ဆိုင်နောက်ကျမှ ပိတ်ဖြစ်တာမို့ လူအကုန်
ပြန်သွားပေမယ့် စာရင်းကိုလည်း အပြီးသတ်လုပ်ချင်တာကြောင့် တစ်ယောက်တည်း ဆိုင်မှာ နေရစ်ခဲ့လိုက်တယ်။
" သြော် .. မင်း စောစောပြန်မလာဖြစ်ရင် ငါတို့အိပ်နှင့်မယ်နော်။ အိမ်သော့ပါသွားတယ် မလား ? "
" အင်း Goodnight Rome "
" PaPa ! Cas လည်းရှိသေးတယ် .. Cas ကိုလည်း ပြော "
အိမ်ပြန်နောက်ကျမယ့်အကြောင်း Rome ကို ဖုန်းဆက်ပြောနေရင်းကနေ ဖုန်းလုပြောနေတဲ့ Cas ကြောင့် ပါးစပ်က လွှတ်ကနဲ
" Cas လည်း Goodnight "
ပြောထွက်ပြီးမှ ကိုယ့်နှုတ်ခမ်းတွေကို လက်နဲ့ အမြန် ပြန်ပိတ်မိတဲ့အဖြစ် ~
တခိခိရယ်နေတဲ့ Cas အသံရဲ့နောက်မှ Rome နဲ့ လက်ဝါးချင်းရိုက်နေတဲ့အသံပါ ကြားရတာမို့ ကိုယ့်စကားကို Cas သဘောကျနေမှန်း အသိအသာ။
ရုံးခန်းထဲ ဝင်မထိုင်တော့ဘဲ အပြင်ထွက်ထိုင်ကာ စာရင်းလုပ်နေမိတာ နာရီကြည့်မိမှ
ည ၁၁ နာရီ ခွဲ ..။
ဒီလောက်နောက်ကျနေမှတော့ အိမ်မပြန်ဘဲ ဒီမှာပဲ အိပ်လိုက်ရင် ကောင်းမလား ?
နာရီဆီက တချက်ချက်အသံက ဒီ ဆိုင်ခန်း
အကျယ်ကြီးထဲမှာ တအားကျယ်နေသလို ဖြစ်နေတာနဲ့ အရင်တည်းက ခြောက်ခြားတတ်တဲ့ စိတ်ကြောင့် ဆိုင်ရှေ့ခန်းကနေ ရုံးခန်းထဲကို ပြေးဝင်လာလိုက်တယ် ။
ရေချိုးသန့်စင်ပြီးတာနဲ့ ဆိုင်မှာ အရံသင့်ထားထားတဲ့ အဝတ်အစားတွေကို ဝတ်ပြီး ရုံးခန်းထဲက ဆိုဖာပေါ်မှာ ဝင်ကွေးနေရာကနေ
တခဏကြာတော့ ...
ဆိုင်ရှေ့က တံခါးဆီကနေ တကျွီကျွီနဲ့ ... တွန်းဖွင့်နေတဲ့သံလား ? သူခိုးဝင်တာ များလား ? သော့ကို အသေချာခတ်ထားခဲ့တာမို့ အထဲဝင်လာနိုင်စရာ အကြောင်းမရှိပေမယ့် သေချာအောင် အရှေ့ထွက်ကြည့်မှပဲ။
အရှေ့တစ်ခန်းလုံးလည်း ကိုယ် ထွက်ာတဲ့အျိန်မှာ နာရီသံက လွဲလို့ ဘာသံမှမကြားရ ! အပြင်က တံခါးရှေ့မှာတော့ လှုပ်ရှားနေတဲ့အသံကြားရတာမို့ Arthit က ချောင်းကြည့်ပေါက်ကနေ ချောင်းလိုက်တယ်။
..... ကျောပြင်တစ်ခု......
