အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​က...

By Arr_Sheng

1.8M 186K 35.7K

This story book presented by Zawgyi & UNICODE. #Zawgyi ေသမိန္႔က်ၿပီး လူတစ္ေယာက္၏ ေနာက္ဆုံးဆႏၵ #UNICODE သေမိန့... More

Author's Note
synopsis
EP-1
EP-2
EP-3
EP-4
EP-5
EP-6
EP-7
EP-8
EP-9
EP-10
EP-11
EP-12
EP-13
EP-14
EP-15
EP-16
EP-17
EP-18
EP-19
EP-20
EP-21
EP-22
EP-24
EP-25
EP-26
EP-27
EP-28
EP-29
EP-30
EP-31
EP-32
EP-33
EP-34
EP-35
EP-36
EP-37
EP-38
EP-39
EP-40
EP-41
EP-42
EP-43
EP-44
EP-45
EP-46
EP-47
Final Episode
From Arr_Sheng

EP- 23

27.4K 3K 820
By Arr_Sheng

မ အခန္းတံခါးကို ေခါက္ၿပီး ခဏအၾကာမွ တံခါးပြင့္လာသည္။ တံခါးဖြင့္ေပးသူက မ ဘုရားတစ္ဆူ ဂူတစ္လုံး ကိုးကြယ္ထားေသာ အိမ္ဦးနတ္အ႐ွင္။

""ဘာလုပ္ေနလဲ ေမာင္""

""ဘာကို ဘာလုပ္ရမွာလဲ၊ အိပ္ေတာ့မလို႔ မ ဘာေျပာမလို႔လဲ""

မမႏိုင္ အခန္းအတြင္းကို မ်က္လုံး ေဝ့ဝဲၾကည့္ေတာ့ ပုိင္စီးက သူ႔ကိုယ္နဲ႔ မသိမသာ ကြယ္ထားသည္။

""ေမးစရာရွိတယ္""

""ေမးစရာ မကုန္ႏိုင္ေသးဘူးလား မမႏိုင္""

ေမာင့္ရဲ႕ အိမ္ေနရင္း အက်ႌႏွင့္ေဘာင္းဘီကို ဝတ္ထားေသာ Downက တံခါးနားေရာက္လာသည္။ မ ကို အခန္းထဲ ဝင္ဖို႔ ႏွစ္ေယာက္က မဖိတ္ေခၚ။ အခန္းတံခါးဝမွာ ဆီးႀကဳိေမးသည္။

အခုပုံစံက အေၾကြးလာေတာင္းေသာ အေၾကြးရွင္ကို အိမ္ထဲအဝင္မခံပဲ အိမ္ေပါက္ဝမွာ လင္မယားႏွစ္ေယာက္၏ ခါးေထာက္ရန္ေတြ႔့ျခင္းကို ခံေနရသေယာင္။

မ မ်က္ႏွာကို ပင့္တင္ေမာ့ခ်ီထားလ်က္

""ဆြဲႀကဳိးက ဘယ္လိုျဖစ္တာလဲ၊ မမႏိုင္ ဆဲြႀကဳိးနဲ႔ ေမာင္ေလး ဆဲြႀကဳိး တူေနတယ္""

မ လက္ထဲမွာ က်စ္က်စ္ပါေအာင္ ဆုပ္ကုိင္ထားေသာ ဆဲြႀကဳိးကို Downနဲ႔ပိုင္စီး မ်က္ႏွာေ႐ွ႕တည့္တည့္ လက္ကကုိင္ တြဲေလာင္းခ်ျပသည္။ ပိုင္စီးက တြဲေလာင္းက် လႈပ္ခက္သြားေသာ စိန္ပြင့္ေလးေၾကာင့္ တဖ်က္ဖ်က္လက္ေနသည့္ ေလာ့ကပ္သီးအေသးေလးကို ၾကည့္ေနသည္။

Downကလည္ပင္းမွာ ဆြဲထားေသာ ေလာ့ကပ္သီးကို ပြတ္ကုိင္လ်က္

""ပုိင္ မေျပာထားဘူးလား""

ပိုင္စီးက Downကို ျပန္ၾကည့္သည္။

မ်က္ႏွာေၾကာမေလွ်ာ့ေသာ မမႏိုင္ေ႐ွ႕ Downတိုးရပ္ၿပီး

""အဲ့ဒီ့ဆဲြႀကိဳးက မမႏိုင္အတြက္ တို႔ေ႐ြးေပးတာပါ""

ဘာကိုဆိုလိုသလဲ သိခ်င္စိတ္ေၾကာင့္ Down ဆက္ေျပာမည့္ စကားကို မမႏိုင္  အာ႐ုံစိုက္ နားေထာင္ေနသည္။

""ပုိင့္ရဲ႕   ဇနီး မမႏုိင္အတြက္ တို႔က လက္ေဆာင္ ေပးတာပါ၊ ဘယ္လိုေျပာရမလဲ ... ပုိင္က ဇနီးျဖစ္သူကို သိပ္ခ်စ္တဲ့အေၾကာငး္ သိရပါတယ္၊ ပုိင့္ဆီမွာ မ်က္ႏွာေကာငး္ရခ်င္လို႔ မမႏိုင္ကို တံစိုးလက္ေဆာင္ေပးတာပါ၊ ဘာလို႔မ်က္ႏွာေကာင္းရခ်င္လဲလို႔ ဆက္အေမးရွိဦးမလား၊ Panorama ဥကၠၠ႒ဦးပုိင္စီးအာဏာရဲ႕ မ်က္ႏွာေကာင္းကို မရခ်င္တဲ့သူ မရွိဘူးေလ၊ အထူးသျဖင့္ တို႔လို အလုပ္အကုိင္ အခြင့္အေရးေကာင္း လိုခ်င္ေနတဲ့ လူတစ္ေယာက္အတြက္ေပါ့""

မမႏုိင္က မယုံမရဲ စိုက္ၾကည့္ေနတုန္းပင္။

""တုိ႔ေပးတဲ့အေၾကာငး္ မမႏုိင္ကို မေျပာပဲ ပုိင့္ဘာသာေပးသလို ပုိင္က ၾကားထဲက နာမည္ေကာင္းဝင္ယူထားတာပဲ၊ စိတ္ဆုိးမိတယ္ေနာ္ ပုိင္""

ပုိင္စီးကို Downလည္ေစာင္းငဲ့ၾကည့္လ်က္ မ်က္ခုံးတစ္ခ်က္ပင့္ကာ ခပ္ေထ့ေထ့ ဆုိသည္။

""ဒါဆို ဒီဆြဲႀကဳိးက ေမာင္ ေပးတာ မဟုတ္ပဲ ေမာင္ေလးေပးတာေပါ့""

""ဟုတ္တယ္""

Downက ေျပာေျပာဆိုဆို လည္ပင္းမွာ ဆဲြထားေသာ ကိုယ့္ဆြဲႀကဳိးကို ကိုယ္တိုင္ ဆြဲေဆာင့္ျဖတ္လိုက္သည္။

မမႏိုင္ တအံ့တအား ၾကည့္ေနစဥ္မွာပဲ 

""မမႏိုင္က တို႔နဲ႔အတူတူျဖစ္တဲ့ ဒီဆြဲႀကဳိးကုိ ဆြဲရတာ စိတ္မသက္သာရင္ တို႔ကပဲ ဒီဆြဲႀကဳိးကို စြန္႔ပစ္လုိက္ပါ့မယ္""

 ေျပာင္ရွင္းေနေသာ ၾကမ္းခင္းေပၚ ေလာ့ကပ္သီးအပါအဝင္ ဆဲြႀကဳိးအျပတ္ကို ေဒါက္ခနဲ လႊတ္ခ်လိုက္သည္။

""ေမာင္ေလး ... မ က အဲ့လိုသေဘာမ်ိဴးမဟုတ္""

""ဘယ္လိုပဲျဖစ္ျဖစ္ မမႏိုင္လည္ပင္းမွာ ဒီဆြဲႀကဳိးကို ေတြ႔ကတည္းက တုိ႔လည္း ဆက္ဆြဲထားဖို႔ စိတ္မသက္သာေတာ့ဘူး၊ လႊင့္ပစ္လိုက္တာ အေကာင္းဆုံးပဲ""

ဆြဲႀကဳိးပစ္လိုက္ျခငး္က မမႏိုင္ေၾကာင့္လား သူကုိယ္တုိင္ေၾကာင့္လား မေသခ်ာေသာ စကားကို ခပ္ျပတ္ျပတ္ ေျပာၿပီး အခန္းထဲကို ျပန္ဝင္သြားသည္။

ပုိင္စီးက မမႏိုင္ကို အျပစ္တင္သည့္ အၾကည့္မ်ိဴးနဲ႔ စူးခနဲ ၾကည့္သည္။

""တို႔ ဟိုတယ္ကို ျပန္ေတာ့မယ္""

""Down!""

ပိုင္စီးက Downကို တားသည္။

မမႏိုင္ ကအခန္းတံခါးဝမွာ ရပ္ေနတုန္း။ Downကို တားသည့္စကား မဆို။ မတားခ်င္ေတာ့ဘူး၊ တားခ်င္စိတ္လည္း မ႐ွိဘူး။ Downကို မ မ်က္စိေရွ႕က အျမန္ေပ်ာက္ေစခ်င္ေတာ့သည္။

""တို႔ေျပာထားတယ္ ပိုင္ ... ဝန္ခံဖို႔အသင့္မျဖစ္ေသးရင္ သံသယကို အသီးအပြင့္ေတြ မေဝဆာလာခင္ အျမစ္ကေန အျပတ္ ရွင္းရမယ္လို႔""

Downက ဖုန္းနဲ႔ပိုက္ဆံအိတ္ကိုယူၿပီး ပုိင္စီးနားနားကို ႏွစ္ကိုယ္ၾကား တုိးတိုးေလး ကပ္ေျပာသြားသည္။

ထို႔ေနာက္ အခန္းတံခါး၀မွာ ငူငူႀကီး ရပ္ေနေသာ မမႏိုင္ကို တစ္ခ်က္ ဗီလိန္ၿပဳံး စိုက္ၾကည့္ၿပီး အခန္းထဲက ထြက္သြားသည္။ 

Downမရွိေတာ့သည့္ အိမ္မွာ ပုိင္စီးႏွင့္မမႏိုင္ က်န္ခဲ့သည္။

Downေနာက္လိုက္ရန္ ျပင္ေနသည့္ ပိုင္စီးလက္ကို မ ဖမ္းကိုင္လိုက္သည္။

""ေမာင္နဲ႔ကၽြန္မ ႐ွင္းစရာ ႐ွိတယ္""

--------------

အိပ္ခန္းထဲက ပုိးလို႔ပက္လက္ျဖစ္ေနေသာ ပစၥည္းထုတ္ေတြကို ပုိင္စီး ၾကည့္ေနသည္။ 

""ေမာင္နဲ႔Downက ဘာဆက္ဆံေရးလဲ၊ စည္းကမ္းႀကီးလွတဲ့ ေမာင့္အိတ္ထဲမွာ ဒီ႐ြံစရာပစၥည္းေတြကို ေတြ႔တာ ဘာအဓိပၸာယ္လဲ""

""မ အခု ေမာင့္ ကို Downနဲ႔ စြပ္စြဲေနတာလား""

""စြပ္စဲြေနတာမဟုတ္ဘူး ေျဖ႐ွင္းခိုင္းေနတာ၊ အေျခအေနေတြက သံသယျဖစ္စရာေကာင္းေနလို႔ ေျဖ႐ွင္းခ်က္ေတာင္းေနတာ""

""ေမာင္နဲ႔Downက အရင္တုန္းကလည္း ဘာမွမပတ္သက္ထားဘူး၊ အခုခရီးမွာလည္း အလုပ္သေဘာအရ စကားျပန္နဲ႔အလုပ္ရွင္ ဆက္ဆံေရးကလဲြ ဒီ့ထက္ပိုထူးၿပီး ဘာမွ မပတ္သက္ဘူး၊ အခုခရီးကလည္း ပထမဆုံးပဲ၊ ဘယ္လိုအေျခအေနပဲျဖစ္ျဖစ္ ေမာင္ေျပာႏုိင္တာက Downနဲ႔ေမာင္က မ႐ိုးမသား ဘာမွမပတ္သက္ဘူး၊ အဲ့လိုသိထားၿပီး ဒီကိစၥကို ရပ္လိုက္ေတာ့၊ ဘယ့္ႏွယ္ကြာ ... မိသားစုမပါပဲ ခရီးတစ္ခုထြက္လိုက္ပါတယ္၊ ေစာက္ဇယားေတြ ႐ႈပ္လိုက္တာ""

ပုိင္စီးကို ၾကည့္လ်က္ မမႏိုင္ ျဖည္းျဖည္းခ်င္း ေခါင္းခါသည္။

""ကၽြန္မ စိတ္မ႐ွင္းေသးဘူး""

မမႏိုင္ စကားအဆုံး ပုိင္စီးက ထုိင္ခုံမွ ၀ုန္းခနဲ ထ ရပ္သည္။

""မ ေသြးဆုံးခါနီးလို႔ ေသြးသားမူမမွန္ပဲ စိတ္ကစဥ့္ကလ်ားျဖစ္ေနတာလား၊ သူလည္း ေယာက်ာ္း ေမာင္လည္း ေယာက္်ား ဘာမွ မ႐ိုးမသားျဖစ္စရာမရွိဘူး၊ မဟုတ္တာေတြ အကုန္ေလွ်ာက္ထင္ေနေတာ့တာပဲ""

""ေယာက္်ားအခ်င္းခ်ငး္ျဖစ္ေပမဲ့ က်န္းေလာင္ေဝ့နဲ႔Downရဲ႕ ပတ္သက္မႈ႕ကို ကၽြန္မ ေကာင္းေကာင္းႀကီးနားလည္တယ္၊ ေမာင့္မိန္းမအေနန႔ဲ ေမာင္နဲ႔ပတ္သက္သမွ် မ႐ိုးမသားအမႈ႕ေတြမွာ ေယာက္်ားမိန္းမမခဲြဘူး၊ မ႐ိုးသားတဲ့ အေျခအေန အေၾကာင္းတရားအေပၚမွာပဲ ကၽြန္မ သံသယျဖစ္ရလိမ့္မယ္၊ ေယာက္်ားအခ်င္းခ်င္းပဲ သတ္မွတ္ခ်က္တစ္ခုကို စုံကုိင္ၿပီး မျဖစ္ႏိုင္ဘူး ေဘာင္ထဲမွာ ကၽြန္မက်င့္ႀကံေနေပးရေအာင္ ေမာင္တို႔က ဒြာရေပါက္ပိတ္ေနၾကတာ မဟုတ္ဘူး၊ အိုးခ်င္းထား အိုးခ်င္ထိ၊ ႀကဳိးခ်င္းထားႀကဳိးခ်င္းၿငိ၊ အေနနီးရင္ထိၾက ၿငိၾကတာပဲ၊ အိုးထီးနဲ႔အိုးမ ႀကဳိးဖိုနဲ႔ႀကဳိးမ,လို႔ မသက္မွတ္ဘူး၊ စဲြလမ္းမႈ႕တဏွာမွာ လိင္မခဲြထားဘူး ...ေမာင္""

""က်န္းေလာင္ေဝ့ နဲ႔ Downက ေယာက္်ားအခ်င္းခ်င္း ျဖစ္တာနဲ႔ ငါကပါ Downနဲ႔ ျဖစ္ရမွာလား၊ Downနဲ႔ က်န္းေလာင္ေဝ့ ဘယ္လိုဆက္ဆံေရးျဖစ္ျဖစ္ ငါနဲ႔မဆိုင္ဘူး၊ ငါ့အတြက္ အေထာက္အကူျပဳရင္ က်န္းေလာင္ေဝ့ရဲ႕ ေမြးစားသားမကလို႔ က်န္းေလာင္ေဝ့ရဲ႕ ေသလြန္ၿပီးသား ဘုိးေဘးပဲျဖစ္ျဖစ္ ငါ ေသ႐ြာက ျပန္ေခၚၿပီး ငါ့အက်ိဴးအျမတ္အတြက္ အသုံးခ်မွာ၊ Downက ငါ့လုပ္ငန္းအတြက္ အက်ိဴးအျမတ္ျပဳလို႔ အေပါင္းအသင္းလုပ္႐ုံပဲ၊ ဒီ့ထက္ပိုတဲ့ မ႐ိုးမသား ဆက္ဆံေရးမ်ိဴးမဟုတ္ဘူး""

