ကြွေကြိုး ေျကြျကိဳး (Zawgyi+U...

Von Lyne_Ne

460K 57.3K 8K

စိတ္ကူး အိမ္မက္ နဲ႕ လက္ေတြ႕ အားလံုးမွာ ျဖစ္တည္မႈက ခ်ည္ေနွာင္ထားတဲ႔ ႀကိဳး ေၾကြ ႀကိဳး စိတ်ကူး အိမ်မက် နဲ့ လက်တွ... Mehr

Teaser
Ep- 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Part - 25
Part - 26
Part -27
Part - 28
Part - 29
Part -30
Part - 31
Part - 32
Part-33 (X'mas Special)
Part - 34
Part-35
Part -36
Part- 37
part -38
Part -39
part -40
part -41
part -42
part -43
part -44
part - 45
part - 46
part - 47
part - 48
part - 49
part - 50
part - 51
Review time
Part - 52
Part - 53
Part - 54
Excuse!
Part - 55
Announce!
Part - 56
Thanks note
Part - 57 (Final Part)

Ep - 9

9.3K 1.1K 156
Von Lyne_Ne

" ေႀကြႀကိဳး ……??"

အဲ႔ေကာင္ေလး နာမည္က ေႀကြႀကိဳးတဲ႔လား…

" ဟုတ္တယ္ဟ… နာမည္ေလးကလည္း ဆန္း လူေလးကလည္းေဟာ့ ေတာ့ ေက်ာင္းမွာ popular ျဖစ္ေနတာေလ"

သြန္းမန္ … သူငယ္ခ်င္းျဖစ္သူ ႏွင္းရီ ရဲ႕စကားကို ေခါင္းျငိမ့္ျပီး ေထာက္ခံလိုက္သည္။
စကားစပ္မိရာက ဆရာမျဖစ္တဲ႔ နွင္းရိီ ဆီမွာ ေကာင္ေလးရဲ႕ နာမည္ကို စပ္စုေနမိတဲ႔ သြန္းမာန္……

ႏွင္းရီ ဆိုတာ သြန္းမာန္အတြက္ေတာ့ သူငယ္ခ်င္းေကာင္းတစ္ေယာက္……

သမိုင္းmajor မွာ ကထိက တစ္ေယာက္ျဖစ္ေနျပီျဖစ္တဲ႔ ႏွင္းရီ အတြက္ သြန္းမာန္က တစ္ခ်ိန္က အေရးပါတဲ႔ သူတစ္ေယာက္ျဖစ္ခဲ႔ဖူးသူ……

ဒါေပမယ့္လည္း ၾကာခဲ႔ပါျပီ……

ေတာ္ေတာ္ေလး ၾကာခဲ႔ျပီျဖစ္တဲ႔ အတိတ္ေန႔ေတြ………

အခုခ်ိန္မွာေတာ့ ႏွင္းရီလည္း အိမ္ေထာင္ဖက္ေကာင္း နဲ႕ ေတြ႕ျပီး…သားေလး တစ္ေယာက္ပင္ ရေနျပီဟု သြန္းမာန္ သိထားသည္ေလ……

" နင္… ဒီကို ေက်ာင္းတက္ဖို႕ပဲျပန္လာတာလား သြန္းမာန္?"

" ငါ မရွိခဲ႔တဲ႔ အခ်ိန္မွာ ေျပာင္းလဲသြားတာေလးေတြလည္း သိခ်င္လို႔ ျပန္လာတာ…… ေမေမတို႕က သိပ္မလႊတ္ခ်င္ဘူး"

ႏွင္းရီ မ်က္ႏွာ မေကာင္း ျဖစ္သြားရသည္။
သြန္းမာန္ မရွိခဲ႔တာ ဆယ္စုႏွစ္ ႏွစ္ခုစာ နီးနီးေလ…

" နင္ ေခါင္းေတြ ဘာေတြ မူးေသးလား သြန္းမာန္? နင္ အခ်ိန္ေတြ အျကာျကီး coma ဝင္ေနခဲ႔တာ……… အဲ႔အေျကာင္းေတြ ျပန္ျပန္ေတြးမိတိုင္း ငါ သူ႕ကို----"

" ႏွင္းရီ--"

ႏွင္းရီ စကားမဆံုးခင္ သြန္းမာန္ ျဖတ္ေျပာလိုက္သည္။

" နင္ ငါ့ကို ဘယ္ေလာက္ထိ စိတ္ပူေနခဲ႔မလဲ ငါသိပါတယ္ ႏွင္းရီ…… ဒါေပမယ့္ အားလံုးျပီးခဲ႔ျပီေလ …… ငါတို႔အားလံုး အေကာင္းဆံုးျဖတ္ေက်ာ္လာခဲ႔ျပီးျပီပဲ…… ျပီးေတာ့

သူက ငါ့ရဲ႕အခ်စ္ဦးေလ

ငါခ်စ္တဲ႕ သူကို …… ငါ့ကို ခ်စ္တဲ႔နင္က အေကာင္းျမင္ေပးပါ ႏွင္းရီ"

ႏွင္းရီ ရဲ႕မ်က္ဝန္းမွာ ဝမ္းနည္းျခင္းအရိပ္ေတြ ျဖတ္ေျပးသြားတာကို သြန္းမာန္ေတြ႕လိုက္ရသည္။

ဒါေပမယ့္…… သံုးဆယ္ေက်ာ္ အသက္ရဲ႕ ရင့္က်င္မႈနဲ႕ ႏွင္းရီ အေကာင္းဆံုး ျပန္တံု႕ျပန္လာပါသည္။

" နင္ နည္းနည္းေလးမွ မေျပာင္းလဲေသးဘူးပဲ…… ေအးပါဟာ ေနာက္လည္း အကူညီလိုရင္လာခဲ႔ … အသက္ ၃၀ ေက်ာ္ေနတဲ႔ ေက်ာင္းသားကို ဆရာမက ကူညီေပးမယ္ ဟုတ္ျပီလား……??"

