Unicode
" Kyung Soo ! Kyung Soo ! Kyung Soo !"
ဆရာ မဝင်တဲ့ အချိန် ခုံပေါ်မှောက် အိပ်နေတုန်း Chanyeol ရဲ့ အသံပြဲကြီးက နားထဲ တိုး ဝင် လာလေသည် ။
သို့သော်လည်း Kyung Soo မော့ မကြည့်ဖြစ် ။
ညက စာလုပ်နေရင်း ညဉ့်နက် သွားတာကြောင့် အိပ်ချင်နေသည့် စိတ်က ထိန်းမရ။
မျက်စိ အတင်းမှိတ် ကာ အိပ်ဖို့ ကြိုးစားနေလိုက်သည်။ Chanyeol က Kyung Soo ကို အတင်း ဆွဲကာ
" Do Kyung Soo ထစမ်းပါကွာ သတင်းထူး ပြောစရာ ရှိတယ်ကွ "
" ဘာ သတင်းထူးလဲကွာ အိပ်ချင်ရတဲ့ ကြားထဲ "
" ငါတို့ ကျောင်းကို ကျောင်းသား သစ် ရောက်လာမယ် တဲ့ Kyung Soo "
" Park Chanyeol! မင်းကွာ ကျောင်းသား သစ် ရောက်တာ ထူးဆန်းလား ကြောင်တောင်တောင် နဲ့ "
Kyung Soo ပြော ပြီးပြီးချင်း ပြန် အိပ်ဖို့ ကြိုးစားတာကို အင်္ကျီကော်လံ ကို နောက်ကနေ ဆွဲထားပြန်သေးတာ။ ပြီးတော့ သက်ပြင်းချကာ
" ကျောင်းသား သစ် ရောက်လာတာ မထူးဆန်းတာ ငါ သိတယ် Kyung Soo ဒါပေမယ့်........"
"ဒါပေမယ့် ......ဘာဖြစ်လို့လဲ Chanyeollie "
ရှေ့တန်းမှ Baekhyun က စာ ပြီးသွား၍ Kyung Soo တို့ ဘက်သို့ လှည့်ကာ မေးလာသည်။
Kyung Soo လည်း Chanyeol ပုံစံက ထူးဆန်း နေတာကြောင့် သူ့ အဖြေကို စောင့်နေလိုက်သည်။
" သူက Shinsong အထက်တန်းကျောင်း က ပြောင်းလာတာတဲ့ Kyung Soo"
ထို အချိန် ခဏ Kyung Soo ရင်ထဲ အသက်ရှုနှုန်း တွေ ပြင်းထန် လာသယောင်။ ပြီးတော့ မှ ပြန်ထိန်းကာ
" အဆင်ပြေရဲ့လား Kyung Soo "
Chanyeol ရဲ့ အမေးကို ခေါင်းငြိမ့်ပြကာ
" ပြေပါတယ်ကွာ ဘာမှမဖြစ်ပါဘူး ကျောင်းပြောင်းလာတာ မထူးဆန်းပါဘူး "
Chanyeol ကတော့ ကိစ္စ တစ်ချို့ကို သိထားသူ ပီပီ သက်ပြင်းချသည်။
Baekhyun ကတော့ နားမလည် ပေမယ့် ဘာမှ မပြောတော့။
မကြာခင်မှာပင် သူတို့ အားလုံး ထို ကျောင်းသားသစ် အကြောင်းကို မေ့မေ့လျော့လျော့ ဖြစ်သွားခဲ့ကြပါသည်။
_________________
" ဟာ..!!!! မိုးကလည်း ကွာ ကျောင်းဆင်း ချိန်မှ ရွာရတယ်လို့ "
Kyung Soo Bus stop မှာ ရပ်နေရင်း စိတ်ညစ်ညစ်နဲ့ ညည်း တွားမိလိုက်သည်။
