(Zawgyi)
တိတ္ဆိတ္ေအးခ်မ္းတဲ့ ညေနခင္းတစ္ခုမွာ အဝါေရာင္ႏွင္းဆီခင္းႀကီးထဲ သူရိွေနခဲ့သည္။
ေလထဲမွာေမ်ာလြင့္ေနတဲ့ ႏွင္းဆီရနံ႔ေတြကို ႐ႈ႐ိႈက္ရင္း ေကာ္ဖီတစ္ခြက္အား အရသာခံကာေသာက္ေနရျခင္းသည္ အိပ္မက္တစ္ခုႏွင့္ပင္တူသည္။ညေနခင္းေနျခည္ရဲ႕ ေရႊဝါေရာင္အလင္းတန္းေတြေအာက္မွာေတာ့ သာယာလွတဲ့ ႏွင္းဆီဝါေတြႏွင့္အတူ သူရယ္ ၊ ေကာ္ဖီႏွစ္ခြက္ရယ္....ေနာက္ၿပီး အမ္ဒီပတ္ရယ္ အတူတူရိွေနသည္။
'ဂ်ံဳးဂု ေရ...ညေနအလုပ္ဆင္းရင္း ဒီေန႔စာရင္းေတြယူၿပီး အိမ္ကိုလာခဲ့ပါဦး '
ဒီေန႔ ကုမၸဏီကို အမ္ဒီမလာတာေၾကာင့္ သူ႔ရင္ထဲတစ္ခုခုလိုေနသလို ခံစားေနရခ်ိန္မွာပဲ အမ္ဒီ့ဆီမွဖုန္းကို လက္ခံရရိွခဲ့သည္။
ဒီေန႔ထိုင္းဘက္မွ ဆန္အိတ္ေတြေတာ္ေတာ္မ်ားမ်ား ဝင္ထားတာေၾကာင့္ ဒီေန႔စာရင္းေတြကနည္းနည္းေတာ့မ်ားသည္။တစ္ကယ္တမ္းက် အမ္ဒီ ေနာက္ေန႔မွစစ္လည္း အခ်ိန္မီပါေသးသည္။သို႔ေသာ္ ဒီေန႔စစ္ခ်င္သည္ဆိုေတာ့လည္း သူသြားလိုက္ရံုသာ။
'ကြၽန္ေတာ္ ေရခ်ိဳးၿပီးမွလာခဲ့မယ္ အမ္ဒီ '
'အဲ့တာဆို မင္းေနတဲ့အေဆာင္ဆီကို ကားလႊတ္လိုက္မယ္ေလ။'
'ရပါတယ္။ကြၽန္ေတာ့္ဘာသာလာခဲ့ပါ့မယ္ '
'မဟုတ္တာ။မင္းရဲ႕အခ်ိန္ေတြကို ကိုကအပိုယူထားတာပဲ။ဒီေလာက္ကေတာ့ လုပ္ေပးရမွာေပါ့ '
ဤသို႔ျဖင့္ သာယာတဲ့ညေနခင္းတစ္ခုမွာ သူႏွင့္အမ္ဒီပတ္ အတူရိွေနၾကျခင္းပင္။ျခံထဲသူေရာက္သြားေတာ့ ႏွင္းဆီခင္းနားမွာ စားပြဲဝိုင္းတစ္ခုႏွင့္ ထိုင္ေစာင့္ေနေသာ အမ္ဒီပတ္ကို တန္းေတြ႔လိုက္ရသည္။ႏွဖူးေပၚဝဲက်ေနေသာ လိေမၼာ္ေရာင္ဆံပင္ေတြႏွင့္အတူ အျပာစင္းေတြပါေသာ ပိုလို႐ွပ္ေလးကို ဝတ္ထားသည့္ အမ္ဒီပတ္သည္ ေက်ာင္းမွသူ႔သူငယ္ခ်င္းေကာင္ေလးလိုပင္ ျဖစ္ေနသည္။
'ဒီမွာ..အမ္ဒီ ယူခဲ့ခိုင္းတဲ့ ဖိုင္ေတြ..'
