He is My Adorable Boyfriend [...

By Riverlyn__

100K 8.3K 422

Kim Jongin × Do Kyung Soo More

Episode 1
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 24 (Final)

Episode 15

3.6K 330 21
By Riverlyn__


Unicode     

  " Yifan!..... Yifan! Yifan! Yifan! "

   " ဟေ့ကောင် တိုးတိုး နေစမ်းကွာ ..... မင်း အသံပြဲကြီးနဲ့ .... အလုပ် လုပ်စမ်းပါ "

    သွား အဖြဲသားနဲ့ အော်နေတဲ့ Kim Jongin အား Yifan ဟောက် လေတော့ ဒင်းက အင့်ခနဲ မျက်နှာ မဲ့ကျသွားလေရဲ့။

အရင်က Cool guy image များမှာ ယခုဆိုလျှင် ပျောက်ကုန်သည်မှာ အစ ရှာမရ။

အခုလည်း Kyungie တို့ အပျော် ခရီး ထွက်မယ့် ကိစ္စမှာ Yifan ကို ပါ လိုက်ခိုင်းနေခြင်းပင်။

အကြောင်းက Yifan လိုက်လျှင် Yifan ကို အကြောင်းပြကာ သူလည်း လိုက်လိမ့်မည်။

ထိုမျှလောက် အသည်း အသန် ဖြစ်နေသော ဒင်းကို Yifan ကျပ်ရမှ ကျေနပ်နိုင်မည်။

သူက Sofa ပေါ်ကနေ ထလာကာ Yifan ပခုံးတွေကို ကိုင်ပြီး

     " ယောက်ဖလောင်း ကို ကူညီစမ်းပါကွာ ​နော်.. ညောင်းနေပြီလား ငါ နှိပ်ပေး၀မလား "

  " ဟေ့ကောင် ... ဟေ့ကောင် တော်ရုံပဲ ဖား "

  " မင်း ကူညီမယ် မလား Yifan ..... "

  " အခြေအနေ အရပဲ .... ဟားဟား"

  " အေးနော်.... Yifan မင်း မကူညီလို့ ကတော့ မင်း design Team A က တစ်​ယောက် ကို ကျိတ်ကြံနေတဲ့ ကိစ္စ ငါ လျှောက် ပြောပစ်မှာ "

  " ဟမ်.......... မင်း.... မင်း... ဘယ်လို လုပ်ပြီး......"

  " ဟဲ ဟဲ Kim Jongin ပါကွ မပိုင်ရင် ခြင်တောင် မရိုက်ဘူး မမိမှာဆိုးလို့ ...... ကဲ ရှင်းရှင်းပဲပြော ကူညီမှာလား မကူညီဘူးလား "

     လူယုတ်မာ အပြုံးမျိုးနဲ့ လိုက်ဖက်လှသော ဒင်း မျက်ခွက်အား ကုတ်ဆွဲ ချင်သည်မှာ Yifan ရဲ့ လတ်တလော ဆန္ဒဖြစ်သည်။

အခုလည်း အဲ့အပြုံးကြီးနဲ့ လာကြည့်နေပြန်တာ ။ ချီး! သူ့ ကို ကျပ်ပါမယ် ဆိုကာမှ ကိုယ်ပဲ ပြန် အကျပ်ခံလိုက်ရတဲ့ Yifan ပါပဲ... ။

    " ကူညီမယ် ကူညီမယ် .........အရူးကောင် Kyungie အနိုင်ကျင့်တာ ခံရပါစေ...... "

  " ကျိန်ဆဲနေတယ် ပေါ့လေ ..... ငါက ကောင်လေး အနိုင်ကျင့်လည်း ပျော်ပျော်ကြီး ခံဦးမှာ ဟား ဟား ......."

  " မင်းကြီးတော် "

  " ဟားဟား ..... Yifan ရယ် ဆဲစရာ စကားလုံး ကျန်သေးလား "

  " မင်း အတွက်ဆို အဆုံးမရှိပဲ ဟေ့ကောင် ........... "

  "ဟား.... ဟား.... ဟား...."

