ကြွေကြိုး ေျကြျကိဳး (Zawgyi+U...

By Lyne_Ne

460K 57.3K 8K

စိတ္ကူး အိမ္မက္ နဲ႕ လက္ေတြ႕ အားလံုးမွာ ျဖစ္တည္မႈက ခ်ည္ေနွာင္ထားတဲ႔ ႀကိဳး ေၾကြ ႀကိဳး စိတ်ကူး အိမ်မက် နဲ့ လက်တွ... More

Teaser
Ep- 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Part - 25
Part - 26
Part - 28
Part - 29
Part -30
Part - 31
Part - 32
Part-33 (X'mas Special)
Part - 34
Part-35
Part -36
Part- 37
part -38
Part -39
part -40
part -41
part -42
part -43
part -44
part - 45
part - 46
part - 47
part - 48
part - 49
part - 50
part - 51
Review time
Part - 52
Part - 53
Part - 54
Excuse!
Part - 55
Announce!
Part - 56
Thanks note
Part - 57 (Final Part)

Part -27

7.3K 1K 205
By Lyne_Ne

*ring *ring
.
.
.
*ring... *ring...

ေတာက္ေလွ်ာက္ နားထဲဝင္လာတဲ႔ ring tone သံေႀကာင့္ သြန္းမာန္ ေလးလံေနတဲ႔ မ်က္ခြံကို
အားတင္းဖြင့္လိုက္မိသည္။

စိတ္ထဲ ညနက္နက္ျဖစ္မည္ဟု ထင္ထားေပမယ့္ မ်က္ဝန္းကိုစူးစိုက္လာတဲ့ အလင္းတန္းေၾကာင့္ ခ်က္ခ်င္းမ်က္စိ
အျမန္ျပန္မွိတ္လိုက္ၿပီး ခ်က္ခ်င္းေတြးလိုက္မိတာက

မိုးေတာင္လင္းသြားၿပီပဲ.......

ညက ဘယ္အခ်ိန္ အိပ္ေပ်ာ္သြားမွန္းေတာင္ မမွတ္မိေတာ့
.
.
ညက ႀကိဳးေလး ႐ုတ္တရက္ေရာက္ခ်လာၿပီး....

ႀကိဳးေလးဆိုမွ .......

ႀကိဳးေလးဘယ္အခ်ိန္ ျပန္သြားတာပါလိမ့္

အေတြးနဲ႔ အတူ သြန္းမာန္ လူးလဲ ထလိုက္ေတာ့...
သြန္းမာန္ အိပ္ေနတဲ့ sofa နဲ႔ မ်က္ႏွာခ်င္းဆိုင္ ထိုင္ခံုမွာ ေျခခ်ိတ္ထိုင္ေနတဲ့ ႀကိဳးေလး ကို ေတြ႔လိုက္ရေလသည္။

" ဟင္!?.... ႀကိဳးေလး မင္းမျပန္ရေသးဘူးလား?"

သြန္းမာန္ စကားအဆံုးမွာ ႀကိဳးေလးရဲ႕ မ်က္နွာမွာ
အျပံဳးေဖ်ာ့ေဖ်ာ့ေလးတစ္ခု ေပၚလာၿပီး...

" ခင္ဗ်ားကို မႏႈတ္ဆက္ရေသးလို႔ ထိုင္ေစာင့္ေနတာ ေလ"
.
.
.
.
.

သြန္းမာန္ လူးလဲထေနရင္းကေန ႀကိဳးေလးရဲ႕ စကား
ေၾကာင့္ လႈပ္႐ွားမႈေတြ အားလံုးခဏရပ္သြားၿပီး ႀကိဳးေလးကို ေၾကာင္ၿပီးၾကည့္ေနလိုက္မိသည္။

ဒီကေလးနဲ႔ေတာ့...... တကယ္ပါပဲ

" ဘာလို႔ အဲ့လို ေၾကာက္စရာေကာင္းေအာင္ ၾကည့္ေနတာလဲ?.. ေၾကာက္ေအာင္လည္း ေျခာက္မထားမိပါဘူး"

ေပါ့ေပါ့ပါးပါးတံု႔ျပန္လာတဲ့ ႀကိဳးေလးရဲ႕စကားေၾကာင့္ သြန္းမာန္ အၾကည့္ေတြကို ႐ုတ္သိမ္းၿပီး နာရီၾကည့္လိုက္ေတာ့

7:50 A.M

" ႀကိဳးေလးရယ္ တစ္ညလံုးပဲ ထိုင္ေစာင့္ေနရလား? ..
ကိုယ္အိပ္ေပ်ာ္သြားရင္လည္း ႏိုးလိုက္ေရာေပါ့....
ဒါမွမဟုတ္..... ႏႈတ္မဆက္ပဲ ျပန္လည္းရတာပဲကို..... "

" အိပ္ရာႏိုးႏိုးခ်င္း အခုလို စကားေတြ ေျပာေနရတာ
မပင္ပန္းဘူးလား ကိုးမာန္ရယ္.... ေအးေဆးေပါ့.."

" ႀကိဳးေလး...."

" ဘာေတြကို ဒီေလာက္ထိ serious ျဖစ္ေနတာလဲ
ကိုးမာန္?... ခင္ဗ်ားအိပ္ေပ်ာ္သြားတယ္ ကြၽန္ေတာ္ထိုင္ေစာင့္ေနတယ္.....
ဒါ ကြၽန္ေတာ့္ လြတ္လပ္ခြင့္ေလ...ဘာလဲ ခင္ဗ်ား အိမ္ထဲမွာဆိုေတာ့ ခင္ဗ်ားအိပ္ေပ်ာ္ေနတုန္း....ခင္ဗ်ားအိမ္က ပစၥည္း ေတြ ခိုးသြားမွာ စိုးေနတာလား????"

" ႀကိဳးေလး! ကိုယ္ေျပာေနတာ အဲ့သေဘာ လံုးဝမပါဘူး"

" ဒါဆိုလည္း ဆက္မေျပာနဲ႔ေတာ့ေလ.... ကြၽန္ေတာ္က ခင္ဗ်ား ထိုင္ခြင့္ျပဳထားတဲ့ ခံုမွာ ထိုင္ၿပီး ခင္ဗ်ားကို တစ္ညလံုး ၾကည့္ရံုေလး ၾကည့္ေနခဲ့တာ.... ဘာ အျပစ္မွ လုပ္မထားလို႔ လာၿပီး ေအာ္ေငါက္မေနနဲ႔ ကိုးမာန္ "
.
.
.
.
.