ဖိုင္ေတြကို အမ္ဒီ့ဘက္တိုးေပးလိုက္ေပမယ့္ အမ္ဒီကမၾကည့္။ေကာ္ဖီတစ္ခြက္ကိုသာ သူ႔ေ႐ွ႕သို႔ကမ္းေပးလာသည္။
'ဆံပင္ေတြေတာင္႐ွည္ေနၿပီပဲ...ဂ်ံဳးဂု '
'ဟုတ္...ကြၽန္ေတာ္ညႇပ္ဖို႔အခ်ိန္မေပးႏိုင္ေသးလို႔ '
သူ႔တစ္ကိုယ္လံုးမွာ ေယာက်္ားတန္မယ့္ ေပ်ာ့အိေနေသာ အနက္ေရာင္ဆံပင္ေတြကို သူအမုန္းဆံုးျဖစ္သည္။
'မညႇပ္ပါနဲ႔။ဒါ့ထက္နည္းနည္းေလးပို႐ွည္ရင္ ေနာက္မွာစုခ်ည္ထားလိုက္ေလ '
သူ႔မ်က္ႏွာကိုေသခ်ာၾကည့္ရင္း ခပ္ေအးေအးေျပာလာတဲ့ အမ္ဒီ့ေၾကာင့္ သူ႔ရင္ေတြေျဗာင္းဆန္ကုန္သည္။အမ္ဒီပတ္ ဟာေတာ္ေတာ္ကို ျပဳစားႏိုင္သည္ပဲ။
'ကြၽန္ေတာ္ျဖင့္ တစ္ခါမွေတာင္မေတြးဖူးဘူး '
'ေနာက္မွ မင္းကို႔ကိုေက်းဇူးတင္လိမ့္မယ္ '
အမ္ဒီ့ရဲ႕ ရယ္သံေတြက ညေနခင္းတစ္ခုကို ၿပီးျပည့္စံုေစသည္။
'အိမ္မွာ အမ္ဒီတစ္ေယာက္တည္း ေနတာလား '
'ဟင့္အင္း...ကိုရယ္ ကို႔ညီမေလးရယ္...ငယ္ငယ္ေလးကတည္းက အတူေနလာတဲ့ အေဒၚရယ္ သံုးေယာက္ေပါ့။ညီမေလးကေတာ့ အခုျသစေတးလ်မွာ bussiness ပိုင္းေလ့လာေနတယ္။အိမ္မွာလူနည္းေပမယ့္ ဂန္းနမ္ဘက္က အမ်ိဳးေတြက တစ္ပတ္တစ္ခါေလာက္ေတာ့ လာတတ္တယ္။အဲ့တာေၾကာင့္ တစ္ခါတစ္ေလဆို စိတ္႐ႈပ္တယ္။ကိုက ေအးေအးေဆးေဆးပဲေနခ်င္တာေလ '
သူ႔အေၾကာင္းေတြကို စိတ္လိုလက္ရေျပာျပေနေသာ အမ္ဒီ့ကို သူျမတ္ႏိုးစြာေငးၾကည့္ေနမိသည္။ဒီညေနခင္းမွာ အမ္ဒီ့အတြက္စကားေျပာေဖာ္ဟာ သူျဖစ္ေနျခင္းသည္ အေတာ့္ကိုေပ်ာ္ရႊင္စရာေကာင္းလွသည္။
'အံ့ျသစရာေတာ့ေကာင္းတယ္။ကို႔အေဖၿပီးရင္ ကိုစကားအမ်ားဆံုးေျပာျဖစ္တာ မင္းတစ္ေယာက္ပဲရိွမယ္ '
ထိုစကားတစ္ခြန္းက သူ႔ရင္ကိုဘယ္ေလာက္အထိလႈပ္ခါႏိုင္ေစသလဲဆိုတာ သူသာသိသည္။ၾကည္ႏူးျခင္းေၾကာင့္ ျဖစ္ေပၚလာတဲ့ ပီတိအဟုန္ဟာ သူ႔ရင္ကိုေအးခ်မ္းေစသည္။
ေနေရာင္ေအာက္မွာ ႏွင္းဆီခင္းႀကီးႏွင့္အၿပိဳင္ေတာက္ပေနေသာ အမ္ဒီ့ကို သူ႔မ်က္လံုးထဲ ၾကည့္မဝႏိုင္ျဖစ္ေနသည္။ေခ်ာရက္ႏိုင္လြန္းတဲ့ ကြၽန္ေတာ့္ရဲ႕ အမ္ဒီ...
'အမ္ဒီ....'
'အင္း...'
