Dating With A Gangster
By Helium_Rin
156K 16.9K 1.5K
.....အလွန်ဆိုးပြီးဂျစ်ကန်ကန်နိုင်သောကောင်လေးကို ချစ်သွားသော...ကောင်လေးတစ်ယောက်၏အကြောင်း။ ChanBaek (Yaoi) Shin... More
[ 1 ]
[ 2 ]
[ 3 ]
[ 4 ]
[ 5 ]
[ 7 ]
[ 8 ]
[ 9 ]
[ 10 ]
[ 11 ]
[ 12 ]
[ 13 ]
[ 14 ]
[ 15]
[ 16 ]
[ 17 ]
[ 18 ]
[ 6 ]
8.4K 1K 68
By Helium_Rin
Unicode
ကျောင်းဆေးခန်းကိုရောက်တော့ ..
ကုတင်ပေါ် ChanYeolက အသာလှဲချပေးသည်။
Dr Noonaက ကျွန်တော့်ခြေသန်းကို အသာထိကြည့်တော့ .. ပါးစပ်ကနေ
" အ့ "
လို့အော်မိသည်အထိ ..။ နာကျင်မှုက ပြောပြလို့တောင်မရ ..
" ခြေသန်းကျိုးတော့မလို့ .. ဒီထက်သာပိုဆိုးရင်ခြေသန်းကျိုးမှာ "
Dr Noona၏ စကားအဆုံး ChanYeolဆီမှ
" ဟာ " ဆိုပြီး အသံထွက်လာသည်။
" အခုတော့ ဆေးထည့်မယ် "
ကျွန်တော်ခေါင်းသာငြိမ့်ပြလိုက်သည်။
ခြေသန်းကိုလာထိတဲ့ ဂွမ်းက အရမ်းစပ်သည်ကြောင့်
ဘေးနားတွင်ရှိသော ChanYeol၏ အင်္ကျ ီစကိုခပ်တင်းတင်းဆွဲထားမိသည်။
" စပ်လို့လား "
ChanYeolရဲ့မေးသံအဆုံး ..
" အင်း Arpha T.T "
ငိုသံအနည်းငယ်စွက်နေသော ကျွန်တော့်စကားကြောင့်
ChanYeolက ကျွန်တော့်ဘေးတွင်မတ်တတ်ရပ်နေရင်းကနေ ကုတင်ခြေရင်းမှာ ဆေးထည့်နေသည့် Dr Noonaဆီရောက်သွားသည် ။
" ကျွန်တော်ထည့်ပေးလိုက်မယ် "
ChanYeolရဲ့စကားသံကြောင့်
ကျွန်တော်ရော Dr Noonaပါကြောင်မိသွားသည်။
" ဟင် "
" ကျစ် .. ကျွန်တော်ထည့်ပေးလိုက်မယ်လို့ "
ChanYeolရဲ့တဖြည်းဖြည်းတည်လာတဲ့မျက်နှာကြောင့်လားမသိ  .. Dr Noonaက ဂွမ်းစနှင့်ဆေးဘူးကို သူ့ဆီပေးလိုက်သည် ။ တစ်ကျောင်းလုံးက ဘာလို့များ သူ့ကိုဆို ကြောက်ကြလဲ မသိ ..။
" အ့ "
ခပ်ဖွဖွထိလာတဲ့ ဂွမ်းစပေမဲ့  ..  စပ်တာကစပ်သေးသည်
* ဖူး *
အင် ? ChanYeolဘာလုပ်နေတာလဲ ။
ChanYeol ကျွန်တော့် ခြေသန်းနားတိုးကပ်ပီး အနာရှိတဲ့နေရာကို ဖူးကနဲ မှုတ်ပေးသည် ။
" Chan .. ChanYeolဘာလုပ်တာလဲ "
ကြောင်အအဖြင့် ခြေထောက်ကို သူ့နားကနေခွာလိုက်တော့ ဒူးနေရာလောက်ကို လက်ဖြင့်ကိုင်ကာ သူ့အနားပြန်တိုးသည် ။
" ငြိမ်ငြိမ်နေ ! ဒီလိုမှုတ်ပေးတာက စပ်တာသက်သာတယ် "
" ဒါ .. ဒါပေမဲ့ "
ကျွန်တော့်စကားမဆုံးခင်မှာပင် ..