" မၿငီးေငြ႔ဘူးလား?"

႐ုတ္တရက္ ကိုးမာန္ ဆီကထြက္လာတဲ့ အေမးစကား
ေၾကာင့္ အနည္းငယ္ အံ့ျသမိသြားတဲ့ ေႂကြ..

" ဘာမွမထူးျခားတဲ့ ငါ့ကို ဒီေလာက္ လိုက္ၾကည့္ေနတာ မၿငီးေငြ႔ဘူးလား ႀကိဳးေလး?"

" ဆက္ေျပာပါဦး... "

Sofa လက္တန္းေလးအေပၚ လက္ေထာက္ၿပီး
ဆက္ေျပာခိုင္းေနျပန္တဲ့ ႀကိဳးေလး...

" တကယ္ဆို မင္း တစ္စိမ့္စိမ့္ထိုင္ၾကည့္ရေလာက္ေအာင္
ဘာေကာင္မွ မဟုတ္ဘူးေလ!!! ငါ့လို......မေရရာ မေသခ်ာနဲ႔ လူကို ဘာေတြၾကည့္ၿပီး စြဲလမ္းေနရတာလဲ??"

သြန္းမာန္ စကားအဆံုးမွာ ျပံဳးလိုက္ျပန္တဲ့ ႀကိဳးေလး...
ဒါေပမယ့္လည္း.....
အျပံဳးေတြက နားလည္ရခက္လြန္းသည္ေလ......

" ထူးျခားမွ ခ်စ္ရမယ္ဆိုရင္ ဒီကမၻာမွာ လူလူခ်င္း ညားတဲ့သူေတာင္႐ွိမွာမဟုတ္ဘူး..... အကုန္လံုးက ပခံုးႏွစ္ဖက္
ၾကားေခါင္းေပါက္ၾကတာခ်ည္းပဲကို..... ဘာေတြထပ္ၿပီး ထူးျခားဖို႔ ေမွ်ာ္လင့္ေနတာလဲ ကိုးမာန္??"

သြန္းမာန္ကို ျပန္ေမးလာတဲ့ စကားကိုေတာ့ သြန္းမာန္
တံု႔ျပန္စရာမ႐ွိခဲ့......

" ၿပီးေတာ့.....ကြၽန္ေတာ္က ခင္ဗ်ားကို စြဲလမ္းေနတာ မဟုတ္ဘူး....... ခ်စ္ေနတာ..."

.
.
.
သြန္းမာန္နားဆီ အ႐ွိန္ျပင္းျပင္းနဲ႔ ထပ္မံေရာက္႐ွိ လာတဲ့ စကားစုေလး....

ခ်စ္တယ္တဲ့လား......
.
.
.
" စြဲလမ္းမႈ နဲ႔ အခ်စ္ဆိုတာ တစ္သားတည္းမဟုတ္တာ
ခင္ဗ်ားနားလည္ဖို႔ႀကိဳးစားၾကည့္ပါ... စြဲလမ္းမႈ ရဲ႕
ေဘးထြက္ဆိုးက်ိဳးေတြေၾကာင့္ အခ်စ္ရဲ႕ အဓိပၸါယ္ ေလး ႐ႈပ္ေထြးေနရတာ..."

ေႂကြ ကားေသာ့ နဲ႔ ph ေလးကိုင္ၿပီး
မတ္တပ္ရပ္လိုက္ကာ..

" တစ္တယ္ေတာ့ အခ်စ္ဆိုတာ ကိုယ့္ကိုယ္ကိုယ္
႐ိုးသားျခင္းပဲ ကိုးမာန္..... ကဲပါေလ အမ်ားႀကီးေျပာေနမိ
ျပန္ၿပီ....
သြားေတာ့မယ္ တာတာ့..."

ကားေသာ့ေလးတရမ္းရမ္း နဲ႔ ေက်ာခိုင္းသြားတဲ့ ေႂကြႀကိဳးရဲ႕ မ်က္ႏွာေလး ပကတိ ဝင္းလက္ေနတာကို ေတာ့ ခံုမွာ ေတြေတြေလးၿငိမ္သက္ ေတြးေငးေနတဲ့ ကိုးမာန္ ျမင္လိုက္ မွာ မဟုတ္......။

