ဟင်??
ထိုအခါ...
.
.
.
at pinky cafe
" အေးလို့ ..."
" အမ်!"
ဒီ ice coffee လိုပေါ့... "
" ကြိုးလေး ကိုယ်......"
ဟင်...?
" ok "
~~~~~~~~~~~~~~~~~~~
အကြောင်းက...
ကားတံခါး ပိတ်ခါနီး...
" ပြောစရာရှိလို့လား?"
ကိုသွန်းဆိုပါလား...
ကြွေ ဘာမှ မတုံ့ပြန်မိ...
" ph ခဏပေး"
" ဟင်? အင်း"
ကိုယ့်ဘာသာပြော..."
ဒါပေမယ့်...
အလကား ...... အာရုံတွေ...။
~~~~~~~~~~~~~~~~
" သားကြွေ..."
ဒါ ...... ပုံမှန်တော့ မဟုတ်...
" ဒါပေါ့ဗျ..."
" သားကြွေ ... ကားအသစ်ကိစ္စ..."
" ဘယ်လို?"
~~~~~~~~~~~~~~~~~~~
" ရပါတယ်ကွာ... ဟာ ကြိုးလေး!"
" အဲ့ဒီတော့...?"
" အင်းလေ ဘာဖြစ်လို့လဲ?"
ရိုးအလွန်းလိုက်တာ...
" အာ... ဟုတ်သားပဲ"
" ဟုတ်... ကဲ့ပါ အစ်ကို"
" ဆင်းတော့..."
" ဘာ?"
" မင်းက ဘာလဲ ကြွေကြိုး? ကို သွန်းမာန်ကြိ မင်းတစ်ယောက်တည်း ပိုင်ဆိုင်နိုင်မယ်ထင်နေတာလား??"
" လူ တစ်ယောက်ရဲ့ စိတ်ဝင်စားမှုခံရအောင် ကြိုးစားခွင့်ရှိသလို ဥာဏ်နီ ဥာဏ်နက် သုံးလို့လည်းရတယ်
ထို့အတူ...
~~~~~~~~~~~~~~~~~~~~~~~~~~
tbc.
N.S.P
6.7.2018
10:52 P.M
notice**
သွန်းမာန် ကားကို အမြန်မောင်းလာပေမယ့် coffee ဆိုင်ကို တော်တော်လေး နောက်ကျပြီးမှ ရောက်လာလေသည်။
ညနေ ၅ နာရီခွဲ ဆိုသော အချိန်က ပုံမှန်အားဖြင့် မှောင်ရိပ်သန်းချိန် မဟုတ်သော်ငြား......
ဒီနေ့မှ မိုးက သည်းထန်စွာရွာပြီး မှိုင်းအုံ့နေတာမို့ ကားကိုတောင် မနည်းဂရုစိုက် မောင်းနှင်လာရတာ.........
ဟင်??
coffee ဆိုင်ထဲမှာလည်း ကြိုးလေး မရှိပါလား......
မစောင့်နိုင်တော့လို့များ ပြန်သွားပြီလား???
စိတ်ဆိုးသွားရင် ပြသနာ...
သွန်းမာန် စိတ်ရှုပ်ထွေးစွာ ဆိုင်အပြင်ဘက် ကို အမှတ်တမဲ့ကြည့်လိုက်မိတော့...
ကားလမ်းတစ်ဖက် မိုးရေးထဲမှာ ဝိုးတစ်ဝါး မြင်လိုက်ရတဲ့ ကြိုးလေး......
သွန်းမာန် မျက်လုံးပြူးသွားရသည်။
ဒီလောက် မိုးရွာနေတာကို ......... မိုးရေထဲ ဘာများလုပ်နေရတာလဲ ကြိုးလေးရယ်......