ကြည့်နေရင်းကနေ အဲ့ဒီ့ ကျောပေးထားတဲ့ သူကလည်း တံခါးဝရှေ့က ခြေရင်းမှာ ထိုင်ချလိုက်တယ် ။ ဒီကျောပြင်ကို ကောင်းကောင်း မှတ်မိနေတာမို့ တံခါးဆွဲဖွင့်လိုက်ရင်း
" Kongpop ? "
" P'Arthit !! "
နောက်ပြန်လန်ကျလာတဲ့ Kongpop ရဲ့ ကိုယ်လုံးကို ဒူးနဲ့ပြန်ထိန်းလိုက်ရင်း ဘေးနား ထိုင်ချလိုက်တော့မှ Kongpop က မျက်လုံး အပြူးသားနဲ့
" P' မပြန်သေးဘူးလား ? ကျွန်တော် P' မရှိဘူးပဲ ထင်နေတာ "
" ငါမရှိဘူးဆိုတာ သိရဲ့သားနဲ့ ပိတ်ထားတဲ့
တံခါးကို ဘာလို့ အတင်းတိုးဝင်နေတာလဲ ? "
Kongpop က ဘာမှပြောစရာမရှိတော့တဲ့မျက်နှာ လုပ်ပြနေတာမို့ Arthit က ခါးပေါ်လက်ထောက်ရင်း စိုက်ကြည့်လိုက်တော့မှ
" ကျွန်တော် အိမ်ပြန်လိုက်ပို့ပေးရမလား ? "
ဝေ့လည်ကြောင်ပတ်မေးခွန်း ဆုံးသွားတော့ Arthit က ဆိုင်ရှေ့မှာ ပိတ်ရပ်ထားတဲ့ Kongpop ရဲ့အမဲရောင် ဆိုင်ကယ်ကြီးကိုလက်ညိုးထိုးရင်း
" မင်း မူးလာတဲ့ပုံစံနဲ့ ဒီဆိုင်ကယ်ကို ငါက
ယုံယုံကြည်ကြည်လိုက်စီးရအောင် အရမ်းသေချင်နေတဲ့ပုံစံ ပေါက်နေလို့လား ? "
" ကျွန်တော် သောက်လည်း ဘယ်လောက်သောက်နိုင်မှာမို့လို့လဲ ? P' သိရဲ့သားနဲ့ "
ဟင့်အင်း ..
အရင်က Kongpop နဲ့ ပတ်သက်ပြီး ဘာမှပြန်မမှတ်မိချင်။ အပေါင်းအသင်းတွေထက် စာရင် လျှော့သောက်တတ်တဲ့ Kongpop ရဲ့အကျင့်ကို မေ့ထားလိုက်ချင်သလို ရှေ့က
ဆိုင်ကယ်ကြီးကိုမြင်တိုင်း တဝူးဝူးတဝေါဝေါနဲ့ ရမ်းကားနေတတ်တဲ့အုပ်စုကိုလည်း ပြန်မမြင်ယောင်ချင်ပါ။
" သန့်စင်ခန်း သုံးလို့ရမလား ? "
ဘာတွေကြံနေတာလဲဆိုတဲ့အကြည့်နဲ့ မယုံသင်္ကာ ကြည့်လိုက်တဲ့ Arthit ကို Kongpop က နားလည်တဲ့ပုံစံနဲ့
" ဒီဆိုင်ရှေ့မှာမှ မပေါက်တတ်တာ :/ "
" မင်းကို ဘယ်သူက ပေါက်ခိုင်းလို့လဲ ဒီမှာ ! အိမ်ပြန်တော့ !"
" P' .... ကျွန်တော် တကယ် အိမ်သာသွားမှ ရတော့မယ် "
ဘယ်လောက်ပဲ လက်တခါခါ လုပ်ပြပြ ပုတ်ချကာ ဆိုင်တွင်းထဲကိုပြေးဝင်သွားတဲ့ Kongpop ကို အမြန်လိုက်ဆွဲတာတောင် မမှီလိုက်..။
ထွက်သွားရင် တံခါးပိတ်ဖို့ ထိုင်ခုံတစ်ခုမှာ
ထိုင်စောင့်နေလိုက်ရာကနေ ခဏအကြာ ခေါင်းကို လက်နဲ့ဖိကာ ပြန်ထွက်လာတဲ့ Kongpop က
" ကျွန်တော် ခေါင်း ပိုမူးလာသလိုပဲ :( P' ? Iced Lemon tea တစ်ခွက်လောက် ဖျော်တိုက်လို့ရမလား ?"
