I want even your name , Arthi...

By chahyejoon

397K 25.7K 1.9K

Completed / Start Date - March 5, 2018 အရမ်းချမ်းသာပြီး မောက်မာတဲ့ သူဌေးသားတစ်ယောက် နဲ့ သူဌေးသားရဲ့လက်က လွတ်ခ... More

Beginning
This Kid
Regret
Both of you
Castiel's Daddy
Dimple smile
Cas is my son too :)
Runaway
Plan
Pretend
In-Laws
Yes I Do
You have to kiss me
Is This Love ?
I will teach you to know
Rapist ? Am I rapist ?
I Love you
Sympathy
About Kong - 1
Beginning ( U )
This Kid ( U )
Regret ( U )
Cas is missing ( U )
Both of you ( U )
Castiel's Daddy ( U )
Dimple Smile ( U )
Cas is my son too :) ( U )
Runaway ( U )
Plan ( U )
Pretend ( U )
In-Laws ( U )
Yes I Do ( U )
You have to kiss me ( U )
is This Love ? ( U )
I will show you to know ( U )
Rapist ? Am I rapist ? ( U )
I Love You ( U )
Sympathy ( U )
About Kong - 1 ( U )
I'll follow where you go
I'll follow where you go - ( U )
NEXT STEP
NEXT STEP ( U )
( Z ) အရောင်းပို့စ်
( U ) အရောင်းပို့စ်

Cas is missing

11.2K 865 57
By chahyejoon

" Kong ... P'Earth ​တော့ အိမ်ကို PhiChit ဘက် ​ပြန်ပြောင်းဖြစ်မယ်နဲ့ တူတယ် "

PhiChit ? အခုပဲ ပြန်လာခဲ့တဲ့ နေရာမလား ?

Earth က ထိုင်ခုံမှာ ဝင်ထိုင်ရင်း ပြောလာတော့ Kongpop နဲ့ Jeer ပါ အတူ လိုက်ထိုင်ဖြစ်တယ်။

" ဘာလို့ အဲ့အထိလဲ P'Earth ? ဒီမှာ လုပ်ရင်ရတာပဲဟာ.. P'Jeer ကိုပဲ သွားရင် သွားခိုင်း "

Jeer က Kongpop ကို စာအုပ်နဲ့ လှမ်းရိုက်ဖို့ ရွယ်နေတာ မြင်နေတဲ့  Earth က ခပ်တိုးတိုး ရယ်ရင်း Jeer လက်ထဲက စာအုပ်ကို လုလိုက်ကာ

" Jeer က ဒီမှာ နေခဲ့ရမှာ။ သားကသာ P' ကိုအခြေကျတဲ့အထိ လိုက်ကူပေး "

" နိုင်ငံခြားမှာ သွားနေတုန်းကတောင် ဘယ်သူမှ ဘာမှ လိုက်ကူမလုပ်ခိုင်းဘဲနဲ့ အခုကျတော့ ထူးထူးဆန်းဆန်း P'Earth က "

Kongpop ရယ်ကျဲကျဲနဲ့ ပြောတဲ့ စကားကို Jeer ကပါ ခေါင်းညိမ့်​ထောက်ခံတဲ့ပုံနဲ့

" အဲ့မှာ ဆရာဝန်လည်း အလုံအလောက်ရှိတာပဲဟာ .. ပြီးတော့ P' အတွက် တက်လမ်းမ
မြင်ပါဘူး အဲ့မှာဆို။ ဘာလို့ ​ပြန်သွားမှာလဲ ?"

" ... "

" ကျွန်တော်လည်း အဲ့နေရာကိုဆိုရင်တော့ လိုက်မကူချင်ဘူး "

တခြားနေရာသာဆို လိုက်ကူပေးဖြစ်ဦးမှာ။ ခု P'Earth သွားမယ့်နေရာက ကိုယ်ကိုယ်တိုင် P'Arthit ရှေ့မှာ နောက်တစ်ခါ
လာမရှာဘူးဆိုပြီး ပြောခဲ့တဲ့နေရာဖြစ်နေတော့... ။