" ဟားဟား ဟုတ္ပါျပီ …… ေနာက္မွေတြ႕မယ္"

ထြက္ သြားတဲ႔ သြန္းမာန္ကို ႏွင္းရီ ေဆြးေျမ့စြာ ျကည့္ေနလိုက္မိသည္။

အခုခ်ိန္ထိ ……
နင္ရဲ႕ ေတာင္းဆိုခ်က္ကမေျပာင္းလဲေသးဘူးပဲ သြန္းမာန္………

နင္ ခ်စ္တဲ႔သူမို႕ ခ်စ္ေပးရမည္တဲ႔လား……

ငါႀကိဳးစားေပးခဲ႔ပါတယ္ သြန္းမာန္……

နင့္ကို လည္း သူ႕ရဲ႕စက္ကြင္းထဲက ရုန္းထြက္ဖို႕ ႀကိဳးစားေစခ်င္မိတယ္ ………

ရုန္းထြက္သင့္ေနပါျပီ………

~~~~~~~~~~~~~~~~~~~
.
.
.
.
.

ေဖ်ာက္..

ေဖ်ာက္..

ေဖ်ာက္..
.
.
.
#ni fa ru xue qei mei le li bie~~~~~~

wo fan xiang gen duo le shei~~~~~

~~~~~ ~~~~~~ ~~~~~~

အျပင္က မိုးေရ တေဖ်ာက္ေဖ်ာက္ သံႏွင့္အတူ
ကုတင္ေပၚမွာ ဒူးေလးႏွစ္ေခ်ာင္းကို ပိုက္ကာ……

မ်က္လံုးေလးမွိတ္ သီခ်င္းေလး ညည္းေနတဲ႔ ေႀကြ႕ရဲ႕ အသံေလးက အခန္းအတြင္း ပ်ံ႕လြင့္လ်က္……

ကိုးမာန္ ေကာင္းမႈနဲ႕ ေႀကြ ထို Jay Chou သီခ်င္းေလးက္ို အႀကိဳက္ေတြ႕ေနတာ……

ပါးစပ္ကေန ထုတ္ညည္းမိသည္ အထိပင္။

သီခ်င္း ညည္းမိတိုင္းလည္း ကိုးမာန္ ကိုျမင္ေယာင္ျပီး ျပံဳးေနမိတဲ႔ ေႀကြ……

ေတာ္ေသးသည္။
အခန္းထဲမွာ ေႀကြ တစ္ေယာက္တည္း ရွိေနလို႔သာ……

အခုလို လူတစ္ေယာက္အေျကာင္း ေတြးေနမိတဲ႕ ေႀကြ႕ ပံုကို ဘယ္သူကိုမွ မျမင္ေစခ်င္။

လူ႕စိတ္ဆိုတာလည္း အခက္သား……

သီခ်င္းေလး ညည္းမိရံုနဲ႕ တစ္စံုတစ္ေယာက္ကို သတိရမိတာ……

သတိရလို႕ ေတြးမိရင္လည္း အလိုလို ျပံဳးေနမိတာမ်ိဳး………

ဒါေပမယ့္ ဦးေႏွာက္က ထို႕ထက္ပိုမလာေအာင္ေတာ့ အခ်ိန္မီ တားဆီးေပးေနက်……

လူတစ္ေယာက္ကို လိုတာထက္ပိုျပီး စိတ္ထဲ ေနရာေပးမိတဲ႔ အဆံုးသတ္က ေပ်ာ္ရႊင္ခ်င္း သက္သက္ မဟုတ္တာကို ေတာ့ ေႀကြ နားလည္ပါေသးသည္။

ကိုးမာန္ ……
အခုခ်ိန္ထိေတာ့ ေႀကြ႕ အတြက္ ဘာမွ မဟုတ္ေသး……

မႈိင္းစြဲေနတဲ႔ ေႀကြ႕အေတြးေတြကို တစ္ခါတစ္ရံ ႀကည္လင္ေစေသာ အမွတ္တရ အခ်ိဳ႕ရဲ႕ ပိုင္ရွင္…

ထိုစဥ္…

ေဒါက္ ေဒါက္!

တံခါးေခါက္သံ နဲ႕အတူ ေႀကြ႕ အခန္းထဲဝင္လာေသာ Daddy~~

ေႀကြ ကေတာ့ ေနျမဲအတိုင္း မလႈပ္မယွက္ ……
သီခ်င္းနားေထာင္မပ်က္…

" သား Daddy စကားခဏေလာက္ ေျပာခ်င္လို႕"

ထိုအခါ ေႀကြ နားျကပ္ကို ျဖဳတ္ရင္း…

" ေျပာေလ Daddy"

" Daddy Bangkok ကို ခရီးထြက္မလို႕ သားဘာမွာဦးမလဲ?"

ေႀကြ အၾကည့္ေတြကို အျပင္ဘက္က ရြာေနတဲ႔ မိုးေရေတြဆီ ပို႕လိုက္ျပီး…

" Bangkok မသြားခင္ ရန္ကုန္က သံေယာဇဥ္ အမွ်င္ေတြကို ရွင္းရွင္းလင္းလင္း လုပ္ခဲ႔ေနာ္ Daddy~~~ အိမ္ေရာက္လာရင္ေတာ့ ရဲစခန္းပို႔ပစ္မွာ"

" အဲ႔လို ကိစၥေတြ မရွိေစရပါဘူး ေႀကြရယ္"

ေႀကြ မဲ႔ျပံဳးျပံဳးလိုက္မိသည္။

အဲ႔လို ကိစၥမရွိေစရပါဘူး လို႕ ေျပာတဲ႔သူေတြကပဲ အဲ႔လို ကိစၥ ေတြျဖစ္ေအာင္ ဖန္တီးတက္ျကတာ……

