Unicode
ကျောင်းဆင်းတော့ Baekhyun က ဟိုကောင် JaeChan နောက်ကလိုက်သွားတာမြင်လိုက်တာကြောင့်
စိတ်ထဲကသိပ်တော့မကျေနပ် . .။
BaekHyunစက်ဘီးကဘာဖြစ်နေတာလဲသိချင်တာ
ကြောင့်အနားကပ်ကြည့်တော့ စက်ဘီးကလေလုံးဝမရှိ။
"ဘာလို့လဲ . . ဟိုကောင်တွေအုပ်စုကိုလည်း
ငါဆုံးမထားပါတယ်. . . "
အကြောင်းမဲ့ကြီးတော့ စက်ဘီးကလေလျော့မနေနိုင်ပါ။
ဟိုကောင်ကများBaekHyun ကိုတင်နင်းချင်လို့
ဂွင်ဆင်တာများလား။ စိတ်ထဲကိုရောက်လာတဲ့ အတွေးပေါင်းစုံကြောင့် စက်ဘီးကြည့်နေရာကနေထကာ
JongIn ၏ဆိုင်ကယ်ယူပြီး BaekHyunကို
တင်ခေါ်သွားသည့် ဟိုကောင်နောက်ကို
အမြန်လိုက်ရ၏။
လမ်းချိုးတစ်နေရာအရောက် တွေ့လိုက်ရသည့်
မြင်ကွင်းကြောင့် ဆိုင်ကယ်ကို သေချာမရပ်နိုင်တော့ပဲ
လှဲချကာ ပြေးပြီး JaeChan ကိုဆောင့်တွန်းမိ၏။
" မင်း "
တစ်ဖက်ကိုလဲကျသွားသည့် JaeChan ပေါ်တက်ခွကာ
လက်သီးနဲ့အဆက်မပြက်ထိုးနေမိသည်။
****
လက်တို့ကပါ တစ်ဆက်ဆက်တုန်ယင်လာသည်။
နှုတ်ခမ်းတို့ထံမှ စကားပြောဖို့ကြိုးစားသော်လည်း
အသံထွက်မလာပဲ တံတွေးသာမြိုချမိသည်။
မျက်စိရှေ့မှာဖြစ်ပျက်နေသည့် မြင်ကွင်းကို တားဖို့အသိညဏ်မဝင်သည့်အချိန်အထိကြည့်နေမိသည်။
"Chan… Chan…Chan တော်တော့
လွန်မယ်"
သူ့အနားကိုတိုးသွားကာ လက်မောင်းတစ်ဖက်ကို
ဆွဲကိုင်ကာတားနေမိသည်။ သူက ကျွန်တော့်လက်ကိုပုတ်ထုတ်၏။
"မင်းဘေးဖယ်နေစမ်း"
"ဟဟ ! သိပ်ကိုရိုနေကြတာပါလား
မင်းသတိထားနေBaekHyun"
အထိုးခံရသည့် JaeChan ကမမှတ်သေးပဲ
စကားနဲ့ထပ်ခနဲ့သည်။
"မင်းသေသင့်တဲ့ကောင်ပဲ"
JaeChan မျတ်နှာလည်းစုတ်ပျက်နေပြီမို့
ChanYeol ကိုလက်ကနေဇွတ်အတင်းဆွဲကာ
တားရသည်။မနည်းအားထည့်ပြီးဆွဲလိုက်မှ ကျွန်တော့်နဲ့အတူပါလာသည်။
"မင်းဘာဖြစ်နေတာလဲ ။ ငါဒီကောင်ကို
အသေတောင်သတ်ပစ်ချင်နေတာမင်းသိလား"