သွန်းမာန် ကားလမ်းအမြန်ကူးပြီး ရောက်လာတော့ မိုးရေအရွှဲသား နဲ့ ကြိုးလေးက ပြုံးပြီး ကြိုနေလေသည်။
" ကားရပ်ကတည်းက တွေ့တယ် ...... ခင်ဗျား ဘာလုပ်မလဲ စောင့်ကြည့်နေတာ"
" ကြိုးလေးရယ် မိုးရေထဲမှာ ဘာလုပ်နေတာလဲ??"
" အစကတည်းက ဒီမှာထိုင်စောင့်နေတာ... မိုးက သူ့ဘာသာရွာလာတာလေ "
" မိုးရွာရင်လည်း ဆိုင်ထဲမှာဖြစ်ဖြစ် စောင့်နေတာမဟုတ်ဘူး..."
" ဒီနေရာမှာ ကျွန်တော် အရင်ထိုင်နေတာလေ ... မိုးရွာတာနဲ့ပဲ ကျွန်တော်ထိုင်နေရာက ထပေးရမှာလား??"
ပတ်လည်တွေရိုက်နေသော စကားဝိုင်းကို သွန်းမာန် နိုင်အောင် ဆက်မပြောနိုင်တော့...
" အဲ့လို ခေါင်းမာနေတာနဲ့ အအေးမိပြီး ဖျားတော့မှာပဲ ... လာ ကားထဲဝင် အိမ်လိုက်ပို့ပေးမယ်"
ထိုအခါ...
ရုတ်တရက် တည်ငြိမ်သွားတဲ့ ကြိုးလေးရဲ့ မျက်ဝန်းတွေ နဲ့အတူ......
တိုးတိုးလေး ပြောပေမယ့် တည်ငြိမ်မှု အပြည့်နဲ့ စကားသံ......
" အိမ်ပြန်ဖို့ ၃ နာရီနီးပါး ထိုင်စောင့်နေတယ်ထင်နေတာလား ကိုးမာန်?"
သွန်းမာန် ဘာမှ မတုံ့ပြန်နိုင်သေးခင်
" coffee သောက်ဖို့ရည်ရွယ်ထားတာမလား
coffee သောက်ပြီးမှ ပြန်တာပေါ့"
မိုးရေစက်လက်နဲ့ coffee ဆိုင်ကို ဦးတည်သွားသော ကြွေရဲ့နောက်မှာတော့
သွန်းမာန် ခပ်ဖျော့ဖျော့လေး ပြုံးကာ လိုက်ပါသွားရလေသည်။
ဒီကောင်လေး ...ခေါင်းမာပုံကတော့ တကယ်ပါပဲ...။
.
.
.
at pinky cafe
" ဒီနေ့ ဘာလို့ black coffee မသောက်တာလဲ ကြိုးလေး?"
အမြဲ black coffee သရဲက ဒီနေ့မှ ထူးထူးဆန်းဆန်း ice coffee မှာသောက်နေတဲ့ ကြိုးလေး......
" အေးလို့ ..."
" အမ်!"
ကြိုးလေး အဖြေက တုံးတိနိုင်သလို အံ့သြသွားစေတာကြောင့် ပါးစပ်အဟောင်းသားဖြစ် သွားရတဲ့ သွန်းမာန်...
အေးလို့ ice coffee သောက်သည်တဲ့လေ...
" ပူတဲ့ရာသီမှာ အေးတဲ့ အစားအစာ
အေးတဲ့ရာသီမှာ ပူတဲ့ အစားအစာ
အဲ့ဒါတွေက လူတွေက သူတို့လိုအပ်လို့ သူတို့တောင့်တလို့ သတ်မှတ်ထားကြတာတွေလေ...
တစ်ခါတစ်လေတော့လည်း လူတွေရဲ့ သတ်မှတ်ချက်ကနေ ခွဲထွက်ပြီး လုပ်ကြည့်တော့ စိတ်ဝင်စားစရာ ဖြစ်လာတာပဲ
ဒီ ice coffee လိုပေါ့... "
သွန်းမာန် ဘာမှ ခွန်းတုံ့ မပြန်ပဲ ငြိမ်ပြီး နားထောင်နေလိုက်သည်။
ကြိုးလေး တစ်ခုခု ပြောချင်နေတာ ...
