author's note...
* media က သီခ်င္းေလးကို theme song လို႕ သေဘာထားျပီး နားေထာင္ျကည့္ျကပါဗ်...
သာသာ့အျကိဳက္မို႕ recommand ေပးျကည့္တာပါ...*
at 9:50 P.M
💬ေျပာခ်င္တာ ေျပာျပီး ထြက္ေျပးတယ္ေပါ့ေလ...
ခင္ဗ်ားက ရူးေနတာပဲကို 💬
💬အဲ႔ေလာက္ထိမေျပာပါနဲ႕ကြာ ငါအခုထိ မင္းေျပာတာ တကယ္နားမလည္တာ
အရူးပဲ 💬
💬 ေျပာျပန္ျပီ... ေနာက္ဆို စကားေျပာရင္ ရွင္းရွင္းေျပာ... ျကာရင္ မင္းစကားေတြ နားမလည္လို႕ ငါတကယ္ ရူးမယ္ ...... အဲ႔ဒါဆို မင္းက တရားခံပဲ
စြပ္စြပ္စြဲစြဲ 💬
💬မဟုတ္လို႕လား?
မဟုတ္ဘူး ခင္ဗ်ားဘာသာဦးေႏွာက္ေသးတာ ကြ်န္ေတာ္ေျပာတာ ရွင္းရွင္းေလး...
💬
💬ေတာ္ျပီ ဆက္ေျပာရင္ ျပီးမွာမဟုတ္ဘူး ဒါနဲ႕ ငါ အခုလို social network မွာ chat တာ ဒါ ပထမဆံုးပဲ ... ငယ္ငယ္က G-mail သံုးခဲ႔တာ ျပန္သတိရမိတယ္
ကိုးမာန္ရဲ႕ msg ကို ဖတ္ျပီး ေႀကြ ျပံဳးလိုက္မိသည္။
ပထမဆံုး ဆိုတဲ႔ စကားကို သေဘာက်မိသြားတာ......
ကိုးမာန္ နဲ႕ဆို ေႀကြ က အေၾကာင္းရာ ေတာ္ေတာ္မ်ားမ်ားအတြက္ ပထမဆံုး ျဖစ္ေနရလို႕ေလ......
ဒါကိုပဲ သေဘာက်ေနမိတာ
💬ႀကိဳးေလး??
ေႀကြ စာမျပန္ပဲ ျငိမ္ေနတာနဲ႕ ထပ္ဝင္လာတဲ႔ ကိုးမာန္ဆီက message..
umm... 💬
💬အိပ္ေပ်ာ္သြားျပီလားလို႕...
အိပ္ေပ်ာ္သြားရင္ ဘာျဖစ္လဲ ? 💬
💬 အိပ္ေပ်ာ္သြားရင္ Goodnight လို႕ေျပာေပးမလို႕ေပါ့ကြ
Goodnight ေျပာျပီးအိပ္တာနဲ႕ Goodnight မေျပာပဲအိပ္တာ ... ဘာကြာလဲ? 💬
reply ခ်က္ခ်င္းမလာေတာ့ပဲ ျငိမ္သြားသည့္ ကိုးမာန္...
အခုခ်ိန္ေလာက္ဆို အူေျကာင္ေျကာင္ ျဖစ္ေနမယ့္ ကိုးမာန္ မ်က္ႏွာကို ျမင္ေယာင္ျပီး ေႀကြ ၿပံဳးလိုက္မိသည္။
ခဏျကာေတာ့...
💬အင္း ကြာတယ္...
ဘယ္လိုကြာလဲ 💬
💬 goodnight ဆိုတာ တစ္ဖက္လူ ေကာင္းေကာင္းမြန္မြန္ အိပ္ေပ်ာ္ေအာင္ ဆုမြန္ေကာင္းေတာင္းေပးတာ...... အိမ္မက္ မက္ရင္ေတာင္ အိမ္မက္လွလွေလးေတြမက္ေစခ်င္တဲ႔ စိတ္ေလးပါ ထည့္ေပးထားတာ...
Goodnight မေျပာပဲ အိပ္ရင္လည္း အိပ္ေပ်ာ္တာပါပဲ... ဒါေပမယ့္ တစ္စံုတစ္ေယာက္က ကိုယ့္အတြက္ ဆုမြန္ေကာင္းေတာင္းေပးတာကို သိေနတဲ႕အခါ... အိပ္စက္ျခင္းေတြကပါ အဓိပၸါယ္ရွိသြားတယ္ေလ...
အဓိပၸါယ္ရွိတဲ႔ အိပ္စက္ျခင္းတဲ႔လား............
ကဗ်ာကလည္း ဆန္လိုက္တာ...
💬အဲ႔ဒါေၾကာင့္ ကိုယ္အေလးထား တန္ဖိုးထားရတဲ႔သူေတြကို Goodnight ဆိုတဲ႔ စကားေျပာေပးျကတာ ...... ရိုးရွင္းတယ္ ထင္ရေပမယ့္ ေတြးျကည့္ရင္ တန္ဖိုးရွိတာ သိလိမ့္မယ္...
ေႀကြ ခဏျငိမ္သြားမိသည္။
ထို႕ေနာက္ စကားလံုးတစ္ခ်ိဳ႕ကို type ျပီး ကိုးမာန္ဆီ sent လိုက္သည္။
ကြ်န္ေတာ့္ကို Goodnight ဆိုတဲ႔စကား မေျပာပါနဲ႕ကိုးမာန္... 💬
💬 ဟင္? ဘာျဖစ္လို႕လဲ?
ဒီအတိုင္း တစ္သက္လံုးေနသားက်လာတာ ... လာျပီး အက်င့္မဖ်က္နဲ႕ ကိုးမာန္ 💬
ခဏျငိမ္သြားျပီး...
💬 ငါ ေန႕တိုင္း ပို႕ေပးမွာေပါ့ကြ...
ေႀကြ မဲ႔ျပံဳးေလး ျပံဳးလိုက္မိသည္။
မလိုဘူး......မပို႕နဲ႕ 💬
ထို႕ေနာက္ ေႀကြ႕ ဘက္ကပဲ အရင္စျပီး offline လုပ္လိုက္သည္။
မဟုတ္ရင္ ကိုးမာန္ ပို႕တဲ႔ Goodnight ကို ျမင္ေနရဦးမည္...
ကိုးမာန္ ဒီလူေျပာမွပဲ ...... လူတကာ ေျပာေနက်တဲ႔ Goodnight ဆိုတဲ႔စကားကေတာင္ တန္ဖိုးရွိသြားလိုက္တာ...
တစ္သက္လံုး ေပးတဲ႔သူလည္းမရွိသလို ရယူရေကာင္းမွန္း မသိခဲ႔တဲ႔ ထိုစကားေလးတစ္ခြန္းကိုေတာင္ ေႀကြ နည္းနည္း ေလာဘ တက္မိသြားသလိုလို......
ဒီလိုဆိုေပမယ့္လည္း ေခါင္းမာတဲ႔ ကိုးမာန္က ပို႕ထားမလား မသိ......
online ျပန္လုပ္ျပီး ဝင္ျကည့္ခ်င္ေပမယ့္
.