.
.
.
ႀကိဳးေလးေျပာတဲ့ စကားေတြကို ျပန္ေတြးေနမိတဲ့ ကိုးမာန္
.
.
.
.
ဘဝရဲ႕ အခ်စ္ေရးက တစ္ခါတစ္ရံ ေတြးရခက္လြန္းတဲ့
ဉာဏ္စမ္းတစ္ပုဒ္ ျဖစ္ေနတာပါလား။
..
.
.
မင္းလမ္းျပမွာပဲ....ကိုယ္ လမ္းကို ဝိုးတဝါး ျမင္ေနခဲ့ရၿပီ ထင္တယ္........။

~~~~~~~~~~~~~~~~~~

တစ္ညလံုး ကိုးမာန္ မ်က္ႏွာကို တစ္စိမ့္စိမ့္ ထိုင္ၾကည့္ေနခဲ့ရတဲ့ အျပင္..

မနက္ေစာေစာစီးစီး တံုးလြန္းတဲ့ ဒင္းကို လက္ခ်ာ ႐ိုက္ခဲ့ရတာေၾကာင့္ အေက်နပ္ႀကီး ေက်နပ္ၿပီး ျပံဳးေနခဲ့တဲ့ ေႂကြ႔
မ်က္ႏွာေလး ဟာ ဧည့္ခန္းထဲဝင္ဝင္ခ်င္းမွာပင္
႐ုတ္ခ်ည္း တည္တင္းသြားရသည္။

အေၾကာင္းကေတာ့ Daddy နဲ႔ Mommy အတူ ႐ွိေနတာ ေၾကာင့္ပင္။

ထိုင္ေနေပမယ့္ စကားတစ္လံုးမွ မေျပာၾကတဲ့ အေျခေနရဲ႕ ေအးစက္မႈက
ေႂကြ႔အတြက္ မထူးဆန္း။

" ေစာေစာစီးစီး ျပန္လာတာဆိုေတာ့ ညကတည္းက
အိမ္ျပန္မလာတာေပါ့ေလ....... အက်င့္ဆိုးေတြပဲ
ေႂကြ.."

Mommy ဆီကေန ၾကားေနက် ရြဲ႔တဲ့တဲ့ စကားေလး
ေၾကာင့္ ေႂကြ ျပံဳးလိုက္မိသည္။

ဘာမွ မတံု႔ျပန္ပဲ ေလွကား ရင္းနားမွာ ဖိနပ္ ႀကိဳးျဖည္ေနလိုက္သည္။

" ေနာက္ႏွစ္ရက္ေနရင္ မင္းညီေလး ေမြးေန႔႐ွိတယ္ ေႂကြ.
ဒီမွာ ဖိတ္စာ ေရာက္ေအာင္လာခဲ့.."

လက္ထဲေရာက္လာတဲ့ ဖိတ္စာေလးကို ေ႐ွ႕ေနာက္
တစ္ခ်က္ၾကည့္လိုက္ၿပီး ...

" Mommy တို႔လည္းအရမ္း ႏြယ္တက္တာပဲေနာ္ "

" ဘာ! "

" မလိုအပ္ပဲ ေတာ္ေတာ္ေလးလည္း
အပင္ပန္းခံၾကတယ္.. "

" ဒါေႂကြ႔ကို မိသားစုအေနနဲ႔ အခြင့္ေရးေပးတာေလ.."

ေႂကြ အံ့အားသင့္သြားတဲ့ပံု ပါးစပ္အေဟာင္းသားေလး
လုပ္ျပလိုက္ၿပီး....

" အာ..... အဲ့လိုကိူး ေက်းဇူးတင္ေပးပါ့မယ္ Mommy"

" ေျပာလက္စ နဲ႔ ဆက္ေျပာ ဦးမယ္..ေႂကြ ငါနင့္သတင္း
ေတြၾကားတယ္... နင္ရည္းစားထားေနၿပီဆို...
အဲ့ဒါကလည္း မိန္းကေလးမဟုတ္ပဲ ေယာက္်ားေလးဆို??"

" အင္းေလ... အဲ့တာဘာျဖစ္လို႔လဲ?."

" နင္မ႐ွက္ဘူးလား ေႂကြ? ေယာက်္ားေလး
တစ္ေယာက္ျဖစ္ပါလ်က္နဲ႔ တစ္ျခားေယာက္်ား
တစ္ေယာက္ကို ရည္းစား အျဖစ္ တြဲရတာ.....
႐ွက္တက္ရင္ ေသလို႔ရတယ္ ေႂကြ........"

" ပဲျပဳတ္သည္က မနက္ခင္းပဲ လာတက္ေတာ့ မနက္စာအျဖစ္ပဲ ထင္ေနၾကသလိုေပါ့.....
ေယာက်္ား ေတြကလည္း မိန္းမေတြကိုပဲ ခ်စ္ဖူးၾကေတာ့ ဒါမ်ိဳးကို ထူးဆန္းေနၾကတာ... နားလည္ပါတယ္
ဒီေလာက္ပဲ ေတြးတက္ၾကတာပဲမလား........"

ေႂကြ႔စကားအဆံုးမွာ သိသိသာသာ ပ်က္ယြင္းသြားေသာ
Mommy မ်က္ႏွာကို
ၾကည့္ၿပီး ေႂကြ စကားဆက္ ေျပာလိုက္သည္။

" တစ္စံုတစ္ေယာက္ကို ခ်စ္ဖို႔ ဘာျဖစ္ရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ထက္.....
ႏွလံုးသား လွလွေလးတစ္စံုပဲလိုတာပါ....."

ေႂကြ ေျပာၿပီး အေပၚထပ္တက္ေနစဥ္....

" ႐ွင့္သားက... ႐ွင္းအတိုင္းပါပဲလား.. ကိုမင္းေနာင္"

ေရေႏြးၾကမ္းပန္းကန္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားေပမယ့္ ဘတံု႔ျပန္မႈမွ မလာတဲ့ Daddy အစား
ေႂကြကပဲ ေျပာလိုက္သည္။

" mommy နဲ႔လည္းတူပါတယ္.... ဒီမ်က္လံုးေတြေလ....kkkkkkkkk"

မခိုးမခန္႔ရယ္သံေလးနဲ႔အတူ အေပၚထပ္တကိသြားတဲ့
ေႂကြ႔ရဲ႕ေက်ာျပငိကိုၾကည့္ၿပီး ဦးမင္းေနာင္ႀကိဳး
အံတင္းတင္းႀကိတ္ထားလိုက္မိသည္။
.
.
.
.
လုပ္ထားႏွင့္ ေႂကြ...... သိပ္မၾကာခင္...
ေႂကြ ခံစားရေအာင္ Daddy လုပ္ေပးမယ္.....
နာက်င္မႈအစစ္အမွန္ကို သိတဲ့ တစ္ေန႔ Daddy ကို မ႐ွိမျဖစ္ ျပန္လိုအပ္လာေစရမယ္.......

.
.
.
.
ရယ္ရယ္ေမာေမာ နဲ႔ အခန္းထဲဝင္လာတဲ့ေႂကြ...
အခန္းထဲေရာက္ေတာ့ မွန္နား အသာေလးကပ္သြားၿပီး...
မ်က္ဝန္းေတြကို လက္နဲ႔ အသာ တို႔ထိလိုက္ကာ....
ခပ္တိုးတိုးေလး ေျပာလိုက္မိတာက.......
.
.
.
.
.

" တကယ္လည္း တူသင့္တာပဲေလ...... မိသားစု ပဲကို..."
.
.
.
.~~~~~~~~~~~~~~~~~~~~~

ေနသိပ္မေကာင္းေသးေပမယ့္..
ႀကိဳးေလးကို သတိရလြန္းေနတာေၾကာင့္ အလုပ္ကိုသာဖိလုပ္ေနမိတဲ့ သြန္းမာန္.....

ဒီႏွစ္ရက္အတြင္း... ႀကိဳးေလးတစ္ေယာက္
