Dating With A Gangster
By Helium_Rin
156K 16.9K 1.5K
.....အလွန်ဆိုးပြီးဂျစ်ကန်ကန်နိုင်သောကောင်လေးကို ချစ်သွားသော...ကောင်လေးတစ်ယောက်၏အကြောင်း။ ChanBaek (Yaoi) Shin... More
[ 1 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]
[ 9 ]
[ 10 ]
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 16 ]
[ 17 ]
[ 18 ]
[ 15]
8.3K 896 109
By Helium_Rin
Unicode
"ဘာ လုပ် တာ လဲ
လူတွေ ရှိနေတာကို "
တွန်းထုတ်ကာ ဒေါသသံဖြင့်ပြောမိတော့
မျက်မှောင်ကြီးကြုတ်ကာ ပြန်ကြည့်လာသည်မို့
ပြောမိတာမှားပြီဆိုတာလည်း
တစ်ဆက်ထဲသိလိုက်မိသည်။
"ဒါဆိုငါ နမ်းတာမကြိုက်ဘူးပေါ့ "
ရုပ်သေကြီးနဲ့မေးလာသည်မို့
ဘာပြန်ဖြေရမည်မှန်းမသိ ။
မကြိုက်ဘူးလို့ဖြေဖို့လုပ်တော့လည်း
သူမနမ်းတော့ရင်ပယ်လိုလုပ်မလဲ့ -.-"
ကြိုက်တယ်ဆိုရင်လည်း
တစ်ဖက်က ဂုဏ်သိက္ခာကရှိသေး ။
"ဘာတွေလာမေးနေတာလဲ
မရှက်ဘူးလား "
"ချန်းယောလ် . . . "
သူနဲ့ကျွန်တော်ကြားဝင်ရောက်လာသည့်
ခပ်ဖျော့ဖျော့ စကားသံကြောင့်
အတန်းရှေ့နားကိုကြည့်မိပြီးသား ။
ဘာလား မိန်းကလေးတစ်ယောက် ။
ကြည့်ရတာတော့ ကျောင်းသူမဖြစ်လောက် ။
ဆရာမလား ။
"Noona ! "
ဘေးနားက ChanYeol ဆီက
ထွက်လာတဲ့အသံကြောင့် စိတ်ထဲ ထင့်ခနဲ ။
ခေါင်းကို အနည်းငယ်ခါရမ်းကာ ChanYeol
ကိုတစ်လှည့် ထိုမိန်းမကိုတစ်လှည့်ကြည့်မိသည် ။
"ChanYeol !! !"
ထိုမိန်းမက ရှေ့ကိုပိုတိုးလာတာကြောင့်
ကျွန်တော်ကိုယ်တိုင်ကလည်း ထိုင်ခုံပေါ်ကနေ
မတ်တပ်ထရပ်ပြီးသား ။
ChanYeol က သူ့ထက်အရပ်ပုနေသည့်
ကျွန်တော့်ကိုငုံ့ကြည့်လာသည် ။
JongIn ကလည်း ကျွန်တော့်တို့နား
ကိုမတ်တပ်လာရပ်ကာ ထိုမိန်းမကိုစောင့်ကြည့်နေသည်။
"Noona "
နည်းနည်းတော့ များနေပြီ။
ChanYeol ကလည်း Noona ။
JongIn ကလည်း Noona ဆိုတော့ကာ
တစ်တန်းလုံးအခြေအနေက တိတ်ဆိတ်လျက်။
ကျွန်တော်သိလိုက်ပြီ
