He is My Adorable Boyfriend [...
By Riverlyn__
100K 8.3K 422
Kim Jongin × Do Kyung Soo More
Episode 1
Episode 03
Episode 04
Episode 05
Episode 06
Episode 07
Episode 08
Episode 09
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 24 (Final)
Episode 02
6K 459 13
By Riverlyn__
Unicode
" CEO အပြင်မှာ ဧည့်သည် ရောက်နေပါတယ် "
" လွှတ်လိုက်ပါ အတွင်းရေးမှူး မင် "
Jongin ,Intercom မှ ထွက်လာတဲ့ စကားကို ပြန်ဖြေကာ အလုပ် ဆက်လုပ်နေ လိုက်သည်။
ခဏကြာတော့ တံခါးကို တွန်း ဖွင့်ပြီး ဝင်လာတဲ့ ရှည်မျောမျော အရိပ်ကြောင့် ဘယ်သူမှန်း အတပ်သိလိုက်သည်။
" Yifan ဘယ်တုန်းက ပြန် ရောက်နေတာလဲ China ရောက်နေတာဆို "
Jongin အမေးစကားကို Yifan က မျက်မှောင်ကြုတ်ပြီး ကြည့်ကာ ​ဒေါကြီး​မောကြီး ​ပြော​တော့သည်။
" Kim Jongin တို့က လုပ်ပြီ မေ့တတ်လိုက်တာ လွန်ရော လွန်ခဲ့တဲ့ တစ်ပတ် ငါ ပြန်ရောက်တဲ့ နေ့ကတည်းက မင်း ကို ph ဆက် ပြောပြီးပါရောလား Kim Jongin... "
"အာ ဟုတ်သားပဲ Sorry Yifan ရာ ငါ မေ့သွားတယ် အလုပ်တွေ ရှုပ်နေတာနဲ့ "
" အဲ့ဒါကြောင့် ပြောတာပေါ့ အလုပ် ကြိုးစားတာလည်း ကြိုးစားတာပေါ့ ဘယ့်နှယ်ကွာ ကြာရင် ကျန်းမာရေး ထိခိုက်မယ်ဟ ... အနား​​လေးဘာ​လေး ယူပါဦး "
" အေးပါကွာ ငါ နားလည်ပါတယ် ငါလည်း လုပ်နိုင်တုန်းလေး လုပ်တာပါကွာ "
"ကဲ အခုရော ဘာ စားပြီးပြီလဲ "
" ဟင့်အင်း ဒါလေး မပြီးသေးလို့ "
" မင်းကြီး​တော်ကို မပြီး​သေး!!!!!! မရတော့ဘူး မင်း လာလိုက်တော့ လာ အခု သွားစားမယ် ညနေ 3:00 ထိုးတာတောင် ဘာမှ မစားရသေးဘူး ဟုတ်လား အလုပ်သရဲရဲ့ "
" အေး အေးပါကွာ ပြီးပါပြီ ခဏလေးပါ မျက်စောင်း သိပ်မထိုးပါနဲ့ကွာ ငါ ပြာ ကျ သွားမှာ ဆိုးလို့ပါ"
"ဟား ဟား ဟား "
ရယ်ရယ် မောမော နဲ့ အလုပ်ကို လက်စ သတ်ပြီး Yifan နဲ့ အတူ နေ့လည်စာ စားဖို့ ထွက်လာ လိုက်သည်။
Yifan အတွက်တော့ ညနေစာ ဖြစ်နိုင်သော်ငြား Jongin အတွက်က ဒီအချိန်က နေ့လည်စာ ချိန်လို ဖြစ်နေပြီ။
စားသောက်ဆိုင်မှာ စားသောက်ပြီး
" ငါ ကမ်းလှမ်းထားတဲ့ ကိစ္စ ဘယ်လို စဉ်းစားလဲ Jongin "
" မင်းလည်း ရှိနေတော့ ငါ DO Group နဲ့ မပူးပေါင်း နိုင်စရာ အကြောင်း မရှိပါဘူး ငါ လက်ခံပါတယ် "
"အေးကွာ ကျေးဇူး Jongin အဲ့ဒါ ဆိုရင် ငါ ​လေး​လေးကို ပြောလိုက်တော့မယ် သူ မင်း နဲ့ တွေ့ဖို့ လာလိမ့်မယ် ထင်တယ် "
"အေးပါ အေးပါ မင်းကတော့ အခု DO group ရဲ့ လက်ဆွဲပဲနော် အခု ဥက္ကဌ Do Young Min ပြီးရင် မင်းပဲ ထင်တယ် "
"ဘယ်ဟုတ်ပါ့မလဲ Jongin ရယ် သူ့ သား ပဲ သူပေး မှာပေါ့ဟ ပြီးတော့ ငါလည်း company ကို အုပ်ချုပ်ဖို့ အဲ့​လောက်ကြီး ဝါသနာ မပါပါဘူး အခုက ဝင်ကူရုံပါပဲ "
" Huh! သူ့မှာ သား ရှိတယ်ပေါ့ ဟုတ်လား ငါ တစ်ခါမှ မကြားဖူးပါဘူး Yifan ရ "
" အင်း ဟုတ်တယ် မင်းတင်မကဘူး တော်တော် များများ မကြားဖူးကြဘူးကွ ဟင်း အဲ့ကလေး ဘဝက သနားဖို့ ကောင်းတယ်ကွ ငယ်ငယ် ကတည်းက မိဘ မေတ္တာ မရရှာဘူး ကဲပါ နောက် ကြုံမှ ငါ မိတ်ဆက်ပေးပါ့မယ် Kyung Soo လေးက လိမ္မာ ရေးခြား ရှိတဲ့ ကလေးကွ မင်း မြင်ရင် အံ့သြ သွားမှာ သေချာတယ် "
" Kyung Soo တဲ့လား "
" အင်း​လေ Do Kyung Soo တဲ့......"
