He is My Adorable Boyfriend [...

Av Riverlyn__

100K 8.3K 422

Kim Jongin × Do Kyung Soo Mer

Episode 1
Episode 02
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 24 (Final)

Episode 10

3.9K 341 4
Av Riverlyn__

Unicode

   " အဲ့တော့ သူက မင်းကို စိတ်ဝင်စား နေတယ်ပေါ့ သူက ဒီလို ပေါ့ "

      ခုံကို နောက် ပြန် ထိုင်ကာ မေးနေတဲ့ Baekhyun ကို စွေစောင်းကာ ကြည့်မိသည် ။

ဟိုနေ့က ကားပေါ်က အခြေ အနေကို ပြန် ပြောပြ မိတာ ကြောင့် သူထင်သလို ထင်ကြေး ပေးနေခြင်း ပင် ။

ထင်​ကြေး​ပေးတာ​​တောင် ရိုးရိုးမဟုတ်... သူက ဒီလို​ပေါ့ ဟုဆိုကာ ​ပေတံကို ​ကွေးပြ​နေ​သေးသည်။

    " ဘယ်သိမလဲကွာ သူ ​ကွေး လား ဘာလား သိဖို့ မပြောနဲ့ ငါ့ကိုယ်ငါ တောင် ဘာမှန်း မသဲကွဲဘူး "

     သူ့စကား အဆုံး Chanyeol က ရယ်သည်။

   " မင်းသူ့ကို တွေ့ရင် ဘယ်လို ခံစားရလဲ Kyung Soo "

   " Park Chanyeol ရယ် ငါလည်း မသိပါဘူး ဆိုကွာ "

     သူ့ အဖြေကို Chanyeol က မကျေနပ်သည့်နှယ် နှာခေါင်းရှုံ့ သည်။

Baekhyun ကတော့ မရှိသည့် မုတ်ဆိတ်မွှေးကို ပွတ်ကာ ဆရာကြီး ဆိုဒ် နဲ့

   " ငါ ထင်တာ ပြောရရင် မင်းသူ့ကို ချစ်နေပြီ ထင်တယ် ဘာလို့ဆို မင်း သူ့ကို သဝန်တို နေတယ် မလား "

   " အာ...... ဒါနဲ့ ဘာဆိုင်လို့လဲ "

  " Do Kyung Soo ရယ် မင်းကလေ အချစ်နဲ့ ပက်သက်လာရင် တကယ့် ကလေး ပဲ အဲ့တော့ကာ..... အချစ်မှာ ဆရာ တစ်ဆူ ဖြစ်တဲ့ Byun Baekhyun က တာဝန်ယူတယ် "

    ခေါင်းမော့ ရင်ကော့ပြီး ပြောနေတဲ့ Byun Baekhyun တစ်ယောက် Park Chanyeol ၏ မျက်စောင်းကို ရရှိ ပြီးသည့် နောက် ငြိမ် ကျသွားလေ ရဲ့။

Kyung Soo အော်ရယ်တော့ မျက်စောင်းက တထိုးထိုး နဲ့ ။ ထို အချိန် ဆရာမ ဝင်လာတာ ကြောင့် အားလုံး ကိုယ့်နေရာ နှင့် ကိုယ် ဖြစ်သွားကြသည်။ ဆရာမက အတန်း ထဲ ဝင်လာပြီး

   " ကဲ ဒီနေ့ ဆရာမတို့ အတန်းကို ကျောင်းသား သစ် တစ်ယောက် ရောက်လာတယ် "

" Wow "

" ကဲ သားရေ ဝင်ခဲ့ ပါကွယ် "

 ဆရာမ စကား အဆုံးမှာ အတန်း ထဲကို ဝင်လာတဲ့ ကျောင်းသားသစ်။

အတန်းသား အားလုံးက သူ့ကို အာရုံ စိုက်နေပုံ ရသော်ငြား Kyung Soo ကတော့ အိတ်ထဲက စာရေး ကိရိယာ တွေကိုသာ အာရုံစိုက်ပြီး ထုတ်နေမိသည်။

   " အားလုံးပဲ မင်္ဂလာပါ ကျွန်တော် ကတော့ Shinsong အထက်တန်း ကျောင်းက ပြောင်းလာတဲ့ Yoo...Jae....Hwa ပါ"

