အတိတ်​တစ်​ခု၏ ​ခြေရာ​ကောက်​​က...

By Arr_Sheng

1.7M 185K 35.4K

This story book presented by Zawgyi & UNICODE. #Zawgyi ေသမိန္႔က်ၿပီး လူတစ္ေယာက္၏ ေနာက္ဆုံးဆႏၵ #UNICODE သေမိန့... More

Author's Note
synopsis
EP-1
EP-2
EP-4
EP-5
EP-6
EP-7
EP-8
EP-9
EP-10
EP-11
EP-12
EP-13
EP-14
EP-15
EP-16
EP-17
EP-18
EP-19
EP-20
EP-21
EP-22
EP- 23
EP-24
EP-25
EP-26
EP-27
EP-28
EP-29
EP-30
EP-31
EP-32
EP-33
EP-34
EP-35
EP-36
EP-37
EP-38
EP-39
EP-40
EP-41
EP-42
EP-43
EP-44
EP-45
EP-46
EP-47
Final Episode
From Arr_Sheng

EP-3

38.8K 4.5K 644
By Arr_Sheng

At Myanmar ( 2018 )

""မႏၱေလးက နင္က ရန္ကုန္အထိ ဘာလာလုပ္တာလဲ""

ပိုင္စီးက ထုိင္ခုံမွာ ေျခခ်ိတ္ထုိင္လွ်က္ မထီမဲ့ျမင္ ေမးသည္။

""အေခၚအေဝၚ ေျပာင္းသင့္ၿပီ .. မတ္ကေလး၊ အမက မတ္ကေလးရဲ႕သူငယ္ခ်င္းမဟုတ္ေတာ့ဘူး၊ ပုိင္စီးအာဏာရဲ႕အကို ပိုင္ေဇအာဏာရဲ႕မိန္းမ သင္းခ်ယ္ရီေထြး ျဖစ္သြားၿပီ""

ပုိင္စီးက ဟန္မေဆာင္ႏိုင္ ထ ရယ္သည္။

""အဲ့လိုျဖစ္ေအာင္ ေျမွာက္စားေပးခဲ့တာ ဘယ္သူလဲ? နင့္ဟာနင္ဆို နဂိုအတိုငး္ ငါးစိမ္းသည္ရဲ႕ သမီးျဖစ္ေနမွာ""

ေဒါသေၾကာင့္ ခ်ယ္ရီေထြးမ်က္ႏွာ ရဲတတ္သြားသည္။

ပုိင္စီးက ႏႈတ္ခမ္းကိုမဲ့၊ အထင္အျမင္ေသးေသာ အၾကည့္တုိ႔ျဖင့္ ခ်ိဳးႏွိမ္ႏွိပ္ကြက္ေနသည္။ ၾကည့္ေနေသာမ်က္လုံးႏွစ္လုံးကို ေဖာက္ထုတ္ပစ္ခ်င္သည္အထိ ပုိင္စီးရဲ႕ အၾကည့္တုိ႔က မခံခ်င္စရာေကာင္းလွသည္။

ထားေတာ့ ... အဲ့ဒါ အေရးမႀကီးေသးဘူး။ လာရင္းကိစၥ အေရးႀကီးတာကုိ ေျပာရမယ္။

""အေဖဆုံးၿပီဆို?""

""ဘယ္အေဖလဲ? နင့္အေဖဆုံးတာ နင္ပဲသိမွာေပါ့၊ ဘာလုိ႔ ငါ့လာေမးေနတာလဲ""

ပုိင္စီးက စားပဲြေပၚမွာတင္ထားေသာ သတင္းစာကို ယူဖတ္လွ်က္ ခ်ယ္ရီေထြး၏ ဆိုလုိရင္းကို တကယ္ႀကီးမသိသလို တမင္ေမးသည္။

""သူေ႒းႀကီးဦးပိုင္အာဏာ ဆုံးတဲ့အေၾကာင္းကို ေမးေနတာ""

ပုိင္စီးမ်က္ခုံးတစ္ဖက္က ခပ္႐ြဲ႕႐ြဲ႕ ျမင့္တတ္သြားသည္။

""ဟုတ္တယ္ ... ငါ့အေဖဦးပုိင္အာဏာ ဆုံးၿပီ၊ ဒါနဲ႔ ... ငါ့အေဖ့ကုိ နင္က အေဖလို႔ သုံးလိုက္တာလား၊ အဟင္း ... ဟိုက နင့္ကုိ ေခၽြးမအျဖစ္လက္ခံမဲ့အစား သူ႔သားႀကီးကုိ စြန္႔ပစ္ခဲ့တာေနာ္၊ နင့္မွာ ငါတုိ႔ပိုင္အာဏာမိသားစုနဲ႔ အမ်ိဳးစပ္ခြင့္မ႐ွိဘူး""

ဦးပိုင္အာဏာႏွင့္ပတ္သက္၍ သူမတုိ႔ေဘာင္မဝင္ေၾကာငး္ ပုိင္စီးက မီးေမာင္းထိုးျပသည္။

ပုိင္စီး၏ ေစာ္ကားမႈ႕ကို ျပန္မပက္ႏုိင္။ ကုိုယ့္လုိရင္းကို ဘြင္းဘြင္းေမးလိုက္သည္။

""အေမြ ... ငါ့ေယာက်ာ္း ဦးပိုင္အာဏာရဲ႕သားႀကီး ပုိင္ေဇအာဏာအတြက္ အေမြကုိ နင္ဘယ္လိုလုပ္ေပးမလဲ""

ပုိင္စီးက ဟာသတစ္ခုကုိၾကားလိုက္ရသည့္ႏွယ္ ဟက္ဟက္ပက္ပက္ ရယ္ သည္။

""အေမြ? ... အေမြဆိုတာ ထုိက္မွစံတာ၊ အေဖအိပ္ရာထဲ လဲေနခ်ိန္တုန္းက တစ္ခ်က္လာမၾကည့္ခဲ့တဲ့ နင့္ပါးစပ္ေပါက္က အေမြဆိုတဲ့ စကားကို ထြက္ရဲေသးတယ္၊ နင္ေတာ္ေတာ္ အရွက္မ႐ွိပါ့လား .. မိေထြး""

""အ႐ွက္မ႐ွိတာ ငါဆုိ, မ်က္ႏွာေျပာင္တိုတ္ေနတာ နင္၊ အရာအားလုံးက နင့္ထိန္းခ်ဳပ္မႈ႕ေအာက္မွာ ရွိခဲ့တယ္၊ အေဖနာမက်န္းျဖစ္ေနတာကုိ ငါတို႔သိဖုိ႔ေနေနသာသာ အေဖ့ရဲ႕ အသုဘေတာင္ ငါတုိ႔ကုိ နင္အသိမေပးခဲ့ဘူး၊ အားလုံးၿပီးေတာ့မွ ဆုံးတဲ့အေၾကာငး္ကို သတင္းစာထဲထည့္ခဲ့တာ နင္ေလ""

ခ်ယ္ရီေထြးက ေဒါႏွင့္မာန္ႏွင့္ ေျပာေနေပမဲ့ ပုိင္စီးက သတင္းစာဖတ္မပ်က္၊ နားကို ကေလာ္ေနေသးသည္။ နားကို ကေလာ္ခဲ့ေသာ လက္သန္းထိပ္ကုိ ဖူးခနဲ ေလျဖင့္ မႈတ္ထုတ္ၿပီး

""ဦးပိုင္အာဏာရဲ႕ အေမြဆိုတာႀကီးကုိ နင့္စိတ္ထဲ မထားေစခ်င္ဘူး, အဲ့ဒါက စိတၱဇနာမ္လို ႐ွိမွ မ႐ွိတာ၊ ကဲ! ငါ Meeting တတ္ရဦးမယ္၊ ေလေအးေပးစက္ေအာက္မွာ ဆိုဖာအိအိေပၚထုိင္ရင္း နင္ေနခ်င္ေသးတာ ငါသိေပမဲ့ အားေတာ့နာတယ္ ... နင့္ကိုတစ္ေယာက္ထဲ ထားခဲ့ရမွာ ငါ့႐ုံးခန္းကို စိတ္မခ်ဘူး""

သတင္းစာကို ထက္ဝက္ ေခါက္ရင္း ပုိင္စီးက ႏွင္သည္။

""တရားဥပေဒအတုိင္း သြားမယ္၊ သူေ႒းႀကီးဦးပိုင္အာဏာရဲ႕ သားႀကီး ပိုင္ေဇအာဏာအတြက္ ရသင့္ရထုိက္တာမွ မရရင္ ငါလႊတ္ေတာ္အထိ တတ္တုိင္မွာ""

ပုိင္စီးက ခ်ယ္ရီေထြးကို ေျခဆုံးေခါင္းဆုံး ၾကည့္သည္။

""နင့္ဘာသာနင္ တိုင္ခ်င္တဲ့ေနရာတတ္တုိင္၊ ငါ့အေဖရဲ႕ ေသတမ္းစာမွာ နင္တို႔အတြက္ ျခဴးတစ္ျပား မေပးခဲ့ဘူး၊ အေဖ သက္႐ွိထင္ရွား႐ွိေနတုန္းမွာ အေဖ့ကို စိတ္ဆင္းရဲေအာင္လုပ္ၿပီး ေသေတာ့မွ အေမြလာေတာင္းေနတဲ့ နင္တုိ႔ရဲ႕ အရွက္မ႐ွိမႈ႕ကို တုိင္းႏွင့္ျပည္နယ္အားလုံးသိေအာင္ ဖြင့္ခ်ျပလိုက္ေလ""

ပုိင္စီး တစ္ခ်က္ပိတ္ေအာ္ပစ္ၿပီး ထိုင္ေနရာက ထရပ္သည္။

""ဆြဲမထုတ္ခင္ ကုိယ့္ေျခေထာက္နဲ႔ကုိယ္ ထ ျပန္တာ လူျမင္ေကာင္းမယ္""

ပိုင္စီးက ေဘာငး္ဘီအိတ္ကပ္တစ္ဖက္ထဲ လက္ထည့္ ရပ္လွ်က္ အေပၚမွ အုပ္မိုးၾကည့္ကာ ထိုင္ေနေသာ ခ်ယ္ရီေထြးကို အံႀကိတ္သတိေပးသည္။

""နင္ တမင္လုပ္တာမဟုတ္လား ... နင့္အကိုနဲ႔နင့္အေဖ စိတ္ဝမ္းကြဲဖို႔ ငါးစိမ္းသည္မရဲ႕သမီးငါနဲ႔ နင့္အကိုကုိ တမင္ ေပးစားခဲ့တာ မဟုတ္လား""

ပုိင္စီးက မဲ့ၿပဳံးတစ္ခ်က္ျဖင့္ ခြန္းတုံ႔မဆို။ စားပဲြကုိ ျပန္သြားကာ ယူစရာ႐ွိသည့္ Files ေတြကို စစ္ေနသည္။