ကတိေပးတဲ႔ သူေတြကပဲ ကတိကို ေဖာက္ဖ်က္ၾကတာ……

ေပးထားတဲ႔ ကတိမရွိရင္ ေဖာက္ဖ်က္စရာ အေႀကာင္းလည္းမရွိ……

" ဒါဆို Daddy ညေန flight နဲ႕ Company ကေန တန္းသြားေတာ့မယ္… Daddy စိတ္ခ်မယ္ေနာ္ သား"

ေႀကြ Daddy ကို လွည့္မျကည့္ပဲ လက္နဲ႕ OK' sign သာ လုပ္ျပလိုက္သည္။

တိတ္ဆိတ္ေနေသာ အခန္းမွာ Daddy ရဲ႕ သက္ျပင္းခ်သံ နဲ႕
အခန္းတံခါးပိတ္သံက
ေရွ႕ဆင့္ေနာက္ဆင့္ဆိုသလို ထြက္လာျပီးေနာက္……

အခန္းေလးက နဂိုအတိုင္း တိတ္ဆိတ္သြားေလသည္။

ျပတင္းေပါက္ မွန္မွာ က်ေနတဲ႔ မိုးေရေတြကို ၾကည့္ရင္း ေႀကြ ေဖ်ာ့ေဖ်ာ့ေလး ျပံဳးလိုက္မိသည္။

" ဒီတစ္ခါလည္း ျပန္လာမယ့္ရက္ ေျပာမသြားျပန္ဘူးပဲ~~~ "