.
.
မလိုခ်င္ပါဘူး ေျပာထားတဲ႔အရာကို သံေယာဇဥ္ အမွ်င္မျပတ္နိုင္ ျဖစ္ေနတာ
ေႀကြ မပီသလိုက္တာ......
ေႀကြ ph ကို အိပ္ရာေပၚပစ္ခ်လိုက္ျပီး
ဒူးႏွစ္ေခ်ာင္းကိုပိုက္တာ ျငိမ္ေနလိုက္မိသည္။
ကိုယ့္ဘာသာ ေအးေအးေနတာကို စကားေတြနဲ႕ လာရႈပ္သြားျပန္တဲ႔ လူျကီး...
ခက္တယ္...
သိပ္ခက္တယ္...
ဦးေႏွွာက္ကို ဦးစားေပးထားပါလ်က္...
မသိစိတ္က ဝင္စြက္တာ မ်ားလာတဲ႔အခါ... ဆႏၵဟု ထင္မိလာရတာ...
ထိုစဥ္...
ring*
message noti သံေၾကာင့္ ေႀကြ ph ေကာက္ယူျပီးျကည့္လိုက္ေတာ့...
phone message ကေနတဆင့္ ပို႕လာတဲ႔ ကိုးမာန္...
✉အိမ္မက္လွလွ မက္ပါေစ ႀကိဳးေလး...
Goodnight ✉
ေႀကြ ခ်က္ခ်င္း ျပံဳးလိုက္မိေပမယ့္
ရုတ္ခ်ည္းဆိုသလို ေျပာင္းလဲသြားတဲ့ မ်က္ႏွာနဲ႕အတူ...
သက္ျပင္းခ်သံ သဲ႔သဲ႔ေလး...
.
.
.
" ခင္ဗ်ားနဲ႕ပတ္သတ္ရင္ ဒီ ရင္ဘတ္ျကီးက အရမ္းကို ရႈပ္ေထြးေနတယ္ ကိုးမာန္...... "
~~~~~~~~~~~~~~~~~~~~~
Next morning ...
ထူးထူးဆန္းဆန္း မနက္စာ Breakfast ဝိုင္းမွာ ေတြ႕ေနရတဲ႕ Daddy...
မနက္ခင္း သတင္းစာကို ဟန္ပါပါ ဖတ္ေနျပီး ေႀကြ႕ကို တစ္ခ်က္ တစ္ခ်က္ လွမ္း အကဲခပ္ေနေပမယ့္ ...
ေႀကြကေတာ့ သိပံုမေပၚ...
မနက္စာကိုသာ အာရံု အျပည့္ထားျပီး စားေနတာ...
" ေႀကြ ... ကားမလဲျဖစ္ေတာ့ဘူးဆို?"
စကားစ လာတဲ႔ Daddy ကို ေႀကြ ေအးေအးေဆးေဆးပင္ တံု႕ျပန္လိုက္သည္။
" ဟုတ္တယ္ ..."
" ေက်ာင္းတက္ရတာေရာ အဆင္ေျပရဲ႕လား?"
ဒီတစ္ခါေတာ့ ေႀကြ မ်က္လံုးေလး လွန္ျကည့္လာျပီး...
" အလယ္တန္းေလာက္ကတည္းက ကိုယ့္ဘာသာ ေက်ာင္းအပ္ျပီး တက္လာတာ အခုထိ ဘာျပသနာမွ မရွိေသးပါဘူး Daddy..."
အင္တင္တင္ ျဖစ္သြားတဲ႕ Daddy ဆီက ေတာ္ေတာ္ၾကာတဲ႔အထိ စကားသံ ထြက္မလာေတာ့...
ခဏေလာက္ၾကာမွ...
" Daddy ရံုးသြားေတာ့မယ္"
" Daddy..."
ေႀကြ ေခၚသံေၾကာင့္ Daddy ေျခလွမ္းေတြရပ္တန္႕သြားသည္။
" Daddy နဲ႕ပတ္သတ္ခဲ႔ဖူးသမွ်ထဲ Daddy ဘယ္သူ႕ကို အခ်စ္ဆံုးလဲ?"
ေႀကြ႕ ေမးခြန္းကို Daddy အံ႔ၾသသြားပံုရေပမယ့္
Daddy ျပန္ေျဖလိုက္တဲ႔ အေျဖကမွ ေႀကြ႕ကို တကယ္ shock ရသြားေစတာ...
.
.
.
" Daddy မခ်စ္ဖူးဘူး ေႀကြ.."
အံ႔အားသင့္ေနပံု ျဖစ္သြားတဲ႔ ေႀကြ႕မ်က္ႏွာ ကို တစ္ခ်က္ၾကည့္ျပီး Daddy ျပံဳးေလသည္။
ထို႕ေနာက္...
" Daddy လူအမ်ားျကီးနဲ႕ တြဲဖူးတာ မွန္ေပမယ့္ ... Daddy ဘယ္သူ႕ကိုမွ မခ်စ္ဘူး.."
" ဘာလို႕လဲ?"
" မခ်စ္ပါဘူးဆိုမွေတာ့ေႀကြရယ္... အခ်စ္မရွိလို႕ပဲေပါ့..."
" Daddy အခ်စ္က ဘယ္ေရာက္သြားလို႕လဲ?"
Daddy ခဏျငိမ္သြားျပီး...
" Daddy နာမည္ေတာင္မသိခဲ႔တဲ႔ သူတစ္ေယာက္ရွိတယ္...
သူက Daddy ကို အရမ္းခ်စ္ခဲ႔တာတဲ႔ေလ
Daddy လ်စ္လ်ဴရႈခဲ႕တာေတြ အတြက္
သူ နဲ႕ ျပန္ဆံုခဲ႔ရင္ Daddy မွာ အခြင့္ေရးရွိခဲ႔ရင္ သူ႕ကို အခ်စ္ေတြ ျပန္ေပးခ်င္တဲ႔ စိတ္နဲ႕ သိမ္းထားတယ္..."
ေႀကြ တစ္ခါမွ မသိခဲ႔မိတဲ႔ Daddy ရဲ႕ အခ်စ္ဇာတ္လမ္း...
Daddy က ဒီလိုေလးနက္တဲ႔သူတဲ႔လား...
အထူးသျဖင့္ အခ်စ္ ဆိုတဲ႔ အရာေပၚ ခံယူခ်က္ျပင္းထန္တာ ...
ထင္ေတာင္ မထင္ထားခဲ႔...
" ဒါေပမယ့္ Daddy က ေႀကြ႕ကို အခ်စ္ဆံုး... ေႀကြ႕အတြက္ Daddy ဘာမဆို လုပ္ရဲတယ္...
ဒါေလးကိုေတာ့ ေႀကြ သိထားေပး..."
Daddy ထြက္သြားသည့္တိုင္ ...
