Dating With A Gangster
By Helium_Rin
156K 16.9K 1.5K
.....အလွန်ဆိုးပြီးဂျစ်ကန်ကန်နိုင်သောကောင်လေးကို ချစ်သွားသော...ကောင်လေးတစ်ယောက်၏အကြောင်း။ ChanBaek (Yaoi) Shin... More
[ 1 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 6 ]
[ 7 ]
[ 8 ]
[ 10 ]
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15]
[ 16 ]
[ 17 ]
[ 18 ]
[ 9 ]
8.5K 1.1K 205
By Helium_Rin
Unicode
ဒီရက်ပိုင်းအမြဲတမ်းလိုလို JaeChanကအိမ်ပြန်လိုက်ပို့ပေးသည်။ ChanYeolနဲ့တော့ အခြေအနေတွေက အရင်လိုမဟုတ်တော့ ..
တစ်ခါတစ်လေမှ အဆင်ပြေတတ်သော်လဲ ..
ထိုတစ်ခါတစ်လေက GAပေါက်သည်ထက်ရှားသည်။
လွယ်အိတ်ကြိုးကိုကိုင်လျက် အတွေးများပြီး လမ်းလျှောက်နေတဲ့ကောင်လေးကတော့သူနှင့်ခပ်လှမ်းလှမ်းကနေ တောက်လျှောက်လိုက်နေသော အရပ်ရှည်ရှည်နှင့်ကောင်လေးကိုသတိထားမိမည်မဟုတ်ပါ။
*****
" ဟေး .. BaekHyun "
ကျောင်းအပေါက်ဝမှာJaeChanက ရပ်စောင့်နေပြီးကျွန်တော့်ကိုတွေ့တော့ပုခုံးကိုလာဖက်သည်။
တကယ်တမ်းကျွန်တော်JaeChanနှင့်မတွေ့ချင် ။ စိတ်ထဲမှာ ChanYeolအထင်လွဲသွားမည်ကိုစိုးရိမ်နေမိသည်။
ဘာကြောင့်မှန်းတော့မသိ .....။
" ပု .. ပုခုံးကိုမဖက်နဲ့ "
JaeChanဖက်ထားတဲ့လက်ကိုတွန်းဖယ်ပစ်တော့ JaeChanကကြောင်သလိုကြည့်လာသည်။ ..
" ဟို .. ငါ့အသားကိုထိတာသိပ်မကြိုက်လို့ "
" ပီးတာပဲ .. ဒါနဲ့မင်းစက်ဘီးမပါဖူးလား ? "
" အင်း ... လမ်းလျှောက်ချင်တာနဲ့ "
" အပြန်ကျ ငါ့စက်ဘီးနဲ့လိုက်ခဲ့မလား ? "
" ဟင့်အင်း .. ရတယ် "
JaeChanနှင့်ကျွန်တော်စကားတပြောပြောနှင့်လျှောက်လာတာ ကျွန်တော့်အတန်းရှေ့တောင်ရောက်လာပြီဖြစ်သည်။
" နားချိန်မှတွေ့မယ် "
" အင်း "
JaeChan၏ စကားကိုစိတ်မပါတပါနှင့်ခေါင်းငြိမ့်ပြလိုက်သည်။ .. အတန်းထဲရောက်တော့YooJungကိုနေရာတွင်မတွေ့ရ ။ ဘယ်သွားနေလဲတော့မသိ ..
ChanYeolနေရာကိုမသိမသာကြည့်မိတော့လဲ ရှိမနေ ..
မရောက်သေးဖူးထင်ပါသည် ။
အခုတလော ကျွန်တော့်ကိုအနိုင်ကျင့်သူတွေပျောက်နေတာကြောင့်လန့်နေရသည်။ ဘယ်အချိန်ထဖောက်လာမှန်းမသိသည်ကြောင့် ..။
ChanYeolနေရာကိုကြည့်ရင်းပဲ ကျွန်တော့်နေရာတွင်ဝင်ထိုင်လိုက်သည်။ ..
" ဝုန်း "
" အ့ "
" ဝါး ဟား ဟား "
( ရယ်သံဖြစ်သည်။ သရဲခြောက်သံရော ..
ရေခဲချောင်းနာမည်ရော မဟုတ်ပါ :3 )
ဘယ်အချိန်တည်းက ထိုင်ခုံကိုချိူ းထားလဲမသိ။ ..
