Unicode
" အာ ဒီတစ်ထည် မဟုတ်ဘူး "
" ဒါကြီးကလည်း အဆင်မပြေဘူး "
" ဒါကြီးက လူကြီးဆန်တယ် ... အား.... ကောင်လေးနဲ့ လျှောက်လည်ဖို့ ဝတ်စရာလည်း မရှိဘူး ဟူး ဘာ ဝတ်ရပါ့ မလဲ "
Jongin တစ်ယောက် သူဖွထားတဲ့ အဝတ်ပုံထဲ ထိုင်ကာ ခေါင်းကုတ်ပြီး ရေရွတ်နေမိသည်။
Sunday လျှောက်လည်ဖို့ကို Saturday ညနေ စောင်း ကတည်းက အိမ်ပြန်လာပြီး အဝတ်ပုံ မွှေနေခြင်းပင်။
ဖြစ်ချင်တော့ Company အလုပ်တွေထဲ ပဲ ခေါင်းးစိုက်နေခဲ့တဲ့ Jongin မှာ လူကြီးလူကောင်း ဆန်တဲ့ အဝတ်မျိုးတွေသာ ရှိသည်။
Jongin အဝတ်ပုံထဲ ထိုင်ကာ မှိုင်နေတုန်း အခန်းထဲ ဝင်လာတဲ့ Mrs.Kim..
" ဟယ် သား Jongin ဘာလို့ အဝတ်တွေ ဖွထားတာလဲကွယ် "
" ဝတ်စရာ မရှိလို့ မာမီရ "
" ဟေ ဒါတွေက ဝတ်စရာ မဟုတ်လို့ ဘာတွေလဲ Jongin ရဲ့ "
Mrs.Kim က Jongin ဖွထားတဲ့ အင်္ကျီတွေကို မေးငေါ့ပြကာ ရွဲ့တဲ့တဲ့ မေးလာသည်။ Jongin ကုတင်ပေါ်လူးလိမ့်ကာ
" မာမီကလည်း ဒါက အကုန် လူကြီးပုံတွေ သားက မနက်ဖြန် အပြင်သွားဖို့ လူငယ်ဆန်တာ ရှာနေတာ "
" ဘုရားရေ! Kim Jongin ငါ နားကြားများ မှားသလား နင်ပဲ လူကြီးလူကောင်း ဆန်အောင် နေမယ် ဆိုပြီး ဒါတွေ ဝယ်တာလေ ခုမှ ဘာထဖြစ်တာလဲ "
" မသိဘူး မာမီရာ သား မနက်ဖြန် အပြင်သွားမှာ သားကို အင်္ကျီ ဝိုင်းရှာပေး"
" ဒေါက် .... "
Jongin စကား အဆုံး ခေါင်းပေါ်ကျလာတဲ့ Mr.Kim ရဲ့ လက်ဆစ်ကို မြည်းစမ်း လိုက်ရသည်။
" နာတယ် မာမီရ ...... "
" နာအောင် ခေါက်တာလေ နာမှာပေါ့ Kim Jongin မင်း သေသေချာချာ ပြောစမ်း ချစ်သူ ရှိနေပြီလား "
Mrs.Kim မေးလိုက်တော့ Jongin ခမျာ အူလည်လည် နဲ့ ။
ချစ်သူ ရှိလားဆိုတော့ ရှိတော့ ရှိတယ် ။ ဒါပေမယ့် မရှိသေးဘူးလေ။
ကိုယ့်ဘက်က ပဲ ချစ်နေရသေးတာ ။ ဖွင့်မှ မပြောရသေးပဲ။ ဒါကြောင့် သူ့ကို ပြူးကြည့်နေတဲ့ Mrs.Kim ကို သွားဖြီးပြကာ
" မာမီကလည်း ဘယ်က ချစ်သူ ရှိရမှာလဲ ဒီလိုပါပဲ လျှောက်လည် မလို့ "
" အေးပါ အေးပါ မပြောချင်လည်း နေတော့ ဒါလေး မေးတာကို တကတည်း "
" အင်္ကျီရွေးပေးလို့ မာမီရာ "
အခန်း အပြင် ထွက်သွား မလို့ ပြင်နေတဲ့ Mrs.Kim ကို လှမ်းအော်တော့
" နားငြီးတယ် Kim Jongin နင့် အင်္ကျီတွေက ဒါတွေ ကြီးပဲ ရွေးနေလည်း မထူးဘူး ဒီနေ့ နင့်အမ Mira , duty off တယ် ပြောတယ် သူ့ကို လှမ်းမေး "
" ဟာာ ဟုတ်သားပဲ မေ့နေတာ Mira မကို "