_____________________
" မင်း မွေးနေ့ တောင် နီးလာပြီနော် Kyung Soo "
" အေးလေ "
ဘေးခုံကနေ မေးထောက်ပြီး မေးလာတဲ့ Chanyeol ကို သင်္ချာ ငုံ့ တွက်နေရင်းပင် ဖြေလိုက်သည်။
Chanyeol က
" ငါ စဉ်းစားနေတာ မင်းကို မွေးနေ့ လက်ဆောင် ဘာပေးရမလဲ လို့ "
" မပေးလည်း ရပါတယ် Chanyeol ရယ် မလိုပါဘူး "
"မလိုပဲ နေပါ့မလားကွ မွေးနေ့ လက်ဆောင်ဆိုတာ လက်ခံကောင်းပါတယ်ကွ သူငယ်ချင်းက ပေးပေး သူစိမ်းက ပေးပေး မိဘက အဲ......"
Kyung Soo အိမ်တွင်းရေး အခြေအနေကို သိထားသည့် Chanyeol က ပြောလက်စ စကားကို အားနာ ဟန်ဖြင့် ရပ်လိုက်တာကြောင့်
" ပြောပါ Chanyeol ရဲ့ မင်းပြောတာ အမှန်တွေပဲကို ငါ့ကို အားနာမနေနဲ့ ငါက ဒီလို အခြေအနေတွေနဲ့ နေသား ကျနေပါပြီ ကိစ္စ မရှိပါဘူး "
" Kyung Soo မင်း... စိတ် ပင်ပန်း မခံနဲ့နော် ... မင်း ခံစားနေရတာတွေ ငါ့ကို ရင်ဖွင့်ပေါ့.. ငါနား​ထောင်​ပေးနိုင်ပါတယ်.. ငါတို့က သူငယ်ချင်းလေ ဟုတ်တယ် မလား "
" အင်း ကျေးဇူးတင်ပါတယ် Chanyeol "
စာသင်ချိန် ကုန်တာနဲ့ လွယ်အိတ် လွယ်ပြီးး Chanyeol နဲ့ အတူ ထွက်လာလိုက်သည်
ကျောင်းရှေ့ရောက်တော့ ကားကို မှီကာ ရပ်နေတဲ့ Yifan Hyung က သူ့တို့ကို လက်လှမ်းပြသည်။
" Hyung....... ကျွန်​တော်ကို လာကြိုတာလား "
" အင်းပေါ့ အပြန် မုန့် လျှောက်စားကြမယ်လေ Kyungie... Chanyeol ကို ပါ ခေါ်ခဲ့လိုက်ပေါ့ "
ဘေးမှာ ရပ်နေတဲ့ Chanyeol ကို ညွှန်ပြကာ ပြောတော့ Chanyeol က
"အာ.. ကျွန်​တော် မလိုက်တော့ဘူး Hyung အိမ်မှာ ကိစ္စလေး ရှိသေးတယ် ပြီးတော့ ကျွန်တော့ ညီ မျောက်နှစ်ကောင်ကို သွားကြိုရဦးမှာ "
" ဟုတ်ရဲ့လား Chanyeol မင်း ငါ့ကို အားနာနေတာလား "
" တကယ်ပါကွာ မင်းကလည်း ငါ နောက်တစ်ခေါက်တော့ လိုက်ပါ့မယ် အခုက တကယ် မအားတာကွ "
" ကဲ ဒါဆိုလည်း မင်းကို အိမ်လိုက်ပို့ပြီး မှ ငါတို့ သွားမယ် ဒါတော့ မငြင်းနဲ့ ဟုတ်တယ် မလား Hyung "
" ဟုတ်တယ် Chanyeol ... Hyung တို့ ဝင်ပို့ပေးမယ် ကားပေါ်တက် "
"ကဲ ကဲ Let's go! "
Chanyeol ကို အိမ်ဝင်ပို့ပေးကာ Kyung Soo တို့ လျှောက်လည်ကြသည်။ မုန့်တွေစားကြသည်။
အိမ်အပြန်လမ်းမှာ Yifan က ကား​ကြောရှင်းမရှင်း ကြည့်​နေရင်း စကားစသည်။
" Kyung Soo လေး မွေးနေ့ နီးပြီနော် ဘာလိုချင်လဲ hyung ပါး ကတော့ Kyungie အတွက် လက်ဆောင်တောင် ပြင်ပေး ပြီးပြီ "
" တကယ်လား Hyung ဘာလဲဟင် "
" ဒါတော့ Hyung လည်း မသိဘူး ပါး က သူ့တူကို ပေးဖို့ Hyung ကို ပေးမသိဘူး "