ကျွန်တော်ဝင်ထိုင်လိုက်တော့ ကျိူ းသွားပြီး ကျွန်တော့်ကိုယ်က မြေပြင်ပေါ်မှာ ဖုန်တွေနှင့်လှနေသည်။ ..
အဲ့တာကြောင့်ငြိမ်နေတယ်မှတ်တာ -.-
ကြမ်းပြင်ကနေ ထလိုက်ပြီး ကျောင်းအင်္ကျ ီကဖုန်တွေဘာတွေခါလိုက်သည်။
ကျောင်းစတိုခန်းမှာခုံအသစ်တွေရှိမလားမသိ ။
ရယ်နေတဲ့လူတွေကို ဘာမှမပြောတော့ပဲ ကျောင်းအပေါက်ဝနားက ကျောင်းစတိုခန်းသို့သာထွက်လာခဲ့လိုက်သည်။ ..
" ကျောင်းသားလေး ဒီကိုဘာကိစ္စနဲ့ ? "
ကျောင်းစတိုခန်းနားရောက်တော့ ကျောင်းစောင့်ဖြစ်ဟန်တူသည့်ဦးလေးကြီးတစ်ယောက်ကလာမေးသည်။ ..
" ကျွန်တော့်ထိုင်ခုံကျိူ းသွားလို့ Arjushi ဒီမှာ ခုံအသစ်များရှိလားလို့ .. "
" အတော်ပဲကျောင်းသားလေးရဲ့ .. နှစ်ဝက်မှကျောင်းပြောင်းလာတဲ့သူတွေရှိလို့ ကျောင်းအုပ်ကြီးထိုင်ခုံအသစ်တွေမှာထားတာ မနေ့ကရောက်တယ် .. အပိုတွေရှိတယ် .. ဝင်ယူသွားလိုက်လေ "
" Nae Arjushi .. "
စတိုခန်းထဲဝင်သွားလိုက်တော့ အခန်းထောင့်မှာတန်းစီထားထားသော ထိုင်ခုံအသစ်တွေ .. ထိုအထဲမှထိုင်ခုံသစ်တစ်လုံးယူခဲ့လိုက်ကာ အပြင်ပြန်ထွက်လာလိုက်သည်။
ကျွန်တော်တို့လိုအထက်တန်းဒုတိယနှစ်တွေ၏အဆောင်က ဒုတိယထပ်တွင်ဖြစ်သည်မို့ လှေကားအများကြီးကိုဒီထိုင်ခုံယူကာတက်ရဦးမည်ဖြစ်သည်။ ..
ထိုင်ခုံက ကျွန်တော့်အားနှင့်မမျှစွာအနည်းငယ်လေးနေသည်မို့ လှေကားတက်ရာတွင် မနဲမြှောက်ကာ တက်နေရသည်။ ..
မောပန်းမှုကြောင့် နားသယ်စပ်တွင်ချွေးအနည်းငယ်စို့လာပြီဖြစ်သည် ..။
" အီး .. ယား "
" မောလိုက်တာ ဟင်း "
" နောက်နည်းနည်းပဲလိုတော့တယ် Fighting "
လှေကားကကျောင်းသားများကတော့ကျွန်တော့်ကိုကွက်ကြည့်ကွက်ကြည့်နှင့်ကျော်သွားကြသည်။ ထိုင်ခုံမ,လာသည်ကိုမြင်ရက်သားနှင့်တစ်ယောက်မှလာမကူကြပေ။
" ကျစ်စ် နားညီးလိုက်တာကွာ "
ChanYeol ??
ရင်းနှီးနေသည့်အသံကြောင့် လှည့်ကြည့်လိုက်တော့ အမှန်ပင်ChanYeolဖြစ်နေခဲ့သည်။ သူ့ကိုမြင်လိုက်တာနှင့် ချက်ချင်းပျော်သွားသော ကိုယ့်စိတ်ကိုယ်နားမလည်ခဲ့ ..
" ပေး အဲ့ခုံ ငါသယ်ပေးမယ် "
ပါးစပ်ကလဲပြောရင်း လက်ကလဲ လက်ထဲက ထိုင်ခုံကိုဆွဲယူနေတာကြောင့်အားနာစိတ်နှင့်ငြင်းဆန်မိသည်။
" arrရတယ် ChanYeol .. "
" ပေးပါဆို .. BaekHyunရာ ! လူကောင်ကဖြင့်သေးသေးလေးနဲ့ "
သူအရပ်ရှည်တိုင်း ကျွန်တော့်ကိုပုတယ်ဆိုပြီး သွယ်ဝိုက်သောနည်းဖြင့်ဖဲ့သွားတာကြောင့် မျက်စောင်းထိုးနေမိခိုက် .. ChanYeolကတော့ကျွန်တော့်လက်ထဲက ထိုင်ခုံကိုဆွဲယူကာ အပေါ်သို့တက်သွားပြီဖြစ်သည်။ ..