""ေစ်းထဲမွာ ငါးေရာငး္တဲ့ ငါးစိမ္းသည္မရဲ႕ သမီးမိုလို႔ တစ္တန္းလုံးက ဖယ္က်ဥ္ထားတဲ့ ငါနဲ႔ သူငယ္ခ်င္းလုပ္ေပးခဲ့တဲ့ နင့္တစ္ေယာက္ကုိ ေကး်ဇူးေတြတင္ခဲ့တယ္၊ အျပင္မွာ လူခ်င္း ေတြ႔ရင္တစ္ခ်က္ လွည့္မၾကည့္တဲ့ ကိုပုိင္ေဇက ငါ့ကို ႀကိတ္စိတ္ဝင္စားေနတဲ့အေၾကာငး္ေတြ နင္ေျပာျပတုိငး္ ငါစိတ္ကူးေတြနဲ႔ ၾကည္ႏူးခဲ့တယ္၊  အဲ့ည နင့္ေမြးေန႔ပဲြကုိ ငါမလာခဲ့သင့္ဘူး၊ နင့္တိုတ္တဲ့ အေအးကို ငါမေသာက္ခဲ့သင့္ဘူး""

ညတစ္ည ... ပုိင္စီး၏ ၂၂ႏွစ္ျပည့္ ေမြးေန႔ပါတီပြဲညမွာ ငါးစိမ္းသည္ရဲ႕သမီး သင္းခ်ယ္ရီေထြးကို ဖိတ္ခဲ့သည္။ ထုိညမွာ ပိုင္စီးက ႀကိတ္စီစဥ္ခဲ့ေသာ အကုိုိပုိင္ေဇႏွင့္ပတ္သက္သည့္ မဟာအႀကံအစည္ႀကီးကို အေကာင္အထည္ေဖာ္ေတာ့သည္။

အကိုပုိင္ေဇႏွင့္ခ်ယ္ရီေထြးေသာက္မည့္ အေအးမွာ အိပ္ေဆးခတ္သည္။ ထုိ႔ေနာက္ အကိုပုိင္ေဇ၏အိပ္ခန္းမွာ ႏွစ္ေယာက္ကို အဝတ္ေတြခၽြတ္ၿပီး ကုတင္ေပၚ တင္ထားခဲ့သည္။

ေမြးေန႔ပဲြၿပီးဆုံးသည္အထိ ေပ်ာက္ေနေသာ လူနွစ္ေယာက္ကို လူအမ်ားဝိုင္း႐ွာေဖြစဥ္ အကိုပုိင္ေဇအိပ္ခန္းမွာ ေတြ႔လိုက္ရေသာ ႏွစ္ေယာက္၏အေျခအေနေၾကာင့္ အကုိပုိင္ေဇႏွင့္သငး္ခ်ယ္ရီေထြး အေၾကာငး္ပါေစေတာ့သည္။

အေဖက ေလ်ာ္ေၾကးေပး ဖ်တ္ေသာ္လည္း အကိုပိုင္ေဇက လက္မခံ။ အကုိပုိင္ေဇ၏ ဗီဇက ေအးေဆးတည္ၿငိမ္ၿပီး စိတ္ဓာက္က ေယာက်ာ္းေကာငး္ ပီသသည္။ လက္႐ွိခ်စ္သူ ေမမမႏိုင္ကို ျဖတ္ၿပီး ငါးစိမ္းသည္မသမီးကို တာဝန္ယူခဲ့သည္။

လူအမ်ားေရွ႕တြင္ တစ္ကုတင္ထဲမွာ အထင္အျမင္ လဲြေလာက္စရာ အေျခအေနျဖစ္ခဲ့ရေသာ သငး္ခ်ယ္ရီေထြး၏ အ႐ွက္ႏွင့္သိကၡာအတြက္ အကုိပုိင္ေဇက အရာအားလုံးကိုရင္းၿပီး ကာကြယ္ခဲ့သည္။

အကိုပိုင္ေဇက သင္းခ်ယ္ရီေထြးကို ခ်စ္ဖို႔ေနေနသာသာ လူကုိေတာင္ မသိခဲ့႐ွာ။ ညီျဖစ္သူပုိင္စီးရဲ႕လုပ္ႀကံမႈ႕ေၾကာင့္ အကုိပုိင္ေဇက အေဖအမ်က္႐ွခံခဲ့ရသလို ခ်စ္ေသာသူ၏ အမုန္းကုိခံ၊ မခ်စ္ေသာသူနဲ႔ ဖူးစာေရး ကံပါခဲ့ရသည္။

""ေနာက္ဆုံးေတာ့ အကုိပုိင္ေဇရဲ႕ ေရႊေရာင္တလက္လက္ ေတာတ္ပေနတဲ့ အနာဂက္ကို ႐ႊံ႕လူးေစခဲ့တာ နင္ပဲ ... သင္းခ်ယ္ရီေထြး""

ခ်ယ္ရီေထြးက ထိုင္ရာမွ မတ္တပ္ ထရပ္လာသည္။

""င့ါေၾကာင့္ အားလုံးဆုံး႐ႈံးခဲ့ရတဲ့ ကိုပုိင္ေဇအတြက္ ငါဒီတစ္ခါေတာ့ ေက်းဇူးဆပ္ခြင့္ရေအာင္ လုပ္မွာ၊ မိသားစုကို ကာကြယ္ခ်င္တဲ့စိတ္ကုိ နင္အသိဆုံးပါ၊ နင္ ... ေမမမႏိုင္နဲ႔နင့္သမီးကို သိပ္ခ်စ္တယ္မလား""

----------------

သငး္ခ်ယ္ရီေထြးေၾကာင့္ စိတ္ကမၾကည္၊ ထပ္ဆင့္ အစည္းအေဝးမွာ အဆင္မေျပခဲ့ေသာေၾကာင့္ ပိုင္စီး ျမင္ျမင္သမွ်ကို စိတ္တိုငး္မက်၊ ေဒါသထြက္ေနသည္။ ဇြဲရန္ကုိမေစာင့္, တစ္ေယာက္ထဲ ကားကိုတတ္ေမာင္းကာ အရွိန္ျပငး္ျပငး္ျဖင့္ ပါကင္ ေကြ႔လိုက္သည္။

႐ုတ္တရက္ ကားေရွ႕ ေျပး, ပိတ္ရပ္လာသည့္ လူတစ္ေယာက္။ ဘရိတ္ကို ေဆာင့္နင္းလုိက္ေသာ ပိုင္စီးမူပ်က္သြားသည္။ စတီယာရင္ေပၚ ေခါင္းစိုက္ထားရာမွ ကားေရွ႕မွာ ပိတ္ရပ္လိုက္ေသာ သေကာင့္သားကို တျဖည္းျဖည္း ေမာ့ ၾကည့္လိုက္သည္။ 

""ေတာတ္!""

ေတာတ္ေခါက္သံ ျပငး္ျပငး္ႏွင့္ ကားတံခါးကုိ ဆြဲဖြင့္ကာ ေဆာင့္ပိတ္ပစ္ၿပီး ထုိသေကာင့္သားေရွ႕ကို ပိုင္စီးေရာက္သြားသည္။

မ်က္ႏွာခ်ငး္ဆုိင္ ေရာက္ေရာက္ခ်ငး္ တစ္ခြန္းမဆို ... ခြပ္ခနဲ မ်က္ႏွာကုိ တစ္ခ်က္ထိုးပစ္ ၿပီး လဲက်သြားေသာ သေကာင့္သားရဲ႕ အက်ႌလည္ပင္းစကို ဆြဲယူကုိင္လွ်က္ မ်က္ႏွာခ်င္းကပ္ကာ

""ေသခ်င္လို႔လား""

သေကာင့္သားက ႏွာေခါင္းမွစီးက်လာေသာ ေသြးကုိ အားမနာ .. ဟက္ခနဲ ပမာမခန္႔ ရယ္လိုက္ေသးသည္။

""မေသခ်င္ပါဘူး ... လူတစ္ေယာက္ရဲ႕ ေသျခငး္႐ွင္ျခင္းက လူတစ္ေယာက္ရဲ႕အလိုအတိုင္း ျဖစ္လာတာမွ မဟုတ္တာ၊ ေသခ်ိန္တန္ရင္ မျဖစ္သင့္တဲ့ေရာဂါက ထေဖာက္ၿပီး ေသမယ္၊ ေသခ်ိန္မတန္ရင္ ကားေရွ႕ပိတ္ရပ္လည္း မေသတာ အခုလက္ေတြ႔ပဲေလ""

သေကာင့္သားက နီးကပ္ေနေသာ ပုိင္စီးမ်က္ႏွာကို ဖူးခနဲ ေလမႈတ္လိုက္ေသးသည္။ ပုိင္စီးက ဆြဲထားေသာ အက်ႌစကို ျပန္ေဆာင့္တြန္းဖယ္ၿပီး

""ေသခ်င္ရင္ အျခားနည္းနဲ႔ေသ၊ ငါ့ကားေရွ႕လာမရပ္နဲ႔၊ က်က္သေရတုံးတယ္""

ေျပာၿပီး ပုိင္စီး ေက်ာခိုင္းလုိက္သည္။

ကားေပၚျပန္တတ္ေတာ့မည့္ ပိုင္စီး၏ခါးကို အေနာက္မွ တင္းတင္းၾကပ္ၾကပ္ ဖက္လိုက္ေသာ လက္တစ္စုံႏွင့္အတူ

""မုန္႔ဖိုးေပး ... ပုိင္၊ တို႔သုံးစရာမရွိေတာ့ဘူး""

ပိုင္စီးအေၾကာေတြေထာင္တတ္သြားသည္။

ဘယ္သူ႔ကို မခန္႔ေလးစား ေျပာင္ေခ်ာ္ေခ်ာ္လုပ္ေနတာလဲ

တလိမ့္လိမ့္, လိမ့္တတ္လာေသာ ေဒါသတို႔ေၾကာင့္ ခါးကိုဖက္ထားသည့္လက္ကုိ ေနာက္ျပန္ ဆြဲလိမ္ခ်ိဳးၿပီး သေကာင့္သားမ်က္ႏွာတည့္တည့္ကို ဒုတိယအႀကိမ္ လက္သီးခပ္မာမာတစ္ခ်က္ ပစ္သြငး္ေပးလိုက္သည္။

မထင္ထားေသာ တိုတ္ကြက္ျဖစ္တာေၾကာင့္ သေကာင့္သားက ဟိုတယ္ ကားပါကင္၏ တမံတလင္းထက္ မ႐ႈ႕မလွ ပက္လက္လန္ လဲက်သြားသည္။

""ေနာက္တစ္ခါ ထပ္လူပါးဝၾကည့္, ကားနဲ႔တတ္ႀကိတ္သတ္ပစ္မယ္""

ေမးေၾကာေတြေထာင္တတ္ေနေအာင္ ပိုင္စီးက ႀကိမ္းလွ်က္ ကားတံခါးကို ေဆာင့္ပိတ္ကာ ေမာငး္ထြက္လိုက္သည္။

ဒါေတာင္ သေကာင့္သားဆီက ၾကားျဖစ္ေအာင္ ၾကားလုိက္ရေသာ စကား ...

