ကိုကို

By Leesooyeon88

139K 14.1K 1.6K

Kaisoo yaoi More

*ကိုကို*1
*ကိုကို*2
*ကိုကို*3
*ကိုကို*4
*ကိုကို*5
*ကိုကို*6
*ကိုကို*7
*ကိုကို*8
ကိုကို*9*
*ကိုကို*10
*ကိုကို*11
*ကိုကို*12
*ကိုကို*14
*ကိုကို*15
*ကိုကို*16
*ကိုကို*17
*ကိုကို*18
*ကိုကို*19
*ကိုကို*20
*ကိုကို*21
*ကိုကို*22
ကိုကို *Final*

*ကိုကို*13

5.4K 614 91
By Leesooyeon88

"​ဘေဘီ လာ​လေ အဝတ်​​ရွေး​ပေးမယ်​ဆို အဲ့မှာဘာလုပ်​​နေတာလဲ
Ommaသွားပြီလား"

အဝတ်​ထုတ်​​ပေးထားမယ်​ဆိုပြီး​ပြောထားတဲ့က​လေးဟာ ထွက်​လာ​တော့အခန်းပြင်​မှာမတ်​တပ်​ရပ်​​နေတဲ့အပြင်​သဘက်​ကလည်း​အောက်​ပြုတ်​ကျလို့

အနားသွား​တော့မျက်​နှာကဖြူဖတ်​ဖြူ​ရော်

"​ဘေဘီ ​ဘေဘီ ​နေမ​ကောင်းဘူးလား"

ပုခုံးနှစ်​ဖက်​ကိုကိုင်​ကာ​မေး​တော့မှ အခုမှအသိဝင်​လာသူလို
ယောင်​ယမ်းယမ်းနဲ့လှည့်​ကြည့်​​လေသည်
ပြီးတာနဲ့ရင်​ခွင်​ထဲဝင်​ကာအတင်းဖက်​ထား​တော့သည်

ခါးမှာtowelခပ်​ကြီးကြီးတစ်​ထည်​ပဲပတ်​ထားတဲ့အပြင်​အ​ပေါ်​ပိုင်းက​ရေ​တွေ​တောင်​​သေချာမသုတ်​ရ​သေး
အရင်​​တွေကဘာမှမဖြစ်​​ပေမယ့်
ခုအ​ခြေအ​နေကတကယ်​....

လက်​ကိုချထားရမလိုပြန်​ဖက်​ရမလိုလုပ်​​နေရင်းမှ
ရင်​ဘတ်​နားမှာခံစားလိုက်​ရတဲ့နှာ​ခေါင်း​လေး​နွေးသလိုဖြစ်​​နေတာ​ကြောင့်​​ကျော​လေးကိုခပ်​ဖွဖွပုတ်​​ပေးလိုက်​သည်

ဘေဘီကသူဝမ်းနည်းစရာ သို့မဟုတ်
ဒေါသထွက်​တာဖြစ်​ဖြစ်​ဘယ်​​တော့မှမျက်​ရည်​မကျတတ်​ပဲနှာ​ခေါင်းလုံးလုံး​လေးကပဲနီပြီး​နွေးလာတတ်​တာ

အိမ်​ကိုအမြဲလာတတ်​တဲ့​ကြောင်​က​လေးဆုံးသွားတုန်းကလိုမျိုး
.
သူကြိုးစားပမ်းစားဆွဲထားတဲ့ပုံ​လေး​တွေ​ရေစိုသွားတုန်းကလိုမျိုး
.
ကျောင်းကဘတ်​စ​ကတ်​​ဘောပြိုင်​ပွဲမှာကျွန်​​တော်​တစ်​​ယောက်​​ယောက်​နဲ့တိုက်​မိလို့လဲကျသွားသလိုမျိုး

အခုလည်းအဲ့လိုဖြစ်​​နေ​တော့တာ...