_____________

     " Kyungie တို့ ခရီး က ဒီတစ်ပတ်ထဲ သွားမှာလား "

    " ဟုတ်တယ်​လေ Hyung ဘာဖြစ်လို့လဲဟင် ? "

       ညစာ စား နေတုန်း Yifan Hyung က မေးလာလေရဲ့ .

   " အာ....... Hyung လည်း အလုပ်တွေ များနေတော့ ခရီး မထွက်ဖြစ်တာ ကြာပြီလေ အဲ့ဒါ ... Kyungie တို့နဲ့ လိုက်ရင် ကောင်းမလားလို့ "

  " ကောင်းတာပေါ့ Hyung ရဲ့ Kyungie တို့ လည်း ပိတ်ရက် သွားမှာပဲဟာ "

  " ဘယ်သူတွေ ပါမှာလဲ "

  " Kyungie ရယ် ... Chanyeol ရယ်... Baekhyun ရယ်....Junmyeon ရယ် Yixing ရယ် ပဲလေ Hyung "

   " ​အော်.... Hyung သူငယ်ချင်း Jongin နဲ့ Sehun လည်း လိုက်မယ် ဆိုလို့ မေးကြည့်တာပါ ရတယ် မလား ဟင် "

  " ရပါတယ် Hyung ရဲ့ ကိစ္စ မရှိပါဘူး ဟိုကောင်တွေက လူများရင် ပိုတောင် ပျော် ဦးမှာ လိုက်ခဲ့လေ .... "

   " ကျေးဇူး ...... Kyungie ရေ "

   " လိုလို့လား.... Hyung ရာ "

    " အေးပါကွာ.....ဟား.ဟား"

••••••••••••••••••••••••••••

     " ဟိ ဟိ Jongin Hyung ပါမှာတဲ့ "

    " ပျော် စရာကြီး "

    " နေပါဦး သူပါမှာ ကို ငါက ဘာကိစ္စ ပျော်နေတာ လဲ ....... ရူးနေလား Do Kyung Soo ......."

   " အိပ်မယ် .... အိပ်မယ် .... အိပ်တာပဲ ကောင်းတယ် ....."

     အဲ့သလိုနဲ့ Kyung Soo အိပ်ရာပေါ် လူးကာ လွန့်ကာ နှင့်ပင် အိပ်ပျော်သွားလေရဲ့............။

•••••••••••••••••••••••••••••••

   " ဝါးးး ......... ပင်လယ် ကြီးက လှလိုက်တာ........... "

     ပင်လယ်ကို ရောက်တာနဲ့ Junmyeon  ရော Baekhyun ရော ပြေး ထွက် သွားကြသည်။

Kyung Soo ကတော့ ဖြည်ဖြည်းချင်းပဲ လျှောက်နေတာကြောင့် ဘေးက ဖြတ်ပြေးသွားတဲ့ Chanyeol က

   " Kyung Soo လာလေ မြန်မြန်....... "

  " အေးပါကွာ အေးဆေးပေါ့ "

      ခဏ ကြာတော့ Chanyeol, Baekhyun, Junmyeon နဲ့ Yixing တို့က ရေထဲ ရောက်နေကြပြီ။

Kyung Soo ကတော့ ကမ်းစပ်မှာပဲ ရှိနေသေးသည်။

Jongin ရယ် Yifan ရယ် Sehun ရယ်ကတော့ ကမ်းစပ်နဲ့ နည်းနည်း သာ ကွာသည့် ဆိုင်တစ်ဆိုင် တွင် ရှိနေ ကြသည်။

   " ကဲ Kim Jongin ရေ မျက်လုံးကြီး Kyung Soo ပေါ် ကပ်သွားမယ်နော် "
  
    ကမ်းစပ်က Kyung Soo ကို ငေးနေတဲ့ Jongin ကို Sehun က ပြောလိုက်ခြင်း ဖြစ်သည်။ Yifan က အအေးခွက်ကို မော့သောက်ကာ

  " ပြောမနေနဲ့ Sehun ရေ ရောဂါက ကျွမ်းနေပြီ "

    " Jongin မင်း သူ့ကို တကယ် ချစ်တာပေါ့ ဟုတ်လား?"