ဒီစကားလည်း ကြားရော Arthit က စိတ်မရှည်တော့တဲ့ အသံနဲ့ ရွဲ့ရယ်ကာ Kongpop မျက်နှာကို လက်ညိုးထိုးပြီး
" တောင်းဆိုတာတွေ အရမ်းများနေပြီလို့ မထင်ဘူးလား? အမှန်ဆို Cas ကြောင့် မင်းကို ငါ ဒီလောက်ထိ လိုက်လျောပေးနေတာ မင်းလည်း သိတာပဲ။ ခုလို Cas မရှိတဲ့အချိန် မင်း ငါ့နားမှာရှိနေတာနဲ့တင် တော်တော် လွန်နေပြီ "
" ဒါလေးပဲ ... ကျွန်တော် Lemon Tea လေးပဲတောင်းဆိုတာပါ "
" *#@!* "
ရှေ့ကခုံမှာ ဝင်ထိုင်လာရင်း ပြောတဲ့ Kongpop ကြောင့် မျက်နှာချင်း မဆိုင်ချင်တာနဲ့ ကောက်ခါငင်ခါ ဘားရှိတဲ့ဘက်ကို Arthit က ထလျှောက်လာလိုက်တယ် ။
မြန်မြန်ဖျော်ပေး .. မြန်မြန်သောက် .. မြန်မြန်သွား အေးတာပဲ :/
Arthit က ဘားကောင်တာမှာ အလုပ်ရှုပ်နေသလောက် Kongpop ကတော့ ထိုင်ခုံမှာ ခြေချိတ်ထိုင်ရင်း ငေးကြည့်နေတယ်။ လှမ်းမကြည့်ပေမယ့်လည်း မျက်လုံးထောင့်ကနေ မြင်နေရတော့ ခုလိုပုံစံက အရင် Kongpop နဲ့ Arthit ကို ပြန်မြင်နေရသလိုပဲ။
ခြောက်ခြားလာတဲ့စိတ်နဲ့ အတူ Arthit ရဲ့ လက်တွေက တုန်လာတယ်။
အရင်က ~
" ငါ ဘာမှမသိလိုက်ဘူး ... ငါ ညက အရမ်း မူးနေတဲ့အချိန် သူ့ဘာသာ အခန်းထဲဝင်လာတာ ကျန်တာ ငါ ဘာမှသိတာ မဟုတ်ဘူး "
" ... မင်း .. Kongpop !! မင်း ငါ့ကို ပုလင်းတွေ လာပို့ပေးပါဆိုလို့လေ! "
" Wad -- ကျစ်! ငါ သူနဲ့ အိပ်ဖြစ်သွားတာအမှားနော် ... မင်းဆိုင်က အလုပ်သမားကိုက ငါ့ကို အစောကြီးတည်းက ကြံနေတာနေမှာ "
တစ်ဆိုင်လုံးက လူတွေရဲ့အကြည့်ဟာ စားပွဲက ဖန်ခွက်ကျကွဲသံနဲ့အတူ Kongpop တို့ရှိရာဝိုင်းကို ရောက်လာတယ်။
Kongpop ရဲ့ သူငယ်ချင်းတွေရှေ့မှာ မတ်တပ်ရပ်ကာ တရားခံစစ် စစ်မေးခံနေရတဲ့
ကိုယ့်ကိုမှ အားမနာ။ Kongpop က လက်ညိုးထိုးပြီး ပြောလေလေ ကိုယ့်ကိုကြည့်နေတဲ့ လူတွေအကြည့်က ရွံရှာလာတဲ့ဘက်ပြောင်းလာလေလေပဲ။
" မဟုတ်ဘူး N'Wad ! P' သူ့အခန်းကို သွားတာ ဟုတ်တယ်။ ဒါပေမယ့် တခါမှ အဲ့လို စိတ်မရှိဘူး ... ပြီးတော့ P' က Gay မှ မဟုတ်တာ "
Kongpop ရဲ့သူငယ်ချင်းတွေကသာ သူ့ကိုသနားသလို အားနာသလို ကြည့်ကြပေမယ့် ဘာတစ်ခွန်းမှတော့ ဝင်မပြောကြ ။