""အခုလုပ္ရပ္အတြက္ ပုိင္ ေနာင္ တ ရ မယ္၊ ေျပာခ့ဲသားပဲ ... တို႔ကို သိပ္မရက္စက္နဲ႔, အဆုံးမွာ ေနာင္တေတြနဲ႔က်န္ခဲ့ရမဲ့သူက ပုိင္ပဲ""

ပုိင္စီးတစ္ေယာက္ မခံမရပ္ႏိုင္ လက္ကို  စတီယာရင္ေပၚ တဒုန္းဒုန္း ထုလိုက္သည္။

မင္းက ဘာေကာင္မိုလို႔ ငါကမင္းနဲ႔ပတ္သက္ၿပီး ေနာင္တရရမွာလဲ...

-----------------

ပါးေစာင္ထက္မွာ စီးက်ေနေသာ ေသြးေတြကို မသုတ္ဖယ္၊ လဲက်ေနရာမွ ထ,မရပ္။ တမံတလင္းေပၚ လူးလိမ့္ရင္း ေျခာက္ကပ္ကပ္ရယ္သံျဖင့္ တဟားဟား ေအာ္ရယ္ေနသည္။

က်န္ရွိေနတ့ဲ တုိ႔ဘဝမွာ ပုိင့္ကုိပဲ မွီခိုခ်င္ေတာ့တယ္၊ သုခေတြ႔ရင္ ပုိင္နဲ႔မွ်ေဝၿပီး ဒုကၡရွိရင္ အျခားသူထက္ ပုိင့္ကုိပဲ အားကုိးခ်င္ေတာ့တယ္၊ အဲ့ဒါ မျဖစ္ႏိုင္ဘူးလား၊ ပိုက္ဆံဆုိတာ တုိ႔အတြက္ခတ္ခဲေပမဲ့ ပိုင့္အတြက္ အေပါမ်ားဆုံးမဟုတ္လား။ အဲ့ဒါေလးကုိေတာင္ တို႔အတြက္ မစြန္႔ႀကဲေပးခ်င္ဘူးလား ... ပုိင္

တသြင္သြင္က်စီးလာေသာ မ်က္ရည္ႏွင့္ ေသြးစီးေၾကာငး္ ကို လက္ေမာင္းအက်ႌစျဖင့္ ဖိသုတ္လွ်က္ ခပ္ယိုင္ယုိင္ မတ္တပ္ထ ရပ္ သည္။

""ကေလးေလး ... မင္းပစၥည္း က် ေနတယ္""

စကားသံဝဲဝဲေၾကာင့္ Down အသံၾကားရာကုိ ေနာက္လွည့္ၾကည့္သည္။

ခႏၶာကုိယ္ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ ဘိုးေတာ္ အယဥ္ေက်းဆုံးအေခၚ အန္ကယ္ႀကီးတစ္ေယာက္။

အန္ကယ္ႀကီးႏွင့္ Down ၾကား ခပ္လွမ္းလွမ္း တံမံတလင္းေပၚမွာ သွ်ားညိဳေရာင္ ေဖာင္းေဖာငး္ပြပြ ပိုက္ဆံအိတ္ႀကီးက ခန္႔ခန္႔ညားညား ႐ွိေနသည္။

ပိုက္ဆံအိတ္က ၾကည့္လိုက္တာႏွင့္ အန္ကယ္ႀကီးေတြ ဂ်ိဳငး္ၾကားညွပ္ထည့္ေလ့႐ွိေသာ အိတ္ပုံစံႀကီး။

""တုိ႔ ဟာ မဟုတ္ဘူး""

ခပ္ျပတ္ျပတ္ေျပာၿပီး Down ျပန္ရန္ ေျခလွမ္းျပင္ေသာ္လည္း ....

""ကေလးေလးဟာလုိ႔ ကုိယ္ေျပာရင္ေရာ""

Down စိတ္႐ႈပ္ေထြးစြာ မ်က္ခုံးႏွစ္စုံ တြန္႔သြားသည္။

ဧကႏ ၱ... ဒီအန္ကယ္ႀကီး ...

အေတြးေပါက္သြားတာႏွင့္ ခပ္ဂ်စ္ဂ်စ္အၿပဳံးတစ္ခုက Downမ်က္ႏွာမွာ ဖ်တ္ခနဲ ကပ္ၿငိတြယ္သြားသည္။

Downက အန္ကယ္ႀကီးကုိတဖန္ ျပန္ၾကည့္လုိက္၊ တမံတလင္းေပၚ က်ေနေသာ ပုိက္ဆံအိတ္ကုိၾကည့္လုိက္ အကဲခတ္စဥ္းစားေနသည္။  ထုိ႔ေနာက္ အဓိပၸာယ္ပါေသာ အၿပဳံးတစ္ခုျဖင့္ ပုိက္ဆံအိတ္ကို သြားေကာက္ယူသည္။

ပုိက္ဆံအိတ္ႀကီးကို လက္ျဖင့္ တဗုန္းဗုန္း ႐ုိက္ခါ ၿပီး ဇစ္ဖြင့္ၾကည့္သည္။

မ်က္ႏွာအမူအရာအမ်ိဳးမ်ိဳးျဖင့္ ပုိက္ဆံအိတ္ထဲက ပိုက္ဆံသုံးအုပ္ကုိေရတြက္ၾကည့္ၿပီး အန္ကယ္ႀကီးကို ခပ္ညဳညဳ ၿပဳံးျပသည္။

""ဟုတ္တယ္ .. တို႔ ဟာ၊ ဘဲႀကီးေပးတဲ့ တုိ႔ဟာ""

အန္ကယ္ႀကီးက ပခုံးနွစ္ဖက္ တြ႔န္႔ျပေတာ့ Downက wink တစ္ခ်က္ ျပန္ေပးသည္။

""ေကာငး္ရာေကာငး္ေၾကာငး္ သုံးေပးပါ့မယ္""

ပုိက္ဆံသုံးအုပ္ကို ႏႈတ္ခမ္းျဖင့္ မြခနဲ နမ္းျပၿပီး သွ်ားညိဳေရာင္ပိုက္ဆံအိတ္ႀကီးကို ပစ္ခ်ခဲ့သည္။

""ခဏ ... ကေလးေလး""

အန္ကယ္ႀကီးက Downအနားကို ေလွ်ာက္လာၿပီး ကဒ္တစ္ကဒ္ ေပးသည္။

""ကေလးေလးလိုအပ္ရင္ လာခဲ့ပါ၊ ကုိယ္ကေတာ့ ကေလးေလးကို ေတြ႔လိုက္ထဲက လိုအပ္ေနၿပီ""

Downက ကမ္းေပးေသာ ကဒ္ကို တစ္ခ်က္မၾကည့္၊ ဆဲြယူၿပီး ဆြဲၿဖဲလိုက္သည္။ အစိတ္စိတ္အမႊာမႊာျဖစ္သြားေသာ ကက္ထူအပုိင္းအစတို႔ကို ေလထဲမွာ ေဝွ႔ယမ္းပစ္ကာ

""ဘဲႀကီးရာ ... ကုိယ့္ဘာသာ သာသာယာယာ ေနစမ္းပါ၊ အလကားေန ထိပ္ ေျမြေပါက္မခံခ်င္ပါနဲ႔""

အန္ကယ္ႀကီးရဲ႕လက္ကို ဖ်တ္ခနဲ ဆြဲယူလွ်က္ လက္ခုံေပၚ အနမ္းတစ္ပြင့္ေပးၿပီး Downက ေက်ာခိုင္းႏႈတ္ဆက္သြားသည္။

""ကုိယ့္နာမည္ က်န္းေလာင္ေဝ့၊ Panorama Hotel ေလးလႊာ Room No 141 မွာ အၿမဲ႐ွိတယ္၊ ကုိယ္ ကေလးေလးကုိ မုန္႔ဖိုးေရာ ထမင္းဖိုးေရာ မင္းအဖိုးအခေတြအားလုံးေပးႏုိင္တယ္""

ေနာက္ပါးမွ လွမ္းေအာ္ေျပာေသာ ဘဲႀကီးစကားကုိ ေနာက္ျပန္ လက္ျပရင္း လ်စ္လ်ဴရႈခဲ့သည္။

ေနစမ္းပါ ... တို႔မွာ ပိုင္စီးအာဏာတစ္ေယာက္လုံး ႐ွိတယ္။

--------------

ေဒၚလာျဖင့္ ေစ်းႀကီးႀကီးေပးရေသာ နာမည္ႀကီး Restaurant တစ္ခုမွာ တစ္ေယာက္ထဲ steak မွာ စားေနရငး္ ေခါငး္က တဆစ္ဆစ္ ကုိက္လာသည္။

ေဘးဝိုင္းက စူးစူးဝါးဝါးကေလးငုိသံႏွင့္ နားယားစရာ ကေလးျမွဴသံေၾကာင့္ ကုိက္ေနေသာ ေခါငး္က ပိုတိုးကုိက္လာသည္။

ေဇာေခၽြးပ်ံလာၿပီး လက္ေတြတုန္ရီလာကာ လက္ထဲက ဓါးႏွင့္ခရင္းကို စားပဲြေပၚ ပစ္ခ်လိုက္သည္။

""အေဒၚႀကီး ... အေဒၚႀကီးကေလးပါးစပ္ေပါက္ကို ပိတ္ေအာင္ တစ္ခုခုနဲ႔ ရေအာင္ စို႔ေလ၊ ဒီမွာ နားတအားၿငီးတယ္၊ စားလို႔ေသာက္လို႔ မရေတာ့ဘူး""

ေဝဒနာဖိစီးေနေသာ Downက အသံကုန္ ေအာ္ပစ္သည္။ ငိုေနသည့္ကေလးအသံကုိ လႊမ္းကာ တစ္ဆုိင္လုံးမွာ Down တစ္ေယာက္ ေအာ္သံက ဟိန္းထြက္သြားသည္။ ကေလးကလန္႔ ၿပီး မရပ္မနား အာၿပဲငိုေတာ့သည္။

""Sorryပါ .. ေမာင္ေလး၊ ကေလးက အိပ္ေရးမဝေတာ့ ဂ်ီေနတယ္၊ အမလည္း ေခ်ာ့ေနတာပဲ""

ကေလးအေမက Downကုိတစ္ခ်က္မၾကည့္၊ ဝတ္ေက်တန္းေက် ေတာငး္ပန္စကားဆုိၿပီး ကေလးကုိ ေခ်ာ့ျမဴေနသည္။

""Waiter! Waitress! ... Manager ... ဆိုင္တာဝန္ရွိသူေတြ အားလုံး ဘယ္ေရာက္သြားလဲ! ဒီကိစၥကို မရွငး္ေပးေတာ့ဘူးလား၊ တုိ႔ေရာက္ေနတာ လမ္းေဘးက တခါျပင္ ငါးရာ ထမင္းဆုိင္လား""

ထုိးကိုက္လာေသာ ေခါငး္ကို နားထင္ႏွစ္ဖက္အား လက္ျဖင့္ ဖိကပ္ႏွိပ္နယ္ရင္း Downက ေသာငး္က်န္းေနသည္။