     သူ မိတ်ဆက်လိုက်သော နာမည် ၏ အဆုံး သတ်က အိတ်ထဲ တွင် လှုပ်ရှားနေသော Kyung Soo လက် အစုံတို့ကို ရပ်တန့်စေသည်။

Kyung Soo မဖြစ်ပါစေနဲ့ ဟုသာ ဆုတောင်းရင်း မော့ကြည့်လိုက်သော်ငြား
Kyung Soo နှင့် Chanyeol ရှိရာ ခုံဆီသို့ စူးရှစွာ စိုက်ကြည့်နေသည့်  Yoo...Jae...Hwa သည် Kyung Soo တို့ နှင့် နီးကပ်စွာ မြင်တွေ့ဖူးသော သူစိမ်း ပင် ဖြစ်နေခဲ့လေသည်။

__________________

   " မတွေ့ရတာ ကြာပြီနော် Do Kyung Soo နဲ့ Park Chanyeol "

      ထမင်းစားနေတဲ့ Kyung Soo တို့ ဝိုင်းနားက တန်းတန်း မတ်မတ် ထွက်ပေါ်လာတဲ့ အသံကို ကြားတာနဲ့ Kyung Soo မော့ကြည့်လိုက်တော့ Yoo Jae Hwa.

   " အင်း.... မတွေ့တာ ကြာပြီနော် ဟင်းးး "

    Chanyeol ဆီက ထွက်လာတဲ့ အေးစက်စက် ပြန်လည် နှုတ်ဆက်စကား ။

   " ဘယ်လိုလဲ Kyung Soo ငါ့ကို မြင်တော့ မင်း တစ်စုံတစ်ယောက်ကို အားနာ စိတ်လေးများ ဝင်မလာဘူးလား ဟက်"

   Jae Hwa ၏ ခြောက်ကပ်ကပ် ရယ်သံအချို့က Kyung Soo ကို အားအင် ချည့်နဲ့ စေသည်။

ကြိုးစား မေ့ပျောက်ထားရသော အတိတ် တစ်ချို့က ပြန်လည် တွေးတော ခြင်း မရှိပါပဲနှင့် အလုံးအရင်း ဝင်ရောက်လာကြသည်။
Chanyeolက

   " Yoo Jae Hwa မင်း ကျောင်းပြောင်းလာရင်လည်း အေးအေး ဆေးဆေး နေသင့်တယ် ဘာလို့ ငါတို့နဲ့ လာပက်သက်နေတာလဲ "

  " ဟာသတွေ မပြောစမ်းနဲ့ Park Chanyeol ငါ ဒီကျောင်းကို အေးအေး ဆေးဆေး နေဖို့ ပြောင်းလာတယ်များ ထင်နေတာလား ဟားးးးး စိတ်တော့ မကောင်းဘူးကွာ ငါဆိုတဲ့ ကောင်က မင်းတို့ ပျော်ရွှင်မှုတွေကို နှောက်ယှက်နေဦးမှာ အထူးသဖြင့် Do Kyung Soo ပေါ့လေ "

   မဲ့ပြုံးပြုံးကာ လှည့်ထွက်သွားတဲ့ သူ့ကို Chanyeol က ဆွဲထိုးဖို့ ပြင်နေတာကြောင့် Baekhyun က ခြေကန်ပြီး ဆွဲထားရသည်။

Kyung Soo ကတော့ နေရာမှာပင် ကျောက်ရုပ်လို ငိုင်နေတုန်း ။

တစ်ချိန်က Jae Hwa နှင့် သူတို့သည် ရန်သူ ဖြစ်လာလိမ့်မည်ဟု မတွေးဖူးခဲ့။

မထင်မှတ်ထားသည့် အရာ များ ဖြစ်လေ့ ဖြစ်ထ ရှိသည့် လောက ကြီးကို သူတို့ မေ့လျော့နေခဲ့ လေသည်။

___________________

  " Yeollie, Yoo Jae Hwa က Kyung Soo ကို ဘာလို့ ဒီလို ဆက်ဆံနေတာ လဲ  "

      Kyung Soo ကို ပို့ပြီး အိမ် အပြန်လမ်းမှာ Baekhyun က မေးလာတော့ Chanyeol သက်ပြင်းချမိသည်။