မိုးကလည်း သည်းသည်း မည်းမည်း ကို ရွာနေတုန်း ။ တိတ်မည့် ဟန်လည်း မရှိ ။
ဒါကြောင့် လွယ်အိတ်ကို ခပ်တင်းတင်း ပိုက်ကာ မိုးရေထဲ ပင် လျှောက်လိုက်ရသည်။
Kyung Soo မိုးရေထဲ ဒီအတိုင်း လျှောက်သွားတာကို ခပ်လှမ်းလှမ်း ကော်ဖီ ဆိုင်ကနေ စောင့်ကြည့်နေသူ တစ်ဦး ။ သူ့ရဲ့ မျက်နှာ ထက်မှာ မဲ့ပြုံးတစ်ခုနဲ့ ။
~Jae Hee ya! နင့်အတွက် ငါ ကလဲ့စား ချေပေးဖို့ အတွက် အသင့် ဖြစ်နေပြီ ~
____________________
" လာလေ Yifan လာ ကောင်လေး အိမ်ထဲဝင် "
Jongin Hyung ၏ ဖိတ် ခေါ်မှုကြောင့် Kyung Soo နဲ့ Yifan Hyung တို့ သူ့ အိမ်ကို ထမင်းစား ရောက်ခဲ့ကြသည်။
ဧည့်ခန်းထဲ ရောက်တော့ Jongin Hyung ရဲ့ အဖေ နဲ့အမေ ဖြစ်ပုံရသည့် နှစ်ဦးက အပြုံး ချိုချိုနဲ့ စောင့်ကြိုနေလေသည်။
" လာကြကွယ် သားတို့ လာ ထိုင် "
"မတွေ့တာ ကြာပြီနော် Uncle နဲ့ Aunty"
Yifan Hyung က နှုတ်ဆက် စကား ဆိုပြီးနောက် Uncle နှင့် Aunty တို့ကို နှုတ်ဆက်နေသည်။
Kyung Soo လည်း အရိုအသေ ပြုကာ နှုတ် ဆက်တော့ Aunty က
" ဟယ် သားလေးက အချောလေးပဲ Yifan ညီလေးက ချစ်စရာလေးကွယ် "
" ဟုတ်ပါ့ကွာ ကြည့်စမ်းပါဦး အသားလေးကလည်း ဖွေးပြီးတော့ လူချောလေးပဲကွ ဟေ "
Uncle နဲ့ Aunty ရဲ့ ချီးကျူး စကား တွေ ကြားမှာ လူက မနေတတ်တော့။
Jongin Hyung က Kyung Soo ဖြစ်နေတာကို သိသည်ထင်။
" ကဲပါ ဒယ်ဒီ နဲ့မာမီကလည်း ဟိုမှာ ကောင်လေး မနေတတ်တော့ဘူး ဗျ "
" အမလေး မှန်တာပြောတာကို နော် သားလေးရယ် Jongin ကို သားလေးလို ချစ်ဖို့ကောင်း စေချင်တာ သိလား သူကတော့ ဘယ်လို ဖြစ်တယ် မသိဘူး အားနေ ကြက်ဥတွေ ထုတ်ပြနေတာပဲကွယ် "
Aunty ရဲ့ အထေ့ အငေါ့ စကားကို Jongin Hyung က
" မာမီ နော် "
နှုတ်ခမ်းကြီး စူပြီး ပြန်အော်နေတာ ကြောင့် Kyung Soo ရယ် မိသည်။
Jongin Hyung ရဲ့ ဒီလို ကလေးဆန် တဲ့ အချိန် ရှိသေးတာလား ဟု တွေးမိ သည်။
ထို အချိန် ထမင်းစား ခန်းထဲက ထွက်လာတဲ့ မိန်းကလေး တစ်ဦး ။
သူက Jongin ဆီ ဦးတည်ပြီး လျှောက်လာကာ
" Jongin လာလေ အားလုံး အဆင်သင့် ဖြစ်ပြီ "
