He is My Adorable Boyfriend [...
By Riverlyn__
100K 8.3K 422
Kim Jongin × Do Kyung Soo More
Episode 1
Episode 02
Episode 03
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 24 (Final)
Episode 04
4.6K 452 17
By Riverlyn__
Unicode
~Happy Birthday ပါ Kyungie မွေးနေ့မှာ ပျော် ရွှင် ပါစေ ~
~ Happy Birthday Kyung Soo ~
ရေချိုးခန်း ထဲက ထွက်လာပြီး ရှေ့ဆင့် နောက်ဆင့် ဆိုသလို ဝင်လာတဲ့ Msg တွေကို ဖတ်ပြီး ပြုံးလိုက်သည်။
ဒီနေ့ Kyung Soo ရဲ့ 18 နှစ်ပြည့် မွေးနေ့ ။
အဝတ် အစား မြန်မြန်လဲကာ အောက် ထပ်ကို ဆင်းလာလိုက်သည်။
ဒီနေ့ Sunday ဆိုတော့ ဒယ်ဒီ ရော မာမီ ရော ရှိလောက်ပါရဲ့။
သို့သော် ခန့်မှန်းချက်နှင့် တက်တက်စင်စွာ ဒယ်ဒီ ရဲ့ အခန်းရော မာမီ ရဲ့ အခန်းရော သော့ ခတ်ထားကြသည်။
ထမင်းစားခန်းထဲက ထွက်လာနဲ့ အန်တီလီကို လှမ်းကြည့်ကာကို
" အ​န်တီလီ .. ဒယ်ဒီ နဲ့ မာမီ ရော အပြင်သွားတာလား "
" ဟို... ပြန်...ပြန်သွား ကြပါပြီ Kyungလေး "
" ဗျာ !!!!!!! "
Kyung Soo အံ့သြခြင်း ကြီးစွာဖြင့် Sofa ပေါ် ထိုင်ချမိသည်။
အန်တီလီ ကတော့ စိတ်မကောင်းဟန်ဖြင့် ရပ်ကြည့်နေလေသည်။
အန်တီလီက Kyung Soo ရဲ့ 18 နှစ်တာ အကုန်လုံးမှာ တူတူ ရှိနေခဲ့ တာကြောင့် Kyung Soo ရဲ့ အိမ်တွင်းရေးကို နားလည်ထားသူလည်း ဖြစ်သည်။
" အ​န်တီလီ လုပ်စရာ ရှိတာ လုပ်လို့ရပါပြီ ကျွန်တော် အဆင်ပြေပါတယ် "
" Kyung လေးအတွက် အန်တီလီက မီယောဂု ချက်ထားတယ်လေ မွေးနေ့မှာ မီယောဂု တော့ သောက်ရမှာပေါ့ လာ "
လက်ဆွဲကာ ခေါ်သွားတဲ့ အန်တီလီ ကို ငေးကြည့်နေမိသည်။
မိဘတွေကတောင် အလေးမထားတဲ့ သူ့ မွေးနေ့ကို အန်တီလီ က မှတ်မိ နေခဲ့သည်တဲ့လေ။
အန်တီလီ ချပေးတဲ့ မီယောဂုကို သောက်ရင်း မျက်ရည်တွေက အဆက်မပြတ် ကျလာ​တော့ အန်တီလီက ကျောကို ပုတ်ပေးကာ နှစ်သိမ့် လေရဲ့ ။
Kyung Soo မနက်စာစားပြီး ခြေဦးတည့်ရာ ထွက်လာလိုက်သည်။
ပိုက်ဆံအနည်းငယ်သာ ပါပြီး Ph တောင် ပါမလာခဲ့ ။ Han မြစ်ဘေးမှာ တစ်နေကုန် ထိုင်နေမိသည်။ .