Kyung Soo ကတော့ နေ့လည် တုန်းက အဖြစ် အပျက် ပြီးသည့်နောက် စိတ်နဲ့ လူနဲ့ မကပ် တာကြောင့် သူတို့ ကပဲ အိမ်အထိ လိုက်ပို့ လိုက်ရသည်။

    " ဒီလို Baekhyunnie ရဲ့ ကိုယ်ရယ် Kyung Soo ရယ် Jae Hwa ရယ် Yoo Jae Hee ဆိုတဲ့ ကောင်မလေး ရယ်က Shinsong အထက်တန်းကျောင်းမှာ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။

Jae Hwa နဲ့ Jae Hee နဲ့က အမြွှာတွေလေ။ ကိုယ်တို့ အထက်တန်း ရောက်တဲ့ အချိန်မှာ Jae Hee က Kyung Soo အပေါ်ကို သိသိသာသာ ပြောင်းလဲလာခဲ့တယ် အဲ့ဒါကို Kyung Soo ရော ကိုယ်ရော Jae Hwa ရော သိကြတယ်။

Jae Hee က တခြား မိန်းကလေးတွေ နဲ့ မတူဘူး Kyung Soo နားကို ကပ်တဲ့ မိန်းကလေးတွေ အကုန်လုံး တစ်ခုမဟုတ် တစ်ခု ဒုက္ခရောက်တယ်။

ဖြစ်ချင်တော့ တစ်နေ့မှာ Jae Hee က Kyung Soo ကို စိတ်ဝင်စားနေတဲ့ မိန်းကလေးကို နှိပ်စက်နေတာကို Kyung Soo တွေ့သွားတော့ အဲ့မိန်းကလေးကို Kyung Soo က ကာကွယ်ပေးခဲ့တယ်။

Jae Hee က Kyung Soo ကို ငိုပြီး တောင်းပန်တယ် သူ့ခံစားချက်တွေကို ဖွင့်ပြောတယ်။ ဒါပေမယ့် Kyung Soo က အဲ့အချိန်မှာ သွေးပူနေတဲ့ အတွက် ပြင်းပြင်း ထန်ထန် တုံ့ပြန် ခဲ့တာ။ Kyung Soo မှ ပြန်မချစ်ရင် သူသေပစ်မှာတဲ့။  Kyung Soo လည်း စိတ်ထဲက မပါပေမယ့် ဒေါသကြောင့် သေလိုက်လို့ ပြောခဲ့တယ် ဒါပေမယ့်......."

   " ဒါပေမယ့် ဘာဖြစ်လဲ Chanyeollie.....ဟင်"

       ပြောနေရင်း ရပ်လိုက်တဲ့ Chanyeol ကြောင့် Baekhyun က သိလိုစိတ် ပြင်းပြ ကာ မေးသည်။

    " နောက်နေ့မှာပဲ ကိုယ်တို့ ဆီ သတင်းဆိုး တစ်ခု ရောက်လာခဲ့တယ် "

  " သတင်းဆိုး? ဟုတ်လား ?"

  " အင်း Jae Hee က သူ့ကိုယ်သူ Suicide လုပ်သွားခဲ့တယ် တကယ်ကို ထင်မထားခဲ့ဘူး.. သူကို တွေ့တဲ့ အချိန်က နောက်ကျလွန်းလို့ အသက်ဆုံးရှုံးလိုက်ရတယ် သူတို့ အိမ်ကို လိုက်သွားတော့ Jae Hwa က Kyung Soo ကို ရန်ရှာတော့တာပဲ။ Kyung Soo ကြောင့် ဒီလို ဖြစ်တာတဲ့ အကြောင်းအရင်းကို မေးတော့ Jae Hee က နောက်ဆုံး စာတစ်စောင် ရေးခဲ့တယ်တဲ့ အဲ့စာထဲမှာ သူ Kyung Soo ကို ဘယ်လောက်ချစ်ကြောင်း
Kyung Soo ကို ပျော်အောင်နေဖို့လည်း မှာခဲ့တယ် "

   "ဘုရားရေ ..... အချစ်ကြီးလိုက်တာ "

   " အင်း Kyung Soo ကတော့ သူ့ကြောင့် ဆိုတဲ့ စိတ်နဲ့ တမှိုင်မှိုင် တထွေထွေ ဖြစ်နေခဲ့တာ နောက်နှစ်ရောက်တော့ ကိုယ်နဲ့ သူ ဒီကျောင်းကို ပြောင်းလာခဲ့တယ် ဒါ အကုန်ပါပဲ "

