အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​က...

By Arr_Sheng

1.7M 185K 35.4K

This story book presented by Zawgyi & UNICODE. #Zawgyi ေသမိန္႔က်ၿပီး လူတစ္ေယာက္၏ ေနာက္ဆုံးဆႏၵ #UNICODE သေမိန့... More

Author's Note
synopsis
EP-1
EP-2
EP-3
EP-4
EP-5
EP-6
EP-7
EP-8
EP-9
EP-10
EP-11
EP-12
EP-13
EP-14
EP-15
EP-17
EP-18
EP-19
EP-20
EP-21
EP-22
EP- 23
EP-24
EP-25
EP-26
EP-27
EP-28
EP-29
EP-30
EP-31
EP-32
EP-33
EP-34
EP-35
EP-36
EP-37
EP-38
EP-39
EP-40
EP-41
EP-42
EP-43
EP-44
EP-45
EP-46
EP-47
Final Episode
From Arr_Sheng

EP-16

31.7K 3.6K 689
By Arr_Sheng

ပုိင္စီး ထမင္းစားခန္းထဲ ဝင္လိုက္ခ်ိန္ မနက္ခင္းစားပြဲဝုိင္းမွာ အခန္႔သားထုိင္ႏွင့္ေနေသာ ေယာကၡမေဒၚသစ္သစ္ႏိုင္ကို ေတြ႔လိုက္သည္။ ေတြ႔တာက အေၾကာငး္မဟုတ္။

ေဒၚသစ္သစ္ႏိုင္ထုိင္ေနတာက ပုိင္စီးထိုင္ေနက်ေနရာျဖစ္ေသာ စားပဲြဝိုင္း၏ ထိပ္ဆုံး၊ အိမ္တစ္အိမ္၏ အႀကီးအကဲထိုင္ေသာ ေနရာမွာ ေယာကၡမျဖစ္သူက ထုိင္ေနျခငး္။

ဒီဘြားေတာ္က ဒီတစ္သက္မျပန္ေတာ့ဘူးလား။

ေဒၚသစ္သစ္ႏိုင္ ေရာက္လာတည္းက ပုိင္စီးေနရာကုိ ယူထုိင္ေနျခငး္မွာ သမက္ျဖစ္သူကို တမင္ ခ်ိဴးႏွိမ္လိုသည့္ သေဘာလား? မသိလို႔ ဝင္ထိုင္သလား?

မ က ေရာ သူ႔အေမ အေနအထုိင္မတတ္တာကို မေျပာထားဘူးလား။ 

စိတ္ထဲ အလိုမက်မႈ႕ေတြ တန္းစီေနေပမဲ့ ပုိင္စီး မူမပ်က္။ ခ်ီပိုးထားေသာသမီးနားရာကို မ ေဘးထုိင္ခုံမွာ ေနရာခ် ေပးၿပီး မ ႏွင့္ မ်က္ႏွာခ်ငး္ဆုိင္ ထိုင္ခုံမွာ ပုိင္စီး ဝင္ထုိင္သည္။

မနက္ေစာေစာ ေယာကၡမကို ငုတ္တုတ္ႀကီးေတြ႔ပါလ်က္ အၾကည့္တစ္ခ်က္သာ ေရာက္ၿပီး သူ႔အလုပ္သူဆက္လုပ္ေနေသာ သမက္ကို မဲ့ကာ ႐ြဲ႕ကာ ေဒၚသစ္သစ္ႏိုင္ ၾကည့္ေနသည္။

ကုိယ့္မိန္းမရဲ႕အေမျဖစ္ေသာ ေယာကၡမကို ဘယ္ေတာ့မွ အေရးတယူ ႐ုိေသမႈမ႐ွိ။ ဦးထိပ္ပန္ဆင္ထားဖို႔မွာ ေဝးလာေဝး။ ေမြးထားတာက သမီးတစ္ေယာက္တည္း။ ထိုသမီး၏ေယာက်ား္ျဖစ္သူ မိမိ၏ႏွစ္ေယာက္မ႐ွိႏုိင္ေသာ ေ႐ႊသမက္,ေငြသမက္က မိမိကို ဖုတ္ေလသည့္ငါးပိ ႐ွိေလသည္ဟု အသိအမွတ္မျပဳေလေသာအခါ ခံျပငး္မိပါ၏။

အျခားမိသားစုေတြမွာ သမက္က ေယာကၡမႏွင့္မတည့္လို႔ တဂ်က္ဂ်က္၊ တဂ်ိန္းဂ်ိန္း ျဖစ္ရသည္။ မိမိႏွင့္ဒီသမက္ကေတာ့ တဂ်က္ဂ်က္ ျဖစ္စရာမ႐ွိပါ။ ဒီသမက္က မိမိကို စိတ္ထဲေနရာေပးဖို႔ ေနေနသာသာ သူ႔မ်က္လုံးထဲေတာင္ မထည့္ထားေသာေၾကာင့္ျဖစ္သည္။

ငုတ္တုတ္ႀကီးေတြ႔ပါလ်က္ စကားေျပာဖို႔ေဝးစြ, ႏႈတ္ဆက္စကားေတာင္ အလႅာဘသလႅာဘ မေျခြ။ မိမိကို ဒီထမင္းစားခန္းမွာ မ႐ွိသူလို သေဘာထားသည္။ သူ႔မိန္းမႏွင့္သူ႔သမီးကိုသာ အေရးတယူ အဖက္လုပ္သည္။ ေယာကၡမကို လူမႈေရးအရ စကားတစ္ခြန္းမဆို။

အခုလိုမ်ိဴးေပါ့။

""ငါ့ကို မျမင္ဘူးလား ... ေမာင္ရင္""

ေဒၚသစ္သစ္ႏိုင္က ခံျပင္းစိတ္ႏွင့္ မေနႏိုင္စြာ စကားအရင္စသည္။

""ဗ်ာ...""

တစ္ခ်က္ေမာ့ၾကည့္ၿပီး ခပ္ေအးေအး သံေယာင္ျပဳသည္။

""ငါ့ကို မျမင္ဘူးလားလို႔""

""ျမင္ပါတယ္""

ပုိင္စီးသည္ ခပ္ျပတ္ျပတ္ေျပာၿပီး စားပဲြေပၚက မ အသင့္ျပင္ေပးထားေသာ နန္းႀကီးသုတ္ကို စားေနသည္။

ေယာကၡမကို အပိုစကားမေျပာ။ ေဒၚသစ္သစ္ႏိုင္သည္ ဆက္ေျပာရန္ စကားတုိ႔ပင္ ဆြံ႔အခ့ဲရေလသည္။

မ က ေဒၚသစ္သစ္ႏိုင္ႏွင့္ပုိင္စီး ဆက္ဆံေရးအေျခအေနကို ေဘးက ထုိင္ၾကည့္ေန႐ုံသာ တတ္ႏိုင္သည္။ ေလးကန္ေသာ ပင့္သက္ကို တစ္ကုိယ္တည္း ႀကိတ္႐ႈိက္သည္။

ရံဖန္ရံခါ ေမာင့္ကို စိတ္ဆိုးခ်င္သည္။ အေမက စ စကားေျပာတာေတာင္ ေမာင္က အေၾကာႀကီးနဲ႔အေရးမစိုက္စြာ ေခ်ျပသည္။ မ ရဲ႕ အေမကို ေမာင္က သိသိသာသာႀကီး ဥေပကၡာျပဳေလေတာ့ အေမ့အတြက္ မ စိတ္မေကာငး္မိ။

အေမက ခင္ပြန္းမ႐ွိေသာ မုဆိုးမ၊ သမီးျဖစ္သူ မ က ကုိယ္ပုိင္မိသားစုနဲ႔ သီးသန္႔ျဖစ္ေနေလေတာ့ အ႐ြယ္အိုလာေသာ အေမသည္ တစ္ေယာက္တည္း အထီးက်န္ေနသည္။

ေယာကၡမကို ဖားယားပူေဇာ္ပသေနဖို႔ မေမွ်ာ္လင့္။ အလႅာဘသလႅာဘ ႐ွိေစခ်င္သည္။ ေတြ႔လွ်င္ အရင္ ႏႈတ္ဆက္တာမ်ိဴး၊ ေနေကာငး္လား ေမးေပးတာမ်ိဴး။ က်န္းမာေရးဂရုစိုက္ပါလို႔ ေဖာ္ေ႐ြေပးတာမ်ိဴး။ 

သို႔ေသာ္ ကုိယ့္ေယာက်ာ္း အေၾကာငး္ ကုိယ္သိေနေတာ့ ေမာင့္ကို အတင္းအၾကပ္ ဖြင့္ဟမေတာင္းဆိုမိ။ ေမာင္က မ ႏွင့္ နားရာကလြဲ က်န္ေသာသူမ်ားကို ခံစားခ်က္အေသြးအသားျဖင့္ တည္ေဆာက္ထားေသာ သက္႐ွိလို႔ သက္မွတ္ထားေသာသူမွ မဟုတ္တာ။

အေမမွမဟုတ္ အျခားေသာ လူေတြကိုလည္း ထုိနည္းလည္းေကာငး္ ေသြးေအးေအး ဆက္ဆံတတ္သူပင္။ အေမ့တစ္ေယာက္တည္းကို တသီးတသန္႔ေခ်ျပေနတာမ်ိဴး မဟုတ္။ ေမာင့္ရဲ႕ဗီဇကိုက အပုိစကားမေျပာတတ္ပဲ လူမႈ႕ေရးညံ့ဖ်ငး္ေနတာျဖစ္သည္။

ေမာင္က နန္းႀကီးသုတ္ကို ခပ္ေအးေအး စားေနသည္။ မ က နန္းႀကီးသုတ္ကို ပိုင္စီးစားတတ္သည့္ အရသာ အစပ္အဟပ္တည့္စြာ ျပင္ဆင္ေပးထားသည္။ မနက္ခငး္ မိသာစုစုံညီေနေသာ စားပြဲဝုိင္းက တိတ္ေနသည္။

""ေမာင္ ... ဘာလိုလဲ။ အရသာ ဘယ္လုိေနလဲ""

""မလိုဘူး။ ေကာငး္တယ္ ... မ""

""ညေန ဘာစားခ်င္လဲ။ မ ဘာခ်က္ထားေပးရမလဲ""

""အင္း ... ငါးရံ႕အူ ဆီျပန္ဟင္း နဲ႔ အသီးအ႐ြက္သုတ္တစ္ခုခုေပါ့""

ေတြးေတြးေတာေတာ စဥ္းစားဟန္ျပဳကာ ေမာင္ ျပန္ေျဖေလသည္။

""ဟုတ္ကဲ့ပါ ေမာင္ ""

နားရာကို အဟာရစာေကၽြးရင္း မ ေခါင္းညိမ့္သည္။

""ငါးရံ႕အူက ကုိင္ရတာ ဘယ္ေလာက္ခက္တယ္မွတ္လဲ။ အညွီန႔ံေပ်ာက္ေအာင္ ေသခ်ာ လုပ္ရတယ္။ အသီးအရြက္သုတ္ဆိုတာလည္း စကားေလးတစ္ခြန္းနဲ႔ ေျပာရတာသာ လြယ္တာ။ ဆီခ်က္ခ်က္ရ၊ အရြက္သင္ရ၊ အထုအေထာငး္လုပ္ရနဲ႔ ကြိစိကြစိ တအားဒုကၡမ်ားတယ္။ အစားတစ္လုတ္ အဝင္ေကာငး္ဖို႔ လုပ္ရတဲ့ အိမ္႐ွင္မက မသက္သာဘူး""

ေဒၚသစ္သစ္ႏုိင္က က ႐ုတ္တရက္ ထ ေျပာသည္။ ပုိင္စီးက စားေနရင္းတန္းလန္း ေဒၚသစ္သစ္ႏုိင္ကို တစ္ခ်က္ မ်က္လုံးလွန္ၾကည့္ၿပီး မ်က္ႏွာခ်ငး္ဆုိင္က မ ကို တည့္တည့္ၾကည့္ကာ

""လုပ္ခ်င္တဲ့ စိတ္႐ွိရင္ မခက္ပါဘူး။ ေမာင္ စားဝင္ဖို႔လုပ္ေပးရတာ မ အတြက္ ဒုကၡမဟုတ္ဘူးမလား""

ပိုင္စီးက ေယာကၡမျဖစ္သူကို တစ္ခ်က္မွ အဖက္မလုပ္ေလေသာေၾကာင့္ ေဒၚသစ္သစ္ႏိုင္ မ်က္ႏွာပ်က္ေနၿပီ။

