* တကယ္ေတာ့ သမိုင္းေျကာင္းဆိုတာ ပစၥဳန္ပန္ လူသားလုပ္တဲ႔လုပ္ရပ္ေတြကို ေနာင္လာေနာင္သားေတြက ေဝဖန္ အကဲျဖတ္ေပးရတဲ႔ ပညာရပ္တစ္မ်ိဳးပါပဲ~~
လုပ္ရပ္ေကာင္းလုပ္ခဲ႔တဲ႔သူရဲ႕ သမိုင္းေျကာင္းက ေနာင္လာေနာင္သားေတြအတြက္ ေကာင္းမြန္တဲ႔ အျပဳအမူေတြမွွာ သက္ေရာက္မႈရွိလာသလို
ဆိုးသြမ္းခဲ႔တဲ႔ လူေတြရဲ႕ သမိုင္းေျကာင္းကလည္း အနာဂတ္မွာ ထင္ဟပ္လာမွာပါ~~~~
အခု ဒီ ပညာရပ္ကို ေလ့လာေနတဲ႔ ေက်ာင္းသားေတြ အေနနဲ႕လည္း
ကိုယ့္သမိုင္းကို အေကာင္းဆံုးဖန္တီးျပီး ေနာင္လာေနာင္သားေတြအတြက္ ေကာင္းမြန္တဲ႔ ပံုရိပ္ေတြ ခ်န္ထားႏိုင္ဖို႕ေမွ်ာ္လင့္ပါတယ္*
ဒီေန႕ အတန္းခ်ိန္ အျပီးမွာ ဆရာမေျပာသြားတဲ႔ စကားေလး......
Jay Chou သီခ်င္းေလးနားေထာင္ရင္း ျပန္ေတြးေနမိတဲ႔ စကားစုေလး...
အင္းေပါ့......
လူဆိုတာ...... ကိုယ့္သမိုင္းကိုယ္ေရးရမွာေပါ့
ဒုတိယထပ္ စာသင္ခန္းေထာင့္ဆံုးက ဝရန္တာမွာ ခ်ထားတဲ႔ စာသင္ခံုေလးေၾကာင့္
ေႀကြႀကိဳး ေရာက္ေနတဲ႔ ေနရာေလးက သီးသန္႕ ေနရာေလးလို...
ေလေလးကလည္းတျဖဴးျဖဴးနဲ႕ ေနလို႕ေကာင္းခ်က္......
တစ္ေယာက္တည္း ခံုေလးကို လက္နဲ႕ေခါက္ျပီး သီခ်င္း စည္းခ်က္လိုက္ေနစဥ္~~
ရုတ္တရက္
ေနာက္ေက်ာမလံုသလို ခံစားခ်က္ေျကာင့္ ေႀကြ လွည့္ၾကည့္လိုက္မိေတာ့...... ထိုလူ။
ေႀကြ႕ကို အျမဲ ခ်က္ခ်င္း ျပံဳးေအာင္ လုပ္ႏိုင္တဲ႔ သူ......
အခုလည္း ေတြ႕ေနက်ပံုစံအတိုင္း အလိုမက်ေသာ မ်က္ခံုးအစံုကတြန္႕ခ်ိဳးလ်က္...
ေႀကြကေတာ့ သူ႕ျမင္တာနွင့္ အလိုလို အူျမဴးလာျပီး ရယ္က်ဲက်ဲ ျဖစ္လာရေလသည္။
" မင္း ဒီမွာ ဘာလုပ္ေနတာလဲ?"
" သီခ်င္းနားေထာင္ေနတာေလ~~ ဟိုေန႕က coffee shop မွာ အတူနားေထာင္ခဲ႔တဲ႔သီခ်င္းေလ~~"
" ဒါ ငါ့ေနရာ--"
သြန္းမာန္ စကားအဆံုး ထိုင္ရာကေန ထျပီး ငံု႕လိုက္ ထလိုက္ ထိုင္လိုက္ ႏွင့္ တစ္ခုခုကို အသည္းသန္ရွာေနေသာ ေကာင္ေလးေၾကာင့္ သြန္းမာန္ ေျကာင္သြားရသည္။
ရုတ္တရက္ျကီး ဘာထျဖစ္တာလဲ?
မေနႏိုင္တဲ႔အဆံုး သြန္းမာန္ ထုတ္ေမးလိုက္ရသည္။
" အဲ႔ဒါ ဘာလုပ္ေနတာလဲ?"
" ရွာေနတာေလ ...... ေတြ႕လည္းမေတြ႕ဘူး"
" ဘာရွာတာလဲ?"
" ဒီေနရာ ခင္ဗ်ားေနရာဆိုလို႕ေလ ......... အမွတ္အသားေလးမ်ား လုပ္ထားလားလို႕ရွာျကည့္ေနတာ"
သြန္းမာန္ စိတ္ညစ္သြားရသည္။
ဒီေကာင္ေလး စ ရစ္ေနေလျပီ။
" မင္း တမင္မ်ားငါ့ကို လိုက္ရႈပ္ေနတာလားကြာ?? coffee ဆိုင္မွာေရာ အခု ေက်ာင္းမွာပါ--"
" ခင္ဗ်ား အဲ႔လိုေတာ့မတရားမေျပာနဲ႕ေလဗ်ာ--- ေျပာရေၾကးဆို ခင္ဗ်ား က ကြ်န္ေတာ္ရွိတဲ႔ေနရာေတြကို ခင္ဗ်ားေရာက္လာတာေလ ကြ်န္ေတာ့္ကိုမ်ား attention ယူေနသလား ထင္မိတယ္"
ေျပာရက္လိုက္တာ......
ကိုယ့္လိုလူမ်ိဳးက ဒီမေလာက္ေလးမေလာက္စား ဆီမွာ attention ယူရမယ့္လူမ်ိဳးလား......
ေႀကြ႕စကားေျကာင့္ ခံရခက္ ျဖစ္သြားတဲ႔ ထိုလူ႔မ်က္ႏွာကို ျကည့္ျပီး ေႀကြ ႀကိတ္ျပံဳးလိုက္မိသည္။
ေတာ္ေတာ္ ခံရခက္ေနေတာ့မွာပဲ...
