Unicode
နံနက်ခင်း နေရောင်ခြည် ရဲ့ နှိုးဆော်မှုကြောင့် Jongin မျက်လုံးတို့ ပွင့် လာရသည်။
မျက်လုံး ဖွင့်ဖွင့် ချင်း မြင်လိုက်ရတာ က မျက်နှာကျက် ဖြူဖြူပင်....။
Jongin နောက်ဆုံး မှတ်မိတာ ကောင်လေး အိမ်ရှေ့မှာစကားပြောနေခဲ့တာဖြစ်သည်...။
Jongin လှဲနေရာ က ထ ထိုင်မယ် လုပ်တော့ Jongin လက်ကို ခပ်တင်းတင်း ကိုင်ထားတဲ့ အထိအတွေ့.....။
သေချာ ကြည့်တော့ မှ Jongin လက်ကို ဆုပ်ကိုင် ပြီး ကုတင်ပေါ် ခေါင်းတင် အိပ်နေတဲ့ ကောင်လေးကို တွေ့လိုက်ရသည်။
Jongin ငေးကြည့်နေမိတုန်း တအင်းအင်း တအဲအဲ လုပ်ကာ နိုးလာလေရဲ့..
" ဟင်.... Hyung နိုးလာပြီ.... ခဏလေး ကျွန်တော် ဆရာဝန် သွားခေါ်ဦးမယ် နော်..."
ပြောပြီးတာနဲ့ လှစ်ခနဲ ထ ထွက်သွားတဲ့ ကောင်လေး..။ ခဏကြာတော့ ကောင်လေးနဲ့ အတူ... ဆရာဝန် ရောက်လာပြီး Jongin ကို စစ်ဆေးကာ
" လူနာက သက်သာနေပါပြီ..... စိတ်ချရအောင် ဆက်နေဦးမယ် ဆိုလည်း ဖြစ်ပါတယ် .... ဆေးရုံ ဆင်းချင်တယ် ဆိုလည်း ဖြစ်ပါတယ် "
" ဟုတ်ကဲ့ ... "
ဆရာဝန် ပြန် ထွက်သွားတော့ ကောင်လေးက
" Hyung အဆင်ပြေရဲ့လား..... တကယ်ရော သက်သာရဲ့လား.... ဘာ စားချင်လဲ.... ကျွန်တော် သွားဝယ်ပေးမယ် လေ ... "
" ကောင်လေး........"
တရစပ် မေးနေတဲ့ ကောင်လေးကို ခေါ်လိုက်တော့ " ဗျာ " ဟု တစ်လုံးတည်း ထူးလာလေရဲ့ ..။ Jongin ကုတင် ဘေးက ခုံကို ညွှန်ပြကာ ထိုင်ခိုင်းတော့ ခပ်ကုပ်ကုပ် လေး လာထိုင်တဲ့ ကောင်လေး.....။
" ကောင်လေး... Hyung ကို စိတ်မဆိုးတော့ဘူး မလား ဟင်.... "
Jongin မေးလိုက်တော့ မျက်နှာငယ်သွားတဲ့ ကောင်လေးဟာ ခေါင်းလေးငုံ့ပြီး.....
" ကျွန်တော် တောင်းပန်ပါတယ် Hyung .... ကျွန်တော် Hyung အပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူမိတဲ့ အတွက် တောင်းပန်ပါတယ် "
" အာ.... မဟုတ်တာ... ကောင်လေးရယ်... Hyung ကောင်လေးကို စိတ်မဆိုးပါဘူး... တကယ်ဆို Hyung လည်း မှားတာပဲလေ ... ကောင်လေးကို အသိပေးခဲ့ သင့်တာ ကို... "
" Hyung ဆီက Ph လည်း မလာ... သတင်းလည်း မကြားတော့ ကျွန်တော် က ဘုမသိ ဘမသိ နဲ့ စိတ်ဆိုးနေခဲ့တာ... "
" Ph မဆက်တာက အကြောင်းရှိလို့ပါ ... ကောင်လေးရဲ့.... .... အဟင်း.... "
" အကြောင်းအရင်း..? ဟုတ်လား Hyung ? အဲ့ဒါက ဘာမို့လို့လဲ ? "
" အင်း... အဲ့ဒါက.... "
Jongin ဂုတ်ကို လက်နှင့် ပွတ်ကာ ရယ်ကျဲကျဲ လုပ်နေမိသည်။ ကောင်လေး က
" ပြောပါဆို... Hyung ကလည်း .. ဘာဖြစ်နေတာလဲ........ စိတ်မရှည်တော့ဘူးနော် "
" အာ.. ကောင်လေး ကလည်း ... ကဲပါ... Hyung ပြောပြမယ်.. . Hyung ကောင်လေးကို ph မဆက်တာက... ပြန်ပြေးလာမိမှာစိုးလို့.....။"
" ဗျာ........."