ပါးစပ်က အပြောနှင့် အတူ လူက ဝုန်းခနဲ ဆင်းပြီး ph နားကို ရောက်ပြီးသား ဖြစ်နေတဲ့ Jongin ကို Mrs.Kim က ကုတင် ပေါ်က ခေါင်းအုံး နဲ့ ပစ်ပေါက်ကာ ထွက် သွား လေပြီ။
Jongin ကတော့ Mira ကို တဂျီဂျီ အပူကပ်နေလေရဲ့ .......။
__________________
" ဟဲ့ ခေါင်းက ဆံပင်တွေကို လှန် မတင်နဲ့လေ "
ပြောပြော ဆိုဆို လက်ထဲက hair spray ဘူး ကို စောင့်ဆွဲ လိုက်တဲ့ Mira ကြောင့် Jongin မျက်မှောင်ကြုတ် သွားရသည်။
" ဟဲ့ Mira မ ငါက ဆံပင်တွေ လှန်မတင် လို့ ဘယ်လို လုပ်ရမှာလဲ "
" ကျစ်!! Jongin ရာ နင် ဒီနေ့ Kyung Soo နဲ့ သွားမှာလေ တတ်နိုင်သလောက် လူငယ်ဆန်အောင် ပြင်သွားလေ ဆံပင်ကြီး လှန်တင် သွားရင် လူကြီး ဆန်တယ် ဟဲ့ "
" အဲ့တော့ ငါက ဘာလုပ်သွားရမှာလဲ "
" ဘာမှ မလုပ်နဲ့ ဒီအတိုင်းလေးပဲ ခပ်ဖွာဖွာလေး လုပ်သွား ငါ ရွေးဝယ် ပေးထားတဲ့ အင်္ကျီနဲ့ဆို ကွက်တိပဲ "
Mira က သေသေ သပ်သပ် ပြင်ဆင် ပေးပြီးနောက် ကိုယ့်ကို ကိုယ် မှန်ထဲ ပြန်ကြည့်မိတော့ ငါးနှစ်လောက် ငယ်သွား သည်ဟု ထင်မိသည်။ Mira က
" တွေ့လား ငါပြင်ဆင်ပေးထားတာနဲ့ နင်နဲ့ ဘယ်လောက် လိုက်သလဲ "
ခပ်ကြွားကြွား လေသံနဲ့ ပြောနေတဲ့ Mira ကို Jongin စချင်လာတာနဲ့
" မဆိုင်ပါဘူးဟာ ငါ့ ရုပ်ခံ ရှိလို့ပါ ကဲ ကဲ သွားပြီနော် "
ပြောပြီးတာနဲ့ ကားသော့နဲ့ ပိုက်ဆံအိတ် ကို ဆွဲကာ ပြေးထွက်လာလိုက်သည်။ အခန်းထဲမှာ ကျန်ခဲ့တဲ့ Mira ကတော့ မျိုးစုံ မေတ္တာပို့ကာ ကျန်ခဲ့လေရဲ့ ။
_________________
~ ကောင်လေး Hyung ရောက်ပြီ ဆင်းလာခဲ့တော့နော် ~
Kyung Soo ပြန်ရှည်လာတဲ့ အနက်ရောင် ခပ်တိုတို ဆံပင်လေးတွေကို သပ်ရပ်အောင် ဖြီးနေတုန်း
ဝင်လာတဲ့ Message ကြောင့် မြန်မြန် လုပ်ကာ ဆင်းလာလိုက်သည်။
အောက်ရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက
Kyung Soo ကို ပါးစပ် အဟောင်းသား ဖြစ်သွားစေသည်။
Jongin Hyung ရယ်လေ... ခါတိုင်းနဲ့ မတူ။ ကြယ်သီး အပြည့်တပ်ပြီး ဝတ်တတ်တဲ့ Shirt လက်ရှည်နဲ့ coat နေရာမှာ T-Shirt အဖြူ တစ်ထည်နှင့် Hoodie အနက် တစ်ထည်က နေရာ ယူထားသည်။
ဝတ်နေကြ Style Pant နေရာမှာ ခပ်ကြပ်ကြပ် နဲ့ အပြဲတွေ ပါတဲ့ Jean အနက် တစ်ထည် ရှိနေသည်။
ပုံမှန် လှန်တင်ထားတတ်တဲ့ ဆံပင် ညိုညိုတို့က ဒီနေ့တော့ နဖူးပေါ်မှ ခပ်ဖွာဖွာ ဝဲလို့။
" ကောင်လေး Hyung တို့ သွားကြမယ်လေ "
Kyung Soo ခြေဆုံးခေါင်းဆုံး ငေးနေမိတာ ကြာသွားသည်ထင်။
