ကြွေကြိုး ကြွေကြိုး (Zawgyi+U...

By Lyne_Ne

460K 57.3K 8K

စိတ်ကူး အိမ်မက် နဲ့ လက်တွေ့ အားလုံးမှာ ဖြစ်တည်မှုက ချည်နှောင်ထားတဲ့ ကြိုး ကြွေ ကြိုး စိတျကူး အိမျမကျ နဲ့ လကျတှ... More

Teaser
Ep- 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Part - 25
Part - 26
Part -27
Part - 28
Part - 29
Part -30
Part - 31
Part - 32
Part-33 (X'mas Special)
Part - 34
Part-35
Part -36
Part- 37
part -38
Part -39
part -40
part -41
part -42
part -43
part -44
part - 45
part - 46
part - 47
part - 48
part - 49
part - 50
part - 51
Review time
Part - 52
Part - 53
Part - 54
Excuse!
Part - 55
Announce!
Part - 56
Thanks note
Part - 57 (Final Part)

Ep - 24

7.1K 1K 120
By Lyne_Ne










အဟက်...




" ကြွေ!!"



Daddy အမေးစကားအဆုံး...



" ကြွေ..."
















အခုတလော...



စောင့်နေလိုက် ကြွေ



~~~~~~~~~~~~~~~~~~~~~


ထိုစဉ်...




Roy အံ့အားသင့်နေဆဲ
...



















အခုတော့......


.
.
.

ငါရူးတော့မယ်
မင်းဂုဏ်ရောင်.........။

~~~~~~~~~~~~~~~~~~~~

at Coffee Circle...





" ပျော်လို့ "



" မသိချင်ဘူး"









ရင်ထဲက လာတဲ့ စိတ်ရင်း...

" ကြိုးလေး"

" ဟင်?"




" ဘာလို့လဲ?"


အရေးပါတဲ့သူတဲ့လား...







.
.
.
.






အဲ့လောက်ထိ
.
.
.