""ဘာသာျပန္တစ္ေယာက္က လုပ္ငန္းအတြက္ အက်ိဴးအျမတ္ျပဳလို႔ အလုပ္႐ွင္နဲ႔ အတြင္းခံအစ ကြန္ဒုံးအဆုံး ေရာေပါင္းလို႔ရမွန္း ေမာင္နဲ႔Downက်မွပဲ ႀကဳံရေတာ့တယ္""

ပုိင္စီး မခံမရပ္ႏိုင္ ႐ႈး႐ႈး႐ွား႐ွားျဖစ္သြားသည္။

""မ ... သိပ္လြန္ေနၿပီ၊ မ ... ဒီလို ေျပာေန စြပ္စြဲေနတာေတြက ေမာင့္ ေယာက္်ားသိကၡာ က်တယ္၊ ေမာင့္ ကုိယ္က်င့္တရားကို မ ေစာ္ကားေနတာ၊ မ ... ေမာင့္ကို အဲ့သေလာက္ေတာင္ အယုံအၾကည္မ႐ွိဘူးလား၊ ပစၥညး္ေတြ ေရာေနတာက အလုပ္ကိစၥၿပီး ရန္ကုန္ကို အလ်င္စလိုျပန္ရလို႔ Downက ေမာင့္ ပစၥည္းေတြကိုပါ အတူ သိမ္းေပးခဲ့တာ၊ ဒီပစၥည္းေတြကလည္း Downရဲ႕ ကိုယ္ေရးကိုယ္တာ ပစၥည္းေတြ၊ အ႐ြယ္ေရာက္ၿပီးသား လူလြတ္ ေယာက္်ားတစ္ေယာက္မွာ ဒါမ်ိဴးေတြ ႐ွိတာ ထူးဆန္းလား""

""ဒါေတြက ဘယ္သူ႔ပစၥည္းလဲ ကၽြန္မစိတ္မ၀င္စားဘူး၊ ေမာင္တို႔အတူတူ မွ်ေ၀ သုံးေနမွာကို""

""ေတာ္ပါေတာ့ မ ရာ၊ ကုိယ့္ေယာက္်ားကို ေယာက္်ားအခ်င္းခ်ငး္ေတာင္ မယုံပဲ မိန္းမျဖစ္သူက ျပန္စြပ္စြဲေနတာ ေမာင္ ႐ွက္လြန္းလို႔ မ ဆက္မေျပာနဲ႔ေတာ့""

မမႏိုင္ ပခုံးကို ကုိင္လႈပ္ကာ ပုိင္စီးက အမ်က္ေခ်ာငး္ေခ်ာငး္ထြက္လ်က္ အံႀကိတ္ ႀကိမ္းေမာင္းသည္။

""ကၽြန္မ ေယာက္်ားတကာနဲ႔ ေမာင့္ကို စြပ္စြဲေနတာမဟုတ္ဘူး၊ ေမာင္နဲ႔ဇြဲရန္ လက္တြဲလာတာ မ နဲ႔ အိမ္ေထာင္မက်ခင္ကတည္းက မ တစ္ခါေတာင္ စြပ္စြဲဖူးသလား""

""မင္းထင္ေနတာေတြ မဟုတ္ဘူး၊ ငါ ဒီတစ္ခြန္းပဲ ေျပာႏိုင္တယ္""

ပုိင္စီး စကားကို ပိတ္ေျပာ ၿပီး အခန္းထဲက အရင္ထြက္သြားသည္။ မမႏိုင္ ေနရာမွာ က်န္ခဲ့သည္။ ပိုင္စီး ေဒါသတႀကီး ကုိင္ေဆာင့္လႈပ္ခါသြားေသာ မ ပခုံးႏွစ္ဖက္က အသား တ႐ွိန္း႐ွိန္း က်င္ပူထုံနာလာသည္။

ကိစၥကို ၿပီးျပတ္ေအာင္ မ႐ွင္းပဲ ေမာင္ ထြက္ေျပးၿပီ၊ အၿမဲတမ္း လူကို ေပ်ာ့ေသာ ျပင္းေသာ ခံစားခ်က္ေပါင္းစုံနဲ႔ တစ္ေယာက္တည္း ခ်န္ထားခဲ့ၿပီး သူကေတာ့ ေအးရာေအးေၾကာငး္ အျပင္ကို ထြက္သြားတယ္။

အိမ္မွာ က်န္ရစ္ခဲ့တဲ့ မ က ထုိင္မရ ထမရ တပူပူျဖစ္ေနတုန္း သူကေတာ့ အျပင္မွာ အိမ္ကိစၥကိုေမ့ေဖ်ာက္ၿပီး စိတ္သက္သာေနလိမ့္မယ္။

မမႏိုင္ ခံျပင္းေတာက္ေလာင္လြန္းလို႔ ပုိင္စီးအေနာက္ကို ေျပးလိုက္သြားသည္။ အိမ္အေပၚထပ္ေလွကားေတြကို အလ်င္စလို ေလွကားဆင့္ေတြ ေက်ာ္ဆင္းၿပီး အေျပးလိုက္သည္။

အိမ္ေအာက္ထပ္ ေပၚတီကိုေအာက္မွာ ကားစက္ႏႈိး အျပင္ထြက္ရန္ ျပင္ေနေသာ ပုိင္စီးကို ေတြ႔သည္။

""ေမာင္ ... ဘယ္သြားမွာလဲ၊ မသြားရဘူး၊ မ စကားေျပာေနတာ မၿပီးေသးဘူး၊ ဒီလို ေ႐ွာင္ထြက္မသြားနဲ႔၊ ဒီကိစၥကို အခု ကၽြန္မ အျပတ္႐ွင္းမယ္၊ ဒြိဟေတြ သံသယေတြၾကား ကၽြန္မကို တစ္ေယာက္တည္း ေမာင္ ပစ္မသြားနဲ႔၊ ေမာင္ရေအာင္ ေျဖ႐ွင္းလွည့္""

ကားမွန္ကို တျဗန္းျဗန္း႐ိုက္လ်က္ မမႏိုင္ တတြက္တြက္ ေျပာသည္။ ပုိင္စီးက မမႏိုင္ကို တစ္ခ်က္မၾကည့္၊ ကားေမာင္းထြက္သည္။

ဘီးလွိမ့္ေ႐ြ႕႕လ်ားေနေသာကားမွန္ကို ႐ိုက္လ်က္ မ ေအာ္ေခၚေနေသာ္လည္း ေမာင္ ဂ႐ုမစိုက္ခဲ့။

ေမာင့္ကားက ၿခံထဲက ထြက္သြားၿပီး မ ေပၚတီကိုေအာက္မွာ လဲက် က်န္ခဲ့သည္။

""ေမာင္!!!""

ကားေနာက္မီးေရာင္ကို ၾကည့္လ်က္ ေဒါသနဲ႔ မ ကုန္းေအာ္လုိက္သည္။ ကားက မ ကို လ်စ္လ်ဴ႐ႈ႕ကာ  ျမင္ကြင္းထဲက တေ႐ြ႕ေ႐ြ႕    ေပ်ာက္ကြယ္သြားသည္။

""တိုက္ခန္းကို လာခဲ့""

ေျပာၿပီးၿပီးခ်င္း ပုိင္စီးဖုန္းခ်လုိက္သည္။

------------------

wheelchairေပၚမွာ ထုိင္ေနေသာ ပုိင္ေဇ၏ လက္ကို ဆုပ္ကုိင္လ်က္ ခ်ယ္ရီေထြးက

""ဆုံးျဖတ္တာ မွန္တယ္ ကိုပုိင္ေဇ၊ မၾကာခင္ ကုိပုိင္ေဇ ေျခေထာက္ျပန္ေကာငး္ေတာ့မွာ ""

ပုိင္ေဇက အၿပဳံးယဲ့ယဲ့နဲ႔ ေအးတိေအးစက္ ေခါင္းညိမ့္သည္။ ေဆး႐ုံအခန္း ပတ္ပတ္လည္ကို ေခါင္းလည္ေအာင္ ၾကည့္လ်က္

""အခန္းက ေကာငး္လိုက္တာ၊ ေစ်းမသက္သာေလာက္ဘူး""

""ဟုတ္တယ္၊ အားလုံးက ေထြးငယ္သူေ႒းရဲ႕  ကုသိုလ္ေလ၊ သူေ႒းက အဆင္မေျပတာ ႐ွိရင္လည္း ေျပာဖို႔ မွာထားတယ္""

ကုိပုိင္ေဇက ခ်ယ္ရီေထြးကို ၾကည့္လ်က္

""တကယ္ကို ေစတနာေကာငး္တဲ့ ပုဂၢိဳလ္ပဲ၊ အစ္ကို သူနဲ႔ေတြ႔လို႔ ရမလား၊ မ်က္ႏွာခ်င္းဆုိင္ ေက်းဇူးတင္စကားေျပာခ်င္တယ္""

ခ်ယ္ရီေထြးက ေျခာက္ေသြ႔ေနေသာ ႏႈတ္ခမ္းကို အေပၚေအာက္ ဖိကပ္လ်က္ ၿပဳံးသေယာင္ေယာင္ အေျပာရခက္ေနသည္။

""ဟို ... သူက အခု ဒီမွာ မ႐ွိဘူး ကုိပုိင္ေဇ၊ နယ္လွည့္ဘုရားဖူးထြက္သြားတယ္""

""ဟုတ္လား၊ ဒါေပမဲ့ သူ႔အကူအညီေၾကာင့္ ေျခေထာက္ျပန္ေကာင္းသြားရင္ သူနဲ႔ ေသခ်ာေပါက္ ဆုံၿပီး ေက်းဇူးတင္ေၾကာင္း ေလးေလးနက္နက္ ေျပာခ်င္ေသးတယ္""

""ဟုတ္ကဲ့ပါ ကိုပုိင္ေဇ၊ အခြင့္ႀကဳံရင္ ဆုံမွာပါ""

ကိုပိုင္ေဇက ေခါင္းညိမ့္လ်က္ ခ်ယ္ရီေထြးကိုင္ထားေသာ သူ႔လက္ကို မသိမသာ ႐ုန္းထြက္သြားသည္။

ခ်ယ္ရီေထြး မ်က္ႏွာပ်က္သြားေပမဲ့ ခ်က္ခ်င္း ျပန္ၿပဳံးလ်က္

""အစ္ကို ... ခရီးေ၀းကလာရတာ ပင္ပန္းေရာေပါ့၊ နားလိုက္ဦး""

""ညီမရဲ႕႕   သူေ႒းေၾကာင့္ မပင္ပန္းပါဘူး၊ မႏၱေလးကေန ရန္ကုန္ထိ ေျခေထာက္မေကာငး္တဲ့ ကုိယ့္ကို သက္ေတာင့္သက္သာ ေရာက္လာေစဖို႔ ေလယာဥ္နဲ႔ ဂ႐ုစိုက္ လာေစခဲ့တာပဲ""

""အာ ... ဟုတ္ကဲ့""

မမႏိုင္က ေထာင့္ေစ့ေသခ်ာသည္။ ကိုပုိင္ေဇေျခေထာက္ကို ျပန္ကုသေရးအတြက္ အစစအရာရာ လိုေလေသးမ႐ွိ ျဖည့္ဆည္းေဆာင္႐ြက္ေပးသည္။ ခ်ယ္ရီေထြးဖက္က ေတာင္းဆိုစရာမ႐ွိေလာက္ေအာင္ မမႏုိင္ရဲ႕   ျဖည့္ဆည္းမႈ႕   ေတြက ျပည့္စံုလြန္းသည္။

ဒါေပမဲ့ ... မမႏိုင္ ႐ွင့္ရဲ႕ေစတနာေတြကို ကိုပုိင္ေဇမသိေစရဘူး။

-------------

""ပုိင္ ... တို႔ေနာက္ကို လိုက္လာတာလား""

Downက ပုိင္စီးလည္တိုင္ကို လက္ခ်ိတ္ကာ ေပါင္ေပၚ တတ္ထုိင္ရင္း တအံ့တၾသ ေမးသည္။

""ဘာလဲ၊ မႀကဳိက္ဘူးလား""

""အဟင္း ... အံ့ၾသလြန္းလို႔ပါ၊ မိသားစုကို သိပ္တန္ဖိုးထားတဲ့ ဦးပုိင္စီးအာဏာက အခု ဒီ အေရးမပါတဲ့ တိတ္တိတ္ပုန္း လင္ငယ္ေနာက္ လိုက္လာတာ မအံ့ၾသပဲေနမလား""

""စကားလုံးေတြ ၾကမ္းတမ္းလုိက္တာ Mineရာ""

ကုိယ္ႏွစ္ခု ပုိနီးကပ္ေအာင္ Down ခါးကို ေပြ႕တင္မလ်က္ ပုိင္စီးဆုိသည္။ ပိုင္စီးမ်က္ႏွာကို Downပြတ္သက္ကုိင္လ်က္

""တို႔ကို စြဲလမ္းလြန္းလို႔ လိုက္လာတာေတာ့ မျဖစ္ႏိုင္ဘူး၊ အိမ္က ခ်စ္လွစြာေသာ မေဟသီမမႏုိင္က ျပသနာ႐ွာလို႔ စကားမ်ားလာၿပီး တိုး၀င္စရာ ရင္ခြင္မ႐ွိလို႔ မဟုတ္လား""

ပိုင္စီးက ဟက္ခနဲ ရယ္သည္။

""ငါထင္ခဲ့တာက ငါသာ မင္းေနာက္ကို လိုက္လာခဲ့ရင္ မင္းသိပ္ေပ်ာ္သြားမယ္လို႔၊ အခုေတာ့ မင္းကလည္း ငါ့ကို မႀကဳိဆိုခ်င္ပါ့လား""

""ပုိင့္မိသားစုနဲ႔ အဆင္မေျပတုိင္း ဒီရင္ခြင္ကို လာတုိး၀င္ရေအာင္ တုိ႔က လမ္းေဘးက အလြယ္တကူ ၀မ္းေရးေျဖ႐ွင္းလို႔ရတဲ့ ခ်ဴံမဟုတ္ဘူး""

Downက ပိုင္စီး ေပါင္ေပၚ မွဆင္းၿပီး မ်က္ႏွာခ်င္းဆိုင္ ခုံမွာ ၀င္ထုိင္လိုက္သည္။ ပိုင္စီး မႀကဳိက္ေသာ စီးကရက္ကို ထုတ္ မီးညွိလ်က္ ပိုင္စီးကို ဥေပကၡာျပဳ ပစ္ထားသည္။

စီးကရက္ေငြ႔ေတြၾကားထဲက Downမ်က္ႏွာကို ပုိင္စီး ေတြေတြေလး ေငးေနသည္။
ဘာရယ္မဟုတ္ ၀မ္းနည္းျခင္းဟူေသာ ခံစားခ်က္က ပိုင္စီး ရင္၀ယ္ ျဖစ္တည္လာသည္။

မိသားစုအျပင္ တိတ္တိတ္ပုန္းအေဖာ္ ထားခဲ့ျခင္းမွာ ပုိင္စီး ႐ွာခဲ့တာ အေပ်ာ္လား အပ်က္လား?
Downနဲ႔ ပတ္သက္လာတည္းက အေပ်ာ္ကို လြတ္လြတ္ကၽြတ္ကၽြတ္ မခံစားရ။ Downနဲ႔အတူ႐ွိခ်ိန္ေတြမွာ အေပ်ာ္ႏွင့္အတူ စိတ္ေမာရျခင္းပါ ဒြန္တဲြေနသည္။ ထိုဒြန္တြဲမႈ႕က မေအးခ်မ္းတာေတာ့ အမွန္။

""ငါအခု ေပ်ာ္ေနတယ္လို႔ မင္းထင္ေနလား""

