Forth P.O.V
တော်သေးတာပေါ့၊ကျွန်တော့မိန်းမအစားအသောက်စားနိုင်လို့ကျွန်တော့အမကိုယ်ဝန်ရှိတုန်းကဆိုဘာမှမစားနိုင်ဘာစားစားပြန်အန်လို့ကိုယ်ဝန်ဆောင်တဲ့တလျှောက်တော်တော်ဒုက္ခရောက်ခဲ့သေးတာ။
အဟမ်းး
Beam -"Forth "
Forth -"Umm Bae "
Beam Maa က
တာ့
"Good Night Bae"လို့။
Forth P.O.V
ခုဆိုBeam ကိုယ်ဝန်၁၀ပတ်ကျော်လာပြီ။Morning Sickness ကကိုယ်ဝန်ရှိခါတုန်းကလိုဆိုးဆိုးဝါးဝါး မဖြစ်တော့ဘူး။
ဒါပေမဲ့စားတဲ့သောက်တဲ့ပုံကတော့အရင်ကနဲ့မတူတော့အရင်ကအသားထက်ပင်လယ်စာနဲ့အရွက်တွေသာအစားများတဲ့သူကခုဆိုတွေ့ကရာအစုံစားတက်လာတယ်။
အစပ်ကြောက်တဲ့သူကငရုတ်သီးတွေရဲအတောင်းခတ်နေအောင်သုတ်ထားတဲ့သင်္ဘောသီးထောင်းကိုမျက်နှာလေးနီတွက်ပြီးနှာရည်တောက်တောက်မျက်ရည်ပေါက်ပေါက်ကျအောင်စားတက်လာတယ်။
တရက်တရက်Facebook ကိုကြည့်ပြီးကြော်ငြာထားတဲ့ ဆိုင်မှန်သမျှလက်ညိုးထိုးလိုက်ပို့ခိုင်းတက်တယ်။တခါတလေထူးထူးဆန်းဆန်းတွေလဲစားချင်တက်သေးတယ်။
သရက်သီးကိုChocolateနဲ့တို့စားချင်တာမျိုး၊ကွက်သီယိုကိုPastaနဲ့ရောစားချင်တာမျိုးတွေပေါ့။သူအဲ့လိုစားနေတာမြင်ရင်တအံ့တသြဖြစ်မိပေမဲ့သူအားရပါးရစားနေတဲ့ပုံလေးကြည့်ပြီးအရမ်းချစ်မိတယ်။ကျွန်တော့မိန်းမဗိုက်ထဲရောက်နေတာအစုံစားသတ္တဝါလေးလားမသိဘူး။
တော်သေးတာပေါ့၊ကျွန်တော့မိန်းမအစားအသောက်စားနိုင်လို့ကျွန်တော့အမကိုယ်ဝန်ရှိတုန်းကဆိုဘာမှမစားနိုင်ဘာစားစားပြန်အန်လုိ့ကိုယ်ဝန်ဆောင်တဲ့တလျှောက်တော်တော်ဒုက္ခရောက်ခဲ့သေးတာ။
ကျွန်တော့အိမ်ကလဲBeam ကိုယ်ဝန်စရှိကထဲက၂ပတ် တခါလောက်PaaရောMaaရောBangkokဆင်းလာတက်တယ်။အပတ်တိုင်းလဲHua Hin ကနေBeam ကြိုက်တဲ့ပင်လယ်စာတွေပုံးလိုက်ပို့ပေးတယ်။
Beam Maa ကတော့တပတ်ကို၃ရက်လောက် အ်ိမ်ကိုရောက်လာတက်တယ်။အိမ်ကိုမလာရင်လဲBeam ဆေးရုံကအလုပ်ဆင်းချိန်စောင့်ကြိုပြီးညစာကိုBeamစားချင်တာလိုက်ကျွေးတယ်။