ေႀကြႀကည့္ေနရင္းက
ေႀကြ႕နားကို တစ္လွမ္းခ်င္းကပ္လာျပီး ႏွစ္ေယာက္ျကား အကြာအေဝးအနည္းငယ္အေရာက္မွာ ထိုလူ ရပ္သြားျပီး......
" မင္းသိေအာင္ ေသခ်ာေျပာျပလိုက္မယ္ ေကာင္ေလး......attention ယူတယ္ဆိုတာ ကိုယ့္မွာ ဘာအရည္ခ်င္းမွ မရွိလို႕ တကူးတက အပင္ပန္းခံတဲ႔ သူေတြ လုပ္တဲ႔ အပိုအလုပ္ကြ!.........
ငါ့လို ဆြဲေဆာင္မႈအျပည့္နဲ႔ တည္ျကည္ခန္႕ညားတဲ႔ လူေတြက
attention ဆိုတာ ယူစရာမလိုပဲ ပိုင္ဆိုင္ျပီးသား ......"
.
.
.
" ဘဝင္ရူးပဲ..."
" ဘာကြ!"
" ဟုတ္တယ္ေလဗ်ာ... ဒီေလာက္ ကိုယ့္ကိုယ္ကိုယ္ အမႊန္းတင္ေနတာ ဘဝင္--"
" ေတာ္ျပီ ! ဆက္မေျပာနဲ႕ေတာ့"
ေႀကြ႕ရဲ႕ ' ဘဝင္ရူး' ဆိုေသာ စကားကိုေတာ့ ေတာ္ေတာ္ေလးေဒါသထြက္သြားပံုပင္။
ခ်က္ခ်င္းလွည့္ထြက္သြားတာေျကာင့္...
" ေဟ့လူ ! ေနပါဦးဗ်! ခင္ဗ်ား နဲ႕ ကြ်န္ေတာ္ ဆံုတာ ၃ႀကိမ္မွ မကေတာ့တာ... ေရစက္လို႕သေဘာထားျပီး
နာမည္ေလး ေျပာျပပါလားဗ်"
" ဒီမွာ ေကာင္ေလး...... အခု လက္ရွိ ကိုယ့္ပတ္ဝန္းက်င္မွာ ျဖတ္သြားေနတဲ႔သူေတြက အရင္ဘဝက အျကိမ္ ၄၀ အထက္ေရစက္ဆံုခဲ႔ျကတဲ႔သူေတြတဲ႔ကြ! အဲ႔လို ေရစက္မွန္သမွ် နာမည္ေျပာျပေန ရရင္ ငါ့နာမည္သိပ္ေပါသြားမွာေပါ့!!"
" ဟင္? အေမးတျခား အေျဖတျခား ဘာမွလည္းမဆိုင္ဘူး....ကဲပါဗ်ာ နာမည္မေျပာျပခ်င္တာနဲ႕ ဥာဏ္ဆင္မေနပါနဲ႕ ... ခင္ဗ်ားနဲ႕ ကြ်န္ေတာ္ အေပးအယူလုပ္မယ္ေလ..."
သြန္းမာန္ ျပန္မေျဖပဲ ခပ္တည္တည္ ေနေနလိုက္သည္။
" ခင္ဗ်ား နာမည္ေျပာျပရင္ ကြ်န္ေတာ္ ခင္ဗ်ားနဲ႔ တစ္ပတ္ မေတြ႕ေအာင္ေရွာင္ေနေပးမယ္ဗ်ာ...... ခင္ဗ်ားကို လွမ္းေတြ႕ရင္ေတာင္ေရွာင္သြားေပးမယ္ ဘယ္လိုလဲ?"
ဒီတစ္ခါေတာ့ သြန္းမာန္ စဥ္းစားရေလျပီ။
တစ္နည္းမဟုတ္ တစ္နည္းသိသြားနိုင္သည့္ နာမည္ကို ကပ္တြယ္ေနမယ့္အစား
ဒီအေပးအယူကို လက္ခံလိုက္တာကမွ ထိုေကာင္ေလးကို မေတြ႕ပဲေနလို႕ရမွာပင္။
ျပီးေတာ့လည္း တစ္ပတ္ဆိုေသာ အခ်ိန္ကာလည္း မနည္း......
" ေကာင္းျပီေလ...... မင္းကတိေတာ့တည္ပါေစ"
ေကာင္ေလးက ေခါင္းအသာေလး ျငိမ့္ျပေလသည္။
" ငါ့နာမည္က သြန္းမာန္သစ္...... ဒါေပမယ့္ ငါကမင္းထက္ အသက္အမ်ားျကီး ျကီးတာမို႕ငါ့နာမည္ကို မဆင္မျခင္ ေခၚဖို႕မစဥ္းစားေလနဲ႕......"
ေျပာျပီးတာႏွင့္ သြန္းမာန္ ထိုေနရာကေန ထြက္လာလိုက္သည္။
ထိုေကာင္ေလး ရစ္ေနသည့္ ဒဏ္လည္း မခံႏိုင္ေတာ့ပါ...
ဒါေတာင္ ေနာက္ကေန......
" ေဟ့လူ ! ကြ်န္ေတာ့္နာမည္ နားေထာင္သြားဦးေလ!!"
" ေနာက္ ႀကံဳမွေပါ့ကြာ"
အျမန္ေျပးထြက္သြားတဲ႔ ထိုလူ႕ေက်ာျပင္ကို ျကည့္ျပီး ေႀကြ ၿပံဳးလိုက္မိသည္။
နာမည္သိဖို႕ေတာင္ ရင္းႏွီးလိုက္ရတာ...
တကယ္ ေခ်လြန္းတဲ႔ လူျကီးပဲ......
