Unicode
" Kyungie ! စားဦးလေ... တော်ပြီလား...... နေမကောင်းဘူးလား hyung ရဲ့ ညီလေး "
" ဟင့်အင်း တော်ပြီ Hyung.... သိပ်မဆာလို့..... ကျွန်တော် နားတော့မယ်"
" ဪ.... အင်း.... အင်း.... "
လေးလေး ကန်ကန် နဲ့ အပေါ် ထပ်ကို တက်သွားလေတဲ့ Kyung Soo ကို ကြည့်ကာ Yifan အူကြောင်ကြောင် နဲ့ ကျန် ခဲ့ရသည်။
Kyung Soo ဒီရက်ပိုင်း မူမမှန်တာ တော့ သတိထားမိသား.....။ လွမ်းနာကျနေသလို.... ပုံစံမျိုးနဲ့.....။ Yifan လည်း စားချင်စိတ် မရှိတော့ တာကြောင့် ပန်းကန် တွေ သိမ်းပြီး အိပ်ဖို့သာ ပြင်ဆင်ရတော့သည်။
____________________
တိတ်ဆိတ်နေတဲ့ အခန်း ထဲမှာ Kyung Soo ခေါင်းအုံးကို ပိုက်ပြီး ငိုင်နေမိသည်။
ဒီနေ့က တစ်လပြည့်နေတဲ့နေ့... ။ ရှင်းရှင်း ပြောရရင်.. သူတို့ ကမ်းခြေမှာ အပန်းဖြေပြီး ပြန်လာတာ တစ်လပြည့်တဲ့ နေ့....။
ထပ်ပြီး ပြောရရင် Kim Jongin မဆက်သွယ်တာ တစ်လ ရှိနေပြီ.....။
ဘာကြောင့် မှန်း မသိပေမယ့် .... စိုးစိုး ဆတ်ဆတ် လူကို နမ်းပြီး အဖြေလည်း မတောင်းပဲ ပျောက်သွားတဲ့ သူ့ ကြောင့် Kyung Soo ထိုင်မရ ထမရ.... စားမရ သောက်မရ ဖြစ်နေရသည်မှာ ရက်မနည်းတော့....။
ကုတင်ပေါ်က စောင်တွေကို ကန်ချပြီး အော်ဟစ်မိသည်။
* Kim Jongin... အဖြေလာတောင်း ရဲ တောင်းကြည့် .... ခင်ဗျားကို အရေခွံ ဆုတ် ပြမယ် ..*
_________________________
" Boss.... အနားယူလိုက်ပါဦး မနားရတာ ဘယ် နှစ်ရက် ရှိနေပြီလဲ .... "
အတွင်းရေးမှူး Min ရဲ့ စကားကို Jongin အသာ ပြုံးပြကာ ခေါင်း ငြိမ့် ပြလိုက်သည်။
ကမ်းခြေ ကို သွားပြီး ပြန်လာ ကတည်းက မနား ရ သေးတာ....။
သူတို့ ကမ်းခြေ က ပြန်လာတဲ့ နေ့ ကတည်းက Hongkong က Company မှာ ပြဿနာ ပေါ်လာတာ ကြောင့် ချက်ချင်းပင် Hongkong ကို လာလိုက်ရတာ....။ ဘယ်သူ့ကို မှ အသိမပေးခဲ့ရ....။
ခုဆို တစ်လတောင် ကြာနေပြီ...။
Phone Screen ပေါ်မှာ သတိလက်လွတ် ပြုံးရယ်နေတဲ့ ကောင်လေး ပုံ ကို ခပ်ဖွဖွ နမ်းကာ မျက်လုံး အစုံကို မှိတ်ချလိုက်သည်။ အိမ်မက်ထဲက ကောင်လေး ကတော့ သူ့ ပါးပြင်ကို ခပ်ဖွဖွ နမ်းကာ ချော့သိပ်နေသည်တဲ့.....။
_________________________
" အဲ့တော့ သူက မင်းကို ခုထိ မဆက်သွယ်ဘူးပေါ့ ? မင်းကို နမ်းပြီး ရည်းစားစကား ပြောထားတဲ့ သူကလေ?"