ခဏကြာမှသူ့ဘာသာဖက်​ထားရာကလွှတ်​ပြီးအဝတ်​​တွေသွား​ရွေး​နေ​တော့တယ်

ပြီး​တော့သူ့ဘာသာအပြင်​ထွက်​သွားပြန်​​ရော
ကျွန်​​တော်​ကသာလိုက်​ကြည့်​​နေတာထိုက​လေးက​တော့ကျွန်​​တော့်​ကိုတစ်​ချက်​​တောင်​လှည့်​မကြည့်​သွား

အားလုံးပြီးလို့အပြင်​ထွက်​လိုက်​​တော့​ဘေဘီကဧည့်​ခန်းမှာဒူးနှစ်​ဖက်​​ထောင်​ကာ​ခေါင်း​မှောက်​ရင်းပုံ့ပုံ့​လေးထိုင်​​နေသည်

"​ဘေဘီ ဘာဖြစ်​​နေတာလဲ
ကိုကို့ကို​ပြောပြလို့မရဘူးလား"
က​လေးကိုမ​ပြောမဖြစ်​အတင်း​ပြောခိုင်းတာမျိုးကျွန်​​တော်​မလုပ်​ချင်
ကျွန်​​တော်​လုပ်​ရင်​​တောင်​​ဘေဘီကနာခံမယ့်​က​လေးမဟုတ်
ခုချိန်​ထိ​ဘေဘီနဲ့မ​တွေ့ခင်​ ​ဘေဘီဘယ်​လို​နေခဲ့ရတယ်​ ဘာညာ ကျွန်​​တော်​တစ်​ခုမှမသိ​သေး

"မဖြစ်​ပါဘူး
Mommyက ပန်းဝယ်​လာခဲ့ဦးတဲ့
သွားကြမယ်​​လေ"

ခေါင်း​ထောင်​လာကာ ​ပြောပြီးတာနဲ့
အ​ရှေ့ကအရင်​ထွက်​သွား​လေသည်

..........................

ပန်းဝယ်​ပြီးကား​ပေါ်ပြန်​တက်​လာတဲ့အထိ
စိတ်​နဲ့လူနဲ့မကပ်​သလိုဖြစ်​​နေတုန်း
အရင်​ကဆိုပန်းမြင်​တာနဲ့တက်​ကြွတာသူ့အပြင်​မရှိ အခုထိလည်းစကားတစ်​ခွန်းပဲမ​ပြောပဲငြိမ်​​နေတာ

"​ဘေဘီ ဘာဖြစ်​လို့လဲ
ကိုကို့ကို​ပြော ommaဆူလိုက်​လို့လား"

အနားကပ်​ကာမျက်​နှာကို​​မော့​စေရင်း​ချော့သလို​ပြော​တော့​ခေါင်းခါပြသည်
ဒီလိုပုံဆို​မေးလို့ရ​တော့မည်​မဟုတ်မှန်းသိလိုက်​သည်
ဘယ်​လို​မေး​မေး​တစ်​ခွန်းမှ​ပြောမှာမဟုတ်

"အာ ​​​နောက်​ကျမှ​လျှောက်​သွားရမှာမို့လို့စိတ်​ဆိုး​နေတာလား aigoo ကိုကို့ကိုစိတ်​ဆိုး​နေ​တာကိုး ခုမှသတိရတယ်​ ဟိုကိုခ​ဏသွားပြီးတာနဲ့​ဘေဘီသွားချင်​တဲ့​နေရာအကုန်​လိုက်​ပို့​ပေးမယ်​ အခုခဏသည်းခံ​နော်​"

ဆံပင်​​လေး​တွေကိုဖွ​ပေးကာရယ်​​မောရင်း​ပြော​နေသည့်​ကိုကို့်ကိုkyungsoo​ငေးကြည့်​​နေမိသည်
ကိုကို့ကိုသူများအားမ​ပေးလိုက်​ချင်​ပါ
ဘယ်​​တော့မှ...
ကိုကိုက​ဘေဘီ့အပိုင်​လို့​ပြောထားပြီးသားပဲကို
Kyungsoo...ဒီ​တွေ့ဆုံမှုကို...တကယ်​...
မ​အောင်​မြင်​​စေချင်​...