   " ကျစ်.... မင်းတို့ကလည်း ငါ မသေချာတဲ့ ကိစ္စအတွက် ဘယ်တုန်းက အချိန် ဖြုန်းဖူးလို့လဲ တကယ် ချစ်လို့ သာ ဒီလောက် လိုက်လုပ်နေတာပေါ့ ဟ "

      Jongin အဖြေကို Sehun က ခေါင်း တငြိမ့်ငြိမ့် နဲ့ ။

Yifan ကတော့ ပခုံးကို အသာ ပုတ်သည်။

Jongin ကတော့ Kyung Soo ကို သာ ငေးနေမိသည်။

ကမ်းစပ်မှာ ရပ်နေတဲ့ ကောင်လေးက ရုတ်တရက် လှည့်ကြည့်လာတော့ အကြည့်ချင်း ဆုံးသွားတာကြောင့် ကောင်လေးက ရှက်ကိုး ရှက်ကန်းနဲ့ ဟိုကြည့်ဒီကြည့် လုပ်ကာ ပြန်လှည့်သွားသည်။ ပြီးတော့ ယောင်ချာချာ နဲ့ ရေထဲ ဆင်းသွားသေးသည်။

ခဏကြာတော့ ကျန်တဲ့လူတွေ က ဝိုင်းပြီး သူ့ကို စနေကြတာ။ အလယ်မှာ နေပြီး စိတ်တိုနေတဲ့ Kyung Soo က Jongin အတွက် အ​တော်​လေး ချစ်ဖို့ကောင်းနေသည်။

 ____________________

Zawgyi

     
  " Yifan!..... Yifan! Yifan! Yifan! "

   " ေဟ့ေကာင္ တိုးတိုး ေနစမ္းကြာ ..... မင္း အသံၿပဲႀကီးနဲ႔ .... အလုပ္ လုပ္စမ္းပါ "

    သြား အၿဖဲသားနဲ႔ ေအာ္ေနတဲ့ Kim Jongin အား Yifan ေဟာက္ ေလေတာ့ ဒင္းက အင့္ခနဲ မ်က္ႏွာ မဲ့က်သြားေလရဲ႕။

အရင္က Cool guy image မ်ားမွာ ယခုဆိုလွ်င္ ေပ်ာက္ကုန္သည္မွာ အစ ရွာမရ။

အခုလည္း Kyungie တို႔ အေပ်ာ္ ခရီး ထြက္မယ့္ ကိစၥမွာ Yifan ကို ပါ လိုက္ခိုင္းေနျခင္းပင္။

အေၾကာင္းက Yifan လိုက္လွ်င္ Yifan ကို အေၾကာင္းျပကာ သူလည္း လိုက္လိမ့္မည္။

ထိုမွ်ေလာက္ အသည္း အသန္ ျဖစ္ေနေသာ ဒင္းကို Yifan က်ပ္ရမွ ေက်နပ္ႏိုင္မည္။

သူက Sofa ေပၚကေန ထလာကာ Yifan ပခုံးေတြကို ကိုင္ၿပီး

     " ေယာက္ဖေလာင္း ကို ကူညီစမ္းပါကြာ ​ေနာ္.. ေညာင္းေနၿပီလား ငါ ႏွိပ္ေပး၀မလား "

  " ေဟ့ေကာင္ ... ေဟ့ေကာင္ ေတာ္႐ုံပဲ ဖား "

  " မင္း ကူညီမယ္ မလား Yifan ..... "

  " အေျခအေန အရပဲ .... ဟားဟား"

  " ေအးေနာ္.... Yifan မင္း မကူညီလို႔ ကေတာ့ မင္း design Team A က တစ္​ေယာက္ ကို က်ိတ္ႀကံေနတဲ့ ကိစၥ ငါ ေလွ်ာက္ ေျပာပစ္မွာ "

  " ဟမ္.......... မင္း.... မင္း... ဘယ္လို လုပ္ၿပီး......"