Baekhyun ရဲ့ အမေးကို ခုံပေါ် မေးတင် ထား ရင်း နဲ့ ပင် Kyung Soo က ခေါင်း ငြိမ့် ပြသည်။
အကြည့် တို့ကတော့ ရေငွေ့ရိုက်ပြီး ရေစက်ကလေးတွေ သီးနေတဲ့ အအေးခွက်ကနေ မခွာ.....။
Chanyeol လည်း မနေသာတာ ကြောင့်
" Yifan Hyung ကို မေးကြည့်ပါလား.... သူ သိရင် သိမှာပေါ့ "
အဲ့လို ပြောမိတော့ Kyung Soo က
" အင်းနော်... မေးလိုက်ရမလား..... "
" ဟာ.... Kyung Soo ကလည်း ဘာလို့ မေးမှာလဲ? မင်း သွားမေးတာများ အဲ့ Hyung သိကြည့်ပါလား...... မင်း ကို တန်ဖိုး မထားပဲ နေမှာပေါ့....။ ယောကျာ်း တွေက အဲ့ အတိုင်းပဲ ကောင်းကို မကောင်းဘူး.... ဟွန့်.....။ ထားလိုက် သူချေ ကိုယ်ချေ သာ ပစ်ထားလိုက်.... "
Kyung soo ကို မီးလောင်ရာ လေပင့်နေတဲ့ Baekhyun ကို ကြည့်ကာ Chanyeol ခေါင်းကုပ်မိသည်။
ဒီ ဝက်ပေါက် တကယ် မလွယ်ကြော...။
ယောကျာ်း တွေ က ဒီအတိုင်း ဆိုပဲ.... ။ သူကြတော့ ယောကျာ်း မဟုတ်တာ ကြလို့.....။ တကယ် ရိုက်ချင်စရာလေး.....။
Kyung Soo ကတော့ စားပွဲပေါ် မေးတင်ထားလျကိ ပင်.. သက်ပြင်းတွေ အထပ်ထပ် ချနေတာ ..စားပွဲခုံသာ အသက်ရှိရင် ထ ဆဲ နိုင်သည်။
Kyung Soo ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးရင်း နှစ်သိမ့်နေပြန် တဲ့ Baekhyun ကို ကြည့်ကာ ခိုးပြီးတော့သာ ရယ်မိတော့သည်။
_________________________
Kyung Soo ဒီနေ့ စာမေးပွဲ ဖြေပြီးတာ နဲ့ လျှောက်လည်ကြမည့် Chanyeol နဲ့ Baekhyun ကို မနှောက်ယှက်ချင်တာ ကြောင့် တစ်ယောင်တည်း ပြန်လာဖြစ်သည်။
အိမ်နား ရောက်တော့ အိမ်ရှေ့မှာ ရပ်ထားတဲ့ ကားတစ်စီး....။
သေချာပြောရရင် Jongin Hyung ရဲ့ကား..။ Kyung Soo မသိချင်ယောင် ဆောင် ပြီး ခြံထဲ ဝင်ဖို့ ပြင်လိုက်သည်။ ခြံံတံခါး ဖွင့်နေတုန်း နောက်ကနေ လက်ဆွဲ ခံလိုက်ရတော့ လှည့်ကြည့်လိုက်သည်။
" ကောင်လေး..... "
တစ်လကျော်ကြာ ဝေးနေတဲ့ ခေါ်သံလေး တစ်ခု....။ Kyung Soo သူ့မျက်နှာကို စူးစူး စိုက်စိုက် ကြည့်ကာ
" အာ.... Jongin Hyung. . လမ်းကြုံလို့ ဝင်လာတာလား... Yifan Hyung က အိမ်မှာ မရှိဘူး .."
Kyung Soo ရဲ့ သူစိမ်း ဆန်တဲ့ လေသံကြောင့်လား မသိ။
သူ့ရဲ့ မထူမပါး နှုတ်ခမ်း တစ်စုံတို့ ပွင့်ဟ သွားသည်။ အံ့သြနေသည့် မျက်နှာမျိုး...။ ပြီးမှ....