Hyung အသံကြားမှ သတိပြန်ဝင်လာပြီး အကြည့်လွှဲမိတော့ Hyung က လက်တစ်ဖက်နဲ့ ဂုတ်ကို ပွတ်ကာ မျက်နှာက ရဲနေသယောင် ။
နှစ်ယောက်ကြား အေးစက်နေတဲ့ လေထုကို ပျောက်စေဖို့ Kyung Soo ကပဲ
" သွားကြမယ်လေ Hyung အချိန်တောင် လင့်နေပြီ "
" သြော် အင်း အင်း "
ကားပေါ်ရောက်တော့
" ကောင်လေး ဘယ်သွားကြမလဲ "
" ကစားကွင်း သွားကြမယ် "
" ဟင် ? ကစားကွင်း "
" ဘာလို့လဲ Hyung အဆင်မပြေလို့လား ဒါဆိုလည်း Hyung အဆင်ပြေမယ့် နေရာ သွားလေ ကျွန်တော်က အဆင်ပြေပါတယ် "
" အာ ရတယ် ကစားကွင်းပဲ သွားကြမယ်လေ Hyung လည်း မရောက်တာ ကြာပြီ "
" ဟုတ် "
___________________
ကစားကွင်းရောက်တော့ Kyung Soo နဲ့ Jongin ပင်လယ် ဓားပြလှေ စီးကြသည်။
အမှန်က Kyung Soo အကြံပြု လို့ စီးကြတာပင် ။ ပြန်လည်း ဆင်းရော Kim Jongin တစ်ယောက် ယိုင်နဲ့ ယိုင်နဲ့ နှင့်ပင်။
Kyung Soo ကတော့ သူ့ကို ကြည့်ကာ ခဏခဏ ပြုံးနေမိသည်။
သရဲအိမ် ဝင်တော့လည်း ငယ်သံပါအောင် အော်တာ Jongin ပဲ ဖြစ်သည်။ Kyung Soo သာ သူ့လိုက်ဆွဲနေရတာနှင့်ပင် သရဲကို အာရုံ မစိုက်နိုင် ။
ကစားကွင်း တစ်ကွင်း လုံး ပတ်သွားပြီးမှ မြက်ခင်းပေါ်က ခုံတန်း ပေါ်မှာ ထိုင်ဖြစ်ကြသည်။ လက်ထဲမှာ ရေခဲမုန့် တစ်ခုစီနဲ့ ။
" ပျော်ရဲ့လား ကောင်လေး "
" ပျော်ပါတယ် Hyung ရဲ့ ဒီလို စိတ်လွတ် ကိုယ်လွတ် မပျော်ဖူးတာ ကြာပြီ "
" အင်း Hyung ရောပဲ အလုပ်တွေ ပိ နေတာနဲ့ မရောက်ဖြစ်ဘူး "
" ဒါနဲ့ Hyung က သရဲ တော်တော် ကြောက်တတ်တယ် ထင်တယ် နော် ဟိဟိ "
" အာ...... ကောင်လေးကလည်း "
" ဟီးး စတာပါ Hyung ရဲ့"
နေရခက်နေတဲ့ Hyung ကို ကြည့်ကာ ရယ်ပြီး ရေခဲမုန့် သာ ဆက်စားနေလိုက်သည်။
Hyung ပုံစံက စူပုတ်ပုတ်လေး ဖြစ်နေတာ။
" Hyung ကလည်း စတာကို စိတ်ဆိုးသွားတာလား "
" မဟုတ်ပါဘူး ကောင်လေးရာ စိတ်မဆိုးပါဘူး တကယ်တော့ Hyung လည်း နည်းနည်း ကြောက်တတ်ပါတယ် "
ပြုံးကာ ပြောလာသည့် Hyung ကြောင့် စိတ်သက်သာ ရာ ရသွားသည်။
ရေခဲမုန့် ဆက်စားနေတုန်း
" ကောင်လေး နှုတ်ခမ်းမှာ ရေခဲမုန့်တွေ "
" ဟုတ်လား ဒီမှာလား "
Kyung Soo ထင်သည့်နေရာကို သုတ်မိတော့ သူက ခေါင်းခါပြသည်။ ရုတ်တရက် Kyung Soo ရဲ့ နှုတ်ခမ်း ထောင့်စွန်းအား ထိတွေ့လာတဲ့ လက်တစ်ဖက်။ Kyung Soo နဲ့ Jongin တို့ အတန်ကြာအောင် တစ်ယောက်နဲ့ တစ်ယောက် ကြည့်နေမိကြသည်။ နှစ်ယောက် စလုံး အကြည့် လွှဲဖို့ မေ့နေကြသည် အထိ။
~3 min
~4 min
~5 min
" yay......."
