရေး အဆင်မပြေမှာ ငါပိုကြောက်တယ်၊ ငါအဲ့လိုအဖြစ်မခံနိုင်ဘူး၊""
""မေမမနိုင်ကို ပိုင် ... အဲ့သလောက်တောင် ချစ်ရသလား""
""ဘာ...""
Down၏ မျက်ရည်စတို့ ၀ိုင်းအန်နေသော မျက်၀န်းအကြည့်နှင့်မေးသည့် မေးခွန်းအတွက် ပိုင်စီး အဖြေကို ချက်ချင်းစဉ်းစားမရ။
ပိုင်စီး ကိုင်ထားဆဲဖြစ်သော လက်ကို Downရုန်းဖယ်ပြီး ပိုင်စီးကို မျက်ရည်တဆက်ဆက် ကျလျက် နာကြည်းစွာ ကြည့်သည်။ ခံစားချက်အခိုးအငွေ့ကြောင့် Downမျက်နှာက ခဏတွင်းချင်း နီရဲတတ်လာသည်။ 
""Mine ... ငါပြောတာ နားထောင်ပါ""
သူ့စကားကြောင့် Downခံစားသွားရမှန်းသိ၍ ပိုင်စီး ပြန်နှစ်သိမ့်ရန် ကြိုးစားသည်။ သို့သော် Downကျေနပ်လောက်မည့် စကားကို ရှာမရ။ Downက ရှိုက်သံလည်းမထွက်၊ ပါးပြင်ပေါ် တလဟောကျဆင်းလာသော အသံတိတ်မျက်ရည်ကို မသုတ်ဖယ် ပိုင်စီးကိုသာ စိုက်ကြည့်နေသည်။
""Mine ... ဒီလိုမလုပ်ပါနဲ့၊ ငါအဆင်မပြေဘူး""
""ခင်ဗျား  ... အထိအခိုက်မခံနိုင်အောင် ချစ်ရတဲ့ အဲ့ဒီ့မိန်းမက ခင်ဗျားနောက်ကွယ်မှာ အချစ်ဟောင်းဖြစ်သူ ခင်ဗျားအစ်ကိုနဲ့ ပြန်တွေ့နေတယ်""
Downမျက်ရည်ကို သုတ်ပေးရန် ကမ်းလင့်လာသော ပိုင်စီးလက်တို့က လေထဲ ရပ်တန့်သွားသည်။ လက်ကို ပြန်ရုတ်ပြီး
""မင်းဘာပြောလိုက်တယ်? အစ်ကိုပိုင်ဇေနဲ့ မ က ပြန်တွေ့နေတယ်၊ မဖြစ်နို်င်တာ မပြောစမ်းနဲ့၊ အစ်ကိုပိုင်ဇေက အခု မန္တလေးမှာ""
Downက လိမ့်ဆင်းလာသောမျက်ရည်တွေကြားမှ ဟက်ခနဲ လှောင်ရယ်သည်။ ထို့နောက် နှာတစ်ချက်ရှုတ်ပြီး မျက်နှာကို လက်နဲ့ခပ်ကြမ်းကြမ်းသုတ်လိုက်သည်။
""ဒါဘယ်လို နွားကျတဲ့ ဇာက်လမ်းမျိူးလဲ၊ ပိုင်က ကိုယ့်ကိုယ်ကို ခြံခုန်တဲ့နွားလို့ ခံယူထားပေမဲ့ ပိုင့်ခေါင်းကို ပြန်စမ်းကြည့်ပါဦး၊ တို့နဲ့မဖောက်ပြန်ခင်ကတည်းက မမနိုင်တပ်ပေးထားတဲ့ ဂျိူကြီးက ပိုင့်ခေါင်းမှာ ဘယ်လောက်ကြီးနေပြီလဲမသိဘူး၊ ပိုင်တောင် မသိတဲ့ ပိုင့်အစ်ကို ရန်ကုန်ရောက်နေကြောင်းကို မမနိုင်က ဘယ်လိုသိပြီး အခန်းတစ်ခန်းထဲမှာ နှစ်ယောက်တည်း ခိုးတေ့ွနေကြပါလိမ့်""