" Woww "
အသံအကျယ်ကြီးထွက်လာသည်မို့ အသံလာရာနေရာကိုကြည့်မိတော့ ကျောင်းသားအုပ်ကြီးက ဆေးခန်းပေါက်ဝကနေ ကျွန်တော်တို့ကိုကြည့်နေကြသည်။ တစ်ချို့က ပြတင်းပေါက်နားတွင် ..
ခုနက ဘာလို့သတိမထားမိတာပါလိမ့် ..
ထိုအတွေးနှင့်အတူ မျက်ခုံးကို အလိုလိုကျုံ့မိသွားသည်
ကျွန်တော်စိတ်ရှုပ်နေမှန်းသိလို့လားမသိ .. ChanYeolက အခန်းပေါက်ဝစီသွားပြီး
" ဒီအထိ ဘာလိုက်လုပ်ကြတာလဲ ! သွား ! ကိုယ့်အခန်းကိုယ် ! BaekHyunအေးဆေးနေပါစေ "
ChanYeolစကားကြောင့် ကျောင်းသားတွေ ကျွတ်စီကျွတ်စီဖြင့် လှည့်ပြန်သွားကြသည် ။
ChanYeolက ကျွန်တော့်နားပြန်ရောက်လာရင်း
အနာကိုဆေးထည့်ပေးသည် ။
ပလာစတာ အထိ ကပ်ပေးသည်မို့ အားနာလာရသည်က ကျွန်တော် ။
" ChanYeol "
ပြတင်းပေါက်နားမှာရပ်နေသောသူ့ကိုခေါ်လိုက်တော့ ကျွန်တော့်ကိုလှည့်ကြည့်လာသည် ။ နေရောင်ခြည်က သူ့ မျက်နှာပြင်ပေါ် ဖျာကျနေသည် ။
ဟွန့် .. ဒီလိုကျတော့လဲချောသားပဲ ။
အမ် ? BaekHyun မင်းဘာတွေးလိုက်တယ် ?
Park Chan Yeolကိုချောတယ်ဟုတ်လား ..
ခြေသန်းနာလို့ ခေါင်းထိသွားလားမသိ ။
ကိုယ့်အတွေးနဲ့ကိုယ်ခေါင်းခါနေတုန်း
" BaekHyun ခေါ်ပီးဘာပြောမို့တုန်း "
" ဟမ် !!! ဟို .. ဟိုလေ ကျေးဇူးပဲလို့ "
လက်ကိုလိမ်ကျစ်ရင်းပြောလိုက်မိသည်။
စိတ်လှုပ်ရှားရင် လက်ကိုမျိုးစုံ လျှောက်လုပ်သည်က
ကျွန်တောင့်အကျင့်ပင် ။
" ဘာကိုတုန်း "
" ဟိုလေ .. ငါ့ကို ကျောင်းဆေးခန်းကိုခေါ်လာပေးတာရော ..၊ အနာကိုဆေးထည့်ပေးတာရော ၊ အကုန်ပဲ "
" လက်ကို ဘာလို့ လိမ်နေတာတုန်း ! "
ChanYeol၏စကားကြောင့်
လက်ကိုလိမ်နေရင်းကနေ ရပ်လိုက်သည် ။
" အမ် .. ဘာမှ မဟုတ်ဖူး "
_______
" ChanYeol .. ဒီလောက်ကြီးထိ မလိုပါဖူး "
မြေကြီးပေါ်တွင် ဒူးထောက်ထိုင်နေရင်း ကျွန်တော့်ကိုကျောပေးထားသည့် ChanYeolကိုလှမ်းပြောလိုက်သည်။
" တက်မှာဖြင့် တက်စမ်းပါကွာ "
" ဟို .. ငါရပါတယ်ဆို "
" ကျစ် .. ငါစကားနှစ်ခွန်းပြောရတာမကြိုက်ဖူးနော် "
" Arraso "
ပြောလဲပြော ChanYeol ကျောကုန်းပေါ်ခွတက်လိုက်တော့ ChanYeolဆီက " အင့် " ဆိုသောအသံထွက်လာသည် -.-
" လေး .. လေးလို့လား ? "
" မလေးပါဖူး သွားမယ် လွယ်အိတ်တွေကို JongInကိုပဲပို့ခိုင်းလိုက်တော့မယ် "
" အင်း .. အင်းပါ "
ChanYeol ကျောပြင်ပေါ်မှာပဲ အသာမှိန်းရင်း လိုက်လာလိုက်သည် ။ ..