Down က ကုန္းေအာ္ေလ, ကေလးက လန္႔ၿပီး ပိုငိုေလ ... ဆုိင္ထဲ ဆူညံသြားသည္။

""ဘာလုိ႔ ဆိုင္အမိုးပြင့္မတတ္ ေအာ္ေနတာလဲ ... ေမာင္ေလး၊ ဘယ္လိုပဲသည္းမခံႏုိင္ပါေစဦး ... ေမာင္ေလးကလူႀကီး, ဒီက တစ္ႏွစ္ေက်ာ္ကေလး, အမလည္းေခ်ာ့ေနတာပဲ နားလည္ေပးေလ၊ ဒီမွာ ကေလးက ေမာင္ေလးေၾကာင့္ လန္႔ၿပီး ပိုငိုေနၿပီ""

ကေလးအေမအသံမာသြားသည္။

""အားးးးး""

Downက ေဝဒနာဒဏ္ကို အံတုလွ်က္ စားပဲြေပၚက အရာအားလုံးကုိ လက္ျဖင့္ တိုတ္ခ်ပစ္သည္။

""ကေလးက်ေမြးတတ္ၿပီး ကေလးတိတ္ေအာင္ ခင္ဗ်ားမလုပ္တတ္ဘူးလား၊ ေအး ... က်ဴပ္လုပ္မယ္ ... ခင္ဗ်ားကေလးရဲ႕ ပါးစပ္ေပါက္ကို က်ဴပ္ပိတ္ေပးမယ္""

ပန္းကန္ေၾကြကြဲစကို ကုိင္ကာ ကေလးကို စူးစူးရဲရဲ စိုက္ၾကည့္လွ်က္ ႀကဳံးဝါးေတာ့ ကေလးအေမ ထိတ္ျပာသြားသည္။ အူလႈိက္သဲလိႈက္ငိုေနေသာ ကေလးကုိ ရင္ခြင္ထဲမွာ တင္းၾကပ္စြာ ေပြ႔ပုိက္လွ်က္ Downကုိ စိတၱဇလူသတ္သမားလို ေၾကာက္လန္႔စြာၾကည့္ေနသည္။

""ဧည့္သည္ .. အဲ့လိုလုပ္လုိ႔မရပါဘူးရွင္ ""

ဆုိင္ကဝန္ထမ္းေတြ ေရာက္လာၿပီး Downကို ထိန္းသည္။ Downလက္ထဲက ေၾကြကြဲစကို ဆဲြယူၾကသည္။
အနားကပ္လာေသာ လူရိပ္ေတြ၊ ၾကားရေသာ ကေလးငိုသံ၊ ျမင္ေနရေသာ မီးေရာင္ေတြေၾကာင့္ Downအသက္႐ႈေတြ ၾကပ္လာသည္။

ထိန္းခ်ဳပ္ထားေသာ လူေတြၾကားမွ ႐ွိသမွ်အားျဖင့္ ႐ုန္းထြက္ကာ ကိုယ့္ပစၥညး္ကုိယ္ယူၿပီး ဆုိင္ထဲက Down ဗ႐ုတ္သုတ္ခ ထြက္လာသည္။ မူးေဝေနေသာအာ႐ုံမွာ ျမင္ေနရေသာ ပုံရိပ္ေတြက အထပ္ထပ္၊ အရာရာတိုငး္က ေလထဲမွာ ပ်ံဝဲေနသလိုလို။ လူက ေနရာမွာ ပုံလဲက်ေတာ့မတတ္။

ဓာက္ေလွကားခန္းထဲကအထြက္ လူတစ္ေယာက္ႏွင့္ ဝင္တုိတ္မိသည္။ ထိုလူ႔လက္ထဲမွာ အျမတ္တႏိုး ကိုင္ထားေသာ ပန္းစည္းက ေအာက္ျပဳတ္က်သြားသည္။

ဝင္တိုတ္မိေသာသူကုိ ဘာမွ ျပန္မေျပာႏိုင္၊ ကမူး႐ႈးထုိးျဖင့္ အျပင္ထြက္ရန္ ျပင္တုန္း Downလက္ေမာင္းကို အားပါပါ ဖမ္းကုိင္ ဆြဲယူခံရသည္။

""မင္းေၾကာင့္ ပ်က္စီးသြားတဲ့ ငါ့ပန္းစည္းကို ဘယ္လို တာဝန္ယူေပးမွာလဲ""

အသံေၾကာင့္ ႐ုန္းထြက္ေနေသာ Downေျခလွမ္းတုိ႔ ရပ္တန္႔ကာ ဝမ္းသာအားရ သူ႔ကို လည္ျပန္လွည့္ၾကည့္မိသည္။

""ပုိင္""

ေခၚသံႏွင့္ လွည့္ၾကည့္လာေသာမ်က္ႏွာကို ေသခ်ာျမင္လိုက္ခ်ိန္ ပိုင္စီး အံ့ၾသသြားသည္။ 

""မင္း ... ""

""ပုိင္ ... တို႔ကုိ Hotel ျပန္လုိက္ပို႔ေပး .. တုိ႔ကားေမာင္းႏိုင္မယ္မထင္ဘူး၊ ေခါငး္အရမ္းကုိက္လာလို႔ ... တို႔ကုိ ျပန္ပို႔ေပး၊ တို႔ေနမေကာင္းဘူး""

ပိုင္စီးလက္ကို အားကိုးတႀကီး ဆုပ္ကုိင္ကာ ပုိင္စီးရင္ခြင္ထဲ အတင္းတိုးဝင္ေနေသာ ေကာင္ေလးကို ပိုင္စီး စိတ္မရွည္စြာ ေဆာင့္တြန္းလိုက္သည္။

""ဒီလိုစိတ္ပ်က္ဖို႔ေကာင္းတဲ့ေကာင္ကို လူအျဖစ္ မေမြးခဲ့သင့္ဘူး""

ေခါင္းက ဒိတ္ခနဲ၊ ရင္က ေအာင့္ခနဲ ...

ေအာက္က်သြားေသာ ပန္းစည္းကို နငး္ေခ်လွ်က္ ဓာက္ေလွကားခန္းထဲ ဝင္ေတာ့မည့္ ပုိင္စီးလက္ကုိ အမွတ္သည္းေျခမရွိ ထပ္ ဆဲြထားမိသည္။

""ေနာင္ တ ရ လိမ့္ မယ္ .. ပုိင္""

""ေနာင္တ ... အဲ့ဒီ့ေနာင္တက အခုမင္းကို ေတြ႔ေနရတဲ့ဒုကၡထက္ ပိုႏိုင္မလား""

လက္ကိုေဆာင့္ခါ႐ုန္းၿပီး ပိုင္စီးက ဓာက္ေလွကားခန္းထဲ ဝင္သြားသည္။

ေအာက္ႏႈတ္ခမ္းသားကို ျပတ္ထြက္လုမတတ္ ဖိကုိက္လွ်က္ အံတင္းတငး္ႀကိတ္ကာ Down ေနရာမွာ က်န္ရစ္ခဲ့သည္။

အားမေလွ်ာ့ေသးပဲ ပုိင္စီးတတ္သြားသည့္ အထပ္ကို ၾကည့္ကာ Downေနာက္က လိုက္တတ္ခဲ့သည္။ 

ပုိင္စီးတတ္သြားသည့္ အထပ္က Downဆင္းလာခဲ့သည့္ Restaurant ကလဲြၿပီး မရွိ။

ဆိုင္ထဲကို Down ဒုတိယအႀကိမ္ ျပန္ေရာက္လာၿပီး ပိုင္စီးကုိ ရွာသည္။

ေဝဒနာကုိ ႀကိတ္မွိတ္တင္းခံေနေသာေၾကာင့္ မ်က္ႏွာက ေသြးမ႐ွိသလို ျဖဴေဖ်ာ့လာၿပီး ႏႈတ္ခမ္းေတြ ျပာတတ္လာသည္။
လက္သီးက်စ္က်စ္ပါေအာင္ ဆုပ္၊ ေသြးထြက္လာသည္အထိ ႏႈတ္ခမ္းသားကို ဖိကုိက္ကာ ေနရာမွာရပ္ရင္း တစ္ဆုိင္လုံးအႏွံ႔ မ်က္လုံးျဖင့္ ပုိင္စီးကုိ ေဝ့ဝိုက္ ရွာလိုက္သည္။

ေတြ႔ပါၿပီ ... ပုိင္စီးတစ္ေယာက္ထဲေတာ့ မဟုတ္။ ခုနက Downျပသနာရွာခဲ့ေသာ သားအမိႏွစ္ေယာက္ဝုိင္းမွာ ပုိင္စီးက ၿပံဳးရယ္လွ်က္ ဝင္ထိုင္ေနသည္။ အာၿပဲေအာင္ငိုခဲ့ေသာ ကေလးကို ပုိင္စီးက ေပါင္ေပၚမွာ ေပြ႔ပိုက္တင္ရင္း ကေလးမ်က္ႏွာအႏွ႔ံ အနမ္းေတြ ေပးေနသည္။

ကေလးကိုျမွဴေနလိုက္တာမ်ား ... ခုနက တတ္မတတ္ခ်က္မတတ္ ငိုခဲ့ေသာ ကေလးက သူမဟုတ္သည့္တုိင္ တခစ္ခစ္ ရယ္ေနသည္။ ကေလးအေမက ပုိင္စီးတုိ႔သားအဖကို ၿပံဳးရယ္လွ်က္ ပီတိရႊန္းရႊန္းစားစားျဖင့္ ေဘးက ထုိင္ၾကည့္ေနသည္။ ပိုင္စီးက ကေလးအေမလက္ကို လွမ္းကုိင္ကာ နဖူးကို ခပ္ဖြဖြ နမ္းလိုက္သည္။ ကေလးကုိ ေပါင္ေပၚမွာ ေပြ႔ပုိက္ထားရင္း ကေလးအေမလက္ကုိ မလႊတ္စတမ္း ဆုပ္ကိုင္ထားသည္။ တစ္ေယာက္ႏွင့္တစ္ေယာက္ ၿပဳံးပန္းေဝဆာလွ်က္ ပုိင္စီးနဖူးက ေခၽြးစတုိ႔ကို ကေလးအေမက သုတ္ေပးေနသည္။

ျမင္ေနရေသာ ျမင္ကြင္းကို မ်က္ရည္ေတြ တသြင္သြင္ စီးက်လွ်က္ ဆုိင္ဝမွာ ၾကည့္ေနခဲ့သူက Down။

ေခါင္းကုိ လမ္းႀကိတ္စက္ႏွင့္ အႀကိတ္ခံရသကဲ့သို႔ နာက်င္မႈ႕ကုိ ေမ့ေပ်ာက္ႏုိင္သည္အထိ ရင္ထဲမွာ အက္ဆစ္အေလာငး္ခံရသကဲ့သလို႔ စုတ္ျပတ္ေနေသာ ခံစားခ်က္တုိ႔ျဖင့္ နင့္နင့္သီးသီး စိုက္ၾကည့္ေနသည္။ ေအာက္ႏႈတ္ခမ္းသားက ေသြးစတုိ႔က ေမးေစ့ထိစီးက်လာသည္။

အရမ္းမုန္းတယ္ ... ပုိင္၊ ပုိင့္ကုိ ဘီလူးေခါငး္ေဆာင္းထားတဲ့ မင္းသားေလးလို ကုိးကြယ္တြယ္တာမိပါတယ္၊ ပုိင္နဲ႔ပတ္သက္ခဲ့သမွ် တုိ႔ရခဲ့တာ ရက္စက္ျခငး္ေပမဲ့ ပုိင့္စိတ္တစ္ေထာင့္တစ္ေနရာမွာေတာ့ တုိ႔အတြက္ ႏူးညံ့ျခငး္ေတြ ႐ွိေနမယ္လို႔ ယုံၾကည္ခဲ့တယ္။

ပုိင္က မင္းသားေလးမဟုတ္ဘူး၊ ပုိင္က တကယ့္ဘီလူးစစ္စစ္။ တုိ႔ဘဝကုိ နင္းေျခဖ်တ္စီးခဲ့တဲ့ ဘီလူးေကာင္။ တုိ႔ဘဝရဲ႕ ပ်က္စီးျခင္းက ပုိင္စီးအာဏာဆုိတဲ့ ဘီလူးေကာင္ေၾကာင့္။ အဲ့လို ဘီလူးေကာင္ကို ေနာက္ဆုံးထြက္သက္ေရာက္သည္တိုင္ ခ်စ္ခဲ့မိျပန္တယ္ ...

