ကြွေကြိုး ေျကြျကိဳး (Zawgyi+U...

Por Lyne_Ne

460K 57.3K 8K

စိတ္ကူး အိမ္မက္ နဲ႕ လက္ေတြ႕ အားလံုးမွာ ျဖစ္တည္မႈက ခ်ည္ေနွာင္ထားတဲ႔ ႀကိဳး ေၾကြ ႀကိဳး စိတ်ကူး အိမ်မက် နဲ့ လက်တွ... Más

Teaser
Ep- 1
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Part - 25
Part - 26
Part -27
Part - 28
Part - 29
Part -30
Part - 31
Part - 32
Part-33 (X'mas Special)
Part - 34
Part-35
Part -36
Part- 37
part -38
Part -39
part -40
part -41
part -42
part -43
part -44
part - 45
part - 46
part - 47
part - 48
part - 49
part - 50
part - 51
Review time
Part - 52
Part - 53
Part - 54
Excuse!
Part - 55
Announce!
Part - 56
Thanks note
Part - 57 (Final Part)

Ep - 2

12.8K 1.3K 61
Por Lyne_Ne

ဇြန္း နဲ႕ ပန္းကန္ ထိခတ္သံမွ လြဲ၍ တျခားဘာသံမွ မၾကားရေအာင္ တိတ္ဆိတ္ေနေသာ ညစာစားဝိုင္းေလး…

မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနၾကေပမယ့္ တစ္ေယာက္နဲ႕ တစ္ေယာက္ တစ္ခ်က္ေလးေတာင္ အၾကည့္ခ်င္းမဆံုၾက။

ဒါလား……… သားအဖ ႏွစ္ေယာက္ရဲ႕ ထမင္းဝိုင္း……

" သား mommy ရဲ႕ wedding ေရာက္သြားေသးတယ္ဆို?"

စကားစလာသူက ေၾကြႀကိဳး ရဲ႕ Daddy ဦးမင္းေနာင္ႀကိဳး……

အေမးစကားကိုလည္း ခ်က္ခ်င္းမေျဖပဲ စားလက္စကိုသာ အသည္းသန္အာရံုစိုက္ေနေသာ ေၾကြ႕ကိုၾကည့္ျပီး……
ဦးမင္းေနာင္ သက္ျပင္းမမည္ေသာ သက္ေမာ ခ်လိုက္မိသည္။

ေႀကြႀကိဳး………
တစ္ဦးတည္းေသာ သားေလးမို႕ အလိုလိုက္ခဲ႔ၾကတာေတာ့မဟုတ္……
အေၾကာင္းေျကာင္းေၾကာင့္ အာရံု မစိုက္ႏိုင္ခဲ႔ပါေသာ ………

ဦးမင္းေနာင္ႀကိဳး နဲ႕ ေဒၚေၾကြရြက္ဝါ တို႕ရဲ႕ သားေလး ေၾကြႀကိဳး က အမ်ားအျမင္မွာေတာ့ ……တကယ့္ကို ျပီးျပည့္စံုစြာ ႀကီးျပင္းလာတာပင္။

ေယာက္်ားေလးတစ္ေယာက္အတြက္ အနည္းငယ္ရွည္သည္ဟု ယူဆႏိုင္သည့္ ဆံႏြယ္ေတြက ေနာက္ဘက္မွာ စုခ်ည္ထားပါလ်က္ …… မ်က္ႏွာေပၚ တစ္ဝက္တစ္ပ်က္က်ေနတာေၾကာင့္ ……
ေၾကြႀကိဳး ရဲ႕ မ်က္ႏွာကို အကဲခပ္ရန္ ခက္လွေပသည္။

ဦးမင္းေနာင္ တစ္ေယာက္ အေျဖျပန္မလာတဲ႔ ေမးခြန္းေတြကို ထပ္မေမးဖို႕ ဆံုးျဖတ္လိုက္ျပီး …… စကားလမ္းေၾကာင္းလႊဲလိုက္သည္။

" သား သြားမယ္ဆို Daddy ကို ေျပာသြားသင့္တယ္"

ဒီတစ္ခါေတာ့ ေႀကြႀကိဳးရဲ႕ လႈပ္ရွားမႈ အားလံုး ရပ္တန္႕သြားျပီး ……

" ဘာအတြက္လဲ?"