""ဘာ! အခန်းတစ်ခန်းထဲမှာ နှစ်ယောက်တည်း""
""ဒီစစ်ဆေးရေးအခန်းမှာ အနားယူရင်း တစ်ယောက်တည်း စဉ်းစားကြည်ေ့ပါ့၊ မေမမနိုင် မခံစားရစေမဲ့ ပိုင်လွတ်မြောက်နိုင်တဲ့နည်းလမ်းကို၊ ရှိမှရှိပါ့မလား""
ပိုင်စီးက တုန့်ပြန့်စကားမဆို။ Downချန်ခဲ့သော စကားမှာ တွေးစရာတွေများနေသည်။ Downအခန်းပြင်ထွက်ခါနီးထိ ပိုင်စီးက Downကို အာရုံမရှိ။
 လက်သီးကို တင်းတင်းဆုပ်လျက် ကြိတ်မနိုင်ခဲမရဖြစ်နေသော ပိုင်စီးကို လည်စောငး်ပြန်ကြည့်လျက် Downစိတ်တိုလာသည်။
""ဒါနဲ့ အခုက နောက်ဆုံးဧည့်တွေ့ချိန်တဲ့၊ ဒီကို မမနိုင် လာတွေ့လား၊ မတွေ့သေးရင် ပိုင်ကပဲ နားလည်ပေးလိုက်ပါ၊ ပိုင့်အစ်ကိုရှိတဲ့နေရာန့ဲ ပိုင်ရှိတဲ့နေရာက တော်တော် ေ၀းလို့ သူ ချက်ချငး်မလာနိုင်တာနေမှာ""
ပိုင်စီးက ဘာမှပြန်မပြော။ တစ်ယောက်ထဲ ငူငူကြီးထိုင်နေသည်။
""စဉ်းစား၊ တွေေ၀ ... ခင်ဗျားမိန်းမကို ငဲ့ကွက်ပြီး ခင်ဗျားက ဒီကလွတ်အောင် လုပ်စရာရှိတာ မလုပ်ပဲ ထောင်အကျခံ၊ ခင်ဗျားကို မခွဲနိုင်တဲ့ ကျူပ်ကပဲ ခင်ဗျားမိန်းမကိုသတ်ပြီး ခင်ဗျားရှိတဲ့ထောင်ကို ရောက်လာခဲ့မယ်""
ပြောချင်ရာပြောပြီး Downအခန်းထဲက ထွက်ခဲ့သည်။
ခေါင်းထဲ တစတစ ထိုးကိုက်နေမှု ့က ရင်ထဲ တဆစ်ဆစ်နာကျင်နေသော ေ၀ဒနာကို မမှီနိုင်။ တဒိတ်ဒိတ်ခုန်နေသော နှလုံးကို တစ်စုံတစ်ယောက်က ဆွဲဖျစ်လိုက်သည့်အလား အသက်ရှုလို့တောင် မရ။
ေ၀ဒနာကိုအံတုလျက် ဖိကိုက်ထားသော အောက်နှုတ်ခမ်းနုနုက သွေးစီးကျလာသည်။ ခန္ဓာနှင့်မမျှသော နာကျင်ခြငး်တွေအတူ မျက်ရည်မလုံလောက်နိုင်သော ငိုကြွေးခြငး်တွေကလည်း စည်းနဲ့ဝါးကိုက်ညီနေသည်။
အခန်းထဲ ကျန်ရစ်ခဲ့ပါသော ပိုင်စီးမှာလဲ .....
ထိုက်တန်ပါရဲ ့လား ... သူ့ရဲ ့ပေးဆပ်မှု ့တွေက ဒီမိသားစု၊ ဒီမိန်းမအတွက် ထိုက်တန်ပါရဲ ့လား။ အစ်ကိုပိုင်ဇေက ရန်ကုန်ကို ရောက်နေတာလား၊ ဘာလို့ရောက်လာတာလဲ၊ မ ကရော သူ့ကို မပြောပဲ အစ်ကိုပိုင်ဇေနဲ့နှစ်ယောက်တည်း တွေ့ရတာ ဘာအကြောင်းကြောင့်လဲ။ ဘာတွေလဲ ...