မ က  အေမႏွင့္ပုိင္စီးကို တစ္လွည့္စီၾကည့္ၿပီး ခပ္ၿပဳံးၿပဳံးႏွင့္ သမီးကိုပဲ အစာခြံ႔ေနသည္။ ခြံ႔ေနေသာ ဇြန္းကို လက္ကာကာ ျငင္းပယ္ေနေသာ နားရာေလးအား

""နားရာေလး ... နည္းနည္းပဲ က်န္ေတာ့တယ္။ ကုန္ေအာင္ စားရမယ္ေလ။ အစာက်န္တာ ေမေမမႀကဳိက္ဘူးေနာ္""

ပုိင္စီးက မ ႏွင့္ သမီးကို ၾကည့္လွ်က္

""နားရာေလး အခုတေလာ အစားနည္းေနတယ္ေနာ္""

""ဟုတ္တယ္ ... ေမာင္။ ႐ြယ္တူ ကေလးေတြနဲ႔ အၿပဳိင္အဆုိင္ေကၽြးမွ စားတာ။ ေမာင့္သမီးက တအား အေဖာ္မင္တယ္။ အိမ္မွာ တစ္ေယာက္တည္းျဖစ္ရင္ နားရာေလး ဆိုးခ်င္ေနတယ္။ တစ္ဦးတည္းေသာကေလးရဲ႕ စ႐ုိက္ေတြ ေပၚေနၿပီလားပဲ""

ဇြန္းႏွင့္ပန္းကန္လုံးကို တီးေခါက္လွ်က္ ေဆာ့ကစားေနေသာ နားရာကုိ မ က ၾကည့္လွ်က္ ၿငီးၿငီးျငဴျငဴဆုိရွာသည္။

""အဲ့ဒါေျပာတာ ... တစ္ေယာက္တည္းေမြးတာ မေကာငး္ဘူး။ ကေလးက တစ္ကုိယ္ေကာင္းဆန္သြားေရာ။ အရြယ္လည္း ကြာေနၿပီပဲ။ ေနာက္ ကေလးတစ္ေယာက္ ထပ္ယူပါ့လား""

အေမ က ဝင္ေျပာျပန္သည္။

""ေနာက္တစ္ေယာက္လား ... ""

ခပ္တုိးတိုး ေရရြတ္ေသာ မ မ်က္ႏွာေလး ၿပဳံးေယာင္သမ္းသြားသည္။ စားပဲြေအာက္ကြယ္ေနေသာ ကိုယ့္ဗိုက္ကို ကုိယ္ မသိမသာ ျပန္ပြတ္သပ္မိတာ အေမ ႏွင့္ ေမာင္က သိမွာမဟုတ္။

""နားရာေလး ... နားရာေလးက ေမာင္ေမာင္ေလး လိုခ်င္လား၊ ညီမေလး လိုခ်င္လား""

ျဗန္းခနဲ ေၾကြပန္းကန္ေပၚ ဇြန္းခရင္းကို ေဆာင့္ခ်လိုက္ေသာ  အသံက ထိတ္လန္႔ဖြယ္။

ပိုင္စီးကို မ ေမာ့ၾကည့္သည္။

""ေနာက္တစ္ေယာက္ မယူဘူး ... မ။ နားရာေလးနဲ႔မ,ကိုေတာင္ ခ်စ္မဝျဖစ္ေနတာ ေနာက္ထပ္တစ္ေယာက္ကို ခြဲေပးရမဲ့အခ်စ္အတြက္ ေမာင္ မလုံေလာက္ဘူး။ ေဝစားမွ်စားေတြ ေမာင္ မႀကဳိက္ဘူး။ အကုန္လုံးက ေမာင့္သမီးခုိနားရာအတြက္ပဲ။ ယွဥ္လုရမဲ့ေသာကမ်ိဴး ေမာင့္သမီးကို မခံစားေစခ်င္ဘူး။ ေမာင္ ေျပာမယ္။ ေနာက္ထပ္ ကေလး ေမာင္လုံးဝမလိုခ်င္ဘူး""

ေမာင္ က ထမင္းစားခန္းထဲက အရင္ ထြက္သြားသည္။

""အေမ ... နားရာကို အေမ ၾကည့္ထားေပးပါေနာ္""

ပုိင္စီးအေနာက္ကို မ အေလာတႀကီး လိုက္သြားသည္။

------------------

အိပ္ခန္းထဲ ေရာက္ေရာက္ခ်င္း

""ေမာင္ ... ခုနက ထမင္းစားခန္းမွာ ေျပာတဲ့ စကားက ေမာင့္ စိတ္ရင္းလား""

မ စကားသံသည္ သိလိုစိတ္ေၾကာင့္ အလ်င္စလိုျဖစ္ေနလိမ့္မည္။

""ဟုတ္တယ္""

စဥ္းစားေနစရာမလို။ မဆိုငး္မတြ ေျဖဆိုေသာ ေမာင့္ရဲ႕ အေျဖစကား။ ျပတ္သားလိုက္တာ။

ပ်က္ယြင္း တုန္လႈပ္သြားေသာ မ အေျခအေနကို အရိပ္အကဲဖမ္းမိေသာေမာင္က စိတ္ပ်က္စြာ မ်က္ေမွာင္ကုတ္သြားသည္။ ထို႔ေနာက္ ခါးေထာက္လွ်က္

""မ က ေနာက္ကေလး ထပ္ ယူဖို႔ စဥ္းစားေနတာေတာ့ မဟုတ္ပါဘူးေနာ္""

မ က ပုိင္စီးကုိ ေမာ့ၾကည့္လာၿပီး မရဲတရဲ ေခါငး္ညိမ့္သည္။

""မ, ျဖစ္ႏိုင္ရင္ ေနာက္ထပ္ ကေလးတစ္ေယာက္ ထပ္ယူခ်င္တယ္""

""ဘာလို႔လဲ မ ရာ""

""မ က ေမြးခ်င္းမရွိလို႔ အထီးက်န္ျခငး္ကို ေကာငး္ေကာငး္သိတယ္။ သူငယ္ခ်ငး္ေတြမွာ  ညီအစ္ကုိေမာင္ႏွမေမြးခ်င္းေတြ အခ်ငး္ခ်ငး္ ႐ိုငး္ပငး္ကူညီမႈ႕နဲ႔ ေႏြးေႏြးေထြးေထြး ႐ွိတာကို မ သိပ္အားက်တယ္။ တစ္ေယာက္တည္းဒဏ္ကုိ ခံလာတဲ့ မ က မ့ သမီးနားရာကို မ,လို ဒဏ္မခံေစခ်င္ဘူး။ ကေလးေတြစည္စည္ကားကားနဲ႔ ေပ်ာ္ရႊင္တဲ့ မိသားစုဘဝကုိ မ,လိုခ်င္တယ္။ ေမာင္နဲ႔မ စီးပြားေရး ေျပလည္ေနတာပဲ။ ေမာင္ လည္း ခင္ပြန္းေကာငး္တစ္ေယာက္။ ကေလးေနာက္တစ္ေယာက္ေတာ့ တာဝန္ယူႏိုင္ပါတယ္""

ပိုင္စီး အံ့ၾသလြန္းလို႔ ပါးစပ္အေဟာငး္သား။ စိတ္ပ်က္ျခငး္ေတြက မ်က္လုံးအၾကည့္ေတြမွာ မဖုံးႏိုင္မကာႏုိင္။ ခါးေထာက္ျဖဳတ္လွ်က္

"" စီးပြားေရးအဆင္ေျပ႐ုံနဲ႔ ကေလးတျပြတ္ျပြတ္ေမြးလို႔ မရဘူး။ ကေလးေတြကို ဝမ္းဝေအာင္ ခါးလွေအာင္ ဆင္ျမန္းေကၽြးေမြးေပး႐ုံနဲ႔ မိဘတာဝန္ မေက်ဘူး။ ကေလးေတြရဲ႕စိတ္ခံစားခ်က္ကို ယုိေပါက္မ႐ွိေအာင္ ကာစီးႏိုင္ရမယ္။ တစ္ထက္ပုိတဲ့ ကေလးေတြအေပၚ မိဘေတြရဲ႕ ဂ႐ုစိုက္ၾကင္နာမႈ႕က လိုအပ္မႈ႕၊ပ်က္ကြက္မႈ႕ရွိလာမွာပဲ။ မိဘေတြရဲ႕ မဆင္မျခင္ သားပြားႏႈန္းက မိဘေတြထက္ သားသမီးေတြကို သက္ေရာက္ေစတယ္။ ေမြးခ်ငး္အခ်ငး္ခ်ငး္ အားငယ္မႈ႕၊ မနာလိုမႈ႕၊ ယွဥ္ၿပဳိင္မႈ႕ေတြ မျဖစ္လာေအာင္ မ, တန္းတူညီမွ် ေမတၱာတရားျဖန္႔က်က္ေပးႏုိင္လား။ ငါ့ကို မိဘေတြက အႀကီးေလာက္ မခ်စ္ပါဘူးကြာ၊ ငါ အႀကီးထက္သာေအာင္ႀကဳိးစားမယ္ အဲ့ဒီ့ အားငယ္စိတ္ေတြက ႏုနယ္တဲ့ကေလးတစ္ေယာက္ကို ဆိုးသြမ္းသြားေစတယ္""

""ေမာင္ အေတြးေတြ တအားမ်ားတာပဲ။ ေနာက္ကေလးတစ္ေယာက္ရဖို႔ကို ေမာင္ဒီေလာက္ စိတ္ဖိစီးေနမယ္လို႔ မထင္ထားဘူး""

""နားရာကိုပဲ ဂ႐ုစိုက္ပါ၊ နားရာကုိပဲ ခ်စ္ပါ၊ နားရာကုိပဲ ျဖည့္ဆည္းပါ။ နားရာဘဝမွာ ေမတၱာတရားေရာ၊ ဥစၥာဓနေရာ လိုအပ္မႈ႕မ႐ွိေစရဘူး။ ေနာက္ထပ္တစ္ေယာက္ကို  စိတ္ထဲေတာင္ မထည့္နဲ႔။ ေမာင္လုံးဝလက္မခံဘူး။ နားရာကုိ အကိုပိုင္ေဇလိုအျဖစ္မခံႏိုင္သလို ပုိင္စီးလိုလူ ေနာက္တစ္ေယာက္ ထပ္ မေမြးဖြားေစရဘူး။ ကၽြန္ေတာ္လည္း ဒုတိယဦးပိုင္အာဏာ မျဖစ္ခ်င္ဘူး။ ပိုင္ေဇနဲ႔ပုိင္စီးကို Version အသစ္နဲ႔ထပ္ျမင္ခ်င္ရင္ မ ေမြးၾကည့္လိုက္""

အခန္းတံခါးကို ဒုန္းခနဲ ေဆာင့္ပိတ္ကာ ပိုင္စီးထြက္သြားသည္။

မ မ်က္ရည္ေတြ တားမရေအာင္ လိမ့္ဆင္းစီးက်လာသည္။ လက္က အလိုလိုေနရင္း ဗိုက္ကို ပြတ္သပ္မိသည္။

ေမာင္နဲ႔ တစ္သားတည္းျဖစ္ေစဖို႔ ကၽြန္မ ညွိယူခဲ့ေပမဲ့ ေမာင္နဲ႔ကၽြန္မက ေရျပင္ညီမ်ဥ္းမဟုတ္ခဲ့ပဲ ၿပဳိင္မ်ဥ္းေတြ ျဖစ္ေနခဲ့တယ္။

-----------------------

စားပဲြေပၚ ပစ္တင္ေပးေသာ ေသာ့တြဲကို ၾကည့္ၿပီး အေရွ႕မွာ ေျခခ်ိတ္ထိုင္ေနေသာ ပိုင္စီးကို အေမးသေဘာေဆာင္ အၾကည့္နဲ႔ Down ၾကည့္လာသည္။

""တိုက္ခန္းေသာ့။ ငါနဲ႔မင္းနဲ႔ Panorama Hotel မွာ ေတြ႔ေနလို႔မွ မျဖစ္တာ။ ငါတို႔ေတြ႕ဆုံမႈ႕က မ႐ိုး႐ွင္းေတာ့တာ မငး္သိပါတယ္""