ည​နေမ​စောင်းခင်မှာပင် မိုးတိမ်တွေ တရိပ်ရိပ် တက်လာသည်။
သို့သော် အိမ်ပြန်ဖို့ စိတ်ကူး မရှိသေး။ မိုးတွေ သည်းလာတဲ့ အထိ ထိုင်နေတုန်း။
ညနေစောင်း တော့မှ ထကာ အိမ်ပြန်လမ်း ကို ဦးတည်လိုက်သည်။
မိုးတွေကတော့ သည်းနေတုန်းပင် ။
လူက တနေကုန် မိုးရေထဲမှာ ဆိုတော့ နုံးချိနေပြီဖြစ်သည် ။ ကားလမ်းကို ဖြတ်ကူးပြီး platformပေါ် အရောက် မိုက်ခနဲ ဖြစ်သွားပြီး အရာအားလုံးက မှောင် အတိဖြစ်လို့သွားသည်။
နောက်ဆုံး တွေ့လိုက်ရတာက ထီးကို ပစ်ချပြီး ပြေးလာနေတဲ့ လူတစ်ယောက်ရယ် ။
ကျယ်ကျယ်လောင်​လောင် ​ခေါ်ခံလိုက်ရတဲ့ ကောင်လေး ဆိုတဲ့ နာမ်စားလေးရယ် ။
___________________________
" အေးပါ Yifan ဖြည်းဖြည်း မောင်းလာဦး ငါစောင့်ပေးနေပါ့မယ် စိတ်မပူပါနဲ့ ........ အင်း... အင်း.... ဒါပဲနော် "
Jongin Ph ကို ချကာ အိပ်ရာပေါ်မှာ ဖြူဖျော့ဖျော့ လဲလျောင်းနေတဲ့ ကောင်လေး ကို ကြည့်မိသည်။
Jongin ဒီနေ့ ဆိုဒ်ထဲ လိုက်စစ်ပြီး အပြန် မိုးရေထဲ လမ်းလျှောက်နေတဲ့ ကောင်လေးကို တွေ့ခဲ့တာပင်။
အသိစိတ်လွတ်နေသလို ဖြစ်နေတဲ့ ကောင်လေးကို ဘာကြောင့်ရယ်မသိ စိတ်မချသလို ဖြစ်တာကြောင့် ကားကို Driver နဲ့ နောက်က ဖြည်းဖြည်းလိုက်ခိုင်းကာ Jongin ကတော့ ထီးနှင့်ပင် ကောင်လေး နောက်က လိုက်ခဲ့သည်။
ကားလမ်း တစ်ဖက်ကို ကူးအပြီး သတိလစ် သွားတဲ့ ကောင်လေးကို ပြေးပွေ့ကာ ကားနှင့် တင်ခေါ်ရသည်။
Yifan ကို Ph ဆက်တော့ သူက Busan ရောက်နေတာကြောင့် သူတို့ အိမ်ကို ပြန်ပို့ပေးဖို့ အကူအညီ တောင်းလာလို့ အခု သူတို့အိမ်ကို ရောက်နေခြင်းပင်။
" Kyung Soo.....Kyung Soo"
အော်ခေါ်သံ အကျယ်ကြီး နှင့်အတူ အခန်းထဲ ပြေးဝင်လာတဲ့ အရပ်ရှည်ရှည်နဲ့ ကောင်လေး။
" မင်းက ကောင်လေးရဲ့ အသိလား "
" အာ..ဟုတ်ကဲ့ Park Chanyeol လို့ ခေါ်ပါတယ် Kyung Soo ရဲ့ အတန်းဖော်ပါ။ ဒီနေ့ သူ့မွေးနေ့ လျှောက်လည်ဖို့ Ph ဆက်တာ လုံးဝ မကိုင်လို့ အဲ့ဒါ လိုက်လာတာ ဒီရောက်တော့ အန်တီလီ က Kyung Soo သတိလစ်လာတယ် ဆိုလို့ "
" အင်း ဟုတ်တယ် မိုးရေထဲ နေတာ များပြီး ဖြစ်သွားတာ ဆရာဝန် ဆေးထိုးပေးပြီးသွားပြီ Yifan လည်း ပြန်ရောက်တော့မယ် ။ "
"အာ..ဟုတ်ကဲ့ပါ... ဒါနဲ့ Hyung က ?"
