Unicode
အေးစိမ့်နေတဲ့ ရာသီဥတုကြောင့် Kyung Soo ဝတ်ထားတဲ့ hoodie ကို ဇစ်ဆွဲလိုက်ကာ လမ်းကို ခပ် သွက်သွက် လျှောက်လိုက်သည်။ လက်ထဲက ခေါက်ဆွဲခြောက် ထုပ်ကို တစ်ချက်ကြည့်ကာ
" ကဲ.... ခေါက်ဆွဲခြောက်လေးတွေရေ.... ဒီနေ့တော့ Hyung ရဲ့ မိတ်ဆွေက မင်းတို့လေးတွေပဲ "
တစ်ယောက်တည်း ရေရွတ်လိုက်ပြီး လမ်းကို ဆက်လျှောက်လိုက်သည်။
လမ်းတစ်လျှောက် လက်ချင်း တွဲကာ လျှောက်နေတဲ့ အတွဲ တစ်ချို့ကို ကြည့်ကာ Hyung ကို သတိရမိသေး..။
Yifan Hyung နဲ့ တူတူ ခရီး သွားတာ ခုထိ ပြန်မလာသေး...။
တစ်ယောက်တည်း ပျင်းပျင်း ရိရိ နဲ့ လျှောက်လာပြီး အိမ်ရှေ့ရောက်တော့ ကားနှစ်စီးက ရပ်ထားသည်။
Kyung Soo ဘယ်က ကားမှန်း မသိတာကြောင့် အိမ်ထဲ အမြန် ဝင်လိုက်တော့ ဧည့်ခန်းထဲမှာ ထိုင်နေကြတဲ့ Jongin Hyung , Yifan Hyung နဲ့ Jongin Hyung မိဘတွေ...။ ပိုပြီး အံ့ဩစရာ ကောင်းတာက သူတို့ကို ဧည့်ခံနေတဲ့ သူတွေက Kyung Soo ရဲ့ မိဘတွေ ဖြစ်နေခဲ့သည်။
မတ်တပ်ရပ်ပြီး ကြောင်ကြည့်နေတဲ့ Kyung Soo ကို မြင်သွားတဲ့ Yifan Hyung က
" Kyungie... လာလေ... ဘာရပ်လုပ်နေတာလဲ..... လာထိုင်လေ... "
" ဟုတ် Hyung .. "
Kyung Soo ပြန်ဖြေပြီး ဝင်ထိုင်တော့ ဘေးက Jongin Hyung က ပြုံးပြလာသည်။
* နေစမ်းပါဦး... ဒီလူကြီးက ဘယ်တုန်းက ပြန်ရောက်နေတာတုန်း.... ငါ့လည်း အကြောင်း မကြားပါလား.... တွေ့မယ်.... *
" ကဲ.... သား Kyung Soo သဘောကရော.... လက်ထပ်ဖို့ ကိစ္စ အထက်တန်း ဘွဲ့ရရင် လုပ်မယ် ဆိုတာ လက်ခံတယ် မလား... "
" ဗျာ.... ဟုတ်... ဟုတ်..... "
ဦးလေး က မေးလာတာ ကြောင့် ဟိုလူကြီးကို ကျိန်းဝါးနေတဲ့ အတွေးတွေကနေ ရုန်းထွက်ကာ အမြန် ခေါင်းငြိမ့်ပြီး အဖြေ ပေးလိုက်ရသည်။
ရှေ့က မာမီ နဲ့ ဒယ်ဒီ ကို ကြည့်လိုက်တော့ ပြုံးရွှင်လို့... ။ ဒါကလည်း ဧည့်သည်တွေ ရှေ့မှာမို့လို့ ဆိုတာ အသေအချာ ....။
Yifan Hyung ကတော့ ဘာမှ ဝင်မပြော... ။ လူကြီးတွေ စကား ပြောနေတုံး လက်ဆွဲပြီး ထထွက် လာ တဲ့ Jongin Hyung ကြောင့် ကန့်လန့် ကန့်လန့် နဲ့ ခြံထဲ ပါသွားပြန်သည်။ ခြံထဲရောက်တော့
" အမလေး.... လွမ်းနေတာ... ဒီကောင်လေးကို........"