" ကောင်လေး Hyung ကို ဘယ်လိုတွေ ဆက်ဆံနေတာလဲ ဟင်... သူစိမ်းဆန်သွားလိုက်တာ Hyung ဘာများ မှားလို့လဲ ဟင်..... ကောင်လေး...."
" ဒီလိုပါပဲ.... ချစ်ပါတယ် လို့ ပြောသွားပြီး တစ်လကျော်ကြာ ပေါ်မလာပဲ လျှော့တွက်ခံလိုက်ရတော့ ကျွန်တော့ကိုယ် ကျွန်တော် စိတ်ပျက်သွားရုံပါ..... "
" မဟုတ်ပါဘူး... ကောင်လေးရယ်...Hyung ရှင်းပြမယ်လေနော် ... "
" တော်ပါပြီ...... ဘာကို ရှင်းပြဦးမှာလဲ ကျွန်တော် နားချင်နေပြီ ဝင်ခွင့်ပြုပါဦး... "
" ကောင်လေး... ကောင်လေး.... "
Kyung Soo လှည့်ဝင်လာတော့ ခေါ်သံနဲ့ အတူ နောက်က လိုက်ဝင်လာတဲ့ သူ့ ခြေသံကိုပါ ကြားရသည်။ သူက Kyung Soo ကို ဆွဲထားကာ ....
" ကောင်လေး.... Hyung ....."
စကားဆုံးအောင် တောင် မပြောနိုင်ပဲ ရှေ့မှာ ပျော့ခွေပြီး လဲကျသွားတဲ့ Hyung ကို ကြည့်ကာ Kyung Soo မှင်သက်မိသွားသည်။
Hyung ရဲ့ အတွင်းရေးမှူး က ကားပေါ်က ပြေးဆင်းလာပြီး Hyung ကို လာဆွဲထူတော့မှ သတိရသည်။
" Hyung ! Hyung! သတိထားဦးလေ Hyung ! "
အတွင်းရေးမှူး နှင့် တူတူ Hyung ကို ကားဆီ တွဲခေါ်လာရင်း.. ပါးစပ်က တတွတ်တွတ် ပြောနေမိသည်။ အသားတွေက ပူခြစ်လို့....။
ဒီလောက် ပူနေတာကို သတိမထားမိတဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရင်း. ဆေးရုံကို လိုက်လာခဲ့ရသည်။.....
_________________________
" ဗျာ..... တစ်လ လုံးလုံး မနားမနေ အလုပ်တွေ လုပ်နေတာလား..... အစား ပုံမှန် မစားဘူးလား "
" ကျွန်တော်လည်း သတိပေးပါတယ် ... Boss က ခေါင်း မာတယ်...... ကျွန်တော့် စကားကို နားမထောင်ဘူး.... တစ်လ လုံးလုံး အလုပ်တွေ ဖိလုပ်နေတာ .... "
Yifan Hyung ရဲ့ အမေးကို အတွင်းရေးမှူး က သက်ပြင်းချပြီး ပြန်ဖြေသည်။
Kyung Soo ကတော့ ကုတင်ဘေးက ခုံမှာ ထိုင်ရင်း သူ့ လက်ကို ခပ်ဖွဖွ ကိုင်ကာ ထိုင်စောင့်နေမိသည်။
အလုပ်တွေ ရှုပ်နေတာ ကို မသိဘဲ စိတ်ဆိုးပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံ ခဲ့မိသည်။
လေဆိပ် ဆင်းဆင်းချင်း အိမ်ပြန် မနားပဲ Kyung Soo ဆီကို လာခဲ့သည်တဲ့လေ.....။