ဒီအခြေအနေက သာမာန်မဟုတ်ဘူး ။
ဇာတ်ကားတွေထဲမှာလိုဆို ဒီမိန်းကလေးက
သေချာပေါက် ကို ChanYeol နဲ့တစ်ခုခုပတ်သတ်တဲ့
မိန်းကလေးတစ်ယောက်ဖြစ်လိမ့်မယ် ။
"ChanYeol သူကဘယ်သူ "
"JiWon Noona "
ကျွန်တော့်ကိုတစ်ခွန်းတည်းဖြေကာ
ထိုမိန်းမနား သွားရပ်ပြီးစကားတွေပြောနေသည်။
"ဆရာမ အဖြစ် ရောက်လာတာပေါ့ "
JongIn ကလည်းထိုမိန်းမနဲ့စကားတွေပြောနေသည်။
တကယ့် တကယ့်ကြီးကိုရင်ထဲမှာအဆင်မပြေပါ ။
နားချိန်ကြတော့လည်း ကန်တင်းကို
ခါတိုင်းလို YooJung နဲ့ပဲသွားရသည်။
ဒါ ဘယ်လောက်တောင် အဓိပ္ပာယ်မရှိတာလဲဆိုတာ
စဉ်းစားကြည့်လေ ။ရည်းစားရလည်းရနေပြီကို
ကန်တင်းကိုသူငယ်ချင်းနဲ့ပဲသွားရတယ် ။
အလေးမထားတာပေါ့ ။
တကယ့် တကယ့် တကယ့်ကြီးကို
စိတ်ထဲမှာ ဒေါသထွက်နေရသည် ။
"BaekHyun ဘာတွေဖြစ်နေတာလဲ
နင့်လက်ထဲက ပေါင်မုန့်ကလည်းတွန့်ကြေနေပြီ
စိတ်ထဲမှာဘာတွေမကျေနပ်နေတာလဲ "
လမ်းအတူတူလျှောက်နေရင်း
ဖြစ်ပျက်နေသည့် ကျွန်တော့်ပုံကိုသတိထားမိဟန်ဖြင့်
ဘေးက Yoojung ကမေးလာသည်။
သူမကိုဖြေဖို့ စောင်းကြည့်တော့
ရည်းစားနဲ့အတူတူရပ်နေသည့်သူမကို
မြင်ကာ ပိုဒေါသထွက်ရသည် ။
အတွဲတွေကြားကို ကျွန်တော်တစ်ယောက်တည်း
ကန့်လန့်ကြီးလိုက်ရှုပ်နေသလိုမျိုးကြီးဖြစ်နေတယ်လေ။
ကျွန်တော်လည်း သူတို့လိုမျိုး
ဖြစ်ချင်တာပေါ့ ။ အခုတော့ ဟို ChanYeol က
နားချိန် ကတည်းကပျောက်နေတာ
အခုထိမတွေ့သေး ။
သူနဲ့အတူတူ JongIn ပါပျောက်နေသည် ။
လူကိုရည်းစားစကားပြောတုန်းကပြောပြီး
အခုမှပစ်ထားတာ လုံးဝ လုံးဝမကျေနပ်ပါ ။
IG မှာတင်ထားတုန်းကကြ 1st Date ဘာညာသာတကာနဲ့ အခုကြတော့ !
Park ChanYeol !
*******
" ဇာတ်လိုက် လေးနေရာပျောက်နေပြီဟ ဟ ဟ
ဇာတ်ရံဖြစ်သွားရရှာပြီပဲ ကျွတ် ကျွတ်"
"အေးလေနော့ ဟိုကသူ့ကိုဘယ်နရက် တွဲမယ်လို့
စဉ်းစားထားလဲမှာမသိတာ"
Locker နားမှာတစ်ယောက်တည်း
စာအုပ်ရှင်းနေတုန်း ဘေးကနေ မထိတထိ