" အဟမ်းး အဟမ်း ဟွတ် ဟွတ် "
ဘေးက ကလေး တစ်ယောက် ဖြတ်ပြေးရင်း အော်သွားတော့မှ နှစ်ယောက်လုံး သတိဝင်လာပြီး ချောင်းတွေ ဆိုးကုန်ကြသည်။ Jongin က
" အဟမ်း သွား ..... သွားး ကြမယ်လေ '"
" ဟုတ် ... ဟုတ် သွားမယ်လေ "
နှစ်ယောက် စလုံး ရှက်ကိုး ရှက်ကန်း နှင့် ထထွက်လာကြသည်။
ကားစီးပြီး ညဈေး လျှောက်ကြသည်။ မုန့်တွေ လျှောက်စားနေတုန်း အသံတစ်ခု ကြားလို့ လှည့်ကြည့် မိတော့ ကောင်လေး တစ်ယောက်ကို လူ နှစ်ယောက်က အနိုင်ကျင့် နေကြတာ။
Kyung Soo ခပ်တည်တည်နဲ့ ဝင်ကူညီလိုက်သည်။
သို့သော် ထင်မထားတာက သူတို့ဘက်က လူက 10 ယောက်လောက် ရှိနေတာပင်။
ဒါကြောင့် ဈေးကလူတွေ ငြိမ်နေကြတာကိုး။ လူမိုက်တွေ အလယ်က Kyung Soo နဲ့ Jongin က ချွေးပြန်နေပြီ။ ထိုအချိန် Kyung Soo က Jongin လက်ကို ဖမ်းကိုင်လိုက်ကာ လေသံတိုးတိုးဖြင့်
" Hyung အပြေးသန်တယ် မလား "
" ဟင် !"
Jongin သဲသဲကွဲကွဲ မကြားရတာ ကြောင့် ပြန်မေးနေသည်။ Kyung Soo လည်း အခြေအနေ မဟန်တာကြောင့် အသင့်ပြင်ကာ
" 1.....2.....3... ပြေး Hyung "
Kyung Soo အော်ပြီးတာနှင့် Jongin လက်ကို ဆွဲကာ ပြေးတော့သည်။ အခြေအနေကို နားမလည် လိုက်သည့် Jongin က ကန့်လန့် ကန့်လန့် ကြီး ပါသွားပြန်သည်။
အချိန် အတန်ကြာ ပြေးပြီးသည့်နောက် လူတွေ လိုက်မလာတော့တာကြောင့် နှစ်ယောက်လုံး ရပ်ကာ အမောဖြေကြသည်။ ပြီးမှ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အော်ရယ်မိကြသည်။
" sorry Hyung ကျွန်တော့်ကြောင့် မောသွားပြီ ကျွန်တော် လည်း သူတို့ အဲ့လောက် လူများမယ်မှန်း မသိလို့ "
" ရပါတယ် ကောင်လေးရ ကောင်လေး ဝင်မကူလည်း Hyung ဝင်ပါဖို့ လုပ်ထားတာပါ ပြေးလိုက်ရတော့ လေ့ကျင့်ခန်း ဖြစ်တာပေါ့ ဟားဟား "
" ဒါနဲ့ Hyung ကားလည်း ကျန်ခဲ့ပြီ ဘာလုပ်ကြမလဲ "
" ကောင်လေး လမ်းးမလျှောက်နိုင်ရင် ကားငှါးကြမယ်လေ "
" ရတယ် Hyung လမ်းလျှောက်ပြန်မလား "
" Ok လေ သွားကြတာပေါ့ "
နှစ်ယောက်စလုံး စရင်း နောက်ရင်း ဖြင့်ပင် အိမ်ပြန်ရောက်ခဲ့ကြသည်။ အိမ်ရှေ့ရောက်တော့
" ကဲ ဒီနေ့ အတွက် ကျေးဇူးပါ Hyung ပျော်ခဲ့ရတယ် "
" ဟုတ်ပါပြီ ကောင်လေး ကောင်းကောင်း အိပ်နော် "
" ဟုတ်ကဲ့ Hyung အိမ်ပြန်ရောက်ရင် ph ဆက်ပါ နော် "
" ဘာလို့လဲ ကောင်လေးက Hyung ကို စိတ်ပူတာလား "
" အာ... hyung ကလည်း... နေတော့ မဆက်ချင်လည်း မဆက်နဲ့တော့ "
ချာခနဲ လှည့်ထွက်သွားတဲ့ ကောင်လေးက ဘယ်လို ကြည့်ကြည့် ပြေးရိုက် ချင်စရာလေး။
ထိုညက Jongin ရော Kyung Soo ပါ မောမော ပန်းပန်း နဲ့ အိပ်ပျော် သွားခဲ့ကြသည်။
_________________________
Zawgyi
" အာ ဒီတစ္ထည္ မဟုတ္ဘူး "
" ဒါႀကီးကလည္း အဆင္မေျပဘူး "
" ဒါႀကီးက လူႀကီးဆန္တယ္ ... အား.... ေကာင္ေလးနဲ႔ ေလွ်ာက္လည္ဖို႔ ဝတ္စရာလည္း မရွိဘူး ဟူး ဘာ ဝတ္ရပါ့ မလဲ "
Jongin တစ္ေယာက္ သူဖြထားတဲ့ အဝတ္ပုံထဲ ထိုင္ကာ ေခါင္းကုတ္ၿပီး ေရ႐ြတ္ေနမိသည္။
Sunday ေလွ်ာက္လည္ဖို႔ကို Saturday ညေန ေစာင္း ကတည္းက အိမ္ျပန္လာၿပီး အဝတ္ပုံ ေမႊေနျခင္းပင္။
ျဖစ္ခ်င္ေတာ့ Company အလုပ္ေတြထဲ ပဲ ေခါင္းးစိုက္ေနခဲ့တဲ့ Jongin မွာ လူႀကီးလူေကာင္း ဆန္တဲ့ အဝတ္မ်ိဳးေတြသာ ရွိသည္။
Jongin အဝတ္ပုံထဲ ထိုင္ကာ မႈိင္ေနတုန္း အခန္းထဲ ဝင္လာတဲ့ Mrs.Kim..