အခုတော့ သူ့ရဲ့ လက်မှာ ဆေးပိုက်တွေ အသွယ်သွယ် နဲ့....။
" Kyungie... အရမ်း စိတ်ပူမနေနဲ့ နော် ... ပြန်ချင်ပြန်လေ Hyung စောင့်လိုက်မယ်.... "
" ရတယ်... hyung .... ကျွန်တော် စောင့်မှာ..... Hyung ပြန်လိုက်နော်.... "
" အင်း... အဲ့ဒါဆိုလည်း Hyung သွားမယ်နော် .. ရော့ ဒါ Jongin ဖုန်း... သူ့ အတွင်းရေးမှူး ပေးသွားတာ "
" ဟုတ်... Hyung ... "
Yifan Hyung ပြန်သွားတော့ Kyung Soo သူ့ ကို သေချာ ကြည့်မိသည်။
ချောင်ကျသွားတဲ့ မျက်နှာကို Kyung Soo အစောကတည်းးက သတိထားမိ ခဲ့သင့်သည်။
Kyung Soo သူ့ လက်ကို ပါးနားမှာ ကပ်ကာ မြန်မြန် သတိရလာဖို့ ဆုတောင်းဖြစ်သည်။..။
* Jongin Hyung..... ကျွန်တော် Hyung ကို တောင်းပန်ချင်တာမို့ မြန်မြန် သတိရလာပေးနော် Hyung .... ချစ်တယ် .... Hyung..............*
_________________________
Zawgyi
" Kyungie ! စားဦးေလ... ေတာ္ၿပီလား...... ေနမေကာင္းဘူးလား hyung ရဲ႕ ညီေလး "
" ဟင့္အင္း ေတာ္ၿပီ Hyung.... သိပ္မဆာလို႔..... ကြၽန္ေတာ္ နားေတာ့မယ္"
" ဪ.... အင္း.... အင္း.... "
ေလးေလး ကန္ကန္ နဲ႔ အေပၚ ထပ္ကို တက္သြားေလတဲ့ Kyung Soo ကို ၾကည့္ကာ Yifan အူေၾကာင္ေၾကာင္ နဲ႔ က်န္ ခဲ့ရသည္။
Kyung Soo ဒီရက္ပိုင္း မူမမွန္တာ ေတာ့ သတိထားမိသား.....။ လြမ္းနာက်ေနသလို.... ပုံစံမ်ိဳးနဲ႔.....။ Yifan လည္း စားခ်င္စိတ္ မရွိေတာ့ တာေၾကာင့္ ပန္းကန္ ေတြ သိမ္းၿပီး အိပ္ဖို႔သာ ျပင္ဆင္ရေတာ့သည္။
____________________
တိတ္ဆိတ္ေနတဲ့ အခန္း ထဲမွာ Kyung Soo ေခါင္းအုံးကို ပိုက္ၿပီး ငိုင္ေနမိသည္။
ဒီေန႔က တစ္လျပည့္ေနတဲ့ေန႔... ။ ရွင္းရွင္း ေျပာရရင္.. သူတို႔ ကမ္းေျခမွာ အပန္းေျဖၿပီး ျပန္လာတာ တစ္လျပည့္တဲ့ ေန႔....။
ထပ္ၿပီး ေျပာရရင္ Kim Jongin မဆက္သြယ္တာ တစ္လ ရွိေနၿပီ.....။
ဘာေၾကာင့္ မွန္း မသိေပမယ့္ .... စိုးစိုး ဆတ္ဆတ္ လူကို နမ္းၿပီး အေျဖလည္း မေတာင္းပဲ ေပ်ာက္သြားတဲ့ သူ႔ ေၾကာင့္ Kyung Soo ထိုင္မရ ထမရ.... စားမရ ေသာက္မရ ျဖစ္ေနရသည္မွာ ရက္မနည္းေတာ့....။