~~~~~~~~~~~~~~~~~~
အခုတေလာ ေႀကြ စိတ္ၾကည္ေနတာေၾကာင့္ ျခံထဲက စားပြဲေလးမွာ ေအးေအးလူလူ ထိုင္ရင္း Handmade စကၠဴရုပ္ေလးေတြ ေခါက္ေနမိေလသည္။
ႀကိဳးႀကာ... ၾကယ္...အသည္းပံု ...လိပ္ျပာ အစရွိတဲ႔ စကၠဴရုပ္ေလးေတြအျပည့္နဲ႕ ဖန္ပုလင္းေလးေတြ ပတ္လည္ဝိုင္းလ်က္ အလုပ္ရႈပ္ေနေသာ ေျကြ......
စကၠဴေလးေတြ ညွပ္လိုက္ ေခါက္လိုက္ႏွင့္ ......
တစ္ခုတည္းေသာ ေႀကြႀကိဳးရဲ႕ စိတ္ဝင္စားမႈပင္။
" သား ေႀကြ ဒီမွာ သားအတြက္ ေႀကြသစ္ေတာ္သီးနဲ႕ ဆား"
" ခ်ထာခဲ႔ ေနာ္...ေဒၚႀကီး"
အရည္ရႊမ္းတဲ႔ သစ္ေတာ္သီးကို ဆားနဲ႕တို႕စားတက္တဲ႔ ေႀကြ႕ရဲ႕ ထူးျခားေသာ အက်င့္...
ဆားကိုလည္း အျမဲ ပုလင္းလိုက္ခ်ေပးမွ သေဘာက်တက္သူ......
အဲ႔ဒါေျကာင့္ အိမ္မွာ ေႀကြ႕အတြက္ ဆားပုလင္း ကစ သီးသန္႕...။
ေႀကြ စိတ္ႀကည္ေနတာေၾကာင့္ တစ္အိမ္လံုး သူ႕အလုပ္နဲ႕သူ သာယာလ်က္။
ျခံေစာင့္ ဦးစိုင္းလည္း ပန္းပင္ေတြကို ေရေလာင္းေနတာ....
ထိုစဥ္...
တင္းေတာင္* တင္းေတာင္*
ျခံတံခါး bell သံေႀကာင့္ ေႀကြ ဘာရယ္မဟုတ္ ျခံတံခါးဝကို ျကည့္လိုက္မိေတာ့......
oh~~~~ho
ဝင္လာတဲ႔သူေတြေၾကာင့္ ေႀကြ အနည္းငယ္ အံ႔ႀသသြားေပမယ့္ လက္ကေတာ့ လုပ္လက္စ အလုပ္မပ်က္။
Mommy ရယ္ ဦးမ်ိဳးမင္းရယ္
ေနာက္ထပ္ အတူပါလာသူက...
...
...
...
ေႀကြ႕ထက္ ၃ႏွစ္တိတိ ငယ္တဲ႔ Mommy နဲ႕ ဦးမ်ိဳးမင္းတို႕ရဲ႕သား မင္းဂုဏ္ေရာင္...
ေႀကြ ၂ႏွစ္သားကတည္းက Mommy ထူေထာင္ခဲ႔တဲ႔ အိမ္ေထာင္သစ္
သာမာန္ရံုးတက္ လက္မွတ္ထိုးရံုနဲ႕ တည္ေဆာက္ခဲ႔တဲ႔ အိမ္ေထာင္ေရးက သိပ္မျကာခင္က မဂၤလာႏွစ္ပတ္လည္ wedding မွာ ေႀကြေတာင္ cake သြားျမည္းစမ္းခဲ႔ေသးသည္ေလ...
သူတို႕အိမ္ေထာင္ေရးရဲ႕ ခိုင္ျမဲမႈ သက္ေသအျဖစ္ မင္းဂုဏ္ေရာင္ က လွလွပပ ႀကီးျပင္းလာသည္ပဲ...
ထားပါေလ...
ေႀကြ႕အတြက္ေတာ့
အရာအားလံုးက ေတာ္ေတာ္ေလး ေနသားက်ေနခဲ႔ပါျပီ......
" ေႀကြ Mommy တို႕လာတယ္"
" hi~~"
ေႀကြ လုပ္လက္စအလုပ္မပ်က္ ေပါ့ေပါ့ပါးပါး အေျဖျပန္ေပးလိုက္သည္။
" ေႀကြ႕ကို Mommy ေျပာစရာရွိတယ္"
" ေျပာေလ"
" Mommy တို႕အိမ္ကို အႀကီးစားျပင္ဆင္မႈလုပ္မလို႕ အဲ႔တာ ဒီ႕ဘက္ျခံမွာ ယာယီလာေနျဖစ္သြားတယ္ ေႀကြ"
" ေအာ္~~~~"
ဟုတ္သားပဲ ...
ေႀကြ႕တို႕အိမ္နဲ႕ ကပ္ရပ္အိမ္က mommy အေမြရထားတဲ႔အိမ္ပဲ...
" အဲ႕ဒါ ေႀကြတို႕သိေအာင္ mommy လာေျပာတာ"
" ကြ်န္ေတာ္ကေတာ့ သိပါျပီ~~~~ daddy ကိုေတာ့ ကိုယ့္ဘာသာ အဆင္ေျပသလို အသိေပးလိုက္ပါ mommy ......ကြ်န္ေတာ္ mommy တို႕ျကားထဲ ဘာစကားမွ အသယ္အပို႕ မလုပ္ေပးႏိုင္ဘူး"
Mommy မ်က္ႏွာပ်က္သြားေပမယ့္ ခ်က္ခ်င္းျပန္ထိန္းကာ...
" ေႀကြ သိရေအာင္ လာေျပာတာပါ ဒါဆို mommy တို႕ျပန္ျပီ"
.
.
" သားလိုက္ခဲ႔မယ္ ေမေမ သား ကိုေႀကြ နဲ႕ စကားခဏေျပာခ်င္ေသးလို႕..."
မင္းဂုဏ္ေရာင္...
ဒီေကာင္ ကိုယ့္ေသတြင္းကိုယ္ တူးေနျပန္ပါလား......
Mommy ပံုက စိတ္သိပ္မခ်ေပမယ့္ ဦးမ်ိဳးမင္း ေခၚရာေနာက္ ပါသြားေလသည္။
ႏွစ္ေယာက္တည္း က်န္ခဲ႔ေတာ့မွ...