Jongin စကား အဆုံးမှာ အာမေဋိတ်သံနှင့် အတူ ပါး နှစ်ဖက် ရဲခနဲ ဖြစ်သွားတဲ့ ကောင်လေး....။ ခေါင်းလေးကို ငုံ့ထားလိုက်တာ များ ဆွဲဖျစ်ချင်စရာလေး...။
" Hyung တကယ် ပြောတာ ...ကောင်လေးရဲ့ ..... Hyung ကောင်လေးကို Ph ဆက်လို့ ကောင်လေး အသံကို ကြားရရင် အလုပ်တွေ ပစ်ပြီး ပြန်ပြေးလာမိမှာစိုးလို့ .... "
" Hyung ကလည်း.... "
" ဘာလဲ... ကောင်လေး... Hyung ကို မယုံလို့လား .. ဟင်?...... ကောင်လေးကို Hyung ဘယ်လောက် လွမ်းတယ် ဆိုတာ ဖွဲ့နွဲ့ ပြီး မပြောပြတတ်ဘူး... ဒါပေမယ့် ကိုယ်က လွမ်းရတဲ့ ကာယကံ ရှင် မို့ နာကျင်မှု အတိုင်းအတာ ကို သေချာပေါက် နားလည်ပါတယ် "
" ဟို.... ကျွန်တော် မယုံတာ မဟုတ်ပါဘူး ... Hyung ... ဟို... ကျွန်တော် နည်းနည်း... ရှက် ... ရှက် နေလို့ပါ... "
Jongin အပြောကို ခေါင်း တခါခါ လက် တခါခါ နဲ့ ဖြေရှင်းပြီး နောက်ဆုံး နား ရောက်တော့မှ တိုးဝင်သွားတဲ့ အသံ တိုးလျလျ လေး.....။
" ဘာရယ်... ရှက်နေတာ !! .. ဟုတ်လား? ကောင်လေး.... ဟား..... မော့ပါဦးကွာ.... ရှက်နေတဲ့ မျက်နှာလေး ကို မြင်ဖူးချင်လို့.... "
" Hyung နော် "
ပက်ခနဲ ပြန်အော်တဲ့ အသံစူးစူးလေး...။ Jongin ဟက် ဟက် ပက်ပက် ရယ်မိသည်။ ချစ်ဖို့ ကောင်း လိုက်တဲ့ ကောင်လေး...။
" ကောင်လေး.... "
" ဘာတုန်း...... "
ဘောက်ဆတ်ဆတ် ထူးသံနဲ့ .. မျက်စောင်းတစ်ခု ကို လက်ခံရရှိသည့် တိုင်အောင် Kim Jongin ရယ်မိသေးသည်။ မျက်ထောင့်နီနဲ့ ကြည့်လာတော့ မှ မျက်နှာပိုးကို သတ်ရသည်။
" ချစ်တယ်နော် "
စကားသံ အဆုံး စောစောက ရန်ထောင်နေတဲ့ ကိုစိတ်တိုလေးက သူ မဟုတ်သလို မျက်လွှာလေး ချသွားပြန်သည်။
ပြီးတော့မှ Jongin မထင်ထားသော စကားကို ကြားလိုက်ရသည်။ လေသံတိုးတိုးလေးနှင့် ခေါင်းမဖော်ပဲ ပြောလာသည်က
" ကျွန်တော်ရောပဲ" တဲ့လေ.....။
Jongin တကယ်ကို အံ့သြ သွားရသည်။ ကောင်လေးကတော့ အခုထိ ရှက်နေတုန်း....