ကျွန်တော်...
.
.
.
ခင်ဗျားကို.
.
.
.
ချစ်မိနေပြီ ထင်ပါရဲ့...


~~~~~~~~~~~~~~~~~
tbc.
N.S.P
3.9.2018
10:35 P.M

notice*
Love my readers

" ဒါ ဘယ်က ပြန်လာတာလဲ ? ကြွေ"

အနည်းငယ် မာထန် နေတဲ့ လေသံနဲ့ မေးခွန်းထုတ်လာတဲ့ Daddy ရဲ့ စကားသံကြောင့် ကြွေ အပေါ်တက်ရန်ပြင်နေတဲ့ ခြေလှမ်းတွေရပ်တန့် သွားရလေသည်။

အလိုမကျဟန် မျက်ခုံးတစ်စုံသည်လည်း တွန့်ချိုးလျက်......

" ကြွေ Daddy နဲ့ စကားခဏပြောရအောင် လာထိုင်ဦး!"

အခြေနေက အကောင်းမဟုတ်တာ ကြွေ သိပေမယ့် ဘာမှ မတုံ့ပြန်ပဲ Daddy နဲ့ မျက်နှာချင်းဆိုင်ခုံမှာ ကျကျနန ဝင်ထိုင်လိုက်သည်။

တည်တင်းနေတဲ့ မျက်နှာပေးနဲ့ Daddy က လေသံ မာမာနှင့်ပင် စကားဆက်လေသည်။

" တစ်ညလုံး ဘယ်လျှောက်သွားနေတာလဲ ကြွေ??"

ကြွေ ကြည့်လည်း မကြည့် ပြန်လည်းမဖြေ...

" Daddy ဘယ်လောက် စိတ်ပူနေလဲ သိရဲ့လား!!"

အဟက်...

ကြွေ အသံထွက်အောင် ရယ်လိုက်မိတာကြောင့် Daddy ဒေါသတွေ ပို ပြင်းထန် လာသယောင်ပင်...

" Daddy စကားမှာ ရယ်စရာ တစ်ခွန်းမှ မပါဘူး ကြွေ !!!"

" နားထောင်ရတဲ့ ကျွန်တော့်အတွက်တော့ ရယ်ရတယ် Daddy..."

" ကြွေ!!"

" Daddy သိချင်တဲ့ အဖြေကို ကြွေ ဘက်က မဖြေနိုင်စရာ အကြောင်းမရှိပါဘူး..."

" ဒါဆို အခုဖြေ! တစ်ညလုံး ဘယ်သူနဲ့ အတူရှိနေတာလဲ??"

Daddy အမေးစကားအဆုံး...
ရယ်မောနေရာက ချက်ချင်း တည်တံ့သွားသော မျက်နှာပေးပြောင်းလဲသွားတဲ့ ကြွေ......

မျက်နှာချင်းဆိုင်က Daddy ကို စူးစိုက်ကြည့်လိုက်ပြီး...

" Daddy ရဲ့မေးခွန်းတွေ ဒီ့ထက် ဘောင်မကျော်လာခင် ... မြန်မြန်လေးဖြေပေးမှပဲ..."

" ကြွေ..."

" Daddy မှန်းထားသလိုပဲ ... ကျွန်တော် သူနဲ့ ရှိနေတာ... တစ်ညလုံး အတူရှိနေခဲ့တာ... အဲ့ဒါ ပြသနာရှိလို့လား Daddy..."

" ကြွေ! မင်း Daddy ကို ဒေါသဖြစ်ပြီး သေစေချင်နေတာလား?"

" Daddy ရဲ့ လေသံ ဒီ့ထက်မမာလာဖို့မျှော်လင့်တယ်"

" Daddy က ကြွေ့ရဲ့ Daddy ပါ! Daddy မှာ ကြွေ့ကို ဆုံးမပိုင်ခွင့် အပြည့်ရှိတယ်"

ကြွေ ခပ်မဲ့မဲ့လေး တစ်ချက်ပြုံးလိုက်ပြီး...

" ဆုံးမပိုင်ခွင့်ရှိပေမယ့် ဒီလေသံမာမာကိုတော့ လက်မခံနိုင်ဘူး Daddy...... လေသံမာမာနဲ့ ဆူငေါက်ရတဲ့အထိ Daddy အပေါ် ကျွန်တော် ဘာမှ မကျူးလွန်ထားမိဘူး"

" သူစိမ်း တစ်ယောက်နဲ့ တစ်ညလုံးအတူရှိနေခဲ့တာကို......"

" အဲ့ သူစိမ်းက ကြွေ့ကို Birthday Cake ခွဲပေးတယ် Daddy"

ကြွေ ပြောပြီးတာနဲ့ အပေါ်ထပ် တက်ရန် မတ်တပ်ရပ်လိုက်တော့...

" Daddy တစ်ညလုံး ကြွေ့ကို ဘယ်လောက် စိတ်ပူနေလဲ သိရဲ့လား?? အနည်းဆုံးတော့ Daddy ကို ပြောသွားသင့်တယ် "

ပြောင်းလဲ သွားသော လေသံနဲ့ Daddy ရဲ့စကားက ကြွေ့ရင်ကို ခဏတာ လှုပ်ခတ်သွားစေပေမယ့်......

လေတိုက်သွားသလို ...... တကယ့်ကို ခဏလေး......

" Congratulation ပါ Daddy ...... တစ်ညလုံး ပြန်မလာလို့ စိတ်ပူတယ်ဆိုတဲ့ ခံစားချက်ကို Daddy ခံစားလာနိုင်လို့ ... ဝမ်းသာပါတယ်"

မျက်နှာတစ်ချက်မပျက် အပေါ်ထပ်ကို တက်သွားတဲ့ ကြွေ့ကို ကြည့်ရင်း ဦးမင်းနောင်ကြိုး အံကို တင်းတင်းကြိတ်လိုက်မိသည်။

နဂိုကတည်းက သွေးအေးပေမယ့် ကိုယ့်ကိုယ် အဖေ တစ်ယောက်အနေနဲ့ အလေးထားခဲ့တဲ့ ကြွေ...

အခုတလော...

သိသိသာသာ ကလန်ကဆန်တွေ လုပ်လာတာ
တစ်ဖက်လူက ဘယ်လောက်တောင်မှ အားကိုးရာ ဖြစ်နေလို့လဲ??

သွေးနဲ့ရင်းထားတဲ့ အဖေထက်ပဲ ကောင်းနိုင်မှာတဲ့လား...

စောင့်နေလိုက် ကြွေ
မင်းအထင်မှားနေတာကို Daddy သက်သေပြပေးမယ်...

ကြွေကြိုး ဆိုတဲ့ Daddy တစ်ဦးတည်းသော သားရဲ့ အားကိုးရာက Daddy ပဲ ဖြစ်ရမယ်......

ကြွေက Daddy ပိုင်တဲ့ အဖိုးတန်ဆုံး စည်းစိမ် အတ္တ ပြယုဂ်လေး တစ်ခု ...။