ရန်လာစနေသည့် မိန်းကလေးနှစ်ယောက်ကြောင့်
စိတ်ထဲသိပ်တော့ မကျေနပ် ။
တံတွေးတစ်ချက်မြိုချကာ Locker တံခါးကို
ဆောင့်ပိတ်လိုက်သည် ။
" ငါ မိန်းကလေးတွေကိုရိုက်တဲ့လူ မဖြစ်ချင်ဘူး
ဒါပေမဲ့ ငါ့စိတ်က အဲ့တာကိုဆက်မထိန်းသိမ်းနဲ့တော့လို့
အချက်ပြနေတယ် "
ခပ်ပြုံးပြုံးနဲ့ပဲ စိုက်ကြည့်ကာပြောလိုက်သည် ။
"နင့်ကိုဘယ်သူကဘာပြောနေလို့လဲ "
"နင်က ဇာတ်ရံဖြစ်နေပြီမို့လို့လား"
"ဟိုက Noona Noona နဲ့ "
မျတ်နှာထားအမျိုးမျိုးလုပ်ပြကာ လှောင်နေသည့်
ထိုမိန်းကလေးနှစ်ယောက်အား
ကြည့်ရင်းဒေါသတို့က ထွက်လာရသည်။
" ဘယ်သူက Noona Noona ဖြစ်နေလို့လဲ
ငါကောသိခွင့်ရှိလား "
ဘေးနားကိုရောက်လာတဲ့ အနံ့ကြောင့်
တန်းသိလိုက်သည် ။
နောက်ဆုံးတော့ သူရောက်လာခဲ့ဲပြီ ။
လက်ကိုတင်းတင်းကြပ်ကြပ်လာဆုပ်ကိုင်လိုက်တာကြောင့်
ကျွန်တော့်ထက်အရပ်ရှည်သည့်သူ့ကိုမော့ကြည့်မိသည်။
သူကပါးချိုင့်များပေါ်ရသည်အထိ ပြုံးပြသည်။
မိန်းကလေးနှစ်ယောက်ကတော့ မျတ်နှာများ
ပျက်ကာ ကျွန်တော့်ကိုမျက်စောင်းထိုးပြီး
ထွက်သွားကြသည်။
"ငါ့မှာ ဘယ်က Noona မှ မရှိပါဘူး
ByunBaekHyun ဆိုတဲ့လူသားတစ်ယောက်ပဲရှိတာကို"
"သွား သွား မင်းင့ါကို ဒီနေ့ပစ်ထားတာ"
ဖက်ဖို့လုပ်လာတဲ့ သူ့လက်တစ်ဖက်ကို
တွန်းထုတ်ကာ သူနဲ့ခပ်ဝေးဝေးမှာရပ်မိသည်။
"ဟောဗျာ !ဘယ်မှာပစ်လို့တုန်း
Bae လေးကတော့ စိတ်ဆိုးနေတာလား"
"စိတ်ဆိုးရအောင် ငါကမိန်းကလေးလား
ပြီးရင် ငါ့ကို bae လို့မခေါ်နဲ့"
"ဟားဟား ဟုတ်ပါပြီ
ဒါဆိုစိတ်မဆိုးဘူးပေါ့ "
"မသိဘူး သွား"
ဖက်ဖို့ထပ်ကြိုးစားလာတာကြောင့်သူ့ကို
ထပ်တွန်းမိသည်။
"အ့ အ့ ငါအသက်ရှုမရတော့ဘူး"
မရမကကို ဖတ်နေတာကြောင့်
အသက်ရှုကျပ်လာသည်။
"Jiwon Nonna နဲ့ကိုယ့်ကို
အထင်မှားနေတာပဲ"
"ဘယ်ကသာ"
"ကိုယ့်စိတ်ထဲ Bae ပဲရှိတာမို့
ဘာမှလျှောက်မတွေးနဲ့"
"အမ် . . သြော် အင်း "
"စိတ်ဆိုးပြေပြီလား!"