  " ဟဲ ဟဲ Kim Jongin ပါကြ မပိုင္ရင္ ျခင္ေတာင္ မ႐ိုက္ဘူး မမိမွာဆိုးလို႔ ...... ကဲ ရွင္းရွင္းပဲေျပာ ကူညီမွာလား မကူညီဘူးလား "

     လူယုတ္မာ အၿပဳံးမ်ိဳးနဲ႔ လိုက္ဖက္လွေသာ ဒင္း မ်က္ခြက္အား ကုတ္ဆြဲ ခ်င္သည္မွာ Yifan ရဲ႕ လတ္တေလာ ဆႏၵျဖစ္သည္။

အခုလည္း အဲ့အၿပဳံးႀကီးနဲ႔ လာၾကည့္ေနျပန္တာ ။ ခ်ီး! သူ႔ ကို က်ပ္ပါမယ္ ဆိုကာမွ ကိုယ္ပဲ ျပန္ အက်ပ္ခံလိုက္ရတဲ့ Yifan ပါပဲ... ။

    " ကူညီမယ္ ကူညီမယ္ .........အ႐ူးေကာင္ Kyungie အႏိုင္က်င့္တာ ခံရပါေစ...... "

  " က်ိန္ဆဲေနတယ္ ေပါ့ေလ ..... ငါက ေကာင္ေလး အႏိုင္က်င့္လည္း ေပ်ာ္ေပ်ာ္ႀကီး ခံဦးမွာ ဟား ဟား ......."

  " မင္းႀကီးေတာ္ "

  " ဟားဟား ..... Yifan ရယ္ ဆဲစရာ စကားလုံး က်န္ေသးလား "

  " မင္း အတြက္ဆို အဆုံးမရွိပဲ ေဟ့ေကာင္ ........... "

  "ဟား.... ဟား.... ဟား...."

_____________

     " Kyungie တို႔ ခရီး က ဒီတစ္ပတ္ထဲ သြားမွာလား "

    " ဟုတ္တယ္​ေလ Hyung ဘာျဖစ္လို႔လဲဟင္ ? "

       ညစာ စား ေနတုန္း Yifan Hyung က ေမးလာေလရဲ႕ .

   " အာ....... Hyung လည္း အလုပ္ေတြ မ်ားေနေတာ့ ခရီး မထြက္ျဖစ္တာ ၾကာၿပီေလ အဲ့ဒါ ... Kyungie တို႔နဲ႔ လိုက္ရင္ ေကာင္းမလားလို႔ "

  " ေကာင္းတာေပါ့ Hyung ရဲ႕ Kyungie တို႔ လည္း ပိတ္ရက္ သြားမွာပဲဟာ "

  " ဘယ္သူေတြ ပါမွာလဲ "

  " Kyungie ရယ္ ... Chanyeol ရယ္... Baekhyun ရယ္....Junmyeon ရယ္ Yixing ရယ္ ပဲေလ Hyung "

   " ​ေအာ္.... Hyung သူငယ္ခ်င္း Jongin နဲ႔ Sehun လည္း လိုက္မယ္ ဆိုလို႔ ေမးၾကည့္တာပါ ရတယ္ မလား ဟင္ "

  " ရပါတယ္ Hyung ရဲ႕ ကိစၥ မရွိပါဘူး ဟိုေကာင္ေတြက လူမ်ားရင္ ပိုေတာင္ ေပ်ာ္ ဦးမွာ လိုက္ခဲ့ေလ .... "

   " ေက်းဇူး ...... Kyungie ေရ "

   " လိုလို႔လား.... Hyung ရာ "

    " ေအးပါကြာ.....ဟား.ဟား"

••••••••••••••••••••••••••••

     " ဟိ ဟိ Jongin Hyung ပါမွာတဲ့ "

    " ေပ်ာ္ စရာႀကီး "

    " ေနပါဦး သူပါမွာ ကို ငါက ဘာကိစၥ ေပ်ာ္ေနတာ လဲ ....... ႐ူးေနလား Do Kyung Soo ......."

   " အိပ္မယ္ .... အိပ္မယ္ .... အိပ္တာပဲ ေကာင္းတယ္ ....."