ကား​ပေါ်ကဆင်းပြီးပြီးချင်းက​လေးက
လက်​ကိုလာကိုင်​သည်
ထူးထူးဆန်းဆန်း
လက်​​လေးကို​သေချာပြန်​ဆုပ်​ကိုင်​ကာာဆိုင်​ထဲဝင်​မည်​လုပ်​​တော့မှ
ဘောင်းဘီအိတ်​ကပ်​ထဲမှမြည်​လာ​သောringtoneသံ
က​လေးလက်​ကိုခဏလွှတ်​ကာဖုန်းကိုင်​ရ​သေးသည်
"Hello"
...
"Nae ဟုတ်​ပါတယ်​"
...
"ဗျာ"

လက်​ထဲမှပန်းစည်းပါရုတ်​တရတ်​လွတ်​ကျသွားသည်​နှင့်​တစ်​ပြိုင်​နက်
ဖုန်းထဲမှာဘာ​ပြောလဲမသိရ​ပေမယ့်​ကိုကို့မျက်​နှာအ​နေအထားမြင်​ရုံနဲ့တင်​kyungsooရင်​ပူ​နေရပြီဖြစ်​သည်

ပြီးတာနဲ့ဖုန်းကိုချက်​ချင်းချပြီးလက်​ဆွဲကာကားတံခါးကိုဖွင့်​၍တက်​​စေသည့်​အပြင်
ထုံးစံအတိုင်းsafety beltပါပတ်​​ပေးပြီး​သော်​လည်းကား​မောင်းဖို့ရာကိုကို့လက်​​တွေက
အင်​မတန်​တုန်​​နေသည်

"ကိုကို ကိုကို ဘာဖြစ်​တာလဲ
ဘေဘီ့ကိုကြည့်​"

အစား​မောင်း​ပေးရန်​အတွက်​ငယ်​လွန်း​နေတဲ့အရွယ်​ကိုကျိန်​ဆဲရင်းကိုကို့လက်​ကိုအ​ပေါ်မှအုပ်​မိုး၍ကိုင်​ကာမျက်​လုံးချင်းဆုံ​စေ​တော့လည်း ချက်​ချင်းပြန်​မ​ဖြေနိုင်

"Appaတို့ကား accident ဖြစ်​လို့ အဲ့ အဲ့ဒါခွဲစိတ်​ရမှာမို့လို့​ဆေးရုံက​ဖုန်းဆက်​​ခေါ်တာ"

တုန်​တုန်​ယင်​ယင်​​ပြောလိုက်​တဲ့ကိုကို့စကားသံကိုကြားပြီးတာနဲ့kyungsoo​စိတ်​ထဲဟာသွားသည်​ ဘာမှမရှိ​တော့သလို
ဒါ​ပေမယ့်​စိတ်​ကိုအမြန်​ပြန်​ထိန်းပြီးလက်​တစ်​ဖက်​ကကိုကို့ပါးကိုကိုင်​ကာ

"ကိုကို ဘာမှမဖြစ်​ဘူး
ခွဲစိတ်​ပြီးရင်​​ကောင်းသွားမှာမို့လို့ စိတ်​ထိန်းပြီး​တော့ပဲကား​မောင်း ဘာမှမဖြစ်​ဘူး ဘာမှမဖြစ်​ဘူး​နော်​"

ဘေဘီ့လက်​ဖဝါးမှရ​နေတဲ့
အ​နွေးဓာတ်​အနည်းငယ်​နဲ့မျက်​လုံး​တွေကိုစိုက်​ကြည့်​မိတဲ့အခါမှာပဲjonginရဲ့ပူေ​လာင်​​နေတဲ့စိတ်​​တွေက
ရေနဲ့​လောင်းချလိုက်​သလိုငြိမ်းသွားရ​တော့သည်

"အမြန်​​မောင်း​တော့မှာမို့​သေချာကိုင်​ထား​နော်"

Kyungsoo ​ခေါင်းညိတ်​ခြင်းနဲ့သာနာခံ​ကြောင်း​ပြလိုက်​သည်​.....

ဆေးရုံကို​ရောက်​သည်​နှင့်​ommaကိုခွဲစိတ်​ရန်​လက်​မှတ်​ထိုး​ပေးပြီးappaရှိရာကို​ပြေးရသည်
တစ်​ဖက်​ကားကommaဘက်​ကလာသည်​မို့ချက်​ချင်း​ကွေ့လိုက်​​သော်​လည်းommaကအ​ခြေအ​နေပိုဆိုးသွားခဲ့သည်
Appaကခဏ​နေရင်​သတိရလာမည့်​အ​နေအထားမို့ခွဲခန်းအ​ရှေ့ကိုသာအမြန်​​ပြေးရပြန်​သည်