" ေၾကြ~~~"

" လိုမွမလိုတာ……… မသြားေစခ်င္လို႕ Daddy တားရင္ေရာ? ကြ်န္ေတာ္က မသြားပဲေနမယ့္သူလား…… စကားေတြအမ်ားႀကီးပိုေျပာရတာပဲ အဖတ္တင္မွာ"

ေၾကြ ေျပာရင္းကေန Daddy ကိုၾကည့္လိုက္မိေတာ့ ေတြ႕လိုက္ရတာက Daddy ရဲ႕ အဓိပၸါယ္ပါေသာ မ်က္ဝန္း……

" ၾကည့္ျပန္ျပီ~~~~~ mommy နဲ႕ Daddy တို႕ကေလ တျခားေနရာမွာသာ သေဘာထားမတိုက္ဆိုင္ခ်င္ေနလိမ့္မယ္………… ကြ်န္ေတာ့္ကို ၾကည့္တဲ႔ မ်က္လံုးေတြကေတာ့ တစ္ပံုစံတည္းပဲ"

ဇြန္း ခက္ရင္းကို ေနရာတက် ခ်လိုက္ျပီး ႏႈတ္ခမ္းကို tissue စ နဲ႕ သုတ္ေနရင္း ေျပာလက္စ စကားကို ဆက္ေျပာေလသည္။

" Daddy တို႕ အိမ္ေထာင္ေရး ျပိဳကြဲမႈအတြက္ ကြ်န္ေတာ္ ခံစားေနရမယ္လို႕ ထင္ေနရင္ေတာ့ ႀကိဳေျပာထားပါရေစ……"

စကားမဆံုးေသးခင္ မ်က္ႏွာခ်င္းဆိုင္ထိုင္ေနတဲ႔ Daddy မ်က္ႏွာကို တစ္ခ်က္ၾကည့္ေနျပီးမွ……

" နည္းနည္းေလးေတာင္ ………မခံစားရဘူး "

ေအးစက္စက္ေလသံကလည္း တကယ့္ကို ခံစားခ်က္မရွိ ေလသည့္အလား……

ဒီတစ္ခါေတာ့ ဦးမင္းေနာင္ လည္း စားလက္စကို ရပ္လိုက္ျပီး ေရဖန္ခြက္ကို ေမာ့ေသာက္လိုက္သည္။
ထို႕ေနာက္……

" ျဖစ္ျပီးသားေတြကို Daddy ဆင္ေျခမေပးေတာ့ပါဘူး…… ဒါေပမယ့္……
သားကို Daddy ခ်စ္တယ္ဆိုတာေတာ့ သိထားေပးပါ"

" အဲ႔ဒါေၾကာင့္လည္း ကြ်န္ေတာ္ daddy နဲ႕ေနဖို႕ ဆံုးျဖတ္ခဲ႔တာေပါ့……… "

ေႀကြ ထိုင္ရာကေန ထျပီး ထမင္းစားခန္း အျပင္ထြက္ရန္ ေျခလွမ္းလာရင္း…

" ကြ်န္ေတာ္ Daddy ကို မမုန္းပါဘူး…… Daddy တို႕ရဲ႕ အျငင္းပြားမႈေတြၾကား ဝင္မပါခ်င္ရံု သက္သက္ပဲ…… "