'အမ္ဒီ့ကို...ကြၽန္ေတာ္........ Hyung လို႔ေခၚခ်င္တယ္ '
အံ့ျသမႈေၾကာင့္ တဖ်ပ္ဖ်ပ္လက္ေနတဲ့ မ်က္ဝန္းေလးေတြသည္ သူ႔ႏွလံုးသားထဲမွာ ေရလိႈင္းေလးတစ္ခုလိုျဖတ္ေျပးသြားသည္။
ကြၽန္ေတာ္....ခ်စ္လိုက္တာဗ်ာ.....
PLOT~~~~
~~~~
~~~~TWIST
'မရဘူးေနာ္ ဂ်ံဳးဂု...BBQ မွ BBQ ပဲ '
'ဟုတ္တယ္...ဟုတ္တယ္...ေခါက္ဆြဲေအးက ဘာလုပ္ရမွာလဲ။BBQ ပဲ '
သူ အလုပ္သင္ကာလၿပီးဆံုးသြားၿပီး အတည္ခန္႔ဝန္ထမ္းအျဖစ္သို႔ အဆင့္တက္သြားေသာေၾကာင့္ စီနီယာေတြက ညစာလိုက္ေကြၽးခိုင္းေနၾကျခင္းျဖစ္သည္။အမ္ဒီ့ေမြးေန႔တုန္းက ရထားေသာ သိန္းငါးဆယ္ေၾကာင့္လည္း သူဒကာခံဖို႔ဆံုးျဖတ္လိုက္သည္။
'ဆူလို႔ညံလို႔ပါလား....ဘာေပ်ာ္စရာေတြ ရိွလို႔လဲ '
႐ုတ္တရက္ထြက္ေပၚလာေသာ အသံႏွင့္အတူ သူတို႔အုပ္စုေ႐ွ႕ေရာက္လာေသာ အမ္ဒီ့ေၾကာင့္ သူ Hyung ဟုပင္ေခၚမိေတာ့မလို ျဖစ္သြားရသည္။
မင္းေခၚခ်င္ရင္ အလုပ္ခ်ိန္ျပင္ပနဲ႔ ကုမၸဏီကလူေတြမရိွတဲ့အခ်ိန္ ေခၚလို႔ရတယ္ ဟုခြင့္ျပဳထားေသာ Hyung ရဲ႕စကားကို သူလိုက္နာရေပမည္။
'သူတို႔ေတြ ဒီေန႔ညေန ကြၽန္ေတာ့္ကို ဝိုင္းခြာၾကေတာ့မလိုေလ '
'အိုး...ဟုတ္လား..အဲ့တာျဖင့္ ကိုလည္းအဲ့အုပ္စုထဲမွာ ပါမယ္ေလ'
တက္ႂကြစြာေျပာလာေသာ Hyung ေၾကာင့္ အားလံုးရဲ႕မ်က္ႏွာမွာ အံ့ျသရိပ္ေတြ လႊမ္းျခံဳသြားၾကသည္။
'Welcome....'
လက္ႏွစ္ဖက္ကို ဆန္႔တန္းရင္း သူခပ္ရႊင္ရႊင္ေျပာလိုက္ေတာ့ Hyung ကႏွစ္လိုအားရပင္ျပံဳးသည္။ေျပာင္းလဲစြာေႏြးေထြးလာေသာ Hyung ရဲ႕အမူအက်င့္ေတြကို ဝန္ထမ္းေတြအားလံုးက ဝမ္းသာအားရပင္ ႀကိဳဆိုၾကသည္။
ညေနေရာက္ေသာ အနည္းငယ္နာမည္ရေသာ BBQ ဆိုင္တစ္ဆိုင္တြင္ သူတို႔တစ္ဖြဲ႔လံုးဆူညံေနၾကၿပီျဖစ္သည္။တစ္ခြက္တစ္ဖလားဟုဆိုကာ ေသာက္ေနၾကေသာ အစ္မမီေယာင္းတို႔ပင္ ေတာ္ေတာ္ေလးေထြေနၾကၿပီျဖစ္သည္။
'Hyung အျပန္က်ရင္ ကြၽန္ေတာ္လိုက္ခဲ့မယ္ေနာ္ '
'အင္း...'
