" ဒီေန႕ ဘယ္သြားဖို႕အစီစဥ္ရွိလဲ ကိုးမာန္?"
ႀကိဳးေလးရဲ႕ အေမးစကားေႀကာင့္ သြန္းမာန္ စားလက္စ ကို လက္စသပ္လိုက္သည္။
တစ္ခ်က္စဥ္းစားလိုက္ျပီး...
" ဒီေန႕ ပုဂံ ျမိဳ႕ထဲက ဘုရားေတြ လိုက္ဖူးၾကမယ္ေလ ~~ မနက္ျဖန္မွ စြယ္ေတာ္ ေလးဆူ ဖူးၾကတာေပါ့"
coffee ခြက္ေလးကို ေမႊရင္း ေခါင္း တျငိမ့္ျငိမ့္ နဲ႕ နားေထာင္ေနတဲ႔ ႀကိဳးေလး...
အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႕ သြန္းမာန္ ရွိရာကို လိုက္လာတဲ႔ ႀကိဳးေလး...
စိတ္ျမန္ပံုကေတာ့ သြန္းမာန္သစ္တို႕လက္လန္ရပါသည္။
" အရင္ဆံုး မင္းအတြက္ အဝတ္စား အရင္ဝယ္ရမယ္ ထင္တယ္ ႀကိဳးေလး"
" မလိုပါဘူး ~ ဝန္ထမ္းေတြကို ပုဂံေရာက္ အမွတ္တရ အက်ီ ၤေတြဝယ္ခိုင္းထားတယ္ ခဏေန လာပို႕လိမ့္မယ္"
သြန္းမာန္က ေတြးရံုသာရွိေသး ႀကိဳးေလးက အေကာင္ထည္ ေဖာ္ျပီးေနျပီ......
အသက္ႀကီးေတာ့လည္း လူငယ္ကို ဘယ္လိုက္မွီပါ့မလဲေလ......
" ႀကိဳးေလး ..."
" ခင္ဗ်ားေမးမွာကို သိေနတယ္ ကိုးမာန္... မေမးနဲ႕ေနာ္ ..."
coffee အေသာက္မပ်က္ ေျပာေနပံုက သြန္းမာန္ကို ပို အသည္းယားေစသည္ေလ
" ေမးေတာ့ ဘာျဖစ္လဲ?"
ထိုအခါ အျပံဳးဟု မဆိုသာေသာ အျပံဳးတစ္ခု နဲ႕အတူ တံု႕ျပန္လာတာက...
" ခင္ဗ်ား ခ်က္ခ်င္းကို ေမးမိတာ အတြက္ ေနာင္တ ရလိမ့္မယ္"
" မင္းက အလာႀကီးပဲ ... ဆိုစမ္းပါဦး မင္းဘာလို႕ငါေနာက္လိုက္လာရတာလဲ? ပံုမွန္ဆို မင္း ဒီလို အလည္ပတ္ သြားရတာ မႀကိဳက္ဘူးမလား?"
" အလည္ပတ္ သြားရတာ မႀကိဳက္ပါဘူး...... ခင္ဗ်ားနဲ႕ အတူရွိေနရတာကို သေဘာက်လို႕ လိုက္လာတာ..."
ခ်က္ခ်င္းမ်က္ႏွာ တည္သြားတဲ႔ ကိုးမာန္ကို ႀကည့္ျပီး ေႀကြ ရယ္လိုက္မိသည္။
" သတိေပးသားပဲ ေနာင္တရမွာပါဆို ..."
" ေပါက္ကရေတြေျပာမေနနဲ႕ေတာ့ ျမန္ျမန္စား သြားဖို႕လာဖို႕ရွိေသးတယ္"
စကားလမ္းေၾကာင္း လႊဲသြားတဲ႔ ကိုးမာန္...
ေႀကြ သိတာေပါ့...
ေႀကြ စိတ္ယိုင္လာမွာကို သိပ္ေႀကာက္ေနတဲ႔ ကိုးမာန္......
စိုးရိမ္ေနတဲ႔ မ်က္ႏွာနဲ႕ တြန္းဖယ္ရခက္ေနဟန္ ကိုးမာန္ ပံုစံက တကယ့္ကို ရယ္ရေနတာ.........
ခင္တြယ္ေနမိတာ မွန္ေပမယ့္ အခုခ်ိန္ထိေတာ့ ယိမ္းယိုင္ဖို႕ စိတ္မရွိေသး
ေႀကာက္တက္လြန္းရင္ ပို အေျခာက္ခံရတက္တယ္ ......ကိုးမာန္
ခင္ဗ်ား ေသြးပ်က္သြားေအာင္ ေျခာက္လန္႕ခ်င္မိတာ ...... ေပ်ာ္ဖို႕ေကာင္းမွာပဲ။
တကယ္ေတာ့......
.
.
.
.
ခင္ဗ်ားနဲ႕ အတူရွိေနတဲ႔ အခ်ိန္က ကိုယ့္ အေႀကာင္းကို ေမ့ထားႏိုင္တဲ႔ အခိုက္တန္႕ ျဖစ္ေနလို႕......
လိုခ်င္ျပီးရင္း လိုခ်င္ေနမိတာ......
ဒါ...... ေႀကြ႕ရဲ႕ေလာဘ.........။
~~~~~~~~~~~~~~~~~~~
ထုထည္ ႀကီးမားလြန္းတဲ႔ ' ဓမၼရံႀကီး' ေစတီေတာ္ကို ေႀကြ မ်က္စိတဆံုး ေမာ့ႀကည့္လိုက္မိသည္။
ခမ္းနားလြန္းတာမ်ိဳးထက္ အႏုစိတ္လွေသာ လက္ရာ အေငြ႕သက္ေတြကို ေႀကြ သေဘာက်ေနမိသည္။
" ဓမၼရံႀကီး ရဲ႕ သမိုင္းေႀကာင္းကို သိလား ႀကိဳးေလး?"
ေႀကြ ေခါင္းခါျပလိုက္သည္။
အႀကည့္ေတြကေတာ့ ေစတီေတာ္ႀကီး ဆီကမေရြ႕......
" ဒီ ဓမၼရံႀကီး သမိုင္းေျကာင္းက ငါစိတ္ဝင္စားဆံုး သမိုင္းေႀကာင္းေတြထဲက တစ္ခုပဲ......"