~~~~~~~~~~~~~~~~~~~~~

Precious Club ရဲ့Dancing floor မှာ တီးလုံးသံတွေ ဆူညံနေပေမယ့် အပေါ်ထပ် ထောင့်ကျကျ စားပွဲဝိုင်း ဘက်တွေမှာတော့ တိတ်ဆိတ်လျက်...

ထိုစဉ်...

" ဘာ!! ဒါ-- ဒါဆို ကြွေကြိုးက မင်းနဲ့ ညီအစ်ကို တော်တာပေါ့!!!!"

Roy အလန့်တကြား ထအော်လိုက်ပေမယ့် မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ မင်းဂုဏ်ရောင် ကတော့ ဆေးလိပ် အဖွာမပျက်...

" ဟုတ်တယ် ! အဲ့ဒါကြောင့် ပိုမုန်းတယ်"

Roy အံ့အားသင့်နေဆဲ
...

" ငါက... မင်းတို့ နှစ်ယောက် ကို ဒီလို ပတ်သတ်မှုတွေရှိမယ် မထင်ခဲ့ဘူး..."

" ရှိတော့ရော ဘာဖြစ်လဲ? ဘာလဲ Roy မင်းကြောက်နေပြီလား?"

# ကြောက်တာမဟုတ်ဘူး ...... ငါ မင်းကို လန့်လာတာ မင်းဂုဏ်ရောင်... #

ရင်ထဲက စကားသံအချို့ကိုတော့ မင်းဂုဏ်ရောင် သိအောင် Roy ထုတ်မပြောဖြစ်လိုက်ပါ...

" အခုမှ လာပြီး နောက်ကြောင်းလှည့်ချင်ရင်တော့ ငါ့ငွေတွေ မင်းပြန်လျော်ရလိမ့်မယ်နော် Roy"

" ငတ်လို့လုပ်စားနေတာမဟုတ်ဘူး ဂုဏ်ရောင်... ငါ့ကို လာမခြိမ်းခြောက်နဲ့ "

" ဒါဆိုလည်း ငါ့ကို အလုပ်နဲ့ သက်သေပြ Roy ... အခုချိန်ထိ အဲ့ကောင် သာယာနေတာကို ငါမြင်နေရတာ ပူလောင်တယ်..."

Roy အံတစ်ချက်တင်းတင်းကြိတ်ပြီး...

" ငါ မစွန့်လွှတ်သေးသ၍ ဒီအလုပ်အပေါ်ရော အလုပ်အပ်ထားတဲ့ မင်းအပေါ်ရော စိတ်မပျက် ရ အောင် လုပ်ပေးမှာပါ"

" အဲ့ဒါပဲ... ငါမင်းကို အဲ့ဒါကြောင့် ယုံကြည်တာ ဒါနဲ့ မင်းရော အဲ့ကောင်ရဲ့ ဘဲကြီးကို ကြွေနေပြီလား ?"

အမေးစကားအဆုံး Roy ဆီက ရောက်လာတဲ့ အကြည့်စူးစူး တစ်ချက်ကို မင်းဂုဏ်ရောင် မသိကျိုးကျွန်ပြုလိုက်မိသည်။

Roy ဒီကောင့် အကြည့်တွေက တစ်ခါတစ်လေ နားလည်ရ ခက်ခက်......

" business နဲ့ personal ငါဘယ်တော့မှ မရောထွေးတက်ဘူး... ငါ့မှာလည်း ငါ့personal နဲ့ ငါ ရှိတယ် "

" wow ! မင်းတို့ gay ဆိုတဲ့ ကောင်တွေကလေ သစ္စာတော့ရှိသားပဲ ... ဘယ်သူများလဲ... "

" မင်း gay တွေကို မုန်းတယ်မလား... အဲ့တော့ ငါ့ကိစ္စတွေကိုလည်း သိပ်စိတ်မဝင်စားနဲ့ ငါသွားပြီ!"

" မင်းဆီက သတင်းကောင်းမျှော်နေမယ် Roy!!"