အသားကင္ပန္းကန္ကို ကမ္းေပးရင္း သူ Hyung နားနားကပ္၍ တိုးတိုးေလးေျပာလိုက္သည္။ျပံဳးေနေသာ Hyung ရဲ႕မ်က္ႏွာေလးက ဆိုဂ်ဴလည္းမေသာက္ပါပဲ ခပ္ရဲရဲဖစ္ေနသည္မွာ အသည္းယားဖို႔ေကာင္းလြန္းသည္။
အျပန္က်ေတာ့လည္း တစ္ကယ္ပင္ သူ Hyung နဲ႔အတူလိုက္ခြင့္ရခဲ့သည္။ထံုးစံအတိုင္းပင္ Hyung ကသူ႔ကိုကားေပးေမာင္းခဲ့သည္။မတူတာကေတာ့ Hyung ကခါတိုင္းလို ေနာက္ခန္းမွာမထိုင္ပဲ သူနဲ႔အတူ ေ႐ွ႕ခန္းမွာ လာထိုင္ျခင္းပင္။
'ကိုယ့္ဝန္ထမ္းေကြၽးတဲ့ညစာကို ျပန္စားဖူးတာ ဒါပထမဆံုးပဲ '
'ဒါဆို ကြၽန္ေတာ္ ကံေကာင္းတာေပါ့ '
ညနက္နက္ရဲ႕ လမ္းေပၚက ကားေလးထဲမွာသူတို႔ရဲ႕ရယ္သံေတြ ေဝေနခဲ့ေသးသည္။
'အာ....ဒါနဲ႔...Hyung..ကြၽန္ေတာ္တစ္ခုေလာက္ေမးခ်င္တယ္ '
'...ေမးေလ '
ေမးေတာ့မယ္ဆိုကာမွ ေမးဖို႔သင့္ပါမလားဟု သူျပန္စဥ္းစားမိကာ ခဏေတြေဝေနမိသည္။
'ဘာေမးမလို႔လဲ '
သူ႔ဘက္ကုိငဲ့ေစာင္းၾကည့္ကာ ေျပာလာေသာ Hyung ေၾကာင့္ သူေမးဖို႔ဆံုးျဖတ္လိုက္သည္။
'ကြၽန္ေတာ့္မေရာက္ခင္တုန္းက ကြၽန္႔ေတာ့္ေနရာက ဝန္ထမ္းအစ္ကိုႀကီးကို Hyung ကိုယ္တိုင္အလုပ္ထုတ္ပစ္လိုက္တာဆို '
'.....ဟုတ္တယ္ေလ။ဘာျဖစ္လို႔လဲ '
'ဘာလို႔ထုတ္ပစ္လိုက္တာလဲဟင္။သူဘယ္လိုအမွားမ်ိဳးလုပ္မိလို႔လဲ '
သူ႔သိခ်င္စိတ္ကို မထိန္းႏိုင္စြာေမးမိၿပီးမွ တြန္႔ကုတ္သြားေသာ Hyung ရဲ႕မ်က္ခံုးေတြေၾကာင့္ သူေနာင္တရခ်င္သြားသည္။
'မင္းက ဘာျဖစ္လို႔သိခ်င္ရတာလဲ '
'ဟို....ဒီလိုပဲ...သိခ်င္စိတ္ေပၚလာလို႔ '
Hyung ကအေ႐ွ႕ကိုျပန္လွည့္သြားၿပီး အတန္ၾကာတိတ္ဆိတ္သြားသည္။အနည္းငယ္ေအးစက္သြားေသာ အေျခအေနၾကားမွာ သူအသက္ပင္ရဲရဲမ႐ႈႏိုင္ေအာင္ ျဖစ္သြားရသည္။သူေမးမိတာမ်ား မွားသြားၿပီလား။
'ေကာင္းၿပီေလ...မင္းသိပ္သိခ်င္ေနရင္လည္း ေျပာျပရတာေပါ့ '
အတန္ၾကာမွ Hyung ကစကားဆက္သည္။သို႔ေသာ္ Hyung ရဲ႕အသံေတြၾကားမွာ စိတ္မသက္မသာျဖစ္မႈေတြကို သူခံစားမိလိုက္သည္။
'သူ ကို႔ကို ခ်စ္တယ္ ဆိုတဲ့ စကားတစ္ခြန္းေျပာခဲ့လို႔ပဲ'
ကြၽီ !!