--------------
""ဟယ်လို ... ဇွဲရန် ဒီအချိန်ကြီး ဖုန်းဆက်ရတာ အားနာပါတယ်၊ ဒါပေမဲ့ မောင့်ရဲ ့ account listမှာ ထူးခြားတာတွေ့လို့၊ 1 Billionကျော် expense ရှိတာ မောင်ဘယ်မှာသုံးထားတာလဲ၊ ဒီလောက်ငွေအများကြီးကို မ လည်းမသိလိုက်ရပါ့လား၊ 1 Billion ကျော် ငွေ amount က စာရင်းနဲ့ Balance မဖြစ်ဘူး""
""ဟုတ်ကဲ့ ... ကျွန်တော် စုံစမ်းပြီး မနက်ကျ ပြန်ပြောပေးပါ့မယ်""
မ ဖုန်းချပြီး အခန်းထဲ ဟိုလျှောက်ဒီလျှောက်လျက် စဉ်းစားနေသည်။ မောင့်ကို ယုံကြည်လို့ အိမ်အသုံးစရိတ်ကလွဲ ကျန်တဲ့ ငွေကြေးစာရင်းကိစ္စတွေမှာ ၀င်မပါခဲ့။ မောင့်ကို ကူညီနိုင်ဖို့ မောင့်ရဲ ့ စာရင်းတွေကို စစ်ကြည့်တော့မှ ထိတ်လန့်စရာ ငွေamountက အထွက်သာရှိပြီး စာရင်းမရှိခဲ့။
မောင်တကယ်ပဲ အလုပ်ကိစ္စအရ လာဘ်ထိုးငွေပေးခဲ့လျှင်တောင် ကုမ္မဏီငွေမဟုတ်ပဲ ဘာလို့ မောင့်ရဲ ့ Personal saving account ထဲကလဲ? မောင်ဘာတွေ လုပ်နေတာလဲ ... မောင့်ကိုယ်ကျိူးအတွက် သုံးလျှင်တောင် ဒီ များပြားလှသော ငွေအမောက်အတွက် မ ကို တစ်ခွန်းတစ်လေတော့ တိုင်ပင်သင့်ပါရဲ ့ ...
ဇွဲရန် ဖုန်း ချပြီး မျက်ခုံးနှစ်ခုစပ်ကြားကို လက်နဲ့ထောက် ဖိနှိပ်နေသည်။ ထို့နောက် ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်။ တော်တော်နှင့်မကိုင်သေးသောကြောင့် နာရီကိုကြည့်လိုက်တော့ ညနှစ်နာရီ ...
တစ်ဖက်က အိပ်ချင်မူးတူးအသံနဲ့ ဖုန်းကိုင်သည်။
""ကိုအာဏာရဲ ့ Personal saving account ကို မမနိုင် စာရင်းစစ်နေတယ်၊ ထင်ထားတဲ့အတိုငး်ပဲ၊ ဟိုတစ်ယောက်အတွက် expenseတွေကို တွေ့ပြီး လာမေးနေတယ်""
""လောကမှာ ဖုံးကွယ်ထားလို့ရတာ ဘာမှမရှိဘူး ကိုဇွဲရန်၊ အချိန်တန်ရင် ပေါ်မှာပဲ၊ သိချိန်တန်လို့ သူ့အလိုလို ဒီအဆင့်ထိရောက်လာပြီး မမနိုင် ကိုယ်တိုင်မေးလာတာ၊ သူမေးတာ ပြောပြလိုက်ပါ၊ ဘာဆက်ဖြစ်မလဲ စင်အောက်က စောင့် ကြည့်ကြတာပေါ့""
________________
ဖတ်ပေးတဲ့ တွဲလက်တွေအားလုံးကို ကျေးဇူးတင်ပါတယ် ^^ 
4:36 PM
9/21/2018
Continue Reading
You'll Also Like
298K 38.7K 29
Time based 1910s Burma ကို့ ကို ရူးတယ် လို့ပြောလည်း ကို ခံရမှာ ဘဲ သက်ဝေ မင်း မျက်တောင်ဖျားမှာ ငြိနေတဲ့ ကို့ အလွမ်းထုထည် ကိုမှ မင်းမမြင်တာ အိမ်မက်ထဲ...
2.8M 312K 110
(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို ထူးခြားလွန်းတယ် ...။ Boy Love , own sto...
114K 5.3K 20
အသုံးမကျတဲ့ ကိုယ့်အတ္တတွေကြောင့် ကိုယ် ကိုတိုင် ချစ်ရတဲ့ ကလေးကို နာကျင်စေခဲ့မိပြီ တောင်းပန်ပါတယ်ဆိုတဲ့စကားထက် ကိုယ့်မှာ ပြောစရာ စကားရှိမနေခဲ့ပါ ကလေး...
161K 14.5K 34
"ကျွန်ုပ်ဆုံးရှူံးခဲ့တဲ့အရှင့်ရဲ့အတိတ်ဘဝလည်း ကျွန်ုပ်အပိုင် ယခုဘဝလည်း ကျွန်ုပ်အပိုင် အရှင့်ရဲ့သံသရာ အဆက်ဆက်ဟာ ကျွန်ုပ်အပိုင်" အချစ်ကြီးပြီးအစွဲအလမ...