အနောက်ဘက်က အော်ပြောသံကို လျစ်လျူရှုရင်း ကားပါကင်ကို မြန်မြန် လျှောက်လာခဲ့လိုက်မိသည်။

ညီအစ်ကို အချင်းချင်း...... မင်းအတ္တကို ငါကြောက်မိတယ်......

ဒီအလုပ်ကို ထူးထူးခြားခြား မင်းကြောင့်လက်ခံခဲ့မိတာ......
အခုတော့......

ဒါပေမယ့်လည်း မင်းရင်ပူတာ သက်သာရအောင်လည်း လုပ်ပေးချင်တယ်......

ရင်ဘတ် နဲ့ ဦးနှောက် မင်းအတွက် လွန်ဆွဲနေရတာ.........
.
.
.

ငါရူးတော့မယ်
မင်းဂုဏ်ရောင်.........။

~~~~~~~~~~~~~~~~~~~~

at Coffee Circle...

" ဘာလို့ဒီနေ့ Black coffee မသောက်တာလဲ ကြိုးလေး?"

ထူးထူးခြားခြား ဆိုင်ပြောင်းသောက်တဲ့ နေ့မှာ black coffee အစား ice choco creamy မှာလိုက်တဲ့ ကြိုးလေး...

မေးတော့လည်း ပြုံးစိစိလေး လုပ်နေသေးတာ...

" ပြောင်းလဲမှုတိုင်းရဲ့ အနောက်မှာ ထူးခြားတဲ့ feeling တစ်ခုတော့ရှိမှာပဲလေ..."

" ပျော်လို့ "

အဖြေတိုတိုလေးဆိုပေမယ့် ပြည့်စုံတဲ့ အဖြေ...
သွန်းမာန် ဘာဆက်ပြောရမှန်းမသိဖြစ်သွားရတာ......

" ဘာလို့ပျော်တာလဲ သိချင်လား ကိုးမာန်?"

" မသိချင်ဘူး"

နင်သွားတဲ့ ကြိုးလေးမျက်နှာကို သွန်းမာန် မသိကျိုးကျွံ ပြုရန် ကြိုးစားပေမယ့်...

" သိချင်လိုက်ပါ ကိုးမာန်ရာ ပြောပြချင်လို့ပါ"

ကလေးလို ကပ်ချွဲနေတဲ့ ကြိုးလေးကိုကြည့်ပြီး သွန်းမာန် ရယ်ချင်လာတာ...

" ရယ်စရာလည်း မပါပဲ ပြုံးစိစိလာလုပ်ပြနေတယ်"

"မရစ်ပါနဲ့ ကြိုးလေးရာ ice choco သာ ကုန်အောင် သောက်ပါ......"))

" မသိချင်လည်း ပြောမယ်ဗျာ... ခင်ဗျားနဲ့ အတူရှိနေရင် ဒီကရော ဒီကပါ ပျော်တယ် "

ရင်ဘတ်နဲ့ ခေါင်းလေးကို လက်ညိုးထိုးပြနေတဲ့ ကြိုးလေးက တကယ့်ကို ကလေးလေး အလား...

မွေးနေ့ပြီးကတည်းက တဖြည်းဖြည်းရွှင်ရွှင် ပျပျ ဖြစ်လာတဲ့ ကြိုးလေးကို သွန်းမာန် တက်နိုင်သမျှ ပျော်အောင် ထားပေးချင်တာ...

ရင်ထဲက လာတဲ့ စိတ်ရင်း...

" ကြိုးလေး"

" ဟင်?"

" ဖေဖေ နဲ့ မေမေက ကြိုးလေးကို တွေ့ဖူးချင်တယ် တဲ့...."

လုပ်လက်စ အရာတွေ အားလုံး ရပ်တန့်သွားတဲ့ ... တစ်ခဏ...

ကိုးမာန် ရဲ့ မိဘ တွေတဲ့လား...

" ဘာလို့လဲ?"

" ကိုယ့်အတွက် အရေးပါတဲ့ သူဖြစ်နေလို့လေ"

ကြွေ ခဏတာ ငြိမ်သက်တွေဝေသွားမိတဲ့ စကားစုလေး...
အရေးပါတဲ့သူတဲ့လား...

သွန်းမာန်းသစ်ဆိုတဲ့ လူအတွက် ကြွေကြိုးရဲ့ ဖြစ်တည်မှုက အရေးပါတဲ့ အဆင့် တဲ့လား...

" အဲ့ဒါ ကြိုးလေး အဆင်ပြေတဲ့ရက် ကိုယ် video call ပြောဖို့ လုပ်လိုက်မယ်"

" ကျွန်တော့်လို လူကို ခင်ဗျား မိဘတွေ လက်ခံစကားပြော နိုင်မယ် ထင်လို့လား?"

" ကြိုးလေးက ဘာတွေများ လိုအပ်ချက်ရှိနေလို့လဲ...... စိတ်မပူပါနဲ့ ကိုယ့်မိဘတွေက Positive သမားတွေ... ကိုယ်နဲ့ပတ်သတ်သမျှ အရာအားလုံး ကို အကောင်းမြင်တယ်......"

" ခင်ဗျား ဘဝကြီးက ကောင်းလိုက်တာ လောဘတက်ချင်စရာပဲ..."

သွန်းမာန် တစ်ချက်ပြုံးလိုက်ပြီး...

" ရွေးချယ်ခွင့်မရှိတဲ့ မိသားစု ဘဝမှာ ကိုယ်ရဲ့ ကံကောင်းမှုကို ခွဲဝေပေးလို့မရနိုင်ပေမယ့်
တစ်စုံတစ်ယောက်ကိုတော့ မျှဝေပေးလို့ရပါတယ်..."
.
.
.
.

အဲ့ တစ်စုံတစ်ယောက်က ကျွန်တော်ပဲ ဖြစ်ချင်တယ် ကိုးမာန်...

ခေါင်းထဲရောက်လာတဲ့ အတွေးတစ်ချို့ကြောင့် ကြွေ တစ်ယောက်တည်း မဲ့ပြုံးလေးပြုံးပြီး ကိုးမာန်ကို စိုက်ကြည့်နေလိုက်မိသည်။

ခင်ဗျားနဲ့တော့ ခက်နေပြီ ... ကိုးမာန်
ခင်ဗျားကြောင့် မှောင်မိုက်နေတဲ့ လမ်းကို စမ်းတစ်ဝါးဝါးနဲ့ လျှောက်လာမိပြီ...

လမ်းအဆုံးမှာ လက်ကမ်းကြိုပေးတဲ့ သူက ကျိန်းသေ ခင်ဗျားပဲဖြစ်ရမယ် ကိုးမာန်...

ဟင့်အင်း ... ခင်ဗျား ဖြစ်နေရင်ကို လုံလောက်ပြီ...

အဲ့လောက်ထိ
.
.
.

ကျွန်တော်...
.
.
.
ခင်ဗျားကို.
.
.
.
ချစ်မိနေပြီ ထင်ပါရဲ့...

ကိုးမာန်ကတော့ ဘာမှ သတိထားမိပုံမရပဲ စာအုပ်သာ ငုံ့ဖတ်နေဆဲ...။