စာမလာ သတင္းမၾကားနဲ႔ ေပ်ာက္သြားျပန္တာ..

ဒီလိုဆိုေတာ့လည္း သြန္းမာန္ မေနတက္ျပန္....
.
.
.
ဒါေပမယ့္လည္း.....
သြန္းမာန္ ႀကိဳးစားၿပီးေနၾကည့္ေနတာ...

သူရဲ႕မေရမရာ အျပဳအမူေတြက ႀကိဳးေလးကို ပို အဆိပ္တက္ေနေစမွာ သူတကယ္ မလိုလား....

ႀကိဳးေလးလိုလားေနတာေတြကို သူ ေပးႏိုင္ဖို႔ ယံုၾကည္ခ်က္မ႐ွိေသးတာေတာ့အမွန္..

တကယ္ေတာ့......
သြန္းမာန္ ကိုယ့္ကိုယ္ကိုယ္ ဘာယံုၾကည္မႈမွကို ႐ွိမေန..

နားထဲမွာ...... ဟိုေန႔ကစကားေတြသာ ျပန္ၾကားေယာင္လ်က္..

သူမ်ားမိသားစုကို ၿပိဳကြဲေအာင္ လုပ္မိတဲ့ ငါ...
ေပ်ာ္ရႊင္ ခြင့္ေရာ ႐ွိေသးရဲ႕လားေလ...

*ring *ring

Ph ျမည္သံေၾကာင့္ အေတြးစကိုျဖတ္ၿပီး ph
ကိုင္လိုက္သည္။

" hello''

" သြန္းမာန္သစ္....''

တစ္ဖက္က ျပန္ေျဖသံေၾကာင့္ သြန္းမာန္ ေခါင္းႀကီးသြားရသည္။
ဒီလူ.. ph no ဘယ္ကရတာလဲ...

" ခ်က္ခ်င္းးတိတ္သြားးတာပါပဲလား ''

" ခင္ဗ်ား.. ကြၽန္ေတာ့္ ph no ဘယ္ကရတာလဲ??"

" ပြဲစား.. ကိုလွဦးဆီကေလ.."

ကို လွဦး ဆိုတာ.....
သြန္းမာန္ ေလလံရ စက္ရံု ဝယ္ခိုင္းထားတဲ့သူ..

ဘယ္လိုလုပ္ၿပီး...

" သိပ္အ့ံျသမေနပါနဲ႔...အံျသစရာ႐ွိေသးတယ္ မင္းလိုခ်င္တဲ့ စက္ရံုကို ကိုလွဦး ဆီကေန ေစ်းေကာင္းေပးဝယ္လိုက္ၿပီ''

"ဘာဗ်!!!"

သြန္းမာန္ မတ္တပ္ထရပ္မိသည္အထိ စိတ္လႈပ္႐ွားသြားရတာ...
ဒီစက္ရံု အတြက္ သူ project ေတြ ဆြဲထားတာ
တစ္ေလွႀကီး..

အခုေတာ့..

" မင္းအတြက္ အေရးႀကီးတယ္မလား... ငါ့ဆီက
ျပန္ဝယ္ေလ...''

" မဝယ္ဘူး....
ခင္ဗ်ားနဲ႔ ကြၽန္ေတာ္ ဘာမွ ပတ္သတ္စရာအေၾကာင္း
မ႐ွိဘူး...''

သြန္းမာန္ ph ကို အျမန္ခ်လိုက္ၿပီး sofa မွာ ငူငူႀကီး
ထိုင္ေနလိုက္သည္။

ဒီလူ တစ္မ်ိဳးၿပီးတစ္မ်ိဳး ေႏွာင့္ယွက္ေနတာ...
သြန္းမာန္ပတ္ဝန္းက်င္က အရာအားလံုးကို သူနဲ႔ဆက္ႏြယ္ေနေအာင္ ႀကိဳးစားေနတာ..

ဒီအခ်ိန္က်မွ ႐ုတ္တရက္ဘာလာ ထျဖစ္ေနမွန္းကို မသိ...

ထိုစဥ္..

*ring
Ph ထပ္ျမည္လာသံေၾကာင့္ သြန္းမာန္ မရဲတရဲ
ၾကည့္လိုက္ေတာ့
Screen ေပၚမွာ လင္းေနတဲ့ နာမည္ေလးက..
..ႀကိဳးေလး...

႐ုတ္တရက္ ရင္ထဲ လႈိက္ခနဲ တက္လာတဲ့ ေပ်ာ္ရႊင္မႈ..
သြန္းမာန္ ကိုယ္တိုင္ သတိမထားမိလိုက္တဲ့ ေပ်ာ္ရႊင္ျခင္း
ေတြနဲ႔အတူ ph ကို အျမန္ ကိုင္လိုက္သည္

" ႀကိဳးေလး''

" ျဖည္းျဖည္းေခၚပါဗ်ာ.... နားလည္းကြဲေတာ့မယ္''

" sor...sorry ပါကြာ... ''

" ဒီည nightout ထြက္မယ္ ကိုးမာန္..လိုက္မလား"

" လိုက္မယ္... ဘယ္အခ်ိန္လဲ...ဘယ္ကိုလာရမလဲ???"

ႀကိဳးေလးဘက္က reply မလာပဲ ၿငိမ္သြားတာေၾကာင့္

" ႀကိဳးေလး?"

"ကိုးမာန္ ေျပာင္းလဲသြားတယ္ေနာ္ အရင္ကဆို ေခၚရင္ေတာင္ လိုက္မယ့္သူမဟုတ္တာကို....

တစ္ခုခုျဖစ္ေနတာလား ကိုးမာန္?"

ဒီတစ္ေခါက္ ၿငိမ္သြားတာက သြန္းမာန္..
ခဏၿငိမ္သက္သြားၿပီး...

" ဒီလိုပဲ... ပင္ပန္းလို႔ "

" ပင္ပန္းတယ္လို႔ ထုတ္မညည္းစမ္းပါနဲ႔..... ကိုယ္
ဝဋ္ ႀကီးတာ လူသိတယ္..."

ဟုတ္တာေပါ့... သြန္းမာန္ ဘဝ ဝဋ္ႀကီးလြန္းလို႔ ႐ႈပ္ေထြးေနတာ....
ဒီဘဝေတာင္ အေက်ဆပ္ႏိုင္ပါ့မလားမသိ....

" ခင္ဗ်ား ဝဋ္ေႂကြးဒဏ္ပိေနတာေလး သက္သာေအာင္ လုပ္ေပးမယ္..ညက်ရင္ Yangon ၿမိဳ႕လယ္ေခါင္က ဘုရားကို လာခဲ့... "

" ok ကိုယ္ လာခဲ့မယ္"

ႀကိဳးေလး ph ခ်ခါနီး

" ေက်းဇူးပဲ ႀကိဳးေလး.. မင္းေၾကာင့္ ခဏတာ ငါ စိတ္သက္သာရာရတယ္ "

" ေက်းဇူးတင္ရင္ ေက်းဇူးဆပ္ေလ.. စကားနဲ႔ေတာ့ လာမေျပာနဲ႔ ေက်းဇူးေတာ့ ခဏခဏ တင္ေနၿပီး ေက်းဇူး ကမ္းတက္ၾကလြန္းလို႔ မယံုဘူး...''

" ဟုတ္ပါၿပီ... ညက်မွ ဆက္ေျပာတာေပါ့''

ကိုးမာန္ ph ခ်သြားေပမယ့္ ေႂကြႀကိဳးကေတာ့ ph screen ေလးကို ၾကည့္ၿပီး... တိုးတိုးေလးေျပာလိုက္မိသည္။
.
.
.
.
.
" ခ်စ္တယ္ ဆိုတဲ့ စကားနဲ႔လည္း မစိမ္းပါဘူး...
အခ်စ္မခံရဖူးတာပဲ႐ွိတာ....
ခင္ဗ်ားဆီကလည္း..... စကားသက္သက္ေတြပဲ လာမွာေတာ့ မဟုတ္ေလာက္ဘူးမလား.......ကိုးမာန္ "