" အေးတဲ့ အချိန်မှာ ice coffee သောက်တဲ့အခါ လူတွေအတွက် ထူးဆန်းနေသလိုမျိုး......
ဒုက္ခရောက်နေသူကို ကူညီရမယ်ဆိုတဲ့ သတ်မှတ်ချက်ကနေ ခွဲထွက်ပြီး မကူညီမိရင်လည်း လူတွေက တစ်မျိုးထင်ကြမယ် ထင်တယ်နော် ကိုးမာန်?"
သွန်းမာန် အံ့အားသင့်သွားရသည်။
ကြိုးလေး တကယ်ပဲ ပြောချင်နေတာဘာလဲ?
သူ roy ကို ကူညီတာ တွေ့သွားတာများလား??
" ကြိုးလေး ကိုယ်......"
" ခင်ဗျားက သဘောကောင်းပြီး ကူညီတက်တာပဲ ရှင်းပြစရာမလိုပါဘူး..."
ကြွေ ပြောပြီးတာနဲ့ ခပ်ပြုံးပြုံးလေး coffee သောက်နေလေသည်။
သွန်းမာန် မှာသာ အံ့အားသင့်လျက်...
" မင်း ... သိနေတာလား ကြိုးလေး?"
" ကျွန်တော် သိလို့မရတဲ့ အကြောင်းမှမဟုတ်တာ ... သိတာ ဘာဆန်းလို့လဲဗျ"
" သိနေတာကို အံ့သြတာ ... ပြီးတော့ မင်းသိရင် စိတ်ဆိုးလိမ့်မယ် ထင်ထားတာ..."
" ကျွန်တော်က ခင်ဗျားကို ယုံတယ်လေ..."
ဟင်...?
သွန်းမာန် ရုတ်တရက် ကြောင်သွားရသည်။
" ကျွန်တော်က ယုံတဲ့အတွက် ... ကျွန်တော့်ကို မလိမ်ရင်ရပြီ...... ကျန်တာကတော့ ဘာပဲဖြစ်ဖြစ် စိတ်မဝင်စားဘူး"
အတန်ကြာ တိတ်ဆိတ်နေပြီးမှ အပြုံးလွင်လွင်လေးနဲ့ အတူ စကားစ လာတဲ့ သွန်းမာန်...
" ပညာရှိနည်းနဲ့ ဥပမာကောင်းကောင်းပေးပြီး မင်းသိထားတဲ့အကြောင်း သတိပေးပုံလေးကတော့... မှတ်သားလောက်စရာပဲကွာ... "
" သတိပေးတာ မဟုတ်ပါဘူး... အသိပေးတာ
သတိပေးတာက ဆင်ခြင်စေချင်လို့....
အသိပေးတာကကျတော့ အခြေနေကို သုံးသပ်နိုင်အောင် လမ်းပြပေးတာ......"
" အေးပါကွာ ...... ဟုတ်ပါပြီ ငါလည်း ယုံကြည်မှု ကို တန်ဖိုးထားပါ့မယ်ကွာ... အခုတော့ coffee သောက်ပြီး ပြန်ရအောင် ဒီလိုနဲ့ ဖျားရင် ဒုက္ခရောက်မယ် "
" ok "
အေးတိအေးစက် ခန့်မှန်းရခက်တဲ့ ကြွေကြိုးဆိုတဲ့ မင်းကတော့ ငါ့အတွက် တော်တော်လေး နားလည်ရခက်ပေမယ့် ...
ပိုပိုပြီး သိချင်မိလာတဲ့ လူထူးဆန်းလေးပင်...။
အခုနေများ မင်းမရှိရင်လည်း နေတက်တော့မယ် မထင်ဘူး ကြိုးလေး...