""မထင္ပါဘူး၊ ဒီေလာက္ မ်က္ႏွာႀကီးက အိုမင္းမႈိင္က်ေနတာ၊ ပုိင့္ရဲ႕  ခ်စ္လွစြာေသာ မေဟသီနဲ႔ အဆင္မေျပျဖစ္လာလုိ႔ေလ၊ အဲ့မိန္းမေၾကာင့္ ပုိင္ မႈိင္ေနတာမလား၊ မႈိင္ပါ ... တို႔က စီးကရက္ေငြ႔ကို လွလွေလး ႐ႈိက္ေနရင္း ၾကည့္ေနေပးမယ္၊ တို႔ေၾကာင့္မဟုတ္တဲ့ ပိုင့္ရဲ႕ ပူေလာင္မႈ႕ေတြကို တုိ႔လည္း မၿငိွမ္းသက္ေပးႏိုင္ဘူး""

ပိုင္စီးက ဒူးေပၚ လက္တံေတာင္တင္လ်က္ ေခါင္းတဆက္ဆက္ ညိမ့္သည္။

""ငါ့မိသားစုကို ငါတန္ဖိုးထားတယ္၊ ဒါေပမဲ့ မ က ငါ့ကို တန္ဖိုးမထားဘူး၊ လင္ေယာက္်ားတစ္ေယာက္လို ေနရာမေပးဘူး၊ အေျခခံအုတ္ျမစ္ျဖစ္တဲ့ ယုံၾကည္မႈ႕ေတာင္ မ႐ွိဘူးကြာ၊ ငါက မဟုတ္ဘူးလို႔ ေျပာေနတာပဲ မဟုတ္ဘူးလို႔ လက္ခံလိုက္ေပါ့၊ ဘာလို႔ အမွန္တရားဆုိတာႀကီးကို ငါ့ထက္ အေရးေပးေနရတာလဲ၊ အမွန္တုိင္း မတရားတာ သိဖို႔ေကာင္းတယ္၊ အမွန္တရားကို သိပ္သိခ်င္တဲ့ မမႏုိင္နဲ႔ ဖုံးကြယ္ခ်င္တဲ့ ငါ အဲ့မွာ ကြိဳင္တယ္""

Downက စီးကရက္အေငြ႔ကို ႐ႈိက္လိုက္ စီးကရက္မီးစ၏ ထိပ္ဖ်ားမွာ စုတည္လာေသာ ျပာမႈန္႔ပုံေဆာင္ခဲကို ၾကမ္းခင္းေကာေဇာေပၚ ေျခြခ်လိုက္ ပုိင္စီးကုိ အာ႐ုံမထား။

""အခု မင္းကက်ေတာ့ေရာ ...  ငါ့မိသားစုေလာက္ မင္းကို အေရးမေပးပါဘူး ထင္ျမင္ခ်က္နဲ႔ ငါ့ကို ၿငိဳျငင္တယ္၊ မိသားစုကလည္း ဒုကၡေပး၊ မငး္ကလည္း ေသာကေပး..  ငါ့ရဲ႕ ေပ်ာ္႐ႊင္ျခင္းက ဘယ္မွာလဲ""

ပုိင္စီးကို မ်က္ႏွာလႊဲထားဆဲျဖစ္ေသာ Downကုိ ၾကည့္လ်က္ ပုိင္စီး ကုိယ့္ရင္ဘတ္ကိုယ္ လက္သီးဆုပ္နဲ႔ ထု႐ိုက္မိသည္။

""ငါေနထုိင္မႈ႕က မမွန္ကန္ရင္ေတာင္ မင္းတို႔ေတြ အားလုံးကို ငါ့ေၾကာင့္ စိတ္ညစ္ရမွာမ်ိဴး မျဖစ္ေစခ်င္တာ ဒီကေကာင္ႀကီးရဲ႕ စိတ္ရင္းအမွန္ပဲ၊ ဒီေကာင္ႀကီးက မင္းတို႔ေတြရဲ႕ ေပ်ာ္႐ႊင္မႈ႕ကို မပ်က္စီးေအာင္ လိမ္ညာျခင္းအုတ္နံရံနဲ႔ ကာစီးေပးထားေပမဲ့ မင္းတို႔ေတြကေတာ့ ဒီေကာင္ႀကီးရဲ႕  အမွားကို ႐ွာေဖြ ေထာက္႐ႈ႕   ၿပီး ၀ုိင္းထုိးႏွက္ေနၾကတယ္""

၀ရန္တာဖက္ကို မ်က္ႏွာလွည့္ထားေသာ Downက ပိုင္စီးကို ၾကည့္လာသည္။

Downေ႐ွ႕   မွာ ဒူးေထာက္ခ်လ်က္ ရင္ဘတ္စည္တီး ငိုခ်င္းခ်ေနသည့္ ရင္နဲ႔မမွ် ခ်စ္ရေသာပုိင့္ကို ျမင္ေတြ႔ရသည္မွာ ရင္ထဲမခ်ိလွ။ သို႔ေသာ္ ....

ရင္ထဲက ခံစားခ်က္ကို ဂူသြင္းပိတ္ေလွာင္လ်က္ စိတ္ထဲ အားရစြာ ေရ႐ြတ္လိုက္တာ စကားငါးခြန္း ...

သိပ္ ၾကည့္ ေကာင္း တယ္ ပိုင္

နာက်င္လိုက္စမ္း၊ ၀မ္းနည္းလိုက္စမ္း၊ ေၾကကြဲလိုက္စမ္း ... ပိုင့္ေၾကာင့္ တို႔ဘ၀ခံစားခဲ့ရတာေတြနဲ႔ ယွဥ္ရင္ ဒါက မေျပာပဘူး

မႏွစ္သိမ့္ေပးခ်င္ဘူး ... ပိုင္၊ ပုိင့္ရဲ႕   မ်က္ရည္ေတြကို မသုတ္ေပးခ်င္ဘူး။ ေသခါနီးတို႔မွာ ခံစားခ်က္ေတြ အမ်ိဴးမ်ိဴး ျဖစ္တည္လာတယ္။ ခ်စ္ျခင္းေအာက္မွာ ျပားျပား၀ပ္ခဲ့ရတဲ့  မုန္းတီးနာၾကည္းျခင္းေတြက ေခါင္းျပန္ေထာင္လာတယ္။ 

တို႔မွာ ပုိင္နဲ႔ပတ္သက္ၿပီး အခ်စ္ေတြ အျပင္ နာက်င္ျခငး္ေတြကိုလည္း ေပးခ်င္လာတယ္။ တို႔မွာလည္း တို႔နာက်ည္းခ်က္နဲ႔ တုိ႔႐ွိတယ္။ ပုိင္ငိုရတာက ဘ၀မဆုံးဘူး၊ ပုိင္က တုိ႔ ဘ၀ကို ဖ်တ္စီးခဲ့သလို တို႔ဘ၀လည္း ပိုင့္ေၾကာင့္ ပ်က္စီးခဲ့ရတယ္။

ေခါင္းငိုက္စိုက္က်ေနေသာ ပုိင္စီးကို Down ခပ္ေစ့ေစ့ စိုက္ၾကည့္ေနသည္။ စီးကရက္အေငြ႔ၾကား Downအၾကည့္ေတြမွာ အရည္ေ၀့လဲ့ျခင္းက အေငြ႔သက္သက္ေၾကာင့္သာ ျဖစ္ပါေစ။

""တုိ႔ကေရာ""

ပုိင္စီး ေမာ့ၾကည့္လာသည္။

တစ္ဘ၀လုံး ပ်က္စီးေနတဲ့ လမ္းေၾကာင္းမွာ ေကာင္းေအာင္ ေနခဲ့ေပမဲ့ အဆုံးသတ္က နာနာက်င္က်င္ ေရာဂါဆိုးနဲ႔ မၾကာခင္ေသရမယ္တဲ့။ အဲ့ဒီ့လို အဆုံးသတ္မဲ့ တုိ႔က သူမ်ားအတြက္ပါ ပူပန္ေပးေနရမွာလား။ ေသမိန္႔က်ၿပီး လူတစ္ေယာက္မွာ သူမ်ားအတြက္ သနားျခင္း၊ စာနာျခင္း၊ ငဲ့ညွာျခင္းေတြ မ႐ွိေတာ့ဘူး။

ထုတ္မေျပာမိတဲ့ စကားလုံးေတြအတြက္ ပုိင္စီးကိုသာ ရင္နာနာ စိုက္ၾကည့္ေနလုိက္သည္။

""တို႔ခ်စ္ရတဲ့လူက ကိုယ္က တုိ႔နဲ႔အတူ ႐ွိေနရင္ေတာင္ စိတ္က အျခားေနရာေရာက္ေနတဲ့ အခြံသက္သက္ႀကီးကို ေပြ႔ဖက္နမ္း႐ိႈက္ေနရတဲ့ တုိ႔ကေရာ ေပ်ာ္ေနတယ္ ထင္လား၊  အရာအားလုံး ေပးဆပ္ထားေပမဲ့ တုိ႔အတြက္က်ေတာ့ အခြံသက္သက္ပဲ ျပန္ရတာ တရားရဲ႕လား၊ အၾကာႀကီးမဟုတ္ပါဘူး၊ ခဏေလးပါ ... တကယ့္ကို မၾကာေတာ့မဲ့ ခဏအခ်ိန္အေတာအတြင္းမွာ ပုိင့္ရဲ႕  အရာအားလုံးကို တုိ႔ အပိုင္စားရခ်င္တယ္၊ ပုိင့္ကို တြယ္ကပ္ေနတဲ့ ပုိင့္မိသားစုကို ဒီခဏေလးေသာ အခ်ိန္မွာ ခြာထုတ္ပစ္ခ်င္တယ္""

ရင္ထဲမွာ ခံျပင္းလြန္းလို႔ ေရတာင္ မ်ိဴမက်ႏိုင္ေတာ့ဘူး ပိုင္၊ အခ်ိန္ေတြ တေ႐ြ႕ေ႐ြ႕ ကုန္လာၿပီး ေသေတာ့မဲ့ ရက္နဲ႔ နီးကပ္လာတဲ့ တို႔အတြက္ အိပ္မေပ်ာ္တဲ့ ညေတြလည္း မ်ားလာတယ္၊ အတိတ္က အျဖစ္ဆိုးေတြကို အိပ္မက္ဆုိးအျဖစ္ ျပန္ေျခာက္ျခား ျမင္မက္လာၿပီး ေၾကာက္လန္႔တၾကား ႏုိးထရတဲ့ ညေတြ ညဆက္ ႐ွိလာတယ္။ အိပ္မက္ဆိုးေတြထဲမွာ အျဖစ္အပ်က္ေဟာင္းေတြက တစ္ညထက္တစ္ည ပိုျပတ္သားၾကည္လင္လာတယ္ ပိုင္။

တုိ႔ ဘာကို ဘယ္ေနရာမွာ ဘယ္ေလာက္ထိ မွားမိလို႔ တို႔ဘ၀က ဒီေလာက္ အျဖစ္ဆုိးၿပီး သနားဖို႔ေကာင္းေနရတာလဲ၊ ကုိယ့္ဘ၀ကုိကုိယ္ သနားလြန္းလို႔ မဟာပထ၀ီေျမႀကီးတုန္လႈပ္ေအာင္ ေအာ္ဟစ္ငိုေၾကြးပစ္ခ်င္တယ္။

ဘ၀ကိုဖ်တ္စီးခဲ့တဲ့လူကို မုန္းတီးစိတ္နဲ႔တၿပိဳင္တည္း ခ်စ္မိတယ္။ ႏွစ္ေတြၾကာလို႔ ျပန္ေတြ႔ရခ်ိန္မွာ လည္မ်ိဴကို ဖ်စ္ညွစ္သတ္ဖို႔ထက္ ႏႈတ္ခမ္းသားေတြကို ငတ္မြတ္စြာေတာင့္တခဲ့တယ္။ ဒီလိုလူကို ငရဲအက်ခံ အကုသိုလ္အျဖစ္ခံၿပီး မက္မက္ေမာေမာ အရယူခဲ့ျပန္တယ္။ အကုန္ရခဲ့သလားဆိုေတာ့ ... သူ႔လိုအင္ကို ျဖည့္ဆည္းေပးတဲ့ အျဖည့္ခံသက္သက္သာ ျဖစ္တည္ခဲ့တယ္။

နာၾကည္းမုန္းတီးမိပါတယ္ ပုိင္ ...

ဒီေလာက္ တစ္ကုိယ္ေကာင္းဆန္၊ သူရဲေဘာေၾကာင္ၿပီး ယုတ္မာရက္စက္တဲ့ ပုိင့္ကို နာက်င္ျခင္းဆုိတဲ့ သင္ခန္းစာေလး ခပ္ပါးပါးေပးခ်င္လာတယ္။

စီးကရက္တိုကို လက္မွာ ကုိင္ဆုပ္ၿပီး လက္က်န္မီးစကို ၿငိွမ္းသက္သည္။ မီးစေၾကြမွ လႊတ္ခ်သည္။ ပုိင္စီးအနားကို ေလွ်ာက္သြားၿပီး ပိုင္စီးကုိယ္ကို ေပြ႔ဖက္ေပးလုိက္သည္။

""ခ်စ္တယ္ ပုိင္ ... ၿပီးေတာ့""

မုန္းလည္း မုန္းပါတယ္။

""ၿပီးေတာ့ ဘာျဖစ္လဲ""

""ၿပီးေတာ့ အနမ္းခံခ်င္ပါတယ္""

စကားအဆုံး မွိတ္က်သြားေသာ မ်က္၀န္းေတြနဲ႔ ထပ္က်သြားေသာ ႏႈတ္ခမ္း။

-------------------

ယုံၾကည္မႈ႔၊ ဟုတ္တယ္ ယုံၾကည္မႈ႔

အခု ေမာင္နဲ႔ငါ့ၾကားမွာ ယုံၾကည္မႈ႔ လိုအပ္ေနတာ။ ငါ့ရဲ ႔ သံသယစိတ္ေတြေၾကာင့္ ျပသနာျဖစ္ရတာ။ ေမာင့္စကားကိုသာ ငါ ယုံလိုက္ရင္ ဒီျပသနာၿပီးသြားလိမ့္မယ္။ 

ငါ့ရဲ ႔သံသယကို ငါ့ရဲ ႔ ယုံၾကည္မႈ႔ကပဲ ေျဖ႐ွင္းေပးႏိုင္မွာ။

မ ျပသနာအတြက္ အေျဖ႐ွာၿပီး ေမာင့္ ကို စိတ္႐ွင္း႐ွင္းနဲ႔ ေစာင့္ေမွ်ာ္ေနခဲ့ေပမဲ့

ေမာင္ ညတစ္ညလုံး အိမ္ျပန္မလာခဲ့ဘူး ...