ေၾကြ ထြက္သြားတာႏွင့္ ဦးမင္းေနာင္ သက္ျပင္းေမာႀကီးကို ခ်လိုက္မိသည္။

လင္မယားႏွစ္ေယာက္ရဲ႕ ပဋိပကၡ ေၾကာင့္ အခ်ိန္ကာလ အေတာ္ျကာ အာရံုမစိုက္မိတဲ႔ ေႀကြ႕ကို နားလည္ေအာင္ လုပ္ဖို႕ အခ်ိန္မ်ား လြန္ေနျပီေလလား………………

~~~~~~~~~~~~~~~~~~~~~~~

6:00A.M

* ring * ring

နာရီ Alarm သံျမည္လာတာႏွင့္ ျဖည္းညွင္းစြာ ပြင့္လာေသာ မ်က္စိအစံု………

မနက္ 6 နာရီထိုးတာႏွင့္ အျမဲအိပ္ရာထတက္သူ ေႀကြ……

အမ်ားသူငါ လို morning exercises လုပ္ဖို႕ထတာေတာ့မဟုတ္……
ကုတင္ေပၚမွာ ဒူးေလးႏွစ္ေခ်ာင္းပိုက္ ငုပ္တုပ္ေလးထိုင္ကာ……… တစ္နာရီေလာက္ ဘာအေတြးမွ မေတြးပဲ ျငိမ္ျငိမ္ေလးေနတက္တာ………

ေၾကြႀကိဳး ရဲ႕ တစ္ေန႕တာမွာ အျငိမ္းေအးဆံုး အခိုက္တန္႕ေလး……

ဒီေန႕လည္း …… ခါတိုင္းလို ငုပ္တုပ္ေလးထိုင္ျပီး ေနေနစဥ္……

ေဖ်ာက္………ေဖ်ာက္………ေဖ်ာက္……

နားထဲ တိုးဝင္လာတဲ႔ အသံေၾကာင့္ ေႀကြ ျပတင္းေပါက္ကို ၾကည့္လိုက္မိေတာ့ ……
ေကာင္းကင္တစ္ခုလံုး အံု႕မႈိင္းကာ မိုးရြာသြန္းေနတာပင္…။

ေၾကြ ျပံဳးလိုက္မိသည္။
ထို႕ေနာက္ အိပ္ရာေဘး စားပြဲေပၚမွာတင္ထားတဲ႔ ေခါင္းစည္းႀကိဳးကို လွမ္းယူ ဆံပင္ကို ျဖစ္သလို စုခ်ည္ျပီး ေအာက္ထပ္ကို ေျပးဆင္း လာလိုက္သည္။

မနက္ခင္း မိုးရြာေနတာေၾကာင့္လားမသိ …… မိုးသံ ကလြဲ၍ ပတ္ဝန္းက်င္ တစ္ခုလံုးတိတ္ဆိတ္ေနေလသည္။

ေႀကြ ျမန္ျမန္ဆန္ဆန္ပင္ ၿခံျပင္ထြက္လာလိုက္ျပီး …………
မိုးေရ ခ်ိဳးေနလိုက္သည္။

မိုးကလည္း ေႀကြ ထြက္လာမွ ေစာေစာကထက္ပင္ ပိုသည္းလာသလိုပင္။

ေၾကြကေတာ့ ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ လမ္းေလွ်ာက္လိုက္ႏွင့္ လုပ္ေနရင္း အိမ္နဲ႕ ေတာ္ေတာ္ေဝးေဝးကိုေရာက္လာေလသည္။

စာေရးဆရာတခ်ိဳ႕ေရးဖြဲ႕ျကသလို

အတားအဆီးမဲ႕ လြတ္လပ္စြာက်ဆင္းလာတဲ႔ ေကာင္းကင္က မိုးစက္ေတြက  ……နတ္သမီးမ်က္ရည္ျဖစ္ေနခဲ႔ရင္ ေၾကြ ထိုနတ္သမီးကို အငိုမတိတ္ေစခ်င္…

နတ္သမီးငိုေနတဲ႔အခ်ိန္ ေၾကြ ေပ်ာ္ေနရလို႕ေလ……

ပတ္ဝန္းက်င္က သူေတြသတ္မွတ္ ထားၾကေသာ