ေႀကြ႕ အျပံဳးမွာ နာက်င္မႈ အရိပ္ေလးေတြ ျဖတ္ေျပးလ်က္။

ထို႕ေနာက္ မ်က္ႏွာကို ဒူးေခါင္းဆီ အပ္ျပီး ေႀကြျငိမ္ေနလိုက္မိသည္။

Daddy ေႀကြ႕ကို အာရံုေနာက္ေအာင္ လုပ္သြားျပန္ျပီ………။

~~~~~~~~~~~~~~~~~~~

မိုးေရထဲ ထီးတစ္ေခ်ာင္းနဲ႕ ေႀကြ ဦးတည္ေနတာက ထံုးစံအတိုင္း Pinky Cafe ဆိုင္သို႕……

Daddy ေႀကာင့္ ေနာက္သြားတဲ႔ အာရံုေတြကို ေျဖဖို႕ coffee တစ္ခြက္က အသင့္ေတာ္ဆံုး…

coffee ဆိုင္ ဆိုမွ ကိုးမာန္မ်ား ေရာက္ႏွင့္ေနမလား မသိ…

မခ်ိန္းထားပဲနဲ႕ ေတြ႕ဆံုတဲ႕ ဆံုေတြ႕မႈေတြက ေရစက္ဆိုလွ်င္ေတာင္မွ ကိုးမာန္ ႏွင့္ ေႀကြရဲ႕ ေရစက္ကေတာ့ ဆံုႏိုင္လြန္းပါသည္။

ေဟာ…… ေႀကြ ျပံဳးေနမိျပန္ျပီ။

ကိုးမာန္ ဆိုေသာ သူနဲ႕ေတာ့ ျပသနာပါပဲ……
သူ႕အေျကာင္းေတြးမိရံုနဲ႕တင္ ေႀကြ ျပံဳးေနမိျပန္ျပီ…

အရူးလိုပဲ……

ေတြးရင္း နဲ႕ေလွ်ာက္လာစဥ္…
coffee ဆိုင္ ရွိရာ လမ္းထိပ္သို႕ အေရာက္
လမ္းတစ္ဖက္က ေလွ်ာက္လာတဲ႕ Mommy နဲ႕ မင္းဂုဏ္ေရာင္……

မူလတန္း ကေလး ေက်ာင္းႀကိဳလာသလို
မိုးကာ ဝတ္ထားတဲ႔ မင္းဂုဏ္ေရာင္ကို ဂရုတစိုက္ ထီးမိုးေပးေနေသာ mommy…

အထူးသျဖင့္ ထီးတစ္ေခ်ာင္းကို ႏွစ္ေယာက္အတူ မလံုမလဲ ေဆာင္းလာျပီး ေႏြးေထြးမႈ ဆိုတာႀကီးကို မွ်ေဝေနၾကတာ……

ေႀကြ႕ကို ျမင္ပံုမရပဲ ေက်ာ္သြားသည့္ လူႏွစ္ေယာက္ကို ေႀကြ မ်က္စိတဆံုး ေငးၾကည့္ေနမိရင္း……

ရင္ထဲ စို႔နင့္လာေသာ ခံစားခ်က္……

မိုးရြာေနတာေၾကာင့္ ခံစားခ်က္က ပို လြယ္ေနသလား မေျပာတက္

ေႀကြ ေငးေနရင္း……
.
.
.
.

တီ !! တီ!!

ဝုန္း!!

ကားဟြန္းတီးသံနဲ႕ အတူ ေႀကြ႕ကို လွမ္းဆြဲလိုက္ေသာ လက္တစ္စံု…

ႏွစ္ေယာက္သား လမ္းေဘးကို လဲက်သြားသည့္တိုင္ ေႀကြ႕ အာရံုေတြ စုစည္းလို႕မရေသး…

" မင္း အာရံုေတြ ဘယ္ေရာက္ေနတာလဲ??? တစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ ……

ႀကိဳးေလး…!!"

ဟင္?

ႀကိဳးေလး??

ဒီလူ ငါ့ကို ဘယ္လိုေခၚလိုက္တာပါလိမ့္??

ေႀကြ ၾကည့္လိုက္ေတာ့ ……
ေႀကြ႕ကို စိုးရိမ္ ေဒါသတျကီး စိုက္ၾကည့္ေနေသာ … ကိုးမာန္

ကိုးမာန္ …… ဒီလူ ေရာက္လာျပန္ျပီ

" မိုးေရထဲ အရူးလို ဘာလို႕ေၾကာင္ျပီး ရပ္ေနရတာလဲ?? မင္းကို ဒီလိုပံုမ်ိဳးနဲ႕ျမင္ရတာ ငါဘယ္ေလာက္ စိတ္ပူသြားလဲ သိလား ႀကိဳးေလး!!"

စိတ္ပူတယ္တဲ႕လား……

ႀကိဳးေလး ဆိုေသာ နာမ္စားေလးကလည္း ေႏြးေထြးေစသလို……
စကားေတြကလည္း ဘာေႀကာင့္မွန္းမသိ
ကိုးမာန္ ရဲ႕ စိတ္ရင္းမွန္ ဟု ထင္ေနရသည္ေလ…

စိတ္ရင္းအမွန္နဲ႕ စိတ္ပူေပးတာတဲ႕လား……
အဲ႔ဒါကလည္း ေႀကြႀကိဳးဆိုတဲ႕ ကြ်န္ေတာ့္ကိုတဲ႔……

ေႀကြ မသိလိုက္ခင္ အခ်ိန္မွာပင္ မ်က္ဝန္းကေန မ်က္ရည္ တစ္ခ်ိဳ႕ က်ဆင္းသြားရေလသည္။

" ဟင္?? ႀကိဳးေလး မင္းငိုေနတယ္??"

ထိုအခါမွ ေႀကြ အသိဝင္လာျပီး လဲက်ေနရာက ခ်က္ခ်င္း လူးလဲထလိုက္သည္။

" ငိုေနတာ မဟုတ္ဘူး ~~~ မိုးရြာလို႕ မိုးေရေတြ မ်က္လံုးထဲဝင္လာတာ…"

ေႀကြ အျမန္ ဒီေနရာကေန အျမန္ထြက္သြားမွျဖစ္မည္။

ေႀကြ႕ရဲ႕ က်ဆံုးေနသည့္ ပံုရိပ္ကို ကိုးမာန္ ျမင္မိမလို ျဖစ္သြားျပီေလ……

" ငိုတာ ရွက္စရာ မဟုတ္ဘူး~~~ ႀကိဳးေလး မင္းငိုတာကိုလည္း ငါ အျပစ္ေျပာမွာမဟုတ္ဘူး ငါလုပ္ေပးႏိုင္တာ လုပ္ေပးဖို႕ ရွိေနမွာ"

" ေမွ်ာ္လင့္ခ်က္ ေပးေနတာလား ကိုးမာန္?? ခင္ဗ်ား အျမင္မွာ ေတာ္ေတာ္ေလး သနားစရာေကာင္းေနလို႕လား??"

" မင္း ငါ့ကို အထင္မလြဲပါနဲ႕… မင္းအေၾကာင္းလည္း ငါမသိဘူး ဒါေပမယ့္ ငါသိတဲ႔ မင္းကို ဒီလို ေမွ်ာ္လင့္ခ်က္ မဲ႔တဲ႔ပံုနဲ႕ မျမင္ခ်င္ဘူး……
လူဆိုတာ ေမွ်ာ္လင့္ခ်က္နဲ႕ ရွင္သန္ရတာ…"

လာျပန္ျပီ…
ရယ္ရတဲ႔ ဟာသတစ္မ်ိဳး …

" ေမွ်ာ္လင့္ခ်က္???
ကြ်န္ေတာ္သိတဲ႕
ေမွ်ာ္လင့္ခ်က္ ဆိုတာ သူေတာင္းစားခြက္ထဲက ပိုက္ဆံ အေႀကြလိုပါပဲ ……သူေတာင္းစားကို ပိုက္ဆံ… ထည့္လိုက္တဲ႔သူအတြက္ မသိသာတဲ႔ ပမာဏ ဆိုေပမယ့္ ပိုင္ဆိုင္ရလိုက္သူအတြက္ အဖိုးတန္ေနတာမ်ိဳး……

ေမွ်ာ္လင့္ခ်က္ ဆိုတာလည္း ေပးတဲ႔ သူအတြက္ ဘာမွမဟုတ္ ေပမယ့္... ပိုင္ဆိုင္ လိုက္ရသူအတြက္က မဆံုးႏိုင္တဲ႔ အိမ္မက္မက္ခြင့္ရႏိုင္တာမ်ိဳး……

ပိုက္ဆံအေျကြနဲ႕ တိုက္ေတြ ကားေတြ မရႏိုင္သလို ……

ေပးခဲ႕တဲ႔ ေမွ်ာ္လင့္ခ်က္ေလးနဲ႕လည္း ဘာမွရမလာႏိုင္ပါဘူး ……"

ကိုးမာန္ အံ႔အားသင့္သြားဟန္ ႏွင့္ ျငိမ္သြားေလသည္။

ေႀကြ ေျပာျပီးတာႏွင့္ ကိုးမာန္ကို ေက်ာခိုင္းျပီး ျပန္ရန္ ေျခလွမ္းျပင္လိုက္စဥ္…

" မင္းေခါင္းထဲ ဘာေတြ ေတြးေနမလဲဆိုတာ ငါတကယ္သိခ်င္မိတယ္ ႀကိဳးေလး"

စကားတစ္ခြန္းနဲ႕ ေႀကြ႕ ေျခလွမ္းေတြရပ္ေအာင္ လုပ္လိုက္ျပန္ျပီ..

" ကြ်န္ေတာ္လည္း သိခ်င္တယ္… ကိုယ့္ကိုယ္ကိုယ္ေတာင္ နားမလည္တာ ခင္ဗ်ားက နားလည္ခ်င္ေယာင္ ေဆာင္ျပီး သိသလိုလို လာမလုပ္နဲ႕……

ခင္ဗ်ား ေသျပီး ျပန္ရွင္လာရင္ေတာင္ ကြ်န္ေတာ့္ကို နားလည္မွာမဟုတ္ဘူး…"

ထိုမွ်သာေျပာျပီး ေႀကြ ေက်ာခိုင္းလာလိုက္သည္။

အဲ႔ေနရာမွာပဲ ရပ္ျပီး က်န္ခဲ႔ပါ ကိုးမာန္…

ေႀကြ ႀကိဳးရဲ႕ ရႈံးနိမ့္မႈ မ်က္ႏွာ အစစ္အမွန္ကို ဒီ႕ထက္ပိုျပီး ျမင္ရဖို႕ မျကိဳးစားပါနဲ႕…။
.
.
.
.
.
ေႀကြ ႀကိဳးက ဘာအတြက္နဲ႕မွွ ရံႈးနိမ့္မႈကို ဝန္ခံမွာ မဟုတ္ဘူး…။