ဒီတစ်ခေါက်တော့ ကိုယ့်ကို ရှောင်ဖို့ ​ပြောင်းပြေးသွားကြရမယ့်အဖြစ်မျိုးလည်း ထပ်မဖြစ်စေချင်တော့ပါ။ စိတ်ထဲမှာ တင်နေတဲ့ ဆပ်စရာ အပြစ်ကြွေးလည်း သင့်တော်တဲ့နည်းသုံးကာ ဆပ်ပြီးပြီးမို့ ထပ်သွားမပတ်သက်ချင်တော့။

" အဲ့ကို သွားကို သွားမှရမှာ။ အဲ့မှာ P'Earth အကြွေးဆပ်ရမယ့်သူတွေရှိနေတယ် သား .... P' ကို လိုက်ကူညီပေးပါနော် "

သေပါတော့ !!!
ဘာလို့ ကိုယ်တွေ မောင်နှမတွေက PhiChit က လူတွေနဲ့ အကြွေး မကင်းနိုင်ရတာလဲ ?

Jeer က မျက်လုံးပြူးမျက်ဆံပြူးနဲ့

" ပိုက်ဆံတွေ ဒီလောက်ပေါတဲ့သူက အကြွေးကျန်ရတယ်လို့ "

" ငွေရေးကြေးရေးနဲ့ မဟုတ်ဘူး Jeer ရဲ့ ... P' ပိုင်ရှင်မပေါ်သေးတဲ့ ပစ္စည်းကို ပိုင်ရှင်လက်ထဲ ပြန်အပ်ပေးရမယ့် အကြွေး ကျန်နေသေးလို့ "

Earth ပြောနေတဲ့စကားကို နားမလည်နိုင်မယ့်အတူတူ သွားအိပ်တာပဲ ကောင်းမယ် ထင်တာကြောင့် Kongpop က မတ်တပ်ထရပ်တော့ Earth က လက်ကို လှမ်းဆွဲရင်း

" Kong .. P'Earth အရေးကြီးတာ တစ်ခု
လုပ်စရာရှိလို့ သား အဲ့မြို့ကို လိုက်ကို လိုက်ခဲ့ရလိမ့်မယ် .. "

ဘာပစ္စည်းအပ်ထားလို့ ဘယ်ပိုင်ရှင်လက်ထဲ သွားအပ်ပေးမလို့လဲ မသိပေမယ့် အဲ့အလုပ်လေးအတွက်နဲ့ အိမ်မှာတောင်မနေဘဲ အဲ့မြို့မှာ တကူးတက သွားနေမယ်ဆိုတဲ့ အစ်မဖြစ်သူကိုသာ ခေါင်းညိမ့်ပြလိုက်ရင်း သက်ပြင်းချလိုက်မိတယ်။

--

ဆေးရုံအုပ်အနေနဲ့ တာဝန်ယူပြောင်းရွေ့မယ့် Earth က ဘန်ကောက်မှာ ပြင်ဆင်ရမယ့်အရာတွေ များနေတယ်ဆိုပြီး နောက်က လိုက်လာမယ် ပြောတာနဲ့ Kongpop လည်း တယောက်တည်း PhiChit ကို ကြိုထွက်လာခဲ့လိုက်တယ်။

အနည်းဆုံးတော့ အစ်မ အခြေကျတဲ့အထိ
ဆို ကိုယ်လည်း နှစ်ပတ်လောက်တော့ PhiChit မှာ နေပေးရမယ့်ပုံ။ P'Earth အတွက် အိမ်ရှာပေးဖို့ ဟိုနေ့ကမှ မွေးနေ့ပြီးထားတဲ့ မြို့အုပ်သားဆီ ဖုန်းဆက်ကာ အကူညီလှမ်းတောင်းရင် ပိုလွယ်တာမို့..

" အင်း .. ငါ မင်းတို့မြို့က မြို့နယ်ဆေးရုံနဲ့ နီးတဲ့ အိမ်ကောင်းကောင်း တစ်လုံးလောက်လိုချင်တယ်။ စီစဉ်ပေးထားဦး ငါရောက်တာနဲ့ လာကြည့်လိုက်မယ် "

ဒီခရိုင်ရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့ ဖခင်ဖြစ်သူကြောင့် ခရိုင်လက်အောက်က မြို့လေးတွေရဲ့ မြို့အုပ်တွေက တစ်မိသားစုလုံးကို လေးစားကြတာမို့ အထူးတလည် အကူအညီ တောင်းနေစရာ မလိုတဲ့အတွက် အလုပ်သိပ်မရှုပ်။