ကားဘရိတ္ကို သူ႐ုတ္တရက္ႀကီး နင္းလိုက္မိေသာေၾကာင့္ ကားကကြၽီကနဲထိုးရပ္သြားသည္။သူ႔ေခါင္းထဲလည္း အရာအားလံုးက ဗလာျဖစ္သြားသလို ခံစားလိုက္ရသည္။
'ဘာျဖစ္တာလဲ '
'ဘာ...ဘာမွမျဖစ္ပါဘူး '
ကားကိုဆက္ေမာင္းလာခဲ့ရေပမယ့္ သူ႔စိတ္နဲ႔ကိုယ္က ကပ္မေနခဲ့။အမွန္က အဲ့ေမးခြန္းကို သူမေမးခဲ့သင့္ေပ။
အခုေတာ့ သူ႔ရင္ထဲမွာ ေပါက္ကြဲရန္တာစူေနေသာ မီးေတာင္တစ္လံုး ေနရာယူထားသလို ဗလာင္ဆူေနသည္။
ထို႔ေန႔ညက သူ႔အေဆာင္ေ႐ွ႕ေရာက္သည္အထိ Hyung ေရာ သူေရာ ေနာက္ထပ္စကားတစ္ခြန္းမွ မေျပာျဖစ္ခဲ့ၾက။
ေနာက္ၿပီး...ထိုေန႔ညက သူအိပ္မေပ်ာ္ခဲ့ေပ။
❤
PLOT
Twist
❤
Thanks❤
- nonoe -
(Unicode)
တိတ်ဆိတ်အေးချမ်းတဲ့ ညနေခင်းတစ်ခုမှာ အဝါရောင်နှင်းဆီခင်းကြီးထဲ သူရှိနေခဲ့သည်။
လေထဲမှာမျောလွင့်နေတဲ့ နှင်းဆီရနံ့တွေကို ရှုရှိုက်ရင်း ကော်ဖီတစ်ခွက်အား အရသာခံကာသောက်နေရခြင်းသည် အိပ်မက်တစ်ခုနှင့်ပင်တူသည်။ညနေခင်းနေခြည်ရဲ့ ရွှေဝါရောင်အလင်းတန်းတွေအောက်မှာတော့ သာယာလှတဲ့ နှင်းဆီဝါတွေနှင့်အတူ သူရယ် ၊ ကော်ဖီနှစ်ခွက်ရယ်....နောက်ပြီး အမ်ဒီပတ်ရယ် အတူတူရှိနေသည်။
'ဂျုံးဂု ရေ...ညနေအလုပ်ဆင်းရင်း ဒီနေ့စာရင်းတွေယူပြီး အိမ်ကိုလာခဲ့ပါဦး '
ဒီနေ့ ကုမ္ပဏီကို အမ်ဒီမလာတာကြောင့် သူ့ရင်ထဲတစ်ခုခုလိုနေသလို ခံစားနေရချိန်မှာပဲ အမ်ဒီ့ဆီမှဖုန်းကို လက်ခံရရှိခဲ့သည်။
ဒီနေ့ထိုင်းဘက်မှ ဆန်အိတ်တွေတော်တော်များများ ဝင်ထားတာကြောင့် ဒီနေ့စာရင်းတွေကနည်းနည်းတော့များသည်။တစ်ကယ်တမ်းကျ အမ်ဒီ နောက်နေ့မှစစ်လည်း အချိန်မီပါသေးသည်။သို့သော် ဒီနေ့စစ်ချင်သည်ဆိုတော့လည်း သူသွားလိုက်ရုံသာ။
'ကျွန်တော် ရေချိုးပြီးမှလာခဲ့မယ် အမ်ဒီ '
'အဲ့တာဆို မင်းနေတဲ့အဆောင်ဆီကို ကားလွှတ်လိုက်မယ်လေ။'
'ရပါတယ်။ကျွန်တော့်ဘာသာလာခဲ့ပါ့မယ် '
'မဟုတ်တာ။မင်းရဲ့အချိန်တွေကို ကိုကအပိုယူထားတာပဲ။ဒီလောက်ကတော့ လုပ်ပေးရမှာပေါ့ '
ဤသို့ဖြင့် သာယာတဲ့ညနေခင်းတစ်ခုမှာ သူနှင့်အမ်ဒီပတ် အတူရှိနေကြခြင်းပင်။ခြံထဲသူရောက်သွားတော့ နှင်းဆီခင်းနားမှာ စားပွဲဝိုင်းတစ်ခုနှင့် ထိုင်စောင့်နေသော အမ်ဒီပတ်ကို တန်းတွေ့လိုက်ရသည်။နှဖူးပေါ်ဝဲကျနေသော လိမေ္မာ်ရောင်ဆံပင်တွေနှင့်အတူ အပြာစင်းတွေပါသော ပိုလိုရှပ်လေးကို ဝတ်ထားသည့် အမ်ဒီပတ်သည် ကျောင်းမှသူ့သူငယ်ချင်းကောင်လေးလိုပင် ဖြစ်နေသည်။
'ဒီမှာ..အမ်ဒီ ယူခဲ့ခိုင်းတဲ့ ဖိုင်တွေ..'