"Nope"
သူသတိလွတ်နေတဲ့အချိန်ကိုအခွင့်ကောင်းယူကာ
သူ့ကိုတွန်းထုတ်ပြီးပြေးလာခဲ့သည်။
"ဟေး ! ပြေးမယ်ဆိုလည်း
ဖမ်းမိရင်လွယ်မှာမဟုတ်ဘူးနော် "
"Blah Blah "
"ဟဟ ! "
*****
ကျောင်းနားမှာ အသစ်ဖွင့်ထားတဲ့ Miracle အမည်ရှိ ကော်ဖီဆိုင်လေးထဲတွင် ကျနော်နဲ့ ChanYeol ရှိနေကြသည် ။
ဖွင့်ထားတာ ကြာနေပြီဆိုပေမယ့်လည်း တစ်ခေါက်မှ မရောက်ဖြစ် ၊ အခုတော့ ChanYeol နှင့်အတူ ကျနော် ရောက်လာခဲ့ရသည် ။
ဆိုင်အတွင်း အပြင်အဆင်ကတော့ သိပ်မဆိုးရှာပါဘူး ၊ အတွင်းထဲမှာလည်း ကျနော်တို့လို ကျောင်းသား ၊ ကျောင်းသူစုံတွဲတွေကလည်း ဟိုတစ်နေရာ ၊ ဒီတစ်နေရာနဲ့ ... ။
" Bae ဘာကော်ဖီသောက်မလဲ "
" ကဗျာဆန်မနေနဲ့ ... ကော်ဖီက ဗိုက်မဝဘူး မုန့်ရော မှာရမှာပေါ့ "
ကျနော် အဲ့ဒီလို ပြောလိုက်တော့ ChanYeol တစ်ယောက် တဟားဟားနဲ့ အော်ရယ်နေပြီး ပြောနေကျ " ချစ်ဖို့ကောင်းလိုက်တာ Bae ရာ " လို့သာ ပြောလာသည်လေ ။
သူ့မျက်လုံးထဲ ကျနော် အမြဲ ချစ်ဖို့ကောင်းနေလားမသိ ။
-_- ဆဲရင်လည်း ချစ်ဖို့ကောင်းလို့ ၊ ရန်တွေ့စကား ပြောရင်လည်း ချစ်ဖို့ကောင်းလို့နဲ့ ... ။
ChanYeolနဲ့ တွဲရတာ တခါတလေ ကိုယ့်ကိုယ်ကို မာန်တက်သလိုတော့ ရှိသား ၊ XD
" ဟားဟား Ok ဒါဆိုရင် ကိုယ် သွားမှာလိုက်ဦးမယ် "
ကိုယ်ယူကိုယ်ထ စနစ်ကြောင့် ChanYeol တစ်ယောက် ထိုင်နေရာမှ ထကာ ကောင်တာဘက်ကို စားစရာတွေ ၊ သောက်စရာတွေမှာရန် လျှောက်သွားသည် ။
ရှစ်မိနစ်လောက်ကြာတော့ ပြန်ရောက်လာကာ ကျနော်နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး ...
" Bae ဒီဆိုင် အနေအထားလေးက မဆိုးဘူး ... ကိုယ်တို့နောက် Dateလုပ်ဖြစ်ရင် ဒီမှာ ခဏခဏ လုပ်ရအောင် "
" ရူးနေလို့လား ... ဒိတ်လုပ်တိုင်း ကော်ဖီဆိုင်မှာ တွေ့နေရအောင်လို့ ! အဲ့ဒီအစား လမ်းဘေးက ဗိုက်ဝတဲ့ ခေါက်ဆွဲဆိုင်မှာ ဒိတ်လုပ်တာ ပိုကောင်းတယ် "
မကျေမနပ်တုံ့ပြန်လာတဲ့ ကျနော့စကားကို ဒီတစ်ခါမှာလည်း ChanYeolက ဘာမှ မလုပ်ပဲ ကျနော့ကို ပြုံးကြည့်နေပြန်ပါသည် ။