ေႀကြ ေတြးမဆံုးေသး
ကိုယ့္ဆီ ျပန္လာဖို႕ မေသခ်ာေတာ့တဲ႔ လူတစ္ေယာက္အတြက္ အခ်စ္သိမ္းထားသည္တဲ႔လား...
ဒါလည္း အခ်စ္ တစ္မ်ိဳးပဲေပါ့...
ထူးဆန္းတာက...
သနားစရာေရာ... စို႕နင့္စရာ တစ္ခုမွမပါတဲ႔ ဇာတ္လမ္းျဖစ္ပါလ်က္...
ရုတ္တရက္ျကီး မြန္းျကပ္သြားတဲ႔ ခံစားခ်က္
ဘာလို႕မ်ား...
ေႀကြ႕ရင္ထဲ မြန္းျကပ္သြားလဲမေျပာတက္...
တကယ္ဆို ဒါက ေႀကြ နဲ႕မွမဆိုင္ပဲ...
ဒါ Daddy personal သက္သက္...
ေႀကြ ... နည္းနည္းေလးမွ စိတ္မဝင္စားခဲ႔တဲ႕ Daddy ရဲ႕ personal...
ဒီေလာက္ပါပဲ...
~~~~~~~~~~~~~~~~~~
at Junction City...
" coffee ဝယ္တိုက္မယ္ေျပာျပီး ဘာလို႕ ဒီေနရာ ေခၚလာရတာလဲ?"
လူရႈပ္တာ မႀကိဳက္တာေတာ့မဟုတ္ေပမယ့္
ဒီေန႕မွ
ဒီေနရာကို ထူးထူးဆန္းဆန္းေခၚလာတဲ႕ ကိုးမာန္ကို ေႀကြ ေမးခြန္းထုတ္လိုက္မိသည္။
" coffee တင္မဟုတ္ပဲ အရသာရွိတာ တစ္ခုခု စားႀကမယ္ေလ... ကိုယ္ဝယ္ေကြ်းပါ့မယ္..."
ေႀကြ ေလွ်ာက္လက္စ ေျခလွမ္းေတြရပ္လိုက္ျပီး...
" စားစရာဝယ္မစားနိုင္လို႕ coffee ခ်ည္း ေသာက္ေနတယ္ ထင္တာလား ကိုးမာန္..."
မ်က္ႏွာထား တင္းတင္းေလးနဲ႕ ေျပာေနဟန္က
သြန္းမာန္ကို စိတ္မညစ္ေစပဲ ရယ္ေမာေအာင္ စြမ္းေဆာင္ေပးျပန္တာ...
" ဟားဟား မထင္ရပါဘူးကြာ... American system ပဲလုပ္ပါ့မယ္ သြားရေအာင္ ... အေပၚမွာ food court ရွိတယ္ ေျပာတယ္..."
" သိပါတယ္ ... ေတာကတက္လာတာမဟုတ္ဘူး... ဆရာလာမလုပ္နဲ႕"
ေရွ႕ကေန ခပ္တည္တည္ တက္သြားတဲ႔ ျကိဳးေလးကိုျကည့္ျပီး သြန္းမာန္ သေဘာက်စြာ ျပံဳးလိုက္မိသည္။
ဒီေကာင္ေလး စေတြ႕ခါစကထက္ အမ်ားၾကီး တိုးတက္လာျပီပဲ...
ေသခ်ာေလး ဂရုတစိုက္ ျပဳျပင္ေပးရင္ တျဖည္းျဖည္း လူ႕ေတြနဲ႕ေနတက္လာေတာ့မွာ...
ကိုယ့္အေတြးနဲ႕ ကိုယ္ သြန္းမာန္ျပံဳးလိုက္မိသည္။.
.
.
.
.
.
.
ထိုစဥ္ ခပ္လွမ္းလွမ္းကေန သြန္းမာန္ နဲ႕ ေႀကြ႕ကို ျကည့္ေနေသာ မ်က္ဝန္း တစ္စံုကိုေတာ့ ဘယ္သူမွ သတိမထားမိလိုက္...
.
.
.
.
.
food court ရွိရာ ေရာက္ခါနီး...
ရုတ္တရက္ ဖ်တ္ခနဲ ျမင္လိုက္ရတဲ႔ ပံုရိပ္တစ္ခု...
ခ်က္ခ်င္းဆိုသလို သြန္းမာန္ ေျခလွမ္းေတြရပ္တန္႕ သြားရသည္။
သူ............ သူမ်ားလား???
" ဘာရပ္လုပ္ေနတာလဲ??"
ႀကိဳးေလး အသံႀကားေနရေပမယ့္ ဘာေျပာလိုက္မွန္းေတာင္ မသဲကြဲ...
အဲ႔ေလာက္ထိ သြန္းမာန္ အာရံုကို ဖမ္းစားနိုင္ခဲ႔သူက ...
ထိုသူ......
" ကိုးမာန္... ဘာျဖစ္ေနတာလဲ??"
" ႀကိဳး--- ႀကိဳးေလး အရင္သြားႏွင့္...... ကိုယ္ ခဏေန လိုက္လာခဲ႔မယ္!"
ေျပာျပီးတာနဲ႕ တရွိန္ထိုးေျပးထြက္သြားလိုက္တာ...
ေႀကြ ဘာမွေျပာခ်ိန္ေတာင္မရလိုက္...
ဘာေတြ႕လိုက္လို႕ ဒီေလာက္ေတာင္ အသည္းသန္ ေျပးသြားရတာလဲ...
မတက္နိုင္...
သြားႏွင့္ဆိုေတာ့လည္း သြားရံုေပါ့...
foodcourt ေရာက္ေတာ့ စားခ်င္တာေတြမွာျပီး ေနရာျကည့္လိုက္ေတာ့...
အလင္းေရာင္ ေကာင္းေကာင္းရတဲ႔ မွန္တံခါးနဲ႔ ကပ္လ်က္ စားပြဲ လြတ္ေနတာေၾကာင့္ ...
ေႀကြ ထိုေနရာမွာပဲ ဝင္ထိုင္လိုက္သည္။
စားစရာေတြက ေရာက္မလာေသးတာေျကာင့္...
ေႀကြ အျပင္ဘက္ကိုေငးေနလိုက္သည္။
အျပင္ဘက္မွာ မိုးေတြ တဖြဲဖြဲရြာေနလိုက္တာ မွန္တံခါးမွာေရေငြ႕ေတြအျပည့္...
ရာသီဥတုေလးနဲ႕ လိုက္ဖက္စြာ ေႀကြ သေဘာက်ႏွစ္သက္သည့္ Jay Chou သီခ်င္းကို earphone ေလးနဲ႕ နားေထာင္ေနလိုက္သည္။
ကိုးမာန္ မရွိတာကလြဲရင္ အရာအားလံုး ေအးခ်မ္းေနတာ...
ေႀကြလိုခ်င္တဲ႔ ေအးခ်မ္းမႈမ်ိဳး
စားစရာ ရျပီဆိုတဲ႔ အခ်က္ေပးသံေၾကာင့္
ေႀကြ နားျကပ္ေလးျဖဳတ္ျပီး ထလာခဲ႔လိုက္သည္။
ထိုအခ်ိန္ထိလည္း ကိုးမာန္ ေရာက္မလာေသး...