" ကောင်လေး... Hyung နားကြားမှားတာတော့ မဟုတ်ဘူး မလား ဟင်.... ခေါင်းမော့ပါဦးကွာ.... ပြောပါဦး "
" ချစ်တယ်လို့... Hyungကို..... "
ချစ်ရသူ ၏ နှုတ်ခမ်း ဖျား က ထွက်ကျလာတဲ့ စကားလေးက တကယ့်ကို နားဝင်ချို ဖွယ် အတိ...။
" ဟား.... ပျော်လိုက်တာ ကောင်လေးရယ်....ကိုယ် အရမ်းပျော်တာပဲ.... "
သူ့အား ဆွဲဖက်ကာ ပြောမိတော့ ကောင်ငယ်လေးက ရင်ခွင်ထဲမှာ အလိုက်သင့် မှီကာ ပြုံးနေလေရဲ့.... ။ ထိုအခန်း ရှေ့မှာ သူတို့ နှစ်ယောက် ကို ကြည့်ပြီး ယောင်လည်လည် နဲ့ ပြန်ထွက်သွားရ ရှာတဲ့ Yifan ကို သူတို့ နှစ်ယောက်လုံး သတိမထားမိခဲ့ကြပါလေ
.... ...........။
______________________________
Zawgyi
နံနက္ခင္း ေနေရာင္ျခည္ ရဲ႕ ႏႈိးေဆာ္မႈေၾကာင့္ Jongin မ်က္လုံးတို႔ ပြင့္ လာရသည္။
မ်က္လုံး ဖြင့္ဖြင့္ ခ်င္း ျမင္လိုက္ရတာ က မ်က္ႏွာက်က္ ျဖဴျဖဴပင္....။
Jongin ေနာက္ဆုံး မွတ္မိတာ ေကာင္ေလး အိမ္ေရွ႕မွာစကားေျပာေနခဲ့တာျဖစ္သည္...။
Jongin လွဲေနရာ က ထ ထိုင္မယ္ လုပ္ေတာ့ Jongin လက္ကို ခပ္တင္းတင္း ကိုင္ထားတဲ့ အထိအေတြ႕.....။
ေသခ်ာ ၾကည့္ေတာ့ မွ Jongin လက္ကို ဆုပ္ကိုင္ ၿပီး ကုတင္ေပၚ ေခါင္းတင္ အိပ္ေနတဲ့ ေကာင္ေလးကို ေတြ႕လိုက္ရသည္။
Jongin ေငးၾကည့္ေနမိတုန္း တအင္းအင္း တအဲအဲ လုပ္ကာ ႏိုးလာေလရဲ႕..
" ဟင္.... Hyung ႏိုးလာၿပီ.... ခဏေလး ကြၽန္ေတာ္ ဆရာဝန္ သြားေခၚဦးမယ္ ေနာ္..."
ေျပာၿပီးတာနဲ႔ လွစ္ခနဲ ထ ထြက္သြားတဲ့ ေကာင္ေလး..။ ခဏၾကာေတာ့ ေကာင္ေလးနဲ႔ အတူ... ဆရာဝန္ ေရာက္လာၿပီး Jongin ကို စစ္ေဆးကာ
" လူနာက သက္သာေနပါၿပီ..... စိတ္ခ်ရေအာင္ ဆက္ေနဦးမယ္ ဆိုလည္း ျဖစ္ပါတယ္ .... ေဆး႐ုံ ဆင္းခ်င္တယ္ ဆိုလည္း ျဖစ္ပါတယ္ "
" ဟုတ္ကဲ့ ... "
ဆရာဝန္ ျပန္ ထြက္သြားေတာ့ ေကာင္ေလးက
" Hyung အဆင္ေျပရဲ႕လား..... တကယ္ေရာ သက္သာရဲ႕လား.... ဘာ စားခ်င္လဲ.... ကြၽန္ေတာ္ သြားဝယ္ေပးမယ္ ေလ ... "
" ေကာင္ေလး........"