PhiChit မြို့ထဲဝင်ပြီး ၁၅မိနစ်လောက် အကြာ နောက်ခန်းမှာ မှေးကာ လိုက်လာမိရာကနေ မှိတ်ထားတဲ့ မျက်စိကို ဖွင့်ရင်း ကိုယ့်ကို မတွေ့ချင်ပါဘူးဆိုတဲ့သူကိုမှ တွေ့လိုတွေ့ငြားတွေ့ရမလားဆိုတဲ့ အတွေးနဲ့ လမ်းမပေါ်ကိုသာ အကြည့်ကို ပို့ထားမိတယ်။

" ... Koi .... ကား ခဏရပ် !! "

လမ်းပေါ်မှာ ကျောင်းလွယ်အိတ်လေး လွယ်ရင်း ဖြည်းဖြည်းချင်း လျှောက်နေတဲ့ကလေးလေးကို မြင်တော့ ရှေ့က မောင်းနေတဲ့ ဒရိုင်ဘာကို ကားရပ်ခိုင်းလိုက်မိတယ်။

ဒါ P'Arthit ရဲ့သားလေး မလား ?

ခေါင်းလေးမော့လိုက် ပြုံးလိုက်နဲ့ တရွေ့ရွေ့ သွားနေတဲ့ ကလေးလေးကို Kongpop က ကားပေါ်ကနေ ကြည့်နေတယ် ။

ပြုံးလိုက်တိုင်း ပေါ်လာတဲ့ ပါးချိုင့်လေးကိုမြင်ရင် P'Arthit ကိုပဲ ပြေးမြင်မိတဲ့အထိ..

ကလေးက တစ်ယောက်တည်း လျှောက်သွားနေတာများလား ? P'Rome နဲ့ P'Arthit ကို အနီးအနားတဝိုက် ရှာကြည့်ပေမယ့်လည်း ဒီလမ်းပေါ်မှာ တလှုပ်လှုပ်နဲ့ လျှောက်နေတာက ဒီကလေး တစ်ယောက်တည်းသာ ။

သစ်ချသီးကိတ်မုန့်ဆိုင်နား ရောက်ခါနီးအလို ကိတ်မုန့်ဆိုင်ကို လှမ်းကြည့်ကာ ကလေးကလွယ်ထားတဲ့ လွယ်အိတ်လေးကို မြေကြီးပေါ်ချလိုက်တယ်။ ပြီးမှ ငုတ်တုတ်ထိုင်ရင်းလွယ်အိတ်ထဲက ပစ္စည်းတွေကို တစ်ခုချင်း လမ်းမှာ ထုတ်ကာ ပစ္စည်းရှာနေတဲ့ပုံမို့ Kongpop မနေနိုင်မထိုင်နိုင်ဖြစ်ကာ ကားပေါ်က ဆင်းလာလိုက်ပြီး ထိုကလေးလေး အနားလျှောက်လာလိုက်တယ် ။

--

" Cas မရှိတော့ဘူးဆိုတာ ဘာကိုပြောတာလဲ !? ကျွန်တော် ဒီနေ့အလုပ်ရှိလို့ နောက်ကျမှ လာကြိုမယ်လို့ ဖုန်းဆက်ထားတ​ယ်လေ "

"... ကျွန်မတို့ သတိမထားမိလိုက်တာပါ Cas ကို လာကြိုသွားပြီလို့ပဲ ထင်နေမိတာ။ Cas လေး သိပ်အဝေးကြီး မရောက်လောက်ပါဘူး..ကျွန်မတို့ တူတူဝိုင်းရှာ..."

" ကျောင်းအခန်းတွေနဲ့ ဒီနားတဝိုက်သာ နှံ့အောင် ရှာပေးပါ။ ကျွန်တော် သူ့အဖေကို ဖုန်းဆက်ပြီး မြို့ထဲမှာ တူတူရှာလိုက်မယ် "

Cas ပျောက်နေတာကို ကြားရတည်းက Rome မှာ စိတ်ထိန်းမနိုင်တော့။ ကျောင်းပေါက်ဝက ထွက်ထွက်လာချင်းပဲ Arthit ဖုန်းနံပါတ်ကို တုန်နေတဲ့ လက်တွေနဲ့ ကောက်နှိပ်လိုက်တယ် ။