ဝါးေနေသာ ပီေကကို ပါးေစာင္မွာ ကပ္လွ်က္ Downေခါငး္ တဆက္ဆက္ ညိမ့္သည္။

""Ok ဒီေန႔ပဲ ေျပာင္းလိုက္မယ္။ ေနာက္ၿပီး က်န္းေလာင္ေဝ့နဲ႔ အၿပီးသတ္လိုက္ပါ့မယ္""

""မလိုပါဘူး""

တိုက္ခန္းေသာ့ကို လွမ္းယူေနေသာ Downလက္ေခ်ာင္းတုိ႔က ပုိင္စီးစကားေၾကာင့္ ေသာ့တြဲကို မယူျဖစ္ေတာ့ပဲ ခါးျပန္မတ္သြားသည္။

""ဘာကုိမလုိတာလဲ""

""က်န္းေလာင္ေဝ့နဲ႔ အၿပီးသတ္ဖို႔ မလိုဘူး""

Downမ်က္ခုံးတစ္ဖက္ ပင့္တတ္သြားသည္။ ပုိင္စီးကို ၾကည့္လွ်က္ ဟက္ခနဲ ရယ္သည္။

""ပုိင္က စိတ္သေဘာထားျပည့္ဝလိုက္တာ။ ပုိင္နဲ႔ျဖစ္ေနစဥ္မွာ အျခားလူနဲ႔ ျဖစ္လည္း ရတယ္ဆိုတဲ့ နားလည္မႈ႕လား""

ပုိင္စီးက နားလည္ရခက္ေသာ အၿပဳံးကို ၿပဳံးသည္။

""က်န္းေလာင္ေဝ့ရဲ႕ အခ်စ္ေတာ္အျဖစ္ေနၿပီး သူ႔ရဲ႕ အတြင္းေရးသတင္းေတြကို ငါ့ကုိ ျပန္အသိေပးရမယ္။ က်န္းေလာင္ေဝ့မွာ တရားမဝင္တဲ့ လ်ဴိ႕ဝွက္ေငြေတြ႐ွိတယ္။ အဲ့ဒါကို ငါလိုခ်င္တယ္။ မင္းက သတင္းႏႈိက္ေပး႐ုံပဲ""

""အခု တို႔ကို spy လုပ္ခိုင္းေနတာလား""

Downရဲ႕ အက္ရွေသာ စကားကုိ အေရးမစုိက္။

""ငါေတြ႔ခ်င္တဲ့အခ်ိန္ အဲ့တိုက္ခန္းမွာ ေတြ႔မယ္။ က်န္တဲ့အခ်ိန္မဆက္သြယ္နဲ႔။ အေရးႀကီးကိစၥမရွိရင္ ငါ့ကုိ လုံးဝမဆက္သြယ္ပါနဲ႔""

Down က ေျခာက္ကပ္ကပ္ ရယ္သည္။

""လုံးဝကို အငယ္အေႏွာင္းပုံစံ ... မဟုတ္ေသးဘူး ဘယ္လိုေျပာရပါ့ ... အငယ္အေႏွာင္းေလာက္ေတာင္ အဆင့္မရွိတဲ့ တိတ္တိတ္ပုန္းလို႔ ေျပာရမလား။ အဲ့ပုံစံခြက္ထဲ ေဘာင္သြင္းေနေတာ့တာပဲ။ တုိ႔ေယာက်္ားတစ္ေယာက္ျဖစ္တာ ပိုင္ေမ့ေနလား။ ေယာက္်ားမာန တံခြန္စိုက္ထူေနတာ မဟုတ္ေပမဲ့ ေယာက္က်ား္အခ်ငး္ခ်ငး္ကို ဒီပုံစံခြက္ထဲ ေရာက္ေနတဲ့တုိ႔အျဖစ္က တဆိတ္! လြန္ၿပီ""

ပုိင္စီးက နားလည္ရခက္စြာ ရယ္သည္။ Downက ပုိင္စီးကို စူးရဲစြာ စိုက္ၾကည့္ေနသည္။

""အခုေတာ့ ေယာက်ာ္းအခ်ငး္ခ်ငး္ေတြ၊ မာနေတြ မငး္ပါးစပ္က ထြက္လာၿပီေပါ့။ ငါက ပုံစံ ေဘာင္သြငး္ေနတာမဟုတ္ဘူး။ မင္းက ငါ့ပုံစံခြက္ထဲ ဝင္ေအာငး္ေနတာ။ ငါ့အနားမွာ ေနခ်င္ရင္ ငါေဘာင္သြငး္ထားတဲ့ ပုံစံခြက္ထဲမွာပဲေန။ ငါ့အနားမွာ သိပ္ေနခ်င္တဲ့မင္းအတြက္ ဒီပုံစံက အသင့္ေတာ္ဆုံးပဲ""

""တို႔ေနခ်င္တာက ဒီလိုပုံစံမဟုတ္ဘူး။ ဘယ္လိုပုံစံလဲ တုိ႔လည္းမေျပာတတ္ဘူး။ ဒါေပမဲ့ ဒီလိုႀကီးက မဟုတ္ေသးပါဘူး။ ကာေမသုမိစၦာစာရာကံ က်ဴးလြန္ရက်ိဴးမနပ္ဘူး""

ခပ္ေပ်ာ့ေပ်ာ့လက္သည္းထိပ္ဖ်ားအခ်ငး္ခ်ငး္ ဆိတ္လွ်က္ အလိုမက်မႈ႕ကို ေဖာ္ျပေနေသာ Downအျပဳအမူကို ပုိင္စီးက ခပ္ၿပဳံးၿပဳံး ၾကည့္ေနသည္။

Downသည္ ခပ္ေပ်ာ့ေပ်ာ့ႏုိင္လြန္းသည္။ ဖက္႐ွင္ဒီဇုိင္းက ႐ိုးရွင္းသည္။ အေရာင္ေဖ်ာ့ေဖ်ာ့ႏုႏုလြင္လြင္ကိုသာ ဝတ္စားဆင္ယင္တတ္သည္။ ျဖဴေလ်ာ့ေနေသာ အသားအေရနဲ႔ ဝတ္ဆင္ထားေသာ အေရာင္ႏုႏုတို႔က အျမင္စပ္ဟပ္စြာ Downသည္ ပိုးကပ္ျဖဴေလးကဲ့သို႔ ျမင္ရသူအဖို႔ အားမရႏိုင္။

အေနအထိုင္၊ အေျပာအဆိုက မတတ္၊ အေၾကာကတင္းေလေတာ့ ျဖဴေဖ်ာ့ေဖ်ာ့ပုိးဟပ္ျဖဴေလးကို ထုေထာင္းခ်င္စရာေလးျဖစ္ေနသည္။

နားၾကားျမင္းကပ္ဖို႔ေကာငး္ေသာ စကားတို႔ကိုခ်ည္း ဆုိတတ္လွေသာ သူ႔စကားတို႔၏အသံသည္ စြာက်ယ္စြာက်ယ္မဟုတ္။ ခပ္တုိးတိုးျဖစ္သည္။ နားဝင္ေအးသည္။ သူေျပာသည့္စကားကုိ ၾကားရန္ အာ႐ုံစိုက္နားေထာင္ရသည္ကိုက တစ္ဖက္လူအား သူ႔အနားကပ္လာေစရန္ ဆြဲေဆာင္မႈ႕တစ္ခု။

ႏူးညံ့ေပ်ာ့ေပ်ာငး္ေသာ ႏြဲ႕စင္းစင္း အနက္ေရာင္ဆံပင္တို႔က လည္ပင္းဂုက္ မေရာက္တေရာက္။ အနက္ေရာင္ဆံပင္ခဲြေၾကာငး္ရာက ဦးေရျပားထက္ ႐ွငး္လငး္ေသသပ္စြာ။ အခုေခတ္လူငယ္ျဖစ္ေနေသာ္ျငား မ်က္စိေနာက္စရာ နားကြင္း၊ လက္ေကာက္၊ ဆြဲႀကိဳးစေသာ accessories ေတြကို မဝတ္ဆင္,မခ်ိတ္ဆြဲထား။ ႐ိုးရွင္း ေသသပ္လြန္းသည္။

အေရာင္မရဲေသာ ႏႈတ္ခမ္းပါးပါးကို တင္းတင္းေစ့ထားပုံက မာန္တင္းခ်င္ေယာင္ေဆာင္ေနသည္။  သို႔ေသာ္ သူစိတ္လႈပ္႐ွားေနေၾကာငး္ကို ကေလးဆန္ေသာ အျပဳအမူတစ္ခုခုျဖင့္ သူကုိယ္တိုင္သတိမထားမိပဲ ေဖာ္ျပေနတတ္ေသးသည္။ အခုလို လက္သည္းဆိတ္ေနတာက တစ္ခုအပါအဝင္ေပါ့။

တဇြတ္ထုိးရဲတင္းလြန္းေသာ္လည္း သူျဖစ္ခ်င္သလိုျဖစ္မလာမွာ စိုးရိမ္မႈ႕ေတြက အားေဖ်ာ့ေသာ သူ႔မ်က္ဝန္းေတြမွာ ေပၚလြင္ေနသည္။

ခ်ဴံေျပာရရင္ Downသည္ ခႏၶာေဗဒအရေရာ၊ စိတ္ဓာက္ပိုင္းဆုိင္ရာအရပါ အားေပ်ာ့လြန္းသည္။ ထုိအားေပ်ာ့ေသာ အခ်ငး္အရာကို ရဲတငး္ေသာအျပဳအမူတုိ႔ျဖင့္ ဖုံးလႊမ္းအေရၿခဳံသည္။

ျပင္းထန္ေသာဖိအားတစ္ခုခုသာ မ႐ွိခဲ့ရင္ Downသည္ အေနေအးေသာ၊ မေနာျဖဴစင္ေသာ၊ ႐ိုးရွင္းသည့္ဘဝေနထုိင္မႈ႕နဲ႔ ေကာင္ေလးတစ္ေယာက္ျဖစ္ေနမွာပါ။

Downသည္ မက္ေမာစရာေကာငး္ေသာ ေကာင္ေလးတစ္ေယာက္ပါပဲ။

မ်က္စိေ႐ွ႕က အေတြးေတြပြားေနလွ်က္ လက္သည္းဆိတ္ေနေသာ ေကာင္ေလးကို ပုိင္စီး စိုက္ၾကည့္ေနသည္။ 

ေျမြေျမြခ်င္း ေျချမင္တာ ဒါမ်ိဴးပဲေနမွာ။ ဟိုတ႐ုတ္ဘိုးေတာ္က ပုိင့္ရဲ႕အကြက္ကုိ ႀကဳိသိေနလို႔ ငါ့ကို အရင္ခ်ဴပ္တယ္။ အားလုံးက ဝွက္ဖဲကုိယ္စီကုိင္ထားၿပီး ကုိယ့္အတြက္ကုိယ္ ၾကည့္တဲ့ လူလည္ေမာ္တာပန္ကာေတြခ်ည္းပဲ။ ဒီလိုေမာ္တာပန္ကာေတြၾကား ဘာမွလိုက္မမွီတဲ့ အႀကံတုံးဥာဏ္တုံး ငါက သူတို႔လက္ထဲက ဝွက္ဖဲ။

ဒီေလာက္ လူလူခ်င္း ေကာက္က်စ္စဥ္းလဲၿပီး ေဆာင့္ကန္ခ်ေနတဲ့ ေလာကႀကီးမွာ ခပ္တုံးတုံးဦးေဏွာက္နဲ႔ငါကုိယ့္ငါ လူလုိ႔ေတာင္ မသက္မွတ္ခ်င္ေတာ့ဘူး။ ဥာဏ္မ်ားတဲ့လူေတြၾကား ဥာဏ္နည္းတဲ့ေကာင္က အသုံးခ်ခံျဖစ္ေနတာ မထူးဆန္းဘူး။

သူ႔အေတြးနဲ႔သူဗ်ာမ်ားေနေသာ Downက ဘာရယ္မဟုတ္ မ်က္လုံးအေ႐ြ႕ ဖ်တ္ခနဲ ပုိင္စီးႏွင့္ အၾကည့္ခ်င္းဆုံကာ ပုိင္စီးစိုက္ၾကည့္ေနတာကို Downသတိထားမိသြားသည္။

Down႐ုတ္တရက္စိတ္ဆုိးသြားၿပီး ဘာၾကည့္တာလဲ အဓိပၸာယ္ေဆာင္ေသာ ရန္လိုျခငး္ကို အသံတိတ္ ျပဳျပန္သည္။

ပုိင္စီး မထိန္းခ်ဴပ္ႏိုင္ပဲ သေဘာက်စြာ အသံထြက္ေအာင္ ရယ္သည္။

Downက ပုိင္စီးကုိ စိတ္ဆုိးမာန္ဆိုး မ်က္ေမွာင္ကုတ္ၾကည့္ေနတုန္း။ ထို႔ေနာက္ စိတ္ေလွ်ာ့လိုက္သည့္ဟန္ သက္ျပင္းခ်သည္။ ပုိင္စီးအနားေလွ်ာက္လာၿပီး ပုိင္စီးေပါင္ေပၚ ထုိင္သည္။ ပုိင္စီးမ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ အုပ္ယူမလွ်က္

""တို႔ကို တန္ဖိုးထားေစခ်င္တယ္ ... ပုိင္""

""တန္ဖိုး? ... ထားေပးတယ္ေလ။ တိုက္ခန္းကို အရင္ သြားၾကည့္လုိက္ပါဦးကြာ။ မင္းရဲ႕လက္႐ွိတန္ဖိုးက တုိက္ခန္းတစ္ခန္းျဖစ္ေနၿပီ။ ေနာက္ မင္းလုပ္ေဆာင္ခ်က္အလိုက္ တန္ဖိုးက ျမင့္တတ္သြားလိမ့္မယ္။ က်န္းေလာင္ေဝ့ကိုသာ ကုိင္တြယ္စမ္းပါ""

Downဆံစတုိ႔ကို လက္ေခ်ာငး္တို႔ျဖင့္ တို႔ဖြလွ်က္ ဆုိသည္။ Downမ်က္ႏွာ မရႊင္ေသး။

""တို႔ေျပာတာ အဲ့လိုတန္ဖိုးမဟုတ္ဘူး။ အျပင္လူေတြနဲ႔ မဆုိင္ဘူး။ ပုိင္နဲ႔တို႔ၾကား။ တုိ႔ကို ၾကင္နာေပးေစခ်င္တာ""

""ၾကင္နာတာ?""