----------------

""မဂၤလာ မနက္ခင္းပါ ED""

က်န္းေလာင္ေ၀့က Breakfast service လာေပးေသာ သငး္ခ်ယ္ရီေထြးကို တစ္ခ်က္ၾကည့္ၿပီး ထုိင္ခုံမွာ ၀င္ထုိင္လိုက္သည္။ ခ်ယ္ရီေထြးက အလိုက္တသိ ေကာ္ဖီကရားခြက္ထဲမွ ခြက္ငယ္ဆီ ေကာ္ဖီငွဲ႔ထည့္ေပးသည္။

မပ်က္မကြက္ မနက္ခင္းတုိင္း က်န္းေလာင္ေ၀့အခန္းထဲထိ သင္းခ်ယ္ရီေထြးကိုယ္တိုင္ service ေပးသည္မွာ လခ်ီေတာ့မည္။

""လက္မေလ်ာ့ေသးဘူးလား ကေလးမ""

ေကာ္ဖီငွဲ႔ထည့္ေနေသာ သငး္ခ်ယ္ရီေထြး ၿပဳံးလိုက္သည္။

""ကိုပုိင္ေဇ ရန္ကုန္ကို ေရာက္ေနပါၿပီ""

သတင္းစာဖတ္ေနေသာ က်နး္ေလာင္ေ၀့မွ အၾကည့္တစ္ခ်က္ ရလိုက္သည္။ ေကာ္ဖီခြက္ကို က်န္းေလာင္ေ၀့ေ႐ွ ႔ တိုးေပးလိုက္သည္။

""အခု Panorama ရဲ ႔ ပုိင္႐ွင္အသစ္ ေရာက္လာပါၿပီ၊ ပိုင္စီးကို ဒီေလာက္နဲ႔ပဲ အနားေပးသင့္တယ္ မဟုတ္လား""

""ပုိင္စီးကို ဖယ္ခ်င္တုိင္းဖယ္ရေအာင္ ၾကက္ကေလးငွက္ကေလးမဟုတ္ဘူး၊ အရမ္းလြယ္ကူေနရင္ ပိုင္စီးအာဏာဆိုတာ Panorama မွာ ေပ်ာက္ကြယ္ခဲ့တာ ၾကာၿပီ""

""ဘယ္အခ်ိန္ အစာေကၽြးတဲ့ လက္ကို ျပန္ကိုက္မယ္မွန္း မသိတဲ့ ေခြးတစ္ေကာင္ပါ၊ ရင္တထိတ္ထိတ္နဲ႔ ေမြးျမဴထားမဲ့အစား အဆိပ္အမဲ ပစ္ေကၽြးလိုက္တာ ပိုစိတ္ေအးရမယ္ မလား""

ခ်ယ္ရီေထြးကို က်န္းေလာင္ေ၀့က အတန္ၾကာ စိုက္ၾကည့္ေနသည္။ ခ်ယ္ရီေထြး၏ မ်က္ႏွာကို ၾကည့္လ်က္ က်န္းေလာင္ေ၀့က သတင္းစာကို ေခါက္လိုက္သည္။

""ဟိုတယ္မန္ေနဂ်ာအဆင့္ေလာက္ေတာင္ မ႐ွိတဲ့ ကေလးမနဲ႔ အခုစကားေတြ ေဆြးေႏြးေနရတာ မဟုတ္ေသးပါဘူး""

သင္းခ်ယ္ရီေထြးက က်န္းေလာင္ေ၀့ရဲ ႔ မ်က္ႏွာခ်ငး္ဆုိင္ထုိင္ခုံကို ဆြဲ ယူ ထုိင္လိုက္သည္။

""ဟိုတယ္၀န္ထမ္းအဆင့္နဲ႔ ေဆြးေႏြးေနတာ မဟုတ္ပါဘူး၊ ဦးပိုင္အာဏာရဲ ႔ ေခၽြးမ အေနနဲ႔ ေဆြးေႏြးေနတာပါ""

က်န္းေလာင္ေ၀့က မ်က္ခုံးပင့္တတ္သြားၿပီး ေျခေထာက္ခ်ိတ္လိုက္သည္။

""ကိုယ္ မင္းကို Mission တစ္ခု ေပးလိုက္မယ္၊ မင္းေဆာင္႐ြက္ႏိုင္ရင္ ကုိယ္စဥ္းစားေပးမယ္၊ ပုိင္စီးကို ပုန္ကန္ရမဲ့ အေရးဆိုေတာ့ ကိုယ္လူေ႐ြးမမွားခ်င္ဘူး၊ လူေ႐ြးမွားၿပီး ပုိင္စီးကို ထိ မိရင္ ကိုယ့္ဇာက္သိမ္းလွမွာ မဟုတ္ဘူးေလ၊ ပုိင္စီးထက္ သာတဲ့ အရည္အခ်င္း႐ွိရင္ ဘယ္သူ႔ကိုမဆို ကိုယ္ေထာက္ပံ့ေပးမယ္၊ မင္းသာ ပရိယာယ္ ၾကြယ္ပါေစ ေနာက္က လိုက္မဲ့ ေငြအင္အားက ကိုယ့္တာ၀န္ထား""

------------------

မေန႔ညက တစ္ညလုံး မအိပ္ျဖစ္ပဲ ေမာင့္ကို ေစာင့္ေနခဲ့သည္။ မနက္မိုးလင္းသည္အထိ ေမာင္ ျပန္မလာေသာအခါ မ ပဲ မေနႏိုင္မထုိင္ႏိုင္ ႐ုံးကို ေရာက္လာသည္။

အိမ္ေထာင္သက္ အတြင္းမွာ ပထမဆုံး ေမာင္ အိမ္ျပန္မလာပဲ အျပင္မွာ ညအိပ္ျခင္းအတြက္ စိတ္ခံစားရေသာ္လည္း မ ေၾကာင့္ဟုသာ သတ္မွတ္ၿပီး အေထြအထူး စာဖြဲ႔မျပခ်င္ေတာ့။

မ ႐ုံးခန္းထဲ ၀င္သြားေတာ့ အလုပ္စားပဲြမွာ အလုပ္႐ႈပ္ေနေသာ ေမာင့္ကို ေတြ႔လိုက္ရသည္။

တံဆိပ္ မျဖဳတ္ရေသးေသာ Shirtနဲ႔ ေမာင္က မ ကိုျမင္ေတာ့ လက္ထဲက ေဘာပင္ကို ခ်လိုက္သည္။

""႐ုံးထိ ျပသနာ လာ႐ွာတာလား မ၊ ဒါမွမဟုတ္ သက္ေသအမိဖမ္းဖို႔ လာေထာက္လွမ္းတာလား""

""ၿပီးခဲ့တာေတြ မေျပာပါနဲ႔ေတာ့ ေမာင္၊ ေမာင္က မဟုတ္ဘူးေျပာရင္ မဟုတ္လို႔ပဲေပါ့၊ ေမာင္နဲ႔စကားမ်ားရတာ မ စိတ္ပင္ပန္းတယ္၊ ၿပီးရင္ ေမာင္ေရာ မ ေရာ စိတ္ခ်မ္းသာရတာမဟုတ္ဘူး၊ မ မွားသြားတာပါ၊ မ ေတာင္းပန္ပါတယ္၊ ဒါကို ေျပာခ်င္လို႔ မ မေအာင့္ႏိုင္ မအညး္ႏိုင္ပဲ ႐ုံးကို ေရာက္လာတာ၊ မေျပာရမခ်င္း မ ေနလို႔ အဆင္ေျပမွာ မဟုတ္ဘူး၊ ၿပီးေတာ့ ေမာင္ ဒီညလည္း ျပန္မလာပဲေနမွာစိုးလို႔ပါ၊ ေသခ်ာေပါက္ ေမာင္ျပန္လာမွာ သိေနေပမဲ့ အကယ္၍ ျပန္မလာခဲ့ရင္ ျပန္မလာခဲ့ရင္စိတ္နဲ႔ မ ေနလို႔ မရလို႔ေမာင့္ကို လာေတာငး္ပန္တာပါ""

ဒီလိုက်ေတာ့လည္း ပုိင္စီး စိတ္မေကာငး္ျပန္။

သံသယကို အျမစ္ကေန အျပတ္ရွင္းသင့္တယ္ ပုိင္ ...

တံေတြးတစ္ခ်က္ မ်ိဴခ်ၿပီး

""သိၿပီ မ၊ ေမာင္အလုပ္႐ႈပ္ေနလို႔ ဇြဲရန္ကို ျပန္ပို႔ခုိင္းလိုက္မယ္""

""ရပါတယ္ မ ကားပါလာတယ္၊ ႐ုံးခ်ိန္ ဇြဲရန္ အလုပ္ပိုေနပါ့မယ္""

""ဒါဆိုလည္း ကားကို ဂ႐ုစိုက္ေမာင္းသြား၊ နားရာကို ဂ႐ုစိုက္လိုက္ဦး""

ပုိင္စီး ေျပာၿပီး စာရြက္စာတမ္းေတြကို ျပန္လွန္ကာ စစ္ေနလိုက္သည္။

သူ႔ကို အားနာျခင္းေတြနဲ႔ ေတာင္းပန္ေနေသာ မ အၾကည့္ေတြကို သူ ၾကာၾကာ မရင္ဆိုင္ရဲပါ။ အခန္းထဲက မ ထြက္သြားၿပီ ထင္ေပမဲ့

လည္ပင္းကို ကိုယ္ေငြ႔ ခပ္ေႏြးေႏြး လာ႐ႈိက္မွ ပိုင္စီး အေနာက္ကိုလွည့္ၾကည့္လိုက္သည္။

ပိုင္စီးအက်ႌလည္ပင္းက တံဆိပ္ကို မ က သြားနဲ႔ ကုိက္ျဖတ္ေပးေနသည္။ ျပတ္သြားေသာ တံဆိပ္ကို မ က ျဖဳတ္ၿပီး ပုိင္စီး လည္ပင္းကို ခပ္ဖြဖြ ပြတ္ေခ်ေပးသည္။

""မ ကို ဘယ္ေလာက္စိတ္ဆိုးဆိုး အက်ႌအသစ္၀တ္ရင္ တံဆိပ္ေတာ့ ျဖဳတ္ဦးမွေပါ့၊ အခု ယားလို႔ ကုတ္ရင္းနဲ႔ လည္ကုတ္က နီရဲေနၿပီ ေမာင္၊ ဒီေန႔ ေမာင့္ ေဘာငး္ဘီအေရာင္နဲ႔ Shirt အဆင္ မလိုက္ဘူး၊ တကယ္ကုိပဲ ေမာင္နဲ႔အသင့္ေတာ္ဆုံး stylist က မ အျပင္မ႐ွိႏိုင္ဘူး၊ ေနာက္ကိုယ့္ဘာသာ မ၀ယ္နဲ႔ ေမာင္နဲ႔ လိုက္ဖက္တာ မ က အသိဆုံးပဲ""

အနီးကပ္ျမင္ေနရေသာ မ မ်က္ႏွာကို ပိုင္စီး အၾကည့္မလဲႊပဲ မွင္သက္စြာ ၾကည့္ေနမိသည္။

မ မ႐ွိတဲ့ ဒီမနက္ခင္းက တကယ္ကို ျပာယာခက္ခဲ့ရသည္။ ေန႔တေန႔အစ မနက္ခင္းတိုင္း ပုိင္စီးကုိ အိပ္ရာႏႈိးေပးၿပီး အက်ႌၾကယ္သီးတပ္ေပးတာအစ သြားဖို႔ ဖိနပ္အဆုံး မ က အဆင္သင့္ျဖစ္သေလာက္ Downက ဘာမွမစီစဥ္တတ္တာမို႔ ပုိင္စီးရဲ ႔  ေ၀ယ်၀ိစၥကို တစ္ခါမွ မလုပ္ေပးဖူး။ Downနဲ႔အတူဆို ပိုင္စီးကပင္ အားလုံး လုပ္ရသည္။ စားၿပီးေသာက္ၿပီး Down စားပဲြေပၚ ဒီတုိင္းထားခဲ့ေသာ ပန္းကန္ေတြကို ေဆးရတာအစ Down ေရခ်ိဴးဖို႔ ေရအဆင္သင့္ျပင္ေပးရတာပါအဆုံး။

ဒီေန႔မနက္မွာ မနက္စာစားရဖို႔ ေနေနသာသာ မနက္ေစာေစာ ႏႈိးမဲ့သူမ႐ွိလို႔ အိပ္ရာထ ေနာက္က်ၿပီး ကတိုက္က႐ိုက္ထြက္လာရသည္။ ပုိင္စီး ထ တဲ့အခ်ိန္ထိ မုိးလငး္ခါနီးမွ အိပ္ေပ်ာ္သြားေသာ Downက အိပ္ရာမႏိုးေသး။

အနီးအနားက Mart တစ္ခုကို ၀င္ၿပီး ေတြ႔ရာ အက်ႌကို ဆြဲယူ၀ယ္ျပန္ေတာ့လည္း ကုိယ့္ size ကုိယ္မသိေသာေၾကာင့္ တိုင္ပတ္ခဲ့ရေသးသည္။ တကယ့္ကို ဗ႐ုတ္သုတ္ခ ႏုိင္ခဲ့ေသာ မနက္ခင္း။

မေန႔ညက မာန္မာနေတြနဲ႔ ေထာင္လႊားေနခဲ့ေသာ မ က အခုမူ နားလည္ေပးမႈ႔ ေတြနဲ႔  သိမ္ေမြ႔ႏူးညံ့ေနသည္။

မ မ်က္ခြံေတြ ေဖာငး္ေယာင္ရမ္းေနၿပီး မ်က္သားစံအိမ္က ရဲေနသည္။ ပါးႏွစ္ဖက္က မို႔ေနသေယာင္။

""ငိုခဲ့တာလား ... မ""

မ မ်က္ႏွာကို လက္က အုပ္ကုိင္ၿပီး အထိတ္တလန္႔ ေမးမိသည္။

မ က မ်က္ရည္က်လာေသာ္လည္း ေခါင္းရမ္းကာ ခါးျပန္မတ္ၿပီး ပုိင္စီးမျမင္ေအာင္ တစ္ဖက္ကိုလွည့္ မ်က္ရည္သုတ္ေနသည္။

""ညေန ... ေမာင္ႀကဳိက္တဲ့ ဟင္းခ်က္ထားမယ္၊ အလုပ္ၿပီးရင္ ေစာေစာ ျပန္လာခဲ့ေနာ္၊ သိပ္အပင္ပန္းမခံနဲ႔၊ ေမာင္လဲဖို႔ အက်ႌေတြယူလာေပမဲ့ ေမာင္က အသစ္၀ယ္ၿပီးၿပီဆိုေတာ့ မ ျပန္ယူသြားလိုက္ေတာ့မယ္၊ မ သြားၿပီ ေမာင္""

မ လက္ေကာက္၀တ္ကို ပုိင္စီး ဆြဲကုိင္လုိက္ေတာ့ မ က လွည့္ၾကည့္လာသည္။

""ေမာင္ ျပန္လိုက္ပုိ႔ေပးမယ္""

--------------

""ကိုပုိင္ေဇ ရန္ကုန္ကုိ ေရာက္ေနၿပီ၊ ကုိဇြဲရန္""

""ဘာကိစၥနဲ႔လဲ""

""ဒီလိုပဲ ဟိုကိစၥ ဒီကိစၥေၾကာင့္ေပါ့""

""ကုိအာဏာ သိလား""

""မသိဘူး ... အေျခအေနတစ္ခု ျဖစ္မလာခင္အထိ ပုိင္စီးမသိေစရဘူး""

""အေျခအေန? ဘာအေျခအေနကို ေျပာတာလဲ""

""ပုိင္စီးထုိင္ခုံကို ကုိင္လႈပ္ႏိုင္မဲ့ အေျခအေနတစ္ခုေပါ့""

ဇြဲရန္ကို စူးစိုက္ၾကည့္လ်က္ ခ်ယ္ရီေထြး ေရရြတ္ေသာအခါ ဇြဲရန္ မေနတတ္ျဖစ္သြားသည္။ စားပဲြေပၚက ေကာ္ဖီပူပူကို ဟန္မပ်က္ ငုံ႔ေသာက္လိုက္သည္။

""EDက်န္းေလာင္ေ၀့ကို ေန႔စဥ္ေန႔စဥ္ ကၽြန္မခ်ဥ္းကပ္ထားခ့ဲတယ္၊ မနက္က EDက်န္းေလာင္ေ၀့က ေျပာတယ္ ... ပုိင္စီးကို ကိုင္လႈပ္ႏိုင္မဲ့ အေျခအေနတစ္ခုကို ဖန္တီးႏုိင္ရင္ ပုိင္စီးကို ျဖဳတ္ခ်ဖို႔ သူ စဥ္းစားေပးမယ္တဲ့""

""က်န္းေလာင္ေ၀့က တကယ္ပဲ အဲ့လိုေျပာသလား""

ဇြဲရန္၏ အံ့အားသင့္ေမးခြန္းကို ခ်ယ္ရီေထြးက ေပါ့ေပါ့ပါးပါး ပခုံးတြန္႔ျပသည္။

""ေန႔တိုင္း ေန႔တုိင္း ခ်ဥ္းကပ္တဲ့ ကၽြန္မရယ္၊ ရန္ကုန္ကုိ ေရာက္ေနတဲ့ ကိုပုိင္ေဇအေၾကာငး္ရယ္၊ ဒီအေတာအတြင္း မေက်နပ္ခဲ့သမွ် ပုိင္စီးေၾကာင့္ရယ္၊ အက်ိဴးအျမတ္လိုခ်င္တဲ့ သူကုိယ္တုိင္ေၾကာင့္ရယ္ ... က်န္းေလာင္ေ၀့က သူ႔အတြက္ အက်ိဴးျဖစ္ရင္ တစ္စုံတစ္ေယာက္လို ပုဂၢိဳလ္စြဲမ႐ွိပဲ ရင္းႏွီးျမွပ္ႏွံမဲ့လူမ်ိဴး""