" သိရင္လည္း ေျပာျပေလဗ်ာ ...... နိဒါန္းပ်ိဳးေနတာနဲ႕ ေနဝင္ေတာ့မယ္"
ေႀကြ႕ရဲ႕ ရြဲ႕တဲ႔တဲ႔ စကားေႀကာင့္ သြန္းမာန္ ရယ္လိုက္မိသည္။
ဒီေကာင္ေလးရဲ႕ ဆြဲေဆာင္မႈက ဒီလို အေပါက္ဆိုးတာပဲျဖစ္ရမည္......
" ဒီ ေစတီကို တည္ခဲ႔တာက အေလာင္းစည္သူမင္းႀကီးရဲ႕ သားငယ္ နရသူမင္း တည္ထားခဲ႔တာ......
နရသူမင္းက ေဒါသႀကီးျပီး မေကာင္းမႈေတြ လုပ္ခဲ႔တာေတြအတြက္ ေကာင္းမႈ တစ္ခုျပန္လုပ္မယ္ စဥ္းစားျပီး တိုင္းျပည္ အႏွံ႕က ပန္းရံဆရာေတြ ဆင့္ေခၚျပီး ဒီ ဓမၼရံႀကီး ဘုရားကို ေဆာက္လုပ္ေစခဲ႔တယ္.........
နရသူမင္းက နဂိုကတည္းက ေစ့စပ္ေတာ့ ေဆာက္ျပီးသမွွွ်ကို အပ္တစ္ေခ်ာင္းနဲ႕ အုပ္ႀကားမွာ ထိုးျပီး စစ္ေဆးတယ္တဲ႔ေလ......
အပ္ထိုးဝင္လို႕ကေတာ့ အေမးျမန္းမရွိ ေနရာမွာတင္ ကြပ္မ်က္ပစ္တာ......"
သြန္းမာန္ စကားခဏရပ္ျပီး ႀကိဳးေလးကို ႀကည့္လိုက္ေတာ့ ...
အုပ္ခ်ပ္ေတြကို ေသခ်ာလိုက္ျကည့္ေနတဲ႔ ႀကိဳးေလး......
" နရသူမင္းက ေႀကာက္ဖို႕ေကာင္းတယ္မလား ႀကိဳးေလး?"
" မေကာင္းပါဘူး...... ဘုရင္ လူသတ္တာ ထူးဆန္းတာမွ မဟုတ္တာ... ဘုရင္ေနရာရဖို႕ သမိုင္းမတင္ထားတဲ႔ လူသတ္မႈေတြ မေရမတြက္ႏိုင္ေအာင္ ရွိေနမွာပဲကို...... ဒီေလာက္က ဘာမွ မဟုတ္ဘူး"
တကယ့္ေကာင္ေလးပဲ...
သြန္းမာန္ ဆက္မေျပာေတာ့ပဲ ခုန သမိုင္းေျကာင္းသာ ဆက္ေျပာလိုက္သည္။
" အဲ႔တာနဲ႕ ပန္းရံဆရာေတြလည္း ထြက္ေျပးတဲ႔ သူကေျပး ျဖစ္ကုန္ေတာ့ လူအင္အားမေလာက္ပဲ ေစတီႀကီးက မျပီးပဲ ျဖစ္ေနေရာ...... အဲ႔မွာ နရသူကို ပညာေပးခ်င္တဲ႔ အမတ္တစ္ေယာက္က ဒီေစတီကို သူေဆာက္ေပးပါ့မယ္ ေျပာျပီး ေသခ်ာေလး ေဆာက္ေပးတယ္......
ဘုရင္ေမာ့ႀကည့္လို႕မရႏိုင္တဲ႕ ေနရာမွာ အပ္တစ္ေခ်ာင္းထိုးစာ ခ်န္ခဲ႔ျပီး ထြက္ေျပးတယ္......
အဲ႔မွာ နရသူလည္း ေဒါသထြက္ျပီး ဒီေစတီကို ထီးေတာ္မတင္ပဲ ထားခဲ႔တာ......"
" ဒါ ကေတာ့ လြန္တာေပါ့..."
တစ္ခ်ိန္လံုးျငိမ္နားေထာင္ေနရာက အသံထြက္လာတဲ႕ ႀကိဳးေလး...
" ဘာကို လဲ ႀကိဳးေလးရဲ႕?"
" ကိုယ္ဖန္တီးမယ့္အရာ ကို သာလြန္ေစခ်င္လို႕ ထားတဲ႔ အတၱကို နားလည္နိုင္ေပမယ့္ ...... ထီးေတာ္မတင္ပဲ ထားခဲ႔ေတာ့ အလကားသတ္သတ္ ပင္ပန္းခဲ႔ရျပီး ႏွေျမာစရာ ေကာင္းသြားတာေပါ့...... "
" ဒါကေတာ့ နရသူက ေဒါသႀကီးတာကိုးကြ"
" ဒါဆိုလည္း သူ႕ေဒါသကို ဟိုလူလည္က်တဲ႕ အမတ္ေပၚ ပံုခ်မွေပါ့ဗ် ... ဒီ အုပ္ခ်ပ္ေတြမွာ အျပစ္မွ မရွိတာ...... "
ေႀကြ အုပ္ခ်ပ္ေတြကို ထိေတြ႕ရင္း တိုးတိုးေလးေျပာလိုက္မိသည္။
" မယ္မယ္ရရ အေျကာင္းမရွိတဲ႔ ျပသနာအခ်ိဳ႕မွာ အဓိကသူေတြထက္ ႀကားေနေတြက ဓါးစာခံျဖစ္ရတာ ...... မတရားဘူးေလ..."
" ဒါေတြရဲ႕ တရားခံက အတၱပဲေလ ႀကိဳးေလးရဲ႕... အတၱဖံုးလႊမ္းလာတဲ႔အခါ အျပစ္ရွာမရတဲ႔ ျပသနာေတြ ျဖစ္လာတက္တယ္ ...... အဲ႔ဒါရဲ႕ အက်ိဳးဆက္က အခုလို ႏွေျမာတသ ျဖစ္စရာေတြျဖစ္လာေတာ့တာပဲေလ......"
" ဒါဆို အဲ႔ အတၱ ဆိုတာ မရွိရင္ ေကာင္းမွာလား?"
" အဲ႔လိုလည္း ဘယ္ဟုတ္ပါ့မလဲ ႀကိဳးေလးရယ္......
ေလာကျကီးက ဟန္ခ်က္ညီဖို႕ အေကာင္းအဆိုး ဒြန္တြဲေနမွ ျဖစ္မွာ......