" ဘယ္လိုလဲ ကိုေႀကြ ...... ပထမႏွစ္ ျပန္တက္ေနတယ္ဆိုဗ်"
" အင္း~~"
" ဘယ္လိုျဖစ္ရတာလဲဗ်ာ~~~~ ကိုေႀကြ႕ထက္ငယ္တဲ႕ ကြ်န္ေတာ္ေတာင္
Singapore မွာ Diploma ရျပီးျပန္လာေနျပီ ကိုေႀကြက အခုမွ ပထမႏွစ္တဲ႔လား..."
" မင္း Bangkok University မွာ ေက်ာင္းထုတ္ခံရလို႕ Singapore က ရရာ ဘြဲ႕ဆြဲျပန္လာရတာလည္း ထည့္ေျပာေလကြာ~~"
ေႀကြ တစ္ခြန္းပဲေျပာရေသးသည္။
အရိႈက္ထိသလို ျငိမ္က်သြားတဲ႕ မင္းဂုဏ္ေရာင္...
" မင္း......ဘယ္လိုလုပ္သိတာလဲ!! မင္း ငါ့အေျကာင္းစံုစမ္းေနတာလား??"
" စံုစမ္းစရာမလိုပါဘူးကြာ~~~ နဂိုကတည္းက အပုတ္နံ႕က ပို ပ်ံ႕ႏွံ႔လြယ္တာပဲေလ~~"
" ေအာ္......ေဟာ ဒါဆို ကိုေႀကြ႕ Daddy ရဲ႕ အပုတ္နံ႕က ပိုလႈိင္မယ္ထင္တယ္...... Gay ဆိုလားပဲ..."
စကၠဴညွပ္ေနတဲ႕ ေႀကြ႕လႈပ္ရွားမႈေတြ ခဏ ရပ္တန္႕သြားရျပီး...
" Gay က ဘာျဖစ္လဲ? Gay က တိုင္းျပည္ပ်က္ေအာင္လုပ္ေနလို႕လား?"
" ဒါဘယ္ေလာက္ ရွက္စရာေကာင္းလဲ ကိုေႀကြ မသိလို႕လား... ဒါ သဘာဝတရားကို လြန္ဆန္တာ... သိကၡာတရားကို ဥေပကၡာ ျပဳတာပဲဗ်"
" သဘာဝတရားကို လြန္ဆန္တယ္တဲ႔လား~~~ မိန္းမ ေယာက္်ား ခ်စ္ျကတာေတာ့ သဘာဝေပါ့~~
အံ႕ႀသစရာပဲ ~~~ သဘာဝတရားကို လြန္ဆန္တာေတြမ်ားလည္း အခ်ိန္တန္ လူဦးေရ တိုးႏႈန္းက ေလ်ာ့သြားတာမွ မဟုတ္တာ~~~ ဘာေတြမ်ား ထိခိုက္ေနလို႕လဲ?"
" မင္း--- မင္း ဒီေလာက္ ဆတ္ဆတ္ထိမခံျဖစ္ေနတာ မင္းလည္း မင္းအေဖေျခရာ နင္းမယ့္ေကာင္ပဲ ထင္တယ္"
" နင္းေတာ့ေရာ ဘာျဖစ္လဲ?
လူတစ္ေယာက္ရဲ႕ ျဖစ္တည္မႈကို ဘယ္သူကမွ ေဝဖန္ပိုင္ခြင့္မရွိဘူး...... ဒါနဲ႕မင္းၾကည့္ရတာ Gay allgeric ျဖစ္ေနပံုပဲ"
" ဘာကြ!!"
" မင္းအေတြးေသးေသးေလးနဲ႕ ခ်စ္ျခင္းရဲ႕ နက္နဲတဲ႔ သေဘာတရားတစ္ခ်ိဳ႕ကို နားမလည္တာကို ငါသေဘာေပါက္ပါတယ္~~~~ဒါေပမယ့္လည္း
ကိုယ့္ဘာသာ ဥာဏ္နည္းျပီး နားမလည္တဲ႔ အေၾကာင္းအရာကို လက္မခံႏိုင္ပါဘူးဆိုျပီး ေအာ္ဟစ္ေႀကြးေႀကာ္ ဆႏၵျပေနရင္ေတာ့ ~~~ မင္းဦးေႏွာက္မရွိတာကို ေၾကျငာသလိုျဖစ္ေနမွာေပါ့~~~ေမာင္ မင္း ဂုဏ္ ေရာင္ ရယ္~~"
ေျပာရင္း ေလွာင္သလို ရယ္ေနတဲ႔ ေႀကြ႕ပံုေႀကာင့္ မင္းဂုဏ္ေရာင္ ေဒါသေတြထြက္လာပံုပင္။
ေႀကြ႕အေျကာင္း သိေနတာေျကာင့္ ဘာမွေတာ့မလုပ္ရဲ...
" ကဲ ေျပာစရာမရွိရင္ ျပန္ေတာ့"
ေႀကြ႕စကားဆံုးတာေတာင္ ထိုေနရာမွာ မတ္တပ္ရပ္ေနဆဲ...
ေႀကြ ဆားဘူးထဲက ဆားတစ္ဇြန္း ခပ္ျပီး မင္းဂုဏ္ေရာင္ မတ္တပ္ရပ္ေနရာကို လွမ္းပက္လိုက္ေလသည္။
" ေဟ့ေကာင္! မင္း ဒါဘာလုပ္တာလဲ?"
" မေကာင္းဆိုးဝါးႏွင္တာေလ... ဆားက မေကာင္းဆိုးဝါးႏွင္လို႕ရတာ မသိဘူးလား?"
" မင္း ငါ့ကို ဘာလို႕ဆားနဲ႕ပတ္တာလဲ!!"
" ဧည့္သည္လို သေဘာထားျပီးျပန္ခိုင္းတာ မျပန္ေသးေတာ့ မေကာင္းဆိုးဝါးထင္ျပီး ႏွင္တာေလ...... အခုထိမျပန္ေသးပံုအရ မေကာင္းဆိုးဝါးထက္ေတာင္ အဆင့္နိမ့္ပံုပဲ"
" ေတာက္! ေႀကြႀကိဳး မင္းနဲ႕ငါေတြ႕မယ္!"