~~~~~~~~~~~~~~~~~
tbc.
thanks for lovely my readers
please'be more and more love my creations~~
I'll try to my best
N.S.P
28.5.2018
2:30 P.M

*media မွာ ေႀကြ နားေထာင္တဲ႕ Jay Chou ရဲ႕ Hair like snow ဆိုတဲ႔ သီခ်င္းေလးထည့္ေပးထားပါတယ္~~~
နားေထာင္ျပီး ဖတ္ေပးရင္း ေကာင္းမြန္တဲ႔ အခ်ိန္ေလး ပိုင္ဆိုင္ႏိုင္ၾကပါေစ*

" ကြွေကြိုး ……??"

အဲ့ကောင်လေး နာမည်က ကြွေကြိုးတဲ့လား…

" ဟုတ်တယ်ဟ… နာမည်လေးကလည်း ဆန်း လူလေးကလည်းဟော့ တော့ ကျောင်းမှာ popular ဖြစ်နေတာလေ"

သွန်းမန် … သူငယ်ချင်းဖြစ်သူ နှင်းရီ ရဲ့စကားကို ခေါင်းငြိမ့်ပြီး ထောက်ခံလိုက်သည်။
စကားစပ်မိရာက ဆရာမဖြစ်တဲ့ နှင်းရီ ဆီမှာ ကောင်လေးရဲ့ နာမည်ကို စပ်စုနေမိတဲ့ သွန်းမာန်……

နှင်းရီ ဆိုတာ သွန်းမာန်အတွက်တော့ သူငယ်ချင်းကောင်းတစ်ယောက်……

သမိုင်းmajor မှာ ကထိက တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ နှင်းရီ အတွက် သွန်းမာန်က တစ်ချိန်က အရေးပါတဲ့ သူတစ်ယောက်ဖြစ်ခဲ့ဖူးသူ……

ဒါပေမယ့်လည်း ကြာခဲ့ပါပြီ……

တော်တော်လေး ကြာခဲ့ပြီဖြစ်တဲ့ အတိတ်နေ့တွေ………

အခုချိန်မှာတော့ နှင်းရီလည်း အိမ်ထောင်ဖက်ကောင်း နဲ့ တွေ့ပြီး…သားလေး တစ်ယောက်ပင် ရနေပြီဟု သွန်းမာန် သိထားသည်လေ……

" နင်… ဒီကို ကျောင်းတက်ဖို့ပဲပြန်လာတာလား သွန်းမာန်?"

" ငါ မရှိခဲ့တဲ့ အချိန်မှာ ပြောင်းလဲသွားတာလေးတွေလည်း သိချင်လို့ ပြန်လာတာ…… မေမေတို့က သိပ်မလွှတ်ချင်ဘူး"

နှင်းရီ မျက်နှာ မကောင်း ဖြစ်သွားရသည်။
သွန်းမာန် မရှိခဲ့တာ ဆယ်စုနှစ် နှစ်ခုစာ နီးနီးလေ…

" နင် ခေါင်းတွေ ဘာတွေ မူးသေးလား သွန်းမာန်? နင် အချိန်တွေ အကြာကြီး coma ဝင်နေခဲ့တာ……… အဲ့အကြောင်းတွေ ပြန်ပြန်တွေးမိတိုင်း ငါ သူ့ကို----"

" နှင်းရီ--"

နှင်းရီ စကားမဆုံးခင် သွန်းမာန် ဖြတ်ပြောလိုက်သည်။

" နင် ငါ့ကို ဘယ်လောက်ထိ စိတ်ပူနေခဲ့မလဲ ငါသိပါတယ် နှင်းရီ…… ဒါပေမယ့် အားလုံးပြီးခဲ့ပြီလေ …… ငါတို့အားလုံး အကောင်းဆုံးဖြတ်ကျော်လာခဲ့ပြီးပြီပဲ…… ပြီးတော့

သူက ငါ့ရဲ့အချစ်ဦးလေ

ငါချစ်တဲ့ သူကို …… ငါ့ကို ချစ်တဲ့နင်က အကောင်းမြင်ပေးပါ နှင်းရီ"

နှင်းရီ ရဲ့မျက်ဝန်းမှာ ဝမ်းနည်းခြင်းအရိပ်တွေ ဖြတ်ပြေးသွားတာကို သွန်းမာန်တွေ့လိုက်ရသည်။

ဒါပေမယ့်…… သုံးဆယ်ကျော် အသက်ရဲ့ ရင့်ကျင်မှုနဲ့ နှင်းရီ အကောင်းဆုံး ပြန်တုံ့ပြန်လာပါသည်။

" နင် နည်းနည်းလေးမှ မပြောင်းလဲသေးဘူးပဲ…… အေးပါဟာ နောက်လည်း အကူညီလိုရင်လာခဲ့ … အသက် ၃၀ ကျော်နေတဲ့ ကျောင်းသားကို ဆရာမက ကူညီပေးမယ် ဟုတ်ပြီလား……??"