Downမ်က္လုံးစုံမွိတ္ခ်လိုက္ေတာ့ ပူေႏြးေသာ မ်က္ရည္စီးေၾကာငး္က ပါးျပင္ႏွစ္ဖက္ေပၚ ျဖတ္သန္းသြားသည္။ ထုိ႔ေနာက္ ပတ္ဝန္က်င္ႏွင့္အဆက္အသြယ္ျပက္ေတာတ္သြားၿပီး အ႐ုပ္ႀကဳိးပ်က္ လဲက်သြားသည္။ 

""ကေလးေလး!!!""

_______________


Vote & Comments မ်ား ေပးခဲ့ၾကတဲ့ VIPမ်ားကုိ ေက်းဇူးအထူးတင္ပါတယ္ <3
Reply ပ်က္ကြက္မႈ႕မ်ားကို ေတာငး္ပန္ပါတယ္။
တတ္ႏိုင္သမွ် ကၽြန္ေတာ္ ႀကဳိးစားပါ့မယ္ခင္ဗ်႕

1:53PM
5/11/2018

At Myanmar ( 2018 )

""မန္တလေးက နင်က ရန်ကုန်အထိ ဘာလာလုပ်တာလဲ""

ပိုင်စီးက ထိုင်ခုံမှာ ခြေချိတ်ထိုင်လျှက် မထီမဲ့မြင် မေးသည်။

""အခေါ်အဝေါ် ပြောင်းသင့်ပြီ .. မတ်ကလေး၊ အမက မတ်ကလေးရဲ့သူငယ်ချင်းမဟုတ်တော့ဘူး၊ ပိုင်စီးအာဏာရဲ့အကို ပိုင်ဇေအာဏာရဲ့မိန်းမ သင်းချယ်ရီထွေး ဖြစ်သွားပြီ""

ပိုင်စီးက ဟန်မဆောင်နိုင် ထ ရယ်သည်။

""အဲ့လိုဖြစ်အောင် မြှောက်စားပေးခဲ့တာ ဘယ်သူလဲ? နင့်ဟာနင်ဆို နဂိုအတိုငး် ငါးစိမ်းသည်ရဲ့ သမီးဖြစ်နေမှာ""

ဒေါသကြောင့် ချယ်ရီထွေးမျက်နှာ ရဲတတ်သွားသည်။

ပိုင်စီးက နှုတ်ခမ်းကိုမဲ့၊ အထင်အမြင်သေးသော အကြည့်တို့ဖြင့် ချိုးနှိမ်နှိပ်ကွက်နေသည်။ ကြည့်နေသောမျက်လုံးနှစ်လုံးကို ဖောက်ထုတ်ပစ်ချင်သည်အထိ ပိုင်စီးရဲ့ အကြည့်တို့က မခံချင်စရာကောင်းလှသည်။

ထားတော့ ... အဲ့ဒါ အရေးမကြီးသေးဘူး။ လာရင်းကိစ္စ အရေးကြီးတာကို ပြောရမယ်။

""အဖေဆုံးပြီဆို?""

""ဘယ်အဖေလဲ? နင့်အဖေဆုံးတာ နင်ပဲသိမှာပေါ့၊ ဘာလို့ ငါ့လာမေးနေတာလဲ""

ပိုင်စီးက စားပွဲပေါ်မှာတင်ထားသော သတင်းစာကို ယူဖတ်လျှက် ချယ်ရီထွေး၏ ဆိုလိုရင်းကို တကယ်ကြီးမသိသလို တမင်မေးသည်။

""သူေဋ္ဌးကြီးဦးပိုင်အာဏာ ဆုံးတဲ့အကြောင်းကို မေးနေတာ""

ပိုင်စီးမျက်ခုံးတစ်ဖက်က ခပ်ရွဲ့ရွဲ့ မြင့်တတ်သွားသည်။

""ဟုတ်တယ် ... ငါ့အဖေဦးပိုင်အာဏာ ဆုံးပြီ၊ ဒါနဲ့ ... ငါ့အဖေ့ကို နင်က အဖေလို့ သုံးလိုက်တာလား၊ အဟင်း ... ဟိုက နင့်ကို ချေွးမအဖြစ်လက်ခံမဲ့အစား သူ့သားကြီးကို စွန့်ပစ်ခဲ့တာနော်၊ နင့်မှာ ငါတို့ပိုင်အာဏာမိသားစုနဲ့ အမျိုးစပ်ခွင့်မရှိဘူး""

ဦးပိုင်အာဏာနှင့်ပတ်သက်၍ သူမတို့ဘောင်မဝင်ကြောငး် ပိုင်စီးက မီးမောင်းထိုးပြသည်။

ပိုင်စီး၏ စော်ကားမှု့ကို ပြန်မပက်နိုင်။ ကိုယ့်လိုရင်းကို ဘွင်းဘွင်းမေးလိုက်သည်။

""အမွေ ... ငါ့ယောကျာ်း ဦးပိုင်အာဏာရဲ့သားကြီး ပိုင်ဇေအာဏာအတွက် အမွေကို နင်ဘယ်လိုလုပ်ပေးမလဲ""

ပိုင်စီးက ဟာသတစ်ခုကိုကြားလိုက်ရသည့်နှယ် ဟက်ဟက်ပက်ပက် ရယ် သည်။

""အမွေ? ... အမွေဆိုတာ ထိုက်မှစံတာ၊ အဖေအိပ်ရာထဲ လဲနေချိန်တုန်းက တစ်ချက်လာမကြည့်ခဲ့တဲ့ နင့်ပါးစပ်ပေါက်က အမွေဆိုတဲ့ စကားကို ထွက်ရဲသေးတယ်၊ နင်တော်တော် အရှက်မရှိပါ့လား .. မိထွေး""

""အရှက်မရှိတာ ငါဆို, မျက်နှာပြောင်တိုတ်နေတာ နင်၊ အရာအားလုံးက နင့်ထိန်းချုပ်မှု့အောက်မှာ ရှိခဲ့တယ်၊ အဖေနာမကျန်းဖြစ်နေတာကို ငါတို့သိဖို့နေနေသာသာ အဖေ့ရဲ့ အသုဘတောင် ငါတို့ကို နင်အသိမပေးခဲ့ဘူး၊ အားလုံးပြီးတော့မှ ဆုံးတဲ့အကြောငး်ကို သတင်းစာထဲထည့်ခဲ့တာ နင်လေ""

ချယ်ရီထွေးက ဒေါနှင့်မာန်နှင့် ပြောနေပေမဲ့ ပိုင်စီးက သတင်းစာဖတ်မပျက်၊ နားကို ကလော်နေသေးသည်။ နားကို ကလော်ခဲ့သော လက်သန်းထိပ်ကို ဖူးခနဲ လေဖြင့် မှုတ်ထုတ်ပြီး

""ဦးပိုင်အာဏာရဲ့ အမွေဆိုတာကြီးကို နင့်စိတ်ထဲ မထားစေချင်ဘူး, အဲ့ဒါက စိတ္တဇနာမ်လို ရှိမှ မရှိတာ၊ ကဲ! ငါ Meeting တတ်ရဦးမယ်၊ လေအေးပေးစက်အောက်မှာ ဆိုဖာအိအိပေါ်ထိုင်ရင်း နင်နေချင်သေးတာ ငါသိပေမဲ့ အားတော့နာတယ် ... နင့်ကိုတစ်ယောက်ထဲ ထားခဲ့ရမှာ ငါ့ရုံးခန်းကို စိတ်မချဘူး""

သတင်းစာကို ထက်ဝက် ခေါက်ရင်း ပိုင်စီးက နှင်သည်။

""တရားဥပဒေအတိုင်း သွားမယ်၊ သူေဋ္ဌးကြီးဦးပိုင်အာဏာရဲ့ သားကြီး ပိုင်ဇေအာဏာအတွက် ရသင့်ရထိုက်တာမှ မရရင် ငါလွှတ်တော်အထိ တတ်တိုင်မှာ""

ပိုင်စီးက ချယ်ရီထွေးကို ခြေဆုံးခေါင်းဆုံး ကြည့်သည်။

""နင့်ဘာသာနင် တိုင်ချင်တဲ့နေရာတတ်တိုင်၊ ငါ့အဖေရဲ့ သေတမ်းစာမှာ နင်တို့အတွက် ခြူးတစ်ပြား မပေးခဲ့ဘူး၊ အဖေ သက်ရှိထင်ရှားရှိနေတုန်းမှာ အဖေ့ကို စိတ်ဆင်းရဲအောင်လုပ်ပြီး သေတော့မှ အမွေလာတောင်းနေတဲ့ နင်တို့ရဲ့ အရှက်မရှိမှု့ကို တိုင်းနှင့်ပြည်နယ်အားလုံးသိအောင် ဖွင့်ချပြလိုက်လေ""

ပိုင်စီး တစ်ချက်ပိတ်အော်ပစ်ပြီး ထိုင်နေရာက ထရပ်သည်။

""ဆွဲမထုတ်ခင် ကိုယ့်ခြေထောက်နဲ့ကိုယ် ထ ပြန်တာ လူမြင်ကောင်းမယ်""

ပိုင်စီးက ဘောငး်ဘီအိတ်ကပ်တစ်ဖက်ထဲ လက်ထည့် ရပ်လျှက် အပေါ်မှ အုပ်မိုးကြည့်ကာ ထိုင်နေသော ချယ်ရီထွေးကို အံကြိတ်သတိပေးသည်။

""နင် တမင်လုပ်တာမဟုတ်လား ... နင့်အကိုနဲ့နင့်အဖေ စိတ်ဝမ်းကွဲဖို့ ငါးစိမ်းသည်မရဲ့သမီးငါနဲ့ နင့်အကိုကို တမင် ပေးစားခဲ့တာ မဟုတ်လား""