" ဟယ္ သား Jongin ဘာလို႔ အဝတ္ေတြ ဖြထားတာလဲကြယ္ "
" ဝတ္စရာ မရွိလို႔ မာမီရ "
" ေဟ ဒါေတြက ဝတ္စရာ မဟုတ္လို႔ ဘာေတြလဲ Jongin ရဲ႕ "
Mrs.Kim က Jongin ဖြထားတဲ့ အက်ႌေတြကို ေမးေငါ့ျပကာ ႐ြဲ႕တဲ့တဲ့ ေမးလာသည္။ Jongin ကုတင္ေပၚလူးလိမ့္ကာ
" မာမီကလည္း ဒါက အကုန္ လူႀကီးပုံေတြ သားက မနက္ျဖန္ အျပင္သြားဖို႔ လူငယ္ဆန္တာ ရွာေနတာ "
" ဘုရားေရ! Kim Jongin ငါ နားၾကားမ်ား မွားသလား နင္ပဲ လူႀကီးလူေကာင္း ဆန္ေအာင္ ေနမယ္ ဆိုၿပီး ဒါေတြ ဝယ္တာေလ ခုမွ ဘာထျဖစ္တာလဲ "
" မသိဘူး မာမီရာ သား မနက္ျဖန္ အျပင္သြားမွာ သားကို အက်ႌ ဝိုင္းရွာေပး"
" ေဒါက္ .... "
Jongin စကား အဆုံး ေခါင္းေပၚက်လာတဲ့ Mr.Kim ရဲ႕ လက္ဆစ္ကို ျမည္းစမ္း လိုက္ရသည္။
" နာတယ္ မာမီရ ...... "
" နာေအာင္ ေခါက္တာေလ နာမွာေပါ့ Kim Jongin မင္း ေသေသခ်ာခ်ာ ေျပာစမ္း ခ်စ္သူ ရွိေနၿပီလား "
Mrs.Kim ေမးလိုက္ေတာ့ Jongin ခမ်ာ အူလည္လည္ နဲ႔ ။
ခ်စ္သူ ရွိလားဆိုေတာ့ ရွိေတာ့ ရွိတယ္ ။ ဒါေပမယ့္ မရွိေသးဘူးေလ။
ကိုယ့္ဘက္က ပဲ ခ်စ္ေနရေသးတာ ။ ဖြင့္မွ မေျပာရေသးပဲ။ ဒါေၾကာင့္ သူ႔ကို ျပဴးၾကည့္ေနတဲ့ Mrs.Kim ကို သြားၿဖီးျပကာ
" မာမီကလည္း ဘယ္က ခ်စ္သူ ရွိရမွာလဲ ဒီလိုပါပဲ ေလွ်ာက္လည္ မလို႔ "
" ေအးပါ ေအးပါ မေျပာခ်င္လည္း ေနေတာ့ ဒါေလး ေမးတာကို တကတည္း "
" အက်ႌေ႐ြးေပးလို႔ မာမီရာ "
အခန္း အျပင္ ထြက္သြား မလို႔ ျပင္ေနတဲ့ Mrs.Kim ကို လွမ္းေအာ္ေတာ့
" နားၿငီးတယ္ Kim Jongin နင့္ အက်ႌေတြက ဒါေတြ ႀကီးပဲ ေ႐ြးေနလည္း မထူးဘူး ဒီေန႔ နင့္အမ Mira , duty off တယ္ ေျပာတယ္ သူ႔ကို လွမ္းေမး "
" ဟာာ ဟုတ္သားပဲ ေမ့ေနတာ Mira မကို "
ပါးစပ္က အေျပာႏွင့္ အတူ လူက ဝုန္းခနဲ ဆင္းၿပီး ph နားကို ေရာက္ၿပီးသား ျဖစ္ေနတဲ့ Jongin ကို Mrs.Kim က ကုတင္ ေပၚက ေခါင္းအုံး နဲ႔ ပစ္ေပါက္ကာ ထြက္ သြား ေလၿပီ။
Jongin ကေတာ့ Mira ကို တဂ်ီဂ်ီ အပူကပ္ေနေလရဲ႕ .......။
__________________
" ဟဲ့ ေခါင္းက ဆံပင္ေတြကို လွန္ မတင္နဲ႔ေလ "
ေျပာေျပာ ဆိုဆို လက္ထဲက hair spray ဘူး ကို ေစာင့္ဆြဲ လိုက္တဲ့ Mira ေၾကာင့္ Jongin မ်က္ေမွာင္ၾကဳတ္ သြားရသည္။