BeamအမP Yihwa ကကျွန်တော်တို့လက်မထပ်ခင် ၂နှစ်လောက်ထဲကသူ့ချစ်သူP Choနဲ့လက်ထပ်ပြီးခု ဆိုသူ့သမီးလေးတောင်မူကြိုတက်နေပြီ။နေတာကတော့အမေရိကမှာပဲနေတာပါ။
P Yihwa လဲဟိုကနေBeam လိုချင်တာမှန်သမျှ အကုန်ပို့ပေးတာဆိုတော့ကျွန်တော့Beamလေးကမပြည့်စုံတာမရှိဘူး။
အိမ်ကိုလဲသူဘာမှသန့်ရှင်းရေးကအစလျှော်တဲ့ဖွတ်တဲ့အဆုံးဘာမှမလုပ်ရအောင်သူ့Maaကအိမ်အကူတယောက်ကိုနေ့တိုင်းလာပြီးလုပ်စရာရှိတာတွေလုပ်စေတယ်။မနက်လာညနေပြန်ပုံစံမို့ပိုအဆင်ပြေပါတယ်။
အိမ်အကူကBeam ငယ်ငယ်ထဲBeam အိမ်မှာ အလုပ်လုပ်ပေးနေတဲ့သူမို့Beamတို့အိမ်သားတပိုင်းလိုဖြစ်နေပြီးBeamကိုလဲ ချစ်ရှာတော့သူတရက်တရက် စားချင်တာမှန်သမျှကိုဒိုင်ခံချက်ကျွေးရှာတယ်။
ပြောပါတယ်။ကျွန်တော့ချစ်ရသူလေးကဆုတောင်းကောင်းတဲ့သူလေးပါဆို။
သူ့ဆေးရုံအလုပ်ကိုတော့သူကိုယ်ဝန်လမရင့်ချိန်ထိလုပ်မယ်ဆိုတာကြောင့်ခွင့်ပြုပေးထားလိုက်ရတယ်လေ။ဒါပေမဲ့ဆေးရုံအသွားအပြန်သူကားမောင်းဖို့စိတ်မချတာကြောင့်ကျွန်တော်အကြိုအပို့လုပ်မယ်ပြောပေမဲ့ကျွန်တော့အလုပ်နဲ့သူ့ဆေးရုံနေရာကတောင်နဲ့မြောက်ဖြစ်နေတာကြောင့်အသွားကိုတော့Phaနဲ့Kit တယောက်တယောက်ယောက် ကြိုခိုင်းပြီးအပြန်တော့ကျွန်တော်ကြိုမယ်လို့ဆုံးဖြတ်ပြီးအဲ့တိုင်းပဲလုပ်လိုက်ကြတယ်။
Phaနဲ့Kitကိုယ်တိုင်ကလဲBeamဘာသာကားမောင်းဖို့သဘောမကျလို့လိုလိုလားလားနဲ့ကြိုပေးကြတယ်။သူတို့ကကျွန်တော့ဒုတိယယောက္ခမတွေဆိုတော့သူတို့တယောက်ယောက်လာကြိုတိုင်းကျွန်တော်တခါအဟောက်ခံရတယ်။Beam Paaနဲ့Maa တောင်ကျွန်တော့ကိုတခါမဆူဖူး ဘူးရယ်။
Kitကတော်သေးတယ်။Phaဆိုပိုဆိုး။အဲ့ကောင်Yoကသူ့Paaအလုပ်ကိုစတာဝန်ယူခါစဆိုတော့အလုပ်ထဲအာရုံစိုက်နေရလို့လက်ထပ်ဖို့ရွေ့ထားလို့Jဝင်ပြီးဖြစ်နေတာကျွန်တော်သိသားပဲ။
ဒီနေ့လဲမနက်အလုပ်သွားဖို့သူအိပ်ယာနိုးတာနဲ့ရေတူတူချိုးဖို့လုပ်လိုက်ကြတယ်။
အဟမ်းး
ဘာစဉ်းစားနေကြတယ်ဆိုတာသိနေတယ်နာ်။ဒီမှရေချိုးရုံချိုးတာ။တခြားဘာမှမလုပ်ဘူး။ဘုရားစူး။