~~~~~~~~~~~~~~~~~~~

tbc.
Finally i can update
Thanks for lovely my creations
I love xoxo my readers....

10.10.2018
11:53 P.M
N.S.P

Notice...
Update ၾကာသြားလို႔ စိတ္မေကာက္ၾကပါနဲ႔ေနာ္
စပ႐ိုက္ update ေတြကေစာင့္ႀကိဳေနပါတယ္
ျဖည္းျဖည္း မွန္မွန္ေလးေရးေနပါတယ္ဗ်
ေဝဖန္ေပးၾကပါေနာ္
လက္ရည္ေတြက်ေနတာ အားေပးမွ ျပန္တက္လာမွာပါလို႔
Love you...



*ring *ring
.
.
.
*ring... *ring...

တောက်လျှောက် နားထဲဝင်လာတဲ့ ring tone သံကြောင့် သွန်းမာန် လေးလံနေတဲ့ မျက်ခွံကို
အားတင်းဖွင့်လိုက်မိသည်။

စိတ်ထဲ ညနက်နက်ဖြစ်မည်ဟု ထင်ထားပေမယ့် မျက်ဝန်းကိုစူးစိုက်လာတဲ့ အလင်းတန်းကြောင့် ချက်ချင်းမျက်စိ
အမြန်ပြန်မှိတ်လိုက်ပြီး ချက်ချင်းတွေးလိုက်မိတာက

မိုးတောင်လင်းသွားပြီပဲ.......

ညက ဘယ်အချိန် အိပ်ပျော်သွားမှန်းတောင် မမှတ်မိတော့
.
.
ညက ကြိုးလေး ရုတ်တရက်ရောက်ချလာပြီး....

ကြိုးလေးဆိုမှ .......

ကြိုးလေးဘယ်အချိန် ပြန်သွားတာပါလိမ့်

အတွေးနဲ့ အတူ သွန်းမာန် လူးလဲ ထလိုက်တော့...
သွန်းမာန် အိပ်နေတဲ့ sofa နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ခြေချိတ်ထိုင်နေတဲ့ ကြိုးလေး ကို တွေ့လိုက်ရလေသည်။

" ဟင်!?.... ကြိုးလေး မင်းမပြန်ရသေးဘူးလား?"

သွန်းမာန် စကားအဆုံးမှာ ကြိုးလေးရဲ့ မျက်နှာမှာ
အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာပြီး...

" ခင်ဗျားကို မနှုတ်ဆက်ရသေးလို့ ထိုင်စောင့်နေတာ လေ"
.
.
.
.
.

သွန်းမာန် လူးလဲထနေရင်းကနေ ကြိုးလေးရဲ့ စကား
ကြောင့် လှုပ်ရှားမှုတွေ အားလုံးခဏရပ်သွားပြီး ကြိုးလေးကို ကြောင်ပြီးကြည့်နေလိုက်မိသည်။

ဒီကလေးနဲ့တော့...... တကယ်ပါပဲ

" ဘာလို့ အဲ့လို ကြောက်စရာကောင်းအောင် ကြည့်နေတာလဲ?.. ကြောက်အောင်လည်း ခြောက်မထားမိပါဘူး"

ပေါ့ပေါ့ပါးပါးတုံ့ပြန်လာတဲ့ ကြိုးလေးရဲ့စကားကြောင့် သွန်းမာန် အကြည့်တွေကို ရုတ်သိမ်းပြီး နာရီကြည့်လိုက်တော့

7:50 A.M

" ကြိုးလေးရယ် တစ်ညလုံးပဲ ထိုင်စောင့်နေရလား? ..
ကိုယ်အိပ်ပျော်သွားရင်လည်း နိုးလိုက်ရောပေါ့....
ဒါမှမဟုတ်..... နှုတ်မဆက်ပဲ ပြန်လည်းရတာပဲကို..... "

" အိပ်ရာနိုးနိုးချင်း အခုလို စကားတွေ ပြောနေရတာ
မပင်ပန်းဘူးလား ကိုးမာန်ရယ်.... အေးဆေးပေါ့.."

" ကြိုးလေး...."

" ဘာတွေကို ဒီလောက်ထိ serious ဖြစ်နေတာလဲ
ကိုးမာန်?... ခင်ဗျားအိပ်ပျော်သွားတယ် ကျွန်တော်ထိုင်စောင့်နေတယ်.....
ဒါ ကျွန်တော့် လွတ်လပ်ခွင့်လေ...ဘာလဲ ခင်ဗျား အိမ်ထဲမှာဆိုတော့ ခင်ဗျားအိပ်ပျော်နေတုန်း....ခင်ဗျားအိမ်က ပစ္စည်း တွေ ခိုးသွားမှာ စိုးနေတာလား????"

" ကြိုးလေး! ကိုယ်ပြောနေတာ အဲ့သဘော လုံးဝမပါဘူး"

" ဒါဆိုလည်း ဆက်မပြောနဲ့တော့လေ.... ကျွန်တော်က ခင်ဗျား ထိုင်ခွင့်ပြုထားတဲ့ ခုံမှာ ထိုင်ပြီး ခင်ဗျားကို တစ်ညလုံး ကြည့်ရုံလေး ကြည့်နေခဲ့တာ.... ဘာ အပြစ်မှ လုပ်မထားလို့ လာပြီး အော်ငေါက်မနေနဲ့ ကိုးမာန် "
.
.
.
.
.

" မငြီးငွေ့ဘူးလား?"

ရုတ်တရက် ကိုးမာန် ဆီကထွက်လာတဲ့ အမေးစကား
ကြောင့် အနည်းငယ် အံ့သြမိသွားတဲ့ ကြွေ..