ေႀကြ က သူမ်ားရဲ႕ ဝမ္းနည္းမႈ အေပၚမွာ ေပ်ာ္ရႊင္မႈကို ဖန္တီးျပီး ရွင္သန္ေနထိုင္ေနတဲ႔ သူ

တကယ္လည္း……

သူမ်ား ဝမ္းနည္းေနရင္ ေၾကြ အရမ္းရယ္ခ်င္လာတာ………

ဒါေပမယ့္……
ထိုသူေတြက
ရယ္တာနဲ႕ ေပ်ာ္ရႊင္မႈကို ခြဲျခားသိမွ သိပါေလစ……

ရယ္ေနရင္းနဲ႕ တေျမ့ေျမ့ကြ်မ္းေလာင္ေနတဲ႔ အပူမီးကို ကိုယ္ခ်င္းစာတက္ဖို႕ကေတာ့
ဟိုး…………………အေဝးႀကီးမွာပင္

အေတြးတစ္ခ်က္လြန္သြားသည့္ခဏ……

ဟန္ခ်က္ပ်က္သြားေသာ ေျခအစံု ေၾကာင့္ လဲက်မလို ျဖစ္ေနဆဲ အခ်ိန္ေလး……

တစ္စကၠန္႕

ႏွစ္စကၠန္႕

သံုးစကၠန္႕

ေလးစကၠန္႕

လဲက်လု ဆဲဆဲ ေႀကြ႕ကို ေနာက္ဘက္ကေန လွမ္းထိန္းေပးျပီး……
မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္ ဆြဲလွည့္လိုက္တဲ႔ အခ်ိန္ေလးက တကယ့္ကို ……
ေလးစကၠန္႕သာ …………

အရပ္ ၁၇၆ စင္တီမီတာရွိေသာ ေၾကြ ေတာင္ ထိုသူရဲ႕ ရင္ဘတ္နားေလာက္ သာမ်က္ႏွာခ်င္းဆိုင္မိေလသည္။

မိုးကာ ဝတ္ထားသည့္အျပင္ ဦးထုပ္ကို ခပ္ငိုက္ငိုက္ ေစာင္းထားတာေၾကာင့္ ထိုသူရဲ႕ မ်က္ႏွာကို ေႀကြ ေမာ့ၾကည့္တာေတာင္ ေသခ်ာမျမင္ရ…

အၾကည့္ေတြ ရင္ဘတ္ဆီ ျပန္သြားမိခ်ိန္မွာေတာ့……

ဟင္?
ဒါက……

ေယာက္်ားေလးတစ္ေယာက္ ရင္ခြင္ထဲေရာက္ေနတာ သိေပမယ့္……
ေႀကြ တြန္းဖယ္ထြက္ဖို႕ အာရံုမရ…

အေၾကာင္းက……

" သတိထား……ေခ်ာ္လဲေနမယ္"

သည္းထန္စြာ ရြာေနေသာ မိုး ခ်က္ခ်င္းတိတ္သြားသလို …

နားထဲ ျပတ္သားစြာ ဝင္လာေသာ အသံ…

စကၠန္႕ ပိုင္း အခ်ိန္ေလး ေက်ာက္ရုပ္ျဖစ္သြားသလညး ထင္ရေသာ ေႀကြ

ရင္ခုန္တာလည္းမဟုတ္…
စိတ္လႈပ္ရွားတာလည္းမဟုတ္…

ေၾကြ……အံ႔ၾသမွင္သက္ေနမိတာ

ရုန္းမထြက္ရပါပဲ လြတ္ေျမာက္သြားေသာ ရင္ခြင္ ပိုင္ရွင္ ခပ္လွမ္းလွမ္း ေရာက္သြားခ်ိန္ထိ ေၾကြ႕ မ်က္လံုးထဲ ျမင္ေယာင္ေနတာ တစ္ခုတည္း…
.
.
.
.
.
.
.
.
.
Coffee ဆိုင္မွာ ေၾကြ ေကာက္ရခဲ႔ေသာ M စာလံုး ဆြဲသီး ေလးပါႀကိဳးမွ်င္ေလးက ထိုသူ၏ လည္ပင္းမွာ ေနရာယူလ်က္……

ေႀကြ ၿပံဳးလိုက္မိသည္။

ဆြဲႀကိဳးနဲ႕သာမက ဆြဲႀကိဳးပိုင္ရွင္နဲ႕ပါ ေရစက္ရွိပံုပါလား………

ဆြဲႀကိဳးေလးေရ ……ငါမင္းသခင္နဲ႕ ထပ္ဆံုခ်င္မိတယ္……