ဖိုင်တွေကို အမ်ဒီ့ဘက်တိုးပေးလိုက်ပေမယ့် အမ်ဒီကမကြည့်။ကော်ဖီတစ်ခွက်ကိုသာ သူ့ရှေ့သို့ကမ်းပေးလာသည်။
'ဆံပင်တွေတောင်ရှည်နေပြီပဲ...ဂျုံးဂု '
'ဟုတ်...ကျွန်တော်ညှပ်ဖို့အချိန်မပေးနိုင်သေးလို့ '
သူ့တစ်ကိုယ်လုံးမှာ ယောကျ်ားတန်မယ့် ပျော့အိနေသော အနက်ရောင်ဆံပင်တွေကို သူအမုန်းဆုံးဖြစ်သည်။
'မညှပ်ပါနဲ့။ဒါ့ထက်နည်းနည်းလေးပိုရှည်ရင် နောက်မှာစုချည်ထားလိုက်လေ '
သူ့မျက်နှာကိုသေချာကြည့်ရင်း ခပ်အေးအေးပြောလာတဲ့ အမ်ဒီ့ကြောင့် သူ့ရင်တွေဗြောင်းဆန်ကုန်သည်။အမ်ဒီပတ် ဟာတော်တော်ကို ပြုစားနိုင်သည်ပဲ။
'ကျွန်တော်ဖြင့် တစ်ခါမှတောင်မတွေးဖူးဘူး '
'နောက်မှ မင်းကို့ကိုကျေးဇူးတင်လိမ့်မယ် '
အမ်ဒီ့ရဲ့ ရယ်သံတွေက ညနေခင်းတစ်ခုကို ပြီးပြည့်စုံစေသည်။
'အိမ်မှာ အမ်ဒီတစ်ယောက်တည်း နေတာလား '
'ဟင့်အင်း...ကိုရယ် ကို့ညီမလေးရယ်...ငယ်ငယ်လေးကတည်းက အတူနေလာတဲ့ အဒေါ်ရယ် သုံးယောက်ပေါ့။ညီမလေးကတော့ အခုသြစတေးလျမှာ bussiness ပိုင်းလေ့လာနေတယ်။အိမ်မှာလူနည်းပေမယ့် ဂန်းနမ်ဘက်က အမျိုးတွေက တစ်ပတ်တစ်ခါလောက်တော့ လာတတ်တယ်။အဲ့တာကြောင့် တစ်ခါတစ်လေဆို စိတ်ရှုပ်တယ်။ကိုက အေးအေးဆေးဆေးပဲနေချင်တာလေ '
သူ့အကြောင်းတွေကို စိတ်လိုလက်ရပြောပြနေသော အမ်ဒီ့ကို သူမြတ်နိုးစွာငေးကြည့်နေမိသည်။ဒီညနေခင်းမှာ အမ်ဒီ့အတွက်စကားပြောဖော်ဟာ သူဖြစ်နေခြင်းသည် အတော့်ကိုပျော်ရွှင်စရာကောင်းလှသည်။
'အံ့သြစရာတော့ကောင်းတယ်။ကို့ညီမလေးပြီးရင် ကိုစကားအများဆုံးပြောဖြစ်တာ မင်းတစ်ယောက်ပဲရှိမယ် '
ထိုစကားတစ်ခွန်းက သူ့ရင်ကိုဘယ်လောက်အထိလှုပ်ခါနိုင်စေသလဲဆိုတာ သူသာသိသည်။ကြည်နူးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပီတိအဟုန်ဟာ သူ့ရင်ကိုအေးချမ်းစေသည်။
နေရောင်အောက်မှာ နှင်းဆီခင်းကြီးနှင့်အပြိုင်တောက်ပနေသော အမ်ဒီ့ကို သူ့မျက်လုံးထဲ ကြည့်မဝနိုင်ဖြစ်နေသည်။ချောရက်နိုင်လွန်းတဲ့ ကျွန်တော့်ရဲ့ အမ်ဒီ...
'အမ်ဒီ....'
'အင်း...'