" ဘာမှမထူးခြားတဲ့ ငါ့ကို ဒီလောက် လိုက်ကြည့်နေတာ မငြီးငွေ့ဘူးလား ကြိုးလေး?"

" ဆက်ပြောပါဦး... "

Sofa လက်တန်းလေးအပေါ် လက်ထောက်ပြီး
ဆက်ပြောခိုင်းနေပြန်တဲ့ ကြိုးလေး...

" တကယ်ဆို မင်း တစ်စိမ့်စိမ့်ထိုင်ကြည့်ရလောက်အောင်
ဘာကောင်မှ မဟုတ်ဘူးလေ!!! ငါ့လို......မရေရာ မသေချာနဲ့ လူကို ဘာတွေကြည့်ပြီး စွဲလမ်းနေရတာလဲ??"

သွန်းမာန် စကားအဆုံးမှာ ပြုံးလိုက်ပြန်တဲ့ ကြိုးလေး...
ဒါပေမယ့်လည်း.....
အပြုံးတွေက နားလည်ရခက်လွန်းသည်လေ......

" ထူးခြားမှ ချစ်ရမယ်ဆိုရင် ဒီကမ္ဘာမှာ လူလူချင်း ညားတဲ့သူတောင်ရှိမှာမဟုတ်ဘူး..... အကုန်လုံးက ပခုံးနှစ်ဖက်
ကြားခေါင်းပေါက်ကြတာချည်းပဲကို..... ဘာတွေထပ်ပြီး ထူးခြားဖို့ မျှော်လင့်နေတာလဲ ကိုးမာန်??"

သွန်းမာန်ကို ပြန်မေးလာတဲ့ စကားကိုတော့ သွန်းမာန်
တုံ့ပြန်စရာမရှိခဲ့......

" ပြီးတော့.....ကျွန်တော်က ခင်ဗျားကို စွဲလမ်းနေတာ မဟုတ်ဘူး....... ချစ်နေတာ..."

.
.
.
သွန်းမာန်နားဆီ အရှိန်ပြင်းပြင်းနဲ့ ထပ်မံရောက်ရှိ လာတဲ့ စကားစုလေး....

ချစ်တယ်တဲ့လား......
.
.
.
" စွဲလမ်းမှု နဲ့ အချစ်ဆိုတာ တစ်သားတည်းမဟုတ်တာ
ခင်ဗျားနားလည်ဖို့ကြိုးစားကြည့်ပါ... စွဲလမ်းမှု ရဲ့
ဘေးထွက်ဆိုးကျိုးတွေကြောင့် အချစ်ရဲ့ အဓိပ္ပါယ် လေး ရှုပ်ထွေးနေရတာ..."

ကြွေ ကားသော့ နဲ့ ph လေးကိုင်ပြီး
မတ်တပ်ရပ်လိုက်ကာ..

" တစ်တယ်တော့ အချစ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်
ရိုးသားခြင်းပဲ ကိုးမာန်..... ကဲပါလေ အများကြီးပြောနေမိ
ပြန်ပြီ....
သွားတော့မယ် တာတာ့..."

ကားသော့လေးတရမ်းရမ်း နဲ့ ကျောခိုင်းသွားတဲ့ ကြွေကြိုးရဲ့ မျက်နှာလေး ပကတိ ဝင်းလက်နေတာကို တော့ ခုံမှာ တွေတွေလေးငြိမ်သက် တွေးငေးနေတဲ့ ကိုးမာန် မြင်လိုက် မှာ မဟုတ်......။