ေကာင္းတာေတြခ်ည္းပဲ ျဖစ္ေနရင္ တစ္ဖက္ေစာင္းနင္းျဖစ္ကုန္ေတာ့မွာေပါ့"
ကိုးမာန္ စကားေၾကာင့္ ေႀကြ မဲ႔ျပံဳးေလးျပံဳးလိုက္မိသည္။
" အေကာင္းအဆိုး ဒြန္တြဲေနတဲ႕ ေလာကႀကီး ဟန္ခ်က္ညီဖို႕ အတၱ ေတြ ...ပူေလာင္မႈေတြ...မ်က္ရည္က်တဲ႔ သူေတြ က်ိန္းေသ ရွိမွ ျဖစ္မွာေပါ့ေလ...... မဆိုးပါဘူး
ေလာကႀကီး အတြက္ အေရးပါတဲ႕ ကဏၰ က ပါဝင္ခြင့္ရတာ ဂုဏ္ယူရမွာေပါ့"
ရယ္က်ဲက်ဲေလသံနဲ႕ ဘုရားထဲ က ထြက္သြားတဲ႔ ႀကိဳးေလးကို ႀကည့္ျပီး ကိုးမာန္ ေခါင္းခါလိုက္မိသည္။
အေတြးမ်ားလြန္းတဲ႔ ႀကိဳးေလး......။
~~~~~~~~~~~~~~~~~~~~~
" ရာဇကုမာရ္ က ဘယ္သူလဲ ကိုးမာန္?"
ျမေစတီ ေက်ာက္စာကို ၾကည့္ေနရင္း ရုတ္တရက္ ေမးခြန္းထုတ္လာတဲ႔ ႀကိဳးေလး...
" က်န္စစ္သားရဲ႕ သားဆိုတဲ႔ ကေလးေတာင္ သိတဲ႔ အေျဖ လာမေျဖနဲ႕ေနာ္ ကိုးမာန္..."
ေျဖခါနီးဆဲဆဲ ကိုးမာန္ ပါးစပ္ပိတ္သြားရသည္။
ေျဖမိရင္ အရွက္က ကြဲဦးမွာ......
" ဒီ ရာဇကုမာရ္ ေက်ာက္စာနဲ႕ ပတ္သတ္ျပီး ပေဟဠိ ၁၀ ခ်က္ မက ရွိတယ္ ... အဲ႔ထဲကမွ ကြ်န္ေတာ္ အသိခ်င္ဆံုးေမးခြန္းက ရာဇကုမာရ္ ဘယ္ေပ်ာက္သြားတာလဲ ဆိုတာပဲ..."
သမိုင္းေလ့လာေနတဲ႔ သြန္းမာန္ေတာင္ ႀကိဳးေလး စကားကို စိတ္ဝင္စားသြားရသည္။
ဘုရင္အျဖစ္က လြဲခဲ႔ရေသာ ရာဇကုမာရ္ အေၾကာင္းကို ဒီေက်ာက္စာကလြဲလို႕ တျခားက်မ္းစာေတြမွာလည္း ေဖာ္ျပေလ့မရွိခဲ႔...
ဒါကို ႀကိဳးေလးက စိတ္ဝင္စားတာတဲ့လား...
" ရာဇ ဆိုတဲ႔နာမည္ရွိပါလ်က္ အိမ္ေရွ႕မင္းသားအရာ မရခဲ႔တာျမန္မာ့သမိုင္းမွာ မေတြ႕ဖူးခဲ႔ဘူး......
သူပိုင္ဆိုင္သမွ် အကုန္ လွဴဒါန္းခဲ႔ျပီး သူေပ်ာက္သြားခဲ႔တာ သူ႕ရဲ႕ ေရာင့္ရဲမႈကို အဆံုးထိ ျပဖို႕ရည္ရြယ္ခဲ႔တာလား......
ဒါမွမဟုတ္ တူေတာ္ အေလာင္းစည္သူနဲ႕သူ႕ရဲ႕ ႀကားက ခံစားခ်က္ကို သိေစခ်င္တာလား?"
သြန္းမာန္ ခဏတာ ဆြ႔ံအသြား မိသည္။
ဒီအေႀကာင္းက ဒီေလာက္ ေလးေလးနက္နက္ ေတြးလို႕ရတယ္တဲ႔လား.........
" ေတြးလို႕ရသေလာက္ အေျဖရွာရခက္တဲ႔ အေၾကာင္းပဲ ကိုးမာန္... နရသူမင္း က ခမည္းေတာ္ အေလာင္းစည္သူကို ေရႊဂူ ဘုရားမွာ လုပ္ႀကံခဲ႔တဲ႔ အေျကာင္းအရာ ထိ
မွတ္တမ္းတင္ခဲ႔ႏိုင္တဲ႕ ပုဂံေခတ္မွာ ေက်ာက္စာ တစ္ခ်ပ္ကလြဲလို႕ .........
မွတ္တမ္းတင္ထားျခင္းမရွိတဲ႔ ရာဇကုမာရ္ရဲ႕ ဘဝကို ကြ်န္ေတာ္ ပိုစိတ္ဝင္စားမိတယ္ ကိုးမာန္"
သြန္းမာန္ ေက်ာက္စာကို လွည့္ပတ္ႀကည့္ေနမိသည္။
ႀကိဳးေလးေျပာသလိုပဲ ဒီေက်ာက္စာတစ္ခ်ပ္နဲ႕ သိခ်င္စိတ္ေတြ တိုးလာရတာ ရာဇကုမာရ္ ရဲ႕ တကယ့္ အေၾကာင္းက ဘာမ်ားျဖစ္မလဲ?
" ေကာင္းတာပဲ လုပ္လုပ္ ဆိုးတာပဲလုပ္လုပ္
အဆံုးစြန္ထိ သြားႏိုင္တဲ႔သူက သမိုင္းမွာ မွတ္တမ္းတင္ခံရတာပါပဲ...... လုပ္ရပ္ကပဲ သမိုင္းေႀကာင္းကို ေပၚလြင္ေစတာ...
ဒါေပမယ့္...
ကြ်န္ေတာ္က သူ႕လို လူမ်ိဳးျဖစ္ခ်င္တယ္ ဘယ္သူကမွ တိတိက်က် မသိႏိုင္တဲ႔ ျဖစ္တည္မႈ ပေဟဠိ အျပည့္နဲ႕ ဘယ္သူမွ နားလည္မေပးႏိုင္တဲ႔ ပံုစံမ်ိဳး......"
ေႀကြ အေတြးနဲ႕အတူ ပုဂံေလကို တစ္ဝႀကီး ရွဴရႈိက္လိုက္မိသည္။
ေပါ့ပါးလြန္းတဲ႔ ခံစားခ်က္...