" ဟဲ့ Mira မ ငါက ဆံပင္ေတြ လွန္မတင္ လို႔ ဘယ္လို လုပ္ရမွာလဲ "
" က်စ္!! Jongin ရာ နင္ ဒီေန႔ Kyung Soo နဲ႔ သြားမွာေလ တတ္ႏိုင္သေလာက္ လူငယ္ဆန္ေအာင္ ျပင္သြားေလ ဆံပင္ႀကီး လွန္တင္ သြားရင္ လူႀကီး ဆန္တယ္ ဟဲ့ "
" အဲ့ေတာ့ ငါက ဘာလုပ္သြားရမွာလဲ "
" ဘာမွ မလုပ္နဲ႔ ဒီအတိုင္းေလးပဲ ခပ္ဖြာဖြာေလး လုပ္သြား ငါ ေ႐ြးဝယ္ ေပးထားတဲ့ အက်ႌနဲ႔ဆို ကြက္တိပဲ "
Mira က ေသေသ သပ္သပ္ ျပင္ဆင္ ေပးၿပီးေနာက္ ကိုယ့္ကို ကိုယ္ မွန္ထဲ ျပန္ၾကည့္မိေတာ့ ငါးႏွစ္ေလာက္ ငယ္သြား သည္ဟု ထင္မိသည္။ Mira က
" ေတြ႕လား ငါျပင္ဆင္ေပးထားတာနဲ႔ နင္နဲ႔ ဘယ္ေလာက္ လိုက္သလဲ "
ခပ္ႂကြားႂကြား ေလသံနဲ႔ ေျပာေနတဲ့ Mira ကို Jongin စခ်င္လာတာနဲ႔
" မဆိုင္ပါဘူးဟာ ငါ့ ႐ုပ္ခံ ရွိလို႔ပါ ကဲ ကဲ သြားၿပီေနာ္ "
ေျပာၿပီးတာနဲ႔ ကားေသာ့နဲ႔ ပိုက္ဆံအိတ္ ကို ဆြဲကာ ေျပးထြက္လာလိုက္သည္။ အခန္းထဲမွာ က်န္ခဲ့တဲ့ Mira ကေတာ့ မ်ိဳးစုံ ေမတၱာပို႔ကာ က်န္ခဲ့ေလရဲ႕ ။
_________________
~ ေကာင္ေလး Hyung ေရာက္ၿပီ ဆင္းလာခဲ့ေတာ့ေနာ္ ~
Kyung Soo ျပန္ရွည္လာတဲ့ အနက္ေရာင္ ခပ္တိုတို ဆံပင္ေလးေတြကို သပ္ရပ္ေအာင္ ၿဖီးေနတုန္း
ဝင္လာတဲ့ Message ေၾကာင့္ ျမန္ျမန္ လုပ္ကာ ဆင္းလာလိုက္သည္။
ေအာက္ေရာက္ေတာ့ ျမင္လိုက္ရတဲ့ ျမင္ကြင္းက
Kyung Soo ကို ပါးစပ္ အေဟာင္းသား ျဖစ္သြားေစသည္။
Jongin Hyung ရယ္ေလ... ခါတိုင္းနဲ႔ မတူ။ ၾကယ္သီး အျပည့္တပ္ၿပီး ဝတ္တတ္တဲ့ Shirt လက္ရွည္နဲ႔ coat ေနရာမွာ T-Shirt အျဖဴ တစ္ထည္ႏွင့္ Hoodie အနက္ တစ္ထည္က ေနရာ ယူထားသည္။
ဝတ္ေနၾက Style Pant ေနရာမွာ ခပ္ၾကပ္ၾကပ္ နဲ႔ အၿပဲေတြ ပါတဲ့ Jean အနက္ တစ္ထည္ ရွိေနသည္။
ပုံမွန္ လွန္တင္ထားတတ္တဲ့ ဆံပင္ ညိဳညိဳတို႔က ဒီေန႔ေတာ့ နဖူးေပၚမွ ခပ္ဖြာဖြာ ဝဲလို႔။
" ေကာင္ေလး Hyung တို႔ သြားၾကမယ္ေလ "
Kyung Soo ေျခဆုံးေခါင္းဆုံး ေငးေနမိတာ ၾကာသြားသည္ထင္။
Hyung အသံၾကားမွ သတိျပန္ဝင္လာၿပီး အၾကည့္လႊဲမိေတာ့ Hyung က လက္တစ္ဖက္နဲ႔ ဂုတ္ကို ပြတ္ကာ မ်က္ႏွာက ရဲေနသေယာင္ ။
ႏွစ္ေယာက္ၾကား ေအးစက္ေနတဲ့ ေလထုကို ေပ်ာက္ေစဖို႔ Kyung Soo ကပဲ
" သြားၾကမယ္ေလ Hyung အခ်ိန္ေတာင္ လင့္ေနၿပီ "
" ေၾသာ္ အင္း အင္း "