'အမ်ဒီ့ကို...ကျွန်တော်........ Hyung လို့ခေါ်ချင်တယ် '
အံ့သြမှုကြောင့် တဖျပ်ဖျပ်လက်နေတဲ့ မျက်ဝန်းလေးတွေသည် သူ့နှလုံးသားထဲမှာ ရေလှိုင်းလေးတစ်ခုလိုဖြတ်ပြေးသွားသည်။
ကျွန်တော်....ချစ်လိုက်တာဗျာ.....
PLOT~~~~
~~~~
~~~~TWIST
'မရဘူးနော် ဂျုံးဂု...BBQ မှ BBQ ပဲ '
'ဟုတ်တယ်...ဟုတ်တယ်...ခေါက်ဆွဲအေးက ဘာလုပ်ရမှာလဲ။BBQ ပဲ '
သူ အလုပ်သင်ကာလပြီးဆုံးသွားပြီး အတည်ခန့်ဝန်ထမ်းအဖြစ်သို့ အဆင့်တက်သွားသောကြောင့် စီနီယာတွေက ညစာလိုက်ကျွေးခိုင်းနေကြခြင်းဖြစ်သည်။အမ်ဒီ့မွေးနေ့တုန်းက ရထားသော သိန်းငါးဆယ်ကြောင့်လည်း သူဒကာခံဖို့ဆုံးဖြတ်လိုက်သည်။
'ဆူလို့ညံလို့ပါလား....ဘာပျော်စရာတွေ ရှိလို့လဲ '
ရုတ်တရက်ထွက်ပေါ်လာသော အသံနှင့်အတူ သူတို့အုပ်စုရှေ့ရောက်လာသော အမ်ဒီ့ကြောင့် သူ Hyung ဟုပင်ခေါ်မိတော့မလို ဖြစ်သွားရသည်။
မင်းခေါ်ချင်ရင် အလုပ်ချိန်ပြင်ပနဲ့ ကုမ္ပဏီကလူတွေမရှိတဲ့အချိန် ခေါ်လို့ရတယ် ဟုခွင့်ပြုထားသော Hyung ရဲ့စကားကို သူလိုက်နာရပေမည်။
'သူတို့တွေ ဒီနေ့ညနေ ကျွန်တော့်ကို ဝိုင်းခွာကြတော့မလိုလေ '
'အိုး...ဟုတ်လား..အဲ့တာဖြင့် ကိုလည်းအဲ့အုပ်စုထဲမှာ ပါမယ်လေ'
တက်ကြွစွာပြောလာသော Hyung ကြောင့် အားလုံးရဲ့မျက်နှာမှာ အံ့သြရိပ်တွေ လွှမ်းခြုံသွားကြသည်။
'Welcome....'
လက်နှစ်ဖက်ကို ဆန့်တန်းရင်း သူခပ်ရွှင်ရွှင်ပြောလိုက်တော့ Hyung ကနှစ်လိုအားရပင်ပြုံးသည်။ပြောင်းလဲစွာနွေးထွေးလာသော Hyung ရဲ့အမူအကျင့်တွေကို ဝန်ထမ်းတွေအားလုံးက ဝမ်းသာအားရပင် ကြိုဆိုကြသည်။
ညနေရောက်သော အနည်းငယ်နာမည်ရသော BBQ ဆိုင်တစ်ဆိုင်တွင် သူတို့တစ်ဖွဲ့လုံးဆူညံနေကြပြီဖြစ်သည်။တစ်ခွက်တစ်ဖလားဟုဆိုကာ သောက်နေကြသော အစ်မမီယောင်းတို့ပင် တော်တော်လေးထွေနေကြပြီဖြစ်သည်။
'Hyung အပြန်ကျရင် ကျွန်တော်လိုက်ခဲ့မယ်နော် '
'အင်း...'