ကုတင္ေပၚက ေစာင္ေတြကို ကန္ခ်ၿပီး ေအာ္ဟစ္မိသည္။
* Kim Jongin... အေျဖလာေတာင္း ရဲ ေတာင္းၾကည့္ .... ခင္ဗ်ားကို အေရခြံ ဆုတ္ ျပမယ္ ..*
_________________________
" Boss.... အနားယူလိုက္ပါဦး မနားရတာ ဘယ္ ႏွစ္ရက္ ရွိေနၿပီလဲ .... "
အတြင္းေရးမႉး Min ရဲ႕ စကားကို Jongin အသာ ၿပဳံးျပကာ ေခါင္း ၿငိမ့္ ျပလိုက္သည္။
ကမ္းေျခ ကို သြားၿပီး ျပန္လာ ကတည္းက မနား ရ ေသးတာ....။
သူတို႔ ကမ္းေျခ က ျပန္လာတဲ့ ေန႔ ကတည္းက Hongkong က Company မွာ ျပႆနာ ေပၚလာတာ ေၾကာင့္ ခ်က္ခ်င္းပင္ Hongkong ကို လာလိုက္ရတာ....။ ဘယ္သူ႔ကို မွ အသိမေပးခဲ့ရ....။
ခုဆို တစ္လေတာင္ ၾကာေနၿပီ...။
Phone Screen ေပၚမွာ သတိလက္လြတ္ ၿပဳံးရယ္ေနတဲ့ ေကာင္ေလး ပုံ ကို ခပ္ဖြဖြ နမ္းကာ မ်က္လုံး အစုံကို မွိတ္ခ်လိုက္သည္။ အိမ္မက္ထဲက ေကာင္ေလး ကေတာ့ သူ႔ ပါးျပင္ကို ခပ္ဖြဖြ နမ္းကာ ေခ်ာ့သိပ္ေနသည္တဲ့.....။
_________________________
" အဲ့ေတာ့ သူက မင္းကို ခုထိ မဆက္သြယ္ဘူးေပါ့ ? မင္းကို နမ္းၿပီး ရည္းစားစကား ေျပာထားတဲ့ သူကေလ?"
Baekhyun ရဲ႕ အေမးကို ခုံေပၚ ေမးတင္ ထား ရင္း နဲ႔ ပင္ Kyung Soo က ေခါင္း ၿငိမ့္ ျပသည္။
အၾကည့္ တို႔ကေတာ့ ေရေငြ႕႐ိုက္ၿပီး ေရစက္ကေလးေတြ သီးေနတဲ့ အေအးခြက္ကေန မခြာ.....။
Chanyeol လည္း မေနသာတာ ေၾကာင့္
" Yifan Hyung ကို ေမးၾကည့္ပါလား.... သူ သိရင္ သိမွာေပါ့ "
အဲ့လို ေျပာမိေတာ့ Kyung Soo က
" အင္းေနာ္... ေမးလိုက္ရမလား..... "
" ဟာ.... Kyung Soo ကလည္း ဘာလို႔ ေမးမွာလဲ? မင္း သြားေမးတာမ်ား အဲ့ Hyung သိၾကည့္ပါလား...... မင္း ကို တန္ဖိုး မထားပဲ ေနမွာေပါ့....။ ေယာက်ာ္း ေတြက အဲ့ အတိုင္းပဲ ေကာင္းကို မေကာင္းဘူး.... ဟြန႔္.....။ ထားလိုက္ သူေခ် ကိုယ္ေခ် သာ ပစ္ထားလိုက္.... "
Kyung soo ကို မီးေလာင္ရာ ေလပင့္ေနတဲ့ Baekhyun ကို ၾကည့္ကာ Chanyeol ေခါင္းကုပ္မိသည္။
ဒီ ဝက္ေပါက္ တကယ္ မလြယ္ေၾကာ...။