" Hello .. Rome ? "

" .. Ar.. Arthit အီးဟီးး.. ငါသွားကြိုတော့ Cas မရှိတော့ဘူးတဲ့ ! Cas က ကျောင်းဆင်းတော့ ကလေးတွေနဲ့ တူတူရောထွက်သွားတဲ့ပုံပဲ .. ရှာ ..ရှာပါဦး "

လမ်းမှာ မျက်ရည်တွေကျရင်း ဖုန်းထဲကို အော်ကြီးဟစ်ကျယ် အော်ပြော​နေမိတာ ဖြတ်သွားဖြတ်လာတွေကိုတောင် ဂရုမစိုက်မိ။

တူလေး တကယ်များ ပျောက်သွားရင် ရင်ကျိုးရချည်ရဲ့ :(

ဒီကလေးကို မွေးကတည်းက ကိုယ့်လက်ကိုယ့်ခြေပဲ ထိန်းလာခဲ့ရတာ။ Arthit က ကလေးကို ချီတောင်မချီတာမို့ ညတိုင်း ကိုယ်ပဲ ချီပြီး နို့ဘူးတိုက်သိပ်ခဲ့ရတာ။

ခုများတော့ ညတိုင်းရင်ခွင်ထဲ ထည့်သိပ်ခဲ့ရတဲ့ ကလေးလေး ... ဘယ်ရောက်နေတာလဲ ကလေးရယ် ?

" .... ငါ ဆိုင်ပိတ်ပြီး ထွက်ရှာလိုက်မယ်။ တစ်နေရာရာမှာ ရှိမှာပါ ..အရမ်းစိတ်ပူမနေနဲ့ "

" ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ ? ငါ့တူလေးကို ကလေးသူခိုးတွေ ဘာတွေက ခိုးသွားမှဖြင့် .. ဆိုင်ကိုပိတ်မနေနဲ့ ခုချက်ချင်း ရှိတဲ့သူနဲ့ ထားခဲ့ပြီး ကလေးကို ထွက်ရှာ !!! "

" ..... "

" Arthit !! "

" အင်း အင်း ... ထွက်ရှာနေပြီ :( အဲ့ကလေး ဘယ်တွေလျှောက်သွားနေတာလဲ ? "

နှစ်ယောက်လုံး ဖုန်းမချဘဲ ရှာနေကြတာမို့ Arthit ဆိုင်က ထွက်လာတဲ့ ခေါင်းလောင်းသံနဲ့ ပြေးရှာနေတဲ့ခြေသံကို ဖုန်းထဲက ကြားနေရတယ် ။

Cas နဲ့ပတ်သက်ပြီး ခံစားချက်မရှိတဲ့ Arthit တယောက် ဒီကိစ္စနဲ့ သူ့ကလေးကို တန်ဖိုးထားတတ်လာရင် သိပ်ကောင်းမှာပဲ ။

" Rome ? မင်း ဘုရားကျောင်းဘက် သွားရှာကြည့် ! ငါ ကျောင်းနဲ့ ဆိုင်လာတဲ့ လမ်းတောက်လျှောက် ရှာကြည့်မယ် "

ဘုရားကျောင်း ! ဟုတ်သားပဲ ... Cas လေးက ဆုတောင်းရတာ အရမ်းဝါသနာပါတာ ..။

တခါတခါ ဆုတောင်းနေရင် မပြီးတော့လို့ ဘာဆုတွေတောင်းလဲ မေးကြည့်တုန်းက Arthit နဲ့ပတ်သက်တာတွေကြီးပဲ ဆုတွေ ဇွတ်တောင်းခဲ့လို့ ကိုယ်တောင် စိတ်ကောက်ပြလိုက်သေးတယ် ။

" Cas နဲ့ Romiie က တူတူချစ်တယ်လေ .. Cas က PaPa ကို ချစ်ပေမယ့် Papa က တူတူမချစ်ဘူးလေ .. "

" .. "

" အဲ့ဒါကြောင့် Papa နဲ့ Cas တူတူချစ်ရအောင် ဆုတောင်းနေတာ "