" သြော် ... Gay မဟုတ်လို့ပဲ ကျွန်တော့်အိပ်ယာထဲကို P' ရောက်လာတာပေါ့ ဟုတ်လား ? ဘယ်လိုလဲ ... ခု ကျွန်တော်နဲ့ အိပ်လိုက်ရလို့ Gay ဖြစ်ရတဲ့ ခံစားချက် ? ကောင်းတယ်မလား ? "
Kongpop ရဲ့စကားနဲ့ ဆိုင်ထဲက လူတွေရဲ့ရယ်သံနဲ့အတူ Arthit က Kongpop မျက်နှာတည့်တည့်ကို ထိုးချလိုက်တော့ ရယ်သံတွေကနေ အော်သံတွေအဖြစ် ပြောင်းကုန်ကြတယ်။
Kongpop ကတော့ ကွဲသွားတဲ့ နှုတ်ခမ်းကို ဖိရင်း ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ Arthit ကို လှမ်းကြည့်ကာ
" ကောင်းလားလို့မေးမိတာ မှားလား ? ကျွန်တော်နဲ့ နေဖူးတဲ့သူတိုင်း အကုန်သိနေတာပဲဟာ .... ဆတ်ဆတ်ထိမခံဖြစ်မနေပါနဲ့ "
" ..... "
" P'Arthit ကိုယ်တိုင် ကျွန်တော့်ဆီကို ရောက်လာတာ..... P'Arthit ကိုယ်တိုင်
စိတ်ပါလို့ ကျွန်တော်နဲ့အိပ်... . "
ဆိုးဆိုးရွားရွားတွေ ထပ်ထွက်မလာခင် ပါးစပ်ပိတ်သွားဖို့ Arthit က Kongpop ကို
နောက်တစ်ချက် ထပ်ထိုးလိုက်ရင်း
" ငါ မင်းနဲ့နေဖို့ ဘယ်တုန်းကမှ ဆန္ဒမရှိဘူး Kongpop ! ငါ မင်းတိုက်တဲ့ Pinkmilk ကိုသောက်ပြီး ... "
" P' တို့ညီအစ်ကိုနှစ်ယောက် ချို့တဲ့ကြတယ်ဆို ဘယ်သူမသိတာရှိလဲ ? သူဌေးသားဖြစ်တဲ့ ကျွန်တော့်ဆီက ပိုက်ဆံ နည်းနည်းပါးပါး ရလိုရငြားဆိုပြီး.... အင်း ဒါပေမယ့်လည်း ပေးလိုက်မှာပါ။ ပိုက်ဆံကို ' ကျွန်တော်နဲ့အိပ်ခဲ့တဲ့ လျော်ကြေး' လို့သာ သဘောထားလိုက် "
အခုချိန်မှာ ကိုယ့်ရှင်းပြချက်ကို ဘယ်သူမှ နားမထောင်နေဘူးဆိုတာ သိရက်နဲ့တောင် ရှင်းပြဖို့ Arthit ကြိုးစားခဲ့ပေမယ့် စကားဖြတ်ပြောလာတဲ့ Kongpop က ကြမ်းပြင်ပေါ်ကိုပါ ပိုက်ဆံ လှမ်းပစ်ချလိုက်တော့
" မင်းက .... ငါ့စေတနာနဲ့ မတန်တဲ့ကောင်ပဲ "
စကားအဆုံးမှာ ပုခုံးတွန့်ပြလာတဲ့ Kongpop ကို ကြည့်ရင်း Arthit က ဒေါသမျက်ရည် ကျလာမိတယ်။ ဘာမှ ဝင်မပြောတဲ့ Wad က အကုန်လုံးဘက်လှည့်ကာ
" ကဲ .. ဒီနေ့ ဒီမှာဖြစ်သွားတဲ့ကိစ္စ အပြင်ကို မရောက်စေနဲ့.. ပေါက်ကြားသွားရင် သတင်းစဖြန့်တဲ့လူက ကျွန်တော်တို့နဲ့ စာရင်းရှင်းရလိမ့်မယ် ..... "
အရမ်းရှင်းပြချင်မိတယ် ....
တယောက်ယောက်ကို ပြောပြမှရလိမ့်မယ် ...