.
.
.
ကြိုးလေးပြောတဲ့ စကားတွေကို ပြန်တွေးနေမိတဲ့ ကိုးမာန်
.
.
.
.
ဘဝရဲ့ အချစ်ရေးက တစ်ခါတစ်ရံ တွေးရခက်လွန်းတဲ့
ဉာဏ်စမ်းတစ်ပုဒ် ဖြစ်နေတာပါလား။
..
.
.
မင်းလမ်းပြမှာပဲ....ကိုယ် လမ်းကို ဝိုးတဝါး မြင်နေခဲ့ရပြီ ထင်တယ်........။

~~~~~~~~~~~~~~~~~~

တစ်ညလုံး ကိုးမာန် မျက်နှာကို တစ်စိမ့်စိမ့် ထိုင်ကြည့်နေခဲ့ရတဲ့ အပြင်..

မနက်စောစောစီးစီး တုံးလွန်းတဲ့ ဒင်းကို လက်ချာ ရိုက်ခဲ့ရတာကြောင့် အကျေနပ်ကြီး ကျေနပ်ပြီး ပြုံးနေခဲ့တဲ့ ကြွေ့
မျက်နှာလေး ဟာ ဧည့်ခန်းထဲဝင်ဝင်ချင်းမှာပင်
ရုတ်ချည်း တည်တင်းသွားရသည်။

အကြောင်းကတော့ Daddy နဲ့ Mommy အတူ ရှိနေတာ ကြောင့်ပင်။

ထိုင်နေပေမယ့် စကားတစ်လုံးမှ မပြောကြတဲ့ အခြေနေရဲ့ အေးစက်မှုက
ကြွေ့အတွက် မထူးဆန်း။

" စောစောစီးစီး ပြန်လာတာဆိုတော့ ညကတည်းက
အိမ်ပြန်မလာတာပေါ့လေ....... အကျင့်ဆိုးတွေပဲ
ကြွေ.."

Mommy ဆီကနေ ကြားနေကျ ရွဲ့တဲ့တဲ့ စကားလေး
ကြောင့် ကြွေ ပြုံးလိုက်မိသည်။

ဘာမှ မတုံ့ပြန်ပဲ လှေကား ရင်းနားမှာ ဖိနပ် ကြိုးဖြည်နေလိုက်သည်။

" နောက်နှစ်ရက်နေရင် မင်းညီလေး မွေးနေ့ရှိတယ် ကြွေ.
ဒီမှာ ဖိတ်စာ ရောက်အောင်လာခဲ့.."

လက်ထဲရောက်လာတဲ့ ဖိတ်စာလေးကို ရှေ့နောက်
တစ်ချက်ကြည့်လိုက်ပြီး ...

" Mommy တို့လည်းအရမ်း နွယ်တက်တာပဲနော် "

" ဘာ! "

" မလိုအပ်ပဲ တော်တော်လေးလည်း
အပင်ပန်းခံကြတယ်.. "

" ဒါကြွေ့ကို မိသားစုအနေနဲ့ အခွင့်ရေးပေးတာလေ.."

ကြွေ အံ့အားသင့်သွားတဲ့ပုံ ပါးစပ်အဟောင်းသားလေး
လုပ်ပြလိုက်ပြီး....

" အာ..... အဲ့လိုကိူး ကျေးဇူးတင်ပေးပါ့မယ် Mommy"

" ပြောလက်စ နဲ့ ဆက်ပြော ဦးမယ်..ကြွေ ငါနင့်သတင်း
တွေကြားတယ်... နင်ရည်းစားထားနေပြီဆို...
အဲ့ဒါကလည်း မိန်းကလေးမဟုတ်ပဲ ယောက်ျားလေးဆို??"

" အင်းလေ... အဲ့တာဘာဖြစ်လို့လဲ?."

" နင်မရှက်ဘူးလား ကြွေ? ယောကျ်ားလေး
တစ်ယောက်ဖြစ်ပါလျက်နဲ့ တစ်ခြားယောက်ျား
တစ်ယောက်ကို ရည်းစား အဖြစ် တွဲရတာ.....
ရှက်တက်ရင် သေလို့ရတယ် ကြွေ........"

" ပဲပြုတ်သည်က မနက်ခင်းပဲ လာတက်တော့ မနက်စာအဖြစ်ပဲ ထင်နေကြသလိုပေါ့.....
ယောကျ်ား တွေကလည်း မိန်းမတွေကိုပဲ ချစ်ဖူးကြတော့ ဒါမျိုးကို ထူးဆန်းနေကြတာ... နားလည်ပါတယ်
ဒီလောက်ပဲ တွေးတက်ကြတာပဲမလား........"

ကြွေ့စကားအဆုံးမှာ သိသိသာသာ ပျက်ယွင်းသွားသော
Mommy မျက်နှာကို
ကြည့်ပြီး ကြွေ စကားဆက် ပြောလိုက်သည်။

" တစ်စုံတစ်ယောက်ကို ချစ်ဖို့ ဘာဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ထက်.....
နှလုံးသား လှလှလေးတစ်စုံပဲလိုတာပါ....."

ကြွေ ပြောပြီး အပေါ်ထပ်တက်နေစဉ်....

" ရှင့်သားက... ရှင်းအတိုင်းပါပဲလား.. ကိုမင်းနောင်"

ရေနွေးကြမ်းပန်းကန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပေမယ့် ဘတုံ့ပြန်မှုမှ မလာတဲ့ Daddy အစား
ကြွေကပဲ ပြောလိုက်သည်။

" mommy နဲ့လည်းတူပါတယ်.... ဒီမျက်လုံးတွေလေ....kkkkkkkkk"

မခိုးမခန့်ရယ်သံလေးနဲ့အတူ အပေါ်ထပ်တကိသွားတဲ့
ကြွေ့ရဲ့ကျောပြငိကိုကြည့်ပြီး ဦးမင်းနောင်ကြိုး
အံတင်းတင်းကြိတ်ထားလိုက်မိသည်။
.
.
.
.
လုပ်ထားနှင့် ကြွေ...... သိပ်မကြာခင်...
ကြွေ ခံစားရအောင် Daddy လုပ်ပေးမယ်.....
နာကျင်မှုအစစ်အမှန်ကို သိတဲ့ တစ်နေ့ Daddy ကို မရှိမဖြစ် ပြန်လိုအပ်လာစေရမယ်.......

.
.
.
.
ရယ်ရယ်မောမော နဲ့ အခန်းထဲဝင်လာတဲ့ကြွေ...
အခန်းထဲရောက်တော့ မှန်နား အသာလေးကပ်သွားပြီး...
မျက်ဝန်းတွေကို လက်နဲ့ အသာ တို့ထိလိုက်ကာ....
ခပ်တိုးတိုးလေး ပြောလိုက်မိတာက.......
.
.
.
.
.

" တကယ်လည်း တူသင့်တာပဲလေ...... မိသားစု ပဲကို..."
.
.
.
.~~~~~~~~~~~~~~~~~~~~~

နေသိပ်မကောင်းသေးပေမယ့်..
ကြိုးလေးကို သတိရလွန်းနေတာကြောင့် အလုပ်ကိုသာဖိလုပ်နေမိတဲ့ သွန်းမာန်.....

ဒီနှစ်ရက်အတွင်း... ကြိုးလေးတစ်ယောက်
စာမလာ သတင်းမကြားနဲ့ ပျောက်သွားပြန်တာ..

ဒီလိုဆိုတော့လည်း သွန်းမာန် မနေတက်ပြန်....
.
.
.
ဒါပေမယ့်လည်း.....
သွန်းမာန် ကြိုးစားပြီးနေကြည့်နေတာ...

သူရဲ့မရေမရာ အပြုအမူတွေက ကြိုးလေးကို ပို အဆိပ်တက်နေစေမှာ သူတကယ် မလိုလား....

ကြိုးလေးလိုလားနေတာတွေကို သူ ပေးနိုင်ဖို့ ယုံကြည်ချက်မရှိသေးတာတော့အမှန်..

တကယ်တော့......
သွန်းမာန် ကိုယ့်ကိုယ်ကိုယ် ဘာယုံကြည်မှုမှကို ရှိမနေ..

နားထဲမှာ...... ဟိုနေ့ကစကားတွေသာ ပြန်ကြားယောင်လျက်..