""အဲ့ဒီ့ ပုဂၢိဳလ္စြဲတစ္စုံတစ္ေယာက္က ငါ့ကို ရည္ညႊန္းတာ ဟုတ္မွဟုတ္ရဲ ႔လား""

ခ်ယ္ရီေထြးက ဒုတိယအႀကိမ္ ပခုံးတြန္႔ျပသည္။ ထို႔ေနာက္ ဇြဲရန္ကိုၾကည့္လ်က္

""ပုိင္စီးကိုသာ ဖယ္ထုတ္ႏိုင္ရင္ အခုလက္႐ွိ ပုိင္စီးရဲ ႔ ေနာက္လိုက္ေခြးအဆင့္ထက္ သာကိုသာေစရမယ္၊ အခုပုိင္စီးလက္ေအာက္မွာ ရွင္သစၥာရွိေပးေတာ့ေရာ ပိုင္စီးက ႐ွင့္ကို ဘာေတြမ်ား အေရးတယူလုပ္ အခြင့္အေရးေပးသလဲ၊ အိပ္ရာေပၚက ေယာက္်ားတစ္ေယာက္နဲ႔ ယွဥ္ရင္ေတာင္ ရွင့္ကို ေသာက္ေရးစိုက္တဲ့ ေကာင္မဟုတ္ဘူး၊ ရွင္ နာတတ္စမ္းပါ၊ လူဆိုတာ စြန္႔မွ စားရမွာ၊ လုပ္လုိက္စမ္းပါ၊ စြန္႔စားလိုက္စမ္းပါ၊ ႐ွင့္ဘ၀ကို ေမွာက္ခုံ လွန္လိုက္သလို ေျပာင္းလဲေစႏိုင္ဖို႔ အခြင့္အေရးပဲ၊ ကၽြန္မ သိေနတယ္ ရွင့္မွာ ပိုင္စီးကို ကိုင္လႈပ္ႏုိင္မဲ့ ဖဲခ်ပ္ရွိေနတယ္၊ အဲ့ဒါ ထုတ္သုံးလုိက္ပါ""

ဖဲခ်ပ္! သိပ္ရွိတာေပါ့ ပိုင္စီးအာဏာကို အေျခယိုင္ေစမဲ့ ဖဲခ်ပ္ ...

ကၽြန္ေတာ္ ထုတ္သုံးသင့္သလား ကိုအာဏာ ...

___________________

Updateေတာင္းေတာ့ မေနႏုိင္ဘူး
အရွည္ႀကီး Up ထားတယ္
Typing error ေတြ ပါလာရင္ နားလည္ေပးပါ။ 

ဖတ္ေပးတဲ့ "တဲြလက္" ေတြအားလုံးကို ေကး်ဇူးအမ်ားႀကီး အထူးတင္ပါတယ္ _/\_
သိပ္ခ်စ္ေၾကာင္းကို မေျပာလည္း သိတယ္မဟုတ္လား -.-

4:48PM
9/13/2018

မ အခန်းတံခါးကို ခေါက်ပြီး ခဏအကြာမှ တံခါးပွင့်လာသည်။ တံခါးဖွင့်ပေးသူက မ ဘုရားတစ်ဆူ ဂူတစ်လုံး ကိုးကွယ်ထားသော အိမ်ဦးနတ်အရှင်။

""ဘာလုပ်နေလဲ မောင်""

""ဘာကို ဘာလုပ်ရမှာလဲ၊ အိပ်တော့မလို့ မ ဘာပြောမလို့လဲ""

မမနိုင် အခန်းအတွင်းကို မျက်လုံး ဝေ့ဝဲကြည့်တော့ ပိုင်စီးက သူ့ကိုယ်နဲ့ မသိမသာ ကွယ်ထားသည်။

""မေးစရာရှိတယ်""

""မေးစရာ မကုန်နိုင်သေးဘူးလား မမနိုင်""

မောင့်ရဲ့ အိမ်နေရင်း အကျႌနှင့်ဘောင်းဘီကို ဝတ်ထားသော Downက တံခါးနားရောက်လာသည်။ မ ကို အခန်းထဲ ဝင်ဖို့ နှစ်ယောက်က မဖိတ်ခေါ်။ အခန်းတံခါးဝမှာ ဆီးကြိုမေးသည်။

အခုပုံစံက အကြွေးလာတောင်းသော အကြွေးရှင်ကို အိမ်ထဲအဝင်မခံပဲ အိမ်ပေါက်ဝမှာ လင်မယားနှစ်ယောက်၏ ခါးထောက်ရန်တွေ့့ခြင်းကို ခံနေရသယောင်။

မ မျက်နှာကို ပင့်တင်မော့ချီထားလျက်

""ဆွဲကြိုးက ဘယ်လိုဖြစ်တာလဲ၊ မမနိုင် ဆွဲကြိုးနဲ့ မောင်လေး ဆွဲကြိုး တူနေတယ်""

မ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော ဆွဲကြိုးကို Downနဲ့ပိုင်စီး မျက်နှာရှေ့တည့်တည့် လက်ကကိုင် တွဲလောင်းချပြသည်။ ပိုင်စီးက တွဲလောင်းကျ လှုပ်ခက်သွားသော စိန်ပွင့်လေးကြောင့် တဖျက်ဖျက်လက်နေသည့် လော့ကပ်သီးအသေးလေးကို ကြည့်နေသည်။

Downကလည်ပင်းမှာ ဆွဲထားသော လော့ကပ်သီးကို ပွတ်ကိုင်လျက်

""ပိုင် မပြောထားဘူးလား""

ပိုင်စီးက Downကို ပြန်ကြည့်သည်။

မျက်နှာကြောမလျှော့သော မမနိုင်ရှေ့ Downတိုးရပ်ပြီး

""အဲ့ဒီ့ဆွဲကြိုးက မမနိုင်အတွက် တို့ရွေးပေးတာပါ""

ဘာကိုဆိုလိုသလဲ သိချင်စိတ်ကြောင့် Down ဆက်ပြောမည့် စကားကို မမနိုင်  အာရုံစိုက် နားထောင်နေသည်။

""ပိုင့်ရဲ့   ဇနီး မမနိုင်အတွက် တို့က လက်ဆောင် ပေးတာပါ၊ ဘယ်လိုပြောရမလဲ ... ပိုင်က ဇနီးဖြစ်သူကို သိပ်ချစ်တဲ့အကြောငး် သိရပါတယ်၊ ပိုင့်ဆီမှာ မျက်နှာကောငး်ရချင်လို့ မမနိုင်ကို တံစိုးလက်ဆောင်ပေးတာပါ၊ ဘာလို့မျက်နှာကောင်းရချင်လဲလို့ ဆက်အမေးရှိဦးမလား၊ Panorama ဥက္က္ကဋ္ဌဦးပိုင်စီးအာဏာရဲ့ မျက်နှာကောင်းကို မရချင်တဲ့သူ မရှိဘူးလေ၊ အထူးသဖြင့် တို့လို အလုပ်အကိုင် အခွင့်အရေးကောင်း လိုချင်နေတဲ့ လူတစ်ယောက်အတွက်ပေါ့""

မမနိုင်က မယုံမရဲ စိုက်ကြည့်နေတုန်းပင်။

""တို့ပေးတဲ့အကြောငး် မမနိုင်ကို မပြောပဲ ပိုင့်ဘာသာပေးသလို ပိုင်က ကြားထဲက နာမည်ကောင်းဝင်ယူထားတာပဲ၊ စိတ်ဆိုးမိတယ်နော် ပိုင်""

ပိုင်စီးကို Downလည်စောင်းငဲ့ကြည့်လျက် မျက်ခုံးတစ်ချက်ပင့်ကာ ခပ်ထေ့ထေ့ ဆိုသည်။

""ဒါဆို ဒီဆွဲကြိုးက မောင် ပေးတာ မဟုတ်ပဲ မောင်လေးပေးတာပေါ့""

""ဟုတ်တယ်""

Downက ပြောပြောဆိုဆို လည်ပင်းမှာ ဆွဲထားသော ကိုယ့်ဆွဲကြိုးကို ကိုယ်တိုင် ဆွဲဆောင့်ဖြတ်လိုက်သည်။

မမနိုင် တအံ့တအား ကြည့်နေစဉ်မှာပဲ 

""မမနိုင်က တို့နဲ့အတူတူဖြစ်တဲ့ ဒီဆွဲကြိုးကို ဆွဲရတာ စိတ်မသက်သာရင် တို့ကပဲ ဒီဆွဲကြိုးကို စွန့်ပစ်လိုက်ပါ့မယ်""

 ပြောင်ရှင်းနေသော ကြမ်းခင်းပေါ် လော့ကပ်သီးအပါအဝင် ဆွဲကြိုးအပြတ်ကို ဒေါက်ခနဲ လွှတ်ချလိုက်သည်။

""မောင်လေး ... မ က အဲ့လိုသဘောမျိူးမဟုတ်""

""ဘယ်လိုပဲဖြစ်ဖြစ် မမနိုင်လည်ပင်းမှာ ဒီဆွဲကြိုးကို တွေ့ကတည်းက တို့လည်း ဆက်ဆွဲထားဖို့ စိတ်မသက်သာတော့ဘူး၊ လွှင့်ပစ်လိုက်တာ အကောင်းဆုံးပဲ""

ဆွဲကြိုးပစ်လိုက်ခြငး်က မမနိုင်ကြောင့်လား သူကိုယ်တိုင်ကြောင့်လား မသေချာသော စကားကို ခပ်ပြတ်ပြတ် ပြောပြီး အခန်းထဲကို ပြန်ဝင်သွားသည်။

ပိုင်စီးက မမနိုင်ကို အပြစ်တင်သည့် အကြည့်မျိူးနဲ့ စူးခနဲ ကြည့်သည်။

""တို့ ဟိုတယ်ကို ပြန်တော့မယ်""

""Down!""

ပိုင်စီးက Downကို တားသည်။

မမနိုင် ကအခန်းတံခါးဝမှာ ရပ်နေတုန်း။ Downကို တားသည့်စကား မဆို။ မတားချင်တော့ဘူး၊ တားချင်စိတ်လည်း မရှိဘူး။ Downကို မ မျက်စိရှေ့က အမြန်ပျောက်စေချင်တော့သည်။

""တို့ပြောထားတယ် ပိုင် ... ဝန်ခံဖို့အသင့်မဖြစ်သေးရင် သံသယကို အသီးအပွင့်တွေ မဝေဆာလာခင် အမြစ်ကနေ အပြတ် ရှင်းရမယ်လို့""

Downက ဖုန်းနဲ့ပိုက်ဆံအိတ်ကိုယူပြီး ပိုင်စီးနားနားကို နှစ်ကိုယ်ကြား တိုးတိုးလေး ကပ်ပြောသွားသည်။

ထို့နောက် အခန်းတံခါး၀မှာ ငူငူကြီး ရပ်နေသော မမနိုင်ကို တစ်ချက် ဗီလိန်ပြုံး စိုက်ကြည့်ပြီး အခန်းထဲက ထွက်သွားသည်။ 

Downမရှိတော့သည့် အိမ်မှာ ပိုင်စီးနှင့်မမနိုင် ကျန်ခဲ့သည်။

Downနောက်လိုက်ရန် ပြင်နေသည့် ပိုင်စီးလက်ကို မ ဖမ်းကိုင်လိုက်သည်။

""မောင်နဲ့ကျွန်မ ရှင်းစရာ ရှိတယ်""

--------------

အိပ်ခန်းထဲက ပိုးလို့ပက်လက်ဖြစ်နေသော ပစ္စည်းထုတ်တွေကို ပိုင်စီး ကြည့်နေသည်။ 

""မောင်နဲ့Downက ဘာဆက်ဆံရေးလဲ၊ စည်းကမ်းကြီးလှတဲ့ မောင့်အိတ်ထဲမှာ ဒီရွံစရာပစ္စည်းတွေကို တွေ့တာ ဘာအဓိပ္ပာယ်လဲ""

""မ အခု မောင့် ကို Downနဲ့ စွပ်စွဲနေတာလား""

""စွပ်စွဲနေတာမဟုတ်ဘူး ဖြေရှင်းခိုင်းနေတာ၊ အခြေအနေတွေက သံသယဖြစ်စရာကောင်းနေလို့ ဖြေရှင်းချက်တောင်းနေတာ""

""မောင်နဲ့Downက အရင်တုန်းကလည်း ဘာမှမပတ်သက်ထားဘူး၊ အခုခရီးမှာလည်း အလုပ်သဘောအရ စကားပြန်နဲ့အလုပ်ရှင် ဆက်ဆံရေးကလွဲ ဒီ့ထက်ပိုထူးပြီး ဘာမှ မပတ်သက်ဘူး၊ အခုခရီးကလည်း ပထမဆုံးပဲ၊ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မောင်ပြောနိုင်တာက Downနဲ့မောင်က မရိုးမသား ဘာမှမပတ်သက်ဘူး၊ အဲ့လိုသိထားပြီး ဒီကိစ္စကို ရပ်လိုက်တော့၊ ဘယ့်နှယ်ကွာ ... မိသားစုမပါပဲ ခရီးတစ်ခုထွက်လိုက်ပါတယ်၊ စောက်ဇယားတွေ ရှုပ်လိုက်တာ""

ပိုင်စီးကို ကြည့်လျက် မမနိုင် ဖြည်းဖြည်းချင်း ခေါင်းခါသည်။

""ကျွန်မ စိတ်မရှင်းသေးဘူး""

မမနိုင် စကားအဆုံး ပိုင်စီးက ထိုင်ခုံမှ ၀ုန်းခနဲ ထ ရပ်သည်။

""မ သွေးဆုံးခါနီးလို့ သွေးသားမူမမှန်ပဲ စိတ်ကစဥ့်ကလျားဖြစ်နေတာလား၊ သူလည်း ယောကျာ်း မောင်လည်း ယောက်ျား ဘာမှ မရိုးမသားဖြစ်စရာမရှိဘူး၊ မဟုတ်တာတွေ အကုန်လျှောက်ထင်နေတော့တာပဲ""

""ယောက်ျားအချင်းချငး်ဖြစ်ပေမဲ့ ကျန်းလောင်ဝေ့နဲ့Downရဲ့ ပတ်သက်မှု့ကို ကျွန်မ ကောင်းကောင်းကြီးနားလည်တယ်၊ မောင့်မိန်းမအနေန့ဲ မောင်နဲ့ပတ်သက်သမျှ မရိုးမသားအမှု့တွေမှာ ယောက်ျားမိန်းမမခွဲဘူး၊ မရိုးသားတဲ့ အခြေအနေ အကြောင်းတရားအပေါ်မှာပဲ ကျွန်မ သံသယဖြစ်ရလိမ့်မယ်၊ ယောက်ျားအချင်းချင်းပဲ သတ်မှတ်ချက်တစ်ခုကို စုံကိုင်ပြီး မဖြစ်နိုင်ဘူး ဘောင်ထဲမှာ ကျွန်မကျင့်ကြံနေပေးရအောင် မောင်တို့က ဒွာရပေါက်ပိတ်နေကြတာ မဟုတ်ဘူး၊ အိုးချင်းထား အိုးချင်ထိ၊ ကြိုးချင်းထားကြိုးချင်းငြိ၊ အနေနီးရင်ထိကြ ငြိကြတာပဲ၊ အိုးထီးနဲ့အိုးမ ကြိုးဖိုနဲ့ကြိုးမ,လို့ မသက်မှတ်ဘူး၊ စွဲလမ်းမှု့တဏှာမှာ လိင်မခွဲထားဘူး ...မောင်""