ထိုင္လိုက္ ထလိုက္ အလုပ္ရႈပ္ရတာကလြဲရင္ က်န္တာ အားလံုးအဆင္ေျပသည့္ food court ေလးပင္။
ေႀကြ အစားေသာက္ထည့္ထားသည့္ဗန္းေလးယူျပီး ျပန္လာခ်ိန္မွာေတာ့ ...
မ်က္ခံုးေတြ တြန္႕ခ်ိဳးျပီး ေျခလွမ္းေတြ ရပ္တန္႕သြားေစသည့္ တရားခံက ...
စားပြဲမွာ အသင့္ဝင္ထိုင္ေနတဲ႔ Roy...
ဒီေကာင္ ဒါ ဘာအခ်ိဳးလဲ?
ေႀကြ မေက်မလည္နွင့္ပင္ မ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္လိုက္သည္။
" ေႀကြႀကိဳး ... ငါ ဘာလို႕ေရာက္လာလဲ မသိခ်င္ဘူးလား??"
ေႀကြ ဘာတံု႔ျပန္မႈ မွမလုပ္ပဲ ဟင္းခ်ိဳခြက္ကို အရသာခံေသာက္ေနလိုက္သည္။
" ငါ တရားဝင္ စိန္လာေခၚတာ...
ငါ ကိုသြန္းကို မင္းလက္ထဲက ရေအာင္ ယူျပမယ္"
ေႀကြ အရသာခံမပ်က္ပဲ...
" ယူျကည့္ေပါ့... ယူတာက မင္းရဲ႕အလုပ္ ... ရတာမရတာက င့ါဆံုးျဖတ္ခ်က္..."
" အဲ႔လို ယံုျကည္ခ်က္ ျပင္းထန္တဲ႔ မင္းေၾကာင့္ ငါ ဒီပြဲကို ပို စိတ္ဝင္စားမိတယ္... ေႀကြႀကိဳး...
" ေျပာစရာရွိတာ ေျပာျပီး ျပန္လိုက္ေတာ့ ... မင္းအာရံု လာေနာက္ေနေတာ့ စားရတာ အရသာခံမရျဖစ္ေနတယ္"
Roy လွလွ ပပ တစ္ခ်က္ျပံဳးလိုက္ျပီး...
" ေအးေပါ့ေလ ... မင္းက ကိုသြန္းကို ေလာဘတက္ေလာက္ပါတယ္... မင္းမွာက မိသားစုေရာ မိဘေရာ ပိုင္ဆိုင္တာ ဘာမွ မွ မရွိပဲ..."
ေႀကြ ဇြန္းကိုင္ထားတဲ႔လက္တစ္ခ်က္တင္းခနဲ ျဖစ္သြားရသည္။
" မင္းရဲ႕လက္နက္က ဘာလဲ ငါမသိေပမယ့္ ငါရဲ႕လက္နက္က ပတ္ဝန္းက်င္ပဲ... ငါက ပတ္ဝန္းက်င္ရဲ႕ အာရံုစိုက္မႈကေန ကို သြန္းကို ရေအာင္ယူျပမယ္... "
အဟင္း...
ေႀကြ တစ္ခ်က္ ရယ္လိုက္မိသည္။
အားကိုးရတဲ႔ လက္နက္က ပတ္ဝန္းက်င္ဆိုပါလား...
လက္နက္ေကာင္းပဲ...
ေႀကြ ေရခြက္ထဲ ေရအျပည့္ျဖည့္လိုက္ကာ
က်က်နန ကိုင္ျပီး မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနတဲ႔ Roy ကို ပက္လိုက္သည္။
" ဟာ!!"
ရုတ္တရက္မို႕ Roy လည္း လန္႕ဖ်တ္သြားပံုရျပီး
အနီးနားက စားပြဲဝိုင္းေတြကပါ လွည့္ျကည့္လာျကေလသည္။
" မင္း ဒါ ဘာလုပ္တာလဲ??"
" မင္းရဲ႕လက္နက္ အစြမ္းကို ျပတာေလ...
မင္းေတြ႕လား... ပတ္ဝန္းက်င္ကလူေတြ ငါတို႕ကို စိတ္ဝင္စားေနတာ..."
Roy ကနားလည္ပံုမရေသး...
" သူတို႕က မင္းကိုယ္ေပၚက်သြားတဲ႔ ဒီခြက္ထဲက ေရေၾကာင့္ စိတ္ဝင္စားသြားတာ...
ပတ္ဝန္းက်င္ဆိုတာ အဲ႔ဒါပဲ... မင္းနဲ႕ငါ ဘာအေၾကာင္းပဲေျပာခဲ႔ေျပာခဲ႔ သူတို႕ စိတ္မဝင္စားဘူး... ငါတို႕ဘာဆက္ျဖစ္မလဲကို ပိုသိခ်င္တာ... ဒါေပမယ့္ သူတို႕မွာ ဘာလုပ္ပိုင္ခြင့္မွမရွိဘူး... အဲ႔အတြက္ ေဝဖန္အားေပးရံုပဲ တက္နိုင္တာေလ...
ပတ္ဝန္းက်င္ဆိုတာ ဘာလုပ္ပိုင္ခြင့္မွမရွိတဲ႔ ေဝဖန္ေရးသက္သက္ပဲ..."
Roy ေဒါသ ထြက္သြားပံုရေပမယ့္ ခပ္ျမန္ျမန္ေလး အျပံဳးတစ္ခုဖန္ဆင္းလိုက္ျပီး...
" မင္းနဲ႕ငါ မၾကာခင္ ထိပ္တိုက္ေတြ႕မွာပါ ေႀကြႀကိဳး... ဒါနဲ႕ မင္းလူႀကီး ျပန္လာမယ္မထင္ဘူး... ေတာ္ေတာ္ေလး ေရးျကီးသုတ္ျပာထြက္သြားတာ...
ငါ့အထင္ေတာ့ မင္းကိုေမ့သြားေလာက္တဲ႔ အထိ အေရးျကီးပံုပဲ... bye bye"
Roy ထြက္သြားခ်ိန္ထိ ေႀကြ အျပံဳးမပ်က္ေပမယ့္...
ပူေလာင္သြားေသာ ခံစားခ်က္...
ကိုးမာန္သြားတာ ခဏေလးမဟုတ္ေတာ့
ခဏေလးဆိုတဲ႔ သတ္မွတ္ခ်က္လြန္သြားတာ ၾကာျပီပဲ...
တကယ္ပဲ ကြ်န္ေတာ္ေစာင့္ေနမွာကို ခင္ဗ်ားေမ့သြားတာမ်ားလား...
မဟုတ္ေလာက္ပါဘူး...
ခင္ဗ်ားကို ယံုတယ္ ကိုးမာန္
.
.
.
.
.
.