ေယာက်ာ္း ေတြ က ဒီအတိုင္း ဆိုပဲ.... ။ သူၾကေတာ့ ေယာက်ာ္း မဟုတ္တာ ၾကလို႔.....။ တကယ္ ႐ိုက္ခ်င္စရာေလး.....။
Kyung Soo ကေတာ့ စားပြဲေပၚ ေမးတင္ထားလ်ကိ ပင္.. သက္ျပင္းေတြ အထပ္ထပ္ ခ်ေနတာ ..စားပြဲခုံသာ အသက္ရွိရင္ ထ ဆဲ ႏိုင္သည္။
Kyung Soo ေက်ာျပင္ကို ခပ္ဖြဖြ ပုတ္ေပးရင္း ႏွစ္သိမ့္ေနျပန္ တဲ့ Baekhyun ကို ၾကည့္ကာ ခိုးၿပီးေတာ့သာ ရယ္မိေတာ့သည္။
_________________________
Kyung Soo ဒီေန႔ စာေမးပြဲ ေျဖၿပီးတာ နဲ႔ ေလွ်ာက္လည္ၾကမည့္ Chanyeol နဲ႔ Baekhyun ကို မေႏွာက္ယွက္ခ်င္တာ ေၾကာင့္ တစ္ေယာင္တည္း ျပန္လာျဖစ္သည္။
အိမ္နား ေရာက္ေတာ့ အိမ္ေရွ႕မွာ ရပ္ထားတဲ့ ကားတစ္စီး....။
ေသခ်ာေျပာရရင္ Jongin Hyung ရဲ႕ကား..။ Kyung Soo မသိခ်င္ေယာင္ ေဆာင္ ၿပီး ၿခံထဲ ဝင္ဖို႔ ျပင္လိုက္သည္။ ၿခံံတံခါး ဖြင့္ေနတုန္း ေနာက္ကေန လက္ဆြဲ ခံလိုက္ရေတာ့ လွည့္ၾကည့္လိုက္သည္။
" ေကာင္ေလး..... "
တစ္လေက်ာ္ၾကာ ေဝးေနတဲ့ ေခၚသံေလး တစ္ခု....။ Kyung Soo သူ႔မ်က္ႏွာကို စူးစူး စိုက္စိုက္ ၾကည့္ကာ
" အာ.... Jongin Hyung. . လမ္းႀကဳံလို႔ ဝင္လာတာလား... Yifan Hyung က အိမ္မွာ မရွိဘူး .."
Kyung Soo ရဲ႕ သူစိမ္း ဆန္တဲ့ ေလသံေၾကာင့္လား မသိ။
သူ႔ရဲ႕ မထူမပါး ႏႈတ္ခမ္း တစ္စုံတို႔ ပြင့္ဟ သြားသည္။ အံ့ၾသေနသည့္ မ်က္ႏွာမ်ိဳး...။ ၿပီးမွ....
" ေကာင္ေလး Hyung ကို ဘယ္လိုေတြ ဆက္ဆံေနတာလဲ ဟင္... သူစိမ္းဆန္သြားလိုက္တာ Hyung ဘာမ်ား မွားလို႔လဲ ဟင္..... ေကာင္ေလး...."
" ဒီလိုပါပဲ.... ခ်စ္ပါတယ္ လို႔ ေျပာသြားၿပီး တစ္လေက်ာ္ၾကာ ေပၚမလာပဲ ေလွ်ာ့တြက္ခံလိုက္ရေတာ့ ကြၽန္ေတာ့ကိုယ္ ကြၽန္ေတာ္ စိတ္ပ်က္သြား႐ုံပါ..... "
" မဟုတ္ပါဘူး... ေကာင္ေလးရယ္...Hyung ရွင္းျပမယ္ေလေနာ္ ... "
" ေတာ္ပါၿပီ...... ဘာကို ရွင္းျပဦးမွာလဲ ကြၽန္ေတာ္ နားခ်င္ေနၿပီ ဝင္ခြင့္ျပဳပါဦး... "
" ေကာင္ေလး... ေကာင္ေလး.... "
Kyung Soo လွည့္ဝင္လာေတာ့ ေခၚသံနဲ႔ အတူ ေနာက္က လိုက္ဝင္လာတဲ့ သူ႔ ေျခသံကိုပါ ၾကားရသည္။ သူက Kyung Soo ကို ဆြဲထားကာ ....
" ေကာင္ေလး.... Hyung ....."