~~~~~~~~~~~~~~~~~~~
အတန်းချိန် မရှိတော့ပြီမို့ ကားပါကင်ဆီ ဦးတည်လာတဲ့ ကြွေ...
ကားပါကင်နား အရောက်မှာ ခြေလှမ်းတွေရပ်သွားပြီး...
ရှေ့က မြင်ကွင်းကို မျက်မှောင်ကြုပ်ကာ ကြည့်လိုက်မိသည်။
အကြောင်းက...
ကြွေ့ ကားနားမှာ ယောင်လည်လည် လုပ်နေတဲ့ ကောင်လေးတစ်ယောက်...
တိတိကျကျ ဆိုရ လျှင် Roy ဆိုသော ကောင်လေး......
ကြွေ ခြေလှမ်းတွေကို ကားဆီပြန်ပြီး ဦးတည်လိုက်သည်။
ကားနားရောက်တော့ မချိုမချဉ်မျက်နှာနဲ့ Roy ရဲ့ အကြည့်တွေကို ကြွေ မသိချင်ယောင်ဆောင်ပြီး ကားသော့ဖွင့်လိုက်သည်။
" Hey ! ကားလေးက လှတယ်နော် ဘယ်လောက်ပေးရလဲ ပြောပြပါလား?"
ကြွေ ပြန်မဖြေပဲ ကားထဲဝင်လိုက်သည်။
ကားတံခါး ပိတ်ခါနီး...
" ခဏနေပါဦး ... မင်းငါ့ကို သိတယ်မလား?"
ပိတ်ခါနီး ကားတံခါးကို အတင်းဆွဲကာ စကားလိုက်ပြောနေတဲ့ Roy...
ကြွေ စိတ် တစ်ထစ်လျှော့ချလိုက်ပြီး...
" ပြောစရာရှိလို့လား?"
" အင်း... ဒါပေမယ့် မင်းကို မဟုတ်ဘူး ကိုသွန်း ကို ပြောချင်တာ..."
ကိုသွန်းဆိုပါလား...
ကြွေ ဘာမှ မတုံ့ပြန်မိ...
" မနေ့က ကိုသွန်းက ငါ့ကို အများကြီး ကူညီလိုက်တာ... အဲ့ အတွက် ကျေးဇူးတင်စကား ပြောချင်လို့"
ကြွေ မဲ့ပြုံး တစ်ချက် ပြုံးလိုက်ပြီး...
" ph ခဏပေး"
" ဟင်? အင်း"
ထင်မှတ်မထားဟန်ဖြင့် ယောင်နန ph ထုတ်ပေးရှာသော ထိုကောင်လေး...
ကြွေ no တစ်ခုကို လျင်လျင်မြန်မြန် ရိုက်ပေးလိုက်ပြီး ph ပြန်ပေးလိုက်သည်။
" အဲ့မှာ ph no. ကျေးဇူးတင်စကားပြောချင်ရင်
ကိုယ့်ဘာသာပြော..."
အံ့အားသင့်သွားဟန် နှင့် Roy...
ထို့နောက် ခပ်ထေ့ထေ့ အပြုံးလေးနှင့်...
" တော်တော်လေး ရက်ရောတာပဲနော် မထင်ရဘူး..."
ကြွေ ကားစက်နှိုးလိုက်ပြီး ကားမှန်ကို ပြန်ချလိုက်သည်။
" တစ်လောကလုံးကို သိမ်းပိုက်နိုင်တဲ့ အခွင့်ရေး မင်းမှာရှိတယ်
ဒါပေမယ့်...
ငါပိုင်တဲ့ အရာတွေကို လောဘတက်ခွင့်တော့ မရှိဘူး...... အဲ့ဒါ တစ်ခုတော့ သိထား..."