ပုဂံ ခရီးက စိတ္ဝင္စားစရာေကာင္းလိုက္တာ...
ေရႊ ေရာင္ မလႊမ္းေသာ္လည္း တန္ဖိုးတက္ေနဆဲ...အုပ္ခ်ပ္မ်ား......
အုပ္ခ်ပ္ မ်ားကို လႊမ္းၿခံဳေနတဲ႔ သမိုင္းေနာက္ေၾကာင္းမ်ား......
ဒါ ပုဂံျပည္ရဲ႕ ထူးျခားခ်က္ ...
~~~~~~~~~~~~~~~~~~~~~
ေရႊဆံေတာ္ဘုရားမွာ sunset ႀကည့္ဖို႕ ႏွစ္ေယာက္သား ထိုင္ေနရင္း သြန္းမာန္ စကား စလိုက္မိသည္။
ေက်ာက္စာၾကည့္ျပီး ျပန္လာကတည္းက ႏွစ္ေယာက္လံုး သမိုင္းေျကာင္းမွာ ေမ်ာျပီး အေတြး ကိုယ္စီနဲ႕ စကားမေျပာျဖစ္တာ......
စကားမစခင္ သြန္းမာန္ ႀကိဳးေလးကို ႀကည့္လိုက္ေတာ့ ေနမင္းရွိရာ မ်က္ႏွာမူထားတဲ႔ ႀကိဳးေလး...... ပခံုးအထက္ ဆံႏြယ္ေတြက မ်က္ႏွာအေပၚ ဝဲက်ေနတာ...
ပုဂံျပည္ရဲ႕ ညေနခင္း ပန္ခ်ီကားတစ္ခ်ပ္ အလား...
ဒီခရီးမွာ ဒီေကာင္ေလးရဲ႕ စိတ္အေျခေနကို တက္ႏိုင္သေလာက္ျပဳျပင္ေပးဖို႕ သြန္းမာန္ ေတြးထားမိသည္။
" ႀကိဳးေလး..."
" ကြ်န္ေတာ္က ခင္ဗ်ားကို ဝဇီပိတ္ က်င့္ေနျပီမွတ္တာ..."
ေပါက္ကရေတြခ်ည္းေျပာေနေတာ့တာပဲ......
" ဒီေန႕ ခရီးထြက္ရတာ ေပ်ာ္လား?"
" ေပ်ာ္တယ္ ေျပာလည္း အတိတ္ျဖစ္သြားျပီေလ ... အခုကေတာ့ျငိမ္းခ်မ္းေနတယ္စိတ္ေရာ ကိုယ္ေရာ..."
" မင္း အခုလို ျပံဳးေနတာ တကယ္ အျပစ္ကင္းတယ္ ႀကိဳးေလး"
" ဟုတ္လား ... အဲ႔ဒါ ခင္ဗ်ားေႀကာင့္ ျဖစ္မယ္ ကိုးမာန္"
"ႀကိဳးေလး... ကိုယ့္ရဲ႕စိတ္အေျခေနက ကိုယ္သတ္မွတ္တဲ႔အေပၚပဲ မူတည္တာ...... ဘယ္သူ႕ေျကာင့္မွ မဟုတ္ဘူး"
ေႀကြ လွည့္ၾကည့္လိုက္ေတာ့ ...... အနည္းငယ္ ထိုင္းမႈိင္းေနတဲ႔ မ်က္ဝန္းနဲ႕ ကိုးမာန္
" အေႀကာင္းမရွိပဲ အက်ိဳးျဖစ္မလာဘူး ကိုးမာန္
အဲ႔အေျကာင္းျဖစ္လာေအာင္လည္း လူကပဲလုပ္တာ..."
" အဲ႔လိုအျပစ္တင္ေနရင္ သံသရာက ျပီးပါဦးမလား ႀကိဳးေလးရယ္ ...
အေတြးေတြ အေဝးႀကီး ေရာက္သြားတက္တဲ႔ မင္းကို ျမင္ရတာ ငါတကယ္ ေနလို႕မတက္ဘူး ႀကိဳးေလး ... "
ဒုကၡရွာလြန္းတဲ႔ ကိုးမာန္ ပါလားေနာ္...
ကာယကံရွင္ ျဖစ္တဲ႔ ေႀကြကေတာ့ အေတြးေတြထဲ ေနသားကို က်လို႕...
" ငါ နဲ႕ မင္း အမွတ္မထင္ ေတြ႕ဆံုျကတယ္ ဆိုေပမယ့္ အခုခ်ိန္မွာ ငါနဲ႕ မင္းရဲ႕ ခင္မင္မႈကို ငါယံုလို႕ ငါ ဒီစကားေတြ ေျပာေနရတာ... ငါမင္းကို ေပ်ာ္ေနတာပဲျမင္ခ်င္တယ္"
" ေပ်ာ္ေနတာ ျမင္ခ်င္ရင္ ေပ်ာ္ေအာင္ထားေလ ကိုးမာန္...... "
ျငိမ္က်သြားျပန္တဲ႔ ကိုးမာန္...
" မဖန္တီးေပးႏိုင္ရင္ အလိုက္သင့္ေနေပးရတယ္ဗ်... စိတ္ဆႏၵ ျပင္းျပတိုင္း ေတာင္းတဲ႔ဆု ျပည့္မယ္ဆို ဒီေလာကမွာ ဘုရားေတြ အမ်ားႀကီး ပြင့္ေနေလာက္ျပီ......"
သြန္းမာန္ သက္ျပင္းခ်လိုက္ရင္း...
" ငါ ဒီေန႕ မင္းနဲ႕ အတူရွိေနရင္းမင္းကို ေတာ္ေတာ္ နားလည္ျပီ ထင္ထားတာ ... ငါ မင္းကို နားလည္ဖို႕ လိုေသးတယ္ထင္တယ္ ငါ မင္းကို္ ေဝဖန္မိတာsorry ပဲ ႀကိဳးေလး"
ေႀကြ ေနဝင္တဲ႔ ဘက္ကို မ်က္ႏွာ ျပန္မူလိုက္ျပီး
" အတူ ရွိျပီး ေဝးကြာေနတဲ႔ လူေတြ အမ်ားႀကီးပါ ကိုးမာန္ ... ခင္ဗ်ားနဲ႕ ကြ်န္ေတာ္လိုေပါ့ ေဘးခ်င္းယွဥ္ရပ္ထိုင္ျပီး နားလည္ဖို႕ အလွမ္းေဝးေနသလိုမ်ိဳး......