ပိုင်စီးက မဲ့ပြုံးတစ်ချက်ဖြင့် ခွန်းတုံ့မဆို။ စားပွဲကို ပြန်သွားကာ ယူစရာရှိသည့် Files တွေကို စစ်နေသည်။

""ဈေးထဲမှာ ငါးရောငး်တဲ့ ငါးစိမ်းသည်မရဲ့ သမီးမိုလို့ တစ်တန်းလုံးက ဖယ်ကျဉ်ထားတဲ့ ငါနဲ့ သူငယ်ချင်းလုပ်ပေးခဲ့တဲ့ နင့်တစ်ယောက်ကို ကေးျဇူးတွေတင်ခဲ့တယ်၊ အပြင်မှာ လူချင်း တွေ့ရင်တစ်ချက် လှည့်မကြည့်တဲ့ ကိုပိုင်ဇေက ငါ့ကို ကြိတ်စိတ်ဝင်စားနေတဲ့အကြောငး်တွေ နင်ပြောပြတိုငး် ငါစိတ်ကူးတွေနဲ့ ကြည်နူးခဲ့တယ်၊  အဲ့ည နင့်မွေးနေ့ပွဲကို ငါမလာခဲ့သင့်ဘူး၊ နင့်တိုတ်တဲ့ အအေးကို ငါမသောက်ခဲ့သင့်ဘူး""

ညတစ်ည ... ပိုင်စီး၏ ၂၂နှစ်ပြည့် မွေးနေ့ပါတီပွဲညမှာ ငါးစိမ်းသည်ရဲ့သမီး သင်းချယ်ရီထွေးကို ဖိတ်ခဲ့သည်။ ထိုညမှာ ပိုင်စီးက ကြိတ်စီစဉ်ခဲ့သော အကိုိပိုင်ဇေနှင့်ပတ်သက်သည့် မဟာအကြံအစည်ကြီးကို အကောင်အထည်ဖော်တော့သည်။

အကိုပိုင်ဇေနှင့်ချယ်ရီထွေးသောက်မည့် အအေးမှာ အိပ်ဆေးခတ်သည်။ ထို့နောက် အကိုပိုင်ဇေ၏အိပ်ခန်းမှာ နှစ်ယောက်ကို အဝတ်တွေချွတ်ပြီး ကုတင်ပေါ် တင်ထားခဲ့သည်။

မွေးနေ့ပွဲပြီးဆုံးသည်အထိ ပျောက်နေသော လူနှစ်ယောက်ကို လူအများဝိုင်းရှာဖွေစဉ် အကိုပိုင်ဇေအိပ်ခန်းမှာ တွေ့လိုက်ရသော နှစ်ယောက်၏အခြေအနေကြောင့် အကိုပိုင်ဇေနှင့်သငး်ချယ်ရီထွေး အကြောငး်ပါစေတော့သည်။

အဖေက လျော်ကြေးပေး ဖျတ်သော်လည်း အကိုပိုင်ဇေက လက်မခံ။ အကိုပိုင်ဇေ၏ ဗီဇက အေးဆေးတည်ငြိမ်ပြီး စိတ်ဓာက်က ယောကျာ်းကောငး် ပီသသည်။ လက်ရှိချစ်သူ မေမမနိုင်ကို ဖြတ်ပြီး ငါးစိမ်းသည်မသမီးကို တာဝန်ယူခဲ့သည်။

လူအများရှေ့တွင် တစ်ကုတင်ထဲမှာ အထင်အမြင် လွဲလောက်စရာ အခြေအနေဖြစ်ခဲ့ရသော သငး်ချယ်ရီထွေး၏ အရှက်နှင့်သိက္ခာအတွက် အကိုပိုင်ဇေက အရာအားလုံးကိုရင်းပြီး ကာကွယ်ခဲ့သည်။

အကိုပိုင်ဇေက သင်းချယ်ရီထွေးကို ချစ်ဖို့နေနေသာသာ လူကိုတောင် မသိခဲ့ရှာ။ ညီဖြစ်သူပိုင်စီးရဲ့လုပ်ကြံမှု့ကြောင့် အကိုပိုင်ဇေက အဖေအမျက်ရှခံခဲ့ရသလို ချစ်သောသူ၏ အမုန်းကိုခံ၊ မချစ်သောသူနဲ့ ဖူးစာရေး ကံပါခဲ့ရသည်။

""နောက်ဆုံးတော့ အကိုပိုင်ဇေရဲ့ ရွှေရောင်တလက်လက် တောတ်ပနေတဲ့ အနာဂက်ကို ရွှံ့လူးစေခဲ့တာ နင်ပဲ ... သင်းချယ်ရီထွေး""

ချယ်ရီထွေးက ထိုင်ရာမှ မတ်တပ် ထရပ်လာသည်။

""င့ါကြောင့် အားလုံးဆုံးရှုံးခဲ့ရတဲ့ ကိုပိုင်ဇေအတွက် ငါဒီတစ်ခါတော့ ကျေးဇူးဆပ်ခွင့်ရအောင် လုပ်မှာ၊ မိသားစုကို ကာကွယ်ချင်တဲ့စိတ်ကို နင်အသိဆုံးပါ၊ နင် ... မေမမနိုင်နဲ့နင့်သမီးကို သိပ်ချစ်တယ်မလား""

----------------

သငး်ချယ်ရီထွေးကြောင့် စိတ်ကမကြည်၊ ထပ်ဆင့် အစည်းအဝေးမှာ အဆင်မပြေခဲ့သောကြောင့် ပိုင်စီး မြင်မြင်သမျှကို စိတ်တိုငး်မကျ၊ ဒေါသထွက်နေသည်။ ဇွဲရန်ကိုမစောင့်, တစ်ယောက်ထဲ ကားကိုတတ်မောင်းကာ အရှိန်ပြငး်ပြငး်ဖြင့် ပါကင် ကွေ့လိုက်သည်။

ရုတ်တရက် ကားရှေ့ ပြေး, ပိတ်ရပ်လာသည့် လူတစ်ယောက်။ ဘရိတ်ကို ဆောင့်နင်းလိုက်သော ပိုင်စီးမူပျက်သွားသည်။ စတီယာရင်ပေါ် ခေါင်းစိုက်ထားရာမှ ကားရှေ့မှာ ပိတ်ရပ်လိုက်သော သကောင့်သားကို တဖြည်းဖြည်း မော့ ကြည့်လိုက်သည်။ 

""တောတ်!""

တောတ်ခေါက်သံ ပြငး်ပြငး်နှင့် ကားတံခါးကို ဆွဲဖွင့်ကာ ဆောင့်ပိတ်ပစ်ပြီး ထိုသကောင့်သားရှေ့ကို ပိုင်စီးရောက်သွားသည်။

မျက်နှာချငး်ဆိုင် ရောက်ရောက်ချငး် တစ်ခွန်းမဆို ... ခွပ်ခနဲ မျက်နှာကို တစ်ချက်ထိုးပစ် ပြီး လဲကျသွားသော သကောင့်သားရဲ့ အကျႌလည်ပင်းစကို ဆွဲယူကိုင်လျှက် မျက်နှာချင်းကပ်ကာ

""သေချင်လို့လား""

သကောင့်သားက နှာခေါင်းမှစီးကျလာသော သွေးကို အားမနာ .. ဟက်ခနဲ ပမာမခန့် ရယ်လိုက်သေးသည်။

""မသေချင်ပါဘူး ... လူတစ်ယောက်ရဲ့ သေခြငး်ရှင်ခြင်းက လူတစ်ယောက်ရဲ့အလိုအတိုင်း ဖြစ်လာတာမှ မဟုတ်တာ၊ သေချိန်တန်ရင် မဖြစ်သင့်တဲ့ရောဂါက ထဖောက်ပြီး သေမယ်၊ သေချိန်မတန်ရင် ကားရှေ့ပိတ်ရပ်လည်း မသေတာ အခုလက်တွေ့ပဲလေ""

သကောင့်သားက နီးကပ်နေသော ပိုင်စီးမျက်နှာကို ဖူးခနဲ လေမှုတ်လိုက်သေးသည်။ ပိုင်စီးက ဆွဲထားသော အကျႌစကို ပြန်ဆောင့်တွန်းဖယ်ပြီး

""သေချင်ရင် အခြားနည်းနဲ့သေ၊ ငါ့ကားရှေ့လာမရပ်နဲ့၊ ကျက်သရေတုံးတယ်""

ပြောပြီး ပိုင်စီး ကျောခိုင်းလိုက်သည်။

ကားပေါ်ပြန်တတ်တော့မည့် ပိုင်စီး၏ခါးကို အနောက်မှ တင်းတင်းကြပ်ကြပ် ဖက်လိုက်သော လက်တစ်စုံနှင့်အတူ

""မုန့်ဖိုးပေး ... ပိုင်၊ တို့သုံးစရာမရှိတော့ဘူး""

ပိုင်စီးအကြောတွေထောင်တတ်သွားသည်။

ဘယ်သူ့ကို မခန့်လေးစား ပြောင်ချော်ချော်လုပ်နေတာလဲ

တလိမ့်လိမ့်, လိမ့်တတ်လာသော ဒေါသတို့ကြောင့် ခါးကိုဖက်ထားသည့်လက်ကို နောက်ပြန် ဆွဲလိမ်ချိုးပြီး သကောင့်သားမျက်နှာတည့်တည့်ကို ဒုတိယအကြိမ် လက်သီးခပ်မာမာတစ်ချက် ပစ်သွငး်ပေးလိုက်သည်။

မထင်ထားသော တိုတ်ကွက်ဖြစ်တာကြောင့် သကောင့်သားက ဟိုတယ် ကားပါကင်၏ တမံတလင်းထက် မရှု့မလှ ပက်လက်လန် လဲကျသွားသည်။

""နောက်တစ်ခါ ထပ်လူပါးဝကြည့်, ကားနဲ့တတ်ကြိတ်သတ်ပစ်မယ်""

မေးကြောတွေထောင်တတ်နေအောင် ပိုင်စီးက ကြိမ်းလျှက် ကားတံခါးကို ဆောင့်ပိတ်ကာ မောငး်ထွက်လိုက်သည်။

ဒါတောင် သကောင့်သားဆီက ကြားဖြစ်အောင် ကြားလိုက်ရသော စကား ...

""အခုလုပ်ရပ်အတွက် ပိုင် နောင် တ ရ မယ်၊ ပြောခ့ဲသားပဲ ... တို့ကို သိပ်မရက်စက်နဲ့, အဆုံးမှာ နောင်တတွေနဲ့ကျန်ခဲ့ရမဲ့သူက ပိုင်ပဲ""

ပိုင်စီးတစ်ယောက် မခံမရပ်နိုင် လက်ကို  စတီယာရင်ပေါ် တဒုန်းဒုန်း ထုလိုက်သည်။

မင်းက ဘာကောင်မိုလို့ ငါကမင်းနဲ့ပတ်သက်ပြီး နောင်တရရမှာလဲ...