ပုိင္စီး မ်က္ႏွာလႊဲရယ္လွ်က္ ေပါင္ေပၚမွာ ေဘးေစာင္းထုိင္ေနေသာ Downကုိ ထိုင္ခုံမွာ အက်အန ျပန္ေျပာငး္ထုိင္ေစၿပီး ပုိင္စီးက မတ္တပ္ရပ္ကာ Downကုိ အုပ္မုိးၾကည့္သည္။

လည္တုိင္ကို ဖမ္းကုိင္ကာ ႏႈတ္ခမ္းကို နမ္းရန္အျပဳ Down လည္ေစာင္း၊ ေခါင္းေ႐ွာင္သြားသည္။

""အဲ့လို မဟုတ္ဘူး ... ပိုင္။ တုိ႔ပဲ ျမန္မာမွာမေနတာ ၾကာလို႔လားမသိဘူး။ တုိ႔ရင္ထဲက ဆႏၵကုိ ပိုင္နားလည္ေအာင္ ျမန္မာစကားထဲက ဘယ္စကားလုံးကို သုံးေျပာရမလဲ။ တုိ႔ေျပာတဲ့ တန္ဖိုးက အဲ့လို တုိက္ခန္းေတြ ပကာသနေတြ မဟုတ္ဘူး။ ၾကင္နာတယ္ဆုိတဲ့ စကားကလည္း အခုလိုမဟုတ္ဘူး။ ဘယ္လိုေျပာရမလဲ""

မ်က္ခုံးႏွစ္ဖက္ကုိ တြန္႔၊ ဘာဆက္ေျပာရမွန္းမသိ အၾကပ္႐ုိက္စြာ ေအာက္ႏႈတ္ခမ္းသားကို တဖြဖြ ဖိကိုက္လွ်က္ အားမလို အားမရ မ်က္ႏွာကို မဲ့ ေနသည္။ မ်က္ႏွာတစ္ခုတည္းမွာ စိတ္၏အလိုမက်မႈ႕ကို ေဖာ္ေဆာင္ေသာ လႈပ္ရွားပုံအမ်ိဴးမ်ိဴးကို ၾကည့္ကာ ပိုင္စီး အသဲယားလာသည္။

""ဒီလိုဆိုရင္ေရာ ..""

Downအက်ႌအထဲ ပုိင္စီးလက္ေခ်ာင္းေတြ ဝင္လာၿပီး ခါးနားကို တုိ႔ထိလိုက္ေသာအခါ Downကုိယ္ တြ႔န္လိမ္သြားသည္။

""အားးး မလုပ္နဲ႔။ ဗိုက္က အနာမက်က္ေသးဘူး""

""ဒါဆို ... ဒီလိုဆုိရင္ေရာ""

ပိုင္စီးပါးေစာင္ႏွင့္ ေမးဖ်ားနားက ႏႈတ္ခမ္းေမႊးငုတ္စိတို ၾကမ္း႐ွ႐ွနဲ႔ Down၏ ႏုနယ္ေသာလည္တုိင္ကို ပြတ္သက္ေတာ့ Down ယားလြန္းလို႔ ႐ုန္းဖယ္လာသည္။

""အား မလုပ္နဲ႔ ... ပိုင္ရာ။ ယားတယ္""

ယားလြန္းလို႔ တဟီးဟီးတဟားဟား ရယ္လွ်က္ ပုိင္စီးမ်က္ႏွာကို ေ႐ွာင္ဖယ္ တားျမစ္သည္။  Downခါးကိုထိန္းမတ္ကုိင္လွ်က္ အေပၚပိုင္း လည္တုိင္ႏွင့္ မ်က္ႏွာကို ပုိင္စီး ေမးဖ်ားျဖင့္ ပြတ္သက္ေနသည္။

Downေအ္ာရလြန္းလို႔ ေမာသြားေတာ့မွ ပုိင္စီးက ႏြမ္းလ်လ်Downကို ေစ့ေစ့ၾကည့္ကာ Down၏ အသက္လု႐ႈေနရေသာ ဟစိဟစိ ႏႈတ္ခမ္းကို ေထြးငုံသည္။

အနမ္းေတြၾကား အသက္႐ႈခက္ေနေသာ Downကို စာနာစြာ နယ္ကၽြံေနေသာ ကုိယ့္ လွ်ာဖ်ားကို ျပန္႐ုတ္သိမ္းၿပီး ႏႈတ္ခမ္းအခ်င္းခ်င္း ထိ႐ုံသာကပ္လွ်က္ Down၏ ျပင္းထန္ေသာ ဝင္ေလထြက္ေလကို ပုိင္စီး ႐ႈ႕မွတ္၏။ Down၏ ထြက္ေလကို ကိုယ့္ကုိယ္တြင္းသို႔ ႐ႈိက္သြင္းသည္။

ဆုိဖာေပၚ ေနာက္လန္ လဲက်မသြားေစရန္ Down၏ လည္တုိင္ကို ပုိင္စီး လက္တံေတာင္ျဖင့္ အေနာက္ကထိန္းကုိင္ေပးထားသည္။

""မင္းသိပ္ေပ်ာ့တယ္ ...""

နဖူးခ်င္းဆုိင္လွ်က္ ပုိင္စီး အားမလိုအားမရစြာ အျပစ္တင္မိသည္။ ပုိင္စီးျပန္ရတာက Down၏ အားမပါေသာ အၿပဳံးႏုႏုတစ္ခု။

""ညစာ ... ဒီမွာပဲ တုိ႔နဲ႔ အတူတူ စားသြား""

""ဝမ္းနည္းပါတယ္ ... ညစာကို အျပင္မွာ ငါ မစားတတ္ဘူး။ ျပန္ေတာ့မယ္""

လက္မွာ ပတ္ထားေသာ နာရီကုိ ၾကည့္လွ်က္ ပုိင္စီး ကုိယ္ခ်င္းခြာ မတ္တပ္ထရပ္သည္။

""ဟာ! မရပါဘူး။ မျပန္ရေသးဘူးကြာ။ ေျခာက္နာရီေတာင္ မထိုးေသးဘူး""

ပုိင္စီးက အေရးမလုပ္။ ဝတ္ထားေသာ ႐ွပ္ကို ေသသပ္ေအာင္ ျပန္ျပင္ေနသည္။

""ေတာင္းပန္ပါတယ္ ... တို႔ အဲ့ေလာက္ အားမေပ်ာ့သင့္ဘူး။ အခုအဆင္ေျပသြားၿပီ။ ပုိင္လိုခ်င္ရင္ တုိ႔အဆင္သင့္ျဖစ္ပါၿပီ။ အဲ့ဒါေၾကာင့္ မျပန္ေသးနဲ႔ဦးေနာ္""

ပုိင္စီး၏ သက္ျပင္းခ်သံ ခပ္ေလးေလးကို ၾကားလိုက္သည္။

""မင္းဆီက ငါလိုခ်င္တာ အဲ့ဒါတစ္ခုသက္သက္ဆို အဲ့ညကတည္းက ၿပီးၿပီေပါ့။ ငါ့ကုိယ္ငါ အံ့ၾသမိတဲ့အထိ သိလိုက္ရတာ တစ္ခု႐ွိတယ္။ ငါ မင္းဆီက လိုခ်င္တာ အဲ့ဒါတစ္ခုတည္းမဟုတ္သလို အဲ့ဒါထက္ ပုိအေရးပါတာလည္း ျဖစ္ႏိုင္တယ္။ ငါမင္းဆီက ဘာလိုခ်င္လဲ အတိအက် အေကာင္အထည္ေဖာ္ မသိေပမဲ့ ငါမင္းကို လက္ခံလိုက္တယ္။ အခုုျပန္တာကလည္း မင္းအားနည္းေနလို႔ မဟုတ္ပါဘူး။ အိမ္မွာ ငါ့ကုိ ေစာင့္ေနတဲ့ ငါ့မိသားစု႐ွိေနလို႔ပါ""

အင့္ခနဲ ငို႐ႈိက္သံႏွင့္အတူ မတ္တပ္ရပ္လွ်က္ ပုိင္စီးခါးကို ထိုင္ခုံမွာထုိင္ေနဆဲျဖစ္ေသာ Downသည္ အေနာက္က ဖက္တြယ္လာသည္။

ဖက္တြယ္ထားေသာ Downလက္အား ပုိင္စီးမျဖည္ခ်ပဲ Downကုိ ငုံ႔ၾကည့္သည္။

""မဆုိးစမ္းနဲ႔ ... Mine, ငါ လည္း မဆုိးခ်င္ဘူး""

ပုိင္စီးခါးကိုခ်ိတ္တြယ္ထားေသာ Downလက္တို႔ ေျပက်သြားသည္။

""မုိင္း? ဘာ မိုင္း လဲ ... Ahhh! Minus Downမွာ Minus ကုိ အဖ်ားဆြတ္ေခၚတာလား""

ခပ္႐ြဲ႕႐ြဲ႕ေလွာင္ရယ္သံႏွင့္ မ်က္ရည္ကို သုတ္ဖယ္ကာ Down မ်က္ႏွာလႊဲသြားသည္။

ပိုင္စီးက Down၏ မေက်မလည္မ်က္ႏွာကို အျပစ္မျမင္ေသာ အၾကည့္ျဖင့္ ၾကည့္ၿပီး Down၏ စင္းေျဖာင့္ေနေသာ ႏွာတံသြယ္သြယ္ကို လက္ေခာ်ငး္ထိပ္ျဖင့္ တို႔ထိပြတ္ဆြဲသည္။

""M I N E  ... Mine, ကုိယ့္ပိုင္ဆုိင္ရာ၊ ကုိယ့္အပုိင္""

Downရင္ထဲ သိမ့္ခနဲ ျဖစ္သြားသည္။ ငယ္ငယ္ကစီးဖူးသည့္ ခ်ားရဟက္၏ ျမင့္ရာမွ နိမ့္ရာကို အ႐ွိန္နဲ႔ဆင္းက်သြားသလို ရင္ထဲသိမ့္ခနဲ ခံစားခ်က္၊ အသဲေအးသြားသည္။

""ငါတုိ႔ႏွစ္ေယာက္လုံးက ေကာငး္တဲ့လူေတြ မဟုတ္ေပမဲ့ တစ္ေယာက္နဲ႔တစ္ေယာက္ ဒီ့ထက္ ဆိုးေအာင္ မလုပ္ေၾကး။ က်င့္ဝတ္မညီတဲ့ငါတို႔ႏွစ္ေယာက္ ဆက္ဆံေရးမွာ နားလည္မႈ႕ထားၾကရေအာင္ ... Mine""