ချွဲချွဲ ပစ်ပစ် ပြောကာ လာဖက်တဲ့ လူကြီးကို Kyung Soo တွန်းပစ်ကာ တစ်ဖက် သို့ လှည့်နေလိုက်သည်။ အဲ့တော့မှ ပြာပြာ သလဲ နှင့်
" အယ်..... ကောင်လေး ... စိတ်ဆိုးနေတာလား .... ဘာဖြစ်လို့လဲ.... Hyung ကို ပြောလေ... "
" ......... "
" အာ.... ကောင်လေး..... ဖြေလေကွာ..... Hyung ငိုချင်လာပြီဆိုနေ.... "
" အမလေး.... သူကပဲ ငိုချင်ရတယ် ရှိသေး... "
Kyung Soo မျက်ခုံးပင့်ကာ ပြောတော့
" ကောင်လေးကလည်း.... Hyung ကို ပြောလေ နော်... ဘာကို စိတ်ဆိုးနေတာလဲ...ဟင်... "
" ပြန်ရောက်တာ ကျွန်တော့ကို မပြောလို့... "
Kyung Soo ပြောတော့မှ သူက သွား ဖြူဖြူ တွေ ပေါ်တဲ့ အထိ ရယ်ကာ..
" ကောင်လေးကလည်း... Surprise ပါဆို..... ဘယ်လိုလုပ် ကြိုပြော မလဲလို့... "
" မသိဘူးဗျာ..... ကျွန်တော် ဘယ်လောက် တောင် လွမ်း လို့ လူးလှိမ့် နေရလဲ.... Hyung သိလို့လား... ဟွန့်... Ph လေး တစ်ချက်တောင် မဆက်ပဲနဲ့များ... "
" ဒီကို ကြည့်!!.... ကောင်လေး.... ကောင်လေး လွမ်းနေတာ ကိုလည်း Hyung သိတယ်... Hyung လည်း လွမ်းလွန်းလို့ .. အမြန်ဆုံး ပြန်လာနိုင်ဖို့ အလုပ်တွေ ဖိလုပ်တယ်.... အင်း... တစ်ရက်မှာ သုံးနာရီလောက်ပဲ အိပ်ပြီး... ကျန်တဲ့ အချိန် တွေ အလုပ်လုပ်တယ် ... ပင်ပန်းလာရင် ကောင်လေး ပုံကို ကြည့်ပြီး အလွမ်း ဖြေတယ်... ဘယ်လောက်လဲတောင် ဖြစ်လဲဆို ကောင်လေးကို လွမ်းကြောင်း ရေရွတ်လွန်းလို့ Yifan တောင် ကိုယ့်ကို အခန်းထဲက ကန်ထုတ်တယ် သိရဲ့လား... "
Kyung Soo ရဲ့ ပခုံးနှစ်ဖက်ကို ကိုင်ပြီး မျက်လုံးထဲ တည့်တည့် စိုက်ကြည့်ပြီး ပြောနေတဲ့ Hyung ကို ကြည့်ကာ Kyung Soo ပါးတွေတောင် နီလာရသည်။
" အရမ်း ချစ်တယ် .... Hyung ... "
" အင်း.... ကိုယ်ရောပဲ..... ကောင်လေး.. . အရမ်း အရမ်း ချစ်တယ်.... "
ခြံရှေ့က မြက်ခင်း ပြင်မှာ... ချစ်သူ နှစ်ဦး ညင်သာစွာ ပွေ့ဖက်လို့.........