" ဟိ ဟိ ဒါမှ ဦးဦးကွ Kyungie ပျော်တယ် သိလား... hyung ရော ဦးဦးရော ဘိုးဘိုး ဘွားဘွား တို့ပါ Kyungie ကို ချစ်ပေးကြလို့.... တကယ်​တော့ ဒယ်ဒီ နဲ့ မာမီ ပါ ချစ်ပေးမယ် ဆိုရင်​တော့ ပိုပျော် မိမယ်ထင်တာ​ပေါ့.. တစ်ခါတစ်လေ တော့လည်း သိ​တော့သိချင်မိသား.... Kyungieက ဘယ်လို ဝဋ်ကြွေးမျိုးနဲ့ မွေးဖွားလာတာလဲ ဆိုတာကိုလေ "
ကားမှန်ဘက်ကို မျက်နှာမူကာ ပြောနေတဲ့ ကလေးဟာ ငိုချင်စိတ်ကို ထိန်းချုပ် ထားရသည့် ဟန် အသံတွေက အဖျားခတ် တုန်ယင် သွားတာကြောင့် Yifan သက်ပြင်းသဲ့သဲ့ ချမိသည်။
" Kyungie , Kyungie ကို hyung သတင်းတစ်ခု ပြောပြရမလား "
"ဘာ သတင်းလဲ Hyung "
" အင်း.... အဲ့ဒါက ဒီတစ်ပတ်ထဲမှာ kyungie ရဲ့ ဒယ်ဒီ နဲ့ မာမီ ပြန်လာလိမ့်မယ် "
" တကယ်လား Hyung .... တကယ်လား!! ပျော်လိုက်တာ.. ဒါဆို သူတို့ Kyungie မွေးနေ့ကို မှီမယ် မလားဟင် "
" မှီလောက်တယ်... Kyungieရဲ့ ဒယ်ဒီ က Hyung သူငယ်ချင်း Company နဲ့ စာချုပ်ချုပ်ဖို့ လာကြမှာ
kyungie ရဲ့ မာမီ ကတော့ သူတို့ Company နှစ်ပတ်လည် အတွက် လာမှာ တဲ့ အဲ့လို ဆိုရင် အိမ်မှာ ပွဲလုပ်ပြီး kyungie ဒယ်ဒီ နဲ့ မာမီ က တူတူတွဲ တက်လိမ့် မယ် "
"တကယ်လား အဲ့ဒါဆို Hyung.....Hyung အရင်တုန်းက လိုပဲ Appa နဲ့ Omma တွဲရက်ပုံကို ရအောင် ရိုက်ပေးနော် Kyungie အခန်းထဲ မှာထားဖို့ "
" အင်းပါ kyungie ရယ် စိတ်ချနော် Hyung သေချာ ရိုက်ပေးမယ်​နော် ဟုတ်ပြီလား "
" ဟုတ် "
ပျော်ရွှင်စွာ ဖြေလာတဲ့ Kyungie လေး ခေါင်းကို အသာ ပုတ်လိုက်တော့ အသည်းပုံ နှုတ်ခမ်းလေး ပေါ်အောင် ပြုံးပြလာလေရဲ့ ။
​တွေး​တော့ တွေးမိပါရဲ့ ဒီလို ဖြူစင်တဲ့ ကလေးငယ်ကိုမှ ကံကြမ္မာက ဘယ်လို ကံတရားတွေ နဲ့ ရင်ဆိုင် စေဦးမှာပါလိမ့် ဟူ၍.............။
_______________________
Zawgyi
"ဟား ဟား ဟား "
" Kyung Soo တဲ့လား "
" အင်း​လေ Do Kyung Soo တဲ့......"
_____________________
" အေးလေ "
Chanyeol က
"ကဲ ကဲ Let's go! "
" တကယ်လား Hyung ဘာလဲဟင် "
"ဘာ သတင်းလဲ Hyung "
" ဟုတ် "
_______________________
Continue Reading
You'll Also Like
3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
4.6K 361 7
အချစ်ကဘာလဲလို့မေးရင်ယူဂျင်းအတွက်ကတော့ဘာမှပြောစရာမရှိပဲနာကျင်ရတဲ့အရာပါပဲ နာကျင်ရမှန်းသိ‌တာ‌တောင်ချစ်ခဲ့တာလည်းယူဂျင်းကိုယ်တိုင်ပဲမလား.....
559K 27.5K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...