""ကျန်းလောင်ဝေ့ နဲ့ Downက ယောက်ျားအချင်းချင်း ဖြစ်တာနဲ့ ငါကပါ Downနဲ့ ဖြစ်ရမှာလား၊ Downနဲ့ ကျန်းလောင်ဝေ့ ဘယ်လိုဆက်ဆံရေးဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူး၊ ငါ့အတွက် အထောက်အကူပြုရင် ကျန်းလောင်ဝေ့ရဲ့ မွေးစားသားမကလို့ ကျန်းလောင်ဝေ့ရဲ့ သေလွန်ပြီးသား ဘိုးဘေးပဲဖြစ်ဖြစ် ငါ သေရွာက ပြန်ခေါ်ပြီး ငါ့အကျိူးအမြတ်အတွက် အသုံးချမှာ၊ Downက ငါ့လုပ်ငန်းအတွက် အကျိူးအမြတ်ပြုလို့ အပေါင်းအသင်းလုပ်ရုံပဲ၊ ဒီ့ထက်ပိုတဲ့ မရိုးမသား ဆက်ဆံရေးမျိူးမဟုတ်ဘူး""

""ဘာသာပြန်တစ်ယောက်က လုပ်ငန်းအတွက် အကျိူးအမြတ်ပြုလို့ အလုပ်ရှင်နဲ့ အတွင်းခံအစ ကွန်ဒုံးအဆုံး ရောပေါင်းလို့ရမှန်း မောင်နဲ့Downကျမှပဲ ကြုံရတော့တယ်""

ပိုင်စီး မခံမရပ်နိုင် ရှုးရှုးရှားရှားဖြစ်သွားသည်။

""မ ... သိပ်လွန်နေပြီ၊ မ ... ဒီလို ပြောနေ စွပ်စွဲနေတာတွေက မောင့် ယောက်ျားသိက္ခာ ကျတယ်၊ မောင့် ကိုယ်ကျင့်တရားကို မ စော်ကားနေတာ၊ မ ... မောင့်ကို အဲ့သလောက်တောင် အယုံအကြည်မရှိဘူးလား၊ ပစ္စညး်တွေ ရောနေတာက အလုပ်ကိစ္စပြီး ရန်ကုန်ကို အလျင်စလိုပြန်ရလို့ Downက မောင့် ပစ္စည်းတွေကိုပါ အတူ သိမ်းပေးခဲ့တာ၊ ဒီပစ္စည်းတွေကလည်း Downရဲ့ ကိုယ်ရေးကိုယ်တာ ပစ္စည်းတွေ၊ အရွယ်ရောက်ပြီးသား လူလွတ် ယောက်ျားတစ်ယောက်မှာ ဒါမျိူးတွေ ရှိတာ ထူးဆန်းလား""

""ဒါတွေက ဘယ်သူ့ပစ္စည်းလဲ ကျွန်မစိတ်မ၀င်စားဘူး၊ မောင်တို့အတူတူ မျှေ၀ သုံးနေမှာကို""

""တော်ပါတော့ မ ရာ၊ ကိုယ့်ယောက်ျားကို ယောက်ျားအချင်းချငး်တောင် မယုံပဲ မိန်းမဖြစ်သူက ပြန်စွပ်စွဲနေတာ မောင် ရှက်လွန်းလို့ မ ဆက်မပြောနဲ့တော့""

မမနိုင် ပခုံးကို ကိုင်လှုပ်ကာ ပိုင်စီးက အမျက်ချောငး်ချောငး်ထွက်လျက် အံကြိတ် ကြိမ်းမောင်းသည်။

""ကျွန်မ ယောက်ျားတကာနဲ့ မောင့်ကို စွပ်စွဲနေတာမဟုတ်ဘူး၊ မောင်နဲ့ဇွဲရန် လက်တွဲလာတာ မ နဲ့ အိမ်ထောင်မကျခင်ကတည်းက မ တစ်ခါတောင် စွပ်စွဲဖူးသလား""

""မင်းထင်နေတာတွေ မဟုတ်ဘူး၊ ငါ ဒီတစ်ခွန်းပဲ ပြောနိုင်တယ်""

ပိုင်စီး စကားကို ပိတ်ပြော ပြီး အခန်းထဲက အရင်ထွက်သွားသည်။ မမနိုင် နေရာမှာ ကျန်ခဲ့သည်။ ပိုင်စီး ဒေါသတကြီး ကိုင်ဆောင့်လှုပ်ခါသွားသော မ ပခုံးနှစ်ဖက်က အသား တရှိန်းရှိန်း ကျင်ပူထုံနာလာသည်။

ကိစ္စကို ပြီးပြတ်အောင် မရှင်းပဲ မောင် ထွက်ပြေးပြီ၊ အမြဲတမ်း လူကို ပျော့သော ပြင်းသော ခံစားချက်ပေါင်းစုံနဲ့ တစ်ယောက်တည်း ချန်ထားခဲ့ပြီး သူကတော့ အေးရာအေးကြောငး် အပြင်ကို ထွက်သွားတယ်။

အိမ်မှာ ကျန်ရစ်ခဲ့တဲ့ မ က ထိုင်မရ ထမရ တပူပူဖြစ်နေတုန်း သူကတော့ အပြင်မှာ အိမ်ကိစ္စကိုမေ့ဖျောက်ပြီး စိတ်သက်သာနေလိမ့်မယ်။

မမနိုင် ခံပြင်းတောက်လောင်လွန်းလို့ ပိုင်စီးအနောက်ကို ပြေးလိုက်သွားသည်။ အိမ်အပေါ်ထပ်လှေကားတွေကို အလျင်စလို လှေကားဆင့်တွေ ကျော်ဆင်းပြီး အပြေးလိုက်သည်။

အိမ်အောက်ထပ် ပေါ်တီကိုအောက်မှာ ကားစက်နှိုး အပြင်ထွက်ရန် ပြင်နေသော ပိုင်စီးကို တွေ့သည်။

""မောင် ... ဘယ်သွားမှာလဲ၊ မသွားရဘူး၊ မ စကားပြောနေတာ မပြီးသေးဘူး၊ ဒီလို ရှောင်ထွက်မသွားနဲ့၊ ဒီကိစ္စကို အခု ကျွန်မ အပြတ်ရှင်းမယ်၊ ဒွိဟတွေ သံသယတွေကြား ကျွန်မကို တစ်ယောက်တည်း မောင် ပစ်မသွားနဲ့၊ မောင်ရအောင် ဖြေရှင်းလှည့်""

ကားမှန်ကို တဗြန်းဗြန်းရိုက်လျက် မမနိုင် တတွက်တွက် ပြောသည်။ ပိုင်စီးက မမနိုင်ကို တစ်ချက်မကြည့်၊ ကားမောင်းထွက်သည်။

ဘီးလှိမ့်ရွေ့့လျားနေသောကားမှန်ကို ရိုက်လျက် မ အော်ခေါ်နေသော်လည်း မောင် ဂရုမစိုက်ခဲ့။

မောင့်ကားက ခြံထဲက ထွက်သွားပြီး မ ပေါ်တီကိုအောက်မှာ လဲကျ ကျန်ခဲ့သည်။

""မောင်!!!""

ကားနောက်မီးရောင်ကို ကြည့်လျက် ဒေါသနဲ့ မ ကုန်းအော်လိုက်သည်။ ကားက မ ကို လျစ်လျူရှု့ကာ  မြင်ကွင်းထဲက တရွေ့ရွေ့    ပျောက်ကွယ်သွားသည်။

""တိုက်ခန်းကို လာခဲ့""

ပြောပြီးပြီးချင်း ပိုင်စီးဖုန်းချလိုက်သည်။

------------------

wheelchairပေါ်မှာ ထိုင်နေသော ပိုင်ဇေ၏ လက်ကို ဆုပ်ကိုင်လျက် ချယ်ရီထွေးက

""ဆုံးဖြတ်တာ မှန်တယ် ကိုပိုင်ဇေ၊ မကြာခင် ကိုပိုင်ဇေ ခြေထောက်ပြန်ကောငး်တော့မှာ ""

ပိုင်ဇေက အပြုံးယဲ့ယဲ့နဲ့ အေးတိအေးစက် ခေါင်းညိမ့်သည်။ ဆေးရုံအခန်း ပတ်ပတ်လည်ကို ခေါင်းလည်အောင် ကြည့်လျက်

""အခန်းက ကောငး်လိုက်တာ၊ ဈေးမသက်သာလောက်ဘူး""

""ဟုတ်တယ်၊ အားလုံးက ထွေးငယ်သူေဋ္ဌးရဲ့  ကုသိုလ်လေ၊ သူေဋ္ဌးက အဆင်မပြေတာ ရှိရင်လည်း ပြောဖို့ မှာထားတယ်""

ကိုပိုင်ဇေက ချယ်ရီထွေးကို ကြည့်လျက်

""တကယ်ကို စေတနာကောငး်တဲ့ ပုဂ္ဂိုလ်ပဲ၊ အစ်ကို သူနဲ့တွေ့လို့ ရမလား၊ မျက်နှာချင်းဆိုင် ကျေးဇူးတင်စကားပြောချင်တယ်""

ချယ်ရီထွေးက ခြောက်သွေ့နေသော နှုတ်ခမ်းကို အပေါ်အောက် ဖိကပ်လျက် ပြုံးသယောင်ယောင် အပြောရခက်နေသည်။

""ဟို ... သူက အခု ဒီမှာ မရှိဘူး ကိုပိုင်ဇေ၊ နယ်လှည့်ဘုရားဖူးထွက်သွားတယ်""

""ဟုတ်လား၊ ဒါပေမဲ့ သူ့အကူအညီကြောင့် ခြေထောက်ပြန်ကောင်းသွားရင် သူနဲ့ သေချာပေါက် ဆုံပြီး ကျေးဇူးတင်ကြောင်း လေးလေးနက်နက် ပြောချင်သေးတယ်""

""ဟုတ်ကဲ့ပါ ကိုပိုင်ဇေ၊ အခွင့်ကြုံရင် ဆုံမှာပါ""

ကိုပိုင်ဇေက ခေါင်းညိမ့်လျက် ချယ်ရီထွေးကိုင်ထားသော သူ့လက်ကို မသိမသာ ရုန်းထွက်သွားသည်။

ချယ်ရီထွေး မျက်နှာပျက်သွားပေမဲ့ ချက်ချင်း ပြန်ပြုံးလျက်

""အစ်ကို ... ခရီးေ၀းကလာရတာ ပင်ပန်းရောပေါ့၊ နားလိုက်ဦး""

""ညီမရဲ့့   သူေဋ္ဌးကြောင့် မပင်ပန်းပါဘူး၊ မန္တလေးကနေ ရန်ကုန်ထိ ခြေထောက်မကောငး်တဲ့ ကိုယ့်ကို သက်တောင့်သက်သာ ရောက်လာစေဖို့ လေယာဉ်နဲ့ ဂရုစိုက် လာစေခဲ့တာပဲ""

""အာ ... ဟုတ်ကဲ့""

မမနိုင်က ထောင့်စေ့သေချာသည်။ ကိုပိုင်ဇေခြေထောက်ကို ပြန်ကုသရေးအတွက် အစစအရာရာ လိုလေသေးမရှိ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ချယ်ရီထွေးဖက်က တောင်းဆိုစရာမရှိလောက်အောင် မမနိုင်ရဲ့   ဖြည့်ဆည်းမှု့   တွေက ပြည့်စုံလွန်းသည်။

ဒါပေမဲ့ ... မမနိုင် ရှင့်ရဲ့စေတနာတွေကို ကိုပိုင်ဇေမသိစေရဘူး။

-------------

""ပိုင် ... တို့နောက်ကို လိုက်လာတာလား""

Downက ပိုင်စီးလည်တိုင်ကို လက်ချိတ်ကာ ပေါင်ပေါ် တတ်ထိုင်ရင်း တအံ့တသြ မေးသည်။

""ဘာလဲ၊ မကြိုက်ဘူးလား""

""အဟင်း ... အံ့သြလွန်းလို့ပါ၊ မိသားစုကို သိပ်တန်ဖိုးထားတဲ့ ဦးပိုင်စီးအာဏာက အခု ဒီ အရေးမပါတဲ့ တိတ်တိတ်ပုန်း လင်ငယ်နောက် လိုက်လာတာ မအံ့သြပဲနေမလား""

""စကားလုံးတွေ ကြမ်းတမ်းလိုက်တာ Mineရာ""

ကိုယ်နှစ်ခု ပိုနီးကပ်အောင် Down ခါးကို ပွေ့တင်မလျက် ပိုင်စီးဆိုသည်။ ပိုင်စီးမျက်နှာကို Downပွတ်သက်ကိုင်လျက်

""တို့ကို စွဲလမ်းလွန်းလို့ လိုက်လာတာတော့ မဖြစ်နိုင်ဘူး၊ အိမ်က ချစ်လှစွာသော မဟေသီမမနိုင်က ပြသနာရှာလို့ စကားများလာပြီး တိုး၀င်စရာ ရင်ခွင်မရှိလို့ မဟုတ်လား""

ပိုင်စီးက ဟက်ခနဲ ရယ်သည်။

""ငါထင်ခဲ့တာက ငါသာ မင်းနောက်ကို လိုက်လာခဲ့ရင် မင်းသိပ်ပျော်သွားမယ်လို့၊ အခုတော့ မင်းကလည်း ငါ့ကို မကြိုဆိုချင်ပါ့လား""

""ပိုင့်မိသားစုနဲ့ အဆင်မပြေတိုင်း ဒီရင်ခွင်ကို လာတိုး၀င်ရအောင် တို့က လမ်းဘေးက အလွယ်တကူ ၀မ်းရေးဖြေရှင်းလို့ရတဲ့ ချူံမဟုတ်ဘူး""

Downက ပိုင်စီး ပေါင်ပေါ် မှဆင်းပြီး မျက်နှာချင်းဆိုင် ခုံမှာ ၀င်ထိုင်လိုက်သည်။ ပိုင်စီး မကြိုက်သော စီးကရက်ကို ထုတ် မီးညှိလျက် ပိုင်စီးကို ဥပေက္ခာပြု ပစ်ထားသည်။

စီးကရက်ငွေ့တွေကြားထဲက Downမျက်နှာကို ပိုင်စီး တွေတွေလေး ငေးနေသည်။
ဘာရယ်မဟုတ် ၀မ်းနည်းခြင်းဟူသော ခံစားချက်က ပိုင်စီး ရင်၀ယ် ဖြစ်တည်လာသည်။

မိသားစုအပြင် တိတ်တိတ်ပုန်းအဖော် ထားခဲ့ခြင်းမှာ ပိုင်စီး ရှာခဲ့တာ အပျော်လား အပျက်လား?
Downနဲ့ ပတ်သက်လာတည်းက အပျော်ကို လွတ်လွတ်ကျွတ်ကျွတ် မခံစားရ။ Downနဲ့အတူရှိချိန်တွေမှာ အပျော်နှင့်အတူ စိတ်မောရခြင်းပါ ဒွန်တွဲနေသည်။ ထိုဒွန်တွဲမှု့က မအေးချမ်းတာတော့ အမှန်။

""ငါအခု ပျော်နေတယ်လို့ မင်းထင်နေလား""

""မထင်ပါဘူး၊ ဒီလောက် မျက်နှာကြီးက အိုမင်းမှိုင်ကျနေတာ၊ ပိုင့်ရဲ့  ချစ်လှစွာသော မဟေသီနဲ့ အဆင်မပြေဖြစ်လာလို့လေ၊ အဲ့မိန်းမကြောင့် ပိုင် မှိုင်နေတာမလား၊ မှိုင်ပါ ... တို့က စီးကရက်ငွေ့ကို လှလှလေး ရှိုက်နေရင်း ကြည့်နေပေးမယ်၊ တို့ကြောင့်မဟုတ်တဲ့ ပိုင့်ရဲ့ ပူလောင်မှု့တွေကို တို့လည်း မငြှိမ်းသက်ပေးနိုင်ဘူး""