စကားသံအဆုံး Hyung ရဲ့ လက်မောင်းကို တွယ်ကာ ထမင်းစားခန်းထဲ ဝင်သွားတဲ့ သူမ။
Kyung Soo စိတ်ထဲ တစ်ခုခု လစ်ဟာ သွားသလိုကြီး ဘာမှန်းတော့ မသိ။ Kyung Soo လည်း ခေါင်းခါကာ သူတို့နဲ့ အတူ ထမင်းစားခန်း ထဲ ဝင်လိုက်သွားခဲ့သည်။
______________________
Kyung Soo တို့ အိမ်ကို ပြန်တဲ့ လမ်းပေါ်မှာ တိတ်ဆိတ်လျက် ရှိနေသည်။
Yifan က ကိစ္စ တစ်ခု ပေါ်လာတာ ကြောင့် ကောင်လေးကို Jongin က လိုက်ပို့ ဖြစ်သည်။
ကောင်လေးက တစ်ခုခုကို စိတ်ဆိုးနေဟန် ဖြင့် ငြိမ်နေသည်။
" ကောင်လေး ဘာဖြစ်နေတာလဲ စိတ်ညစ်နေတာလား "
မေးလိုက်တော့ လှည့်ကြည့်လာတဲ့ ကောင်လေး
" ဟင် ဘာဖြစ်လို့လဲ Hyung ကို ပြောလေ ကောင်လေးရဲ့ Hyung ကို များ စိတ်ဆိုးနေတာလား "
" မဟုတ်ပါဘူး အားနာနေတာ ကျွန်တော့်ကို အခုလို လိုက်ပို့မယ့် အစား Hyung ရဲ့ ချစ်သူ နဲ့ အတူတူ ရှိနေသင့်တယ်လေ "
ကောင်လေး ပြောစကားကြောင့် ကြောင်သွားရသည်။ ချစ်သူတဲ့ ?? Jongin စဉ်းစားကြည့်တော့မှ အဖြေက တရေးရေးဖြင့် ပေါ်လာလေသည်။
" ကောင်လေးက အိမ်မှာ တွေခဲ့တဲ့ တစ်ယောက်ကို ပြောနေတာလား "
" အင်း "
" ကောင်လေးရယ် အဲ့ဒါ Hyung ချစ်သူလို့ ဘယ်လိုတောင် ထင်လိုက်တာလဲကွာ... အဲ့ဒါ Hyung ရဲ့ အစ်မဝမ်းကွဲပါ ကွ"
" ဗျာ "
Kyung Soo တအံ့တသြ ဖြစ်နေတုန်းမှာပဲ ကားလေးက Kyung Soo တို့ ခြံထဲ ဝင်လာလေသည်၊။
Jongin ကားကို ရပ်လိုက်ပြီး ကောင်လေးဘက် ကိုယ်ကို စောင်းကာ
" ကောင်လေးက Hyung ကို သဝန်တိုနေတာလား Huh!!"
" ဘာ.....ဘာကို .... သဝန် တိုရမှာလဲ"
ကား တံခါး ဘက် အတင်းကပ်ကာ မျက်လုံးပြူးကြီးနဲ့ ထစ်ထစ် အအ ပြန်ဖြေလာတဲ့ ကောင်လေး ။
Mira အကြံ ဆိုးတေ့ာ မဆိုး ။ အလုပ်ဖြစ်သည်။
ကောင်လေးက သူ့အေပါ် နည်းနည်း လေးတော့ စိတ်ရှိပုံရသည် မဟုတ်လား ။
ကောင်လေးက တော့ ကမန်းကတန်း နှုတ်ဆက်ကာ ကားပေါ်က ဆင်းပြေးပြီး အိမ်ထဲ ပြေးဝင်သွားလေရဲ့။
~ကောင်လေးရေ ကိုယ် မျှော်လင့် ခွင့်တော့ ရှိမယ် မဟုတ်လား ဟင် ~
___________________________
Zawgyi
" Kyung Soo ! Kyung Soo ! Kyung Soo !"