အ​ရေး​ပေါ်​ဆောင်​တွင်​​သွေးများဖြင့်​​ပေကျံကာသတိ​မေ့​နေ​သောappaနဲ့ခွဲခန်းထဲဝင်​၍အသက်​လု​နေရ​သောommaကိုစဉ်းစားရင်း​ခြေ​ထောက်​​တွေကပါ​ပျော့​ခွေကာလဲကျမလိုဖြစ်​​တော့​ဘေးကလက်​​လေးတစ်​စုံကကူတွဲ​ပေးထားသည်

ဘာ​တွေဖြစ်​ကုန်​တာလဲ တစ်​မနက်​အတွင်းဘာ​တွေဖြစ်​ကုန်​တာလဲ မသိ​တော့
ခွဲခန်းအ​ရှေ့ထိုင်​​နေရင်းတံခါးကိုကြည့်​ကာထွက်​လာမည့်​အချိန်​ကို​စောင့်​​မျှော်​​နေရင်း တစ်​ခုခုများဆိုတဲ့အ​တွေးက​ထောင့်​​ပေါင်းစုံမှ​ခြောက်​လှန့်​​နေသည်

သို့​​သော်​ကျွန်​​တော်​ငိုချလိုက်​လို့မဖြစ်
ဘေဘီရှိ​နေ​သေးသည်​မို့ အငယ်​ရှိ​နေလို့ကျွန်​​တော်​ကအရင်​​ပျော့ညံ့တဲ့ပုံစံပြလို့မဖြစ်
မျက်​လုံး​တွေပါကျိန်းစက်​လာတဲ့အခါ
ဘေးက​နေအရိပ်​တကြည့်​ကြည့်​လိုက်​ကြည့်​​နေတဲ့​ဘေဘီ့ကိုသာတိုး၍ဖက်​ထားလိုက်​​တော့လက်​​သေး​သေး​လေး​တွေက
ကျောကုန်းကိုပုတ်​​ပေး၍က​လေးကို​ချော့သလိုနှစ်​သိမ့်​​ပေး​နေသည်
ကျွန်​​တော်​​ကြောက်​​နေတာ​ဘေဘီသိမှန်းကျွန်​​တော်​လည်းသိ​နေတယ်​...

နှစ်​နာရီ​လောက်​ကြာပြီးတဲ့​နောက်​ appaက 
ခေါင်းမှာပက်​တီးကြီးနှင့်​ပင်​​ခွဲခန်း​ရှေ့​ရောက်​လာသည်
ဘယ်​​လောက်​ပဲဒဏ်​ရာက​သေးသည်​​ပြော​ပြောအနားယူရမယ့်​အချိန်​မို့အတင်းပြန်​လွှတ်​​တော့လည်းသူ့မိန်းမ မထွက်​လာမချင်း မပြန်​ဘူးဆို​သော​ကြောင့်​ဘာမှထပ်​​ပြောလို့မရ​တော့​ပေ
ခွဲခန်း​ရှေ့ခုံတန်းကတိတ်​ဆိတ်​​နေ၏
တစ်​​ယောက်​တစ်​မျိုးအ​တွေးစုံနဲ့ပူ​လောင်​လျက်

💭💭💭💭💭💭💭💭💭💭💭

"ဆရာ ခွဲစိတ်​တာ​အောင်​မြင်​တယ်​မလားဟင်​"

"အတတ်​နိုင်​ဆုံးကြိုးစားထားပါတယ်
၄၈နာရီအတွင်း​တော့​စောင့်​ကြည့်​ရမယ်​"

အ​လောတကြီး​မေး​သည့်​အ​ဖြေသည်​မျက်​နှာပျက်​ကာထိုမျှသာ​ပြောသွား​သော
စကား​အောက်​မှာ​မျှော်​လင့်​ချက်​​တွေယိုင်​နဲ့ကုန်​၏

စား​သောက်​ပြီးတာနဲ့​ဘေဘီနဲ့ပန်းကန်​တူတူ​ဆေး​ပေးလိုက်​​သေးသည်
ပြီး​နောက်​ ​ဘေဘီ့ရဲ့ပန်းချီ ဆွဲခန်း​လေးထဲသွားထိုင်​​နေလိုက်​၏

ကောင်းကင်​ကအနည်းငယ်​သာရှိ​သောမှိတ်​တုတ်​မှိတ်​တုတ်​ကြယ်​က​လေးများကိုကြည့်​လျက်​  ​လျှောက်​​တွေး​နေမိသည်