ကြ်န္ေတာ့္ကို အခ်ိန္ယူျပီး နားလည္ေအာင္ လုပ္ေလ...... ခင္ဗ်ားေဘးမွာ ေနလို႕ရသမွ် ေနေနမွာမို႕လို႔ ...... ျဖည္းျဖည္းခ်င္းေလ့လာေပါ့"
ေနာက္ဆံုးေတာ့လည္း လက္မလႊတ္ႏိုင္သည့္ သြန္းမာန္ ပဲ အေလွ်ာ့ေပးလိုက္ရတာ...
ငါ မင္းကို ဒီလိုပံုမ်ိဳးနဲ႕ေတာ့ လႊတ္မထားႏိုင္ဘူး ႀကိဳးေလး...
.
.
.
.
ငါ့ဦးေႏွာက္က ခြင့္မျပဳဘူး။
~~~~~~~~~~~~~~~~~~~~~
tbc.
thanks for lovely my creations.
i'll try more than more to best
N.S.P
9.6.2018
5:20 P.M
notice*
ဒီအပိုင္းက သမိုင္းေျကာင္းေတြပိုမ်ားသြားတယ္
ရႈပ္သြားေစရင္ ေတာင္းပန္ပါတယ္ဗ်ာ...
Historical source from.
ပုဂံနန္းတြင္းေရးႏွင့္ ရာဇကုမာန္ by နီတြတ္ ( သမိုင္းပါေမာကၡ )
သမိုင္း ပံုရိပ္
" ဒီနေ့ ဘယ်သွားဖို့အစီစဉ်ရှိလဲ ကိုးမာန်?"
ကြိုးလေးရဲ့ အမေးစကားကြောင့် သွန်းမာန် စားလက်စ ကို လက်စသပ်လိုက်သည်။
တစ်ချက်စဉ်းစားလိုက်ပြီး...
" ဒီနေ့ ပုဂံ မြို့ထဲက ဘုရားတွေ လိုက်ဖူးကြမယ်လေ ~~ မနက်ဖြန်မှ စွယ်တော် လေးဆူ ဖူးကြတာပေါ့"
coffee ခွက်လေးကို မွှေရင်း ခေါင်း တငြိမ့်ငြိမ့် နဲ့ နားထောင်နေတဲ့ ကြိုးလေး...
အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ သွန်းမာန် ရှိရာကို လိုက်လာတဲ့ ကြိုးလေး...
စိတ်မြန်ပုံကတော့ သွန်းမာန်သစ်တို့လက်လန်ရပါသည်။
" အရင်ဆုံး မင်းအတွက် အဝတ်စား အရင်ဝယ်ရမယ် ထင်တယ် ကြိုးလေး"
" မလိုပါဘူး ~ ဝန်ထမ်းတွေကို ပုဂံရောက် အမှတ်တရ အကျီ ၤတွေဝယ်ခိုင်းထားတယ် ခဏနေ လာပို့လိမ့်မယ်"
သွန်းမာန်က တွေးရုံသာရှိသေး ကြိုးလေးက အကောင်ထည် ဖော်ပြီးနေပြီ......
အသက်ကြီးတော့လည်း လူငယ်ကို ဘယ်လိုက်မှီပါ့မလဲလေ......
" ကြိုးလေး ..."
" ခင်ဗျားမေးမှာကို သိနေတယ် ကိုးမာန်... မမေးနဲ့နော် ..."
coffee အသောက်မပျက် ပြောနေပုံက သွန်းမာန်ကို ပို အသည်းယားစေသည်လေ
" မေးတော့ ဘာဖြစ်လဲ?"
ထိုအခါ အပြုံးဟု မဆိုသာသော အပြုံးတစ်ခု နဲ့အတူ တုံ့ပြန်လာတာက...
" ခင်ဗျား ချက်ချင်းကို မေးမိတာ အတွက် နောင်တ ရလိမ့်မယ်"
" မင်းက အလာကြီးပဲ ... ဆိုစမ်းပါဦး မင်းဘာလို့ငါနောက်လိုက်လာရတာလဲ? ပုံမှန်ဆို မင်း ဒီလို အလည်ပတ် သွားရတာ မကြိုက်ဘူးမလား?"
" အလည်ပတ် သွားရတာ မကြိုက်ပါဘူး...... ခင်ဗျားနဲ့ အတူရှိနေရတာကို သဘောကျလို့ လိုက်လာတာ..."
ချက်ချင်းမျက်နှာ တည်သွားတဲ့ ကိုးမာန်ကို ကြည့်ပြီး ကြွေ ရယ်လိုက်မိသည်။
" သတိပေးသားပဲ နောင်တရမှာပါဆို ..."
" ပေါက်ကရတွေပြောမနေနဲ့တော့ မြန်မြန်စား သွားဖို့လာဖို့ရှိသေးတယ်"
စကားလမ်းကြောင်း လွှဲသွားတဲ့ ကိုးမာန်...
ကြွေ သိတာပေါ့...
ကြွေ စိတ်ယိုင်လာမှာကို သိပ်ကြောက်နေတဲ့ ကိုးမာန်......
စိုးရိမ်နေတဲ့ မျက်နှာနဲ့ တွန်းဖယ်ရခက်နေဟန် ကိုးမာန် ပုံစံက တကယ့်ကို ရယ်ရနေတာ.........
ခင်တွယ်နေမိတာ မှန်ပေမယ့် အခုချိန်ထိတော့ ယိမ်းယိုင်ဖို့ စိတ်မရှိသေး
ကြောက်တက်လွန်းရင် ပို အခြောက်ခံရတက်တယ် ......ကိုးမာန်
ခင်ဗျား သွေးပျက်သွားအောင် ခြောက်လန့်ချင်မိတာ ...... ပျော်ဖို့ကောင်းမှာပဲ။
တကယ်တော့......
.
.
.
.
ခင်ဗျားနဲ့ အတူရှိနေတဲ့ အချိန်က ကိုယ့် အကြောင်းကို မေ့ထားနိုင်တဲ့ အခိုက်တန့် ဖြစ်နေလို့......
လိုချင်ပြီးရင်း လိုချင်နေမိတာ......
ဒါ...... ကြွေ့ရဲ့လောဘ.........။
~~~~~~~~~~~~~~~~~~~
ထုထည် ကြီးမားလွန်းတဲ့ ' ဓမ္မရံကြီး' စေတီတော်ကို ကြွေ မျက်စိတဆုံး မော့ကြည့်လိုက်မိသည်။
ခမ်းနားလွန်းတာမျိုးထက် အနုစိတ်လှသော လက်ရာ အငွေ့သက်တွေကို ကြွေ သဘောကျနေမိသည်။
" ဓမ္မရံကြီး ရဲ့ သမိုင်းကြောင်းကို သိလား ကြိုးလေး?"