2 hours later,
ျပိဳလုခါနီးဆဲဆဲ စိတ္အေျခေနကို တင္းလ်က္
နားၾကပ္ ျပန္ေကာက္တပ္ရင္း သီခ်င္းသံကို အဆံုးထိ က်ယ္ေလာင္ထားလိုက္သည္။
အၾကည့္ေတြကို မွန္ျပတင္းအျပင္က သည္းထန္စြာ က်ဆင္းေနတဲ႔ မိုးစက္ေတြဆီ ပို႕ထားရင္း အံျကိတ္ထားလိုက္မိသည္။
" ခင္ဗ်ား ျပန္လာမွျဖစ္မယ္ ကိုးမာန္......
ခင္ဗ်ား ဘာေျပာေျပာ
အကုန္ ယံုေပးမွာမို႕... ဆင္ေျခအျပည့္နဲ႕ ျပန္လာခဲ႔လိုက္စမ္းပါ......"
~~~~~~~~~~~~~~~~~~~~~~
tbc.
thanks for lovely my creations
i'll try more than more to best...
N.S.P
16.7.2018
10:47 P.M
notice**
feedback ေလးေတြေႀကာင့္ အားတက္ရပါတယ္ဗ်ာ...
အားလံုးကို ေက်းဇူးတင္ပါတယ္
ပိုျကိဳးစားပါ့မယ္
ဆက္ခ်စ္ခင္ေပးျကပါဗ်
္
author's note...
* media က သီချင်းလေးကို theme song လို့ သဘောထားပြီး နားထောင်ကြည့်ကြပါဗျ...
သာသာ့အကြိုက်မို့ recommand ပေးကြည့်တာပါ...*
at 9:50 P.M
💬ပြောချင်တာ ပြောပြီး ထွက်ပြေးတယ်ပေါ့လေ...
ခင်ဗျားက ရူးနေတာပဲကို 💬
💬အဲ့လောက်ထိမပြောပါနဲ့ကွာ ငါအခုထိ မင်းပြောတာ တကယ်နားမလည်တာ
အရူးပဲ 💬
💬 ပြောပြန်ပြီ... နောက်ဆို စကားပြောရင် ရှင်းရှင်းပြော... ကြာရင် မင်းစကားတွေ နားမလည်လို့ ငါတကယ် ရူးမယ် ...... အဲ့ဒါဆို မင်းက တရားခံပဲ
စွပ်စွပ်စွဲစွဲ 💬
💬မဟုတ်လို့လား?
မဟုတ်ဘူး ခင်ဗျားဘာသာဦးနှောက်သေးတာ ကျွန်တော်ပြောတာ ရှင်းရှင်းလေး...
💬
💬တော်ပြီ ဆက်ပြောရင် ပြီးမှာမဟုတ်ဘူး ဒါနဲ့ ငါ အခုလို social network မှာ chat တာ ဒါ ပထမဆုံးပဲ ... ငယ်ငယ်က G-mail သုံးခဲ့တာ ပြန်သတိရမိတယ်
ကိုးမာန်ရဲ့ msg ကို ဖတ်ပြီး ကြွေ ပြုံးလိုက်မိသည်။
ပထမဆုံး ဆိုတဲ့ စကားကို သဘောကျမိသွားတာ......
ကိုးမာန် နဲ့ဆို ကြွေ က အကြောင်းရာ တော်တော်များများအတွက် ပထမဆုံး ဖြစ်နေရလို့လေ......
ဒါကိုပဲ သဘောကျနေမိတာ
💬ကြိုးလေး??
ကြွေ စာမပြန်ပဲ ငြိမ်နေတာနဲ့ ထပ်ဝင်လာတဲ့ ကိုးမာန်ဆီက message..
umm... 💬
💬အိပ်ပျော်သွားပြီလားလို့...
အိပ်ပျော်သွားရင် ဘာဖြစ်လဲ ? 💬
💬 အိပ်ပျော်သွားရင် Goodnight လို့ပြောပေးမလို့ပေါ့ကွ
Goodnight ပြောပြီးအိပ်တာနဲ့ Goodnight မပြောပဲအိပ်တာ ... ဘာကွာလဲ? 💬
reply ချက်ချင်းမလာတော့ပဲ ငြိမ်သွားသည့် ကိုးမာန်...
အခုချိန်လောက်ဆို အူကြောင်ကြောင် ဖြစ်နေမယ့် ကိုးမာန် မျက်နှာကို မြင်ယောင်ပြီး ကြွေ ပြုံးလိုက်မိသည်။
ခဏကြာတော့...
💬အင်း ကွာတယ်...
ဘယ်လိုကွာလဲ 💬
💬 goodnight ဆိုတာ တစ်ဖက်လူ ကောင်းကောင်းမွန်မွန် အိပ်ပျော်အောင် ဆုမွန်ကောင်းတောင်းပေးတာ...... အိမ်မက် မက်ရင်တောင် အိမ်မက်လှလှလေးတွေမက်စေချင်တဲ့ စိတ်လေးပါ ထည့်ပေးထားတာ...
Goodnight မပြောပဲ အိပ်ရင်လည်း အိပ်ပျော်တာပါပဲ... ဒါပေမယ့် တစ်စုံတစ်ယောက်က ကိုယ့်အတွက် ဆုမွန်ကောင်းတောင်းပေးတာကို သိနေတဲ့အခါ... အိပ်စက်ခြင်းတွေကပါ အဓိပ္ပါယ်ရှိသွားတယ်လေ...
အဓိပ္ပါယ်ရှိတဲ့ အိပ်စက်ခြင်းတဲ့လား............
ကဗျာကလည်း ဆန်လိုက်တာ...
💬အဲ့ဒါကြောင့် ကိုယ်အလေးထား တန်ဖိုးထားရတဲ့သူတွေကို Goodnight ဆိုတဲ့ စကားပြောပေးကြတာ ...... ရိုးရှင်းတယ် ထင်ရပေမယ့် တွေးကြည့်ရင် တန်ဖိုးရှိတာ သိလိမ့်မယ်...
ကြွေ ခဏငြိမ်သွားမိသည်။
ထို့နောက် စကားလုံးတစ်ချို့ကို type ပြီး ကိုးမာန်ဆီ sent လိုက်သည်။
ကျွန်တော့်ကို Goodnight ဆိုတဲ့စကား မပြောပါနဲ့ကိုးမာန်... 💬
💬 ဟင်? ဘာဖြစ်လို့လဲ?
ဒီအတိုင်း တစ်သက်လုံးနေသားကျလာတာ ... လာပြီး အကျင့်မဖျက်နဲ့ ကိုးမာန် 💬
ခဏငြိမ်သွားပြီး...
💬 ငါ နေ့တိုင်း ပို့ပေးမှာပေါ့ကွ...
ကြွေ မဲ့ပြုံးလေး ပြုံးလိုက်မိသည်။
မလိုဘူး......မပို့နဲ့ 💬
ထို့နောက် ကြွေ့ ဘက်ကပဲ အရင်စပြီး offline လုပ်လိုက်သည်။
မဟုတ်ရင် ကိုးမာန် ပို့တဲ့ Goodnight ကို မြင်နေရဦးမည်...