" Hyung က Yifan ရဲ့ သူငယ်ချင်းပါ Kim Jongin လို့ ခေါ်ပါတယ် "
" ဟုတ်... Hyung တွေ့ရတာ ဝမ်းသာပါတယ် "
ထိုစဉ် အထဲကို ဝင်လာတဲ့ Yifan... Kyung Soo ကုတင်ဘေး ပြေးသွားကာ နဖူး​ပေါ်ကို လက်နဲ့ ခပ်ဖွဖွအုပ်လို့ စမ်းသည်။
" ကိုယ်တော့ သိပ်မပူ​တော့ဘူး တော်သေးတာပေါ့ "
"ဟုတ်တယ် Yifan ဆရာဝန် ပြောတာတော့ စိတ်ညစ်စရာတွေ များပြီး Shock ဖြစ်သွားတာတဲ့ ။ အခုက ဆေးအရှိန်နဲ့ အိပ်ပျော်နေတာ... ငါနားမလည်လို့ပါ.. Yifan.. မွေးနေ့မှာ သူက ဘာလို့ မိုးရေထဲ ဒီလိုကြီး လျှောက်သွားနေရတာလဲ သူ့အ​ဖေနဲ့ အ​မေ​တို့ကရော ?"
" သူ အခုလို ဖြစ်တာလည်း သူ့မိဘတွေကြောင့်ပဲလေ Jongin... သူ့မွေးနေ့ကို ဥပေက္ခာ ပြုရက်ကြတဲ့ မိဘတွေကြောင့်ပေါ့ "
ပြောရင်း ပြောရင်း Yifan က ဒေါသ ထွက်လာသလို မေးကြောတွေပါ ထောင်လာသည်။
ဒါကို Chanyeol က ကြည့်ကာ ထ​ပြောသည်။
"ကဲပါ သူ့မိဘတွေ မရှိလည်း ကျွန်တော်တို့ ရှိတာပဲ သူနိုးလာရင် မွေးနေ့ပွဲ လုပ်ကြမယ်လေ မွေးနေ့က ည 12:00 မထိုးခင် အထိ အကျုံး ဝင်သေးတာပဲ ဟာ "
Chanyeol အပြောကို Yifan က ​ခေါင်း​ထောင်ကာကြည့်ရင်း ချက်ချင်းတက်ကြွလို့လာသည်။
" အင်း ဟုတ်တယ် ငါတို့ပဲ လုပ်ကြတာပေါ့ Jongin ရော အားတယ်မလား "
Yifan အမေးကို Jongin ပြုံးကာ ဖြေမိသည်။
" သေ ချာ ပေါက် ကို အား တာ ပေါ့ "
_____________________
" အား ကျွတ် ကျွတ် ခေါင်းကိုက်လိုက်တာ "
" နိုးလာပြီလား Kyung Soo "
" ဟင် !!! Chanyeol !"
Chanyeol ရောက်နေတာကို အံ့သြသွားရသည်။
Kyung Soo ကြောင်နေတာ အမှန်။ သူ့ကို ဘယ်သူ အိမ်ပြန်ပို့မှန်း မသိ။
Chanyeol က​တော့ မသိသလို ခပ်အေးအေး ပင်။
" Kyung Soo ည စာစားမယ် အောက်ဆင်းခဲ့နော် "
" ဒါနဲ့ မင်းက ဘယ်လို လုပ်ပြီး ...."
" အဲ့ဒါတွေ ပြီးမှ မေးပါ အောက်သာ မြန်မြန် ဆင်းခဲ့ မကြာနဲ့နော် "
ပြောပြီး ဆင်းသွားတဲ့ Chanyeol ကို ကြည့်ကာ ယောင်နန နှင့် ခေါင်းငြိမ့်ပြလိုက်သည်။
အောက်ထပ်ကို ဆင်းတော့ မီးတွေ ပိတ်ထားတာကြောင့် အူကြောင်ကြောင် ဖြစ်နေမိသည်။
Kyung Soo နေရာက မရွေ့ပဲ ရပ်နေမိတုန်း
" Happy birthday to you
Happy birthday to you
Happy birthday wuri Kyungsoo
Happy birthday to you "
" Hyung !!!"