စောင်​တစ်​ထည်​တည်းခြုံထား​​​သော​ကြောင့်​​ဘေဘီ့အသား​လေး​အေးလာတာသိ၍ ​စောက်​ကိုအ​ရှေ့ထိဆွဲယူကာနှစ်​​ယောက်​လုံးနီးကပ်​၍လုံ​အောင်​ခြုံထားလိုက်​သည်
ဘေဘီက​ရာသီဥတုဒဏ်​သိပ်​မခံနိုင်​ဘူး
အခုလည်းပြတင်း​ပေါက်​က​လေနည်းနည်းတိုက်​တာနဲ့ အသား​တွေ​အေးလာ​တော့တာ

"​ဘေဘီ​လေ ​ဂေဟာမှာ
ကိုကို့ကိုစ​တွေ့တုန်းကကိုကိုနဲ့​ဆော့​နေတဲ့က​လေး​တွေကိုကြည့်​ပြီးအရမ်းအားကျခဲ့တာ"

တိတ်​ဆိတ်​​နေတဲ့အခန်းငယ်​​လေးထဲ​ဘေဘီ့အသံ​လေးကထွက်​​ပေါ်လာလို့​ဘေးကိုကြည့်​လိုက်​​တော့​ စာကြည့်​မီးအိမ်​​လေးသာထွန်းထားသည့်​ အလင်း​ရောင်​​လေးထဲ​ဘေဘီ့မျက်​နှာက​ရှင်း​နေသည်
ကောင်းကင်​ကို​ငေးကြည့်​ပြီး​ပြော​နေတဲ့အခါမျက်​ဝန်း​လေး​တွေကအတိတ်​ကိုပြန်​သွား​နေဟန်​ရှိသည်

"ပထမဆုံးပဲ ပထမဆုံး​ဂေဟာကိုလာတဲ့လူကိုကြည့်​ချင်​လွန်းလို့သွား​ချောင်းကြည့်​ခဲ့တာ
စမ်း​ချောင်း​လေး​ဘေးမှာ
ထိုင်​​နေရင်းကိုကို့ရယ်​သံကို
ကြားလိုက်​တည်းကအရမ်း​တွေ့ချင်​ခဲ့တာ"

"ကိုကို့ကိုစကား​တောင်​ပြန်​မ​ပြောပဲနဲ့များ"

ပေါင်​​ပေါ်​ပွေ့ချီပြီး​ပြောလိုက်​​တော့
ရင်​ဘတ်​ကိုမှီပြီး

"အံ့သြ​နေလို့ ကိုကိုကစကားလာ​ပြောတယ်​ဆိုတာကိုအံ့သြ​နေလို့ဘာမှမ​ပြောနိုင်​တာ"

"ပြီး​တော့ကိုကို​ပေးတဲ့ဝက်​ဝံရုပ်​​လေးကိုင်​ထားပြီးဆယ်​ရက်​လုံးပြတင်း​ပေါက်​အပြင်​ကိုကြည့်​ပြီး​စောင့်​​နေခဲ့တာ
ခဏပဲ​တွေ့လိုက်​ရမယ်​ဆို​ပေမယ့်​ကိုကိုလာမယ်​ဆိုတာကိုယုံလို့
အရင်​ကဘယ်​သူမှဂရုမစိုက်​​ပေမယ့်​ဝက်​ဝံရုပ်​​လေးနဲ့တူတူစကား​ပြောရင်း​နေ့တိုင်းကိုကို့ကို​စောင့်​​နေရတာ​ပျော်​ဖို့်​​ကောင်းလာတယ်
ဝက်​ဝံရုပ်​​လေးကပြန်​မ​ဖြေ​ပေမယ့်​ကိုကို့အ​ကြောင်း​တွေ​မေးရတာလည်း​ပျော်​ဖို့​ကောင်းတယ်​"

Jonginသိပါသည်​ ​ဘေဘီအဲ့အရုပ်​​လေးကိုဘယ်​​လောက်​ချစ်​လဲဆိုတာ​​ပေါ့
တခြားအရုပ်​​တွေဘယ်​​လောက်​ဝယ်​​ပေးဝယ်​​ပေး အဲ့ဝက်​ဝံရုပ်​​လေးကို​တော့သူသွားတဲ့​နေရာတိုင်း​ခေါ်သွားတတ်​တာ