စကားဆုံးေအာင္ ေတာင္ မေျပာႏိုင္ပဲ ေရွ႕မွာ ေပ်ာ့ေခြၿပီး လဲက်သြားတဲ့ Hyung ကို ၾကည့္ကာ Kyung Soo မွင္သက္မိသြားသည္။
Hyung ရဲ႕ အတြင္းေရးမႉး က ကားေပၚက ေျပးဆင္းလာၿပီး Hyung ကို လာဆြဲထူေတာ့မွ သတိရသည္။
" Hyung ! Hyung! သတိထားဦးေလ Hyung ! "
အတြင္းေရးမႉး ႏွင့္ တူတူ Hyung ကို ကားဆီ တြဲေခၚလာရင္း.. ပါးစပ္က တတြတ္တြတ္ ေျပာေနမိသည္။ အသားေတြက ပူျခစ္လို႔....။
ဒီေလာက္ ပူေနတာကို သတိမထားမိတဲ့ ကိုယ့္ကိုကိုယ္သာ အျပစ္တင္ရင္း. ေဆး႐ုံကို လိုက္လာခဲ့ရသည္။.....
_________________________
" ဗ်ာ..... တစ္လ လုံးလုံး မနားမေန အလုပ္ေတြ လုပ္ေနတာလား..... အစား ပုံမွန္ မစားဘူးလား "
" ကြၽန္ေတာ္လည္း သတိေပးပါတယ္ ... Boss က ေခါင္း မာတယ္...... ကြၽန္ေတာ့္ စကားကို နားမေထာင္ဘူး.... တစ္လ လုံးလုံး အလုပ္ေတြ ဖိလုပ္ေနတာ .... "
Yifan Hyung ရဲ႕ အေမးကို အတြင္းေရးမႉး က သက္ျပင္းခ်ၿပီး ျပန္ေျဖသည္။
Kyung Soo ကေတာ့ ကုတင္ေဘးက ခုံမွာ ထိုင္ရင္း သူ႔ လက္ကို ခပ္ဖြဖြ ကိုင္ကာ ထိုင္ေစာင့္ေနမိသည္။
အလုပ္ေတြ ရႈပ္ေနတာ ကို မသိဘဲ စိတ္ဆိုးၿပီး ႐ိုင္း႐ိုင္းစိုင္းစိုင္း ဆက္ဆံ ခဲ့မိသည္။
ေလဆိပ္ ဆင္းဆင္းခ်င္း အိမ္ျပန္ မနားပဲ Kyung Soo ဆီကို လာခဲ့သည္တဲ့ေလ.....။
အခုေတာ့ သူ႔ရဲ႕ လက္မွာ ေဆးပိုက္ေတြ အသြယ္သြယ္ နဲ႔....။
" Kyungie... အရမ္း စိတ္ပူမေနနဲ႔ ေနာ္ ... ျပန္ခ်င္ျပန္ေလ Hyung ေစာင့္လိုက္မယ္.... "
" ရတယ္... hyung .... ကြၽန္ေတာ္ ေစာင့္မွာ..... Hyung ျပန္လိုက္ေနာ္.... "
" အင္း... အဲ့ဒါဆိုလည္း Hyung သြားမယ္ေနာ္ .. ေရာ့ ဒါ Jongin ဖုန္း... သူ႔ အတြင္းေရးမႉး ေပးသြားတာ "
" ဟုတ္... Hyung ... "
Yifan Hyung ျပန္သြားေတာ့ Kyung Soo သူ႔ ကို ေသခ်ာ ၾကည့္မိသည္။
ေခ်ာင္က်သြားတဲ့ မ်က္ႏွာကို Kyung Soo အေစာကတည္းးက သတိထားမိ ခဲ့သင့္သည္။
Kyung Soo သူ႔ လက္ကို ပါးနားမွာ ကပ္ကာ ျမန္ျမန္ သတိရလာဖို႔ ဆုေတာင္းျဖစ္သည္။..။
* Jongin Hyung..... ကြၽန္ေတာ္ Hyung ကို ေတာင္းပန္ခ်င္တာမို႔ ျမန္ျမန္ သတိရလာေပးေနာ္ Hyung .... ခ်စ္တယ္ .... Hyung..............*
_________________________