ကိုးမာန် ဒီလူပြောမှပဲ ...... လူတကာ ပြောနေကျတဲ့ Goodnight ဆိုတဲ့စကားကတောင် တန်ဖိုးရှိသွားလိုက်တာ...
တစ်သက်လုံး ပေးတဲ့သူလည်းမရှိသလို ရယူရကောင်းမှန်း မသိခဲ့တဲ့ ထိုစကားလေးတစ်ခွန်းကိုတောင် ကြွေ နည်းနည်း လောဘ တက်မိသွားသလိုလို......
ဒီလိုဆိုပေမယ့်လည်း ခေါင်းမာတဲ့ ကိုးမာန်က ပို့ထားမလား မသိ......
online ပြန်လုပ်ပြီး ဝင်ကြည့်ချင်ပေမယ့်
.
.
.
မလိုချင်ပါဘူး ပြောထားတဲ့အရာကို သံယောဇဉ် အမျှင်မပြတ်နိုင် ဖြစ်နေတာ
ကြွေ မပီသလိုက်တာ......
ကြွေ ph ကို အိပ်ရာပေါ်ပစ်ချလိုက်ပြီး
ဒူးနှစ်ချောင်းကိုပိုက်တာ ငြိမ်နေလိုက်မိသည်။
ကိုယ့်ဘာသာ အေးအေးနေတာကို စကားတွေနဲ့ လာရှုပ်သွားပြန်တဲ့ လူကြီး...
ခက်တယ်...
သိပ်ခက်တယ်...
ဦးနှောက်ကို ဦးစားပေးထားပါလျက်...
မသိစိတ်က ဝင်စွက်တာ များလာတဲ့အခါ... ဆန္ဒဟု ထင်မိလာရတာ...
ထိုစဉ်...
ring*
message noti သံကြောင့် ကြွေ ph ကောက်ယူပြီးကြည့်လိုက်တော့...
phone message ကနေတဆင့် ပို့လာတဲ့ ကိုးမာန်...
✉အိမ်မက်လှလှ မက်ပါစေ ကြိုးလေး...
Goodnight ✉
ကြွေ ချက်ချင်း ပြုံးလိုက်မိပေမယ့်
ရုတ်ချည်းဆိုသလို ပြောင်းလဲသွားတဲ့ မျက်နှာနဲ့အတူ...
သက်ပြင်းချသံ သဲ့သဲ့လေး...
.
.
.
" ခင်ဗျားနဲ့ပတ်သတ်ရင် ဒီ ရင်ဘတ်ကြီးက အရမ်းကို ရှုပ်ထွေးနေတယ် ကိုးမာန်...... "
~~~~~~~~~~~~~~~~~~~~~
Next morning ...
ထူးထူးဆန်းဆန်း မနက်စာ Breakfast ဝိုင်းမှာ တွေ့နေရတဲ့ Daddy...
မနက်ခင်း သတင်းစာကို ဟန်ပါပါ ဖတ်နေပြီး ကြွေ့ကို တစ်ချက် တစ်ချက် လှမ်း အကဲခပ်နေပေမယ့် ...
ကြွေကတော့ သိပုံမပေါ်...
မနက်စာကိုသာ အာရုံ အပြည့်ထားပြီး စားနေတာ...
" ကြွေ ... ကားမလဲဖြစ်တော့ဘူးဆို?"
စကားစ လာတဲ့ Daddy ကို ကြွေ အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်သည်။
" ဟုတ်တယ် ..."
" ကျောင်းတက်ရတာရော အဆင်ပြေရဲ့လား?"
ဒီတစ်ခါတော့ ကြွေ မျက်လုံးလေး လှန်ကြည့်လာပြီး...
" အလယ်တန်းလောက်ကတည်းက ကိုယ့်ဘာသာ ကျောင်းအပ်ပြီး တက်လာတာ အခုထိ ဘာပြသနာမှ မရှိသေးပါဘူး Daddy..."
အင်တင်တင် ဖြစ်သွားတဲ့ Daddy ဆီက တော်တော်ကြာတဲ့အထိ စကားသံ ထွက်မလာတော့...
ခဏလောက်ကြာမှ...
" Daddy ရုံးသွားတော့မယ်"
" Daddy..."
ကြွေ ခေါ်သံကြောင့် Daddy ခြေလှမ်းတွေရပ်တန့်သွားသည်။
" Daddy နဲ့ပတ်သတ်ခဲ့ဖူးသမျှထဲ Daddy ဘယ်သူ့ကို အချစ်ဆုံးလဲ?"
ကြွေ့ မေးခွန်းကို Daddy အံ့သြသွားပုံရပေမယ့်
Daddy ပြန်ဖြေလိုက်တဲ့ အဖြေကမှ ကြွေ့ကို တကယ် shock ရသွားစေတာ...
.
.
.
" Daddy မချစ်ဖူးဘူး ကြွေ.."
အံ့အားသင့်နေပုံ ဖြစ်သွားတဲ့ ကြွေ့မျက်နှာ ကို တစ်ချက်ကြည့်ပြီး Daddy ပြုံးလေသည်။
ထို့နောက်...
" Daddy လူအများကြီးနဲ့ တွဲဖူးတာ မှန်ပေမယ့် ... Daddy ဘယ်သူ့ကိုမှ မချစ်ဘူး.."
" ဘာလို့လဲ?"
" မချစ်ပါဘူးဆိုမှတော့ကြွေရယ်... အချစ်မရှိလို့ပဲပေါ့..."
" Daddy အချစ်က ဘယ်ရောက်သွားလို့လဲ?"
Daddy ခဏငြိမ်သွားပြီး...
" Daddy နာမည်တောင်မသိခဲ့တဲ့ သူတစ်ယောက်ရှိတယ်...
သူက Daddy ကို အရမ်းချစ်ခဲ့တာတဲ့လေ
Daddy လျစ်လျူရှုခဲ့တာတွေ အတွက်
သူ နဲ့ ပြန်ဆုံခဲ့ရင် Daddy မှာ အခွင့်ရေးရှိခဲ့ရင် သူ့ကို အချစ်တွေ ပြန်ပေးချင်တဲ့ စိတ်နဲ့ သိမ်းထားတယ်..."
ကြွေ တစ်ခါမှ မသိခဲ့မိတဲ့ Daddy ရဲ့ အချစ်ဇာတ်လမ်း...
Daddy က ဒီလိုလေးနက်တဲ့သူတဲ့လား...
အထူးသဖြင့် အချစ် ဆိုတဲ့ အရာပေါ် ခံယူချက်ပြင်းထန်တာ ...
ထင်တောင် မထင်ထားခဲ့...
" ဒါပေမယ့် Daddy က ကြွေ့ကို အချစ်ဆုံး... ကြွေ့အတွက် Daddy ဘာမဆို လုပ်ရဲတယ်...
ဒါလေးကိုတော့ ကြွေ သိထားပေး..."
Daddy ထွက်သွားသည့်တိုင် ...
ကြွေ တွေးမဆုံးသေး
ကိုယ့်ဆီ ပြန်လာဖို့ မသေချာတော့တဲ့ လူတစ်ယောက်အတွက် အချစ်သိမ်းထားသည်တဲ့လား...