တရစပ္ ေမးေနတဲ့ ေကာင္ေလးကို ေခၚလိုက္ေတာ့ " ဗ်ာ " ဟု တစ္လုံးတည္း ထူးလာေလရဲ႕ ..။ Jongin ကုတင္ ေဘးက ခုံကို ၫႊန္ျပကာ ထိုင္ခိုင္းေတာ့ ခပ္ကုပ္ကုပ္ ေလး လာထိုင္တဲ့ ေကာင္ေလး.....။
" ေကာင္ေလး... Hyung ကို စိတ္မဆိုးေတာ့ဘူး မလား ဟင္.... "
Jongin ေမးလိုက္ေတာ့ မ်က္ႏွာငယ္သြားတဲ့ ေကာင္ေလးဟာ ေခါင္းေလးငုံ႔ၿပီး.....
" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ Hyung .... ကြၽန္ေတာ္ Hyung အေပၚ ႐ိုင္း႐ိုင္းစိုင္းစိုင္း ျပဳမူမိတဲ့ အတြက္ ေတာင္းပန္ပါတယ္ "
" အာ.... မဟုတ္တာ... ေကာင္ေလးရယ္... Hyung ေကာင္ေလးကို စိတ္မဆိုးပါဘူး... တကယ္ဆို Hyung လည္း မွားတာပဲေလ ... ေကာင္ေလးကို အသိေပးခဲ့ သင့္တာ ကို... "
" Hyung ဆီက Ph လည္း မလာ... သတင္းလည္း မၾကားေတာ့ ကြၽန္ေတာ္ က ဘုမသိ ဘမသိ နဲ႔ စိတ္ဆိုးေနခဲ့တာ... "
" Ph မဆက္တာက အေၾကာင္းရွိလို႔ပါ ... ေကာင္ေလးရဲ႕.... .... အဟင္း.... "
" အေၾကာင္းအရင္း..? ဟုတ္လား Hyung ? အဲ့ဒါက ဘာမို႔လို႔လဲ ? "
" အင္း... အဲ့ဒါက.... "
Jongin ဂုတ္ကို လက္ႏွင့္ ပြတ္ကာ ရယ္က်ဲက်ဲ လုပ္ေနမိသည္။ ေကာင္ေလး က
" ေျပာပါဆို... Hyung ကလည္း .. ဘာျဖစ္ေနတာလဲ........ စိတ္မရွည္ေတာ့ဘူးေနာ္ "
" အာ.. ေကာင္ေလး ကလည္း ... ကဲပါ... Hyung ေျပာျပမယ္.. . Hyung ေကာင္ေလးကို ph မဆက္တာက... ျပန္ေျပးလာမိမွာစိုးလို႔.....။"
" ဗ်ာ........."
Jongin စကား အဆုံးမွာ အာေမဋိတ္သံႏွင့္ အတူ ပါး ႏွစ္ဖက္ ရဲခနဲ ျဖစ္သြားတဲ့ ေကာင္ေလး....။ ေခါင္းေလးကို ငုံ႔ထားလိုက္တာ မ်ား ဆြဲဖ်စ္ခ်င္စရာေလး...။
" Hyung တကယ္ ေျပာတာ ...ေကာင္ေလးရဲ႕ ..... Hyung ေကာင္ေလးကို Ph ဆက္လို႔ ေကာင္ေလး အသံကို ၾကားရရင္ အလုပ္ေတြ ပစ္ၿပီး ျပန္ေျပးလာမိမွာစိုးလို႔ .... "
" Hyung ကလည္း.... "
" ဘာလဲ... ေကာင္ေလး... Hyung ကို မယုံလို႔လား .. ဟင္?...... ေကာင္ေလးကို Hyung ဘယ္ေလာက္ လြမ္းတယ္ ဆိုတာ ဖြဲ႕ႏြဲ႕ ၿပီး မေျပာျပတတ္ဘူး... ဒါေပမယ့္ ကိုယ္က လြမ္းရတဲ့ ကာယကံ ရွင္ မို႔ နာက်င္မႈ အတိုင္းအတာ ကို ေသခ်ာေပါက္ နားလည္ပါတယ္ "