~~~~~~~~~~~~~~~~~
tbc.
hello long time no update!
Thanks for lovelyvmy creation
i'll try more than more to best
N.S.P
3.9.2018
10:35 P.M

notice*
တော်တော်လေး ဘဝင်မကျမိတဲ့ update ပါ
update ကြာနေလို့ ကောင်းကောင်းလေး ကြိုးစားပေမယ့် ဒီလိုပုံစံမျိုးပဲ ထွက်လာလို့ အားမရဖြစ်မိပါတယ်ဗျာ
reader တွေအားလုံးကို တောင်းပန်ပါတယ်
update ကလည်း တိုသွားပါတယ် ဒီ့ထက်အချိန်မဆွဲပဲ တင်ပေးချင်တာနဲ့ တင်လိုက်ပါတယ်
ပြင်းပြန်းထန်ထန် ဝေဖန်ချင်း အားဖြင့် ဒီ သာသာရဲ့ mood တွေ ပြန်သွင်းပေးကြပါလို့
Love my readers

Continue Reading

You'll Also Like

906K 50.3K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
1.3M 82.8K 40
နေမင်းတမာန်-"ခုလောဆယ်ကိုယ်က ဒုတိယူလူဖြစ်နေပေမဲ့ လျမ်းထက်မောင်ဆိုတာ အစောထဲကကိုယ်ဟာပါ~" -------------------------- လျှမ်းထက်မောင်-"နေမင်း ကငါအတွက်အရံ~...
2.5M 251K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...