Park ChanYeol ဆိုတာ လူကို အမြဲ နေရခက်အောင် လုပ်တတ်တာ -_- လူက အဓိပ္ပါယ်မရှိ အကြာကြီး စိုက်ကြည့်နေခံရရင် အနေရ ခက်လာရော ၊ အကြောင်းရင်းက တခြားတော့ မဟုတ် ၊ နှလုံးသား ခုန်လှုပ်နှုန်းက တိုးတိုးလာလို့ပါလေ ... ။
" Baeကလေ ... ကိုယ် နမ်းရင်လည်း Baeက ငြင်းနေတာ များတယ် ပြီးတော့ ကိုယ် တစ်ခုခုပြောပြီဆိုရင်လည်း Baeက ဘုဂလန့်တိုက်လွန်းတယ် ... Baeလုပ်သမျှ လေးတွေက ချစ်ဖို့ကောင်းပေမယ့်လဲ ကိုယ် တစ်ခါတစ်လေ စဉ်းစားမိတယ် Bae ကိုယ့်ကို တကယ်ချစ်တာမှ ဟုတ်ရဲ့လားလို့လေ "
လေးလေးနက်နက် ပြောလာသလိုရှိတဲ့ ChanYeolရဲ့ စကားကြောင့် ကျနော် သူ့ကို စေ့စေ့ကြည့်မိသည် ။
ချစ်လို့ပဲ သူနမ်းသမျှကို ငြင်းဆန်နေခဲ့ပေမယ့် ပြုံးနေမိခဲ့တာကို ၊ ချစ်လို့ပဲ သူက ကျနော့ကို "Bae" လို့ ခေါ်တာကို ငြိမ်ခံနေခဲ့တာကို ။
" အင်း ... မင်းက ဘာလို့ အဲ့ဒီလို သံသယရှိတာလဲ "
" Arnyi ... ဘာမှမဟုတ်တော့ဘူး ကိုယ်တို့ မှာထားတာတွေ ရလောက်ပြီ ကိုယ် သွားယူ ... "
" ChanYeol ... "
နေရာကနေ ထသွားမယ်လုပ်တဲ့ ChanYeol လက်ကို ကျနော် လှမ်းဆွဲထားမိလိုက်ပြီး ...
" ချစ် ... ချစ်ပါတယ် ကိုကို ... "
ကျနော် အသံလေးကို မတိုးလွန်း ၊ မကျယ်လွန်းသော အနေအထားမှာ အရဲစွန့်ပြီး ပြောလိုက်လေတော့ ChanYeol ထိုင်ခုံပေါ် ပြန်ထိုင်လာပြီး ကျနော့ကို ကြည့့်လာသည် ၊၊
သူ့ရဲ့ အကြည့်တွေကို ကျနော် မခန့်မှန်းနိုင်ဘူး ။
အဲ့ဒီအကြည့်က ကျနော့ကို အံ့သြသွားလို့ ကြည့်နေတဲ့ အကြည့်လည်း မဟုတ်လောက်ဘူး ။
ကျနော် သူ့အကြည့်တွေကိုသာ စောစော ခန့်မှန်းမိခဲ့မယ်ဆိုရင် ကျနော် သူ့ကို ချစ်တယ်လို့ ပြောခဲ့မိမှာ မဟုတ်သလို ၊ " ကိုကို " လို့လဲ ခေါ်ခဲ့မိမှာ မဟုတ်ပါဘူး ။
အခုတော့ ... ။
" Bae ရာ ... "
ChanYeol ပြုံးလိုက်ပြီး ထိုသို့ရေရွတ်လိုက်ကာ သူ ကျနော်ရှိတဲ့ဘက်ကို ကုန်းလာတယ် ။ သူ ဘာလုပ်မလို့လဲ??
မျက်နှာနှစ်ခု နီးကပ်နေကြတဲ့ အနေအထားမှာ ...