ပြောပြီးတာနဲ့ ကြွေ ကားကို တစ်ရှိန်ထိုးမောင်းထွက် လာခဲ့လိုက်သည်။
နောက်ကြည့်မှန် ကနေတောင် မကြည့်ဖြစ်
ဘယ်လိုပုံစံ နဲ့ပဲ ကျန်ခဲ့ကျန်ခဲ့ တစ်စက်ကလေးမှကို စိတ်မဝင်စား...။
အလကား ...... အာရုံတွေ...။
~~~~~~~~~~~~~~~~
ခြံထဲမှာ ထိုင်ရင်း အေးအေးလူလူ စာဖတ်နေခိုက်...
" သားကြွေ..."
အနားရောက်လာတဲ့ ဦးစိုင်း...
" ကားအသစ်လဲဖို့ အကုန်အဆင်သင့်ဖြစ်နေပါပြီ... ဒီမှာ နောက်လဲမယ့်ကားအတွက် စာရွက်စာတမ်းတွေ......"
ဦးစိုင်း ပေးလာတဲ့ စာရွက်စာတမ်းတွေကို ဖတ်ကြည့်နေတုန်း...
" ကိုကြွေ နေကောင်းတယ်နော်?"
လိုတာထက်ပိုပြီး ရွှင်ပျနေသော အသံနဲ့ အတူ အနားရောက်လာတဲ့ မင်းဂုဏ်ရောင်...
ကြွေ သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းချလိုက်ပြီး...
" ဟင်း...... ကိုက်တက်တဲ့ puppy လေး တစ်ကောင်လောက် မွေးထားမှပဲ ...... တစ်ခါလောက် အကိုက်ခံရမှ ဒီ ခြံထဲ ထင်သလို ဝင်မလာရဲတော့မှာ..."
" ညီအစ်ကို အချင်းချင်းပဲကိုဗျာ..."
ကြွေ မျက်မှောင်ကျုံ့လိုက်မိသည်။
ပုံမှန်ဆို ကတ်ကတ်လန် ပြန်ရန်တွေ့နေတက်တဲ့ မင်းဂုဏ်ရောင်က ထူးထူးခြားခြား မျက်နှာချိုသွေးနေတာ......
ဒါ ...... ပုံမှန်တော့ မဟုတ်...
" ဒါ ကိုကြွေ့ကားလား? လှတယ်နော် ... အနီးကပ် မြင်ချင်တာနဲ့ လာကြည့်တာ"
" ကားကြည့် ရုံ သက်သက်ပဲလား?"
" ဒါပေါ့ဗျ..."
" ဒါဆိုလည်း ကြည့်ပြီးပြန်!"
ကြွေ အိမ်ထဲဝင်ဖို့ ပြင်တော့...
" ဒါနဲ့ ကိုကြွေ... ပစ္စည်းတွေကို တန်ဖိုးထားနော်ဗျ"
အနောက်ဘက်ကနေ လှမ်းပြောလိုက်တဲ့ မင်းဂုဏ်ရောင်ရဲ့ နားလည်ရခက်သော စကားကြောင့် ကြွေ ခြေလှမ်းတွေ ရပ်တန့်သွားရသည်။
" တစ်ခါတစ်လေကျ ပစ္စည်းတွေ ပျက်စီးဆုံးရှုံးသွားတဲ့အခါ ကိုကြွေ ပင်ပန်းမှာ စိုးရိမ်လို့ပါ... ပြန်လိုက်ဦးမယ် ဗျ"
တကူးတကကြီး လာထေ့ငေါ့သွားတဲ့ မင်းဂုဏ်ရောင်......
ပြောသွားတဲ့ စကားအဓိပ္ပါယ်ကလည်း ခပ်ဆန်းဆန်းရယ်...
ကြွေ အတန်ကြာ နေရာက မရွေ့ တွေးနေလိုက်မိသည်။
ဒီကောင် တကယ်ပဲဘာကို ပြောချင်တာလဲ???
" သားကြွေ ... ကားအသစ်ကိစ္စ..."