-----------------

ပါးစောင်ထက်မှာ စီးကျနေသော သွေးတွေကို မသုတ်ဖယ်၊ လဲကျနေရာမှ ထ,မရပ်။ တမံတလင်းပေါ် လူးလိမ့်ရင်း ခြောက်ကပ်ကပ်ရယ်သံဖြင့် တဟားဟား အော်ရယ်နေသည်။

ကျန်ရှိနေတ့ဲ တို့ဘဝမှာ ပိုင့်ကိုပဲ မှီခိုချင်တော့တယ်၊ သုခတွေ့ရင် ပိုင်နဲ့မျှဝေပြီး ဒုက္ခရှိရင် အခြားသူထက် ပိုင့်ကိုပဲ အားကိုးချင်တော့တယ်၊ အဲ့ဒါ မဖြစ်နိုင်ဘူးလား၊ ပိုက်ဆံဆိုတာ တို့အတွက်ခတ်ခဲပေမဲ့ ပိုင့်အတွက် အပေါများဆုံးမဟုတ်လား။ အဲ့ဒါလေးကိုတောင် တို့အတွက် မစွန့်ကြဲပေးချင်ဘူးလား ... ပိုင်

တသွင်သွင်ကျစီးလာသော မျက်ရည်နှင့် သွေးစီးကြောငး် ကို လက်မောင်းအကျႌစဖြင့် ဖိသုတ်လျှက် ခပ်ယိုင်ယိုင် မတ်တပ်ထ ရပ် သည်။

""ကလေးလေး ... မင်းပစ္စည်း ကျ နေတယ်""

စကားသံဝဲဝဲကြောင့် Down အသံကြားရာကို နောက်လှည့်ကြည့်သည်။

ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့် ဘိုးတော် အယဉ်ကျေးဆုံးအခေါ် အန်ကယ်ကြီးတစ်ယောက်။

အန်ကယ်ကြီးနှင့် Down ကြား ခပ်လှမ်းလှမ်း တံမံတလင်းပေါ်မှာ သျှားညိုရောင် ဖောင်းဖောငး်ပွပွ ပိုက်ဆံအိတ်ကြီးက ခန့်ခန့်ညားညား ရှိနေသည်။

ပိုက်ဆံအိတ်က ကြည့်လိုက်တာနှင့် အန်ကယ်ကြီးတွေ ဂျိုငး်ကြားညှပ်ထည့်လေ့ရှိသော အိတ်ပုံစံကြီး။

""တို့ ဟာ မဟုတ်ဘူး""

ခပ်ပြတ်ပြတ်ပြောပြီး Down ပြန်ရန် ခြေလှမ်းပြင်သော်လည်း ....

""ကလေးလေးဟာလို့ ကိုယ်ပြောရင်ရော""

Down စိတ်ရှုပ်ထွေးစွာ မျက်ခုံးနှစ်စုံ တွန့်သွားသည်။

ဧကန ္တ... ဒီအန်ကယ်ကြီး ...

အတွေးပေါက်သွားတာနှင့် ခပ်ဂျစ်ဂျစ်အပြုံးတစ်ခုက Downမျက်နှာမှာ ဖျတ်ခနဲ ကပ်ငြိတွယ်သွားသည်။

Downက အန်ကယ်ကြီးကိုတဖန် ပြန်ကြည့်လိုက်၊ တမံတလင်းပေါ် ကျနေသော ပိုက်ဆံအိတ်ကိုကြည့်လိုက် အကဲခတ်စဉ်းစားနေသည်။  ထို့နောက် အဓိပ္ပာယ်ပါသော အပြုံးတစ်ခုဖြင့် ပိုက်ဆံအိတ်ကို သွားကောက်ယူသည်။

ပိုက်ဆံအိတ်ကြီးကို လက်ဖြင့် တဗုန်းဗုန်း ရိုက်ခါ ပြီး ဇစ်ဖွင့်ကြည့်သည်။

မျက်နှာအမူအရာအမျိုးမျိုးဖြင့် ပိုက်ဆံအိတ်ထဲက ပိုက်ဆံသုံးအုပ်ကိုရေတွက်ကြည့်ပြီး အန်ကယ်ကြီးကို ခပ်ညုညု ပြုံးပြသည်။

""ဟုတ်တယ် .. တို့ ဟာ၊ ဘဲကြီးပေးတဲ့ တို့ဟာ""

အန်ကယ်ကြီးက ပခုံးနှစ်ဖက် တွ့န့်ပြတော့ Downက wink တစ်ချက် ပြန်ပေးသည်။

""ကောငး်ရာကောငး်ကြောငး် သုံးပေးပါ့မယ်""

ပိုက်ဆံသုံးအုပ်ကို နှုတ်ခမ်းဖြင့် မွခနဲ နမ်းပြပြီး သျှားညိုရောင်ပိုက်ဆံအိတ်ကြီးကို ပစ်ချခဲ့သည်။

""ခဏ ... ကလေးလေး""

အန်ကယ်ကြီးက Downအနားကို လျှောက်လာပြီး ကဒ်တစ်ကဒ် ပေးသည်။

""ကလေးလေးလိုအပ်ရင် လာခဲ့ပါ၊ ကိုယ်ကတော့ ကလေးလေးကို တွေ့လိုက်ထဲက လိုအပ်နေပြီ""

Downက ကမ်းပေးသော ကဒ်ကို တစ်ချက်မကြည့်၊ ဆွဲယူပြီး ဆွဲဖြဲလိုက်သည်။ အစိတ်စိတ်အမွှာမွှာဖြစ်သွားသော ကက်ထူအပိုင်းအစတို့ကို လေထဲမှာ ဝှေ့ယမ်းပစ်ကာ

""ဘဲကြီးရာ ... ကိုယ့်ဘာသာ သာသာယာယာ နေစမ်းပါ၊ အလကားနေ ထိပ် မြွေပေါက်မခံချင်ပါနဲ့""

အန်ကယ်ကြီးရဲ့လက်ကို ဖျတ်ခနဲ ဆွဲယူလျှက် လက်ခုံပေါ် အနမ်းတစ်ပွင့်ပေးပြီး Downက ကျောခိုင်းနှုတ်ဆက်သွားသည်။

""ကိုယ့်နာမည် ကျန်းလောင်ဝေ့၊ Panorama Hotel လေးလွှာ Room No 141 မှာ အမြဲရှိတယ်၊ ကိုယ် ကလေးလေးကို မုန့်ဖိုးရော ထမင်းဖိုးရော မင်းအဖိုးအခတွေအားလုံးပေးနိုင်တယ်""

နောက်ပါးမှ လှမ်းအော်ပြောသော ဘဲကြီးစကားကို နောက်ပြန် လက်ပြရင်း လျစ်လျူရှုခဲ့သည်။

နေစမ်းပါ ... တို့မှာ ပိုင်စီးအာဏာတစ်ယောက်လုံး ရှိတယ်။

--------------

ဒေါ်လာဖြင့် ဈေးကြီးကြီးပေးရသော နာမည်ကြီး Restaurant တစ်ခုမှာ တစ်ယောက်ထဲ steak မှာ စားနေရငး် ခေါငး်က တဆစ်ဆစ် ကိုက်လာသည်။

ဘေးဝိုင်းက စူးစူးဝါးဝါးကလေးငိုသံနှင့် နားယားစရာ ကလေးမြှူသံကြောင့် ကိုက်နေသော ခေါငး်က ပိုတိုးကိုက်လာသည်။

ဇောချေွးပျံလာပြီး လက်တွေတုန်ရီလာကာ လက်ထဲက ဓါးနှင့်ခရင်းကို စားပွဲပေါ် ပစ်ချလိုက်သည်။

""အဒေါ်ကြီး ... အဒေါ်ကြီးကလေးပါးစပ်ပေါက်ကို ပိတ်အောင် တစ်ခုခုနဲ့ ရအောင် စို့လေ၊ ဒီမှာ နားတအားငြီးတယ်၊ စားလို့သောက်လို့ မရတော့ဘူး""

ဝေဒနာဖိစီးနေသော Downက အသံကုန် အော်ပစ်သည်။ ငိုနေသည့်ကလေးအသံကို လွှမ်းကာ တစ်ဆိုင်လုံးမှာ Down တစ်ယောက် အော်သံက ဟိန်းထွက်သွားသည်။ ကလေးကလန့် ပြီး မရပ်မနား အာပြဲငိုတော့သည်။

""Sorryပါ .. မောင်လေး၊ ကလေးက အိပ်ရေးမဝတော့ ဂျီနေတယ်၊ အမလည်း ချော့နေတာပဲ""

ကလေးအမေက Downကိုတစ်ချက်မကြည့်၊ ဝတ်ကျေတန်းကျေ တောငး်ပန်စကားဆိုပြီး ကလေးကို ချော့မြူနေသည်။

""Waiter! Waitress! ... Manager ... ဆိုင်တာဝန်ရှိသူတွေ အားလုံး ဘယ်ရောက်သွားလဲ! ဒီကိစ္စကို မရှငး်ပေးတော့ဘူးလား၊ တို့ရောက်နေတာ လမ်းဘေးက တခါပြင် ငါးရာ ထမင်းဆိုင်လား""

ထိုးကိုက်လာသော ခေါငး်ကို နားထင်နှစ်ဖက်အား လက်ဖြင့် ဖိကပ်နှိပ်နယ်ရင်း Downက သောငး်ကျန်းနေသည်။

Down က ကုန်းအော်လေ, ကလေးက လန့်ပြီး ပိုငိုလေ ... ဆိုင်ထဲ ဆူညံသွားသည်။

""ဘာလို့ ဆိုင်အမိုးပွင့်မတတ် အော်နေတာလဲ ... မောင်လေး၊ ဘယ်လိုပဲသည်းမခံနိုင်ပါစေဦး ... မောင်လေးကလူကြီး, ဒီက တစ်နှစ်ကျော်ကလေး, အမလည်းချော့နေတာပဲ နားလည်ပေးလေ၊ ဒီမှာ ကလေးက မောင်လေးကြောင့် လန့်ပြီး ပိုငိုနေပြီ""

ကလေးအမေအသံမာသွားသည်။

""အားးးးး""

Downက ဝေဒနာဒဏ်ကို အံတုလျှက် စားပွဲပေါ်က အရာအားလုံးကို လက်ဖြင့် တိုတ်ချပစ်သည်။

""ကလေးကျမွေးတတ်ပြီး ကလေးတိတ်အောင် ခင်ဗျားမလုပ်တတ်ဘူးလား၊ အေး ... ကျူပ်လုပ်မယ် ... ခင်ဗျားကလေးရဲ့ ပါးစပ်ပေါက်ကို ကျူပ်ပိတ်ပေးမယ်""

ပန်းကန်ကြွေကွဲစကို ကိုင်ကာ ကလေးကို စူးစူးရဲရဲ စိုက်ကြည့်လျှက် ကြုံးဝါးတော့ ကလေးအမေ ထိတ်ပြာသွားသည်။ အူလှိုက်သဲလှိုက်ငိုနေသော ကလေးကို ရင်ခွင်ထဲမှာ တင်းကြပ်စွာ ပွေ့ပိုက်လျှက် Downကို စိတ္တဇလူသတ်သမားလို ကြောက်လန့်စွာကြည့်နေသည်။

""ဧည့်သည် .. အဲ့လိုလုပ်လို့မရပါဘူးရှင် ""