အသားကင်ပန်းကန်ကို ကမ်းပေးရင်း သူ Hyung နားနားကပ်၍ တိုးတိုးလေးပြောလိုက်သည်။ပြုံးနေသော Hyung ရဲ့မျက်နှာလေးက ဆိုဂျူလည်းမသောက်ပါဘဲ ခပ်ရဲရဲဖြစ်နေသည်မှာ အသည်းယားဖို့ကောင်းလွန်းသည်။
အပြန်ကျတော့လည်း တကယ်ပင် သူ Hyung နဲ့အတူလိုက်ခွင့်ရခဲ့သည်။ထုံးစံအတိုင်းပင် Hyung ကသူ့ကိုကားပေးမောင်းခဲ့သည်။မတူတာကတော့ Hyung ကခါတိုင်းလို နောက်ခန်းမှာမထိုင်ဘဲ သူနဲ့အတူ ရှေ့ခန်းမှာ လာထိုင်ခြင်းပင်။
'ကိုယ့်ဝန်ထမ်းကျွေးတဲ့ညစာကို ပြန်စားဖူးတာ ဒါပထမဆုံးပဲ '
'ဒါဆို ကျွန်တော် ကံကောင်းတာပေါ့ '
ညနက်နက်ရဲ့ လမ်းပေါ်က ကားလေးထဲမှာသူတို့ရဲ့ရယ်သံတွေ ဝေနေခဲ့သေးသည်။
'အာ....ဒါနဲ့...Hyung..ကျွန်တော်တစ်ခုလောက်မေးချင်တယ် '
'...မေးလေ '
မေးတော့မယ်ဆိုကာမှ မေးဖို့သင့်ပါမလားဟု သူပြန်စဉ်းစားမိကာ ခဏတွေဝေနေမိသည်။
'ဘာမေးမလို့လဲ '
သူ့ဘက်ကိုငဲ့စောင်းကြည့်ကာ ပြောလာသော Hyung ကြောင့် သူမေးဖို့ဆုံးဖြတ်လိုက်သည်။
'ကျွန်တော်မရောက်ခင်တုန်းက ကျွန့်တော့်နေရာက ဝန်ထမ်းအစ်ကိုကြီးကို Hyung ကိုယ်တိုင်အလုပ်ထုတ်ပစ်လိုက်တာဆို '
'.....ဟုတ်တယ်လေ။ဘာဖြစ်လို့လဲ '
'ဘာလို့ထုတ်ပစ်လိုက်တာလဲဟင်။သူဘယ်လိုအမှားမျိုးလုပ်မိလို့လဲ '
သူ့သိချင်စိတ်ကို မထိန်းနိုင်စွာမေးမိပြီးမှ တွန့်ကုတ်သွားသော Hyung ရဲ့မျက်ခုံးတွေကြောင့် သူနောင်တရချင်သွားသည်။
'မင်းက ဘာဖြစ်လို့သိချင်ရတာလဲ '
'ဟို....ဒီလိုပဲ...သိချင်စိတ်ပေါ်လာလို့ '
Hyung ကအရှေ့ကိုပြန်လှည့်သွားပြီး အတန်ကြာတိတ်ဆိတ်သွားသည်။အနည်းငယ်အေးစက်သွားသော အခြေအနေကြားမှာ သူအသက်ပင်ရဲရဲမရှုနိုင်အောင် ဖြစ်သွားရသည်။သူမေးမိတာများ မှားသွားပြီလား။
'ကောင်းပြီလေ...မင်းသိပ်သိချင်နေရင်လည်း ပြောပြရတာပေါ့ '
အတန်ကြာမှ Hyung ကစကားဆက်သည်။သို့သော် Hyung ရဲ့အသံတွေကြားမှာ စိတ်မသက်မသာဖြစ်မှုတွေကို သူခံစားမိလိုက်သည်။
'သူ ကို့ကို ချစ်တယ် ဆိုတဲ့ စကားတစ်ခွန်းပြောခဲ့လို့ပဲ'
ကျွီ !!
ကားဘရိတ်ကို သူရုတ်တရက်ကြီး နင်းလိုက်မိသောကြောင့် ကားကကျွီကနဲထိုးရပ်သွားသည်။သူ့ခေါင်းထဲလည်း အရာအားလုံးက ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။
'ဘာဖြစ်တာလဲ '
'ဘာ...ဘာမှမဖြစ်ပါဘူး '
ကားကိုဆက်မောင်းလာခဲ့ရပေမယ့် သူ့စိတ်နဲ့ကိုယ်က ကပ်မနေခဲ့။အမှန်က အဲ့မေးခွန်းကို သူမမေးခဲ့သင့်ပေ။
အခုတော့ သူ့ရင်ထဲမှာ ပေါက်ကွဲရန်တာစူနေသော မီးတောင်တစ်လုံး နေရာယူထားသလို ဗလာင်ဆူနေသည်။
ထို့နေ့ညက သူ့အဆောင်ရှေ့ရောက်သည်အထိ Hyung ရော သူရော နောက်ထပ်စကားတစ်ခွန်းမှ မပြောဖြစ်ခဲ့ကြ။
နောက်ပြီး...ထိုနေ့ညက သူအိပ်မပျော်ခဲ့ပေ။
❤
PLOT
Twist
❤
Thanks❤
- nonoe -