" ဟားဟား ဟုတ်ပါပြီ …… နောက်မှတွေ့မယ်"

ထွက် သွားတဲ့ သွန်းမာန်ကို နှင်းရီ ဆွေးမြေ့စွာ ကြည့်နေလိုက်မိသည်။

အခုချိန်ထိ ……
နင်ရဲ့ တောင်းဆိုချက်ကမပြောင်းလဲသေးဘူးပဲ သွန်းမာန်………

နင် ချစ်တဲ့သူမို့ ချစ်ပေးရမည်တဲ့လား……

ငါကြိုးစားပေးခဲ့ပါတယ် သွန်းမာန်……

နင့်ကို လည်း သူ့ရဲ့စက်ကွင်းထဲက ရုန်းထွက်ဖို့ ကြိုးစားစေချင်မိတယ် ………

ရုန်းထွက်သင့်နေပါပြီ………

~~~~~~~~~~~~~~~~~~~
.
.
.
.
.

ဖျောက်..

ဖျောက်..

ဖျောက်..
.
.
.
#ni fa ru xue qei mei le li bie~~~~~~

wo fan xiang gen duo le shei~~~~~

~~~~~ ~~~~~~ ~~~~~~

အပြင်က မိုးရေ တဖျောက်ဖျောက် သံနှင့်အတူ
ကုတင်ပေါ်မှာ ဒူးလေးနှစ်ချောင်းကို ပိုက်ကာ……

မျက်လုံးလေးမှိတ် သီချင်းလေး ညည်းနေတဲ့ ကြွေ့ရဲ့ အသံလေးက အခန်းအတွင်း ပျံ့လွင့်လျက်……

ကိုးမာန် ကောင်းမှုနဲ့ ကြွေ ထို Jay Chou သီချင်းလေးကို အကြိုက်တွေ့နေတာ……

ပါးစပ်ကနေ ထုတ်ညည်းမိသည် အထိပင်။

သီချင်း ညည်းမိတိုင်းလည်း ကိုးမာန် ကိုမြင်ယောင်ပြီး ပြုံးနေမိတဲ့ ကြွေ……

တော်သေးသည်။
အခန်းထဲမှာ ကြွေ တစ်ယောက်တည်း ရှိနေလို့သာ……

အခုလို လူတစ်ယောက်အကြောင်း တွေးနေမိတဲ့ ကြွေ့ ပုံကို ဘယ်သူကိုမှ မမြင်စေချင်။

လူ့စိတ်ဆိုတာလည်း အခက်သား……

သီချင်းလေး ညည်းမိရုံနဲ့ တစ်စုံတစ်ယောက်ကို သတိရမိတာ……

သတိရလို့ တွေးမိရင်လည်း အလိုလို ပြုံးနေမိတာမျိုး………

ဒါပေမယ့် ဦးနှောက်က ထို့ထက်ပိုမလာအောင်တော့ အချိန်မီ တားဆီးပေးနေကျ……

လူတစ်ယောက်ကို လိုတာထက်ပိုပြီး စိတ်ထဲ နေရာပေးမိတဲ့ အဆုံးသတ်က ပျော်ရွှင်ချင်း သက်သက် မဟုတ်တာကို တော့ ကြွေ နားလည်ပါသေးသည်။

ကိုးမာန် ……
အခုချိန်ထိတော့ ကြွေ့ အတွက် ဘာမှ မဟုတ်သေး……

မှိုင်းစွဲနေတဲ့ ကြွေ့အတွေးတွေကို တစ်ခါတစ်ရံ ကြည်လင်စေသော အမှတ်တရ အချို့ရဲ့ ပိုင်ရှင်…

ထိုစဉ်…

ဒေါက် ဒေါက်!

တံခါးခေါက်သံ နဲ့အတူ ကြွေ့ အခန်းထဲဝင်လာသော Daddy~~

ကြွေ ကတော့ နေမြဲအတိုင်း မလှုပ်မယှက် ……
သီချင်းနားထောင်မပျက်…

" သား Daddy စကားခဏလောက် ပြောချင်လို့"

ထိုအခါ ကြွေ နားကြပ်ကို ဖြုတ်ရင်း…

" ပြောလေ Daddy"

" Daddy Bangkok ကို ခရီးထွက်မလို့ သားဘာမှာဦးမလဲ?"

ကြွေ အကြည့်တွေကို အပြင်ဘက်က ရွာနေတဲ့ မိုးရေတွေဆီ ပို့လိုက်ပြီး…

" Bangkok မသွားခင် ရန်ကုန်က သံယောဇဉ် အမျှင်တွေကို ရှင်းရှင်းလင်းလင်း လုပ်ခဲ့နော် Daddy~~~ အိမ်ရောက်လာရင်တော့ ရဲစခန်းပို့ပစ်မှာ"

" အဲ့လို ကိစ္စတွေ မရှိစေရပါဘူး ကြွေရယ်"

ကြွေ မဲ့ပြုံးပြုံးလိုက်မိသည်။

အဲ့လို ကိစ္စမရှိစေရပါဘူး လို့ ပြောတဲ့သူတွေကပဲ အဲ့လို ကိစ္စ တွေဖြစ်အောင် ဖန်တီးတက်ကြတာ……

ကတိပေးတဲ့ သူတွေကပဲ ကတိကို ဖောက်ဖျက်ကြတာ……

ပေးထားတဲ့ ကတိမရှိရင် ဖောက်ဖျက်စရာ အကြောင်းလည်းမရှိ……

" ဒါဆို Daddy ညနေ flight နဲ့ Company ကနေ တန်းသွားတော့မယ်… Daddy စိတ်ချမယ်နော် သား"

ကြွေ Daddy ကို လှည့်မကြည့်ပဲ လက်နဲ့ OK' sign သာ လုပ်ပြလိုက်သည်။

တိတ်ဆိတ်နေသော အခန်းမှာ Daddy ရဲ့ သက်ပြင်းချသံ နဲ့
အခန်းတံခါးပိတ်သံက
ရှေ့ဆင့်နောက်ဆင့်ဆိုသလို ထွက်လာပြီးနောက်……