______________________________
" သား....... Kyung Soo... "
အံ့ဩဖွယ်ရာ ထွက်လာတဲ့ Appa ဆီက ခေါ်သံကြောင့် Kyung Soo အပြင်သွားဖို့ ကြံစည်နေရာက ခြေလှမ်းတွေ တုံ့ဆိုင်း သွားရသည်။
ဧည့်ခန်းထဲက ဒယ်ဒီ နဲ့ မာမီ ရဲ့ ပုံစံက အရင်က Kyung Soo ကို ဥပေက္ခာ ပြုထားခဲ့တဲ့ သူတွေ မဟုတ်တော့သလိုမျိုး... ။
သူ တို့ ပြန်ရောက်ပြီးကတည်းက အခုထိ မျက်နှာချင်း မဆိုင်ပဲ ရှောင်နေခဲ့တာ... ။
" တောင်းပန်ပါတယ်.... "
တော်တော် ကြာကြာ အထိ နှုတ်ဆိတ်နေကြရင်းမှ ပထမဆုံး ထွက်လာတဲ့ မာမီ ရဲ့ အသံ... ။ Kyung Soo တုန်ရီနေတဲ့ အသံကို တတ်နိုင်သမျှ ဖုံးကွယ်ကာ
" ဘာ~~အတွက်လဲ ... "
" မာမီ တို့ရဲ့ တာဝန် မကျေမှုတွေ အတွက်ပေါ့ သားရယ်..... တကယ့်ကို တောင်းပန်ပါတယ် ကွယ်.... "
မျက်ရည်တွေ ကျကာ ပြောနေတဲ့ မာမီ ကို ကြည့်ကာ Kyung Soo မှင်သက်နေမိသည်။ ဒယ်ဒီက ထလာပြီး Kyung Soo ရဲ့ ပခုံးကို ကိုင်ကာ
" Appa တို့ကို ခွင့်လွှတ်ပေးမယ် မဟုတ်လား ...သား..... Kyung Soo.... "
" ဘာလို့လဲ..... တစ်သက်လုံး သေသေ ရှင်ရှင် ပစ်ထားခဲ့ပြီးပြီ မဟုတ်လား.... အခုမှ ဘာလို့...ဘာလို့.... "
ပြောလက်စ စကား ကို ဆက်မပြော နိုင်လောက်အောင် Kyung Soo ရှိူက်ပြီး ငိုနေမိသည်။ မာမီ က လည်း Kyung Soo နား ရောက်လာကာ ပွေ့ဖက်လာပြီး.....
" တကယ်ကို တောင်းပန်ပါတယ် သားလေးရယ်.... ပစ်ထားခဲ့မိလို့ တကယ့် ကို တောင်းပန်ပါတယ်.. .. "
ပြောရင်း ငိုနေတဲ့ မာမီ ကို ပြန်ပြီး ပွေ့ဖက်ထားမိသည်။ တစ်ခါမှ မရဖူးတဲ့ မာမီ့ ရဲ့ ကိုယ်သင်းနံ့လေးကို အလွတ်မှတ်နေမိသည်။
" မငိုပါနဲ့ တော့ ပြီးပြီးသားတွေပဲ ကျွန်တော်ထပ်ပြီး သတိမရချင်တော့ဘူး "
" အင်းပါ ... သားရယ်... "
မျက်ရည်တွေကို သုတ်ပေးကာ ပြောတော့ ခေါင်းငြိမ့်ကာ ပြုံးပြလာတဲ့ မာမီ ... ။ ဒယ်ဒီ ကလည်း မျက်ရည် တွေ ရစ်ဝိုင်းလို့....
" ကျေးဇူးတင်ပါတယ် သားလေးရယ်... ဒီလိုမျိုး ကြံ့ကြံ့ခိုင် ကြီးပြင်းလာပေးလို့..... "
ဒယ်ဒီ့ ရဲ့ စကား အဆုံး မိသားစု သုံးယောက်လုံး ပွေ့ဖက်မိကြသည်။ နောက်ဆုံးတော့ Kyung Soo အမျှော်လင့်ဆုံးနေ့လေး ရောက်လာခဲ့တာမို့ ဝမ်းသာမှုက အတိုင်းမသိ.. ...။
အပြင်က ပြန်လာပြီး ရပ်ကြည့်နေတဲ့ Yifan Hyung ကလည်း မျက်ရည်တွေ ဝေ့သီလို့နေခဲ့ပါသည်။