ဆရာ မဝင္တဲ့ အခ်ိန္ ခုံေပၚေမွာက္ အိပ္ေနတုန္း Chanyeol ရဲ႕ အသံၿပဲႀကီးက နားထဲ တိုး ဝင္ လာေလသည္ ။
သို႔ေသာ္လည္း Kyung Soo ေမာ့ မၾကည့္ျဖစ္ ။
ညက စာလုပ္ေနရင္း ညဥ့္နက္ သြားတာေၾကာင့္ အိပ္ခ်င္ေနသည့္ စိတ္က ထိန္းမရ။
မ်က္စိ အတင္းမွိတ္ ကာ အိပ္ဖို႔ ႀကိဳးစားေနလိုက္သည္။ Chanyeol က Kyung Soo ကို အတင္း ဆြဲကာ
" Do Kyung Soo ထစမ္းပါကြာ သတင္းထူး ေျပာစရာ ရွိတယ္ကြ "
" ဘာ သတင္းထူးလဲကြာ အိပ္ခ်င္ရတဲ့ ၾကားထဲ "
" ငါတို႔ ေက်ာင္းကို ေက်ာင္းသား သစ္ ေရာက္လာမယ္ တဲ့ Kyung Soo "
" Park Chanyeol! မင္းကြာ ေက်ာင္းသား သစ္ ေရာက္တာ ထူးဆန္းလား ေၾကာင္ေတာင္ေတာင္ နဲ႔ "
Kyung Soo ေျပာ ၿပီးၿပီးခ်င္း ျပန္ အိပ္ဖို႔ ႀကိဳးစားတာကို အက်ႌေကာ္လံ ကို ေနာက္ကေန ဆြဲထားျပန္ေသးတာ။ ၿပီးေတာ့ သက္ျပင္းခ်ကာ
" ေက်ာင္းသား သစ္ ေရာက္လာတာ မထူးဆန္းတာ ငါ သိတယ္ Kyung Soo ဒါေပမယ့္........"
"ဒါေပမယ့္ ......ဘာျဖစ္လို႔လဲ Chanyeollie "
ေရွ႕တန္းမွ Baekhyun က စာ ၿပီးသြား၍ Kyung Soo တို႔ ဘက္သို႔ လွည့္ကာ ေမးလာသည္။
Kyung Soo လည္း Chanyeol ပုံစံက ထူးဆန္း ေနတာေၾကာင့္ သူ႔ အေျဖကို ေစာင့္ေနလိုက္သည္။
" သူက Shinsong အထက္တန္းေက်ာင္း က ေျပာင္းလာတာတဲ့ Kyung Soo"
ထို အခ်ိန္ ခဏ Kyung Soo ရင္ထဲ အသက္ရႈႏႈန္း ေတြ ျပင္းထန္ လာသေယာင္။ ၿပီးေတာ့ မွ ျပန္ထိန္းကာ
" အဆင္ေျပရဲ႕လား Kyung Soo "
Chanyeol ရဲ႕ အေမးကို ေခါင္းၿငိမ့္ျပကာ
" ေျပပါတယ္ကြာ ဘာမွမျဖစ္ပါဘူး ေက်ာင္းေျပာင္းလာတာ မထူးဆန္းပါဘူး "
Chanyeol ကေတာ့ ကိစၥ တစ္ခ်ိဳ႕ကို သိထားသူ ပီပီ သက္ျပင္းခ်သည္။
Baekhyun ကေတာ့ နားမလည္ ေပမယ့္ ဘာမွ မေျပာေတာ့။
မၾကာခင္မွာပင္ သူတို႔ အားလုံး ထို ေက်ာင္းသားသစ္ အေၾကာင္းကို ေမ့ေမ့ေလ်ာ့ေလ်ာ့ ျဖစ္သြားခဲ့ၾကပါသည္။
_________________
" ဟာ..!!!! မိုးကလည္း ကြာ ေက်ာင္းဆင္း ခ်ိန္မွ ႐ြာရတယ္လို႔ "
Kyung Soo Bus stop မွာ ရပ္ေနရင္း စိတ္ညစ္ညစ္နဲ႔ ညည္း တြားမိလိုက္သည္။