" မလိုက်ဖူးလား ? "
" လိုက်မှာ ! "
နှုတ်ခမ်းကိုသာစူနိုင်သလောက်စူပြီး ..
သူ့နောက်ကနေလိုက်ခဲ့လိုက်သည်။
*****
" ဒီနေ့ငါနဲ့ပြန်မယ် ဟိုကောင်နဲ့မပြန်ပဲစောင့်နေ "
အနောက်ကနေလေသံတိုးတိုးဖြင့်
ChanYeol ကျွန်တော့်နောက်ကျောက်နားအားကပ်ရင်းပြောသည်။ ..
ဆရာစာသင်နေတာကို နားချိန်ကျမှမပြောဖူး ..
တကယ်ဇွတ်တရွတ် !!
အနောက်ကChanYeolကိုမေတ္တာပို့ရင်း ..
မျက်နှာကလဲ မဲ့ရွဲ့နေမိသည်။ ..
" ကျောင်းသားBaekHyun .. မျက်နှာကမျိူ းစုံဖြစ်နေတာဘာဖြစ်တာလဲ ? ဆရာစာသင်တာမကြိုက်လို့လား "
မျက်မှန်အောက်ကနေ ပင့်ကြည့်ရင်း မျက်နှာသေဖြင့်ကြည့်နေသော ဆရာကြောင့်တစ်ကိုယ်လုံးအေးစက်လာမိသည်။
" ဟို .. အိမ်နားက လိုက်လိုက်ကိုက်နေတဲ့ ခွေးအကြောင်းစဉ်းစားမိလိုက်လို့ပါSam "
အဓိပ္ပါယ်ရှိရှိမရှိရှိပါးစပ်ထဲရှိရာသာလျှောက်ပြောလိုက်သည်။
* ဒုတ် *
" အ့ "
အနောက်ကနေChanYeolက ခြေထောက်ကိုကန်လိုက်တာကြောင့် အသံထွက်သွားသည်မို့ ဆရာက သင်ပုန်းဘက်လှည့်ဖို့ပြင်ရင်းမှပြန်လှည့်ကြည့်လာသည်။
" ဒီတစ်ခါရောဘာဖြစ်ရပြန်တာလဲ "
" ခြေထောက်ယမ်းရင်း ခိုက်မိလို့Sam ဟီး "
" ခြေထောက်မသရမ်းပဲ ငြိမ်ငြိမ်ထား "
" Nae "
ဆရာဟိုဘက်ပြန်လှည့်သွားတော့ChanYeolထံမှစကားထွက်လာသည်။ ..
" မင်းကငါ့ကိုခွေးလို့ပြောလိုက်တာလား "
" ဟမ် .. ငါပြောမိလို့လား ? မင်းဟာမင်း အိုးမလုံအုံပွင့်နေတာဟင်းဟင်း "
" ဘာကွ !! "
မုန်လာဥလုပ်လိုက်ရင်း အနောက်မှChanYeolအသံကိုအာရုံထဲမထားတော့ပဲဆရာစာသင်တာကိုသာ အာရုံစိုက်လိုက်တော့သည်။ ..
*****
နားချိန်ရောက်တော့ထုံးစံအတိုင်း YooJungနဲ့သာအတူတူစားဖြစ်သည် ။
" BaekHyunနင့်ခုံကအသစ်လဲထားတာလား ? "
" အင်း .. "
" wae? "
" ငါ့ခုံကျိူ းနေတာ .. "
ကျွန်တော့်စကားကြောင့် YooJungစဉ်းစားသလိုလုပ်ပြီး
" JiEunတို့ပဲဖြစ်မှာ .. အဲ့အဖွဲ့အခုတလောငြိမ်နေလို့ .. ငါသံသယဖြစ်နေတာ "
" အင်း ငါလဲစဉ်းစားမိတယ် "
" ဒါနဲ့လေ .. ChanYeolကလဲနင့်ကိုကြိုက်နေတာလားမသိဖူး "
" အဟွတ်ဟွတ် .. "
YooJung၏စကားကြောင့်ရေသောက်နေရင်းမှ ဘာထဖြစ်သည်မသိ ။ သီးကုန်သည်။ ..