လက်မှသွေးကြောခပ်စိမ်းစိမ်းများကလည်း အလွန်သိသာနေပြီး . . အသက်ရှုသံခပ်ပြင်းပြင်းကလည်း
ChanYeol ဒေါသကိုဖော်ပြနေသည်။
"ဘာလို့လဲ ဘာလို့လဲ ! ChanYeol နဲ့ဘာဆိုင်လို့လဲ
ဘာလို့ဝင်ပါတာလဲ"
"အေးဟုတ်တယ် . . မဆိုင်ဘူး ။ ငါကိုကမှားတာ
ဝင်တားမိတာမှားတာ . . မင်းလည်းသူ့ကိုကြိုက်နေတယ်မလား"
"Park ChanYeol. . မင်းစကားတွေလွန်နေပြီ"
"ငါပြောတာမှန်လို့လား"
~ဖြောင်း
လူတစ်ယောက်ကိုလွန်ခဲ့သော မိနစ်ပိုင်းကမှရက်ရက်စက်စက်လက်သီးနဲ့ထိုးနေသော
သူသည် . . ယခုအချိန်တွင်မူ ကောင်လေးတစ်ယောက်၏
လက်သီးကြောင့် နာကျင်သွားရ၏။
"မင်းစကားတွေကလွန်တယ် ChanYeol"
"အေး . . . ငါလွန်တယ်ထင်ရင် . . ငါလွန်တယ်မှတ်လိုက်
ဒါပေမဲ့အခုကိစ္စက မင်းကိုဟိုကောင်က"
"တော်ပါတော့ "
"မတော်နိုင်ဘူး ! လာသွားမယ်လာ
ငါနဲ့လိုက်ခဲ့။ ငါအခုမင်းကိုပါဒေါသထွက်ပြီး တစ်ခုခုလုပ်ပစ်ချင်နေပေမဲ့ .. . အခုအချိန်ဒီနေရာမှာ
ဒီကောင်နဲ့မင်းကိုနှစ်ယောက်တည်းထားခဲ့ရင်"
"တော် ! တော်တော့ "
လက်ကိုအကြမ်းပတမ်းဆွဲကိုင်ကာ ဆိုင်ကယ်နားအထိရောက်လာတာတောင်မလွှတ်ပေးသေး။
သူကအားထည့်ပြီး ကိုင်ထားတာကြောင့် လက်ကနာနေပြီဖြစ်သည်။ လဲကျနေသည့်ဆိုင်ကယ်ကို
ထောင်ပြီးနောက်သူက ကျွန်တော့်နားပြန်ရောက်လာသည်။
"ဆံပင်တွေလည်းရှုပ်ပွနေတာပဲရော်! အင်းကျီတွေလည်း
ဖုန်တွေကပ်သွားပြီ "
ဆံပင်တွေကိုလာသပ်တင်ပေးပြီး အင်းကျီကိုလာခါပေးနေသည့်သူ့ကို စိုက်ကြည့်နေမိသည်။
"ရော့! ဆိုင်ကယ်ဦးထုပ်ဆောင်း"
"ဟောဗျာ!ယူလေ"
သူကမ်းပေးသည့် ဆိုင်ကယ်ဦးထုပ်လေးကိုမယူသေးပဲ
သူ့ကိုပဲစိုက်ကြည့်နေတာကြောင့် သူကလေသံဖျော့ဖျော့လေးနဲ့ ရယ်သံရောကာပြောလာသည်။
အခုသူက . . ခုဏကသူနဲ့တစ်စက်မျှမတူတော့။
"ယူပါဆို "
ခေါင်းကိုသူကိုယ်တိုင်လာစောင်းပေးကာ . . .