ပိုင်စီးက ဒူးပေါ် လက်တံတောင်တင်လျက် ခေါင်းတဆက်ဆက် ညိမ့်သည်။

""ငါ့မိသားစုကို ငါတန်ဖိုးထားတယ်၊ ဒါပေမဲ့ မ က ငါ့ကို တန်ဖိုးမထားဘူး၊ လင်ယောက်ျားတစ်ယောက်လို နေရာမပေးဘူး၊ အခြေခံအုတ်မြစ်ဖြစ်တဲ့ ယုံကြည်မှု့တောင် မရှိဘူးကွာ၊ ငါက မဟုတ်ဘူးလို့ ပြောနေတာပဲ မဟုတ်ဘူးလို့ လက်ခံလိုက်ပေါ့၊ ဘာလို့ အမှန်တရားဆိုတာကြီးကို ငါ့ထက် အရေးပေးနေရတာလဲ၊ အမှန်တိုင်း မတရားတာ သိဖို့ကောင်းတယ်၊ အမှန်တရားကို သိပ်သိချင်တဲ့ မမနိုင်နဲ့ ဖုံးကွယ်ချင်တဲ့ ငါ အဲ့မှာ ကွိုင်တယ်""

Downက စီးကရက်အငွေ့ကို ရှိုက်လိုက် စီးကရက်မီးစ၏ ထိပ်ဖျားမှာ စုတည်လာသော ပြာမှုန့်ပုံဆောင်ခဲကို ကြမ်းခင်းကောဇောပေါ် ခြွေချလိုက် ပိုင်စီးကို အာရုံမထား။

""အခု မင်းကကျတော့ရော ...  ငါ့မိသားစုလောက် မင်းကို အရေးမပေးပါဘူး ထင်မြင်ချက်နဲ့ ငါ့ကို ငြိုငြင်တယ်၊ မိသားစုကလည်း ဒုက္ခပေး၊ မငး်ကလည်း သောကပေး..  ငါ့ရဲ့ ပျော်ရွှင်ခြင်းက ဘယ်မှာလဲ""

ပိုင်စီးကို မျက်နှာလွှဲထားဆဲဖြစ်သော Downကို ကြည့်လျက် ပိုင်စီး ကိုယ့်ရင်ဘတ်ကိုယ် လက်သီးဆုပ်နဲ့ ထုရိုက်မိသည်။

""ငါနေထိုင်မှု့က မမှန်ကန်ရင်တောင် မင်းတို့တွေ အားလုံးကို ငါ့ကြောင့် စိတ်ညစ်ရမှာမျိူး မဖြစ်စေချင်တာ ဒီကကောင်ကြီးရဲ့ စိတ်ရင်းအမှန်ပဲ၊ ဒီကောင်ကြီးက မင်းတို့တွေရဲ့ ပျော်ရွှင်မှု့ကို မပျက်စီးအောင် လိမ်ညာခြင်းအုတ်နံရံနဲ့ ကာစီးပေးထားပေမဲ့ မင်းတို့တွေကတော့ ဒီကောင်ကြီးရဲ့  အမှားကို ရှာဖွေ ထောက်ရှု့   ပြီး ၀ိုင်းထိုးနှက်နေကြတယ်""

၀ရန်တာဖက်ကို မျက်နှာလှည့်ထားသော Downက ပိုင်စီးကို ကြည့်လာသည်။

Downရှေ့   မှာ ဒူးထောက်ချလျက် ရင်ဘတ်စည်တီး ငိုချင်းချနေသည့် ရင်နဲ့မမျှ ချစ်ရသောပိုင့်ကို မြင်တွေ့ရသည်မှာ ရင်ထဲမချိလှ။ သို့သော် ....

ရင်ထဲက ခံစားချက်ကို ဂူသွင်းပိတ်လှောင်လျက် စိတ်ထဲ အားရစွာ ရေရွတ်လိုက်တာ စကားငါးခွန်း ...

သိပ် ကြည့် ကောင်း တယ် ပိုင်

နာကျင်လိုက်စမ်း၊ ၀မ်းနည်းလိုက်စမ်း၊ ကြေကွဲလိုက်စမ်း ... ပိုင့်ကြောင့် တို့ဘ၀ခံစားခဲ့ရတာတွေနဲ့ ယှဉ်ရင် ဒါက မပြောပဘူး

မနှစ်သိမ့်ပေးချင်ဘူး ... ပိုင်၊ ပိုင့်ရဲ့   မျက်ရည်တွေကို မသုတ်ပေးချင်ဘူး။ သေခါနီးတို့မှာ ခံစားချက်တွေ အမျိူးမျိူး ဖြစ်တည်လာတယ်။ ချစ်ခြင်းအောက်မှာ ပြားပြား၀ပ်ခဲ့ရတဲ့  မုန်းတီးနာကြည်းခြင်းတွေက ခေါင်းပြန်ထောင်လာတယ်။ 

တို့မှာ ပိုင်နဲ့ပတ်သက်ပြီး အချစ်တွေ အပြင် နာကျင်ခြငး်တွေကိုလည်း ပေးချင်လာတယ်။ တို့မှာလည်း တို့နာကျည်းချက်နဲ့ တို့ရှိတယ်။ ပိုင်ငိုရတာက ဘ၀မဆုံးဘူး၊ ပိုင်က တို့ ဘ၀ကို ဖျတ်စီးခဲ့သလို တို့ဘ၀လည်း ပိုင့်ကြောင့် ပျက်စီးခဲ့ရတယ်။

ခေါင်းငိုက်စိုက်ကျနေသော ပိုင်စီးကို Down ခပ်စေ့စေ့ စိုက်ကြည့်နေသည်။ စီးကရက်အငွေ့ကြား Downအကြည့်တွေမှာ အရည်ေ၀့လဲ့ခြင်းက အငွေ့သက်သက်ကြောင့်သာ ဖြစ်ပါစေ။

""တို့ကရော""

ပိုင်စီး မော့ကြည့်လာသည်။

တစ်ဘ၀လုံး ပျက်စီးနေတဲ့ လမ်းကြောင်းမှာ ကောင်းအောင် နေခဲ့ပေမဲ့ အဆုံးသတ်က နာနာကျင်ကျင် ရောဂါဆိုးနဲ့ မကြာခင်သေရမယ်တဲ့။ အဲ့ဒီ့လို အဆုံးသတ်မဲ့ တို့က သူများအတွက်ပါ ပူပန်ပေးနေရမှာလား။ သေမိန့်ကျပြီး လူတစ်ယောက်မှာ သူများအတွက် သနားခြင်း၊ စာနာခြင်း၊ ငဲ့ညှာခြင်းတွေ မရှိတော့ဘူး။

ထုတ်မပြောမိတဲ့ စကားလုံးတွေအတွက် ပိုင်စီးကိုသာ ရင်နာနာ စိုက်ကြည့်နေလိုက်သည်။

""တို့ချစ်ရတဲ့လူက ကိုယ်က တို့နဲ့အတူ ရှိနေရင်တောင် စိတ်က အခြားနေရာရောက်နေတဲ့ အခွံသက်သက်ကြီးကို ပွေ့ဖက်နမ်းရှိုက်နေရတဲ့ တို့ကရော ပျော်နေတယ် ထင်လား၊  အရာအားလုံး ပေးဆပ်ထားပေမဲ့ တို့အတွက်ကျတော့ အခွံသက်သက်ပဲ ပြန်ရတာ တရားရဲ့လား၊ အကြာကြီးမဟုတ်ပါဘူး၊ ခဏလေးပါ ... တကယ့်ကို မကြာတော့မဲ့ ခဏအချိန်အတောအတွင်းမှာ ပိုင့်ရဲ့  အရာအားလုံးကို တို့ အပိုင်စားရချင်တယ်၊ ပိုင့်ကို တွယ်ကပ်နေတဲ့ ပိုင့်မိသားစုကို ဒီခဏလေးသော အချိန်မှာ ခွာထုတ်ပစ်ချင်တယ်""

ရင်ထဲမှာ ခံပြင်းလွန်းလို့ ရေတာင် မျိူမကျနိုင်တော့ဘူး ပိုင်၊ အချိန်တွေ တရွေ့ရွေ့ ကုန်လာပြီး သေတော့မဲ့ ရက်နဲ့ နီးကပ်လာတဲ့ တို့အတွက် အိပ်မပျော်တဲ့ ညတွေလည်း များလာတယ်၊ အတိတ်က အဖြစ်ဆိုးတွေကို အိပ်မက်ဆိုးအဖြစ် ပြန်ခြောက်ခြား မြင်မက်လာပြီး ကြောက်လန့်တကြား နိုးထရတဲ့ ညတွေ ညဆက် ရှိလာတယ်။ အိပ်မက်ဆိုးတွေထဲမှာ အဖြစ်အပျက်ဟောင်းတွေက တစ်ညထက်တစ်ည ပိုပြတ်သားကြည်လင်လာတယ် ပိုင်။

တို့ ဘာကို ဘယ်နေရာမှာ ဘယ်လောက်ထိ မှားမိလို့ တို့ဘ၀က ဒီလောက် အဖြစ်ဆိုးပြီး သနားဖို့ကောင်းနေရတာလဲ၊ ကိုယ့်ဘ၀ကိုကိုယ် သနားလွန်းလို့ မဟာပထ၀ီမြေကြီးတုန်လှုပ်အောင် အော်ဟစ်ငိုကြွေးပစ်ချင်တယ်။

ဘ၀ကိုဖျတ်စီးခဲ့တဲ့လူကို မုန်းတီးစိတ်နဲ့တပြိုင်တည်း ချစ်မိတယ်။ နှစ်တွေကြာလို့ ပြန်တွေ့ရချိန်မှာ လည်မျိူကို ဖျစ်ညှစ်သတ်ဖို့ထက် နှုတ်ခမ်းသားတွေကို ငတ်မွတ်စွာတောင့်တခဲ့တယ်။ ဒီလိုလူကို ငရဲအကျခံ အကုသိုလ်အဖြစ်ခံပြီး မက်မက်မောမော အရယူခဲ့ပြန်တယ်။ အကုန်ရခဲ့သလားဆိုတော့ ... သူ့လိုအင်ကို ဖြည့်ဆည်းပေးတဲ့ အဖြည့်ခံသက်သက်သာ ဖြစ်တည်ခဲ့တယ်။

နာကြည်းမုန်းတီးမိပါတယ် ပိုင် ...

ဒီလောက် တစ်ကိုယ်ကောင်းဆန်၊ သူရဲဘောကြောင်ပြီး ယုတ်မာရက်စက်တဲ့ ပိုင့်ကို နာကျင်ခြင်းဆိုတဲ့ သင်ခန်းစာလေး ခပ်ပါးပါးပေးချင်လာတယ်။

စီးကရက်တိုကို လက်မှာ ကိုင်ဆုပ်ပြီး လက်ကျန်မီးစကို ငြှိမ်းသက်သည်။ မီးစကြွေမှ လွှတ်ချသည်။ ပိုင်စီးအနားကို လျှောက်သွားပြီး ပိုင်စီးကိုယ်ကို ပွေ့ဖက်ပေးလိုက်သည်။

""ချစ်တယ် ပိုင် ... ပြီးတော့""

မုန်းလည်း မုန်းပါတယ်။

""ပြီးတော့ ဘာဖြစ်လဲ""

""ပြီးတော့ အနမ်းခံချင်ပါတယ်""

စကားအဆုံး မှိတ်ကျသွားသော မျက်၀န်းတွေနဲ့ ထပ်ကျသွားသော နှုတ်ခမ်း။

-------------------

ယုံကြည်မှု့၊ ဟုတ်တယ် ယုံကြည်မှု့

အခု မောင်နဲ့ငါ့ကြားမှာ ယုံကြည်မှု့ လိုအပ်နေတာ။ ငါ့ရဲ ့ သံသယစိတ်တွေကြောင့် ပြသနာဖြစ်ရတာ။ မောင့်စကားကိုသာ ငါ ယုံလိုက်ရင် ဒီပြသနာပြီးသွားလိမ့်မယ်။ 

ငါ့ရဲ ့သံသယကို ငါ့ရဲ ့ ယုံကြည်မှု့ကပဲ ဖြေရှင်းပေးနိုင်မှာ။

မ ပြသနာအတွက် အဖြေရှာပြီး မောင့် ကို စိတ်ရှင်းရှင်းနဲ့ စောင့်မျှော်နေခဲ့ပေမဲ့

မောင် ညတစ်ညလုံး အိမ်ပြန်မလာခဲ့ဘူး ...

----------------

""မင်္ဂလာ မနက်ခင်းပါ ED""

ကျန်းလောင်ေ၀့က Breakfast service လာပေးသော သငး်ချယ်ရီထွေးကို တစ်ချက်ကြည့်ပြီး ထိုင်ခုံမှာ ၀င်ထိုင်လိုက်သည်။ ချယ်ရီထွေးက အလိုက်တသိ ကော်ဖီကရားခွက်ထဲမှ ခွက်ငယ်ဆီ ကော်ဖီငှဲ့ထည့်ပေးသည်။

မပျက်မကွက် မနက်ခင်းတိုင်း ကျန်းလောင်ေ၀့အခန်းထဲထိ သင်းချယ်ရီထွေးကိုယ်တိုင် service ပေးသည်မှာ လချီတော့မည်။

""လက်မလျော့သေးဘူးလား ကလေးမ""

ကော်ဖီငှဲ့ထည့်နေသော သငး်ချယ်ရီထွေး ပြုံးလိုက်သည်။

""ကိုပိုင်ဇေ ရန်ကုန်ကို ရောက်နေပါပြီ""

သတင်းစာဖတ်နေသော ကျနး်လောင်ေ၀့မှ အကြည့်တစ်ချက် ရလိုက်သည်။ ကော်ဖီခွက်ကို ကျန်းလောင်ေ၀့ရှေ ့ တိုးပေးလိုက်သည်။

""အခု Panorama ရဲ ့ ပိုင်ရှင်အသစ် ရောက်လာပါပြီ၊ ပိုင်စီးကို ဒီလောက်နဲ့ပဲ အနားပေးသင့်တယ် မဟုတ်လား""

""ပိုင်စီးကို ဖယ်ချင်တိုင်းဖယ်ရအောင် ကြက်ကလေးငှက်ကလေးမဟုတ်ဘူး၊ အရမ်းလွယ်ကူနေရင် ပိုင်စီးအာဏာဆိုတာ Panorama မှာ ပျောက်ကွယ်ခဲ့တာ ကြာပြီ""

""ဘယ်အချိန် အစာကျေွးတဲ့ လက်ကို ပြန်ကိုက်မယ်မှန်း မသိတဲ့ ခွေးတစ်ကောင်ပါ၊ ရင်တထိတ်ထိတ်နဲ့ မွေးမြူထားမဲ့အစား အဆိပ်အမဲ ပစ်ကျေွးလိုက်တာ ပိုစိတ်အေးရမယ် မလား""

ချယ်ရီထွေးကို ကျန်းလောင်ေ၀့က အတန်ကြာ စိုက်ကြည့်နေသည်။ ချယ်ရီထွေး၏ မျက်နှာကို ကြည့်လျက် ကျန်းလောင်ေ၀့က သတင်းစာကို ခေါက်လိုက်သည်။

""ဟိုတယ်မန်နေဂျာအဆင့်လောက်တောင် မရှိတဲ့ ကလေးမနဲ့ အခုစကားတွေ ဆွေးနွေးနေရတာ မဟုတ်သေးပါဘူး""

သင်းချယ်ရီထွေးက ကျန်းလောင်ေ၀့ရဲ ့ မျက်နှာချငး်ဆိုင်ထိုင်ခုံကို ဆွဲ ယူ ထိုင်လိုက်သည်။

""ဟိုတယ်၀န်ထမ်းအဆင့်နဲ့ ဆွေးနွေးနေတာ မဟုတ်ပါဘူး၊ ဦးပိုင်အာဏာရဲ ့ ချေွးမ အနေနဲ့ ဆွေးနွေးနေတာပါ""

ကျန်းလောင်ေ၀့က မျက်ခုံးပင့်တတ်သွားပြီး ခြေထောက်ချိတ်လိုက်သည်။

""ကိုယ် မင်းကို Mission တစ်ခု ပေးလိုက်မယ်၊ မင်းဆောင်ရွက်နိုင်ရင် ကိုယ်စဉ်းစားပေးမယ်၊ ပိုင်စီးကို ပုန်ကန်ရမဲ့ အရေးဆိုတော့ ကိုယ်လူရွေးမမှားချင်ဘူး၊ လူရွေးမှားပြီး ပိုင်စီးကို ထိ မိရင် ကိုယ့်ဇာက်သိမ်းလှမှာ မဟုတ်ဘူးလေ၊ ပိုင်စီးထက် သာတဲ့ အရည်အချင်းရှိရင် ဘယ်သူ့ကိုမဆို ကိုယ်ထောက်ပံ့ပေးမယ်၊ မင်းသာ ပရိယာယ် ကြွယ်ပါစေ နောက်က လိုက်မဲ့ ငွေအင်အားက ကိုယ့်တာ၀န်ထား""