ဘာလို့ဆိုသူတယောက်ထဲရေချိုးရင်းလဲပြုမှာစိုးရိမ်လို့ကျွန်တော်နဲ့တူတူရေတခါထဲတူတူချိုးရင်းသူ့ကိုချိုးပေးလိုက်တာ။ရေချိုးပြီးတော့သူအကျီဝတ်နေတာကိုကြည့်ရင်းကျွန်တော်အ၀တ်လဲနေလိုက်တယ်။
သူအတွင်းစွပ်ကျယ်လေးဝတ်လိုက်တော့သူ့ဗိုက်လေးမဆိုစလောက်လေးထွက်လာပြီရယ်။ကျွန်တော်အနားလျှောက်သွားလိုက်ပြီးအဲ့ဗိုက်ပူပူလေးကိုခပ်ဖွဖွလေးပွတ်လိုက်တော့သူမျက်နှာလေးရဲပြီးရှက်ရယ်ရယ်တယ်။
Beam -"Forth "
Forth -"Umm Bae "
Beam -"ငါဗိုက်ဒီထက်ပိုထွက်လာရင်ခုအ၀တ်တွေ ဝတ်လို့အဆင်မပြေတော့ဘူး။အိမ်နေ၀တ်ကမင်းအကျီတွေယူဝတ်လို့ရပေမဲ့။အပြင်ဝတ်တွေကမရဘူးလေ၊အဲ့တာဒီတပတ် Shopingထွက်ရအောင်။ဘာလို့ဆိုငါဒီထက် ပိုဗိုက်ထွက်လာရင်လူကြားထဲမသွားချင်တော့လို့"လို့ပြောပြီးသူ့အောက်နှုတ်ခမ်းလေးကိုက်နေတယ်။
ကျွန်တော်သူ့သဘောကိုနားလည်ပါတယ်။ဘယ်လိုပဲကျွန်တော့ကိုချစ်လို့သူကိုယ်ဝန်ဆောင်ထားပေမဲ့ကိုယ်ဝန်သည်ယောက်ျားတယောက်ဆိုတာတော့လူတိုင်းထူးဆန်းနေသလိုကြည့်ကြမှာပဲလေ။
ကျွန်တော်လဲကျွန်တော့ချစ်ရသူကိုသူများတွေအထူးအဆန်းလိုကြည့်ကြမှာလက်မခံနိုင်ပါဘူး။ကျွန်တော်သူ့နှုတ်ခမ်းလေးကိုနမ်းလိုက်ပြီးတော့"သွားကြတာပေါ့ Bae"လို့ပြော လိုက်တယ်။
Shopping ထွက်တဲ့နေ့Beam Maa ပါပါလာတာ ကြောင့်အ၀တ်အစားရွေးဝယ်တဲ့အခါပိုအဆင်ပြေသွားတယ်။သူတို့သားအမိ၂ယောက်အချင်းချင်းတိုင်ပင်ပြီးဝယ်နေကြတာကိုကျွန်တော်ဝယ်သမျှအထုပ်တွေလက်၂ဖက်ကဆွဲရင်းသဘောကျလို့ပြုံးရင်းလိုက်နေမိတယ်။
Beamကသူ့အမေနဲ့တော်တော်ဆင်တယ်ဆိုတာခုမှသတိထားမိတယ်။အသားအရည်တွေမျက်လုံးတွေနှုတ်ခမ်းလေးတွေပေါ့။မျက်ခုံးနဲ့နှုတ်ခေါင်းမျက်နှာကျကတော့သူ့အဖေနဲ့ပိုတူတယ်။ဒါကြောင့်လဲကျွန်တော့ချစ်သူလေးကချစ်ဖို့လဲကောင်းပြီးချောနေတာနေမှာ။
ကျွန်တော့Babyလေးလဲသူရောကျွန်တော်ရော၂ယောက်လုံးနဲ့တူမှာပဲနေမှာ။ကျွန်တော်တယောက်ထဲတွေးပြီးပြုံးဖြီးဖြီးဖြစ်နေတာ Beam Maa ခေါ်မှပဲသတိပြန်ဝင်တော့ တယ်။