   " Kyung Soo အဆင်ပြေပါ့မလား မသိဘူးနော်  အခု Yoo Jae Hwa က ဘာတွေ လုပ်ဦးမလဲ မပြောနိုင်ဘူး "

   " လာပါ Baekhyunnie ရယ် ပြန်ကြမယ် နောက်နေ့က စပြီး Kyung Soo ကို တစ်ယောက်တည်း လွှတ်ထားလို့တော့ မဖြစ်ဘူး ကိုယ်တို့က စောင့်ရှောက်ကြတာပေါ့ ဟုတ်ပြီလား "

  " ဟုတ် ဟီး "

      ထိုနေ့က အိမ် အပြန်လမ်းကို ကြည်နူးစွာ လက်ချင်းတွဲပြီး ပြန်သွားတဲ့ ကောင်လေး နှစ်ယောက် ရှိသလို အိပ်ခန်းထဲမှာ သူငယ်ချင်းလေးယောက် စုရိုက်ထားတဲ့ ဓာတ်ပုံကို ကြည့်ကာ ငိုကြွေး နေတဲ့ ကောင်လေးလည်း ရှိနေခဲ့သည်။

_______________________

Zawgyi

   " အဲ့ေတာ့ သူက မင္းကို စိတ္ဝင္စား ေနတယ္ေပါ့ သူက ဒီလို ေပါ့ "

      ခုံကို ေနာက္ ျပန္ ထိုင္ကာ ေမးေနတဲ့ Baekhyun ကို ေစြေစာင္းကာ ၾကည့္မိသည္ ။

ဟိုေန႔က ကားေပၚက အေျခ အေနကို ျပန္ ေျပာျပ မိတာ ေၾကာင့္ သူထင္သလို ထင္ေၾကး ေပးေနျခင္း ပင္ ။

ထင္​ေၾကး​ေပးတာ​​ေတာင္ ႐ိုး႐ိုးမဟုတ္... သူက ဒီလို​ေပါ့ ဟုဆိုကာ ​ေပတံကို ​ေကြးျပ​ေန​ေသးသည္။

    " ဘယ္သိမလဲကြာ သူ ​ေကြး လား ဘာလား သိဖို႔ မေျပာနဲ႔ ငါ့ကိုယ္ငါ ေတာင္ ဘာမွန္း မသဲကြဲဘူး "

     သူ႔စကား အဆုံး Chanyeol က ရယ္သည္။

   " မင္းသူ႔ကို ေတြ႕ရင္ ဘယ္လို ခံစားရလဲ Kyung Soo "

   " Park Chanyeol ရယ္ ငါလည္း မသိပါဘူး ဆိုကြာ "

     သူ႔ အေျဖကို Chanyeol က မေက်နပ္သည့္ႏွယ္ ႏွာေခါင္းရႈံ႕ သည္။

Baekhyun ကေတာ့ မရွိသည့္ မုတ္ဆိတ္ေမႊးကို ပြတ္ကာ ဆရာႀကီး ဆိုဒ္ နဲ႔

   " ငါ ထင္တာ ေျပာရရင္ မင္းသူ႔ကို ခ်စ္ေနၿပီ ထင္တယ္ ဘာလို႔ဆို မင္း သူ႔ကို သဝန္တို ေနတယ္ မလား "

   " အာ...... ဒါနဲ႔ ဘာဆိုင္လို႔လဲ "

  " Do Kyung Soo ရယ္ မင္းကေလ အခ်စ္နဲ႔ ပက္သက္လာရင္ တကယ့္ ကေလး ပဲ အဲ့ေတာ့ကာ..... အခ်စ္မွာ ဆရာ တစ္ဆူ ျဖစ္တဲ့ Byun Baekhyun က တာဝန္ယူတယ္ "

    ေခါင္းေမာ့ ရင္ေကာ့ၿပီး ေျပာေနတဲ့ Byun Baekhyun တစ္ေယာက္ Park Chanyeol ၏ မ်က္ေစာင္းကို ရရွိ ၿပီးသည့္ ေနာက္ ၿငိမ္ က်သြားေလ ရဲ႕။