" ဟို.... ကြၽန္ေတာ္ မယုံတာ မဟုတ္ပါဘူး ... Hyung ... ဟို... ကြၽန္ေတာ္ နည္းနည္း... ရွက္ ... ရွက္ ေနလို႔ပါ... "
Jongin အေျပာကို ေခါင္း တခါခါ လက္ တခါခါ နဲ႔ ေျဖရွင္းၿပီး ေနာက္ဆုံး နား ေရာက္ေတာ့မွ တိုးဝင္သြားတဲ့ အသံ တိုးလ်လ် ေလး.....။
" ဘာရယ္... ရွက္ေနတာ !! .. ဟုတ္လား? ေကာင္ေလး.... ဟား..... ေမာ့ပါဦးကြာ.... ရွက္ေနတဲ့ မ်က္ႏွာေလး ကို ျမင္ဖူးခ်င္လို႔.... "
" Hyung ေနာ္ "
ပက္ခနဲ ျပန္ေအာ္တဲ့ အသံစူးစူးေလး...။ Jongin ဟက္ ဟက္ ပက္ပက္ ရယ္မိသည္။ ခ်စ္ဖို႔ ေကာင္း လိုက္တဲ့ ေကာင္ေလး...။
" ေကာင္ေလး.... "
" ဘာတုန္း...... "
ေဘာက္ဆတ္ဆတ္ ထူးသံနဲ႔ .. မ်က္ေစာင္းတစ္ခု ကို လက္ခံရရွိသည့္ တိုင္ေအာင္ Kim Jongin ရယ္မိေသးသည္။ မ်က္ေထာင့္နီနဲ႔ ၾကည့္လာေတာ့ မွ မ်က္ႏွာပိုးကို သတ္ရသည္။
" ခ်စ္တယ္ေနာ္ "
စကားသံ အဆုံး ေစာေစာက ရန္ေထာင္ေနတဲ့ ကိုစိတ္တိုေလးက သူ မဟုတ္သလို မ်က္လႊာေလး ခ်သြားျပန္သည္။
ၿပီးေတာ့မွ Jongin မထင္ထားေသာ စကားကို ၾကားလိုက္ရသည္။ ေလသံတိုးတိုးေလးႏွင့္ ေခါင္းမေဖာ္ပဲ ေျပာလာသည္က
" ကြၽန္ေတာ္ေရာပဲ" တဲ့ေလ.....။
Jongin တကယ္ကို အံ့ၾသ သြားရသည္။ ေကာင္ေလးကေတာ့ အခုထိ ရွက္ေနတုန္း....
" ေကာင္ေလး... Hyung နားၾကားမွားတာေတာ့ မဟုတ္ဘူး မလား ဟင္.... ေခါင္းေမာ့ပါဦးကြာ.... ေျပာပါဦး "
" ခ်စ္တယ္လို႔... Hyungကို..... "
ခ်စ္ရသူ ၏ ႏႈတ္ခမ္း ဖ်ား က ထြက္က်လာတဲ့ စကားေလးက တကယ့္ကို နားဝင္ခ်ိဳ ဖြယ္ အတိ...။
" ဟား.... ေပ်ာ္လိုက္တာ ေကာင္ေလးရယ္....ကိုယ္ အရမ္းေပ်ာ္တာပဲ.... "
သူ႔အား ဆြဲဖက္ကာ ေျပာမိေတာ့ ေကာင္ငယ္ေလးက ရင္ခြင္ထဲမွာ အလိုက္သင့္ မွီကာ ၿပဳံးေနေလရဲ႕.... ။ ထိုအခန္း ေရွ႕မွာ သူတို႔ ႏွစ္ေယာက္ ကို ၾကည့္ၿပီး ေယာင္လည္လည္ နဲ႔ ျပန္ထြက္သြားရ ရွာတဲ့ Yifan ကို သူတို႔ ႏွစ္ေယာက္လုံး သတိမထားမိခဲ့ၾကပါေလ
.... ...........။
______________________________