မိုးကလည္း သည္းသည္း မည္းမည္း ကို ႐ြာေနတုန္း ။ တိတ္မည့္ ဟန္လည္း မရွိ ။
ဒါေၾကာင့္ လြယ္အိတ္ကို ခပ္တင္းတင္း ပိုက္ကာ မိုးေရထဲ ပင္ ေလွ်ာက္လိုက္ရသည္။
Kyung Soo မိုးေရထဲ ဒီအတိုင္း ေလွ်ာက္သြားတာကို ခပ္လွမ္းလွမ္း ေကာ္ဖီ ဆိုင္ကေန ေစာင့္ၾကည့္ေနသူ တစ္ဦး ။ သူ႔ရဲ႕ မ်က္ႏွာ ထက္မွာ မဲ့ၿပဳံးတစ္ခုနဲ႔ ။
~Jae Hee ya! နင့္အတြက္ ငါ ကလဲ့စား ေခ်ေပးဖို႔ အတြက္ အသင့္ ျဖစ္ေနၿပီ ~
____________________
" လာေလ Yifan လာ ေကာင္ေလး အိမ္ထဲဝင္ "
Jongin Hyung ၏ ဖိတ္ ေခၚမႈေၾကာင့္ Kyung Soo နဲ႔ Yifan Hyung တို႔ သူ႔ အိမ္ကို ထမင္းစား ေရာက္ခဲ့ၾကသည္။
ဧည့္ခန္းထဲ ေရာက္ေတာ့ Jongin Hyung ရဲ႕ အေဖ နဲ႔အေမ ျဖစ္ပုံရသည့္ ႏွစ္ဦးက အၿပဳံး ခ်ိဳခ်ိဳနဲ႔ ေစာင့္ႀကိဳေနေလသည္။
" လာၾကကြယ္ သားတို႔ လာ ထိုင္ "
"မေတြ႕တာ ၾကာၿပီေနာ္ Uncle နဲ႔ Aunty"
Yifan Hyung က ႏႈတ္ဆက္ စကား ဆိုၿပီးေနာက္ Uncle ႏွင့္ Aunty တို႔ကို ႏႈတ္ဆက္ေနသည္။
Kyung Soo လည္း အ႐ိုအေသ ျပဳကာ ႏႈတ္ ဆက္ေတာ့ Aunty က
" ဟယ္ သားေလးက အေခ်ာေလးပဲ Yifan ညီေလးက ခ်စ္စရာေလးကြယ္ "
" ဟုတ္ပါ့ကြာ ၾကည့္စမ္းပါဦး အသားေလးကလည္း ေဖြးၿပီးေတာ့ လူေခ်ာေလးပဲကြ ေဟ "
Uncle နဲ႔ Aunty ရဲ႕ ခ်ီးက်ဴး စကား ေတြ ၾကားမွာ လူက မေနတတ္ေတာ့။
Jongin Hyung က Kyung Soo ျဖစ္ေနတာကို သိသည္ထင္။
" ကဲပါ ဒယ္ဒီ နဲ႔မာမီကလည္း ဟိုမွာ ေကာင္ေလး မေနတတ္ေတာ့ဘူး ဗ် "
" အမေလး မွန္တာေျပာတာကို ေနာ္ သားေလးရယ္ Jongin ကို သားေလးလို ခ်စ္ဖို႔ေကာင္း ေစခ်င္တာ သိလား သူကေတာ့ ဘယ္လို ျဖစ္တယ္ မသိဘူး အားေန ၾကက္ဥေတြ ထုတ္ျပေနတာပဲကြယ္ "
Aunty ရဲ႕ အေထ့ အေငါ့ စကားကို Jongin Hyung က
" မာမီ ေနာ္ "
ႏႈတ္ခမ္းႀကီး စူၿပီး ျပန္ေအာ္ေနတာ ေၾကာင့္ Kyung Soo ရယ္ မိသည္။
Jongin Hyung ရဲ႕ ဒီလို ကေလးဆန္ တဲ့ အခ်ိန္ ရွိေသးတာလား ဟု ေတြးမိ သည္။
ထို အခ်ိန္ ထမင္းစား ခန္းထဲက ထြက္လာတဲ့ မိန္းကေလး တစ္ဦး ။
သူက Jongin ဆီ ဦးတည္ၿပီး ေလွ်ာက္လာကာ
" Jongin လာေလ အားလုံး အဆင္သင့္ ျဖစ္ၿပီ "