Beam Maa -"Forth သား တယောက်ထဲဘာတွေ သဘောကျနေလဲ။Maa ခေါ်နေတာကြာလှပြီ" ဆိုလို့ကျွန်တော်ရှက်ရှက်နဲ့ရယ်လိုက်မိတယ်။
Beam ကတော့ဘာမှမပြောပဲခပ်ပြုံးပြုံးနဲ့ကြည့်နေတယ်။
Forth -"ဘာမှမဟုတ်ပါဘူးMaa "လို့ပြောပြီး လက်ထဲကအထုပ်ကိုလှမ်းယူလိုက်တယ်။
Beam Maa က
Beam Maa - "Maa တို့ကိုတနေရာလိုက်ပို့ပေး သား"
Forth -"Chai Khrup Maa သားဘယ်ပို့ပေး ရမလဲ"
Beam -"Beam Paa ရဲ့Coatနဲ့Pantတွေချုပ်နေ ကျTailor ရှိတယ်။V Tailorတဲ့။အဲ့ကိုလိုက် ပို့ပေးသား။အကျီကအဆင်ပြေပေမဲ့ရှေ့လျှောက်လရင့်လာရင်ဘောင်းဘီကဒုက္ခရောက်လိမ့်မယ်၊အဲ့တာ Designer နဲ့သွားအပ်ပေးမလို့သားလိုက်ပို့ပေး"
ကျွန်တော်ခေါင်းငြိမ့်လိုက်ပြီးသွားဖို့ပြင်လိုက်ရင်းကသူ့Maaရဲ့အချက်ကျကျစဉ်းစားတက်တာကိုသဘောကျမိတယ်။ဟုတ်တယ်၊ကျွန်တော်တို့၂ယောက်ထဲဆိုMall ထဲပတ်ရှာနေအုံးမှာ။
ခုကျချုပ်မှာဆိုတော့ပိုအဆင်ပြေတာပေါ့။အဲ့ရောက်တော့ Designerနဲ့တိုင်ပင်ပြီး Beam အတွက်လိုတဲ့ပုံစံကို သေချာပြောပြီးအပ်လိုက်ကြတယ်။
လရင့်လာတဲ့အလိုက်ဝတ်လို့ရဖို့အဆင်ပြေအောင်ဒီဇိုင်းသေချာစဉ်းစားပြီးချုပ်ပေးမယ့်အကြောင်းပြောတယ်။အပ်ပြုပြီးအပြင်မှာပဲညစားစားလိုက်ကြပြီးတော့Beam Maaကိုအိမ်ပြန်လိုက်ပို့ပြီးတော့အိမ်ပြန်လာလိုက်ကြတယ်။
အိမ်ရောက်တော့တနေ့လုံးလျှောက်နေရတာဆိုတော့ကျွန်တော့Wifeလေးတော်တော်ပင်ပန်းနေပြီ။အိမ်ထဲရောက်တာနဲ့ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်နေတယ်။ကျွန်တော်အထုပ်တွေစားပွဲပေါ်တင်လိုက်ပြီးတော့သူ့ဘေးနားသွားထိုင်ပြီးနားထင်လေးတွေနှိပ်ပေးလိုက်တယ်။
Forth -"တော်တော်ပင်ပန်းသွားပြီလား Bae "
သူကျွန်တော်နှိပ်တာကိုမျက်လုံးလေးမှိတ်ပြီးငြိမ်ခံနေရင်းနဲ့
Beam -"Uhmm ဒါပေမဲ့ပင်ပန်းရကျိုးနပ်ပါတယ်၊ လိုတာအကုန်ရလာတယ်လေ"