""အခုဆက္ဆံေရးက ပိုင္နဲ႔နီးစပ္လာ႐ုံပါပဲ။ ပုိင့္အနားမွာ ေနခြင့္ရတာမဟုတ္ေသးပါဘူး။ တုိ႔ ဒီအဆင့္နဲ႔ မေက်နပ္ဘူး။ ကံငါးပါးကို ခ်ိဴးေဖာက္ေနတာခ်ည္းအတူတူ ဒီလိုအဆင့္နဲ႔ တို႔မတင္းတိမ္ဘူး။ တို႔စိတ္ ဆံဖ်ားတစ္ေထာက္စာေလာက္ေတာင္ မေအးခ်မ္းေသးဘူး။ တို႔ဆႏၵရဲ႕ တစြန္းတစကုိမွ မျပည့္ေျမာက္ေသးဘူးလို႔ ထင္မိတယ္။ တို႔ နည္းနည္းေလးမွ မေပ်ာ္ႏိုင္ေသးဘူး""

""က်န္းေလာင္ေဝ့ရဲ႕ သတင္းေကာင္းကို ေမွ်ာ္လင့္ေနမယ္။ အားရင္ တုိက္ခန္းကို သြားၾကည့္လိုက္ဦး။ ဆိတ္ၿငိမ္ရပ္ကြက္ပဲ။ သေဘာက်မယ္လို႔ ထင္ရတာပဲ။ ဇြဲရန္ေသခ်ာ႐ွာေပးထားတာ""

""ပိုင္ မေရာက္ဖူးေသးဘူးေပါ့""

ပုိင္စီးက ပခုံးႏွစ္ဖက္ တြန္႔ျပသည္။ Down လက္သီးကို ခပ္က်စ္က်စ္ ဖ်စ္ဆုပ္ထားသည္။

""သြားေတာ့ ... တို႔ဆႏၵျပည့္ဝဖို႔၊ တို႔ေပ်ာ္ႏိုင္ဖို႔ ဘယ္လိုေတြ ဆက္ယုတ္မာေကာက္က်စ္ရမလဲ စဥ္းစားလိုက္ဦးမယ္။ အခု ပုိင္ ျပန္ေတာ့""

ပုိင္စီးက Downႏႈတ္ခမ္းကို တစ္ခ်က္ဖိကပ္နမ္းကာ အခန္းထဲက ထြက္သြားသည္။

ေစ့ပိတ္သြားေသာ အခန္းတံခါးကို ၾကည့္ရင္း Downမ်က္ရည္ဝဲလာသည္။

ေမွ်ာ္လင့္ထားတာ ဒီလိုမ်ိဴးမဟုတ္ဘူး။

____________

ဒီတစ္ပတ္တည္းမွာ ေနာက္တစ္ပုိင္း လာပါ့မယ္ ^ ^

ဖတ္ေပးၾကတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ <3
တအားခ်စ္ပါတယ္ အယ္လယ္ :3

3:03 PM
7/31/2018

ပိုင်စီး ထမင်းစားခန်းထဲ ဝင်လိုက်ချိန် မနက်ခင်းစားပွဲဝိုင်းမှာ အခန့်သားထိုင်နှင့်နေသော ယောက္ခမဒေါ်သစ်သစ်နိုင်ကို တွေ့လိုက်သည်။ တွေ့တာက အကြောငး်မဟုတ်။

ဒေါ်သစ်သစ်နိုင်ထိုင်နေတာက ပိုင်စီးထိုင်နေကျနေရာဖြစ်သော စားပွဲဝိုင်း၏ ထိပ်ဆုံး၊ အိမ်တစ်အိမ်၏ အကြီးအကဲထိုင်သော နေရာမှာ ယောက္ခမဖြစ်သူက ထိုင်နေခြငး်။

ဒီဘွားတော်က ဒီတစ်သက်မပြန်တော့ဘူးလား။

ဒေါ်သစ်သစ်နိုင် ရောက်လာတည်းက ပိုင်စီးနေရာကို ယူထိုင်နေခြငး်မှာ သမက်ဖြစ်သူကို တမင် ချိူးနှိမ်လိုသည့် သဘောလား? မသိလို့ ဝင်ထိုင်သလား?

မ က ရော သူ့အမေ အနေအထိုင်မတတ်တာကို မပြောထားဘူးလား။ 

စိတ်ထဲ အလိုမကျမှု့တွေ တန်းစီနေပေမဲ့ ပိုင်စီး မူမပျက်။ ချီပိုးထားသောသမီးနားရာကို မ ဘေးထိုင်ခုံမှာ နေရာချ ပေးပြီး မ နှင့် မျက်နှာချငး်ဆိုင် ထိုင်ခုံမှာ ပိုင်စီး ဝင်ထိုင်သည်။

မနက်စောစော ယောက္ခမကို ငုတ်တုတ်ကြီးတွေ့ပါလျက် အကြည့်တစ်ချက်သာ ရောက်ပြီး သူ့အလုပ်သူဆက်လုပ်နေသော သမက်ကို မဲ့ကာ ရွဲ့ကာ ဒေါ်သစ်သစ်နိုင် ကြည့်နေသည်။

ကိုယ့်မိန်းမရဲ့အမေဖြစ်သော ယောက္ခမကို ဘယ်တော့မှ အရေးတယူ ရိုသေမှုမရှိ။ ဦးထိပ်ပန်ဆင်ထားဖို့မှာ ဝေးလာဝေး။ မွေးထားတာက သမီးတစ်ယောက်တည်း။ ထိုသမီး၏ယောကျား်ဖြစ်သူ မိမိ၏နှစ်ယောက်မရှိနိုင်သော ရွှေသမက်,ငွေသမက်က မိမိကို ဖုတ်လေသည့်ငါးပိ ရှိလေသည်ဟု အသိအမှတ်မပြုလေသောအခါ ခံပြငး်မိပါ၏။

အခြားမိသားစုတွေမှာ သမက်က ယောက္ခမနှင့်မတည့်လို့ တဂျက်ဂျက်၊ တဂျိန်းဂျိန်း ဖြစ်ရသည်။ မိမိနှင့်ဒီသမက်ကတော့ တဂျက်ဂျက် ဖြစ်စရာမရှိပါ။ ဒီသမက်က မိမိကို စိတ်ထဲနေရာပေးဖို့ နေနေသာသာ သူ့မျက်လုံးထဲတောင် မထည့်ထားသောကြောင့်ဖြစ်သည်။

ငုတ်တုတ်ကြီးတွေ့ပါလျက် စကားပြောဖို့ဝေးစွ, နှုတ်ဆက်စကားတောင် အလ္လာဘသလ္လာဘ မခြွေ။ မိမိကို ဒီထမင်းစားခန်းမှာ မရှိသူလို သဘောထားသည်။ သူ့မိန်းမနှင့်သူ့သမီးကိုသာ အရေးတယူ အဖက်လုပ်သည်။ ယောက္ခမကို လူမှုရေးအရ စကားတစ်ခွန်းမဆို။

အခုလိုမျိူးပေါ့။

""ငါ့ကို မမြင်ဘူးလား ... မောင်ရင်""

ဒေါ်သစ်သစ်နိုင်က ခံပြင်းစိတ်နှင့် မနေနိုင်စွာ စကားအရင်စသည်။

""ဗျာ...""

တစ်ချက်မော့ကြည့်ပြီး ခပ်အေးအေး သံယောင်ပြုသည်။

""ငါ့ကို မမြင်ဘူးလားလို့""

""မြင်ပါတယ်""

ပိုင်စီးသည် ခပ်ပြတ်ပြတ်ပြောပြီး စားပွဲပေါ်က မ အသင့်ပြင်ပေးထားသော နန်းကြီးသုတ်ကို စားနေသည်။

ယောက္ခမကို အပိုစကားမပြော။ ဒေါ်သစ်သစ်နိုင်သည် ဆက်ပြောရန် စကားတို့ပင် ဆွံ့အခ့ဲရလေသည်။

မ က ဒေါ်သစ်သစ်နိုင်နှင့်ပိုင်စီး ဆက်ဆံရေးအခြေအနေကို ဘေးက ထိုင်ကြည့်နေရုံသာ တတ်နိုင်သည်။ လေးကန်သော ပင့်သက်ကို တစ်ကိုယ်တည်း ကြိတ်ရှိုက်သည်။

ရံဖန်ရံခါ မောင့်ကို စိတ်ဆိုးချင်သည်။ အမေက စ စကားပြောတာတောင် မောင်က အကြောကြီးနဲ့အရေးမစိုက်စွာ ချေပြသည်။ မ ရဲ့ အမေကို မောင်က သိသိသာသာကြီး ဥပေက္ခာပြုလေတော့ အမေ့အတွက် မ စိတ်မကောငး်မိ။

အမေက ခင်ပွန်းမရှိသော မုဆိုးမ၊ သမီးဖြစ်သူ မ က ကိုယ်ပိုင်မိသားစုနဲ့ သီးသန့်ဖြစ်နေလေတော့ အရွယ်အိုလာသော အမေသည် တစ်ယောက်တည်း အထီးကျန်နေသည်။

ယောက္ခမကို ဖားယားပူဇော်ပသနေဖို့ မမျှော်လင့်။ အလ္လာဘသလ္လာဘ ရှိစေချင်သည်။ တွေ့လျှင် အရင် နှုတ်ဆက်တာမျိူး၊ နေကောငး်လား မေးပေးတာမျိူး။ ကျန်းမာရေးဂရုစိုက်ပါလို့ ဖော်ရွေပေးတာမျိူး။ 

သို့သော် ကိုယ့်ယောကျာ်း အကြောငး် ကိုယ်သိနေတော့ မောင့်ကို အတင်းအကြပ် ဖွင့်ဟမတောင်းဆိုမိ။ မောင်က မ နှင့် နားရာကလွဲ ကျန်သောသူများကို ခံစားချက်အသွေးအသားဖြင့် တည်ဆောက်ထားသော သက်ရှိလို့ သက်မှတ်ထားသောသူမှ မဟုတ်တာ။

အမေမှမဟုတ် အခြားသော လူတွေကိုလည်း ထိုနည်းလည်းကောငး် သွေးအေးအေး ဆက်ဆံတတ်သူပင်။ အမေ့တစ်ယောက်တည်းကို တသီးတသန့်ချေပြနေတာမျိူး မဟုတ်။ မောင့်ရဲ့ဗီဇကိုက အပိုစကားမပြောတတ်ပဲ လူမှု့ရေးညံ့ဖျငး်နေတာဖြစ်သည်။

မောင်က နန်းကြီးသုတ်ကို ခပ်အေးအေး စားနေသည်။ မ က နန်းကြီးသုတ်ကို ပိုင်စီးစားတတ်သည့် အရသာ အစပ်အဟပ်တည့်စွာ ပြင်ဆင်ပေးထားသည်။ မနက်ခငး် မိသာစုစုံညီနေသော စားပွဲဝိုင်းက တိတ်နေသည်။

""မောင် ... ဘာလိုလဲ။ အရသာ ဘယ်လိုနေလဲ""

""မလိုဘူး။ ကောငး်တယ် ... မ""

""ညနေ ဘာစားချင်လဲ။ မ ဘာချက်ထားပေးရမလဲ""

""အင်း ... ငါးရံ့အူ ဆီပြန်ဟင်း နဲ့ အသီးအရွက်သုတ်တစ်ခုခုပေါ့""

တွေးတွေးတောတော စဉ်းစားဟန်ပြုကာ မောင် ပြန်ဖြေလေသည်။

""ဟုတ်ကဲ့ပါ မောင် ""

နားရာကို အဟာရစာကျေွးရင်း မ ခေါင်းညိမ့်သည်။

""ငါးရံ့အူက ကိုင်ရတာ ဘယ်လောက်ခက်တယ်မှတ်လဲ။ အညှီန့ံပျောက်အောင် သေချာ လုပ်ရတယ်။ အသီးအရွက်သုတ်ဆိုတာလည်း စကားလေးတစ်ခွန်းနဲ့ ပြောရတာသာ လွယ်တာ။ ဆီချက်ချက်ရ၊ အရွက်သင်ရ၊ အထုအထောငး်လုပ်ရနဲ့ ကွိစိကွစိ တအားဒုက္ခများတယ်။ အစားတစ်လုတ် အဝင်ကောငး်ဖို့ လုပ်ရတဲ့ အိမ်ရှင်မက မသက်သာဘူး""