စကားသံအဆုံး Hyung ရဲ႕ လက္ေမာင္းကို တြယ္ကာ ထမင္းစားခန္းထဲ ဝင္သြားတဲ့ သူမ။
Kyung Soo စိတ္ထဲ တစ္ခုခု လစ္ဟာ သြားသလိုႀကီး ဘာမွန္းေတာ့ မသိ။ Kyung Soo လည္း ေခါင္းခါကာ သူတို႔နဲ႔ အတူ ထမင္းစားခန္း ထဲ ဝင္လိုက္သြားခဲ့သည္။
______________________
Kyung Soo တို႔ အိမ္ကို ျပန္တဲ့ လမ္းေပၚမွာ တိတ္ဆိတ္လ်က္ ရွိေနသည္။
Yifan က ကိစၥ တစ္ခု ေပၚလာတာ ေၾကာင့္ ေကာင္ေလးကို Jongin က လိုက္ပို႔ ျဖစ္သည္။
ေကာင္ေလးက တစ္ခုခုကို စိတ္ဆိုးေနဟန္ ျဖင့္ ၿငိမ္ေနသည္။
" ေကာင္ေလး ဘာျဖစ္ေနတာလဲ စိတ္ညစ္ေနတာလား "
ေမးလိုက္ေတာ့ လွည့္ၾကည့္လာတဲ့ ေကာင္ေလး
" ဟင္ ဘာျဖစ္လို႔လဲ Hyung ကို ေျပာေလ ေကာင္ေလးရဲ႕ Hyung ကို မ်ား စိတ္ဆိုးေနတာလား "
" မဟုတ္ပါဘူး အားနာေနတာ ကြၽန္ေတာ့္ကို အခုလို လိုက္ပို႔မယ့္ အစား Hyung ရဲ႕ ခ်စ္သူ နဲ႔ အတူတူ ရွိေနသင့္တယ္ေလ "
ေကာင္ေလး ေျပာစကားေၾကာင့္ ေၾကာင္သြားရသည္။ ခ်စ္သူတဲ့ ?? Jongin စဥ္းစားၾကည့္ေတာ့မွ အေျဖက တေရးေရးျဖင့္ ေပၚလာေလသည္။
" ေကာင္ေလးက အိမ္မွာ ေတြခဲ့တဲ့ တစ္ေယာက္ကို ေျပာေနတာလား "
" အင္း "
" ေကာင္ေလးရယ္ အဲ့ဒါ Hyung ခ်စ္သူလို႔ ဘယ္လိုေတာင္ ထင္လိုက္တာလဲကြာ... အဲ့ဒါ Hyung ရဲ႕ အစ္မဝမ္းကြဲပါ ကြ"
" ဗ်ာ "
Kyung Soo တအံ့တၾသ ျဖစ္ေနတုန္းမွာပဲ ကားေလးက Kyung Soo တို႔ ၿခံထဲ ဝင္လာေလသည္၊။
Jongin ကားကို ရပ္လိုက္ၿပီး ေကာင္ေလးဘက္ ကိုယ္ကို ေစာင္းကာ
" ေကာင္ေလးက Hyung ကို သဝန္တိုေနတာလား Huh!!"
" ဘာ.....ဘာကို .... သဝန္ တိုရမွာလဲ"
ကား တံခါး ဘက္ အတင္းကပ္ကာ မ်က္လုံးျပဴးႀကီးနဲ႔ ထစ္ထစ္ အအ ျပန္ေျဖလာတဲ့ ေကာင္ေလး ။
Mira အႀကံ ဆိုးေတ့ာ မဆိုး ။ အလုပ္ျဖစ္သည္။
ေကာင္ေလးက သူ႔ေအပၚ နည္းနည္း ေလးေတာ့ စိတ္ရွိပုံရသည္ မဟုတ္လား ။
ေကာင္ေလးက ေတာ့ ကမန္းကတန္း ႏႈတ္ဆက္ကာ ကားေပၚက ဆင္းေျပးၿပီး အိမ္ထဲ ေျပးဝင္သြားေလရဲ႕။
~ေကာင္ေလးေရ ကိုယ္ ေမွ်ာ္လင့္ ခြင့္ေတာ့ ရွိမယ္ မဟုတ္လား ဟင္ ~
___________________________