" အခ်ိန္မေရြးပဲ"
ေဒါသတျကီး ထြက္သြားတာႏွင့္ မင္းဂုဏ္ေရာင္ ျခံျပင္မေရာက္ေသးခင္...
" ဦးစိုင္းေရ ! ဒီနားကို ေရေသခ်ာလာေလာင္းေပးစမ္းပါ အမႈိက္ေတြလာျပီး ညစ္ပတ္ေအာင္လုပ္သြားလို႕!!"
ေနာက္ဆက္တြဲႀကားလိုက္ရတဲ႔ ျခံတံခါးေဆာင့္ဖြင့္သံေလး အဆံုးမွာ ေႀကြ သေဘာက်စြာ ရယ္လိုက္မိသည္။
.
.
.
.
.
.
ငါ ေႀကြႀကိဳးရဲ႕ ဘဝေလး တယ္လည္း စိတ္ဝင္စားစရာ ေကာင္းလွခ်ည္လား.........။
~~~~~~~~~~~~~~~~
tbc.
thanks for my lovely readers
plz be more love to my ficition~~
N.S.P
21.5.2018
11:4P.M
္
* တကယ်တော့ သမိုင်းကြောင်းဆိုတာ ပစ္စုန်ပန် လူသားလုပ်တဲ့လုပ်ရပ်တွေကို နောင်လာနောင်သားတွေက ဝေဖန် အကဲဖြတ်ပေးရတဲ့ ပညာရပ်တစ်မျိုးပါပဲ~~
လုပ်ရပ်ကောင်းလုပ်ခဲ့တဲ့သူရဲ့ သမိုင်းကြောင်းက နောင်လာနောင်သားတွေအတွက် ကောင်းမွန်တဲ့ အပြုအမူတွေမှာ သက်ရောက်မှုရှိလာသလို
ဆိုးသွမ်းခဲ့တဲ့ လူတွေရဲ့ သမိုင်းကြောင်းကလည်း အနာဂတ်မှာ ထင်ဟပ်လာမှာပါ~~~~
အခု ဒီ ပညာရပ်ကို လေ့လာနေတဲ့ ကျောင်းသားတွေ အနေနဲ့လည်း
ကိုယ့်သမိုင်းကို အကောင်းဆုံးဖန်တီးပြီး နောင်လာနောင်သားတွေအတွက် ကောင်းမွန်တဲ့ ပုံရိပ်တွေ ချန်ထားနိုင်ဖို့မျှော်လင့်ပါတယ်*
ဒီနေ့ အတန်းချိန် အပြီးမှာ ဆရာမပြောသွားတဲ့ စကားလေး......
Jay Chou သီချင်းလေးနားထောင်ရင်း ပြန်တွေးနေမိတဲ့ စကားစုလေး...
အင်းပေါ့......
လူဆိုတာ...... ကိုယ့်သမိုင်းကိုယ်ရေးရမှာပေါ့
ဒုတိယထပ် စာသင်ခန်းထောင့်ဆုံးက ဝရန်တာမှာ ချထားတဲ့ စာသင်ခုံလေးကြောင့်
ကြွေကြိုး ရောက်နေတဲ့ နေရာလေးက သီးသန့် နေရာလေးလို...
လေလေးကလည်းတဖြူးဖြူးနဲ့ နေလို့ကောင်းချက်......
တစ်ယောက်တည်း ခုံလေးကို လက်နဲ့ခေါက်ပြီး သီချင်း စည်းချက်လိုက်နေစဉ်~~
ရုတ်တရက်
နောက်ကျောမလုံသလို ခံစားချက်ကြောင့် ကြွေ လှည့်ကြည့်လိုက်မိတော့...... ထိုလူ။
ကြွေ့ကို အမြဲ ချက်ချင်း ပြုံးအောင် လုပ်နိုင်တဲ့ သူ......
အခုလည်း တွေ့နေကျပုံစံအတိုင်း အလိုမကျသော မျက်ခုံးအစုံကတွန့်ချိုးလျက်...
ကြွေကတော့ သူ့မြင်တာနှင့် အလိုလို အူမြူးလာပြီး ရယ်ကျဲကျဲ ဖြစ်လာရလေသည်။
" မင်း ဒီမှာ ဘာလုပ်နေတာလဲ?"
" သီချင်းနားထောင်နေတာလေ~~ ဟိုနေ့က coffee shop မှာ အတူနားထောင်ခဲ့တဲ့သီချင်းလေ~~"
" ဒါ ငါ့နေရာ--"
သွန်းမာန် စကားအဆုံး ထိုင်ရာကနေ ထပြီး ငုံ့လိုက် ထလိုက် ထိုင်လိုက် နှင့် တစ်ခုခုကို အသည်းသန်ရှာနေသော ကောင်လေးကြောင့် သွန်းမာန် ကြောင်သွားရသည်။
ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ?
မနေနိုင်တဲ့အဆုံး သွန်းမာန် ထုတ်မေးလိုက်ရသည်။
" အဲ့ဒါ ဘာလုပ်နေတာလဲ?"
" ရှာနေတာလေ ...... တွေ့လည်းမတွေ့ဘူး"
" ဘာရှာတာလဲ?"
" ဒီနေရာ ခင်ဗျားနေရာဆိုလို့လေ ......... အမှတ်အသားလေးများ လုပ်ထားလားလို့ရှာကြည့်နေတာ"
သွန်းမာန် စိတ်ညစ်သွားရသည်။
ဒီကောင်လေး စ ရစ်နေလေပြီ။
" မင်း တမင်များငါ့ကို လိုက်ရှုပ်နေတာလားကွာ?? coffee ဆိုင်မှာရော အခု ကျောင်းမှာပါ--"
" ခင်ဗျား အဲ့လိုတော့မတရားမပြောနဲ့လေဗျာ--- ပြောရကြေးဆို ခင်ဗျား က ကျွန်တော်ရှိတဲ့နေရာတွေကို ခင်ဗျားရောက်လာတာလေ ကျွန်တော့်ကိုများ attention ယူနေသလား ထင်မိတယ်"
ပြောရက်လိုက်တာ......