အခန်းလေးက နဂိုအတိုင်း တိတ်ဆိတ်သွားလေသည်။

ပြတင်းပေါက် မှန်မှာ ကျနေတဲ့ မိုးရေတွေကို ကြည့်ရင်း ကြွေ ဖျော့ဖျော့လေး ပြုံးလိုက်မိသည်။

" ဒီတစ်ခါလည်း ပြန်လာမယ့်ရက် ပြောမသွားပြန်ဘူးပဲ~~~ "

ကြွေ့ အပြုံးမှာ နာကျင်မှု အရိပ်လေးတွေ ဖြတ်ပြေးလျက်။

ထို့နောက် မျက်နှာကို ဒူးခေါင်းဆီ အပ်ပြီး ကြွေငြိမ်နေလိုက်မိသည်။

Daddy ကြွေ့ကို အာရုံနောက်အောင် လုပ်သွားပြန်ပြီ………။

~~~~~~~~~~~~~~~~~~~

မိုးရေထဲ ထီးတစ်ချောင်းနဲ့ ကြွေ ဦးတည်နေတာက ထုံးစံအတိုင်း Pinky Cafe ဆိုင်သို့……

Daddy ကြောင့် နောက်သွားတဲ့ အာရုံတွေကို ဖြေဖို့ coffee တစ်ခွက်က အသင့်တော်ဆုံး…

coffee ဆိုင် ဆိုမှ ကိုးမာန်များ ရောက်နှင့်နေမလား မသိ…

မချိန်းထားပဲနဲ့ တွေ့ဆုံတဲ့ ဆုံတွေ့မှုတွေက ရေစက်ဆိုလျှင်တောင်မှ ကိုးမာန် နှင့် ကြွေရဲ့ ရေစက်ကတော့ ဆုံနိုင်လွန်းပါသည်။

ဟော…… ကြွေ ပြုံးနေမိပြန်ပြီ။

ကိုးမာန် ဆိုသော သူနဲ့တော့ ပြသနာပါပဲ……
သူ့အကြောင်းတွေးမိရုံနဲ့တင် ကြွေ ပြုံးနေမိပြန်ပြီ…

အရူးလိုပဲ……

တွေးရင်း နဲ့လျှောက်လာစဉ်…
coffee ဆိုင် ရှိရာ လမ်းထိပ်သို့ အရောက်
လမ်းတစ်ဖက်က လျှောက်လာတဲ့ Mommy နဲ့ မင်းဂုဏ်ရောင်……

မူလတန်း ကလေး ကျောင်းကြိုလာသလို
မိုးကာ ဝတ်ထားတဲ့ မင်းဂုဏ်ရောင်ကို ဂရုတစိုက် ထီးမိုးပေးနေသော mommy…

အထူးသဖြင့် ထီးတစ်ချောင်းကို နှစ်ယောက်အတူ မလုံမလဲ ဆောင်းလာပြီး နွေးထွေးမှု ဆိုတာကြီးကို မျှဝေနေကြတာ……

ကြွေ့ကို မြင်ပုံမရပဲ ကျော်သွားသည့် လူနှစ်ယောက်ကို ကြွေ မျက်စိတဆုံး ငေးကြည့်နေမိရင်း……

ရင်ထဲ စို့နင့်လာသော ခံစားချက်……

မိုးရွာနေတာကြောင့် ခံစားချက်က ပို လွယ်နေသလား မပြောတက်

ကြွေ ငေးနေရင်း……
.
.
.
.

တီ !! တီ!!

ဝုန်း!!

ကားဟွန်းတီးသံနဲ့ အတူ ကြွေ့ကို လှမ်းဆွဲလိုက်သော လက်တစ်စုံ…

နှစ်ယောက်သား လမ်းဘေးကို လဲကျသွားသည့်တိုင် ကြွေ့ အာရုံတွေ စုစည်းလို့မရသေး…

" မင်း အာရုံတွေ ဘယ်ရောက်နေတာလဲ??? တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ……

ကြိုးလေး…!!"

ဟင်?

ကြိုးလေး??

ဒီလူ ငါ့ကို ဘယ်လိုခေါ်လိုက်တာပါလိမ့်??

ကြွေ ကြည့်လိုက်တော့ ……
ကြွေ့ကို စိုးရိမ် ဒေါသတကြီး စိုက်ကြည့်နေသော … ကိုးမာန်

ကိုးမာန် …… ဒီလူ ရောက်လာပြန်ပြီ

" မိုးရေထဲ အရူးလို ဘာလို့ကြောင်ပြီး ရပ်နေရတာလဲ?? မင်းကို ဒီလိုပုံမျိုးနဲ့မြင်ရတာ ငါဘယ်လောက် စိတ်ပူသွားလဲ သိလား ကြိုးလေး!!"

စိတ်ပူတယ်တဲ့လား……

ကြိုးလေး ဆိုသော နာမ်စားလေးကလည်း နွေးထွေးစေသလို……
စကားတွေကလည်း ဘာကြောင့်မှန်းမသိ
ကိုးမာန် ရဲ့ စိတ်ရင်းမှန် ဟု ထင်နေရသည်လေ…

စိတ်ရင်းအမှန်နဲ့ စိတ်ပူပေးတာတဲ့လား……
အဲ့ဒါကလည်း ကြွေကြိုးဆိုတဲ့ ကျွန်တော့်ကိုတဲ့……

ကြွေ မသိလိုက်ခင် အချိန်မှာပင် မျက်ဝန်းကနေ မျက်ရည် တစ်ချို့ ကျဆင်းသွားရလေသည်။

" ဟင်?? ကြိုးလေး မင်းငိုနေတယ်??"

ထိုအခါမှ ကြွေ အသိဝင်လာပြီး လဲကျနေရာက ချက်ချင်း လူးလဲထလိုက်သည်။

" ငိုနေတာ မဟုတ်ဘူး ~~~ မိုးရွာလို့ မိုးရေတွေ မျက်လုံးထဲဝင်လာတာ…"

ကြွေ အမြန် ဒီနေရာကနေ အမြန်ထွက်သွားမှဖြစ်မည်။

ကြွေ့ရဲ့ ကျဆုံးနေသည့် ပုံရိပ်ကို ကိုးမာန် မြင်မိမလို ဖြစ်သွားပြီလေ……

" ငိုတာ ရှက်စရာ မဟုတ်ဘူး~~~ ကြိုးလေး မင်းငိုတာကိုလည်း ငါ အပြစ်ပြောမှာမဟုတ်ဘူး ငါလုပ်ပေးနိုင်တာ လုပ်ပေးဖို့ ရှိနေမှာ"

" မျှော်လင့်ချက် ပေးနေတာလား ကိုးမာန်?? ခင်ဗျား အမြင်မှာ တော်တော်လေး သနားစရာကောင်းနေလို့လား??"

" မင်း ငါ့ကို အထင်မလွဲပါနဲ့… မင်းအကြောင်းလည်း ငါမသိဘူး ဒါပေမယ့် ငါသိတဲ့ မင်းကို ဒီလို မျှော်လင့်ချက် မဲ့တဲ့ပုံနဲ့ မမြင်ချင်ဘူး……
လူဆိုတာ မျှော်လင့်ချက်နဲ့ ရှင်သန်ရတာ…"

လာပြန်ပြီ…
ရယ်ရတဲ့ ဟာသတစ်မျိုး …

" မျှော်လင့်ချက်???
ကျွန်တော်သိတဲ့
မျှော်လင့်ချက် ဆိုတာ သူတောင်းစားခွက်ထဲက ပိုက်ဆံ အကြွေလိုပါပဲ ……သူတောင်းစားကို ပိုက်ဆံ… ထည့်လိုက်တဲ့သူအတွက် မသိသာတဲ့ ပမာဏ ဆိုပေမယ့် ပိုင်ဆိုင်ရလိုက်သူအတွက် အဖိုးတန်နေတာမျိုး……

မျှော်လင့်ချက် ဆိုတာလည်း ပေးတဲ့ သူအတွက် ဘာမှမဟုတ် ပေမယ့်... ပိုင်ဆိုင် လိုက်ရသူအတွက်က မဆုံးနိုင်တဲ့ အိမ်မက်မက်ခွင့်ရနိုင်တာမျိုး……

ပိုက်ဆံအကြွေနဲ့ တိုက်တွေ ကားတွေ မရနိုင်သလို ……

ပေးခဲ့တဲ့ မျှော်လင့်ချက်လေးနဲ့လည်း ဘာမှရမလာနိုင်ပါဘူး ……"

ကိုးမာန် အံ့အားသင့်သွားဟန် နှင့် ငြိမ်သွားလေသည်။

ကြွေ ပြောပြီးတာနှင့် ကိုးမာန်ကို ကျောခိုင်းပြီး ပြန်ရန် ခြေလှမ်းပြင်လိုက်စဉ်…

" မင်းခေါင်းထဲ ဘာတွေ တွေးနေမလဲဆိုတာ ငါတကယ်သိချင်မိတယ် ကြိုးလေး"

စကားတစ်ခွန်းနဲ့ ကြွေ့ ခြေလှမ်းတွေရပ်အောင် လုပ်လိုက်ပြန်ပြီ..

" ကျွန်တော်လည်း သိချင်တယ်… ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်တာ ခင်ဗျားက နားလည်ချင်ယောင် ဆောင်ပြီး သိသလိုလို လာမလုပ်နဲ့……

ခင်ဗျား သေပြီး ပြန်ရှင်လာရင်တောင် ကျွန်တော့်ကို နားလည်မှာမဟုတ်ဘူး…"

ထိုမျှသာပြောပြီး ကြွေ ကျောခိုင်းလာလိုက်သည်။

အဲ့နေရာမှာပဲ ရပ်ပြီး ကျန်ခဲ့ပါ ကိုးမာန်…

ကြွေ ကြိုးရဲ့ ရှုံးနိမ့်မှု မျက်နှာ အစစ်အမှန်ကို ဒီ့ထက်ပိုပြီး မြင်ရဖို့ မကြိုးစားပါနဲ့…။
.
.
.
.
.
ကြွေ ကြိုးက ဘာအတွက်နဲ့မှ ရှုံးနိမ့်မှုကို ဝန်ခံမှာ မဟုတ်ဘူး…။