" မြန်မြန် မှုတ်လေ Kyungie ရ Jongin ကိုင်ထားတာ ညောင်းနေပြီ "
" အာ... အင်း အင်း "
"Happy birthday ကောင်လေး "
"ဟုတ်... ကျေးဇူး..တင်ပါတယ် "
Kyung Soo ပြုံးကာပြောတော့ သူက ရယ်ကာ
"လာ ကောင်လေး ကိုယ်တို့ ညစာပြင်ထားတယ် ကောင်လေးရဲ့ ​မွေး​နေ့အတွက်လေ "
" ဟုတ်တယ် Kyung Soo ရ ... ဒီဟင်းတွေ အကုန် Jongin Hyung ကိုယ်တိုင် ချက်ထားတာ.. အန်တီလီ​တောင် ​ကူစရာမရှိလို့ ​စောပြန်သွားတယ် "
"တကယ်ကြီး?.. ကျေးဇူးပါ.... Jong...in Hyung "
" ခု​တော့ ငါ့ကို ​မေ့ကြပြီ​ပေါ့ "
Yifan hyung ရဲ့ မကျေမနပ် ရေရွတ်သံကြောင့် သုံးယောက်လုံး ရယ်မိကြသည်။
ထိုညက Kyung soo တို့ စားကြသောက်ကြနှင့် မိုးလင်းသွားကြသည်။
Kyung Soo ကို အိမ်ပြန်ပို့ပေးတာ သိရတော့ Jongin hyung ကို ထပ်ပြီး ကျေးဇူး တင်မိပြန်သည်။
Kyung Soo ဘဝက အေးချမ်းပါသည်။ မိဘမေတ္တာက လွဲလို့် အရာအားလုံး အဆင်ပြေပါသည်။
~~ ဂရုစိုက်ချစ်ခင်ပေးတဲ့ Yifan Hyungရယ်
~~အမြဲတမ်း အားပေးတဲ့ သူငယ်ချင်း Chanyeol ရယ်
~~Kyung Soo ဘဝထဲကို တစ်စ တစ်စ တိုးဝင်လာတဲ့ Kim Jongin ရယ်
_________________________
Zawgyi
" ဗျာ !!!!!!! "
___________________________
" Kyung Soo.....Kyung Soo"
_____________________
" ဟင် !!! Chanyeol !"
" Happy birthday to you
Happy birthday to you
Happy birthday to you "
" Hyung !!!"
" အာ... အင်း အင်း "
"ဟုတ်... ကျေးဇူး..တင်ပါတယ် "
_________________________
Continue Reading
You'll Also Like
4K 348 10
[𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽] "𝖨𝗆 𝗎𝗋 𝗉𝗋𝖾𝗍𝗍𝗒 𝗈𝗆𝖾𝗀𝖺~" "𝖧𝗄𝗄! 𝖸𝖾𝗌, 𝗎𝗋 𝗆𝗒 𝗉𝗋𝖾𝗍𝗍𝗒 𝗈𝗆𝖾𝗀𝖺!!" 𝖣𝖺𝗍𝖾 𝖲𝗍𝖺𝗋𝗍 : 230803 𝖤𝗇𝖽 :...
654K 67.8K 26
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
1.7M 95.7K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
433 60 5
" နာကျင်မှုတွေ ရောပြွန်းနေမှန်းသိရဲ့သားနဲ့ အချစ်ဆိုတဲ့အရာကို လူတွေကဘာလို့ တပ်မက်နေကြသေးတာလည်း " ကျုံးချန်းလော့ . . . . . . . " နာကျင်မှုတွေ ရောပြွန်း...