ကိုယ့်လိုလူမျိုးက ဒီမလောက်လေးမလောက်စား ဆီမှာ attention ယူရမယ့်လူမျိုးလား......
ကြွေ့စကားကြောင့် ခံရခက် ဖြစ်သွားတဲ့ ထိုလူ့မျက်နှာကို ကြည့်ပြီး ကြွေ ကြိတ်ပြုံးလိုက်မိသည်။
တော်တော် ခံရခက်နေတော့မှာပဲ...
ကြွေကြည့်နေရင်းက
ကြွေ့နားကို တစ်လှမ်းချင်းကပ်လာပြီး နှစ်ယောက်ကြား အကွာအဝေးအနည်းငယ်အရောက်မှာ ထိုလူ ရပ်သွားပြီး......
" မင်းသိအောင် သေချာပြောပြလိုက်မယ် ကောင်လေး......attention ယူတယ်ဆိုတာ ကိုယ့်မှာ ဘာအရည်ချင်းမှ မရှိလို့ တကူးတက အပင်ပန်းခံတဲ့ သူတွေ လုပ်တဲ့ အပိုအလုပ်ကွ!.........
ငါ့လို ဆွဲဆောင်မှုအပြည့်နဲ့ တည်ကြည်ခန့်ညားတဲ့ လူတွေက
attention ဆိုတာ ယူစရာမလိုပဲ ပိုင်ဆိုင်ပြီးသား ......"
.
.
.
" ဘဝင်ရူးပဲ..."
" ဘာကွ!"
" ဟုတ်တယ်လေဗျာ... ဒီလောက် ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်နေတာ ဘဝင်--"
" တော်ပြီ ! ဆက်မပြောနဲ့တော့"
ကြွေ့ရဲ့ ' ဘဝင်ရူး' ဆိုသော စကားကိုတော့ တော်တော်လေးဒေါသထွက်သွားပုံပင်။
ချက်ချင်းလှည့်ထွက်သွားတာကြောင့်...
" ဟေ့လူ ! နေပါဦးဗျ! ခင်ဗျား နဲ့ ကျွန်တော် ဆုံတာ ၃ကြိမ်မှ မကတော့တာ... ရေစက်လို့သဘောထားပြီး
နာမည်လေး ပြောပြပါလားဗျ"
" ဒီမှာ ကောင်လေး...... အခု လက်ရှိ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြတ်သွားနေတဲ့သူတွေက အရင်ဘဝက အကြိမ် ၄၀ အထက်ရေစက်ဆုံခဲ့ကြတဲ့သူတွေတဲ့ကွ! အဲ့လို ရေစက်မှန်သမျှ နာမည်ပြောပြနေ ရရင် ငါ့နာမည်သိပ်ပေါသွားမှာပေါ့!!"
" ဟင်? အမေးတခြား အဖြေတခြား ဘာမှလည်းမဆိုင်ဘူး....ကဲပါဗျာ နာမည်မပြောပြချင်တာနဲ့ ဉာဏ်ဆင်မနေပါနဲ့ ... ခင်ဗျားနဲ့ ကျွန်တော် အပေးအယူလုပ်မယ်လေ..."
သွန်းမာန် ပြန်မဖြေပဲ ခပ်တည်တည် နေနေလိုက်သည်။
" ခင်ဗျား နာမည်ပြောပြရင် ကျွန်တော် ခင်ဗျားနဲ့ တစ်ပတ် မတွေ့အောင်ရှောင်နေပေးမယ်ဗျာ...... ခင်ဗျားကို လှမ်းတွေ့ရင်တောင်ရှောင်သွားပေးမယ် ဘယ်လိုလဲ?"
ဒီတစ်ခါတော့ သွန်းမာန် စဉ်းစားရလေပြီ။
တစ်နည်းမဟုတ် တစ်နည်းသိသွားနိုင်သည့် နာမည်ကို ကပ်တွယ်နေမယ့်အစား
ဒီအပေးအယူကို လက်ခံလိုက်တာကမှ ထိုကောင်လေးကို မတွေ့ပဲနေလို့ရမှာပင်။
ပြီးတော့လည်း တစ်ပတ်ဆိုသော အချိန်ကာလည်း မနည်း......
" ကောင်းပြီလေ...... မင်းကတိတော့တည်ပါစေ"
ကောင်လေးက ခေါင်းအသာလေး ငြိမ့်ပြလေသည်။
" ငါ့နာမည်က သွန်းမာန်သစ်...... ဒါပေမယ့် ငါကမင်းထက် အသက်အများကြီး ကြီးတာမို့ငါ့နာမည်ကို မဆင်မခြင် ခေါ်ဖို့မစဉ်းစားလေနဲ့......"
ပြောပြီးတာနှင့် သွန်းမာန် ထိုနေရာကနေ ထွက်လာလိုက်သည်။
ထိုကောင်လေး ရစ်နေသည့် ဒဏ်လည်း မခံနိုင်တော့ပါ...
ဒါတောင် နောက်ကနေ......
" ဟေ့လူ ! ကျွန်တော့်နာမည် နားထောင်သွားဦးလေ!!"
" နောက် ကြုံမှပေါ့ကွာ"
အမြန်ပြေးထွက်သွားတဲ့ ထိုလူ့ကျောပြင်ကို ကြည့်ပြီး ကြွေ ပြုံးလိုက်မိသည်။
နာမည်သိဖို့တောင် ရင်းနှီးလိုက်ရတာ...
တကယ် ချေလွန်းတဲ့ လူကြီးပဲ......
~~~~~~~~~~~~~~~~~~
အခုတလော ကြွေ စိတ်ကြည်နေတာကြောင့် ခြံထဲက စားပွဲလေးမှာ အေးအေးလူလူ ထိုင်ရင်း Handmade စက္ကူရုပ်လေးတွေ ခေါက်နေမိလေသည်။
ကြိုးကြာ... ကြယ်...အသည်းပုံ ...လိပ်ပြာ အစရှိတဲ့ စက္ကူရုပ်လေးတွေအပြည့်နဲ့ ဖန်ပုလင်းလေးတွေ ပတ်လည်ဝိုင်းလျက် အလုပ်ရှုပ်နေသော ကြွေ......