ပြုံးနေသည့်သူ။
"ငါတော်တော်ကြောက်သွားတာ"
"ငါတစ်ခုခုဖြစ်မှာထက် . . မင်းတစ်ခုခုဖြစ်မှာကိုပို
ကြောက်နေမိတာဆိုတော့ . . ငါဦးနှောက်မမှန်တော့ဘူးထင်တယ်"
"အင်း . . မင်းကရူးနေတာChanYeol"
"ဟုတ်လောက်တယ် ဟဟ "
*****
ချန်းယောလ်ကအိမ်ရှေ့ရောက်တော့ သူကဆိုင်ကယ်ရပ်ပေးသည်။ဆိုင်ကယ်ပေါ်ကဆင်းပြီး ခေါင်းကသူ့ဆိုင်ကယ်ဦးထုပ်ကိုချွတ်ပေးကာ လှမ်းပေးကာအိမ်ထဲဝင်ဖို့လုပ်တော့ လက်ကိုလှမ်းဆွဲသည့်သူ။
" ဘာလို့ဆွဲထားတာလဲ "
"ဒီတိုင်း"
"ကျေးဇူးတင်စကားမပြောရသေးလို့လား"
"ဟာကွာ . . ဒီတိုင်းကိုင်ချင်လို့"
ကျွန်တော့်
က်ချောင်းတွေကြားထဲတိုးဝင်လာသည့်သူ့လက်ချောင်း
တွေကြောင့် ကိုယ့်လက်ကိုယ်ငုံကြည့်မိသည်။
သူ့ကိုပြန်ကြည့်တော့ သူကပြုံးဖြီးဖြီးနဲ့ . . . .။
အလကား ငါ့ကိုအသားယူနေတာ။ မုန်းဖို့ကောင်းချက်
"မလွှတ်သေးဘူးလား ငါ့လက်ကို"
"ဟိုဟာလေ. . . "
လေတစ်ချက်မှုတ်ထုတ်ကာ သက်ပြင်းချလိုက်၏
"ငါ့ညီတွေ့ရင် မကောင်းဘူး . . လွှတ်တော့"
"ဟွာကာ . . ဟိုဟာလေ . . ဟိုဟာဟိုဟာ "
"ပြောမှာဖြင့်ပြောလေ . . ဟိုဟာတွေဒီဟာတွေလုပ်မနေနဲ့"
"ငါ့ကိုအော်လိုက်တာလား? ဘယ်ကသတ္တိတွေရနေတာလဲ
ByunBaekHyun"
ပြောလည်းပြော လက်ကဆောင့်ဆွဲလိုက်တာကြောင့်
သူ့နားကိုလူက အလိုလိုနေရင်းပြန်ရောက်သွားသည်။
ပြန်ရုန်းလျှင်လဲဆိုင်ကယ်တွေလဲပြီးဝရုန်းသုန်းကား
ဖြစ်မှာကြောင့် အသာပဲငြိမ်နေလိုက်သည်။
"ဒီဘက်နည်းနည်းတိုးဦး"
"ဘာပြောမလို့လဲ"
"ထပ်တိုးခဲ့ဦး!"
-----မွှ----
"မင်း ! ParkChan "
BaekHyun တစ်ယောက်သူ့ပါးကိုသူကိုင်ကာ
ChanYeol ကိုလက်ညိုးထိုးပြီး ဒေါသတွေထွက်နေ၏
"ငါ ! ChanYeol "
"အသားယူတာ တော်တော်လွန်နေပြီ"
"မတော်တဆဖြစ်သွားတာပါ"
"အကျင့်မကောင်းတဲ့ အရူး"
BaekHyun တစ်ယောက်ဒေါသတွေထွက်ပြီး
အိမ်ထဲပြေးဝင်သွားတာကို အပြင်ကကျန်ခဲ့တဲ့ ParkChan တစ်ယောက် ကြည့်ပြီးတော့ရယ်နေလေရဲ့ ။
"အကို . . အကိုရေဒါအကို့ပုံကြီးမလား"
"အမ် ! ဘာကလဲ "
အိမ်ထဲရောက်လို့ထမင်းစားပြီးစာလုပ်နေတုန်း
Sehun လာပြသည့်ပုံလေးကြောင့် ဘောပင်ကိုချကာ
သူ့ဖုန်းကိုယူကြည့်မိသည်။
ကျွန်တော်နဲ့ ChanYeol ဟိုးတစ်ရက်က
ကျောင်းခေါင်မိုးပေါ်စကားပြောနေကြတဲ့ပုံတွေ။