" လျှောက်ပြောပြန်ပြီ မိYooJung ! "
" ဟာ တကယ်ပါဆို .. ဒီနေ့ သူနင့်ကိုခုံမပေးတယ်မလား အပေါ်ထပ်တက်တဲ့လှေကားမှာလေ "
" နင်ဘယ်လိုသိလဲ ? "
" ငါကျောင်းအလာ လှေကားတက်တော့တွေ့တာ ..အဲ့တာကြောင့်နင့်အပေါ်သူ့အပြုအမူတွေထူးဆန်းနေတယ်ထင်တာ ။ တကယ်သာဆိုမိုက်ပြီပဲ။ JaeChanရယ်၊ChanYeolရယ်က နင့်ကိုလုပေါ့။ သုံးပွင့်ဆိုင် .. My Style keke "
" လျှောက်ပြောမနေနဲ့ ထမင်းသာပြီးအောင်စား! "
YooJung၏ပေါက်တတ်ကရစကားကိုမသိချင်ယောင်ဆောင်လိုက်ပြီး ထမင်းကိုသာ သေချာစားလိုက်သည်။ ..
****
ကျောင်းဆင်းတော့JaeChanက ပုံမှန်အတိုင်းစောင့်နေသည်။ အဲ့တာမှဒုက္ခ။ ChanYeolက သူနဲ့အတူပြန်ဖို့ပြောထားသည်။
ChanYeolစကားကိုဘာလို့နားထောင်နေမိမှန်းလဲမသိ-.-
" BaekHyun yar ပြန်မယ်လေ "
" အင် ... ဒီနေ့မင်းပဲပြန်လိုက်ပါလား ? "
" ဘာလို့လဲ .. ငါကမင်းနဲ့ပြန်ချင်တာကို ! "
" ငါတစ်ယောက်တည်းအေးအေးဆေးဆေးလမ်းလျေ၊ှာက်ချင်လို့ပါ "
" အင်းပီးတာပဲ "
" စကားနားထောင်သားပဲ "
JaeChanလဲထွက်သွားရော ..
Park ChanYeolက ဘယ်အချိန်တည်းကရောက်နေမှန်းမသိ .. ဘေးနားလာရပ်ပြီးခေါင်းကိုလာပုတ်သည်။
" လာသွားမယ် ! "
" အင်း ! "
အပြန်လမ်းက ChanYeolနှင့်ကျွန်တော်နှင့်နှစ်ယောက်ထဲမို့လားမသိ ။ အနည်းငယ် ကျောချမ်းစေသည်။
တစ်ခါတစ်ခါ တိတ်ဆိတ်နေသောလမ်းထဲ ဘေးမှကပ်လျှောက်နေသော ChanYeol၏ အသက်ရှူ သံပြင်းပြင်းကိုလဲကြားရသည်။
ကြားထဲ ဘေးနားချထားသော ChanYeolလက်နှင့်ကျွန်တော့်လက်ကလဲပွတ်တိုက်မိသေးသည်။ ..
ထပ်မံ၍ လက်နှစ်ဖက်ထိမိသွားသည့်အခိုက် ChanYeolက ကျွန်တော့်လက်ကို သူ့လက်အကြီးကြီးထဲ နစ်မြုပ်စေသည်။ ..
" ဟင်း ဘာမှမထင်နဲ့.. မင်းလက်အေးနေတယ်ထင်လို့..နွေးသွားအောင်လို့ "
နွေဦးမှာဘယ်လိုလုပ်အေးမှာလဲ -.-
သို့သော်လဲ သူ့လက်အကြီးကြီးထဲ ကျွန်တော့်လက်သေးသေးလေးမြုပ်နေသည့်ခံစားချက်ကိုသဘောကျမိ၍ ဘာမှတော့မပြောဖြစ်ခဲ့ ။
" ဆာကူရာတွေတောင်ပွင့်နေပြီ .. "
Sakuraပန်းတွေကြွေကျနေသည့်လမ်းကိုကြည့်ရင်း ကျွန်တော်ပြောမိသည်။ ..
မဆီမဆိုင် ထိုလမ်းထဲ သူနှင့်ကျွန်တော်လက်ချင်းတွဲပြီးလမ်းလျှောက်ရတယ်လို့တွေးမိတော့ ရင်ထဲဒိတ်ကနဲ ။
ကျွန်တော်တို့ခေါင်းပေါ်တွင် ဆာကူရာပန်းများ အပြိုင်အဆိုင် ကြွေကျနေကြသည် ..။
ရုတ်တရက် .......