Cas ချစ်သလို သူက ပြန်ချစ်ပေမယ့် Arthit က ပြန်မချစ်ဘူးဆိုတာကို မပြောပြတတ်လို့ နားလည်သလိုပြောနေတဲ့ ကလေးလေးကို
ကြည့်ပြီး အဲ့အချိန်တုန်းက မျက်ရည်ဝဲခဲ့ရသေးတယ် ။

တစ်နေရာမှာ Cas ကြိုက်တာ ဝယ်ကျွေးတိုင်း Arthit အတွက်ပါ ဝယ်ကျွေးခိုင်းတဲ့ အကျင့်လေးက အစ ကလေးက Arthit အပေါ်မှာ ဘယ်လောက် သံယောဇဉ်ကြီးလဲ မြင်ရတယ် ။

" Romiie ... Cas စားတဲ့ဟာကို Papa ကိုလည်း ကျွေးမှာမလား ? "

" မကျွေးပါဘူး ... Cas နဲ့ Romiie ပဲ သူမသိအောင် ခိုးစားကြမယ် ... "

" ပိုက်ဆံမပါလို့လားဟင် .. ဒါဆို Cas ရဲ့
မုန့်တစ်ဝက်ကို Papa အတွက် ထည့်သွားကြမယ်လေ "

" အမလေး .. ကိုယ်တော်ရယ် ကိုယ့် ဘာသာ ဝအောင် စားပါ .. သား Papa အတွက်က အပြန်ကျမှ ဝယ်ကြမယ် "

အသက်ငယ်ငယ်လေးနဲ့တောင် အဖေအပေါ် အရမ်းသိတတ်တဲ့ ကလေးလေး..  ဘာမှမဖြစ်ပါစေနဲ့ :'(

--

" ဟိတ် ကလေးလေး ... မင်းအိမ်က လူတွေ
မပါဘူးလား ? "

လွယ်အိတ်ထဲကို ပစ္စည်းတွေ ပြန်ကောက်ထည့်နေတဲ့ ကလေးလေးက Kongpop အသံကြားတော့ အလန့်တကြားမော့ကြည့်လာကာ ရပ်နေတဲ့ Kongpop ကိုလည်း မြင်ရော နှုတ်ခမ်းလေးက စူလာရင်း

" ဟိုနေ့က ဦးလေးကြီးကိုး "

" ဘယ်မှာလဲ အိမ်ကလူကြီးတွေ ? "

ကလေးလေးက Kongpop ရဲ့ပြောင်လက်နေတဲ့ ဖိနပ်တွေကို ငေးကြည့်ရင်း ခေါင်းခါပြတယ်။ နောက်မှ လွယ်အိတ်ကို ပြန်ကောက်လွယ်ရင်း

" PaPa က ဆိုင်မှာ .. Romiie က အလုပ်မှာ စာအုပ်သွားပေးနေတယ် .. "

" ဒါဆို ကျောင်းကနေ ခိုးထွက်လာတာပေါ့ "

ကျောင်းလွယ်အိတ်ကို ဆွဲ,မရင်း Kongpop က ပြောတော့ ကလေးကပါယက်ကန်ယက်ကန်နဲ့ လေထဲ ပါလာတယ် ။

" ခိုးထွက်လာတာ မဟုတ်ပါဘူး .. Papa နဲ့ Romiie က အလုပ်တွေ အများကြီးလုပ်နေရလို့ ကိုယ့်ဘာသာကိုယ် ပြန်လာတာ .. "

ခုထိ နှုတ်ခမ်းစူကာ ယက်ကန်ယက်ကန်နဲ့ ပြန်စွာနေတာမို့ Kongpop က ပြုံးစိစိနဲ့ အောက်ကို ပြန်ချပေးလိုက်ရင်း

" နာမည်ဘယ်လိုခေါ်တာ ?"