ကျွန်တော့်ပုံကနောက်ကျောဘက်သာမြင်ရတာကြောင့်
ကျွန်တော်မှန်းသူတို့သိဟန်မပေါ်ကြ။
"ဟာ . . မဟုတ်ပါဘူး"
"တူတယ်နော် အကိုနဲ့ !ဒါ ChanYeol နဲ့တွဲနေတယ်ထင်ရတဲ့ကောင်လေးတဲ့လေ"
"ဘာလို့အဲ့လိုထင်တာလဲ"
"ဒီမှာလေ . . ဒီနောက်ကျောပေးထားတဲ့ ကောင်လေးရဲ့
မျတ်နှာကိုလှမ်းကြည့်နေတဲ့ ChanYeol ရဲ့မျက်လုံးထဲမှာ
ကြင်နာမှုတွေပြည့်နှက်နေပြီး . . အဲ့ကောင်လေးကိုတန်ဖိုးထားကြောင်းမျတ်နှာမှာပေါ်
လွင်နေတယ်. . အဲ့ကောင်လေးတော်တော်ကံကောင်းတာပဲနော်"
လက်တွေအမူအရာတွေနဲ့အားပါးတရရှင်းပြနေသည့်
Sehun ကိုကြည့် ကာလူကကြက်သီးတွေထလာသည်။
"ဒီလောက်ဝါးနေတဲ့ပုံကြီးကို မင်းကဘာတွေသေသေချာချာမြင်လို့
ဘာတွေပြောနေတာလဲ ! ကလေးက ကလေးလိုနေစမ်း
ပြီးတော့မင်းပြောနေတဲ့ပုံစံက ရည်းစားရှိတဲ့ပုံစံကြီးနဲ့"
"ဟာ !အကို "
"Wae ? Wae ?.Wae?. ဘာဖြစ်လဲ"
"Aish !အဲ့တာကြောင့် နာမည်ကြီးကျောင်းကိုတက်ပြီး
အကို့ကို ကြိုက်မဲ့သူတစ်ယောက်မှမရှိတာ"
"မင်းတောင်ရှိလား"
"ရှိတယ် . . ရှိတယ် . . "
"အဖေရေ. . အဖေ့တူက .. . ကျောင်းမှာသူ့ကိုကြိုက်တဲ့သူတွေတရုန်းရုန်းနဲ့တဲ့"
"ဟာ အကို ! "
Sehun ကိုပြောင်ပြကာ စာပဲဆက်လုပ်နေလိုက်သည်။
ခုဏက ပုံထဲကလူကကျွန်တော်မှန်းသာ Sehun သိရင်
ဘယ်လိုနေမလဲမသိ။ သိချင်လိုက်တာ -.-""
"ပြန်ပြီသိလား! ဟွင့် အကိုBaekHyun ရည်းစားထားတဲ့နေ့ကျရင်တော့ အဟွင်းဟွင်း"
"ပြန်မှာဖြင့်အေးဆေးပြန်"
Sehun ထွက်သွားမှစောနကတည်းက ပြုံးချင်နေတဲ့အပြုံးကို ပြုံးလိုက်၏။ :3
ဒါပေမဲ့ ညနေကကိစ္စပြန်တွေးမိတော့ လူကအလိုလိုနေရင်းကြောက်လာသည်။
"နောက်တစ်ခါငါ့ကိုအဲ့လိုလုပ်ဖို့ကြိုးစားရင်ကော"
စာရေးနေတဲ့လက်တွေကပါတုန်လာပြီး . . အသက်ရှုမဝချင်သလိုတွေဖြစ်လာသည်။
နောက်တစ်ခါအဲ့လိုထပ်ဖြစ်လာရင်ဘယ်လိုလုပ်မလဲဆိုတဲ့
အတွေးကခေါင်းထဲကတော်ရုံမထွက်တော့။
ခုဏကအထိ ChanYeol ရှိတော့ အဲ့ကိစ္စကိုမေ့ပြီး
ပြုံးပျော်နေခဲ့တာ။
အခုကြမှခေါင်းထဲပြန်ရောက်လာတာ ။
"ဟာကွာ "
သူကျွန်တော့်ကိုအဲ့လိုလုပ်ဖို့ကြိုးစားခဲ့တာကို
တစ်စုံတစ်ယောက်သိသွားရင်ကော . . . ။
ကျွန်တော်နာမည်ပျက်ရမှာ . . . . ။
ဘာမှမဖြစ်ပါဘူး. . ChanYeol ပဲသိတာလေ။