ဆာကူရာပန်းတစ်ပွင့်သည် ကျွန်တော်၏ ..
နက်မှောင်သော ဆံသားထက်ကြွေကျလာသည်။
ဒါကိုChanYeolလဲမြင်၏ ..
" ဆာကူရာနဲ့မင်းကလှတယ် BaekHyun ... "
To Be Continued ..
ပထမဆုံး 3000ကျော်ဖူးသွား ..
ရေးကောင်းကောင်းနဲ့ရေးလိုက်တာ ><
ဒီficထဲ ဗီလိန်ပါသည် ..
ဘယ်သူလို့ထင်မိလဲ ??
တစ်ခါတစ်လေ အနီးဆုံးလူက ရန်သူဖြစ်တတ်တယ်😛
ဒါနဲ့ ဂျီနူးလ်လေးက ဖိဘတ်တွေကိုချစ်တယ်😋 ..
နောက်တစ်ပိုင်းလဲ ကိုယ်ပဲupရမှာဆိုတော့ ..
ဖိဘတ်မရရင် ..
ဟွင်းဟွင်း ( ခြိမ်းခြောက်သံ😛 )
Shinn_Ji_Neul
Zawgyi
*****
" ​ဟေး .. BaekHyun "
" ပု .. ပုခုံးကိုမဖက်​နဲ့ "
" ဟင့်​အင်း .. ရတယ်​ "
" နားချိန်​မှ​တွေ့မယ်​ "
" အင်း "
" ဝုန်း "
" အ့ "
" ဝါး ဟား ဟား "
( ရယ်​သံဖြစ်​သည်​။ သရဲ​ခြောက်​သံ​ရော ..
ဘယ်​အချိန်​တည်းက ထိုင်​ခုံကိုချိုးထားလဲမသိ။ ..
ကျွန်​​တော်​ဝင်​ထိုင်​လိုက်​​တော့ ကျိုးသွားပြီး ကျွန်​​တော့်​ကိုယ်​က ​မြေပြင်​​ပေါ်မှာ ဖုန်​​တွေနှင့်​လှ​နေသည်​။ ..
" ကျွန်​​တော့်​ထိုင်​ခုံကျိုးသွားလို့ Arjushi ဒီမှာ ခုံအသစ်​များရှိလားလို့ .. "
" Nae Arjushi .. "
ထိုင်​ခုံက ကျွန်​​တော့်​အားနှင့်​မမျှစွာ​အနည်းငယ်ေ​​လး​နေသည်​မို့ ​လှေကားတက်​ရာတွင်​ မနဲ​မြှောက်​ကာ တက်​​နေရသည်​။ ..
" အီး .. ယား "
" ​မောလိုက်​တာ ဟင်း "
ChanYeol ??
" arrရတယ်​ ChanYeol .. "
" မလိုက်​ဖူးလား ? "
" လိုက်​မှာ ! "
*****
တကယ်​ဇွတ်​တရွတ်​ !!
" ​ကျောင်းသားBaekHyun .. မျက်​နှာကမျိုးစုံဖြစ်​​နေတာဘာဖြစ်​တာလဲ ? ဆရာစာသင်​တာမကြိုက်​လို့လား "
* ဒုတ်​ *
" အ့ "
" Nae "
" ဘာကွ !! "
*****
" အင်း .. "
" wae? "
" ငါ့ခုံကျိုး​နေတာ .. "
" အဟွတ်​ဟွတ်​ .. "
" နင်​ဘယ်​လိုသိလဲ ? "
****
" အင်းပီးတာပဲ "
" စကားနား​ထောင်​သားပဲ "
" လာသွားမယ်​ ! "
" အင်း ! "
ရုတ်​တရက်​ .......
To Be Continued ..
ဒီficထဲ ​ဗီလိန်​ပါသည်​ ..
ဘယ်​သူလို့ထင်​မိလဲ ??
ဖိဘတ်​မရရင်​ ..
Shinn_Ji_Neul
Continue Reading
You'll Also Like
96.8K 2K 35
🔞🔞🔞 You R@ped me you are a sinner i will expose you in front of this world MR JEON JUNGKOOK.... .................................... He is taking...
1.7M 98.6K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
154K 11.2K 61
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...
82.6K 2.4K 38
Francesca Astor came to Love Island to find her soulmate, and once she sets her eyes on him, she's never letting go. Rob Rausch x Fem!oc #1 robertrau...