Forth -"Uhmm ယောက္ခမကြီးကိုကျေးဇူးတင် တယ်။Maa ပါလို့လိုတာအကုန်ပါလာတာ၊နောက်ပြီး ဒီသားချောချောလေးကိုယ့်ကိုပေးထားလို့ရော"လို့ပြောပြီးသူပါးဖောင်းဖောင်းလေးကိုနှာခေါင်းမြုပ်တဲ့ထိဖိနမ်းလိုက်ေ
တာ့
Beam-"Oii !!! Forth ဖြေးဖြေးနမ်းပါ၊ ငါ့ပါးလဲပေါက်သွား နေအုံးမယ်"တဲ့။ချစ်လိုက်တာဆိုတာ။
Forth -"ကဲ ထ အပေါ်တက်ရအောင်၊ရေနွေးလေးစိမ် ပြီးရေချိုးလိုက်ပင်ပန်းတာလျော့သွားအောင်လို့"လို့ပြောတော့သူနှုတ်ခမ်းလေးစူပြီးလက်လေး၂ဖက်ဆန့်ပေးပြီးတော့
Beam -"မင်းချီကွာ၊ငါလမ်းမလျှောက်ချင်တော့ဘူး"တဲ့။ အချွဲလေးပါဆို။
ကျွန်တော်သူ့ရှေ့ထိုင်ချလိုက်ပြီးတော့ "တက်"လို့ပြောပြီး သူ့ကိုကျောပိုးပြီးအပေါ်ထပ်ခေါ်လာခဲ့တယ်။
သူအကျီချွတ်ဖို့ပြင်နေတုန်းBathtubထဲရေနွေးလေးစပ်ပြီးဖြည့်ထားလိုက်ပြီး"သူပြီးပြီ"လို့အော်ခေါ်တော့သူ့ကိုရေချိုးခန်းထဲခေါ်လာပြီးBathtubထဲဖြေးဖြေးလေးဝင်ခိုင်းလိုက်တယ်။
ကျွန်တော်သူ့ပုခုံးလေးတွေအကျောတွေပြေသွားအောင်နှိပ်ပေးလိုက်တော့ကျွန်တော့မျက်နှာကိုရေနဲ့တောက်ပြီးခပ်ပြုံးပြုံးနဲ့
Beam -"ငါ့လောက်ကံကောင်းတဲ့သူမရှိဘူး"တဲ့လေ။
Forth -"ကိုယ်လဲတူတူပဲ၊ကိုယ့်လောက်ကံကောင်း တဲ့သူမရှိဘူး"လို့ပြန်ပြောလိုက်ရင်း၂ယောက်သားရယ်မိကြတယ်။
ရေချိုးပြီးတော့သူအ၀တ်အစားလဲဖို့ထုတ်ပေးလိုက်ပြီးကျွန်တော်လဲရေမြန်မြန်ဝင်ချိုးလိုက်တယ်။ရေချိုးပြီးပြန်ထွက်လာတော့သူအောက်ဆင်းဖို့လုပ်နေတာတွေ့လို့မျက်မှောင်ကျုံလိုက်ပြီး
Forth -"Bae ဘယ်သွားမလို့လဲ"
Beam -"ဆေးသောက်မလို့ရေကုန်နေလို့ရေသွားဖြည့်မ လို့"တဲ့။
ကျွန်တော်သူ့နားမြန်မြန်သွားပြီးလက်ထဲကရေဗူးကိုယူလိုက်ရင်းက
Forth -"သွား ထိုင်နေ၊ကိုယ်သွားယူပေးမယ်။ကိုယ်ရှိ တယ်လေကွာ၊ပြောပေါ့ Baeရဲ့၊အတက်အဆင်းကို တခုခုချော်ကျဘလိုလုပ်မလဲ"လို့ပြောလိုက်တော့သူမျက်နှာငယ်လေးနဲ့
Beam -"ငါလဲကိုယ့်ကိုကိုယ်ဂရုစိုက်နိုင်ပါတယ်ကွာ"တဲ့။