ကားေပၚေရာက္ေတာ့
" ေကာင္ေလး ဘယ္သြားၾကမလဲ "
" ကစားကြင္း သြားၾကမယ္ "
" ဟင္ ? ကစားကြင္း "
" ဘာလို႔လဲ Hyung အဆင္မေျပလို႔လား ဒါဆိုလည္း Hyung အဆင္ေျပမယ့္ ေနရာ သြားေလ ကြၽန္ေတာ္က အဆင္ေျပပါတယ္ "
" အာ ရတယ္ ကစားကြင္းပဲ သြားၾကမယ္ေလ Hyung လည္း မေရာက္တာ ၾကာၿပီ "
" ဟုတ္ "
___________________
ကစားကြင္းေရာက္ေတာ့ Kyung Soo နဲ႔ Jongin ပင္လယ္ ဓားျပေလွ စီးၾကသည္။
အမွန္က Kyung Soo အႀကံျပဳ လို႔ စီးၾကတာပင္ ။ ျပန္လည္း ဆင္းေရာ Kim Jongin တစ္ေယာက္ ယိုင္နဲ႔ ယိုင္နဲ႔ ႏွင့္ပင္။
Kyung Soo ကေတာ့ သူ႔ကို ၾကည့္ကာ ခဏခဏ ၿပဳံးေနမိသည္။
သရဲအိမ္ ဝင္ေတာ့လည္း ငယ္သံပါေအာင္ ေအာ္တာ Jongin ပဲ ျဖစ္သည္။ Kyung Soo သာ သူ႔လိုက္ဆြဲေနရတာႏွင့္ပင္ သရဲကို အာ႐ုံ မစိုက္ႏိုင္ ။
ကစားကြင္း တစ္ကြင္း လုံး ပတ္သြားၿပီးမွ ျမက္ခင္းေပၚက ခုံတန္း ေပၚမွာ ထိုင္ျဖစ္ၾကသည္။ လက္ထဲမွာ ေရခဲမုန႔္ တစ္ခုစီနဲ႔ ။
" ေပ်ာ္ရဲ႕လား ေကာင္ေလး "
" ေပ်ာ္ပါတယ္ Hyung ရဲ႕ ဒီလို စိတ္လြတ္ ကိုယ္လြတ္ မေပ်ာ္ဖူးတာ ၾကာၿပီ "
" အင္း Hyung ေရာပဲ အလုပ္ေတြ ပိ ေနတာနဲ႔ မေရာက္ျဖစ္ဘူး "
" ဒါနဲ႔ Hyung က သရဲ ေတာ္ေတာ္ ေၾကာက္တတ္တယ္ ထင္တယ္ ေနာ္ ဟိဟိ "
" အာ...... ေကာင္ေလးကလည္း "
" ဟီးး စတာပါ Hyung ရဲ႕"
ေနရခက္ေနတဲ့ Hyung ကို ၾကည့္ကာ ရယ္ၿပီး ေရခဲမုန႔္ သာ ဆက္စားေနလိုက္သည္။
Hyung ပုံစံက စူပုတ္ပုတ္ေလး ျဖစ္ေနတာ။
" Hyung ကလည္း စတာကို စိတ္ဆိုးသြားတာလား "
" မဟုတ္ပါဘူး ေကာင္ေလးရာ စိတ္မဆိုးပါဘူး တကယ္ေတာ့ Hyung လည္း နည္းနည္း ေၾကာက္တတ္ပါတယ္ "
ၿပဳံးကာ ေျပာလာသည့္ Hyung ေၾကာင့္ စိတ္သက္သာ ရာ ရသြားသည္။
ေရခဲမုန႔္ ဆက္စားေနတုန္း
" ေကာင္ေလး ႏႈတ္ခမ္းမွာ ေရခဲမုန႔္ေတြ "
" ဟုတ္လား ဒီမွာလား "
Kyung Soo ထင္သည့္ေနရာကို သုတ္မိေတာ့ သူက ေခါင္းခါျပသည္။ ႐ုတ္တရက္ Kyung Soo ရဲ႕ ႏႈတ္ခမ္း ေထာင့္စြန္းအား ထိေတြ႕လာတဲ့ လက္တစ္ဖက္။ Kyung Soo နဲ႔ Jongin တို႔ အတန္ၾကာေအာင္ တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္ေနမိၾကသည္။ ႏွစ္ေယာက္ စလုံး အၾကည့္ လႊဲဖို႔ ေမ့ေနၾကသည္ အထိ။
~3 min
~4 min
~5 min
" yay......."