~~~~~~~~~~~~~~~~~
T.B.C

အစပိုင္းဆိုေတာ့ type တာ တိုသြားတယ္
ေနာက္ပိုင္းေတြက် အရွည္ႀကီးနဲ႕ အေကာင္းဆံုးေရးသြားပါ့မယ္
ေဝဖန္ေပးၾကပါဗ်~~~~
N.S.P
4:12 P.M
7.5.2018

ဇွန်း နဲ့ ပန်းကန် ထိခတ်သံမှ လွဲ၍ တခြားဘာသံမှ မကြားရအောင် တိတ်ဆိတ်နေသော ညစာစားဝိုင်းလေး…

မျက်နှာချင်းဆိုင် ထိုင်နေကြပေမယ့် တစ်ယောက်နဲ့ တစ်ယောက် တစ်ချက်လေးတောင် အကြည့်ချင်းမဆုံကြ။

ဒါလား……… သားအဖ နှစ်ယောက်ရဲ့ ထမင်းဝိုင်း……

" သား mommy ရဲ့ wedding ရောက်သွားသေးတယ်ဆို?"

စကားစလာသူက ကြွေကြိုး ရဲ့ Daddy ဦးမင်းနောင်ကြိုး……

အမေးစကားကိုလည်း ချက်ချင်းမဖြေပဲ စားလက်စကိုသာ အသည်းသန်အာရုံစိုက်နေသော ကြွေ့ကိုကြည့်ပြီး……
ဦးမင်းနောင် သက်ပြင်းမမည်သော သက်မော ချလိုက်မိသည်။

ကြွေကြိုး………
တစ်ဦးတည်းသော သားလေးမို့ အလိုလိုက်ခဲ့ကြတာတော့မဟုတ်……
အကြောင်းကြောင်းကြောင့် အာရုံ မစိုက်နိုင်ခဲ့ပါသော ………

ဦးမင်းနောင်ကြိုး နဲ့ ဒေါ်ကြွေရွက်ဝါ တို့ရဲ့ သားလေး ကြွေကြိုး က အများအမြင်မှာတော့ ……တကယ့်ကို ပြီးပြည့်စုံစွာ ကြီးပြင်းလာတာပင်။

ယောက်ျားလေးတစ်ယောက်အတွက် အနည်းငယ်ရှည်သည်ဟု ယူဆနိုင်သည့် ဆံနွယ်တွေက နောက်ဘက်မှာ စုချည်ထားပါလျက် …… မျက်နှာပေါ် တစ်ဝက်တစ်ပျက်ကျနေတာကြောင့် ……
ကြွေကြိုး ရဲ့ မျက်နှာကို အကဲခပ်ရန် ခက်လှပေသည်။

ဦးမင်းနောင် တစ်ယောက် အဖြေပြန်မလာတဲ့ မေးခွန်းတွေကို ထပ်မမေးဖို့ ဆုံးဖြတ်လိုက်ပြီး …… စကားလမ်းကြောင်းလွှဲလိုက်သည်။

" သား သွားမယ်ဆို Daddy ကို ပြောသွားသင့်တယ်"

ဒီတစ်ခါတော့ ကြွေကြိုးရဲ့ လှုပ်ရှားမှု အားလုံး ရပ်တန့်သွားပြီး ……

" ဘာအတွက်လဲ?"