Kyung Soo ပြုံးပြလိုက်တော့ Hyung က ပြန်ပြီး ပြုံးပြလာလေရဲ့... ။
______________________________
Zawgyi
ေအးစိမ့္ေနတဲ့ ရာသီဥတုေၾကာင့္ Kyung Soo ဝတ္ထားတဲ့ hoodie ကို ဇစ္ဆြဲလိုက္ကာ လမ္းကို ခပ္ သြက္သြက္ ေလွ်ာက္လိုက္သည္။ လက္ထဲက ေခါက္ဆြဲေျခာက္ ထုပ္ကို တစ္ခ်က္ၾကည့္ကာ
" ကဲ.... ေခါက္ဆြဲေျခာက္ေလးေတြေရ.... ဒီေန႔ေတာ့ Hyung ရဲ႕ မိတ္ေဆြက မင္းတို႔ေလးေတြပဲ "
တစ္ေယာက္တည္း ေရ႐ြတ္လိုက္ၿပီး လမ္းကို ဆက္ေလွ်ာက္လိုက္သည္။
လမ္းတစ္ေလွ်ာက္ လက္ခ်င္း တြဲကာ ေလွ်ာက္ေနတဲ့ အတြဲ တစ္ခ်ိဳ႕ကို ၾကည့္ကာ Hyung ကို သတိရမိေသး..။
Yifan Hyung နဲ႔ တူတူ ခရီး သြားတာ ခုထိ ျပန္မလာေသး...။
တစ္ေယာက္တည္း ပ်င္းပ်င္း ရိရိ နဲ႔ ေလွ်ာက္လာၿပီး အိမ္ေရွ႕ေရာက္ေတာ့ ကားႏွစ္စီးက ရပ္ထားသည္။
Kyung Soo ဘယ္က ကားမွန္း မသိတာေၾကာင့္ အိမ္ထဲ အျမန္ ဝင္လိုက္ေတာ့ ဧည့္ခန္းထဲမွာ ထိုင္ေနၾကတဲ့ Jongin Hyung , Yifan Hyung နဲ႔ Jongin Hyung မိဘေတြ...။ ပိုၿပီး အံ့ဩစရာ ေကာင္းတာက သူတို႔ကို ဧည့္ခံေနတဲ့ သူေတြက Kyung Soo ရဲ႕ မိဘေတြ ျဖစ္ေနခဲ့သည္။
မတ္တပ္ရပ္ၿပီး ေၾကာင္ၾကည့္ေနတဲ့ Kyung Soo ကို ျမင္သြားတဲ့ Yifan Hyung က
" Kyungie... လာေလ... ဘာရပ္လုပ္ေနတာလဲ..... လာထိုင္ေလ... "
" ဟုတ္ Hyung .. "
Kyung Soo ျပန္ေျဖၿပီး ဝင္ထိုင္ေတာ့ ေဘးက Jongin Hyung က ၿပဳံးျပလာသည္။
* ေနစမ္းပါဦး... ဒီလူႀကီးက ဘယ္တုန္းက ျပန္ေရာက္ေနတာတုန္း.... ငါ့လည္း အေၾကာင္း မၾကားပါလား.... ေတြ႕မယ္.... *
" ကဲ.... သား Kyung Soo သေဘာကေရာ.... လက္ထပ္ဖို႔ ကိစၥ အထက္တန္း ဘြဲ႕ရရင္ လုပ္မယ္ ဆိုတာ လက္ခံတယ္ မလား... "
" ဗ်ာ.... ဟုတ္... ဟုတ္..... "
ဦးေလး က ေမးလာတာ ေၾကာင့္ ဟိုလူႀကီးကို က်ိန္းဝါးေနတဲ့ အေတြးေတြကေန ႐ုန္းထြက္ကာ အျမန္ ေခါင္းၿငိမ့္ၿပီး အေျဖ ေပးလိုက္ရသည္။
ေရွ႕က မာမီ နဲ႔ ဒယ္ဒီ ကို ၾကည့္လိုက္ေတာ့ ၿပဳံး႐ႊင္လို႔... ။ ဒါကလည္း ဧည့္သည္ေတြ ေရွ႕မွာမို႔လို႔ ဆိုတာ အေသအခ်ာ ....။
Yifan Hyung ကေတာ့ ဘာမွ ဝင္မေျပာ... ။ လူႀကီးေတြ စကား ေျပာေနတုံး လက္ဆြဲၿပီး ထထြက္ လာ တဲ့ Jongin Hyung ေၾကာင့္ ကန႔္လန႔္ ကန႔္လန႔္ နဲ႔ ၿခံထဲ ပါသြားျပန္သည္။ ၿခံထဲေရာက္ေတာ့
" အမေလး.... လြမ္းေနတာ... ဒီေကာင္ေလးကို........"