ကြွေ ခေါင်းခါပြလိုက်သည်။
အကြည့်တွေကတော့ စေတီတော်ကြီး ဆီကမရွေ့......
" ဒီ ဓမ္မရံကြီး သမိုင်းကြောင်းက ငါစိတ်ဝင်စားဆုံး သမိုင်းကြောင်းတွေထဲက တစ်ခုပဲ......"
" သိရင်လည်း ပြောပြလေဗျာ ...... နိဒါန်းပျိုးနေတာနဲ့ နေဝင်တော့မယ်"
ကြွေ့ရဲ့ ရွဲ့တဲ့တဲ့ စကားကြောင့် သွန်းမာန် ရယ်လိုက်မိသည်။
ဒီကောင်လေးရဲ့ ဆွဲဆောင်မှုက ဒီလို အပေါက်ဆိုးတာပဲဖြစ်ရမည်......
" ဒီ စေတီကို တည်ခဲ့တာက အလောင်းစည်သူမင်းကြီးရဲ့ သားငယ် နရသူမင်း တည်ထားခဲ့တာ......
နရသူမင်းက ဒေါသကြီးပြီး မကောင်းမှုတွေ လုပ်ခဲ့တာတွေအတွက် ကောင်းမှု တစ်ခုပြန်လုပ်မယ် စဉ်းစားပြီး တိုင်းပြည် အနှံ့က ပန်းရံဆရာတွေ ဆင့်ခေါ်ပြီး ဒီ ဓမ္မရံကြီး ဘုရားကို ဆောက်လုပ်စေခဲ့တယ်.........
နရသူမင်းက နဂိုကတည်းက စေ့စပ်တော့ ဆောက်ပြီးသမျှကို အပ်တစ်ချောင်းနဲ့ အုပ်ကြားမှာ ထိုးပြီး စစ်ဆေးတယ်တဲ့လေ......
အပ်ထိုးဝင်လို့ကတော့ အမေးမြန်းမရှိ နေရာမှာတင် ကွပ်မျက်ပစ်တာ......"
သွန်းမာန် စကားခဏရပ်ပြီး ကြိုးလေးကို ကြည့်လိုက်တော့ ...
အုပ်ချပ်တွေကို သေချာလိုက်ကြည့်နေတဲ့ ကြိုးလေး......
" နရသူမင်းက ကြောက်ဖို့ကောင်းတယ်မလား ကြိုးလေး?"
" မကောင်းပါဘူး...... ဘုရင် လူသတ်တာ ထူးဆန်းတာမှ မဟုတ်တာ... ဘုရင်နေရာရဖို့ သမိုင်းမတင်ထားတဲ့ လူသတ်မှုတွေ မရေမတွက်နိုင်အောင် ရှိနေမှာပဲကို...... ဒီလောက်က ဘာမှ မဟုတ်ဘူး"
တကယ့်ကောင်လေးပဲ...
သွန်းမာန် ဆက်မပြောတော့ပဲ ခုန သမိုင်းကြောင်းသာ ဆက်ပြောလိုက်သည်။
" အဲ့တာနဲ့ ပန်းရံဆရာတွေလည်း ထွက်ပြေးတဲ့ သူကပြေး ဖြစ်ကုန်တော့ လူအင်အားမလောက်ပဲ စေတီကြီးက မပြီးပဲ ဖြစ်နေရော...... အဲ့မှာ နရသူကို ပညာပေးချင်တဲ့ အမတ်တစ်ယောက်က ဒီစေတီကို သူဆောက်ပေးပါ့မယ် ပြောပြီး သေချာလေး ဆောက်ပေးတယ်......
ဘုရင်မော့ကြည့်လို့မရနိုင်တဲ့ နေရာမှာ အပ်တစ်ချောင်းထိုးစာ ချန်ခဲ့ပြီး ထွက်ပြေးတယ်......
အဲ့မှာ နရသူလည်း ဒေါသထွက်ပြီး ဒီစေတီကို ထီးတော်မတင်ပဲ ထားခဲ့တာ......"
" ဒါ ကတော့ လွန်တာပေါ့..."
တစ်ချိန်လုံးငြိမ်နားထောင်နေရာက အသံထွက်လာတဲ့ ကြိုးလေး...
" ဘာကို လဲ ကြိုးလေးရဲ့?"
" ကိုယ်ဖန်တီးမယ့်အရာ ကို သာလွန်စေချင်လို့ ထားတဲ့ အတ္တကို နားလည်နိုင်ပေမယ့် ...... ထီးတော်မတင်ပဲ ထားခဲ့တော့ အလကားသတ်သတ် ပင်ပန်းခဲ့ရပြီး နှမြောစရာ ကောင်းသွားတာပေါ့...... "
" ဒါကတော့ နရသူက ဒေါသကြီးတာကိုးကွ"
" ဒါဆိုလည်း သူ့ဒေါသကို ဟိုလူလည်ကျတဲ့ အမတ်ပေါ် ပုံချမှပေါ့ဗျ ... ဒီ အုပ်ချပ်တွေမှာ အပြစ်မှ မရှိတာ...... "
ကြွေ အုပ်ချပ်တွေကို ထိတွေ့ရင်း တိုးတိုးလေးပြောလိုက်မိသည်။
" မယ်မယ်ရရ အကြောင်းမရှိတဲ့ ပြသနာအချို့မှာ အဓိကသူတွေထက် ကြားနေတွေက ဓါးစာခံဖြစ်ရတာ ...... မတရားဘူးလေ..."
" ဒါတွေရဲ့ တရားခံက အတ္တပဲလေ ကြိုးလေးရဲ့... အတ္တဖုံးလွှမ်းလာတဲ့အခါ အပြစ်ရှာမရတဲ့ ပြသနာတွေ ဖြစ်လာတက်တယ် ...... အဲ့ဒါရဲ့ အကျိုးဆက်က အခုလို နှမြောတသ ဖြစ်စရာတွေဖြစ်လာတော့တာပဲလေ......"
" ဒါဆို အဲ့ အတ္တ ဆိုတာ မရှိရင် ကောင်းမှာလား?"
" အဲ့လိုလည်း ဘယ်ဟုတ်ပါ့မလဲ ကြိုးလေးရယ်......
လောကကြီးက ဟန်ချက်ညီဖို့ အကောင်းအဆိုး ဒွန်တွဲနေမှ ဖြစ်မှာ......