" ဦးက ဟိုနေ့က PaPa ကို အနိုင်ကျင့်လို့
Cas က Cas နာမည်ကို မပြောပြချင်ဘူး "

" Cas ? Cat? Cup ထင်တယ် ဟုတ်လား ? "

" Cas ပါ ! C .. A .. S "

ကိုယ်ဟာ P'Arthit ကို အနိုင်ကျင့်တယ်လို့ပဲ ထင်နေလို့လားမသိ မကြည်တဲ့မျက်နှာလေးနဲ့ပြောနေတာမို့ နာမည်နဲ့ ပက်သက်ပြီး စနောက်လိုက်တော့ လက်ညိုးလေးထောင်ကာ Cas က နာမည်တစ်လုံးချင်း ပေါင်းပြလာတယ်။

" Cas ရဲ့ Mama ရော ? Papa တို့ မအားရင်တောင် Mama က လာကြိုပစေပေါ့ "

P'Arthit နဲ့ ပတ်သက်တဲ့ မိန်းမအကြောင်းတော့ မသိချင်ပေမယ့် ဒီကလေးလေးကိုတော့ တမျိုး​လေး သံယောဇဉ်တွယ်မိတယ်။

" Cas ရဲ့ Papa က Mama ပဲလေ "

" .... "

P'Arthit အိမ်ထောင်ကွဲသွားလို့ ကလေးကို အဖေနေရာကရော အမေနေရာကပါ ပြုစုစောင့်ရှောက်နေရတာမျိုးလား ?

" CAS ! "

" Cas ? Arthit လား ? "

နောက်နားကနေ Cas နာမည်ကို စိုးရိမ်တကြီး
အော်ခေါ်လာတဲ့ Arthit ရဲ့အသံအပြင် ဒီ့ထက် အလှမ်းဝေးဝေးကနေ ခေါ်လာတဲ့ P'Earth ရဲ့ အသံကိုပါ ကြားလိုက်ရတော့ Kongpop ရော Cas ပါ အနောက်ကို တပြိုင်တည်း လှည့်ကြည့်လိုက်ကြတယ်။

မောကြီးပန်းကြီး ပြေးလာတဲ့ပုံပေါက်နေတဲ့ Arthit က Earth ကိုပါ တွေ့ပြီး ဝမ်းနည်းဝမ်းသာဖြစ်သွားတဲ့ပုံကို ကြည့်ကာ Kongpop မှာ ဇဝေဇဝါ။

" P'Earth ? မပြောမဆိုနဲ့ ကျွန်တော်တို့ကိုထားပြီး ဘယ်ကို ထွက်သွားတာလဲ ? ဒီမှာ Cas ကြောင့် ဘယ်လောက် ဒုက္ခရောက်နေရလဲ သိရဲ့လား ? "

ပြောချင်တာတွေ ဇွတ်ပြောနေတဲ့ Arthit ကို Earth က ပြေးဖက်လိုက်တာ မြင်ပြီး Cas က Kongpop ရှေ့က ထွက်သွားကာ အဖေဖြစ်သူ Arthit ရဲ့လက်ကို ဖမ်းဆွဲတယ်။

ကလေးလည်းမြင်ရော Earth က ထိုင်ချလိုက်ပြီး

" ဒါ P' နဲ့ P'Tajoot မွေးပေးခဲ့တဲ့ Cas လေးလား ? ကြည့်စမ်း ကလေးလေးက ဒီလောက်တောင်ထွားပြီး ကြည့်ကောင်းနေတာ ဘယ်သူနဲ့ တူလို့လဲ ? "

လောကကြီးက ဘယ်လောက်တောင် ကျဉ်းကျဉ်းလေးလဲ ? P'Earth က P'Arthit ရဲ့ ကလေးကို မွေးပေးခဲ့တာတဲ့လား ?

" Kong ဒီကိုလာဦး ~ "

Kongpop ကို လှမ်းခေါ်လာတဲ့ Earth ကြောင့် Arthit က စိုက်ကြည့်လာရင်း

" P'Earth နဲ့ Kongpop က ? "

" Kong .... P'Earth စောင့်ရှောက်ခဲ့တဲ့အရာနှစ်ခု သားကို ပြန်ပေးစရာရှိတယ် "

+++++++++++++++++++++++++++++

Continue Reading

You'll Also Like

1.1M 19.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
1M 38.6K 90
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
14.7K 1K 21
တိုက်ပွဲအကြောင်းအရာများ၊မြို့နှင့်ပတ်သက်သည့်အကြောင်းအရာများကလွဲလျှင် ဇာတ်ကောင်နှစ်ယောက်နှင့် သူတို့၏ဘဝအကြောင်းများ၊‌ နေရာဒေသတစ်ချို့တစ်လေသည် ကျွန်တော...
102K 11.8K 40
ChanBaek Fanfiction (Zawgyi+Unicode) [Romance / Sweet] This is my new acc par bya💗