ဒေါ်သစ်သစ်နိုင်က က ရုတ်တရက် ထ ပြောသည်။ ပိုင်စီးက စားနေရင်းတန်းလန်း ဒေါ်သစ်သစ်နိုင်ကို တစ်ချက် မျက်လုံးလှန်ကြည့်ပြီး မျက်နှာချငး်ဆိုင်က မ ကို တည့်တည့်ကြည့်ကာ

""လုပ်ချင်တဲ့ စိတ်ရှိရင် မခက်ပါဘူး။ မောင် စားဝင်ဖို့လုပ်ပေးရတာ မ အတွက် ဒုက္ခမဟုတ်ဘူးမလား""

ပိုင်စီးက ယောက္ခမဖြစ်သူကို တစ်ချက်မှ အဖက်မလုပ်လေသောကြောင့် ဒေါ်သစ်သစ်နိုင် မျက်နှာပျက်နေပြီ။

မ က  အမေနှင့်ပိုင်စီးကို တစ်လှည့်စီကြည့်ပြီး ခပ်ပြုံးပြုံးနှင့် သမီးကိုပဲ အစာခွံ့နေသည်။ ခွံ့နေသော ဇွန်းကို လက်ကာကာ ငြင်းပယ်နေသော နားရာလေးအား

""နားရာလေး ... နည်းနည်းပဲ ကျန်တော့တယ်။ ကုန်အောင် စားရမယ်လေ။ အစာကျန်တာ မေမေမကြိုက်ဘူးနော်""

ပိုင်စီးက မ နှင့် သမီးကို ကြည့်လျှက်

""နားရာလေး အခုတလော အစားနည်းနေတယ်နော်""

""ဟုတ်တယ် ... မောင်။ ရွယ်တူ ကလေးတွေနဲ့ အပြိုင်အဆိုင်ကျေွးမှ စားတာ။ မောင့်သမီးက တအား အဖော်မင်တယ်။ အိမ်မှာ တစ်ယောက်တည်းဖြစ်ရင် နားရာလေး ဆိုးချင်နေတယ်။ တစ်ဦးတည်းသောကလေးရဲ့ စရိုက်တွေ ပေါ်နေပြီလားပဲ""

ဇွန်းနှင့်ပန်းကန်လုံးကို တီးခေါက်လျှက် ဆော့ကစားနေသော နားရာကို မ က ကြည့်လျှက် ငြီးငြီးငြူငြူဆိုရှာသည်။

""အဲ့ဒါပြောတာ ... တစ်ယောက်တည်းမွေးတာ မကောငး်ဘူး။ ကလေးက တစ်ကိုယ်ကောင်းဆန်သွားရော။ အရွယ်လည်း ကွာနေပြီပဲ။ နောက် ကလေးတစ်ယောက် ထပ်ယူပါ့လား""

အမေ က ဝင်ပြောပြန်သည်။

""နောက်တစ်ယောက်လား ... ""

ခပ်တိုးတိုး ရေရွတ်သော မ မျက်နှာလေး ပြုံးယောင်သမ်းသွားသည်။ စားပွဲအောက်ကွယ်နေသော ကိုယ့်ဗိုက်ကို ကိုယ် မသိမသာ ပြန်ပွတ်သပ်မိတာ အမေ နှင့် မောင်က သိမှာမဟုတ်။

""နားရာလေး ... နားရာလေးက မောင်မောင်လေး လိုချင်လား၊ ညီမလေး လိုချင်လား""

ဗြန်းခနဲ ကြွေပန်းကန်ပေါ် ဇွန်းခရင်းကို ဆောင့်ချလိုက်သော  အသံက ထိတ်လန့်ဖွယ်။

ပိုင်စီးကို မ မော့ကြည့်သည်။

""နောက်တစ်ယောက် မယူဘူး ... မ။ နားရာလေးနဲ့မ,ကိုတောင် ချစ်မဝဖြစ်နေတာ နောက်ထပ်တစ်ယောက်ကို ခွဲပေးရမဲ့အချစ်အတွက် မောင် မလုံလောက်ဘူး။ ဝေစားမျှစားတွေ မောင် မကြိုက်ဘူး။ အကုန်လုံးက မောင့်သမီးခိုနားရာအတွက်ပဲ။ ယှဉ်လုရမဲ့သောကမျိူး မောင့်သမီးကို မခံစားစေချင်ဘူး။ မောင် ပြောမယ်။ နောက်ထပ် ကလေး မောင်လုံးဝမလိုချင်ဘူး""

မောင် က ထမင်းစားခန်းထဲက အရင် ထွက်သွားသည်။

""အမေ ... နားရာကို အမေ ကြည့်ထားပေးပါနော်""

ပိုင်စီးအနောက်ကို မ အလောတကြီး လိုက်သွားသည်။

------------------

အိပ်ခန်းထဲ ရောက်ရောက်ချင်း

""မောင် ... ခုနက ထမင်းစားခန်းမှာ ပြောတဲ့ စကားက မောင့် စိတ်ရင်းလား""

မ စကားသံသည် သိလိုစိတ်ကြောင့် အလျင်စလိုဖြစ်နေလိမ့်မည်။

""ဟုတ်တယ်""

စဉ်းစားနေစရာမလို။ မဆိုငး်မတွ ဖြေဆိုသော မောင့်ရဲ့ အဖြေစကား။ ပြတ်သားလိုက်တာ။

ပျက်ယွင်း တုန်လှုပ်သွားသော မ အခြေအနေကို အရိပ်အကဲဖမ်းမိသောမောင်က စိတ်ပျက်စွာ မျက်မှောင်ကုတ်သွားသည်။ ထို့နောက် ခါးထောက်လျှက်

""မ က နောက်ကလေး ထပ် ယူဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်""

မ က ပိုင်စီးကို မော့ကြည့်လာပြီး မရဲတရဲ ခေါငး်ညိမ့်သည်။

""မ, ဖြစ်နိုင်ရင် နောက်ထပ် ကလေးတစ်ယောက် ထပ်ယူချင်တယ်""

""ဘာလို့လဲ မ ရာ""

""မ က မွေးချင်းမရှိလို့ အထီးကျန်ခြငး်ကို ကောငး်ကောငး်သိတယ်။ သူငယ်ချငး်တွေမှာ  ညီအစ်ကိုမောင်နှမမွေးချင်းတွေ အချငး်ချငး် ရိုငး်ပငး်ကူညီမှု့နဲ့ နွေးနွေးထွေးထွေး ရှိတာကို မ သိပ်အားကျတယ်။ တစ်ယောက်တည်းဒဏ်ကို ခံလာတဲ့ မ က မ့ သမီးနားရာကို မ,လို ဒဏ်မခံစေချင်ဘူး။ ကလေးတွေစည်စည်ကားကားနဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝကို မ,လိုချင်တယ်။ မောင်နဲ့မ စီးပွားရေး ပြေလည်နေတာပဲ။ မောင် လည်း ခင်ပွန်းကောငး်တစ်ယောက်။ ကလေးနောက်တစ်ယောက်တော့ တာဝန်ယူနိုင်ပါတယ်""

ပိုင်စီး အံ့သြလွန်းလို့ ပါးစပ်အဟောငး်သား။ စိတ်ပျက်ခြငး်တွေက မျက်လုံးအကြည့်တွေမှာ မဖုံးနိုင်မကာနိုင်။ ခါးထောက်ဖြုတ်လျှက်

"" စီးပွားရေးအဆင်ပြေရုံနဲ့ ကလေးတပြွတ်ပြွတ်မွေးလို့ မရဘူး။ ကလေးတွေကို ဝမ်းဝအောင် ခါးလှအောင် ဆင်မြန်းကျေွးမွေးပေးရုံနဲ့ မိဘတာဝန် မကျေဘူး။ ကလေးတွေရဲ့စိတ်ခံစားချက်ကို ယိုပေါက်မရှိအောင် ကာစီးနိုင်ရမယ်။ တစ်ထက်ပိုတဲ့ ကလေးတွေအပေါ် မိဘတွေရဲ့ ဂရုစိုက်ကြင်နာမှု့က လိုအပ်မှု့၊ပျက်ကွက်မှု့ရှိလာမှာပဲ။ မိဘတွေရဲ့ မဆင်မခြင် သားပွားနှုန်းက မိဘတွေထက် သားသမီးတွေကို သက်ရောက်စေတယ်။ မွေးချငး်အချငး်ချငး် အားငယ်မှု့၊ မနာလိုမှု့၊ ယှဉ်ပြိုင်မှု့တွေ မဖြစ်လာအောင် မ, တန်းတူညီမျှ မေတ္တာတရားဖြန့်ကျက်ပေးနိုင်လား။ ငါ့ကို မိဘတွေက အကြီးလောက် မချစ်ပါဘူးကွာ၊ ငါ အကြီးထက်သာအောင်ကြိုးစားမယ် အဲ့ဒီ့ အားငယ်စိတ်တွေက နုနယ်တဲ့ကလေးတစ်ယောက်ကို ဆိုးသွမ်းသွားစေတယ်""

""မောင် အတွေးတွေ တအားများတာပဲ။ နောက်ကလေးတစ်ယောက်ရဖို့ကို မောင်ဒီလောက် စိတ်ဖိစီးနေမယ်လို့ မထင်ထားဘူး""

""နားရာကိုပဲ ဂရုစိုက်ပါ၊ နားရာကိုပဲ ချစ်ပါ၊ နားရာကိုပဲ ဖြည့်ဆည်းပါ။ နားရာဘဝမှာ မေတ္တာတရားရော၊ ဥစ္စာဓနရော လိုအပ်မှု့မရှိစေရဘူး။ နောက်ထပ်တစ်ယောက်ကို  စိတ်ထဲတောင် မထည့်နဲ့။ မောင်လုံးဝလက်မခံဘူး။ နားရာကို အကိုပိုင်ဇေလိုအဖြစ်မခံနိုင်သလို ပိုင်စီးလိုလူ နောက်တစ်ယောက် ထပ် မမွေးဖွားစေရဘူး။ ကျွန်တော်လည်း ဒုတိယဦးပိုင်အာဏာ မဖြစ်ချင်ဘူး။ ပိုင်ဇေနဲ့ပိုင်စီးကို Version အသစ်နဲ့ထပ်မြင်ချင်ရင် မ မွေးကြည့်လိုက်""

အခန်းတံခါးကို ဒုန်းခနဲ ဆောင့်ပိတ်ကာ ပိုင်စီးထွက်သွားသည်။

မ မျက်ရည်တွေ တားမရအောင် လိမ့်ဆင်းစီးကျလာသည်။ လက်က အလိုလိုနေရင်း ဗိုက်ကို ပွတ်သပ်မိသည်။

မောင်နဲ့ တစ်သားတည်းဖြစ်စေဖို့ ကျွန်မ ညှိယူခဲ့ပေမဲ့ မောင်နဲ့ကျွန်မက ရေပြင်ညီမျဉ်းမဟုတ်ခဲ့ပဲ ပြိုင်မျဉ်းတွေ ဖြစ်နေခဲ့တယ်။

-----------------------

စားပွဲပေါ် ပစ်တင်ပေးသော သော့တွဲကို ကြည့်ပြီး အရှေ့မှာ ခြေချိတ်ထိုင်နေသော ပိုင်စီးကို အမေးသဘောဆောင် အကြည့်နဲ့ Down ကြည့်လာသည်။

""တိုက်ခန်းသော့။ ငါနဲ့မင်းနဲ့ Panorama Hotel မှာ တွေ့နေလို့မှ မဖြစ်တာ။ ငါတို့တွေ့ဆုံမှု့က မရိုးရှင်းတော့တာ မငး်သိပါတယ်""

ဝါးနေသော ပီကေကို ပါးစောင်မှာ ကပ်လျှက် Downခေါငး် တဆက်ဆက် ညိမ့်သည်။

""Ok ဒီနေ့ပဲ ပြောင်းလိုက်မယ်။ နောက်ပြီး ကျန်းလောင်ဝေ့နဲ့ အပြီးသတ်လိုက်ပါ့မယ်""

""မလိုပါဘူး""

တိုက်ခန်းသော့ကို လှမ်းယူနေသော Downလက်ချောင်းတို့က ပိုင်စီးစကားကြောင့် သော့တွဲကို မယူဖြစ်တော့ပဲ ခါးပြန်မတ်သွားသည်။

""ဘာကိုမလိုတာလဲ""

""ကျန်းလောင်ဝေ့နဲ့ အပြီးသတ်ဖို့ မလိုဘူး""