"​ကျေးဇူးတင်​ပါတယ်​ ​ဘေဘီ့ကို​ခေါ်လာ​ပေးလို့
ပြီး​တော့ချစ်​​ပေးလို့အရမ်း​ကျေးဇူးတင်​ပါတယ်​"

ပါးနှစ်​ဖက်​ကိုကိုင်​၍​ပြော​နေ​​သောက​လေးကိုတစ်​ချက်​နမ်းလျက်

"ကိုကိုကအများကြီးပို​ကျေးဇူးတင်​တယ်
ကိုကို့ဘဝထဲ​ရောက်​လာ​ပေးလို့်
အခု​တော့အိပ်​​တော့ နှုတ်​ခမ်း​လေး​တွေ​တောင်​​အေးစက်​​နေပြီ"

ပြတင်း​ပေါက်​တံခါး​တွေဘာ​တွေကိုပိတ်​ပြီး​အောက်​ဆင်းမလို့လုပ်​​တော့သူ့အခန်းသူပြန်​ကြည့်​​နေ​သေး၏

"လာ​လေ ​ဘေဘီ "

ကမ်း​ပေး​သောလက်​ကိုဖြစ်​ညစ်​၍ဆုပ်​ကိုင်​လျက်​​အောက်​ဆင်းလာပြီးသူ့အခန်းထဲမဝင်​ပဲ ကျွန်​​တော့်​အခန်းထဲဦးတည်​သွားပြန်​၏

"​ဘေဘီ ​ဘေဘီ့အခန်းထဲသွားမအိပ်​ဘူးလား"

"ဒီ​နေ့ကိုကိုနဲ့အိပ်​ချင်​လို့"

Ommaတို့ကိစ္စ​ကြောင့်​​ချော့ချင်​​နေတာလားမသိ အတိတ်​အ​ကြောင်းတစ်​စက်​မှမ​ပြောတဲ့သူက​ပြောလို့
အခုလည်းကျွန်​​တော်​သာ
သူ့အခန်းထဲသွားသွားအိပ်​တတ်​တာ သူကအခုမှပထမဆုံးအထူးအဆန်းလုပ်​ပြီးကျွန်​​တော့်​အခန်းထဲလာအိပ်မယ်​တဲ့​လေ

ကုတင်​ကကျယ်​​သော်​လည်း
ထုံးစံအတိုင်းအတင်းဖက်​ထား၏
နဖူးကိုတစ်​ချက်​နမ်း၍ ​ဘေဘီ့ကိုအိပ်​​တော့​နော်​​ပြောလိုက်​​သော်​လည်းကျွန်​​တော်​ခုထိအိပ်​လို့်မ​ရ​သေး အချိန်​ကုန်​မှာကို​ကြောက်​​နေတယ်

ကျွန်​​တော်​ဖြစ်​​နေတာကိုသိတဲ့အလား ​ဘေဘီကမျက်​လုံး​လေးပွင့်​လာပြီးလျှင်​ပါးကိုကိုင်​လျက်
" မနက်​ကျရင်​အဆင်​​ပြေသွားမှာ
အိပ်​​တော့​နော်​ ကိုကို"ဟူ​သော​ချော့မြူသံ​အောက်​ကျွန်​​တော့်​မျက်​ခွံတို့အလိုလိုပိတ်​ကျသွား​တော့၏

..........................................

အိပ်​​နေတဲ့အချိန်​ဖုန်းမြည်​သံ​ကြောင့်
ဘေးကဖုန်းကိုစမ်းကာကိုင်​လိုက်​သည်
ညကတကယ်​နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​သွားခဲ့တာပဲ

"သား မင်းအ​မေ မျက်​လုံးပွင့်​လာပြီ" ဟူ​သောစကားကချက်​ချင်းမျက်​လုံးကျယ်​ကာထထိုင်​​စေ၏

ဘေဘီ ​ဘေဘီ့်​​ပြောရမယ်
ဘေးမှာမရှိ toiletများသွားလား အချိန်​ကိုကြည့်​တော့မနက်​​ခြောက်​ခွဲ မီးများဖွင့်​၍
ရေချိုးခန်းထဲဝင်​ကြည့်​​တော့လည်းမရှိ