ဟုတ်တယ် . . ChanYeol ကသူများကိုလိုက်ပြောမဲ့
သူမျိုးမဟုတ်ဘူး။ ChanYeol ကိုယုံလို့ရတယ်။
****
"ထစမ်း . . ပြန်ထခဲ့"
ချောင်ကျကျ အမှောင်ကျကျနေရာတစ်ခုမှာ
လုံးထွေးနေကြတဲ့လူငယ်နှစ်ယောက်။
တစ်ယောက်ကအခြေအနေတော်တော်ဆိုးနေပေမဲ့
ကျန်တစ်ယောက်က သွေးထွက်ရုံသာ။
"hkhk ! ငါကမင်းလို စောင့်စည်းနိုင်စွမ်းတွေမရှိတော့
ကြံမိကြံရာလုပ်မိတာလေ ! ဘာဖြစ်လဲ"
"သောက်စကားမပြောနဲ့ "
"ငါက ByunBaek ကိုချစ်တယ် "
"အေး !ငါလည်းချစ်တယ် "
"Chan. . chan တော်တော့
လွန်လွန်ကျူးကျူးတွေဖြစ်ကုန်မယ်"
"ဟက်အင်း !JongIn ငါဖြစ်နိုင်ရင် ဒီကောင်ကို
အသေပါသတ်ချင်မိတာ"
"အေး . .ငါမင်းဒေါသကိုနားလည်တယ်
အဲ့အတွက်တော်တော့"
"အချိန်ကုန်တယ် . . ပြန်မယ်JongIn"
___TBC
@Shin_Ji_Neul ကိုပူဆာကြရမယ်ဆိုတာသိတယ်ဟုတ် ?
Feedback မပေးရင်တော့အဟွင်းဟွင်း :3
CHANBAEK_UNIQUE ဆိုတဲ့ GP လေးမှာလည်း ficတွေအများကြီးရှိပါတယ်လို့ !
Zawgyi
ငါဆုံးမထားပါတယ်. . . "
အမြန်လိုက်ရ၏။
" မင်း "
****
လွန်မယ်"
"မင်းဘေးဖယ်နေစမ်း"
စကားနဲ့ထပ်ခနဲ့သည်။
"မင်းဘာဖြစ်နေတာလဲ ။ ငါဒီကောင်ကို
ဘာလို့ဝင်ပါတာလဲ"
"အေးဟုတ်တယ် . . မဆိုင်ဘူး ။ ငါကိုကမှားတာ
"ငါပြောတာမှန်လို့လား"
~ဖြောင်း
"တော်ပါတော့ "
"တော် ! တော်တော့ "
လက်ကိုအကြမ်းပတမ်းဆွဲကိုင်ကာ ဆို်င်ကယ်နားအထိရောက်လာတာတောင်မလွှတ်ပေးသေး။
ဖုန်တွေကပ်သွားပြီ "
"ဟောဗျာ!ယူလေ"
"ယူပါဆို "
ပြုံးနေသည့်သူ။
"ဟုတ်လောက်တယ် ဟဟ "
*****
" ဘာလို့ဆွဲထားတာလဲ "
"ဒီတိုင်း"
ကျွန်တော့်
"ဟိုဟာလေ. . . "
ByunBaekHyun"
"ဒီဘက်နည်းနည်းတိုးဦး"
"ဘာပြောမလို့လဲ"
"ထပ်တိုးခဲ့ဦး!"
-----မွှ----
"မင်း ! ParkChan "
"ငါ ! ChanYeol "
"မတော်တဆဖြစ်သွားတာပါ"
"အမ် ! ဘာကလဲ "
"ဟာ . . မဟုတ်ပါဘူး"
"ဘာလို့အဲ့လိုထင်တာလဲ"
"ဟာ !အကို "
"Wae ? Wae ?.Wae?. ဘာဖြစ်လဲ"
"မင်းတောင်ရှိလား"
"ရှိတယ် . . ရှိတယ် . . "
"ဟာ အကို ! "
ဘယ်လိုနေမလဲမသိ။ သိချင်လိုက်တာ -.-""
ပြုံးပျော်နေခဲ့တာ။
"ဟာကွာ "
****
"ထစမ်း . . ပြန်ထခဲ့"
"သောက်စကားမပြောနဲ့ "
"အေး !ငါလည်းချစ်တယ် "
"Chan. . chan တော်တော့
အသေပါသတ်ချင်မိတာ"
အဲ့အတွက်တော်တော့"
___TBC