ဒီကိစ္စက ကိုယ့်ပယောဂမပါသလို ဆန္ဒလည်း မပါဝင်ခဲ့ပါဘဲနဲ့ Kongpop ရဲ့အိပ်ယာထဲရောက်ခဲ့ရတာပါ ဆိုတဲ့အကြောင်း..။
ညက ပုလင်းသွားပို့ပေးရင်း အတူထိုင်သောက်ပေးပါဆိုလို့ Kongpop ကမ်းပေးလာတဲ့ Pinkmilk ကိုသာ သောက်မိရာကနေ အကုန် သိနေကြားနေပါရက်နဲ့ ခန္ဓာကိုယ်ဟာ လှုပ်ရှားမရ ဖြစ်ခဲ့ရတဲ့အကြောင်း..။
Kongpop အပေါ် ထားမိတဲ့ စေတနာနဲ့ မတန်အောင် Kongpop အနိုင်ကျင့်တာပဲ ပြန်ရလာတဲ့ ဒီဘဝကို ရွံရှာမိတဲ့ အကြောင်း ......
နောက်ဆုံး ဒီကိစ္စအကုန်လုံးကို ခေါင်းပေါ် ပုံချသွားတဲ့အပြင် ဘာလို့ ကိုယ် တစ်ယောက် တည်းသာ ကဲ့ရဲ့လှောင်ပြောင်တဲ့ အကြည့်တွေကို ခံနေရတာလဲဆိုတာ မေးလိုက်ချင်ရဲ့...။
စတိုခန်းနောက်က ကိုယ် ပိုင်သမျှ ပစ္စည်းတွေကို N'Wad မသိအောင် ထည့်ရင်း ကြိတ်ငိုနေခဲ့ရတဲ့ ဘဝ။
ထွက်သွားမှ ...
ဘယ်သူမှ မသိအောင် ထွက်သွားမှပဲ ရတော့မယ်။ Rome ကိုပါ ကိုယ်နဲ့ရောပြီး ကဲ့ရဲ့မခံနိုင်။
နားနေခန်းရဲ့ကော်ရေတာ တလျှောက်ပဲ့တင်ရိုက်လာတဲ့ လူသံတွေကြောင့် တံခါးနားကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ Arthit ကပ်သွားလိုက်တယ် ....
" Ai'Kong !! မင်း ဒီကိစ္စတွေကို အကုန်စီစဉ်ထားပြီး လုပ်လိုက်တာမလား ? ငါပြောပြီးသားနော်.. P'Arthit က မိန်းမတွေနဲ့အရှုပ်အရှင်းမရှိတာနဲ့ပဲ Gay လို့ သတ်မှတ်လို့မရပါဘူးလို့ "
" မင်းတို့နှစ်ယောက်ကို အခန်းထဲမှာ ငါတို့ပက်ပင်းတွေ့တည်းက မရှင်းဘဲ ဒီလိုလူများတဲ့ အရှေ့မှာမှ ဘာလို့ခေါ်ရှင်းရတာလဲ ? မင်း တမင် လုပ်တာမလား ? "
" Hahaha "
Wad နဲ့ Tew ဆီက စကားသံတွေနောက်မှာ အဲ့လူရဲ့ရယ်သံသဲ့သဲ့ ကပ်ပါလာတယ် ။
" ဘယ်လိုထင်လဲ ငါ စီစဉ်ထားသမျှကွက်တိဖြစ်လာတာ? နောက်ဆုံး မင်းတို့ကြည့်နေ။ အရှက်ကွဲတာနဲ့ မထူးတော့တဲ့အဆုံး သူ ငါ့လက်ထဲက အရုပ်ဖြစ်လာလိမ့်မယ် :) ငါ့ .... ရဲ့ ... အရုပ် "
" မင်းကိုတော့ တကယ်မနိုင်ဘူးကွာ "
Aim ဆီက စိတ်ပျက်လက်ပျက် ညည်းတဲ့
အသံအဆုံး နောက်ထွက်ပေါက်ကနေလွယ်အိတ်လွယ်ကာ Arthit ပြေးထွက်လာခဲ့တယ်။
ဟင့်အင်း .....
မနက်ဖြန်မနက်ဆို ကိုယ်တွေ ညီအစ်ကိုနှစ်ယောက်လုံး ဒီမြို့မှာ ရှိနေလို့မရတော့ဘူး။
×××××××××××××××××××××××××××××