Downမျက်ခုံးတစ်ဖက် ပင့်တတ်သွားသည်။ ပိုင်စီးကို ကြည့်လျှက် ဟက်ခနဲ ရယ်သည်။

""ပိုင်က စိတ်သဘောထားပြည့်ဝလိုက်တာ။ ပိုင်နဲ့ဖြစ်နေစဉ်မှာ အခြားလူနဲ့ ဖြစ်လည်း ရတယ်ဆိုတဲ့ နားလည်မှု့လား""

ပိုင်စီးက နားလည်ရခက်သော အပြုံးကို ပြုံးသည်။

""ကျန်းလောင်ဝေ့ရဲ့ အချစ်တော်အဖြစ်နေပြီး သူ့ရဲ့ အတွင်းရေးသတင်းတွေကို ငါ့ကို ပြန်အသိပေးရမယ်။ ကျန်းလောင်ဝေ့မှာ တရားမဝင်တဲ့ လျိူ့ဝှက်ငွေတွေရှိတယ်။ အဲ့ဒါကို ငါလိုချင်တယ်။ မင်းက သတင်းနှိုက်ပေးရုံပဲ""

""အခု တို့ကို spy လုပ်ခိုင်းနေတာလား""

Downရဲ့ အက်ရှသော စကားကို အရေးမစိုက်။

""ငါတွေ့ချင်တဲ့အချိန် အဲ့တိုက်ခန်းမှာ တွေ့မယ်။ ကျန်တဲ့အချိန်မဆက်သွယ်နဲ့။ အရေးကြီးကိစ္စမရှိရင် ငါ့ကို လုံးဝမဆက်သွယ်ပါနဲ့""

Down က ခြောက်ကပ်ကပ် ရယ်သည်။

""လုံးဝကို အငယ်အနှောင်းပုံစံ ... မဟုတ်သေးဘူး ဘယ်လိုပြောရပါ့ ... အငယ်အနှောင်းလောက်တောင် အဆင့်မရှိတဲ့ တိတ်တိတ်ပုန်းလို့ ပြောရမလား။ အဲ့ပုံစံခွက်ထဲ ဘောင်သွင်းနေတော့တာပဲ။ တို့ယောကျ်ားတစ်ယောက်ဖြစ်တာ ပိုင်မေ့နေလား။ ယောက်ျားမာန တံခွန်စိုက်ထူနေတာ မဟုတ်ပေမဲ့ ယောက်ကျား်အချငး်ချငး်ကို ဒီပုံစံခွက်ထဲ ရောက်နေတဲ့တို့အဖြစ်က တဆိတ်! လွန်ပြီ""

ပိုင်စီးက နားလည်ရခက်စွာ ရယ်သည်။ Downက ပိုင်စီးကို စူးရဲစွာ စိုက်ကြည့်နေသည်။

""အခုတော့ ယောကျာ်းအချငး်ချငး်တွေ၊ မာနတွေ မငး်ပါးစပ်က ထွက်လာပြီပေါ့။ ငါက ပုံစံ ဘောင်သွငး်နေတာမဟုတ်ဘူး။ မင်းက ငါ့ပုံစံခွက်ထဲ ဝင်အောငး်နေတာ။ ငါ့အနားမှာ နေချင်ရင် ငါဘောင်သွငး်ထားတဲ့ ပုံစံခွက်ထဲမှာပဲနေ။ ငါ့အနားမှာ သိပ်နေချင်တဲ့မင်းအတွက် ဒီပုံစံက အသင့်တော်ဆုံးပဲ""

""တို့နေချင်တာက ဒီလိုပုံစံမဟုတ်ဘူး။ ဘယ်လိုပုံစံလဲ တို့လည်းမပြောတတ်ဘူး။ ဒါပေမဲ့ ဒီလိုကြီးက မဟုတ်သေးပါဘူး။ ကာမေသုမိစၦာစာရာကံ ကျူးလွန်ရကျိူးမနပ်ဘူး""

ခပ်ပျော့ပျော့လက်သည်းထိပ်ဖျားအချငး်ချငး် ဆိတ်လျှက် အလိုမကျမှု့ကို ဖော်ပြနေသော Downအပြုအမူကို ပိုင်စီးက ခပ်ပြုံးပြုံး ကြည့်နေသည်။

Downသည် ခပ်ပျော့ပျော့နိုင်လွန်းသည်။ ဖက်ရှင်ဒီဇိုင်းက ရိုးရှင်းသည်။ အရောင်ဖျော့ဖျော့နုနုလွင်လွင်ကိုသာ ဝတ်စားဆင်ယင်တတ်သည်။ ဖြူလျော့နေသော အသားအရေနဲ့ ဝတ်ဆင်ထားသော အရောင်နုနုတို့က အမြင်စပ်ဟပ်စွာ Downသည် ပိုးကပ်ဖြူလေးကဲ့သို့ မြင်ရသူအဖို့ အားမရနိုင်။

အနေအထိုင်၊ အပြောအဆိုက မတတ်၊ အကြောကတင်းလေတော့ ဖြူဖျော့ဖျော့ပိုးဟပ်ဖြူလေးကို ထုထောင်းချင်စရာလေးဖြစ်နေသည်။

နားကြားမြင်းကပ်ဖို့ကောငး်သော စကားတို့ကိုချည်း ဆိုတတ်လှသော သူ့စကားတို့၏အသံသည် စွာကျယ်စွာကျယ်မဟုတ်။ ခပ်တိုးတိုးဖြစ်သည်။ နားဝင်အေးသည်။ သူပြောသည့်စကားကို ကြားရန် အာရုံစိုက်နားထောင်ရသည်ကိုက တစ်ဖက်လူအား သူ့အနားကပ်လာစေရန် ဆွဲဆောင်မှု့တစ်ခု။

နူးညံ့ပျော့ပျောငး်သော နွဲ့စင်းစင်း အနက်ရောင်ဆံပင်တို့က လည်ပင်းဂုက် မရောက်တရောက်။ အနက်ရောင်ဆံပင်ခွဲကြောငး်ရာက ဦးရေပြားထက် ရှငး်လငး်သေသပ်စွာ။ အခုခေတ်လူငယ်ဖြစ်နေသော်ငြား မျက်စိနောက်စရာ နားကွင်း၊ လက်ကောက်၊ ဆွဲကြိုးစသော accessories တွေကို မဝတ်ဆင်,မချိတ်ဆွဲထား။ ရိုးရှင်း သေသပ်လွန်းသည်။

အရောင်မရဲသော နှုတ်ခမ်းပါးပါးကို တင်းတင်းစေ့ထားပုံက မာန်တင်းချင်ယောင်ဆောင်နေသည်။  သို့သော် သူစိတ်လှုပ်ရှားနေကြောငး်ကို ကလေးဆန်သော အပြုအမူတစ်ခုခုဖြင့် သူကိုယ်တိုင်သတိမထားမိပဲ ဖော်ပြနေတတ်သေးသည်။ အခုလို လက်သည်းဆိတ်နေတာက တစ်ခုအပါအဝင်ပေါ့။

တဇွတ်ထိုးရဲတင်းလွန်းသော်လည်း သူဖြစ်ချင်သလိုဖြစ်မလာမှာ စိုးရိမ်မှု့တွေက အားဖျော့သော သူ့မျက်ဝန်းတွေမှာ ပေါ်လွင်နေသည်။

ချူံပြောရရင် Downသည် ခန္ဓာဗေဒအရရော၊ စိတ်ဓာက်ပိုင်းဆိုင်ရာအရပါ အားပျော့လွန်းသည်။ ထိုအားပျော့သော အချငး်အရာကို ရဲတငး်သောအပြုအမူတို့ဖြင့် ဖုံးလွှမ်းအရေခြုံသည်။

ပြင်းထန်သောဖိအားတစ်ခုခုသာ မရှိခဲ့ရင် Downသည် အနေအေးသော၊ မနောဖြူစင်သော၊ ရိုးရှင်းသည့်ဘဝနေထိုင်မှု့နဲ့ ကောင်လေးတစ်ယောက်ဖြစ်နေမှာပါ။

Downသည် မက်မောစရာကောငး်သော ကောင်လေးတစ်ယောက်ပါပဲ။

မျက်စိရှေ့က အတွေးတွေပွားနေလျှက် လက်သည်းဆိတ်နေသော ကောင်လေးကို ပိုင်စီး စိုက်ကြည့်နေသည်။ 

မြွေမြွေချင်း ခြေမြင်တာ ဒါမျိူးပဲနေမှာ။ ဟိုတရုတ်ဘိုးတော်က ပိုင့်ရဲ့အကွက်ကို ကြိုသိနေလို့ ငါ့ကို အရင်ချူပ်တယ်။ အားလုံးက ဝှက်ဖဲကိုယ်စီကိုင်ထားပြီး ကိုယ့်အတွက်ကိုယ် ကြည့်တဲ့ လူလည်မော်တာပန်ကာတွေချည်းပဲ။ ဒီလိုမော်တာပန်ကာတွေကြား ဘာမှလိုက်မမှီတဲ့ အကြံတုံးဉာဏ်တုံး ငါက သူတို့လက်ထဲက ဝှက်ဖဲ။

ဒီလောက် လူလူချင်း ကောက်ကျစ်စဉ်းလဲပြီး ဆောင့်ကန်ချနေတဲ့ လောကကြီးမှာ ခပ်တုံးတုံးဦးဏှောက်နဲ့ငါကိုယ့်ငါ လူလို့တောင် မသက်မှတ်ချင်တော့ဘူး။ ဉာဏ်များတဲ့လူတွေကြား ဉာဏ်နည်းတဲ့ကောင်က အသုံးချခံဖြစ်နေတာ မထူးဆန်းဘူး။

သူ့အတွေးနဲ့သူဗျာများနေသော Downက ဘာရယ်မဟုတ် မျက်လုံးအရွေ့ ဖျတ်ခနဲ ပိုင်စီးနှင့် အကြည့်ချင်းဆုံကာ ပိုင်စီးစိုက်ကြည့်နေတာကို Downသတိထားမိသွားသည်။

Downရုတ်တရက်စိတ်ဆိုးသွားပြီး ဘာကြည့်တာလဲ အဓိပ္ပာယ်ဆောင်သော ရန်လိုခြငး်ကို အသံတိတ် ပြုပြန်သည်။

ပိုင်စီး မထိန်းချူပ်နိုင်ပဲ သဘောကျစွာ အသံထွက်အောင် ရယ်သည်။

Downက ပိုင်စီးကို စိတ်ဆိုးမာန်ဆိုး မျက်မှောင်ကုတ်ကြည့်နေတုန်း။ ထို့နောက် စိတ်လျှော့လိုက်သည့်ဟန် သက်ပြင်းချသည်။ ပိုင်စီးအနားလျှောက်လာပြီး ပိုင်စီးပေါင်ပေါ် ထိုင်သည်။ ပိုင်စီးမျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ယူမလျှက်

""တို့ကို တန်ဖိုးထားစေချင်တယ် ... ပိုင်""

""တန်ဖိုး? ... ထားပေးတယ်လေ။ တိုက်ခန်းကို အရင် သွားကြည့်လိုက်ပါဦးကွာ။ မင်းရဲ့လက်ရှိတန်ဖိုးက တိုက်ခန်းတစ်ခန်းဖြစ်နေပြီ။ နောက် မင်းလုပ်ဆောင်ချက်အလိုက် တန်ဖိုးက မြင့်တတ်သွားလိမ့်မယ်။ ကျန်းလောင်ဝေ့ကိုသာ ကိုင်တွယ်စမ်းပါ""

Downဆံစတို့ကို လက်ချောငး်တို့ဖြင့် တို့ဖွလျှက် ဆိုသည်။ Downမျက်နှာ မရွှင်သေး။

""တို့ပြောတာ အဲ့လိုတန်ဖိုးမဟုတ်ဘူး။ အပြင်လူတွေနဲ့ မဆိုင်ဘူး။ ပိုင်နဲ့တို့ကြား။ တို့ကို ကြင်နာပေးစေချင်တာ""

""ကြင်နာတာ?""