------------------

မနေ့ညက တစ်ညလုံး မအိပ်ဖြစ်ပဲ မောင့်ကို စောင့်နေခဲ့သည်။ မနက်မိုးလင်းသည်အထိ မောင် ပြန်မလာသောအခါ မ ပဲ မနေနိုင်မထိုင်နိုင် ရုံးကို ရောက်လာသည်။

အိမ်ထောင်သက် အတွင်းမှာ ပထမဆုံး မောင် အိမ်ပြန်မလာပဲ အပြင်မှာ ညအိပ်ခြင်းအတွက် စိတ်ခံစားရသော်လည်း မ ကြောင့်ဟုသာ သတ်မှတ်ပြီး အထွေအထူး စာဖွဲ့မပြချင်တော့။

မ ရုံးခန်းထဲ ၀င်သွားတော့ အလုပ်စားပွဲမှာ အလုပ်ရှုပ်နေသော မောင့်ကို တွေ့လိုက်ရသည်။

တံဆိပ် မဖြုတ်ရသေးသော Shirtနဲ့ မောင်က မ ကိုမြင်တော့ လက်ထဲက ဘောပင်ကို ချလိုက်သည်။

""ရုံးထိ ပြသနာ လာရှာတာလား မ၊ ဒါမှမဟုတ် သက်သေအမိဖမ်းဖို့ လာထောက်လှမ်းတာလား""

""ပြီးခဲ့တာတွေ မပြောပါနဲ့တော့ မောင်၊ မောင်က မဟုတ်ဘူးပြောရင် မဟုတ်လို့ပဲပေါ့၊ မောင်နဲ့စကားများရတာ မ စိတ်ပင်ပန်းတယ်၊ ပြီးရင် မောင်ရော မ ရော စိတ်ချမ်းသာရတာမဟုတ်ဘူး၊ မ မှားသွားတာပါ၊ မ တောင်းပန်ပါတယ်၊ ဒါကို ပြောချင်လို့ မ မအောင့်နိုင် မအညး်နိုင်ပဲ ရုံးကို ရောက်လာတာ၊ မပြောရမချင်း မ နေလို့ အဆင်ပြေမှာ မဟုတ်ဘူး၊ ပြီးတော့ မောင် ဒီညလည်း ပြန်မလာပဲနေမှာစိုးလို့ပါ၊ သေချာပေါက် မောင်ပြန်လာမှာ သိနေပေမဲ့ အကယ်၍ ပြန်မလာခဲ့ရင် ပြန်မလာခဲ့ရင်စိတ်နဲ့ မ နေလို့ မရလို့မောင့်ကို လာတောငး်ပန်တာပါ""

ဒီလိုကျတော့လည်း ပိုင်စီး စိတ်မကောငး်ပြန်။

သံသယကို အမြစ်ကနေ အပြတ်ရှင်းသင့်တယ် ပိုင် ...

တံတွေးတစ်ချက် မျိူချပြီး

""သိပြီ မ၊ မောင်အလုပ်ရှုပ်နေလို့ ဇွဲရန်ကို ပြန်ပို့ခိုင်းလိုက်မယ်""

""ရပါတယ် မ ကားပါလာတယ်၊ ရုံးချိန် ဇွဲရန် အလုပ်ပိုနေပါ့မယ်""

""ဒါဆိုလည်း ကားကို ဂရုစိုက်မောင်းသွား၊ နားရာကို ဂရုစိုက်လိုက်ဦး""

ပိုင်စီး ပြောပြီး စာရွက်စာတမ်းတွေကို ပြန်လှန်ကာ စစ်နေလိုက်သည်။

သူ့ကို အားနာခြင်းတွေနဲ့ တောင်းပန်နေသော မ အကြည့်တွေကို သူ ကြာကြာ မရင်ဆိုင်ရဲပါ။ အခန်းထဲက မ ထွက်သွားပြီ ထင်ပေမဲ့

လည်ပင်းကို ကိုယ်ငွေ့ ခပ်နွေးနွေး လာရှိုက်မှ ပိုင်စီး အနောက်ကိုလှည့်ကြည့်လိုက်သည်။

ပိုင်စီးအကျႌလည်ပင်းက တံဆိပ်ကို မ က သွားနဲ့ ကိုက်ဖြတ်ပေးနေသည်။ ပြတ်သွားသော တံဆိပ်ကို မ က ဖြုတ်ပြီး ပိုင်စီး လည်ပင်းကို ခပ်ဖွဖွ ပွတ်ချေပေးသည်။

""မ ကို ဘယ်လောက်စိတ်ဆိုးဆိုး အကျႌအသစ်၀တ်ရင် တံဆိပ်တော့ ဖြုတ်ဦးမှပေါ့၊ အခု ယားလို့ ကုတ်ရင်းနဲ့ လည်ကုတ်က နီရဲနေပြီ မောင်၊ ဒီနေ့ မောင့် ဘောငး်ဘီအရောင်နဲ့ Shirt အဆင် မလိုက်ဘူး၊ တကယ်ကိုပဲ မောင်နဲ့အသင့်တော်ဆုံး stylist က မ အပြင်မရှိနိုင်ဘူး၊ နောက်ကိုယ့်ဘာသာ မ၀ယ်နဲ့ မောင်နဲ့ လိုက်ဖက်တာ မ က အသိဆုံးပဲ""

အနီးကပ်မြင်နေရသော မ မျက်နှာကို ပိုင်စီး အကြည့်မလွဲှပဲ မှင်သက်စွာ ကြည့်နေမိသည်။

မ မရှိတဲ့ ဒီမနက်ခင်းက တကယ်ကို ပြာယာခက်ခဲ့ရသည်။ နေ့တနေ့အစ မနက်ခင်းတိုင်း ပိုင်စီးကို အိပ်ရာနှိုးပေးပြီး အကျႌကြယ်သီးတပ်ပေးတာအစ သွားဖို့ ဖိနပ်အဆုံး မ က အဆင်သင့်ဖြစ်သလောက် Downက ဘာမှမစီစဉ်တတ်တာမို့ ပိုင်စီးရဲ ့  ေ၀ယျ၀ိစ္စကို တစ်ခါမှ မလုပ်ပေးဖူး။ Downနဲ့အတူဆို ပိုင်စီးကပင် အားလုံး လုပ်ရသည်။ စားပြီးသောက်ပြီး Down စားပွဲပေါ် ဒီတိုင်းထားခဲ့သော ပန်းကန်တွေကို ဆေးရတာအစ Down ရေချိူးဖို့ ရေအဆင်သင့်ပြင်ပေးရတာပါအဆုံး။

ဒီနေ့မနက်မှာ မနက်စာစားရဖို့ နေနေသာသာ မနက်စောစော နှိုးမဲ့သူမရှိလို့ အိပ်ရာထ နောက်ကျပြီး ကတိုက်ကရိုက်ထွက်လာရသည်။ ပိုင်စီး ထ တဲ့အချိန်ထိ မိုးလငး်ခါနီးမှ အိပ်ပျော်သွားသော Downက အိပ်ရာမနိုးသေး။

အနီးအနားက Mart တစ်ခုကို ၀င်ပြီး တွေ့ရာ အကျႌကို ဆွဲယူ၀ယ်ပြန်တော့လည်း ကိုယ့် size ကိုယ်မသိသောကြောင့် တိုင်ပတ်ခဲ့ရသေးသည်။ တကယ့်ကို ဗရုတ်သုတ်ခ နိုင်ခဲ့သော မနက်ခင်း။

မနေ့ညက မာန်မာနတွေနဲ့ ထောင်လွှားနေခဲ့သော မ က အခုမူ နားလည်ပေးမှု့ တွေနဲ့  သိမ်မွေ့နူးညံ့နေသည်။

မ မျက်ခွံတွေ ဖောငး်ယောင်ရမ်းနေပြီး မျက်သားစံအိမ်က ရဲနေသည်။ ပါးနှစ်ဖက်က မို့နေသယောင်။

""ငိုခဲ့တာလား ... မ""

မ မျက်နှာကို လက်က အုပ်ကိုင်ပြီး အထိတ်တလန့် မေးမိသည်။

မ က မျက်ရည်ကျလာသော်လည်း ခေါင်းရမ်းကာ ခါးပြန်မတ်ပြီး ပိုင်စီးမမြင်အောင် တစ်ဖက်ကိုလှည့် မျက်ရည်သုတ်နေသည်။

""ညနေ ... မောင်ကြိုက်တဲ့ ဟင်းချက်ထားမယ်၊ အလုပ်ပြီးရင် စောစော ပြန်လာခဲ့နော်၊ သိပ်အပင်ပန်းမခံနဲ့၊ မောင်လဲဖို့ အကျႌတွေယူလာပေမဲ့ မောင်က အသစ်၀ယ်ပြီးပြီဆိုတော့ မ ပြန်ယူသွားလိုက်တော့မယ်၊ မ သွားပြီ မောင်""

မ လက်ကောက်၀တ်ကို ပိုင်စီး ဆွဲကိုင်လိုက်တော့ မ က လှည့်ကြည့်လာသည်။

""မောင် ပြန်လိုက်ပို့ပေးမယ်""

--------------

""ကိုပိုင်ဇေ ရန်ကုန်ကို ရောက်နေပြီ၊ ကိုဇွဲရန်""

""ဘာကိစ္စနဲ့လဲ""

""ဒီလိုပဲ ဟိုကိစ္စ ဒီကိစ္စကြောင့်ပေါ့""

""ကိုအာဏာ သိလား""

""မသိဘူး ... အခြေအနေတစ်ခု ဖြစ်မလာခင်အထိ ပိုင်စီးမသိစေရဘူး""

""အခြေအနေ? ဘာအခြေအနေကို ပြောတာလဲ""

""ပိုင်စီးထိုင်ခုံကို ကိုင်လှုပ်နိုင်မဲ့ အခြေအနေတစ်ခုပေါ့""

ဇွဲရန်ကို စူးစိုက်ကြည့်လျက် ချယ်ရီထွေး ရေရွတ်သောအခါ ဇွဲရန် မနေတတ်ဖြစ်သွားသည်။ စားပွဲပေါ်က ကော်ဖီပူပူကို ဟန်မပျက် ငုံ့သောက်လိုက်သည်။

""EDကျန်းလောင်ေ၀့ကို နေ့စဉ်နေ့စဉ် ကျွန်မချဉ်းကပ်ထားခ့ဲတယ်၊ မနက်က EDကျန်းလောင်ေ၀့က ပြောတယ် ... ပိုင်စီးကို ကိုင်လှုပ်နိုင်မဲ့ အခြေအနေတစ်ခုကို ဖန်တီးနိုင်ရင် ပိုင်စီးကို ဖြုတ်ချဖို့ သူ စဉ်းစားပေးမယ်တဲ့""

""ကျန်းလောင်ေ၀့က တကယ်ပဲ အဲ့လိုပြောသလား""

ဇွဲရန်၏ အံ့အားသင့်မေးခွန်းကို ချယ်ရီထွေးက ပေါ့ပေါ့ပါးပါး ပခုံးတွန့်ပြသည်။

""နေ့တိုင်း နေ့တိုင်း ချဉ်းကပ်တဲ့ ကျွန်မရယ်၊ ရန်ကုန်ကို ရောက်နေတဲ့ ကိုပိုင်ဇေအကြောငး်ရယ်၊ ဒီအတောအတွင်း မကျေနပ်ခဲ့သမျှ ပိုင်စီးကြောင့်ရယ်၊ အကျိူးအမြတ်လိုချင်တဲ့ သူကိုယ်တိုင်ကြောင့်ရယ် ... ကျန်းလောင်ေ၀့က သူ့အတွက် အကျိူးဖြစ်ရင် တစ်စုံတစ်ယောက်လို ပုဂ္ဂိုလ်စွဲမရှိပဲ ရင်းနှီးမြှပ်နှံမဲ့လူမျိူး""

""အဲ့ဒီ့ ပုဂ္ဂိုလ်စွဲတစ်စုံတစ်ယောက်က ငါ့ကို ရည်ညွှန်းတာ ဟုတ်မှဟုတ်ရဲ ့လား""

ချယ်ရီထွေးက ဒုတိယအကြိမ် ပခုံးတွန့်ပြသည်။ ထို့နောက် ဇွဲရန်ကိုကြည့်လျက်

""ပိုင်စီးကိုသာ ဖယ်ထုတ်နိုင်ရင် အခုလက်ရှိ ပိုင်စီးရဲ ့ နောက်လိုက်ခွေးအဆင့်ထက် သာကိုသာစေရမယ်၊ အခုပိုင်စီးလက်အောက်မှာ ရှင်သစ္စာရှိပေးတော့ရော ပိုင်စီးက ရှင့်ကို ဘာတွေများ အရေးတယူလုပ် အခွင့်အရေးပေးသလဲ၊ အိပ်ရာပေါ်က ယောက်ျားတစ်ယောက်နဲ့ ယှဉ်ရင်တောင် ရှင့်ကို သောက်ရေးစိုက်တဲ့ ကောင်မဟုတ်ဘူး၊ ရှင် နာတတ်စမ်းပါ၊ လူဆိုတာ စွန့်မှ စားရမှာ၊ လုပ်လိုက်စမ်းပါ၊ စွန့်စားလိုက်စမ်းပါ၊ ရှင့်ဘ၀ကို မှောက်ခုံ လှန်လိုက်သလို ပြောင်းလဲစေနိုင်ဖို့ အခွင့်အရေးပဲ၊ ကျွန်မ သိနေတယ် ရှင့်မှာ ပိုင်စီးကို ကိုင်လှုပ်နိုင်မဲ့ ဖဲချပ်ရှိနေတယ်၊ အဲ့ဒါ ထုတ်သုံးလိုက်ပါ""

ဖဲချပ်! သိပ်ရှိတာပေါ့ ပိုင်စီးအာဏာကို အခြေယိုင်စေမဲ့ ဖဲချပ် ...

ကျွန်တော် ထုတ်သုံးသင့်သလား ကိုအာဏာ ...

___________________

Updateတောင်းတော့ မနေနိုင်ဘူး
အရှည်ကြီး Up ထားတယ်
Typing error တွေ ပါလာရင် နားလည်ပေးပါ။ 

ဖတ်ပေးတဲ့ "တွဲလက်" တွေအားလုံးကို ကေးျဇူးအများကြီး အထူးတင်ပါတယ် _/\_
သိပ်ချစ်ကြောင်းကို မပြောလည်း သိတယ်မဟုတ်လား -.-

4:48PM
9/13/2018

Continue Reading

You'll Also Like

144K 7.8K 62
အာဏာရွင္=မင္းနဲ႔တူတဲ႔သူေတြ ေထာင္ေပါင္းမ်ားစြာရွိပါေစ ငါ့ရင္ခုန္သံက မင္းအနားမွာပဲႀကားရတယ္ ္ေႏြဦးသခင္=ညီညီ္ ကိုသာျပန္ေတြ႔ခဲ႔ရင္ အရာရာအားနာေနရမွာ ပိုင္...
3.3K 195 16
Aura Book စာအုပ်တိုက် ကနေထုတ်ဝေခဲ့ပြီး Author Hsu Chi Ko နဲ့အတူ ဇာတ်လမ်းတို လေးပုဒ်ပါဝင်တဲ့ Clover စာအုပ်လေးပါ။ အဲ့ဒီ့ထဲက မမွန်ရေးသားခဲ့တဲ့ ဇာတ်လမ်း...
1.3M 83.2K 44
ချစ်သူအမုန်းခံရတာထက် သေမင်းခေါ်ရာနောက် လိုက်သွားရတာကို အလိုရှိတယ် ။ ခ်စ္သူအမုန္းခံရတာထက္ ေသမင္းေခၚရာေနာက္ လိုက္သြားရတာကို အလိုရွိတယ္ ။
296K 24.4K 74
အခ်စ္.....အမုန္း အချစ်.....အမုန်း ZawGyi+Unicode