ကောင်းတာတွေချည်းပဲ ဖြစ်နေရင် တစ်ဖက်စောင်းနင်းဖြစ်ကုန်တော့မှာပေါ့"
ကိုးမာန် စကားကြောင့် ကြွေ မဲ့ပြုံးလေးပြုံးလိုက်မိသည်။
" အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကကြီး ဟန်ချက်ညီဖို့ အတ္တ တွေ ...ပူလောင်မှုတွေ...မျက်ရည်ကျတဲ့ သူတွေ ကျိန်းသေ ရှိမှ ဖြစ်မှာပေါ့လေ...... မဆိုးပါဘူး
လောကကြီး အတွက် အရေးပါတဲ့ ကဏ္ဏ က ပါဝင်ခွင့်ရတာ ဂုဏ်ယူရမှာပေါ့"
ရယ်ကျဲကျဲလေသံနဲ့ ဘုရားထဲ က ထွက်သွားတဲ့ ကြိုးလေးကို ကြည့်ပြီး ကိုးမာန် ခေါင်းခါလိုက်မိသည်။
အတွေးများလွန်းတဲ့ ကြိုးလေး......။
~~~~~~~~~~~~~~~~~~~~~
" ရာဇကုမာရ် က ဘယ်သူလဲ ကိုးမာန်?"
မြစေတီ ကျောက်စာကို ကြည့်နေရင်း ရုတ်တရက် မေးခွန်းထုတ်လာတဲ့ ကြိုးလေး...
" ကျန်စစ်သားရဲ့ သားဆိုတဲ့ ကလေးတောင် သိတဲ့ အဖြေ လာမဖြေနဲ့နော် ကိုးမာန်..."
ဖြေခါနီးဆဲဆဲ ကိုးမာန် ပါးစပ်ပိတ်သွားရသည်။
ဖြေမိရင် အရှက်က ကွဲဦးမှာ......
" ဒီ ရာဇကုမာရ် ကျောက်စာနဲ့ ပတ်သတ်ပြီး ပဟေဠိ ၁၀ ချက် မက ရှိတယ် ... အဲ့ထဲကမှ ကျွန်တော် အသိချင်ဆုံးမေးခွန်းက ရာဇကုမာရ် ဘယ်ပျောက်သွားတာလဲ ဆိုတာပဲ..."
သမိုင်းလေ့လာနေတဲ့ သွန်းမာန်တောင် ကြိုးလေး စကားကို စိတ်ဝင်စားသွားရသည်။
ဘုရင်အဖြစ်က လွဲခဲ့ရသော ရာဇကုမာရ် အကြောင်းကို ဒီကျောက်စာကလွဲလို့ တခြားကျမ်းစာတွေမှာလည်း ဖော်ပြလေ့မရှိခဲ့...
ဒါကို ကြိုးလေးက စိတ်ဝင်စားတာတဲ့လား...
" ရာဇ ဆိုတဲ့နာမည်ရှိပါလျက် အိမ်ရှေ့မင်းသားအရာ မရခဲ့တာမြန်မာ့သမိုင်းမှာ မတွေ့ဖူးခဲ့ဘူး......
သူပိုင်ဆိုင်သမျှ အကုန် လှူဒါန်းခဲ့ပြီး သူပျောက်သွားခဲ့တာ သူ့ရဲ့ ရောင့်ရဲမှုကို အဆုံးထိ ပြဖို့ရည်ရွယ်ခဲ့တာလား......
ဒါမှမဟုတ် တူတော် အလောင်းစည်သူနဲ့သူ့ရဲ့ ကြားက ခံစားချက်ကို သိစေချင်တာလား?"
သွန်းမာန် ခဏတာ ဆွံ့အသွား မိသည်။
ဒီအကြောင်းက ဒီလောက် လေးလေးနက်နက် တွေးလို့ရတယ်တဲ့လား.........
" တွေးလို့ရသလောက် အဖြေရှာရခက်တဲ့ အကြောင်းပဲ ကိုးမာန်... နရသူမင်း က ခမည်းတော် အလောင်းစည်သူကို ရွှေဂူ ဘုရားမှာ လုပ်ကြံခဲ့တဲ့ အကြောင်းအရာ ထိ
မှတ်တမ်းတင်ခဲ့နိုင်တဲ့ ပုဂံခေတ်မှာ ကျောက်စာ တစ်ချပ်ကလွဲလို့ .........
မှတ်တမ်းတင်ထားခြင်းမရှိတဲ့ ရာဇကုမာရ်ရဲ့ ဘဝကို ကျွန်တော် ပိုစိတ်ဝင်စားမိတယ် ကိုးမာန်"
သွန်းမာန် ကျောက်စာကို လှည့်ပတ်ကြည့်နေမိသည်။
ကြိုးလေးပြောသလိုပဲ ဒီကျောက်စာတစ်ချပ်နဲ့ သိချင်စိတ်တွေ တိုးလာရတာ ရာဇကုမာရ် ရဲ့ တကယ့် အကြောင်းက ဘာများဖြစ်မလဲ?
" ကောင်းတာပဲ လုပ်လုပ် ဆိုးတာပဲလုပ်လုပ်
အဆုံးစွန်ထိ သွားနိုင်တဲ့သူက သမိုင်းမှာ မှတ်တမ်းတင်ခံရတာပါပဲ...... လုပ်ရပ်ကပဲ သမိုင်းကြောင်းကို ပေါ်လွင်စေတာ...
ဒါပေမယ့်...
ကျွန်တော်က သူ့လို လူမျိုးဖြစ်ချင်တယ် ဘယ်သူကမှ တိတိကျကျ မသိနိုင်တဲ့ ဖြစ်တည်မှု ပဟေဠိ အပြည့်နဲ့ ဘယ်သူမှ နားလည်မပေးနိုင်တဲ့ ပုံစံမျိုး......"
ကြွေ အတွေးနဲ့အတူ ပုဂံလေကို တစ်ဝကြီး ရှူရှိုက်လိုက်မိသည်။
ပေါ့ပါးလွန်းတဲ့ ခံစားချက်...
ပုဂံ ခရီးက စိတ်ဝင်စားစရာကောင်းလိုက်တာ...
ရွှေ ရောင် မလွှမ်းသော်လည်း တန်ဖိုးတက်နေဆဲ...အုပ်ချပ်များ......
အုပ်ချပ် များကို လွှမ်းခြုံနေတဲ့ သမိုင်းနောက်ကြောင်းများ......
ဒါ ပုဂံပြည်ရဲ့ ထူးခြားချက် ...