ပိုင်စီး မျက်နှာလွှဲရယ်လျှက် ပေါင်ပေါ်မှာ ဘေးစောင်းထိုင်နေသော Downကို ထိုင်ခုံမှာ အကျအန ပြန်ပြောငး်ထိုင်စေပြီး ပိုင်စီးက မတ်တပ်ရပ်ကာ Downကို အုပ်မိုးကြည့်သည်။

လည်တိုင်ကို ဖမ်းကိုင်ကာ နှုတ်ခမ်းကို နမ်းရန်အပြု Down လည်စောင်း၊ ခေါင်းရှောင်သွားသည်။

""အဲ့လို မဟုတ်ဘူး ... ပိုင်။ တို့ပဲ မြန်မာမှာမနေတာ ကြာလို့လားမသိဘူး။ တို့ရင်ထဲက ဆန္ဒကို ပိုင်နားလည်အောင် မြန်မာစကားထဲက ဘယ်စကားလုံးကို သုံးပြောရမလဲ။ တို့ပြောတဲ့ တန်ဖိုးက အဲ့လို တိုက်ခန်းတွေ ပကာသနတွေ မဟုတ်ဘူး။ ကြင်နာတယ်ဆိုတဲ့ စကားကလည်း အခုလိုမဟုတ်ဘူး။ ဘယ်လိုပြောရမလဲ""

မျက်ခုံးနှစ်ဖက်ကို တွန့်၊ ဘာဆက်ပြောရမှန်းမသိ အကြပ်ရိုက်စွာ အောက်နှုတ်ခမ်းသားကို တဖွဖွ ဖိကိုက်လျှက် အားမလို အားမရ မျက်နှာကို မဲ့ နေသည်။ မျက်နှာတစ်ခုတည်းမှာ စိတ်၏အလိုမကျမှု့ကို ဖော်ဆောင်သော လှုပ်ရှားပုံအမျိူးမျိူးကို ကြည့်ကာ ပိုင်စီး အသဲယားလာသည်။

""ဒီလိုဆိုရင်ရော ..""

Downအကျႌအထဲ ပိုင်စီးလက်ချောင်းတွေ ဝင်လာပြီး ခါးနားကို တို့ထိလိုက်သောအခါ Downကိုယ် တွ့န်လိမ်သွားသည်။

""အားးး မလုပ်နဲ့။ ဗိုက်က အနာမကျက်သေးဘူး""

""ဒါဆို ... ဒီလိုဆိုရင်ရော""

ပိုင်စီးပါးစောင်နှင့် မေးဖျားနားက နှုတ်ခမ်းမွှေးငုတ်စိတို ကြမ်းရှရှနဲ့ Down၏ နုနယ်သောလည်တိုင်ကို ပွတ်သက်တော့ Down ယားလွန်းလို့ ရုန်းဖယ်လာသည်။

""အား မလုပ်နဲ့ ... ပိုင်ရာ။ ယားတယ်""

ယားလွန်းလို့ တဟီးဟီးတဟားဟား ရယ်လျှက် ပိုင်စီးမျက်နှာကို ရှောင်ဖယ် တားမြစ်သည်။  Downခါးကိုထိန်းမတ်ကိုင်လျှက် အပေါ်ပိုင်း လည်တိုင်နှင့် မျက်နှာကို ပိုင်စီး မေးဖျားဖြင့် ပွတ်သက်နေသည်။

Downအေ်ာရလွန်းလို့ မောသွားတော့မှ ပိုင်စီးက နွမ်းလျလျDownကို စေ့စေ့ကြည့်ကာ Down၏ အသက်လုရှုနေရသော ဟစိဟစိ နှုတ်ခမ်းကို ထွေးငုံသည်။

အနမ်းတွေကြား အသက်ရှုခက်နေသော Downကို စာနာစွာ နယ်ကျွံနေသော ကိုယ့် လျှာဖျားကို ပြန်ရုတ်သိမ်းပြီး နှုတ်ခမ်းအချင်းချင်း ထိရုံသာကပ်လျှက် Down၏ ပြင်းထန်သော ဝင်လေထွက်လေကို ပိုင်စီး ရှု့မှတ်၏။ Down၏ ထွက်လေကို ကိုယ့်ကိုယ်တွင်းသို့ ရှိုက်သွင်းသည်။

ဆိုဖာပေါ် နောက်လန် လဲကျမသွားစေရန် Down၏ လည်တိုင်ကို ပိုင်စီး လက်တံတောင်ဖြင့် အနောက်ကထိန်းကိုင်ပေးထားသည်။

""မင်းသိပ်ပျော့တယ် ...""

နဖူးချင်းဆိုင်လျှက် ပိုင်စီး အားမလိုအားမရစွာ အပြစ်တင်မိသည်။ ပိုင်စီးပြန်ရတာက Down၏ အားမပါသော အပြုံးနုနုတစ်ခု။

""ညစာ ... ဒီမှာပဲ တို့နဲ့ အတူတူ စားသွား""

""ဝမ်းနည်းပါတယ် ... ညစာကို အပြင်မှာ ငါ မစားတတ်ဘူး။ ပြန်တော့မယ်""

လက်မှာ ပတ်ထားသော နာရီကို ကြည့်လျှက် ပိုင်စီး ကိုယ်ချင်းခွာ မတ်တပ်ထရပ်သည်။

""ဟာ! မရပါဘူး။ မပြန်ရသေးဘူးကွာ။ ခြောက်နာရီတောင် မထိုးသေးဘူး""

ပိုင်စီးက အရေးမလုပ်။ ဝတ်ထားသော ရှပ်ကို သေသပ်အောင် ပြန်ပြင်နေသည်။

""တောင်းပန်ပါတယ် ... တို့ အဲ့လောက် အားမပျော့သင့်ဘူး။ အခုအဆင်ပြေသွားပြီ။ ပိုင်လိုချင်ရင် တို့အဆင်သင့်ဖြစ်ပါပြီ။ အဲ့ဒါကြောင့် မပြန်သေးနဲ့ဦးနော်""

ပိုင်စီး၏ သက်ပြင်းချသံ ခပ်လေးလေးကို ကြားလိုက်သည်။

""မင်းဆီက ငါလိုချင်တာ အဲ့ဒါတစ်ခုသက်သက်ဆို အဲ့ညကတည်းက ပြီးပြီပေါ့။ ငါ့ကိုယ်ငါ အံ့သြမိတဲ့အထိ သိလိုက်ရတာ တစ်ခုရှိတယ်။ ငါ မင်းဆီက လိုချင်တာ အဲ့ဒါတစ်ခုတည်းမဟုတ်သလို အဲ့ဒါထက် ပိုအရေးပါတာလည်း ဖြစ်နိုင်တယ်။ ငါမင်းဆီက ဘာလိုချင်လဲ အတိအကျ အကောင်အထည်ဖော် မသိပေမဲ့ ငါမင်းကို လက်ခံလိုက်တယ်။ အခုပြန်တာကလည်း မင်းအားနည်းနေလို့ မဟုတ်ပါဘူး။ အိမ်မှာ ငါ့ကို စောင့်နေတဲ့ ငါ့မိသားစုရှိနေလို့ပါ""

အင့်ခနဲ ငိုရှိုက်သံနှင့်အတူ မတ်တပ်ရပ်လျှက် ပိုင်စီးခါးကို ထိုင်ခုံမှာထိုင်နေဆဲဖြစ်သော Downသည် အနောက်က ဖက်တွယ်လာသည်။

ဖက်တွယ်ထားသော Downလက်အား ပိုင်စီးမဖြည်ချပဲ Downကို ငုံ့ကြည့်သည်။

""မဆိုးစမ်းနဲ့ ... Mine, ငါ လည်း မဆိုးချင်ဘူး""

ပိုင်စီးခါးကိုချိတ်တွယ်ထားသော Downလက်တို့ ပြေကျသွားသည်။

""မိုင်း? ဘာ မိုင်း လဲ ... Ahhh! Minus Downမှာ Minus ကို အဖျားဆွတ်ခေါ်တာလား""

ခပ်ရွဲ့ရွဲ့လှောင်ရယ်သံနှင့် မျက်ရည်ကို သုတ်ဖယ်ကာ Down မျက်နှာလွှဲသွားသည်။

ပိုင်စီးက Down၏ မကျေမလည်မျက်နှာကို အပြစ်မမြင်သော အကြည့်ဖြင့် ကြည့်ပြီး Down၏ စင်းဖြောင့်နေသော နှာတံသွယ်သွယ်ကို လက်ခောျငး်ထိပ်ဖြင့် တို့ထိပွတ်ဆွဲသည်။

""M I N E  ... Mine, ကိုယ့်ပိုင်ဆိုင်ရာ၊ ကိုယ့်အပိုင်""

Downရင်ထဲ သိမ့်ခနဲ ဖြစ်သွားသည်။ ငယ်ငယ်ကစီးဖူးသည့် ချားရဟက်၏ မြင့်ရာမှ နိမ့်ရာကို အရှိန်နဲ့ဆင်းကျသွားသလို ရင်ထဲသိမ့်ခနဲ ခံစားချက်၊ အသဲအေးသွားသည်။

""ငါတို့နှစ်ယောက်လုံးက ကောငး်တဲ့လူတွေ မဟုတ်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ဒီ့ထက် ဆိုးအောင် မလုပ်ကြေး။ ကျင့်ဝတ်မညီတဲ့ငါတို့နှစ်ယောက် ဆက်ဆံရေးမှာ နားလည်မှု့ထားကြရအောင် ... Mine""

""အခုဆက်ဆံရေးက ပိုင်နဲ့နီးစပ်လာရုံပါပဲ။ ပိုင့်အနားမှာ နေခွင့်ရတာမဟုတ်သေးပါဘူး။ တို့ ဒီအဆင့်နဲ့ မကျေနပ်ဘူး။ ကံငါးပါးကို ချိူးဖောက်နေတာချည်းအတူတူ ဒီလိုအဆင့်နဲ့ တို့မတင်းတိမ်ဘူး။ တို့စိတ် ဆံဖျားတစ်ထောက်စာလောက်တောင် မအေးချမ်းသေးဘူး။ တို့ဆန္ဒရဲ့ တစွန်းတစကိုမှ မပြည့်မြောက်သေးဘူးလို့ ထင်မိတယ်။ တို့ နည်းနည်းလေးမှ မပျော်နိုင်သေးဘူး""

""ကျန်းလောင်ဝေ့ရဲ့ သတင်းကောင်းကို မျှော်လင့်နေမယ်။ အားရင် တိုက်ခန်းကို သွားကြည့်လိုက်ဦး။ ဆိတ်ငြိမ်ရပ်ကွက်ပဲ။ သဘောကျမယ်လို့ ထင်ရတာပဲ။ ဇွဲရန်သေချာရှာပေးထားတာ""

""ပိုင် မရောက်ဖူးသေးဘူးပေါ့""

ပိုင်စီးက ပခုံးနှစ်ဖက် တွန့်ပြသည်။ Down လက်သီးကို ခပ်ကျစ်ကျစ် ဖျစ်ဆုပ်ထားသည်။

""သွားတော့ ... တို့ဆန္ဒပြည့်ဝဖို့၊ တို့ပျော်နိုင်ဖို့ ဘယ်လိုတွေ ဆက်ယုတ်မာကောက်ကျစ်ရမလဲ စဉ်းစားလိုက်ဦးမယ်။ အခု ပိုင် ပြန်တော့""

ပိုင်စီးက Downနှုတ်ခမ်းကို တစ်ချက်ဖိကပ်နမ်းကာ အခန်းထဲက ထွက်သွားသည်။

စေ့ပိတ်သွားသော အခန်းတံခါးကို ကြည့်ရင်း Downမျက်ရည်ဝဲလာသည်။

မျှော်လင့်ထားတာ ဒီလိုမျိူးမဟုတ်ဘူး။

____________

ဒီတစ်ပတ်တည်းမှာ နောက်တစ်ပိုင်း လာပါ့မယ် ^ ^

ဖတ်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် <3
တအားချစ်ပါတယ် အယ်လယ် :3

3:03 PM
7/31/2018

Continue Reading

You'll Also Like

141K 5.8K 34
Myanmar BL👬..... လူသားႏွစ္​​ေယာက္ၾကားကျဖဴစင္​​ေသာခ်စ္​ျခင္​း​ေမတၱာ...
345K 8.6K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
114K 5.3K 20
အသံုးမက်တဲ႕ ကိုယ့္အတၲေတြေႀကာင့္ ကိုယ္ ကိုတိုင္ ခ်စ္ရတဲ႕ ကေလးကို နာက်င္ေစခဲ႕မိျပီ ေတာင္းပန္ပါတယ္ဆိုတဲ႕စကားထက္ ကိုယ့္မွာ ေျပာစရာ စကားရွိမေနခဲ႕ပါ ကေလး...
214K 20.4K 35
My second story💜 (Chapter-2) မောင် ထပ်ပြီး...ပြန်မွေးဖွားခွင့်ရမယ်ဆိုရင် မင်းနဲ့အနီးဆုံးမှာပဲ.. .