" ကားမလဲတော့ဘူး ဦးစိုင်း"
" ဘယ်လို?"
ကြွေ တစ်ချက်ပြုံးလိုက်ပြီး...
" သူများလိုချင်တဲ့ ပစ္စည်းကို ပိုင်ဆိုင်ရတာ စွန့်ပစ်လို့ ဘယ်ဖြစ်ပါ့မလဲ ဗျာ... အားကျအောင် ကောင်းကောင်းအသုံး ချရမှာပေါ့"
ဦးစိုင်းကတော့ ကြွေ့ စကားကို နားမလည်နိုင်စွာ ဖြစ်နေဟန်ပင်...
ကြွေ မျက်နှာမှာတော့ ရှုပ်ထွေးနေဟန် တစ်စုံတစ်ခု ဖြတ်ပြေးလျက်...။
~~~~~~~~~~~~~~~~~~~
ဒီနေ့အတွက် အတန်း တွေလည်းပြီးပြီ
ကိုးမာန်ကလည်း ချိန်းထားတာရှိနေတာမို့ coffee သောက်ဖို့ မအား...
ဒါကြောင့် ကြွေ အိမ်ပြန်ဖို့ပဲ တွေးပြီး ကားဆီသို့အလာ...
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကြွေ့ ခြေလှမ်းတွေ တုံ့ ခနဲရပ်သွားရလေသည်။
ခြေထောက် ထော့နဲ့ထော့နဲ့နှင့် Roy ဆိုသော ကောင်လေးကို တွဲလာတဲ့ ကိုးမာန်...
" မင်း မလည်း ငါနဲ့ဆုံတိုင်း တစ်ခုခုကို ဖြစ်နေတော့တာပဲ "
" ဟုတ်ပါရဲ့ အစ်ကိုရာ အားနာလိုက်တာ"
" ရပါတယ်ကွာ... ဟာ ကြိုးလေး!"
စကားတပြောပြောနဲ့ အနားရောက်မှ ကြွေ့ကို သတိပြုမိသွားဟန်ပင်...
" ဒီကောင်လေးကွာ လှေကားအဆင့်ကျော်ပြီး ပြုတ်ကျလို့ အဲ့ဒါ ထိမိသွားတယ်ထင်တယ် "
" အဲ့ဒီတော့...?"
" အဲ့ဒါ ကိုယ် ဆေးခန်းလိုက်ပို့ပေးမလို့"
" ခင်ဗျားကိုယ်တိုင်လား?"
" အင်းလေ ဘာဖြစ်လို့လဲ?"
ရိုးအလွန်းလိုက်တာ...
မေးခွန်းတောင်ပြန်ထုတ်နေသေး...
" ချိန်းထားတာရှိတယ်ဆို ..."
" အာ... ဟုတ်သားပဲ"
" ကျွန်တော့်ကားပေါ်တင်လိုက်... ကျွန်တော် လိုက်ပို့ပေးလိုက်မယ်"
သွန်းမာန်ရော Roy ပါ ပြိုင်တူ အံ့အားသင့်သွားရသည်။
ဒါပေမယ့် သူcomplain မတက်ရဲ...
ဒီလိုနေရာမှာ ရစ် ရင် အရှက်တွေ ကွဲသွားနိုင်သည်လေ...
" ဒါဆိုလည်း ကူညီဦး ... Roy ရေ သူနဲ့သာ လိုက်သွားတော့"
" ဟုတ်... ကဲ့ပါ အစ်ကို"
ကြွေ စကားကြော ထပ်အရှည်မခံတော့ပဲ ကားကို မောင်းထွက်လာခဲ့လိုက်သည်။
နှုတ်ခမ်းကို တင်းတင်းစေ့လျက် အပိုစကား တစ်ခွန်းမှမဆိုပဲ မောင်းလာပြီး ...
မြို့ထဲကျတဲ့တစ်နေရာ အရောက်မှာတော့ ကားရပ်လိုက်သည်။
" ဆင်းတော့..."