ဒါလည်း အချစ် တစ်မျိုးပဲပေါ့...
ထူးဆန်းတာက...
သနားစရာရော... စို့နင့်စရာ တစ်ခုမှမပါတဲ့ ဇာတ်လမ်းဖြစ်ပါလျက်...
ရုတ်တရက်ကြီး မွန်းကြပ်သွားတဲ့ ခံစားချက်
ဘာလို့များ...
ကြွေ့ရင်ထဲ မွန်းကြပ်သွားလဲမပြောတက်...
တကယ်ဆို ဒါက ကြွေ နဲ့မှမဆိုင်ပဲ...
ဒါ Daddy personal သက်သက်...
ကြွေ ... နည်းနည်းလေးမှ စိတ်မဝင်စားခဲ့တဲ့ Daddy ရဲ့ personal...
ဒီလောက်ပါပဲ...
~~~~~~~~~~~~~~~~~~
at Junction City...
" coffee ဝယ်တိုက်မယ်ပြောပြီး ဘာလို့ ဒီနေရာ ခေါ်လာရတာလဲ?"
လူရှုပ်တာ မကြိုက်တာတော့မဟုတ်ပေမယ့်
ဒီနေ့မှ
ဒီနေရာကို ထူးထူးဆန်းဆန်းခေါ်လာတဲ့ ကိုးမာန်ကို ကြွေ မေးခွန်းထုတ်လိုက်မိသည်။
" coffee တင်မဟုတ်ပဲ အရသာရှိတာ တစ်ခုခု စားကြမယ်လေ... ကိုယ်ဝယ်ကျွေးပါ့မယ်..."
ကြွေ လျှောက်လက်စ ခြေလှမ်းတွေရပ်လိုက်ပြီး...
" စားစရာဝယ်မစားနိုင်လို့ coffee ချည်း သောက်နေတယ် ထင်တာလား ကိုးမာန်..."
မျက်နှာထား တင်းတင်းလေးနဲ့ ပြောနေဟန်က
သွန်းမာန်ကို စိတ်မညစ်စေပဲ ရယ်မောအောင် စွမ်းဆောင်ပေးပြန်တာ...
" ဟားဟား မထင်ရပါဘူးကွာ... American system ပဲလုပ်ပါ့မယ် သွားရအောင် ... အပေါ်မှာ food court ရှိတယ် ပြောတယ်..."
" သိပါတယ် ... တောကတက်လာတာမဟုတ်ဘူး... ဆရာလာမလုပ်နဲ့"
ရှေ့ကနေ ခပ်တည်တည် တက်သွားတဲ့ ကြိုးလေးကိုကြည့်ပြီး သွန်းမာန် သဘောကျစွာ ပြုံးလိုက်မိသည်။
ဒီကောင်လေး စတွေ့ခါစကထက် အများကြီး တိုးတက်လာပြီပဲ...
သေချာလေး ဂရုတစိုက် ပြုပြင်ပေးရင် တဖြည်းဖြည်း လူ့တွေနဲ့နေတက်လာတော့မှာ...
ကိုယ့်အတွေးနဲ့ ကိုယ် သွန်းမာန်ပြုံးလိုက်မိသည်။.
.
.
.
.
.
.
ထိုစဉ် ခပ်လှမ်းလှမ်းကနေ သွန်းမာန် နဲ့ ကြွေ့ကို ကြည့်နေသော မျက်ဝန်း တစ်စုံကိုတော့ ဘယ်သူမှ သတိမထားမိလိုက်...
.
.
.
.
.
food court ရှိရာ ရောက်ခါနီး...
ရုတ်တရက် ဖျတ်ခနဲ မြင်လိုက်ရတဲ့ ပုံရိပ်တစ်ခု...
ချက်ချင်းဆိုသလို သွန်းမာန် ခြေလှမ်းတွေရပ်တန့် သွားရသည်။
သူ............ သူများလား???
" ဘာရပ်လုပ်နေတာလဲ??"
ကြိုးလေး အသံကြားနေရပေမယ့် ဘာပြောလိုက်မှန်းတောင် မသဲကွဲ...
အဲ့လောက်ထိ သွန်းမာန် အာရုံကို ဖမ်းစားနိုင်ခဲ့သူက ...
ထိုသူ......
" ကိုးမာန်... ဘာဖြစ်နေတာလဲ??"
" ကြိုး--- ကြိုးလေး အရင်သွားနှင့်...... ကိုယ် ခဏနေ လိုက်လာခဲ့မယ်!"
ပြောပြီးတာနဲ့ တရှိန်ထိုးပြေးထွက်သွားလိုက်တာ...
ကြွေ ဘာမှပြောချိန်တောင်မရလိုက်...
ဘာတွေ့လိုက်လို့ ဒီလောက်တောင် အသည်းသန် ပြေးသွားရတာလဲ...
မတက်နိုင်...
သွားနှင့်ဆိုတော့လည်း သွားရုံပေါ့...
foodcourt ရောက်တော့ စားချင်တာတွေမှာပြီး နေရာကြည့်လိုက်တော့...
အလင်းရောင် ကောင်းကောင်းရတဲ့ မှန်တံခါးနဲ့ ကပ်လျက် စားပွဲ လွတ်နေတာကြောင့် ...
ကြွေ ထိုနေရာမှာပဲ ဝင်ထိုင်လိုက်သည်။
စားစရာတွေက ရောက်မလာသေးတာကြောင့်...
ကြွေ အပြင်ဘက်ကိုငေးနေလိုက်သည်။
အပြင်ဘက်မှာ မိုးတွေ တဖွဲဖွဲရွာနေလိုက်တာ မှန်တံခါးမှာရေငွေ့တွေအပြည့်...
ရာသီဥတုလေးနဲ့ လိုက်ဖက်စွာ ကြွေ သဘောကျနှစ်သက်သည့် Jay Chou သီချင်းကို earphone လေးနဲ့ နားထောင်နေလိုက်သည်။
ကိုးမာန် မရှိတာကလွဲရင် အရာအားလုံး အေးချမ်းနေတာ...
ကြွေလိုချင်တဲ့ အေးချမ်းမှုမျိုး
စားစရာ ရပြီဆိုတဲ့ အချက်ပေးသံကြောင့်
ကြွေ နားကြပ်လေးဖြုတ်ပြီး ထလာခဲ့လိုက်သည်။
ထိုအချိန်ထိလည်း ကိုးမာန် ရောက်မလာသေး...
ထိုင်လိုက် ထလိုက် အလုပ်ရှုပ်ရတာကလွဲရင် ကျန်တာ အားလုံးအဆင်ပြေသည့် food court လေးပင်။
ကြွေ အစားသောက်ထည့်ထားသည့်ဗန်းလေးယူပြီး ပြန်လာချိန်မှာတော့ ...
မျက်ခုံးတွေ တွန့်ချိုးပြီး ခြေလှမ်းတွေ ရပ်တန့်သွားစေသည့် တရားခံက ...