" ကျစ ်! ကိုယ် သည်းမခံနိုင်တော့ဘူးနော် "
သူ ထိုမျှသာပြောပြီး ကျနော့နှုတ်ခမ်းပါးကို သူ့နှုတ်ခမ်းပါးနဲ့ ထိကပ်လိုက်တယ် ။ ခဏတာလည်း မဟုတ်ဘဲ ၊ လှုပ်ရှားခြင်းလည်း မရှိဘဲ ကျနော့နှုတ်ခမ်းနဲ့ သူရဲ့ နူးညံလွန်းတဲ့ နှုတ်ခမ်းပါးတို့ တစ်မိနစ်လောက်လား မသိ ၊ ထိတွေ့နေခဲ့ကြတယ် ။
Park Chan ကို မေးလိုက်ပါ ။
Public Kiss ပေးပြီး ကျနော့ကို ရှက်အောင်လုပ်တာ ပျော်ရဲ့လားလို့လေ ။
*****
" အရူး ငါ့ကို လာမထိနဲ့ "
" Bae ရာ ... "
ရုပ်ရှင်လက်မှတ်ဝယ်ရာ ကောင်တာအနီးတွင် ကောင်လေးနှစ်ယောက် ရန်ဖြစ်နေကြသည် ၊ အဲ ! မဟုတ် ။ အချစ်စမ်းနေကြသည်ဆိုရင် ပိုမှန်မည်လား ။
" Bae ဘာကြည့်မလဲ "
" အချစ်ကား ကြည့်မယ် "
" သရဲကား ကြည့်ရအောင်ပါ ... သရဲမလေးက ချောတယ်ပြောတယ် "
" -_- "
သူပဲ ဘာကြည့်မလဲ ကျနော့မေးပြီး နောက်ဆုံး သူကြည့်ချင်တာပဲ ပြောသွားသည်လေ ။
" အဲ့ဒါဆ်ု်လည်း ဘာလို့ ငါ့လာမေးနေသေးလဲ "
" K Dramaတွေထဲမှာဆိုရင် ကောင်လေးက ကောင်မလေးကို ရုပ်ရှင်ရုံမှာ ဘာကြည့်မလဲလို့ အရင်မေးတတ်ကြတယ်လေ "
" -_- "
စိတ်တွေလည်း Very ညစ်သောပါပဲ ။
ပေါက်ပေါက်ဆုပ် တစ်ဘူး (ယူစားရင် ChanYeolက လက်ချင်းထိအောင်လို့ပါတဲ့-_-) ၊ ကိုလာ နှစ်ဘူး ဝယ်ပြီး ရုပ်ရှင်ကြည့်ဖြစ်ကြသည် ။
အတွဲခုံလက်မှတ်ပဲ ဖြတ်လိုက်တာမို့ ChanYeolတော့ မသိ ၊ ကျနော်တော့ အနေရ တော်တော်ခက်ပါသည် ။
( စကားချပ် ။ မိမိသည် Singleဖြစ်သောကြောင့် အတွဲခုံ ဘယ်ပုံဘယ်ညာဆိုတာ မသိသည်မို့ ဘယ်လိုပုံစံဆိုတာ မမေးကြပါရန် xD)
" သရဲ ကြောက်တတ်လား Bae "
" ချောရင် မကြောက်ဘူး "
" ဟဟ Baeကတော့ "
မဆီမဆိုင် ကျနော့ဘယ်ဘက်ပါးကို သူက နှာခေါင်းနဲ့ နစ်ဝင်နေအောင် နမ်းလာလေသည် ။ အတွဲခုံဆိုတာနဲ့ကို သူ ကဲချင်တိုင်း ကဲနေတာ ။
" ဘာလို့ နှုတ်ခမ်းလေးက ရဲနေတာလဲ "
" ဘာလို့ မျက်လုံးလေးက ဒီလောက်တောင် ချစ်ဖို့ကောင်းနေတာလဲ "
" ဘာလို့ နှာခေါင်းလေးက ပါပီနှုတ်သီးလေးကို ချစ်ဖို့ကောင်းနေရတာလဲ "
" Yah.. Park Chan ! ငြိမ်ငြိမ်နေစမ်းကွာ "
ကြည့်နေသည့်တစ်လျှောက်လုံး ကျနော့ကို ဟိုကလိ ဒီကလိ လုပ်နေတဲ့ Park Chan ။
" ကိုကို လို့ခေါ် "
" ဖလက်ကို ခေါ်ရမှာလား "
" Bae မဆိုးနဲ့ကွာ ... ခုနကလည်း ခေါ်ခဲ့တာကို "
အော် သူဆိုးနေတာကို ကျနော် ဆိုးတယ် ဖြစ်သွားပါလား ။
အဲ့ဒီနေ့က ကျနော် ရုပ်ရှင်ကောင်းကောင်းမကြည့်ခဲ့ရပါ ။
To Be Continued ...