ခြၽဲခြၽဲ ပစ္ပစ္ ေျပာကာ လာဖက္တဲ့ လူႀကီးကို Kyung Soo တြန္းပစ္ကာ တစ္ဖက္ သို႔ လွည့္ေနလိုက္သည္။ အဲ့ေတာ့မွ ျပာျပာ သလဲ ႏွင့္
" အယ္..... ေကာင္ေလး ... စိတ္ဆိုးေနတာလား .... ဘာျဖစ္လို႔လဲ.... Hyung ကို ေျပာေလ... "
" ......... "
" အာ.... ေကာင္ေလး..... ေျဖေလကြာ..... Hyung ငိုခ်င္လာၿပီဆိုေန.... "
" အမေလး.... သူကပဲ ငိုခ်င္ရတယ္ ရွိေသး... "
Kyung Soo မ်က္ခုံးပင့္ကာ ေျပာေတာ့
" ေကာင္ေလးကလည္း.... Hyung ကို ေျပာေလ ေနာ္... ဘာကို စိတ္ဆိုးေနတာလဲ...ဟင္... "
" ျပန္ေရာက္တာ ကြၽန္ေတာ့ကို မေျပာလို႔... "
Kyung Soo ေျပာေတာ့မွ သူက သြား ျဖဴျဖဴ ေတြ ေပၚတဲ့ အထိ ရယ္ကာ..
" ေကာင္ေလးကလည္း... Surprise ပါဆို..... ဘယ္လိုလုပ္ ႀကိဳေျပာ မလဲလို႔... "
" မသိဘူးဗ်ာ..... ကြၽန္ေတာ္ ဘယ္ေလာက္ ေတာင္ လြမ္း လို႔ လူးလွိမ့္ ေနရလဲ.... Hyung သိလို႔လား... ဟြန႔္... Ph ေလး တစ္ခ်က္ေတာင္ မဆက္ပဲနဲ႔မ်ား... "
" ဒီကို ၾကည့္!!.... ေကာင္ေလး.... ေကာင္ေလး လြမ္းေနတာ ကိုလည္း Hyung သိတယ္... Hyung လည္း လြမ္းလြန္းလို႔ .. အျမန္ဆုံး ျပန္လာႏိုင္ဖို႔ အလုပ္ေတြ ဖိလုပ္တယ္.... အင္း... တစ္ရက္မွာ သုံးနာရီေလာက္ပဲ အိပ္ၿပီး... က်န္တဲ့ အခ်ိန္ ေတြ အလုပ္လုပ္တယ္ ... ပင္ပန္းလာရင္ ေကာင္ေလး ပုံကို ၾကည့္ၿပီး အလြမ္း ေျဖတယ္... ဘယ္ေလာက္လဲေတာင္ ျဖစ္လဲဆို ေကာင္ေလးကို လြမ္းေၾကာင္း ေရ႐ြတ္လြန္းလို႔ Yifan ေတာင္ ကိုယ့္ကို အခန္းထဲက ကန္ထုတ္တယ္ သိရဲ႕လား... "
Kyung Soo ရဲ႕ ပခုံးႏွစ္ဖက္ကို ကိုင္ၿပီး မ်က္လုံးထဲ တည့္တည့္ စိုက္ၾကည့္ၿပီး ေျပာေနတဲ့ Hyung ကို ၾကည့္ကာ Kyung Soo ပါးေတြေတာင္ နီလာရသည္။
" အရမ္း ခ်စ္တယ္ .... Hyung ... "
" အင္း.... ကိုယ္ေရာပဲ..... ေကာင္ေလး.. . အရမ္း အရမ္း ခ်စ္တယ္.... "
ၿခံေရွ႕က ျမက္ခင္း ျပင္မွာ... ခ်စ္သူ ႏွစ္ဦး ညင္သာစြာ ေပြ႕ဖက္လို႔.........