သူများမိသားစုကို ပြိုကွဲအောင် လုပ်မိတဲ့ ငါ...
ပျော်ရွှင် ခွင့်ရော ရှိသေးရဲ့လားလေ...

*ring *ring

Ph မြည်သံကြောင့် အတွေးစကိုဖြတ်ပြီး ph
ကိုင်လိုက်သည်။

" hello''

" သွန်းမာန်သစ်....''

တစ်ဖက်က ပြန်ဖြေသံကြောင့် သွန်းမာန် ခေါင်းကြီးသွားရသည်။
ဒီလူ.. ph no ဘယ်ကရတာလဲ...

" ချက်ချင်းးတိတ်သွားးတာပါပဲလား ''

" ခင်ဗျား.. ကျွန်တော့် ph no ဘယ်ကရတာလဲ??"

" ပွဲစား.. ကိုလှဦးဆီကလေ.."

ကို လှဦး ဆိုတာ.....
သွန်းမာန် လေလံရ စက်ရုံ ဝယ်ခိုင်းထားတဲ့သူ..

ဘယ်လိုလုပ်ပြီး...

" သိပ်အံ့သြမနေပါနဲ့...အံသြစရာရှိသေးတယ် မင်းလိုချင်တဲ့ စက်ရုံကို ကိုလှဦး ဆီကနေ ဈေးကောင်းပေးဝယ်လိုက်ပြီ''

"ဘာဗျ!!!"

သွန်းမာန် မတ်တပ်ထရပ်မိသည်အထိ စိတ်လှုပ်ရှားသွားရတာ...
ဒီစက်ရုံ အတွက် သူ project တွေ ဆွဲထားတာ
တစ်လှေကြီး..

အခုတော့..

" မင်းအတွက် အရေးကြီးတယ်မလား... ငါ့ဆီက
ပြန်ဝယ်လေ...''

" မဝယ်ဘူး....
ခင်ဗျားနဲ့ ကျွန်တော် ဘာမှ ပတ်သတ်စရာအကြောင်း
မရှိဘူး...''

သွန်းမာန် ph ကို အမြန်ချလိုက်ပြီး sofa မှာ ငူငူကြီး
ထိုင်နေလိုက်သည်။

ဒီလူ တစ်မျိုးပြီးတစ်မျိုး နှောင့်ယှက်နေတာ...
သွန်းမာန်ပတ်ဝန်းကျင်က အရာအားလုံးကို သူနဲ့ဆက်နွယ်နေအောင် ကြိုးစားနေတာ..

ဒီအချိန်ကျမှ ရုတ်တရက်ဘာလာ ထဖြစ်နေမှန်းကို မသိ...

ထိုစဉ်..

*ring
Ph ထပ်မြည်လာသံကြောင့် သွန်းမာန် မရဲတရဲ
ကြည့်လိုက်တော့
Screen ပေါ်မှာ လင်းနေတဲ့ နာမည်လေးက..
..ကြိုးလေး...

ရုတ်တရက် ရင်ထဲ လှိုက်ခနဲ တက်လာတဲ့ ပျော်ရွှင်မှု..
သွန်းမာန် ကိုယ်တိုင် သတိမထားမိလိုက်တဲ့ ပျော်ရွှင်ခြင်း
တွေနဲ့အတူ ph ကို အမြန် ကိုင်လိုက်သည်

" ကြိုးလေး''

" ဖြည်းဖြည်းခေါ်ပါဗျာ.... နားလည်းကွဲတော့မယ်''

" sor...sorry ပါကွာ... ''

" ဒီည nightout ထွက်မယ် ကိုးမာန်..လိုက်မလား"

" လိုက်မယ်... ဘယ်အချိန်လဲ...ဘယ်ကိုလာရမလဲ???"

ကြိုးလေးဘက်က reply မလာပဲ ငြိမ်သွားတာကြောင့်

" ကြိုးလေး?"

"ကိုးမာန် ပြောင်းလဲသွားတယ်နော် အရင်ကဆို ခေါ်ရင်တောင် လိုက်မယ့်သူမဟုတ်တာကို....

တစ်ခုခုဖြစ်နေတာလား ကိုးမာန်?"

ဒီတစ်ခေါက် ငြိမ်သွားတာက သွန်းမာန်..
ခဏငြိမ်သက်သွားပြီး...

" ဒီလိုပဲ... ပင်ပန်းလို့ "

" ပင်ပန်းတယ်လို့ ထုတ်မညည်းစမ်းပါနဲ့..... ကိုယ်
ဝဋ် ကြီးတာ လူသိတယ်..."

ဟုတ်တာပေါ့... သွန်းမာန် ဘဝ ဝဋ်ကြီးလွန်းလို့ ရှုပ်ထွေးနေတာ....
ဒီဘဝတောင် အကျေဆပ်နိုင်ပါ့မလားမသိ....

" ခင်ဗျား ဝဋ်ကြွေးဒဏ်ပိနေတာလေး သက်သာအောင် လုပ်ပေးမယ်..ညကျရင် Yangon မြို့လယ်ခေါင်က ဘုရားကို လာခဲ့... "

" ok ကိုယ် လာခဲ့မယ်"

ကြိုးလေး ph ချခါနီး

" ကျေးဇူးပဲ ကြိုးလေး.. မင်းကြောင့် ခဏတာ ငါ စိတ်သက်သာရာရတယ် "

" ကျေးဇူးတင်ရင် ကျေးဇူးဆပ်လေ.. စကားနဲ့တော့ လာမပြောနဲ့ ကျေးဇူးတော့ ခဏခဏ တင်နေပြီး ကျေးဇူး ကမ်းတက်ကြလွန်းလို့ မယုံဘူး...''

" ဟုတ်ပါပြီ... ညကျမှ ဆက်ပြောတာပေါ့''

ကိုးမာန် ph ချသွားပေမယ့် ကြွေကြိုးကတော့ ph screen လေးကို ကြည့်ပြီး... တိုးတိုးလေးပြောလိုက်မိသည်။
.
.
.
.
.
" ချစ်တယ် ဆိုတဲ့ စကားနဲ့လည်း မစိမ်းပါဘူး...
အချစ်မခံရဖူးတာပဲရှိတာ....
ခင်ဗျားဆီကလည်း..... စကားသက်သက်တွေပဲ လာမှာတော့ မဟုတ်လောက်ဘူးမလား.......ကိုးမာန် "

~~~~~~~~~~~~~~~~~~~

tbc.
Finally i can update
Thanks for lovely my creations
I love xoxo my readers....

10.10.2018
11:53 P.M
N.S.P

Notice...
Update ကြာသွားလို့ စိတ်မကောက်ကြပါနဲ့နော်
စပရိုက် update တွေကစောင့်ကြိုနေပါတယ်
ဖြည်းဖြည်း မှန်မှန်လေးရေးနေပါတယ်ဗျ
ဝေဖန်ပေးကြပါနော်
လက်ရည်တွေကျနေတာ အားပေးမှ ပြန်တက်လာမှာပါလို့
Love you...















Continue Reading

You'll Also Like

2.7M 311K 110
(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို ထူးခြားလွန်းတယ် ...။ Boy Love , own sto...
871K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
5.2M 566K 55
၁၆၃၅ ဆိုတာ ညောင်ရမ်းခေတ်ထဲက မလား။၁၆၃၅ ဆိုပြီး ငါက ဘယ်ခေတ်ကို ရောက်နေတာတုန်း. #ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် သမိုင်းနှင့်မသက်ဆိုင်ပါဘဲ စာရေး...
394K 42.3K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...