စားပွဲမှာ အသင့်ဝင်ထိုင်နေတဲ့ Roy...
ဒီကောင် ဒါ ဘာအချိုးလဲ?
ကြွေ မကျေမလည်နှင့်ပင် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။
" ကြွေကြိုး ... ငါ ဘာလို့ရောက်လာလဲ မသိချင်ဘူးလား??"
ကြွေ ဘာတုံ့ပြန်မှု မှမလုပ်ပဲ ဟင်းချိုခွက်ကို အရသာခံသောက်နေလိုက်သည်။
" ငါ တရားဝင် စိန်လာခေါ်တာ...
ငါ ကိုသွန်းကို မင်းလက်ထဲက ရအောင် ယူပြမယ်"
ကြွေ အရသာခံမပျက်ပဲ...
" ယူကြည့်ပေါ့... ယူတာက မင်းရဲ့အလုပ် ... ရတာမရတာက င့ါဆုံးဖြတ်ချက်..."
" အဲ့လို ယုံကြည်ချက် ပြင်းထန်တဲ့ မင်းကြောင့် ငါ ဒီပွဲကို ပို စိတ်ဝင်စားမိတယ်... ကြွေကြိုး...
" ပြောစရာရှိတာ ပြောပြီး ပြန်လိုက်တော့ ... မင်းအာရုံ လာနောက်နေတော့ စားရတာ အရသာခံမရဖြစ်နေတယ်"
Roy လှလှ ပပ တစ်ချက်ပြုံးလိုက်ပြီး...
" အေးပေါ့လေ ... မင်းက ကိုသွန်းကို လောဘတက်လောက်ပါတယ်... မင်းမှာက မိသားစုရော မိဘရော ပိုင်ဆိုင်တာ ဘာမှ မှ မရှိပဲ..."
ကြွေ ဇွန်းကိုင်ထားတဲ့လက်တစ်ချက်တင်းခနဲ ဖြစ်သွားရသည်။
" မင်းရဲ့လက်နက်က ဘာလဲ ငါမသိပေမယ့် ငါရဲ့လက်နက်က ပတ်ဝန်းကျင်ပဲ... ငါက ပတ်ဝန်းကျင်ရဲ့ အာရုံစိုက်မှုကနေ ကို သွန်းကို ရအောင်ယူပြမယ်... "
အဟင်း...
ကြွေ တစ်ချက် ရယ်လိုက်မိသည်။
အားကိုးရတဲ့ လက်နက်က ပတ်ဝန်းကျင်ဆိုပါလား...
လက်နက်ကောင်းပဲ...
ကြွေ ရေခွက်ထဲ ရေအပြည့်ဖြည့်လိုက်ကာ
ကျကျနန ကိုင်ပြီး မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ Roy ကို ပက်လိုက်သည်။
" ဟာ!!"
ရုတ်တရက်မို့ Roy လည်း လန့်ဖျတ်သွားပုံရပြီး
အနီးနားက စားပွဲဝိုင်းတွေကပါ လှည့်ကြည့်လာကြလေသည်။
" မင်း ဒါ ဘာလုပ်တာလဲ??"
" မင်းရဲ့လက်နက် အစွမ်းကို ပြတာလေ...
မင်းတွေ့လား... ပတ်ဝန်းကျင်ကလူတွေ ငါတို့ကို စိတ်ဝင်စားနေတာ..."
Roy ကနားလည်ပုံမရသေး...
" သူတို့က မင်းကိုယ်ပေါ်ကျသွားတဲ့ ဒီခွက်ထဲက ရေကြောင့် စိတ်ဝင်စားသွားတာ...
ပတ်ဝန်းကျင်ဆိုတာ အဲ့ဒါပဲ... မင်းနဲ့ငါ ဘာအကြောင်းပဲပြောခဲ့ပြောခဲ့ သူတို့ စိတ်မဝင်စားဘူး... ငါတို့ဘာဆက်ဖြစ်မလဲကို ပိုသိချင်တာ... ဒါပေမယ့် သူတို့မှာ ဘာလုပ်ပိုင်ခွင့်မှမရှိဘူး... အဲ့အတွက် ဝေဖန်အားပေးရုံပဲ တက်နိုင်တာလေ...
ပတ်ဝန်းကျင်ဆိုတာ ဘာလုပ်ပိုင်ခွင့်မှမရှိတဲ့ ဝေဖန်ရေးသက်သက်ပဲ..."
Roy ဒေါသ ထွက်သွားပုံရပေမယ့် ခပ်မြန်မြန်လေး အပြုံးတစ်ခုဖန်ဆင်းလိုက်ပြီး...
" မင်းနဲ့ငါ မကြာခင် ထိပ်တိုက်တွေ့မှာပါ ကြွေကြိုး... ဒါနဲ့ မင်းလူကြီး ပြန်လာမယ်မထင်ဘူး... တော်တော်လေး ရေးကြီးသုတ်ပြာထွက်သွားတာ...
ငါ့အထင်တော့ မင်းကိုမေ့သွားလောက်တဲ့ အထိ အရေးကြီးပုံပဲ... bye bye"
Roy ထွက်သွားချိန်ထိ ကြွေ အပြုံးမပျက်ပေမယ့်...
ပူလောင်သွားသော ခံစားချက်...
ကိုးမာန်သွားတာ ခဏလေးမဟုတ်တော့
ခဏလေးဆိုတဲ့ သတ်မှတ်ချက်လွန်သွားတာ ကြာပြီပဲ...
တကယ်ပဲ ကျွန်တော်စောင့်နေမှာကို ခင်ဗျားမေ့သွားတာများလား...
မဟုတ်လောက်ပါဘူး...
ခင်ဗျားကို ယုံတယ် ကိုးမာန်
.
.
.
.
.
.
2 hours later,
ပြိုလုခါနီးဆဲဆဲ စိတ်အခြေနေကို တင်းလျက်
နားကြပ် ပြန်ကောက်တပ်ရင်း သီချင်းသံကို အဆုံးထိ ကျယ်လောင်ထားလိုက်သည်။
အကြည့်တွေကို မှန်ပြတင်းအပြင်က သည်းထန်စွာ ကျဆင်းနေတဲ့ မိုးစက်တွေဆီ ပို့ထားရင်း အံကြိတ်ထားလိုက်မိသည်။
" ခင်ဗျား ပြန်လာမှဖြစ်မယ် ကိုးမာန်......
ခင်ဗျား ဘာပြောပြော
အကုန် ယုံပေးမှာမို့... ဆင်ခြေအပြည့်နဲ့ ပြန်လာခဲ့လိုက်စမ်းပါ......"
~~~~~~~~~~~~~~~~~~~~~~
tbc.
thanks for lovely my creations
i'll try more than more to best...
N.S.P
16.7.2018
10:47 P.M
notice**
feedback လေးတွေကြောင့် အားတက်ရပါတယ်ဗျာ...
အားလုံးကို ကျေးဇူးတင်ပါတယ်
ပိုကြိုးစားပါ့မယ်
ဆက်ချစ်ခင်ပေးကြပါဗျ
်