     အဲ့သလိုနဲ႔ Kyung Soo အိပ္ရာေပၚ လူးကာ လြန႔္ကာ ႏွင့္ပင္ အိပ္ေပ်ာ္သြားေလရဲ႕............။

•••••••••••••••••••••••••••••••

   " ဝါးးး ......... ပင္လယ္ ႀကီးက လွလိုက္တာ........... "

     ပင္လယ္ကို ေရာက္တာနဲ႔ Junmyeon  ေရာ Baekhyun ေရာ ေျပး ထြက္ သြားၾကသည္။

Kyung Soo ကေတာ့ ျဖည္ျဖည္းခ်င္းပဲ ေလွ်ာက္ေနတာေၾကာင့္ ေဘးက ျဖတ္ေျပးသြားတဲ့ Chanyeol က

   " Kyung Soo လာေလ ျမန္ျမန္....... "

  " ေအးပါကြာ ေအးေဆးေပါ့ "

      ခဏ ၾကာေတာ့ Chanyeol, Baekhyun, Junmyeon နဲ႔ Yixing တို႔က ေရထဲ ေရာက္ေနၾကၿပီ။

Kyung Soo ကေတာ့ ကမ္းစပ္မွာပဲ ရွိေနေသးသည္။

Jongin ရယ္ Yifan ရယ္ Sehun ရယ္ကေတာ့ ကမ္းစပ္နဲ႔ နည္းနည္း သာ ကြာသည့္ ဆိုင္တစ္ဆိုင္ တြင္ ရွိေန ၾကသည္။

   " ကဲ Kim Jongin ေရ မ်က္လုံးႀကီး Kyung Soo ေပၚ ကပ္သြားမယ္ေနာ္ "
  
    ကမ္းစပ္က Kyung Soo ကို ေငးေနတဲ့ Jongin ကို Sehun က ေျပာလိုက္ျခင္း ျဖစ္သည္။ Yifan က အေအးခြက္ကို ေမာ့ေသာက္ကာ

  " ေျပာမေနနဲ႔ Sehun ေရ ေရာဂါက ကြၽမ္းေနၿပီ "

    " Jongin မင္း သူ႔ကို တကယ္ ခ်စ္တာေပါ့ ဟုတ္လား?"

   " က်စ္.... မင္းတို႔ကလည္း ငါ မေသခ်ာတဲ့ ကိစၥအတြက္ ဘယ္တုန္းက အခ်ိန္ ျဖဳန္းဖူးလို႔လဲ တကယ္ ခ်စ္လို႔ သာ ဒီေလာက္ လိုက္လုပ္ေနတာေပါ့ ဟ "

      Jongin အေျဖကို Sehun က ေခါင္း တၿငိမ့္ၿငိမ့္ နဲ႔ ။

Yifan ကေတာ့ ပခုံးကို အသာ ပုတ္သည္။

Jongin ကေတာ့ Kyung Soo ကို သာ ေငးေနမိသည္။

ကမ္းစပ္မွာ ရပ္ေနတဲ့ ေကာင္ေလးက ႐ုတ္တရက္ လွည့္ၾကည့္လာေတာ့ အၾကည့္ခ်င္း ဆုံးသြားတာေၾကာင့္ ေကာင္ေလးက ရွက္ကိုး ရွက္ကန္းနဲ႔ ဟိုၾကည့္ဒီၾကည့္ လုပ္ကာ ျပန္လွည့္သြားသည္။ ၿပီးေတာ့ ေယာင္ခ်ာခ်ာ နဲ႔ ေရထဲ ဆင္းသြားေသးသည္။

ခဏၾကာေတာ့ က်န္တဲ့လူေတြ က ဝိုင္းၿပီး သူ႔ကို စေနၾကတာ။ အလယ္မွာ ေနၿပီး စိတ္တိုေနတဲ့ Kyung Soo က Jongin အတြက္ အ​ေတာ္​ေလး ခ်စ္ဖို႔ေကာင္းေနသည္။

 ____________________

Continue Reading

You'll Also Like

1.7M 103K 40
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
661K 68.4K 26
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
1.7M 95.9K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
3.1M 257K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...