~~~~~~~~~~~~~~~~~
tbc.
thanks for lovely my readers
please'be more and more love my creations~~
I'll try to my best
N.S.P
28.5.2018
2:30 P.M

*media မှာ ကြွေ နားထောင်တဲ့ Jay Chou ရဲ့ Hair like snow ဆိုတဲ့ သီချင်းလေးထည့်ပေးထားပါတယ်~~~
နားထောင်ပြီး ဖတ်ပေးရင်း ကောင်းမွန်တဲ့ အချိန်လေး ပိုင်ဆိုင်နိုင်ကြပါစေ*



Weiterlesen

Das wird dir gefallen

2.5M 250K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
4.4M 326K 52
အနိမ့္အျမင့္ အတက္အက် ေျပာင္းလဲေနတဲ့ ဘဝႀကီးမွာ ကံၾကမၼာရဲ႕ ႀကိဳးဆြဲရာကို က်ေနာ္ ခံႏိုင္ရည္႐ွိသမ်ွ ကခဲ့ရတယ္။ ဘဝတစ္ခုကိုႀကိဳးစားေ႐ွ႕ဆက္ေနခ်ိန္ က်ေနာ့္ရဲ႕...
1.2M 82.6K 40
နေမင်းတမာန်-"ခုလောဆယ်ကိုယ်က ဒုတိယူလူဖြစ်နေပေမဲ့ လျမ်းထက်မောင်ဆိုတာ အစောထဲကကိုယ်ဟာပါ~" -------------------------- လျှမ်းထက်မောင်-"နေမင်း ကငါအတွက်အရံ~...
4M 268K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...