" အဟမ္းး အဟမ္း ဟြတ္ ဟြတ္ "
ေဘးက ကေလး တစ္ေယာက္ ျဖတ္ေျပးရင္း ေအာ္သြားေတာ့မွ ႏွစ္ေယာက္လုံး သတိဝင္လာၿပီး ေခ်ာင္းေတြ ဆိုးကုန္ၾကသည္။ Jongin က
" အဟမ္း သြား ..... သြားး ၾကမယ္ေလ '"
" ဟုတ္ ... ဟုတ္ သြားမယ္ေလ "
ႏွစ္ေယာက္ စလုံး ရွက္ကိုး ရွက္ကန္း ႏွင့္ ထထြက္လာၾကသည္။
ကားစီးၿပီး ညေဈး ေလွ်ာက္ၾကသည္။ မုန႔္ေတြ ေလွ်ာက္စားေနတုန္း အသံတစ္ခု ၾကားလို႔ လွည့္ၾကည့္ မိေတာ့ ေကာင္ေလး တစ္ေယာက္ကို လူ ႏွစ္ေယာက္က အႏိုင္က်င့္ ေနၾကတာ။
Kyung Soo ခပ္တည္တည္နဲ႔ ဝင္ကူညီလိုက္သည္။
သို႔ေသာ္ ထင္မထားတာက သူတို႔ဘက္က လူက 10 ေယာက္ေလာက္ ရွိေနတာပင္။
ဒါေၾကာင့္ ေဈးကလူေတြ ၿငိမ္ေနၾကတာကိုး။ လူမိုက္ေတြ အလယ္က Kyung Soo နဲ႔ Jongin က ေခြၽးျပန္ေနၿပီ။ ထိုအခ်ိန္ Kyung Soo က Jongin လက္ကို ဖမ္းကိုင္လိုက္ကာ ေလသံတိုးတိုးျဖင့္
" Hyung အေျပးသန္တယ္ မလား "
" ဟင္ !"
Jongin သဲသဲကြဲကြဲ မၾကားရတာ ေၾကာင့္ ျပန္ေမးေနသည္။ Kyung Soo လည္း အေျခအေန မဟန္တာေၾကာင့္ အသင့္ျပင္ကာ
" 1.....2.....3... ေျပး Hyung "
Kyung Soo ေအာ္ၿပီးတာႏွင့္ Jongin လက္ကို ဆြဲကာ ေျပးေတာ့သည္။ အေျခအေနကို နားမလည္ လိုက္သည့္ Jongin က ကန႔္လန႔္ ကန႔္လန႔္ ႀကီး ပါသြားျပန္သည္။
အခ်ိန္ အတန္ၾကာ ေျပးၿပီးသည့္ေနာက္ လူေတြ လိုက္မလာေတာ့တာေၾကာင့္ ႏွစ္ေယာက္လုံး ရပ္ကာ အေမာေျဖၾကသည္။ ၿပီးမွ တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ကာ ေအာ္ရယ္မိၾကသည္။
" sorry Hyung ကြၽန္ေတာ့္ေၾကာင့္ ေမာသြားၿပီ ကြၽန္ေတာ္ လည္း သူတို႔ အဲ့ေလာက္ လူမ်ားမယ္မွန္း မသိလို႔ "
" ရပါတယ္ ေကာင္ေလးရ ေကာင္ေလး ဝင္မကူလည္း Hyung ဝင္ပါဖို႔ လုပ္ထားတာပါ ေျပးလိုက္ရေတာ့ ေလ့က်င့္ခန္း ျဖစ္တာေပါ့ ဟားဟား "
" ဒါနဲ႔ Hyung ကားလည္း က်န္ခဲ့ၿပီ ဘာလုပ္ၾကမလဲ "
" ေကာင္ေလး လမ္းးမေလွ်ာက္ႏိုင္ရင္ ကားငွါးၾကမယ္ေလ "
" ရတယ္ Hyung လမ္းေလွ်ာက္ျပန္မလား "
" Ok ေလ သြားၾကတာေပါ့ "
ႏွစ္ေယာက္စလုံး စရင္း ေနာက္ရင္း ျဖင့္ပင္ အိမ္ျပန္ေရာက္ခဲ့ၾကသည္။ အိမ္ေရွ႕ေရာက္ေတာ့
" ကဲ ဒီေန႔ အတြက္ ေက်းဇူးပါ Hyung ေပ်ာ္ခဲ့ရတယ္ "
" ဟုတ္ပါၿပီ ေကာင္ေလး ေကာင္းေကာင္း အိပ္ေနာ္ "
" ဟုတ္ကဲ့ Hyung အိမ္ျပန္ေရာက္ရင္ ph ဆက္ပါ ေနာ္ "
" ဘာလို႔လဲ ေကာင္ေလးက Hyung ကို စိတ္ပူတာလား "
" အာ... hyung ကလည္း... ေနေတာ့ မဆက္ခ်င္လည္း မဆက္နဲ႔ေတာ့ "
ခ်ာခနဲ လွည့္ထြက္သြားတဲ့ ေကာင္ေလးက ဘယ္လို ၾကည့္ၾကည့္ ေျပး႐ိုက္ ခ်င္စရာေလး။
ထိုညက Jongin ေရာ Kyung Soo ပါ ေမာေမာ ပန္းပန္း နဲ႔ အိပ္ေပ်ာ္ သြားခဲ့ၾကသည္။
_________________________