~~~~~~~~~~~~~~~~~~~~~
ရွှေဆံတော်ဘုရားမှာ sunset ကြည့်ဖို့ နှစ်ယောက်သား ထိုင်နေရင်း သွန်းမာန် စကား စလိုက်မိသည်။
ကျောက်စာကြည့်ပြီး ပြန်လာကတည်းက နှစ်ယောက်လုံး သမိုင်းကြောင်းမှာ မျောပြီး အတွေး ကိုယ်စီနဲ့ စကားမပြောဖြစ်တာ......
စကားမစခင် သွန်းမာန် ကြိုးလေးကို ကြည့်လိုက်တော့ နေမင်းရှိရာ မျက်နှာမူထားတဲ့ ကြိုးလေး...... ပခုံးအထက် ဆံနွယ်တွေက မျက်နှာအပေါ် ဝဲကျနေတာ...
ပုဂံပြည်ရဲ့ ညနေခင်း ပန်ချီကားတစ်ချပ် အလား...
ဒီခရီးမှာ ဒီကောင်လေးရဲ့ စိတ်အခြေနေကို တက်နိုင်သလောက်ပြုပြင်ပေးဖို့ သွန်းမာန် တွေးထားမိသည်။
" ကြိုးလေး..."
" ကျွန်တော်က ခင်ဗျားကို ဝဇီပိတ် ကျင့်နေပြီမှတ်တာ..."
ပေါက်ကရတွေချည်းပြောနေတော့တာပဲ......
" ဒီနေ့ ခရီးထွက်ရတာ ပျော်လား?"
" ပျော်တယ် ပြောလည်း အတိတ်ဖြစ်သွားပြီလေ ... အခုကတော့ငြိမ်းချမ်းနေတယ်စိတ်ရော ကိုယ်ရော..."
" မင်း အခုလို ပြုံးနေတာ တကယ် အပြစ်ကင်းတယ် ကြိုးလေး"
" ဟုတ်လား ... အဲ့ဒါ ခင်ဗျားကြောင့် ဖြစ်မယ် ကိုးမာန်"
"ကြိုးလေး... ကိုယ့်ရဲ့စိတ်အခြေနေက ကိုယ်သတ်မှတ်တဲ့အပေါ်ပဲ မူတည်တာ...... ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး"
ကြွေ လှည့်ကြည့်လိုက်တော့ ...... အနည်းငယ် ထိုင်းမှိုင်းနေတဲ့ မျက်ဝန်းနဲ့ ကိုးမာန်
" အကြောင်းမရှိပဲ အကျိုးဖြစ်မလာဘူး ကိုးမာန်
အဲ့အကြောင်းဖြစ်လာအောင်လည်း လူကပဲလုပ်တာ..."
" အဲ့လိုအပြစ်တင်နေရင် သံသရာက ပြီးပါဦးမလား ကြိုးလေးရယ် ...
အတွေးတွေ အဝေးကြီး ရောက်သွားတက်တဲ့ မင်းကို မြင်ရတာ ငါတကယ် နေလို့မတက်ဘူး ကြိုးလေး ... "
ဒုက္ခရှာလွန်းတဲ့ ကိုးမာန် ပါလားနော်...
ကာယကံရှင် ဖြစ်တဲ့ ကြွေကတော့ အတွေးတွေထဲ နေသားကို ကျလို့...
" ငါ နဲ့ မင်း အမှတ်မထင် တွေ့ဆုံကြတယ် ဆိုပေမယ့် အခုချိန်မှာ ငါနဲ့ မင်းရဲ့ ခင်မင်မှုကို ငါယုံလို့ ငါ ဒီစကားတွေ ပြောနေရတာ... ငါမင်းကို ပျော်နေတာပဲမြင်ချင်တယ်"
" ပျော်နေတာ မြင်ချင်ရင် ပျော်အောင်ထားလေ ကိုးမာန်...... "
ငြိမ်ကျသွားပြန်တဲ့ ကိုးမာန်...
" မဖန်တီးပေးနိုင်ရင် အလိုက်သင့်နေပေးရတယ်ဗျ... စိတ်ဆန္ဒ ပြင်းပြတိုင်း တောင်းတဲ့ဆု ပြည့်မယ်ဆို ဒီလောကမှာ ဘုရားတွေ အများကြီး ပွင့်နေလောက်ပြီ......"
သွန်းမာန် သက်ပြင်းချလိုက်ရင်း...
" ငါ ဒီနေ့ မင်းနဲ့ အတူရှိနေရင်းမင်းကို တော်တော် နားလည်ပြီ ထင်ထားတာ ... ငါ မင်းကို နားလည်ဖို့ လိုသေးတယ်ထင်တယ် ငါ မင်းကို ဝေဖန်မိတာsorry ပဲ ကြိုးလေး"
ကြွေ နေဝင်တဲ့ ဘက်ကို မျက်နှာ ပြန်မူလိုက်ပြီး
" အတူ ရှိပြီး ဝေးကွာနေတဲ့ လူတွေ အများကြီးပါ ကိုးမာန် ... ခင်ဗျားနဲ့ ကျွန်တော်လိုပေါ့ ဘေးချင်းယှဉ်ရပ်ထိုင်ပြီး နားလည်ဖို့ အလှမ်းဝေးနေသလိုမျိုး......
ကျွန်တော့်ကို အချိန်ယူပြီး နားလည်အောင် လုပ်လေ...... ခင်ဗျားဘေးမှာ နေလို့ရသမျှ နေနေမှာမို့လို့ ...... ဖြည်းဖြည်းချင်းလေ့လာပေါ့"
နောက်ဆုံးတော့လည်း လက်မလွှတ်နိုင်သည့် သွန်းမာန် ပဲ အလျှော့ပေးလိုက်ရတာ...
ငါ မင်းကို ဒီလိုပုံမျိုးနဲ့တော့ လွှတ်မထားနိုင်ဘူး ကြိုးလေး...
.
.
.
.
ငါ့ဦးနှောက်က ခွင့်မပြုဘူး။
~~~~~~~~~~~~~~~~~~~~~
tbc.
thanks for lovely my creations.
i'll try more than more to best
N.S.P
9.6.2018
5:20 P.M
notice*
ဒီအပိုင်းက သမိုင်းကြောင်းတွေပိုများသွားတယ်
ရှုပ်သွားစေရင် တောင်းပန်ပါတယ်ဗျာ...
Historical source from.
ပုဂံနန်းတွင်းရေးနှင့် ရာဇကုမာန် by နီတွတ် ( သမိုင်းပါမောက္ခ )
သမိုင်း ပုံရိပ်