ဆိုင်ကဝန်ထမ်းတွေ ရောက်လာပြီး Downကို ထိန်းသည်။ Downလက်ထဲက ကြွေကွဲစကို ဆွဲယူကြသည်။
အနားကပ်လာသော လူရိပ်တွေ၊ ကြားရသော ကလေးငိုသံ၊ မြင်နေရသော မီးရောင်တွေကြောင့် Downအသက်ရှုတွေ ကြပ်လာသည်။

ထိန်းချုပ်ထားသော လူတွေကြားမှ ရှိသမျှအားဖြင့် ရုန်းထွက်ကာ ကိုယ့်ပစ္စညး်ကိုယ်ယူပြီး ဆိုင်ထဲက Down ဗရုတ်သုတ်ခ ထွက်လာသည်။ မူးဝေနေသောအာရုံမှာ မြင်နေရသော ပုံရိပ်တွေက အထပ်ထပ်၊ အရာရာတိုငး်က လေထဲမှာ ပျံဝဲနေသလိုလို။ လူက နေရာမှာ ပုံလဲကျတော့မတတ်။

ဓာက်လှေကားခန်းထဲကအထွက် လူတစ်ယောက်နှင့် ဝင်တိုတ်မိသည်။ ထိုလူ့လက်ထဲမှာ အမြတ်တနိုး ကိုင်ထားသော ပန်းစည်းက အောက်ပြုတ်ကျသွားသည်။

ဝင်တိုတ်မိသောသူကို ဘာမှ ပြန်မပြောနိုင်၊ ကမူးရှုးထိုးဖြင့် အပြင်ထွက်ရန် ပြင်တုန်း Downလက်မောင်းကို အားပါပါ ဖမ်းကိုင် ဆွဲယူခံရသည်။

""မင်းကြောင့် ပျက်စီးသွားတဲ့ ငါ့ပန်းစည်းကို ဘယ်လို တာဝန်ယူပေးမှာလဲ""

အသံကြောင့် ရုန်းထွက်နေသော Downခြေလှမ်းတို့ ရပ်တန့်ကာ ဝမ်းသာအားရ သူ့ကို လည်ပြန်လှည့်ကြည့်မိသည်။

""ပိုင်""

ခေါ်သံနှင့် လှည့်ကြည့်လာသောမျက်နှာကို သေချာမြင်လိုက်ချိန် ပိုင်စီး အံ့သြသွားသည်။ 

""မင်း ... ""

""ပိုင် ... တို့ကို Hotel ပြန်လိုက်ပို့ပေး .. တို့ကားမောင်းနိုင်မယ်မထင်ဘူး၊ ခေါငး်အရမ်းကိုက်လာလို့ ... တို့ကို ပြန်ပို့ပေး၊ တို့နေမကောင်းဘူး""

ပိုင်စီးလက်ကို အားကိုးတကြီး ဆုပ်ကိုင်ကာ ပိုင်စီးရင်ခွင်ထဲ အတင်းတိုးဝင်နေသော ကောင်လေးကို ပိုင်စီး စိတ်မရှည်စွာ ဆောင့်တွန်းလိုက်သည်။

""ဒီလိုစိတ်ပျက်ဖို့ကောင်းတဲ့ကောင်ကို လူအဖြစ် မမွေးခဲ့သင့်ဘူး""

ခေါင်းက ဒိတ်ခနဲ၊ ရင်က အောင့်ခနဲ ...

အောက်ကျသွားသော ပန်းစည်းကို နငး်ချေလျှက် ဓာက်လှေကားခန်းထဲ ဝင်တော့မည့် ပိုင်စီးလက်ကို အမှတ်သည်းခြေမရှိ ထပ် ဆွဲထားမိသည်။

""နောင် တ ရ လိမ့် မယ် .. ပိုင်""

""နောင်တ ... အဲ့ဒီ့နောင်တက အခုမင်းကို တွေ့နေရတဲ့ဒုက္ခထက် ပိုနိုင်မလား""

လက်ကိုဆောင့်ခါရုန်းပြီး ပိုင်စီးက ဓာက်လှေကားခန်းထဲ ဝင်သွားသည်။

အောက်နှုတ်ခမ်းသားကို ပြတ်ထွက်လုမတတ် ဖိကိုက်လျှက် အံတင်းတငး်ကြိတ်ကာ Down နေရာမှာ ကျန်ရစ်ခဲ့သည်။

အားမလျှော့သေးပဲ ပိုင်စီးတတ်သွားသည့် အထပ်ကို ကြည့်ကာ Downနောက်က လိုက်တတ်ခဲ့သည်။ 

ပိုင်စီးတတ်သွားသည့် အထပ်က Downဆင်းလာခဲ့သည့် Restaurant ကလွဲပြီး မရှိ။

ဆိုင်ထဲကို Down ဒုတိယအကြိမ် ပြန်ရောက်လာပြီး ပိုင်စီးကို ရှာသည်။

ဝေဒနာကို ကြိတ်မှိတ်တင်းခံနေသောကြောင့် မျက်နှာက သွေးမရှိသလို ဖြူဖျော့လာပြီး နှုတ်ခမ်းတွေ ပြာတတ်လာသည်။
လက်သီးကျစ်ကျစ်ပါအောင် ဆုပ်၊ သွေးထွက်လာသည်အထိ နှုတ်ခမ်းသားကို ဖိကိုက်ကာ နေရာမှာရပ်ရင်း တစ်ဆိုင်လုံးအနှံ့ မျက်လုံးဖြင့် ပိုင်စီးကို ဝေ့ဝိုက် ရှာလိုက်သည်။

တွေ့ပါပြီ ... ပိုင်စီးတစ်ယောက်ထဲတော့ မဟုတ်။ ခုနက Downပြသနာရှာခဲ့သော သားအမိနှစ်ယောက်ဝိုင်းမှာ ပိုင်စီးက ပြုံးရယ်လျှက် ဝင်ထိုင်နေသည်။ အာပြဲအောင်ငိုခဲ့သော ကလေးကို ပိုင်စီးက ပေါင်ပေါ်မှာ ပွေ့ပိုက်တင်ရင်း ကလေးမျက်နှာအန့ှံ အနမ်းတွေ ပေးနေသည်။

ကလေးကိုမြှူနေလိုက်တာများ ... ခုနက တတ်မတတ်ချက်မတတ် ငိုခဲ့သော ကလေးက သူမဟုတ်သည့်တိုင် တခစ်ခစ် ရယ်နေသည်။ ကလေးအမေက ပိုင်စီးတို့သားအဖကို ပြုံးရယ်လျှက် ပီတိရွှန်းရွှန်းစားစားဖြင့် ဘေးက ထိုင်ကြည့်နေသည်။ ပိုင်စီးက ကလေးအမေလက်ကို လှမ်းကိုင်ကာ နဖူးကို ခပ်ဖွဖွ နမ်းလိုက်သည်။ ကလေးကို ပေါင်ပေါ်မှာ ပွေ့ပိုက်ထားရင်း ကလေးအမေလက်ကို မလွှတ်စတမ်း ဆုပ်ကိုင်ထားသည်။ တစ်ယောက်နှင့်တစ်ယောက် ပြုံးပန်းဝေဆာလျှက် ပိုင်စီးနဖူးက ချေွးစတို့ကို ကလေးအမေက သုတ်ပေးနေသည်။

မြင်နေရသော မြင်ကွင်းကို မျက်ရည်တွေ တသွင်သွင် စီးကျလျှက် ဆိုင်ဝမှာ ကြည့်နေခဲ့သူက Down။

ခေါင်းကို လမ်းကြိတ်စက်နှင့် အကြိတ်ခံရသကဲ့သို့ နာကျင်မှု့ကို မေ့ပျောက်နိုင်သည်အထိ ရင်ထဲမှာ အက်ဆစ်အလောငး်ခံရသကဲ့သလို့ စုတ်ပြတ်နေသော ခံစားချက်တို့ဖြင့် နင့်နင့်သီးသီး စိုက်ကြည့်နေသည်။ အောက်နှုတ်ခမ်းသားက သွေးစတို့က မေးစေ့ထိစီးကျလာသည်။

အရမ်းမုန်းတယ် ... ပိုင်၊ ပိုင့်ကို ဘီလူးခေါငး်ဆောင်းထားတဲ့ မင်းသားလေးလို ကိုးကွယ်တွယ်တာမိပါတယ်၊ ပိုင်နဲ့ပတ်သက်ခဲ့သမျှ တို့ရခဲ့တာ ရက်စက်ခြငး်ပေမဲ့ ပိုင့်စိတ်တစ်ထောင့်တစ်နေရာမှာတော့ တို့အတွက် နူးညံ့ခြငး်တွေ ရှိနေမယ်လို့ ယုံကြည်ခဲ့တယ်။

ပိုင်က မင်းသားလေးမဟုတ်ဘူး၊ ပိုင်က တကယ့်ဘီလူးစစ်စစ်။ တို့ဘဝကို နင်းခြေဖျတ်စီးခဲ့တဲ့ ဘီလူးကောင်။ တို့ဘဝရဲ့ ပျက်စီးခြင်းက ပိုင်စီးအာဏာဆိုတဲ့ ဘီလူးကောင်ကြောင့်။ အဲ့လို ဘီလူးကောင်ကို နောက်ဆုံးထွက်သက်ရောက်သည်တိုင် ချစ်ခဲ့မိပြန်တယ် ...

Downမျက်လုံးစုံမှိတ်ချလိုက်တော့ ပူနွေးသော မျက်ရည်စီးကြောငး်က ပါးပြင်နှစ်ဖက်ပေါ် ဖြတ်သန်းသွားသည်။ ထို့နောက် ပတ်ဝန်ကျင်နှင့်အဆက်အသွယ်ပြက်တောတ်သွားပြီး အရုပ်ကြိုးပျက် လဲကျသွားသည်။ 

""ကလေးလေး!!!""

_______________


Vote & Comments များ ပေးခဲ့ကြတဲ့ VIPများကို ကျေးဇူးအထူးတင်ပါတယ် <3
Reply ပျက်ကွက်မှု့များကို တောငး်ပန်ပါတယ်။
တတ်နိုင်သမျှ ကျွန်တော် ကြိုးစားပါ့မယ်ခင်ဗျ့

1:53PM
5/11/2018

Continue Reading

You'll Also Like

2.5M 222K 72
Mini Story Boy Love , Uni Life style
2.3M 200K 73
Credit to the owners of artworks in the cover photo. အရေးအသားနဲ့ဇာတ်အိမ်တအားပေါ့ပါတယ်၊ စာလုံးပေါင်းသတ်ပုံအမှားတွေလည်းပြန်မစစ်ထားပါဘူး၊ ဖတ်ဖူးတဲ့စာဖတ...
80.7K 8.5K 7
one shot collection ♥️
657K 43.4K 91
ဒဏ္ရာေတြေပးလည္း ေပးသူ အျပစ္လို႔ ကြ်န္ေတာ္ မျမင္သလို ေက်နပ္စြာ ခံယူသူရဲ႕ အျပစ္ဟုသာ ကြ်န္ေတာ္ယူဆသည္ ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သ...