Kyung Soo ေအာ္ရယ္ေတာ့ မ်က္ေစာင္းက တထိုးထိုး နဲ႔ ။ ထို အခ်ိန္ ဆရာမ ဝင္လာတာ ေၾကာင့္ အားလုံး ကိုယ့္ေနရာ ႏွင့္ ကိုယ္ ျဖစ္သြားၾကသည္။ ဆရာမက အတန္း ထဲ ဝင္လာၿပီး

   " ကဲ ဒီေန႔ ဆရာမတို႔ အတန္းကို ေက်ာင္းသား သစ္ တစ္ေယာက္ ေရာက္လာတယ္ "

" Wow "

" ကဲ သားေရ ဝင္ခဲ့ ပါကြယ္ "

 ဆရာမ စကား အဆုံးမွာ အတန္း ထဲကို ဝင္လာတဲ့ ေက်ာင္းသားသစ္။

အတန္းသား အားလုံးက သူ႔ကို အာ႐ုံ စိုက္ေနပုံ ရေသာ္ျငား Kyung Soo ကေတာ့ အိတ္ထဲက စာေရး ကိရိယာ ေတြကိုသာ အာ႐ုံစိုက္ၿပီး ထုတ္ေနမိသည္။

   " အားလုံးပဲ မဂၤလာပါ ကြၽန္ေတာ္ ကေတာ့ Shinsong အထက္တန္း ေက်ာင္းက ေျပာင္းလာတဲ့ Yoo...Jae....Hwa ပါ"

     သူ မိတ္ဆက္လိုက္ေသာ နာမည္ ၏ အဆုံး သတ္က အိတ္ထဲ တြင္ လႈပ္ရွားေနေသာ Kyung Soo လက္ အစုံတို႔ကို ရပ္တန႔္ေစသည္။

Kyung Soo မျဖစ္ပါေစနဲ႔ ဟုသာ ဆုေတာင္းရင္း ေမာ့ၾကည့္လိုက္ေသာ္ျငား
Kyung Soo ႏွင့္ Chanyeol ရွိရာ ခုံဆီသို႔ စူးရွစြာ စိုက္ၾကည့္ေနသည့္  Yoo...Jae...Hwa သည္ Kyung Soo တို႔ ႏွင့္ နီးကပ္စြာ ျမင္ေတြ႕ဖူးေသာ သူစိမ္း ပင္ ျဖစ္ေနခဲ့ေလသည္။

__________________

   " မေတြ႕ရတာ ၾကာၿပီေနာ္ Do Kyung Soo နဲ႔ Park Chanyeol "

      ထမင္းစားေနတဲ့ Kyung Soo တို႔ ဝိုင္းနားက တန္းတန္း မတ္မတ္ ထြက္ေပၚလာတဲ့ အသံကို ၾကားတာနဲ႔ Kyung Soo ေမာ့ၾကည့္လိုက္ေတာ့ Yoo Jae Hwa.

   " အင္း.... မေတြ႕တာ ၾကာၿပီေနာ္ ဟင္းးး "

    Chanyeol ဆီက ထြက္လာတဲ့ ေအးစက္စက္ ျပန္လည္ ႏႈတ္ဆက္စကား ။

   " ဘယ္လိုလဲ Kyung Soo ငါ့ကို ျမင္ေတာ့ မင္း တစ္စုံတစ္ေယာက္ကို အားနာ စိတ္ေလးမ်ား ဝင္မလာဘူးလား ဟက္"

   Jae Hwa ၏ ေျခာက္ကပ္ကပ္ ရယ္သံအခ်ိဳ႕က Kyung Soo ကို အားအင္ ခ်ည့္နဲ႔ ေစသည္။

ႀကိဳးစား ေမ့ေပ်ာက္ထားရေသာ အတိတ္ တစ္ခ်ိဳ႕က ျပန္လည္ ေတြးေတာ ျခင္း မရွိပါပဲႏွင့္ အလုံးအရင္း ဝင္ေရာက္လာၾကသည္။
Chanyeolက

   " Yoo Jae Hwa မင္း ေက်ာင္းေျပာင္းလာရင္လည္း ေအးေအး ေဆးေဆး ေနသင့္တယ္ ဘာလို႔ ငါတို႔နဲ႔ လာပက္သက္ေနတာလဲ "