စက္ကူလေးတွေ ညှပ်လိုက် ခေါက်လိုက်နှင့် ......
တစ်ခုတည်းသော ကြွေကြိုးရဲ့ စိတ်ဝင်စားမှုပင်။
" သား ကြွေ ဒီမှာ သားအတွက် ကြွေသစ်တော်သီးနဲ့ ဆား"
" ချထာခဲ့ နော်...ဒေါ်ကြီး"
အရည်ရွှမ်းတဲ့ သစ်တော်သီးကို ဆားနဲ့တို့စားတက်တဲ့ ကြွေ့ရဲ့ ထူးခြားသော အကျင့်...
ဆားကိုလည်း အမြဲ ပုလင်းလိုက်ချပေးမှ သဘောကျတက်သူ......
အဲ့ဒါကြောင့် အိမ်မှာ ကြွေ့အတွက် ဆားပုလင်း ကစ သီးသန့်...။
ကြွေ စိတ်ကြည်နေတာကြောင့် တစ်အိမ်လုံး သူ့အလုပ်နဲ့သူ သာယာလျက်။
ခြံစောင့် ဦးစိုင်းလည်း ပန်းပင်တွေကို ရေလောင်းနေတာ....
ထိုစဉ်...
တင်းတောင်* တင်းတောင်*
ခြံတံခါး bell သံကြောင့် ကြွေ ဘာရယ်မဟုတ် ခြံတံခါးဝကို ကြည့်လိုက်မိတော့......
oh~~~~ho
ဝင်လာတဲ့သူတွေကြောင့် ကြွေ အနည်းငယ် အံ့သြသွားပေမယ့် လက်ကတော့ လုပ်လက်စ အလုပ်မပျက်။
Mommy ရယ် ဦးမျိုးမင်းရယ်
နောက်ထပ် အတူပါလာသူက...
...
...
...
ကြွေ့ထက် ၃နှစ်တိတိ ငယ်တဲ့ Mommy နဲ့ ဦးမျိုးမင်းတို့ရဲ့သား မင်းဂုဏ်ရောင်...
ကြွေ ၂နှစ်သားကတည်းက Mommy ထူထောင်ခဲ့တဲ့ အိမ်ထောင်သစ်
သာမာန်ရုံးတက် လက်မှတ်ထိုးရုံနဲ့ တည်ဆောက်ခဲ့တဲ့ အိမ်ထောင်ရေးက သိပ်မကြာခင်က မင်္ဂလာနှစ်ပတ်လည် wedding မှာ ကြွေတောင် cake သွားမြည်းစမ်းခဲ့သေးသည်လေ...
သူတို့အိမ်ထောင်ရေးရဲ့ ခိုင်မြဲမှု သက်သေအဖြစ် မင်းဂုဏ်ရောင် က လှလှပပ ကြီးပြင်းလာသည်ပဲ...
ထားပါလေ...
ကြွေ့အတွက်တော့
အရာအားလုံးက တော်တော်လေး နေသားကျနေခဲ့ပါပြီ......
" ကြွေ Mommy တို့လာတယ်"
" hi~~"
ကြွေ လုပ်လက်စအလုပ်မပျက် ပေါ့ပေါ့ပါးပါး အဖြေပြန်ပေးလိုက်သည်။
" ကြွေ့ကို Mommy ပြောစရာရှိတယ်"
" ပြောလေ"
" Mommy တို့အိမ်ကို အကြီးစားပြင်ဆင်မှုလုပ်မလို့ အဲ့တာ ဒီ့ဘက်ခြံမှာ ယာယီလာနေဖြစ်သွားတယ် ကြွေ"
" အော်~~~~"
ဟုတ်သားပဲ ...
ကြွေ့တို့အိမ်နဲ့ ကပ်ရပ်အိမ်က mommy အမွေရထားတဲ့အိမ်ပဲ...
" အဲ့ဒါ ကြွေတို့သိအောင် mommy လာပြောတာ"
" ကျွန်တော်ကတော့ သိပါပြီ~~~~ daddy ကိုတော့ ကိုယ့်ဘာသာ အဆင်ပြေသလို အသိပေးလိုက်ပါ mommy ......ကျွန်တော် mommy တို့ကြားထဲ ဘာစကားမှ အသယ်အပို့ မလုပ်ပေးနိုင်ဘူး"
Mommy မျက်နှာပျက်သွားပေမယ့် ချက်ချင်းပြန်ထိန်းကာ...
" ကြွေ သိရအောင် လာပြောတာပါ ဒါဆို mommy တို့ပြန်ပြီ"
.
.
" သားလိုက်ခဲ့မယ် မေမေ သား ကိုကြွေ နဲ့ စကားခဏပြောချင်သေးလို့..."
မင်းဂုဏ်ရောင်...
ဒီကောင် ကိုယ့်သေတွင်းကိုယ် တူးနေပြန်ပါလား......
Mommy ပုံက စိတ်သိပ်မချပေမယ့် ဦးမျိုးမင်း ခေါ်ရာနောက် ပါသွားလေသည်။
နှစ်ယောက်တည်း ကျန်ခဲ့တော့မှ...
" ဘယ်လိုလဲ ကိုကြွေ ...... ပထမနှစ် ပြန်တက်နေတယ်ဆိုဗျ"
" အင်း~~"
" ဘယ်လိုဖြစ်ရတာလဲဗျာ~~~~ ကိုကြွေ့ထက်ငယ်တဲ့ ကျွန်တော်တောင်
Singapore မှာ Diploma ရပြီးပြန်လာနေပြီ ကိုကြွေက အခုမှ ပထမနှစ်တဲ့လား..."