" ကြွေ~~~"

" လိုမှမလိုတာ……… မသွားစေချင်လို့ Daddy တားရင်ရော? ကျွန်တော်က မသွားပဲနေမယ့်သူလား…… စကားတွေအများကြီးပိုပြောရတာပဲ အဖတ်တင်မှာ"

ကြွေ ပြောရင်းကနေ Daddy ကိုကြည့်လိုက်မိတော့ တွေ့လိုက်ရတာက Daddy ရဲ့ အဓိပ္ပါယ်ပါသော မျက်ဝန်း……

" ကြည့်ပြန်ပြီ~~~~~ mommy နဲ့ Daddy တို့ကလေ တခြားနေရာမှာသာ သဘောထားမတိုက်ဆိုင်ချင်နေလိမ့်မယ်………… ကျွန်တော့်ကို ကြည့်တဲ့ မျက်လုံးတွေကတော့ တစ်ပုံစံတည်းပဲ"

ဇွန်း ခက်ရင်းကို နေရာတကျ ချလိုက်ပြီး နှုတ်ခမ်းကို tissue စ နဲ့ သုတ်နေရင်း ပြောလက်စ စကားကို ဆက်ပြောလေသည်။

" Daddy တို့ အိမ်ထောင်ရေး ပြိုကွဲမှုအတွက် ကျွန်တော် ခံစားနေရမယ်လို့ ထင်နေရင်တော့ ကြိုပြောထားပါရစေ……"

စကားမဆုံးသေးခင် မျက်နှာချင်းဆိုင်ထိုင်နေတဲ့ Daddy မျက်နှာကို တစ်ချက်ကြည့်နေပြီးမှ……

" နည်းနည်းလေးတောင် ………မခံစားရဘူး "

အေးစက်စက်လေသံကလည်း တကယ့်ကို ခံစားချက်မရှိ လေသည့်အလား……

ဒီတစ်ခါတော့ ဦးမင်းနောင် လည်း စားလက်စကို ရပ်လိုက်ပြီး ရေဖန်ခွက်ကို မော့သောက်လိုက်သည်။
ထို့နောက်……

" ဖြစ်ပြီးသားတွေကို Daddy ဆင်ခြေမပေးတော့ပါဘူး…… ဒါပေမယ့်……
သားကို Daddy ချစ်တယ်ဆိုတာတော့ သိထားပေးပါ"

" အဲ့ဒါကြောင့်လည်း ကျွန်တော် daddy နဲ့နေဖို့ ဆုံးဖြတ်ခဲ့တာပေါ့……… "

ကြွေ ထိုင်ရာကနေ ထပြီး ထမင်းစားခန်း အပြင်ထွက်ရန် ခြေလှမ်းလာရင်း…

" ကျွန်တော် Daddy ကို မမုန်းပါဘူး…… Daddy တို့ရဲ့ အငြင်းပွားမှုတွေကြား ဝင်မပါချင်ရုံ သက်သက်ပဲ…… "