ဘယ်သူထင်လဲ 😗
Liam ၏ Tachiချောချောလေး ကာရီ YukariCB_88
ဝင်ရေးသွားသည်
အနူလေးနဲ့ လီယမ်တို့လောက် အရေးအသားမကောင်းလို့ ခွင့်လွှတ်ကြပါ TT
လီယန် မျတ်နှာ မပြဝံ့ :3
Zawgyi
"ဘာ လုပ် တာ လဲ
လူတွေ ရှိနေတာကို "
ကြိုက်တယ်ဆိုရင်လည်း
"ဘာတွေလာမေးနေတာလဲ
မရှက်ဘူးလား "
"ချန်းယောလ် . . . "
ဆရာမလား ။
"Noona ! "
ဘေးနားက ChanYeol ဆီက
"ChanYeol !! !"
မတ်တပ်ထရပ်ပြီးသား ။
"Noona "
ChanYeol ကလည်း Noona ။
ကျွန်တော်သိလိုက်ပြီ
"ChanYeol သူကဘယ်သူ "
"JiWon Noona "
အလေးမထားတာပေါ့ ။
ဖြစ်ချင်တာပေါ့ ။ အခုတော့ ဟို ChanYeol က
အခုထိမတွေ့သေး ။
Park ChanYeol !
*******
ဆောင့်ပိတ်လိုက်သည် ။
အချက်ပြနေတယ် "
"ဟိုက Noona Noona နဲ့ "
ငါကောသိခွင့်ရှိလား "
တန်းသိလိုက်သည် ။
နောက်ဆုံးတော့ သူရောက်လာခဲ့ပြီ ။
ထွက်သွားကြသည်။
"ဟားဟား ဟုတ်ပါပြီ
"မသိဘူး သွား"
ထပ်တွန်းမိသည်။
အသက်ရှုကျပ်လာသည်။
အထင်မှားနေတာပဲ"
"ဘယ်ကသာ"
ဘာမှလျှောက်မတွေးနဲ့"
"အမ် . . သြော် အင်း "
"စိတ်ဆိုးပြေပြီလား!"
"Nope"
"ဟေး ! ပြေးမယ်ဆိုလည်း
"Blah Blah "
"ဟဟ ! "
*****
" Bae ဘာ​ကော်​ဖီ​သောက်​မလဲ "
" ChanYeol ... "
" ချစ်​ ... ​ချစ်​ပါတယ်​ ကိုကို ... "
ကျ​နော်​ အသံ​လေးကို မတိုးလွန်း ၊ မကျယ်​လွန်း​သော အ​နေအထားမှာ အရဲစွန့်​ပြီး ​ပြောလိုက်​​လေ​တော့ ChanYeol ထိုင်​ခုံ​ပေါ် ပြန်​ထိုင်​လာပြီး ကျ​နော့ကို ကြည့်​လာသည်​ ၊၊
အခု​တော့ ... ။
" Bae ရာ ... "
*****
" အရူး ငါ့ကို လာမထိနဲ့ "
" Bae ရာ ... "
" Bae ဘာကြည့်​မလဲ "
" အချစ်​ကား ကြည့်​မယ်​ "
" -_- "
" အဲ့ဒါဆ်ု​လည်း ဘာလို့ ငါ့လာ​မေး​နေ​သေးလဲ "
" -_- "
" သရဲ ​ကြောက်​တတ်​လား Bae "
" ​ချောရင်​ မ​ကြောက်​ဘူး "
" ဟဟ Baeက​တော့ "
" ကိုကို လို့​ခေါ် "
" ဖလက်​ကို ​ခေါ်ရမှာလား "
To Be Continued ...
ဘယ်​သူထင်​လဲ 😗
ဝင်​​ရေးသွားသည်
လီယန် မျတ်နှာ မပြဝံ့ :3
Continue Reading
You'll Also Like
1.3M 57.6K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
594K 12.7K 43
i should've known that i'm not a princess, this ain't a fairytale mattheo riddle x fem oc social media x real life lowercase intended started: 08.27...
210K 7.4K 97
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
474K 14.5K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...