ကျွန်တော်လေသံနဲနဲမာသွားတာသိပါတယ်။ဒါပေမဲ့မဖြစ်သင့်တာမဖြစ်အောင်ကြိုတင်တွေးထားရတာကိုး။သူ့ကိုဆွဲဖက်လိုက်တော့ရင်ခွင်ထဲမျက်နှာလေးအပ်ပြီးကျွန်တော့ကိုဖက်လာတယ်။ပြီးတော့လေသံတိုးတိုးလေးနဲ့
"Forth ငါ့ကိုအဲ့လ်ိုလေသံနဲ့မပြောပါနဲ့။ငါစိတ်မကောင်း ဘူး"တဲ့။ကျွန်တော်သက်ပြင်းချလိုက်ရင်းက
Forth -"ကိုယ်ကစိုးရိမ်လို့ပါ "လို့ပြောပြီးကုတင်မှာ ထိုင်ခိုင်းလိုက်ပြီးတော့အောက်ထပ်မြန်ုမန်ဆင်းပြီးရေမြန်မြန်ဖြည့်လိုက်ပြီးလိုလိုမယ်မယ်နောက်တဗူးထပ်ဆွဲယူလာခဲ့လိုက်တယ်။
သူဆေးသောက်နေတုန်းည၀တ်အကျီမြန်မြန်ဝတ်လိုက်ပြီးသူ့ကိုဆေးလိမ်းပေးဖို့ဆေးဗူးလေးယူလိုက်တယ်။သူဒီနေ့လျှောက်တာများတော့ခြေထောက်လေးတွေယောင်နေပြီလေ။
သူကိုယ်ဝန်စရှိကထဲကနေ့တိုင်းလိုလိုပဲဆေးလိမ်းပေးရတယ်။ဘာလို့ဆိုသူကဆေးရုံမှာတနေ့၃ခေါက်Roundရတော့ခြေထောက်လေးတွေကလျှောက်ရတာများပြီးသွေးကျပြီးယောင်နေပြီ။
ခုလဲသူ့ခြေထောက်လေးတွေကဆေးလိမ်းပေးဖို့ခုံပုလေးတခုံဆွဲယူထိုင်လိုက်ပြီးသူ့ခြေထောက်လေးကိုကျွန်တော့ပေါင်ပေါ်တင်လိုက်တယ်။စလ်ိမ်းပေးတုန်းကသူကျွန်တော့ကိုသူငရဲကြီးမှာမို့မလုပ်ပါနဲ့တဲ့လေ။
ကျွန်တော်ကလင်မယားကြားငရဲကြီးတာရှိမလားဆိုပြီးချော့ပြောမှလက်ခံသွားတာရယ်။ဒါတောင်ကျွန်တော်ဆေးလိမ်းပေးတိုင်းသူအားနာနေသလိုမျက်နှာလေးနဲ့။ခုလဲအဲ့တိုင်းပဲရယ်။
ကျွန်တော်ဆေးလိမ်းပေးပြီးတော့သူ့ခြေထောက်လေးကုတင်ပေါ်တင်ပေးလိုက်ပြီးသူ့ကိုစောင်သေချာခြုံပေးပြီးကျွန်တော်ပါသူ့ဘေးနားဝင်လှဲလိုက်တယ်။
ကျွန်တော့လက်မောင်းပေါ်သူအုံးအိပ်နေကျမို့လက်ဆန့်ပေးလိုက်ပြီးသူခေါင်းတင်လိုက်တော့နဖူးလေးဖွဖွလေးနမ်းပြီး
"Good Night Bae"လို့။
ကျွန်တော်ဘာရယ်မဟုတ်ဘူးသူ့ဗိုက်ပူပူလေးကိုအကျီပေါ်ကဖွဖွလေးပွတ်နေမိတယ်။ဘာလို့ဆိုခုနောက်ပိုင်းကျွန်တော့အကျင့်တခုကသူ့ဗိုက်ပူပူဖောင်းဖောင်းလေးကိုအချိန်ပြည့်ကိုင်ကြည့်ချင်နေတာ။