" မင်း Bangkok University မှာ ကျောင်းထုတ်ခံရလို့ Singapore က ရရာ ဘွဲ့ဆွဲပြန်လာရတာလည်း ထည့်ပြောလေကွာ~~"
ကြွေ တစ်ခွန်းပဲပြောရသေးသည်။
အရှိုက်ထိသလို ငြိမ်ကျသွားတဲ့ မင်းဂုဏ်ရောင်...
" မင်း......ဘယ်လိုလုပ်သိတာလဲ!! မင်း ငါ့အကြောင်းစုံစမ်းနေတာလား??"
" စုံစမ်းစရာမလိုပါဘူးကွာ~~~ နဂိုကတည်းက အပုတ်နံ့က ပို ပျံ့နှံ့လွယ်တာပဲလေ~~"
" အော်......ဟော ဒါဆို ကိုကြွေ့ Daddy ရဲ့ အပုတ်နံ့က ပိုလှိုင်မယ်ထင်တယ်...... Gay ဆိုလားပဲ..."
စက္ကူညှပ်နေတဲ့ ကြွေ့လှုပ်ရှားမှုတွေ ခဏ ရပ်တန့်သွားရပြီး...
" Gay က ဘာဖြစ်လဲ? Gay က တိုင်းပြည်ပျက်အောင်လုပ်နေလို့လား?"
" ဒါဘယ်လောက် ရှက်စရာကောင်းလဲ ကိုကြွေ မသိလို့လား... ဒါ သဘာဝတရားကို လွန်ဆန်တာ... သိက္ခာတရားကို ဥပေက္ခာ ပြုတာပဲဗျ"
" သဘာဝတရားကို လွန်ဆန်တယ်တဲ့လား~~~ မိန်းမ ယောက်ျား ချစ်ကြတာတော့ သဘာဝပေါ့~~
အံ့သြစရာပဲ ~~~ သဘာဝတရားကို လွန်ဆန်တာတွေများလည်း အချိန်တန် လူဦးရေ တိုးနှုန်းက လျော့သွားတာမှ မဟုတ်တာ~~~ ဘာတွေများ ထိခိုက်နေလို့လဲ?"
" မင်း--- မင်း ဒီလောက် ဆတ်ဆတ်ထိမခံဖြစ်နေတာ မင်းလည်း မင်းအဖေခြေရာ နင်းမယ့်ကောင်ပဲ ထင်တယ်"
" နင်းတော့ရော ဘာဖြစ်လဲ?
လူတစ်ယောက်ရဲ့ ဖြစ်တည်မှုကို ဘယ်သူကမှ ဝေဖန်ပိုင်ခွင့်မရှိဘူး...... ဒါနဲ့မင်းကြည့်ရတာ Gay allgeric ဖြစ်နေပုံပဲ"
" ဘာကွ!!"
" မင်းအတွေးသေးသေးလေးနဲ့ ချစ်ခြင်းရဲ့ နက်နဲတဲ့ သဘောတရားတစ်ချို့ကို နားမလည်တာကို ငါသဘောပေါက်ပါတယ်~~~~ဒါပေမယ့်လည်း
ကိုယ့်ဘာသာ ဉာဏ်နည်းပြီး နားမလည်တဲ့ အကြောင်းအရာကို လက်မခံနိုင်ပါဘူးဆိုပြီး အော်ဟစ်ကြွေးကြော် ဆန္ဒပြနေရင်တော့ ~~~ မင်းဦးနှောက်မရှိတာကို ကြေငြာသလိုဖြစ်နေမှာပေါ့~~~မောင် မင်း ဂုဏ် ရောင် ရယ်~~"
ပြောရင်း လှောင်သလို ရယ်နေတဲ့ ကြွေ့ပုံကြောင့် မင်းဂုဏ်ရောင် ဒေါသတွေထွက်လာပုံပင်။
ကြွေ့အကြောင်း သိနေတာကြောင့် ဘာမှတော့မလုပ်ရဲ...
" ကဲ ပြောစရာမရှိရင် ပြန်တော့"
ကြွေ့စကားဆုံးတာတောင် ထိုနေရာမှာ မတ်တပ်ရပ်နေဆဲ...
ကြွေ ဆားဘူးထဲက ဆားတစ်ဇွန်း ခပ်ပြီး မင်းဂုဏ်ရောင် မတ်တပ်ရပ်နေရာကို လှမ်းပက်လိုက်လေသည်။
" ဟေ့ကောင်! မင်း ဒါဘာလုပ်တာလဲ?"
" မကောင်းဆိုးဝါးနှင်တာလေ... ဆားက မကောင်းဆိုးဝါးနှင်လို့ရတာ မသိဘူးလား?"
" မင်း ငါ့ကို ဘာလို့ဆားနဲ့ပတ်တာလဲ!!"
" ဧည့်သည်လို သဘောထားပြီးပြန်ခိုင်းတာ မပြန်သေးတော့ မကောင်းဆိုးဝါးထင်ပြီး နှင်တာလေ...... အခုထိမပြန်သေးပုံအရ မကောင်းဆိုးဝါးထက်တောင် အဆင့်နိမ့်ပုံပဲ"
" တောက်! ကြွေကြိုး မင်းနဲ့ငါတွေ့မယ်!"
" အချိန်မရွေးပဲ"
ဒေါသတကြီး ထွက်သွားတာနှင့် မင်းဂုဏ်ရောင် ခြံပြင်မရောက်သေးခင်...
" ဦးစိုင်းရေ ! ဒီနားကို ရေသေချာလာလောင်းပေးစမ်းပါ အမှိုက်တွေလာပြီး ညစ်ပတ်အောင်လုပ်သွားလို့!!"
နောက်ဆက်တွဲကြားလိုက်ရတဲ့ ခြံတံခါးဆောင့်ဖွင့်သံလေး အဆုံးမှာ ကြွေ သဘောကျစွာ ရယ်လိုက်မိသည်။
.
.
.
.
.
.
ငါ ကြွေကြိုးရဲ့ ဘဝလေး တယ်လည်း စိတ်ဝင်စားစရာ ကောင်းလှချည်လား.........။
~~~~~~~~~~~~~~~~
tbc.
thanks for my lovely readers
plz be more love to my ficition~~
N.S.P
21.5.2018
11:4P.M
်