မီးဖို​ချောင်​မှာများလား

"​ဘေဘီ​ရေ ​ဘေဘီ​ရေ"

အော်​​ခေါ်​နေ​သော်​လည်း​ပြန်​ထူးသံမရှိတိတ်​ဆိတ်​​နေတဲ့အ​ခြေအ​နေကြီးကိုကျွန်​​တော်​တဖြည်းဖြည်း​ကြောက်​လာသည်

"​ဘေဘီ ​ဘေဘီ ဘယ်​မှာလဲလို့"

အသံကုန်​​အော်​ဟစ်​၍အိမ်​ထဲတွင်​အရူးတစ်​​ယောက်​လိုဟို​ပြေးဒီ​ပြေး​ခေါ်​နေ​သော်​လည်းထူးခြားမှုမရှိ

ဘေဘီ့အခန်းထဲဝင်​ကြည့်​​တော့စာ​ရေးခုံ​ပေါ်တွင်

"ပြန်​လာခဲ့ပါ့မယ်​"ဟူ​သောစာတစ်​ခုသာရှိ၍​​ဘေဘီ့ဝက်​ဝံရုပ်​​လေးပါမရှိ

ကျွန်​​တော်​ဆက်​မရပ်​နိုင်​​တော့ နှလုံးသားတစ်​ခုလုံးဆွဲဆုပ်​ခံထားရသလိုနာကျင်​​နေ၍ရင်​ဘတ်​ကိုဖိကာလှဲ​နေရသည်

"​ဘေဘီ​"

မျက်​ရည်​များနှင့်​အရူးတစ်​​ယောက်​လိုထိုစကားတစ်​ခွန်းထဲသာအကြိမ်​ကြိမ်​​ခေါ်​နေ​သော်​လည်းတိတ်​ဆိတ်​​နေတဲ့အိမ်​ကြီးထဲတွင်​မည်​သည့်​ထူးသံမျှမလာ​တော့

....................................

ဘေဘီ့အခန်းထဲဝင်​ကြည့်​​တော့စာ​ရေးခုံ​ပေါ်တွင်

"ပြန်​လာခဲ့ပါ့မယ်​"ဟူ​သောစာတစ်​ခုသာရှိ၍​​ဘေဘီ့ဝက်​ဝံရုပ်​​လေးပါမရှိ

ကျွန်​​တော်​ဆက်​မရပ်​နိုင်​​တော့ နှလုံးသားတစ်​ခုလုံးဆွဲဆုပ်​ခံထားရသလိုနာကျင်​​နေ၍ရင်​ဘတ်​ကိုဖိကာလှဲ​နေရသည်

"​ဘေဘီ​"

မျက်​ရည်​များနှင့်​အရူးတစ်​​ယောက်​လိုထိုစကားတစ်​ခွန်းထဲသာအကြိမ်​ကြိမ်​​ခေါ်​နေ​သော်​လည်းတိတ်​ဆိတ်​​နေတဲ့အိမ်​ကြီးထဲတွင်​မည်​သည့်​ထူးသံမျှမလာ​တော့

....................................


2183 words
12:11AM
2.2.2018
Thursday
Hello I'm back...
ဒါအတွက်​အဲ့​လောက်​အချိန်​ကြာသွားတာပါ
ပီပြင်​​အောင်​မ​ရေးနိုင်​လို့ဖတ်​ရတဲ့သူ​တော့မသိ​ပေမယ့်​ကိုယ်​​တော့ကိုယ့်​ဘာသာ​ရေးပြီးမျက်​ရည်​ကျ​နေ​တော့တာပဲ
အဲ့​လောက်​အချိန်​အကြာကြီးယူတာ​တောင်​မထိန်းနိုင်​ဘူး xD
အကြာကြီး​စောင့်​​ပေးတဲ့အားလုံးကိုတအား​ကျေးဇူးတင်​ပါတယ်
Updateမကြာ​စေရ​တော့ဘူး​နော်
တအားချစ်​တယ်
ဖတ်​​ပေးလို့​ကျေးဇူးတင်​ပါတယ်​❤

Continue Reading

You'll Also Like

15.4K 2.6K 20
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
151K 20.9K 15
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
4K 691 17
Jungkook Atlas Francis - Taehyung Rowan Elliot
17.5K 2.6K 21
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...