" ဘာ?"
" ဆင်းတော့လို့ ပြောနေတာ"
ထိုအခါခနဲ့တဲ့တဲ့ရယ်သံနဲ့အတူ...
" ခြေထောက်နာနေတဲ့ သူကို ဒီလို လုပ်ရက်တယ်ပေါ့လေ"
ကြွေကလည်း အပြုံးလေးနဲ့အတူ
" show လုပ်ပြနေလည်း ဒီနေရာမှာ ကြည့်မယ့်သူမရှိဘူး တော်လိုက်တော့"
ထိုအခါ ချက်ချင်းပြောင်းလဲသွားတဲ့ Roy ရဲ့မျက်နှာ...
" မင်းက ဘာလဲ ကြွေကြိုး? ကို သွန်းမာန်ကိြ မင်းတစ်ယောက်တည်း ပိုင်ဆိုင်နိုင်မယ်ထင်နေတာလား??"
" မထင်ပါဘူး... လိုချင်ရင် ရအောင်ယူပေါ့"
" ဟ... ဒါဆိုလည်း ငါ့နည်းလမ်းတွေမှာ လာဝင်မရှုပ်နဲ့လေ"
" လူ တစ်ယောက်ရဲ့ စိတ်ဝင်စားမှုခံရအောင် ကြိုးစားခွင့်ရှိသလို ဉာဏ်နီ ဉာဏ်နက် သုံးလို့လည်းရတယ်
ဒါပေမယ့် အကွက်တွေက သိပ်ရိုးနေရင်တော့ လှည့်ကွက်သိနေပြီးသား ခပ်ရိုးရိုး မျက်လှည့်ပြကွက်လို စိတ်ပျက်စရာသက်သက်ပဲ..."
တစ်လုံးချင်း အေးဆေးစွာ ပြောနေတဲ့ ကြွေ့ ပုံစံကြောင့် Roy အနည်းငယ် စိတ်တိုစ ပြုလာရသည်။
" မင်းငါ့ကို စိန်ခေါ်နေတာလား ကြွေကြိုး?"
" စိန်ခေါ်တယ် ထင်လည်း အနိုင်ရအောင် ကြိုးစားကြည့်ပေါ့ ဒါပေမယ့် ကြိုးစားတယ်ဆိုတာ ပန်းတိုင်ရောက်ဖို့ တော်တော်လေးလိုနေသေးတာ သိထားသင့်တယ်"
ကြွေ့ကို စူးစူးရဲရဲ တစ်ချက်စိုက်ကြည့်ပြီး
ကားပေါ်ကနေ ချက်ချင်းဆင်းသွားတဲ့ Roy...
Roy ဆင်းသွားတာနဲ့ ချက်ချင်း ကားမောင်းထွက်လာတဲ့ကြွေ......
အသုံးမဝင်တဲ့ မာယာလေး လက်တစ်ဆုပ်လောက်နဲ့ ငါ့အတ္တကို ထိပါးဖို့ မကြံလေနဲ့...
နောင်တချည်းသက်သက် ပြန်ရလိမ့်မယ်...
ထို့အတူ...
ကြွေ့ကားကို စိုက်ကြည့်နေတဲ့ Roy စိတ်ထဲမှာလည်း
" ယောက်ျားတွေရဲ့ ပတ်သတ်မှု အဓိက လိုအပ်ချက်က ဘာဆိုတာ မင်းသိအောင် ငါလုပ်ပြမယ် ကြွေကြိုး မင်းစောင့်နေလိုက်..."
~~~~~~~~~~~~~~~~~~~~~~~~~~
tbc.
thanks for lovely my creations
i'll try more than more to best
N.S.P
6.7.2018
10:52 P.M
notice**
ဝေဖန်မှုများအား မျှော်လင့်နေကြောင်း
ကြွေလေးကို ချစ်ပေးကြပါဦးနော်…