  " ဟာသေတြ မေျပာစမ္းနဲ႔ Park Chanyeol ငါ ဒီေက်ာင္းကို ေအးေအး ေဆးေဆး ေနဖို႔ ေျပာင္းလာတယ္မ်ား ထင္ေနတာလား ဟားးးးး စိတ္ေတာ့ မေကာင္းဘူးကြာ ငါဆိုတဲ့ ေကာင္က မင္းတို႔ ေပ်ာ္႐ႊင္မႈေတြကို ေႏွာက္ယွက္ေနဦးမွာ အထူးသျဖင့္ Do Kyung Soo ေပါ့ေလ "

   မဲ့ၿပဳံးၿပဳံးကာ လွည့္ထြက္သြားတဲ့ သူ႔ကို Chanyeol က ဆြဲထိုးဖို႔ ျပင္ေနတာေၾကာင့္ Baekhyun က ေျခကန္ၿပီး ဆြဲထားရသည္။

Kyung Soo ကေတာ့ ေနရာမွာပင္ ေက်ာက္႐ုပ္လို ငိုင္ေနတုန္း ။

တစ္ခ်ိန္က Jae Hwa ႏွင့္ သူတို႔သည္ ရန္သူ ျဖစ္လာလိမ့္မည္ဟု မေတြးဖူးခဲ့။

မထင္မွတ္ထားသည့္ အရာ မ်ား ျဖစ္ေလ့ ျဖစ္ထ ရွိသည့္ ေလာက ႀကီးကို သူတို႔ ေမ့ေလ်ာ့ေနခဲ့ ေလသည္။

___________________

  " Yeollie, Yoo Jae Hwa က Kyung Soo ကို ဘာလို႔ ဒီလို ဆက္ဆံေနတာ လဲ  "

      Kyung Soo ကို ပို႔ၿပီး အိမ္ အျပန္လမ္းမွာ Baekhyun က ေမးလာေတာ့ Chanyeol သက္ျပင္းခ်မိသည္။

Kyung Soo ကေတာ့ ေန႔လည္ တုန္းက အျဖစ္ အပ်က္ ၿပီးသည့္ေနာက္ စိတ္နဲ႔ လူနဲ႔ မကပ္ တာေၾကာင့္ သူတို႔ ကပဲ အိမ္အထိ လိုက္ပို႔ လိုက္ရသည္။

    " ဒီလို Baekhyunnie ရဲ႕ ကိုယ္ရယ္ Kyung Soo ရယ္ Jae Hwa ရယ္ Yoo Jae Hee ဆိုတဲ့ ေကာင္မေလး ရယ္က Shinsong အထက္တန္းေက်ာင္းမွာ အခ်စ္ဆုံး သူငယ္ခ်င္းေတြ ျဖစ္ခဲ့ၾကတယ္။

Jae Hwa နဲ႔ Jae Hee နဲ႔က အႁမႊာေတြေလ။ ကိုယ္တို႔ အထက္တန္း ေရာက္တဲ့ အခ်ိန္မွာ Jae Hee က Kyung Soo အေပၚကို သိသိသာသာ ေျပာင္းလဲလာခဲ့တယ္ အဲ့ဒါကို Kyung Soo ေရာ ကိုယ္ေရာ Jae Hwa ေရာ သိၾကတယ္။

Jae Hee က တျခား မိန္းကေလးေတြ နဲ႔ မတူဘူး Kyung Soo နားကို ကပ္တဲ့ မိန္းကေလးေတြ အကုန္လုံး တစ္ခုမဟုတ္ တစ္ခု ဒုကၡေရာက္တယ္။

ျဖစ္ခ်င္ေတာ့ တစ္ေန႔မွာ Jae Hee က Kyung Soo ကို စိတ္ဝင္စားေနတဲ့ မိန္းကေလးကို ႏွိပ္စက္ေနတာကို Kyung Soo ေတြ႕သြားေတာ့ အဲ့မိန္းကေလးကို Kyung Soo က ကာကြယ္ေပးခဲ့တယ္။

Jae Hee က Kyung Soo ကို ငိုၿပီး ေတာင္းပန္တယ္ သူ႔ခံစားခ်က္ေတြကို ဖြင့္ေျပာတယ္။ ဒါေပမယ့္ Kyung Soo က အဲ့အခ်ိန္မွာ ေသြးပူေနတဲ့ အတြက္ ျပင္းျပင္း ထန္ထန္ တုံ႔ျပန္ ခဲ့တာ။ Kyung Soo မွ ျပန္မခ်စ္ရင္ သူေသပစ္မွာတဲ့။  Kyung Soo လည္း စိတ္ထဲက မပါေပမယ့္ ေဒါသေၾကာင့္ ေသလိုက္လို႔ ေျပာခဲ့တယ္ ဒါေပမယ့္......."