ကျောင်းကတစ်ချို့ရဲ့တီးတိုးပြောသံတွေကြောင့်လူကမနေတတ်၊ မထိုင်တတ် ။
" ChanYeol .. ငါ့ဟာငါလမ်းလျှောက်မယ်လေ ? "
" ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်သာလိုက်ခဲ့ "
-_- ကျွန်တော်ဘာမှထပ်မပြောမိတော့ပါ ..
ကျောင်းနှင့်အိမ်က အရမ်းမဝေးလို့တော်သေးသည်။
မဟုတ်ရင် ကျွန်တော့်ဝက်ခန္ဓာကိုယ်အား သယ်ပီး ChanYeolအကြာကြီးလမ်းလျှောက်နိုင်မည်မဟုတ်
" မင်းကို JiEunလုပ်တာမလား ? "
" အင်း .. "
" သူ တော်တော်လွန်နေပြီမလား .. မင်းဘာလို့ဘာမှမပြောတာလဲ ? "
" သူတို့ကအဖွဲ့နဲ့လေ .. ငါ့မှာသူငယ်ချင်းဆိုလို့ YooJungပဲရှိတာ .. ဘယ်လိုသွားပြောရမှာလဲ "
" မင်းဘက်မှာငါရှိသားပဲ "
အနည်းငယ် တိုးနေသောလေသံဆိုသော်ငြား
BaekHyunကြားလိုက်ရသည်။
" ဒါနဲ့ ChanYeol "
" အင်း .. "
" ကားနဲ့ဘာလို့မပြန်တာလဲ "
" ကားက မပါလာဖူးလေ JongInကားနဲ့လာတာ သူက သွားစရာရှိတယ်ဆိုလို့ "
" Busနဲ့ကျတော့ရော ? "
" တိုးမစီးချင်ဖူး "
" Taxi? "
" BaekHyun !! "
" ဟင်ဟင် "
" မေးခွန်းတွေများလိုက်တာ "
ChanYeolရဲ့စကားအဆုံး သူမမြင်လိုက်သော်လဲ ဟွန့်ကနဲ နှုတ်ခမ်းဆူပြလိုက်သည် ။
* တကယ်က မင်းကိုကုန်းပိုးပြီး လမ်းလျှောက်ချင်လို့ကွ ! ဝက်ပေါက်ရ *
ကျောကုန်းပေါ်ကကောင်လေးကတော့
ChanYeolစိတ်ထဲက စကားအား
ကြားနိုင်မည်မဟုတ်ပါလေ ..။
To Be Continued ..
သိတယ် တိုမှန်း😖 ..
Shinn_Ji_Neul
Zawgyi
" အ့ "
" အခု​တော့ ​ဆေးထည့်​မယ်​ "
" စပ်​လို့လား "
" အင်း Arpha T.T "
" ဟင်​ "
" အ့ "
* ဖူး *
" ဒါ .. ဒါ​ပေမဲ့ "
" Woww "
အနာကို​ဆေးထည့်​​​ပေးသည်​ ။
" ChanYeol "
" ဘာကိုတုန်း "
" အမ်​ .. ဘာမှ မဟုတ်​ဖူး "
_______
" ဟို .. ငါရပါတယ်​ဆို "
" Arraso "
" ​လေး .. ​လေးလို့လား ? "
" အင်း .. အင်းပါ "
" အင်း .. "
" ဒါနဲ့ ChanYeol "
" အင်း .. "
" Busနဲ့ကျ​တော့​ရော ? "
" တိုးမစီးချင်​ဖူး "
" Taxi? "
" BaekHyun !! "
" ဟင်​ဟင်​ "
To Be Continued ..
သိတယ်​ တိုမှန်း😖 ..
Shinn_Ji_Neul
Continue Reading
You'll Also Like
278K 8.2K 93
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
412K 19.7K 81
Kang y/n was always been the black sheep of the family. Overshadow by her extremely talented, gorgeous sister Roseanne . Who has the world revolve a...
211K 7.4K 97
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
768K 28.4K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...