ကြွေ ထွက်သွားတာနှင့် ဦးမင်းနောင် သက်ပြင်းမောကြီးကို ချလိုက်မိသည်။

လင်မယားနှစ်ယောက်ရဲ့ ပဋိပက္ခ ကြောင့် အချိန်ကာလ အတော်ကြာ အာရုံမစိုက်မိတဲ့ ကြွေ့ကို နားလည်အောင် လုပ်ဖို့ အချိန်များ လွန်နေပြီလေလား………………

~~~~~~~~~~~~~~~~~~~~~~~

6:00A.M

* ring * ring

နာရီ Alarm သံမြည်လာတာနှင့် ဖြည်းညှင်းစွာ ပွင့်လာသော မျက်စိအစုံ………

မနက် 6 နာရီထိုးတာနှင့် အမြဲအိပ်ရာထတက်သူ ကြွေ……

အများသူငါ လို morning exercises လုပ်ဖို့ထတာတော့မဟုတ်……
ကုတင်ပေါ်မှာ ဒူးလေးနှစ်ချောင်းပိုက် ငုပ်တုပ်လေးထိုင်ကာ……… တစ်နာရီလောက် ဘာအတွေးမှ မတွေးပဲ ငြိမ်ငြိမ်လေးနေတက်တာ………

ကြွေကြိုး ရဲ့ တစ်နေ့တာမှာ အငြိမ်းအေးဆုံး အခိုက်တန့်လေး……

ဒီနေ့လည်း …… ခါတိုင်းလို ငုပ်တုပ်လေးထိုင်ပြီး နေနေစဉ်……

ဖျောက်………ဖျောက်………ဖျောက်……

နားထဲ တိုးဝင်လာတဲ့ အသံကြောင့် ကြွေ ပြတင်းပေါက်ကို ကြည့်လိုက်မိတော့ ……
ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းကာ မိုးရွာသွန်းနေတာပင်…။

ကြွေ ပြုံးလိုက်မိသည်။
ထို့နောက် အိပ်ရာဘေး စားပွဲပေါ်မှာတင်ထားတဲ့ ခေါင်းစည်းကြိုးကို လှမ်းယူ ဆံပင်ကို ဖြစ်သလို စုချည်ပြီး အောက်ထပ်ကို ပြေးဆင်း လာလိုက်သည်။

မနက်ခင်း မိုးရွာနေတာကြောင့်လားမသိ …… မိုးသံ ကလွဲ၍ ပတ်ဝန်းကျင် တစ်ခုလုံးတိတ်ဆိတ်နေလေသည်။

ကြွေ မြန်မြန်ဆန်ဆန်ပင် ခြံပြင်ထွက်လာလိုက်ပြီး …………
မိုးရေ ချိုးနေလိုက်သည်။

မိုးကလည်း ကြွေ ထွက်လာမှ စောစောကထက်ပင် ပိုသည်းလာသလိုပင်။

ကြွေကတော့ ကောင်းကင်ကို မော့ကြည့်လိုက် လမ်းလျှောက်လိုက်နှင့် လုပ်နေရင်း အိမ်နဲ့ တော်တော်ဝေးဝေးကိုရောက်လာလေသည်။

စာရေးဆရာတချို့ရေးဖွဲ့ကြသလို

အတားအဆီးမဲ့ လွတ်လပ်စွာကျဆင်းလာတဲ့ ကောင်းကင်က မိုးစက်တွေက  ……နတ်သမီးမျက်ရည်ဖြစ်နေခဲ့ရင် ကြွေ ထိုနတ်သမီးကို အငိုမတိတ်စေချင်…

နတ်သမီးငိုနေတဲ့အချိန် ကြွေ ပျော်နေရလို့လေ……

ပတ်ဝန်းကျင်က သူတွေသတ်မှတ် ထားကြသော
ကြွေ က သူများရဲ့ ဝမ်းနည်းမှု အပေါ်မှာ ပျော်ရွှင်မှုကို ဖန်တီးပြီး ရှင်သန်နေထိုင်နေတဲ့ သူ

တကယ်လည်း……

သူများ ဝမ်းနည်းနေရင် ကြွေ အရမ်းရယ်ချင်လာတာ………

ဒါပေမယ့်……
ထိုသူတွေက