   " ဒါေပမယ့္ ဘာျဖစ္လဲ Chanyeollie.....ဟင္"

       ေျပာေနရင္း ရပ္လိုက္တဲ့ Chanyeol ေၾကာင့္ Baekhyun က သိလိုစိတ္ ျပင္းျပ ကာ ေမးသည္။

    " ေနာက္ေန႔မွာပဲ ကိုယ္တို႔ ဆီ သတင္းဆိုး တစ္ခု ေရာက္လာခဲ့တယ္ "

  " သတင္းဆိုး? ဟုတ္လား ?"

  " အင္း Jae Hee က သူ႔ကိုယ္သူ Suicide လုပ္သြားခဲ့တယ္ တကယ္ကို ထင္မထားခဲ့ဘူး.. သူကို ေတြ႕တဲ့ အခ်ိန္က ေနာက္က်လြန္းလို႔ အသက္ဆုံးရႈံးလိုက္ရတယ္ သူတို႔ အိမ္ကို လိုက္သြားေတာ့ Jae Hwa က Kyung Soo ကို ရန္ရွာေတာ့တာပဲ။ Kyung Soo ေၾကာင့္ ဒီလို ျဖစ္တာတဲ့ အေၾကာင္းအရင္းကို ေမးေတာ့ Jae Hee က ေနာက္ဆုံး စာတစ္ေစာင္ ေရးခဲ့တယ္တဲ့ အဲ့စာထဲမွာ သူ Kyung Soo ကို ဘယ္ေလာက္ခ်စ္ေၾကာင္း
Kyung Soo ကို ေပ်ာ္ေအာင္ေနဖို႔လည္း မွာခဲ့တယ္ "

   "ဘုရားေရ ..... အခ်စ္ႀကီးလိုက္တာ "

   " အင္း Kyung Soo ကေတာ့ သူ႔ေၾကာင့္ ဆိုတဲ့ စိတ္နဲ႔ တမႈိင္မႈိင္ တေထြေထြ ျဖစ္ေနခဲ့တာ ေနာက္ႏွစ္ေရာက္ေတာ့ ကိုယ္နဲ႔ သူ ဒီေက်ာင္းကို ေျပာင္းလာခဲ့တယ္ ဒါ အကုန္ပါပဲ "

   " Kyung Soo အဆင္ေျပပါ့မလား မသိဘူးေနာ္  အခု Yoo Jae Hwa က ဘာေတြ လုပ္ဦးမလဲ မေျပာႏိုင္ဘူး "

   " လာပါ Baekhyunnie ရယ္ ျပန္ၾကမယ္ ေနာက္ေန႔က စၿပီး Kyung Soo ကို တစ္ေယာက္တည္း လႊတ္ထားလို႔ေတာ့ မျဖစ္ဘူး ကိုယ္တို႔က ေစာင့္ေရွာက္ၾကတာေပါ့ ဟုတ္ၿပီလား "

  " ဟုတ္ ဟီး "

      ထိုေန႔က အိမ္ အျပန္လမ္းကို ၾကည္ႏူးစြာ လက္ခ်င္းတြဲၿပီး ျပန္သြားတဲ့ ေကာင္ေလး ႏွစ္ေယာက္ ရွိသလို အိပ္ခန္းထဲမွာ သူငယ္ခ်င္းေလးေယာက္ စု႐ိုက္ထားတဲ့ ဓာတ္ပုံကို ၾကည့္ကာ ငိုေႂကြး ေနတဲ့ ေကာင္ေလးလည္း ရွိေနခဲ့သည္။

_______________________

Fortsett å les

You'll Also Like

438K 24.2K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
6.1K 94 34
This Story continues the last story....with Aidan completely traumatized from a month with the Angels it left him weak...the beast are alerted of the...
2.4K 287 15
"ငါ့မှာ မင်းတစ်ယောက်တည်းပဲ ရှိတယ်" "ကျွန်တော့်မှာလည်း ဒိုယောင်းတစ်ယောက်တည်းပဲ ရှိတာ"
3.3M 188K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...