______________________________
" သား....... Kyung Soo... "
အံ့ဩဖြယ္ရာ ထြက္လာတဲ့ Appa ဆီက ေခၚသံေၾကာင့္ Kyung Soo အျပင္သြားဖို႔ ႀကံစည္ေနရာက ေျခလွမ္းေတြ တုံ႔ဆိုင္း သြားရသည္။
ဧည့္ခန္းထဲက ဒယ္ဒီ နဲ႔ မာမီ ရဲ႕ ပုံစံက အရင္က Kyung Soo ကို ဥေပကၡာ ျပဳထားခဲ့တဲ့ သူေတြ မဟုတ္ေတာ့သလိုမ်ိဳး... ။
သူ တို႔ ျပန္ေရာက္ၿပီးကတည္းက အခုထိ မ်က္ႏွာခ်င္း မဆိုင္ပဲ ေရွာင္ေနခဲ့တာ... ။
" ေတာင္းပန္ပါတယ္.... "
ေတာ္ေတာ္ ၾကာၾကာ အထိ ႏႈတ္ဆိတ္ေနၾကရင္းမွ ပထမဆုံး ထြက္လာတဲ့ မာမီ ရဲ႕ အသံ... ။ Kyung Soo တုန္ရီေနတဲ့ အသံကို တတ္ႏိုင္သမွ် ဖုံးကြယ္ကာ
" ဘာ~~အတြက္လဲ ... "
" မာမီ တို႔ရဲ႕ တာဝန္ မေက်မႈေတြ အတြက္ေပါ့ သားရယ္..... တကယ့္ကို ေတာင္းပန္ပါတယ္ ကြယ္.... "
မ်က္ရည္ေတြ က်ကာ ေျပာေနတဲ့ မာမီ ကို ၾကည့္ကာ Kyung Soo မွင္သက္ေနမိသည္။ ဒယ္ဒီက ထလာၿပီး Kyung Soo ရဲ႕ ပခုံးကို ကိုင္ကာ
" Appa တို႔ကို ခြင့္လႊတ္ေပးမယ္ မဟုတ္လား ...သား..... Kyung Soo.... "
" ဘာလို႔လဲ..... တစ္သက္လုံး ေသေသ ရွင္ရွင္ ပစ္ထားခဲ့ၿပီးၿပီ မဟုတ္လား.... အခုမွ ဘာလို႔...ဘာလို႔.... "
ေျပာလက္စ စကား ကို ဆက္မေျပာ ႏိုင္ေလာက္ေအာင္ Kyung Soo ရွိူက္ၿပီး ငိုေနမိသည္။ မာမီ က လည္း Kyung Soo နား ေရာက္လာကာ ေပြ႕ဖက္လာၿပီး.....
" တကယ္ကို ေတာင္းပန္ပါတယ္ သားေလးရယ္.... ပစ္ထားခဲ့မိလို႔ တကယ့္ ကို ေတာင္းပန္ပါတယ္.. .. "
ေျပာရင္း ငိုေနတဲ့ မာမီ ကို ျပန္ၿပီး ေပြ႕ဖက္ထားမိသည္။ တစ္ခါမွ မရဖူးတဲ့ မာမီ့ ရဲ႕ ကိုယ္သင္းနံ႔ေလးကို အလြတ္မွတ္ေနမိသည္။
" မငိုပါနဲ႔ ေတာ့ ၿပီးၿပီးသားေတြပဲ ကြၽန္ေတာ္ထပ္ၿပီး သတိမရခ်င္ေတာ့ဘူး "
" အင္းပါ ... သားရယ္... "
မ်က္ရည္ေတြကို သုတ္ေပးကာ ေျပာေတာ့ ေခါင္းၿငိမ့္ကာ ၿပဳံးျပလာတဲ့ မာမီ ... ။ ဒယ္ဒီ ကလည္း မ်က္ရည္ ေတြ ရစ္ဝိုင္းလို႔....
" ေက်းဇူးတင္ပါတယ္ သားေလးရယ္... ဒီလိုမ်ိဳး ႀကံ့ႀကံ့ခိုင္ ႀကီးျပင္းလာေပးလို႔..... "
ဒယ္ဒီ့ ရဲ႕ စကား အဆုံး မိသားစု သုံးေယာက္လုံး ေပြ႕ဖက္မိၾကသည္။ ေနာက္ဆုံးေတာ့ Kyung Soo အေမွ်ာ္လင့္ဆုံးေန႔ေလး ေရာက္လာခဲ့တာမို႔ ဝမ္းသာမႈက အတိုင္းမသိ.. ...။
အျပင္က ျပန္လာၿပီး ရပ္ၾကည့္ေနတဲ့ Yifan Hyung ကလည္း မ်က္ရည္ေတြ ေဝ့သီလို႔ေနခဲ့ပါသည္။
Kyung Soo ၿပဳံးျပလိုက္ေတာ့ Hyung က ျပန္ၿပီး ၿပဳံးျပလာေလရဲ႕... ။
______________________________