ရယ်တာနဲ့ ပျော်ရွှင်မှုကို ခွဲခြားသိမှ သိပါလေစ……

ရယ်နေရင်းနဲ့ တမြေ့မြေ့ကျွမ်းလောင်နေတဲ့ အပူမီးကို ကိုယ်ချင်းစာတက်ဖို့ကတော့
ဟိုး…………………အဝေးကြီးမှာပင်

အတွေးတစ်ချက်လွန်သွားသည့်ခဏ……

ဟန်ချက်ပျက်သွားသော ခြေအစုံ ကြောင့် လဲကျမလို ဖြစ်နေဆဲ အချိန်လေး……

တစ်စက္ကန့်

နှစ်စက္ကန့်

သုံးစက္ကန့်

လေးစက္ကန့်

လဲကျလု ဆဲဆဲ ကြွေ့ကို နောက်ဘက်ကနေ လှမ်းထိန်းပေးပြီး……
မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်လိုက်တဲ့ အချိန်လေးက တကယ့်ကို ……
လေးစက္ကန့်သာ …………

အရပ် ၁၇၆ စင်တီမီတာရှိသော ကြွေ တောင် ထိုသူရဲ့ ရင်ဘတ်နားလောက် သာမျက်နှာချင်းဆိုင်မိလေသည်။

မိုးကာ ဝတ်ထားသည့်အပြင် ဦးထုပ်ကို ခပ်ငိုက်ငိုက် စောင်းထားတာကြောင့် ထိုသူရဲ့ မျက်နှာကို ကြွေ မော့ကြည့်တာတောင် သေချာမမြင်ရ…

အကြည့်တွေ ရင်ဘတ်ဆီ ပြန်သွားမိချိန်မှာတော့……

ဟင်?
ဒါက……

ယောက်ျားလေးတစ်ယောက် ရင်ခွင်ထဲရောက်နေတာ သိပေမယ့်……
ကြွေ တွန်းဖယ်ထွက်ဖို့ အာရုံမရ…

အကြောင်းက……

" သတိထား……ချော်လဲနေမယ်"

သည်းထန်စွာ ရွာနေသော မိုး ချက်ချင်းတိတ်သွားသလို …

နားထဲ ပြတ်သားစွာ ဝင်လာသော အသံ…

စက္ကန့် ပိုင်း အချိန်လေး ကျောက်ရုပ်ဖြစ်သွားသလညး ထင်ရသော ကြွေ

ရင်ခုန်တာလည်းမဟုတ်…
စိတ်လှုပ်ရှားတာလည်းမဟုတ်…

ကြွေ……အံ့သြမှင်သက်နေမိတာ

ရုန်းမထွက်ရပါပဲ လွတ်မြောက်သွားသော ရင်ခွင် ပိုင်ရှင် ခပ်လှမ်းလှမ်း ရောက်သွားချိန်ထိ ကြွေ့ မျက်လုံးထဲ မြင်ယောင်နေတာ တစ်ခုတည်း…
.
.
.
.
.
.
.
.
.
Coffee ဆိုင်မှာ ကြွေ ကောက်ရခဲ့သော M စာလုံး ဆွဲသီး လေးပါကြိုးမျှင်လေးက ထိုသူ၏ လည်ပင်းမှာ နေရာယူလျက်……

ကြွေ ပြုံးလိုက်မိသည်။

ဆွဲကြိုးနဲ့သာမက ဆွဲကြိုးပိုင်ရှင်နဲ့ပါ ရေစက်ရှိပုံပါလား………

ဆွဲကြိုးလေးရေ ……ငါမင်းသခင်နဲ့ ထပ်ဆုံချင်မိတယ်……

~~~~~~~~~~~~~~~~~
T.B.C

အစပိုင်းဆိုတော့ type တာ တိုသွားတယ်
နောက်ပိုင်းတွေကျ အရှည်ကြီးနဲ့ အကောင်းဆုံးရေးသွားပါ့မယ်
ဝေဖန်ပေးကြပါဗျ~~~~
N.S.P
4:12 P.M
7.5.2018



Seguir leyendo

También te gustarán

393K 42.3K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...
2.8K 90 6
written by ​ေဆာင္​းထက္​​ေဝ