အချစ်ဦးသည်သာ
Par cuttiehsumindooly
102K 9.8K 3.6K
ပတ်ဂျီမင်း (Idol) & ဟန်ဆုယောင်း (You) သိပ်ချစ်ခဲ့တဲ့ အချစ်ဦးနှင့် ဝေးကွာသွားပြီးနောက်၊ ပြန်ဆုံတွေ့သောအခါ ဘာတွ... Plus
Intro - အချစ်​ဦး❣️
အခန်း (၁) - အတိတ်​ပုံပြင်​(နိဒါန်း)
အခန်း (၂) - အတိတ်ပုံပြင် (၁)
အခန်း(၃) - အတိတ်​ပုံပြင်​ (၂ )
အခန်း(၄) - အတိတ်​ပုံပြင်​(၃)
အခန်း(၅) - အတိတ်​ပုံပြင်​(၄)
အခန်း(၆) - အတိတ်​ပုံပြင်​(၅)
အခန်း (၇) - အတိတ်​ပုံပြင်​(၆)
အခန်း(၈) - အတိတ်​ပုံပြင်​(၇)
အခန်း(၉) - အတိတ်​ပုံပြင်​(၈)
အခန်း(၁၀) - အတိတ်​ပုံပြင်​(၉)
အခန်း (၁၁) - အတိတ်​ပုံပြင်​(၁၀)
အခန်း(၁၂) - အတိတ်ပုံပြင် (၁၁)
အခန်း(၁၃) - အတိတ်ပုံပြင် (၁၂)
အခန်း(၁၄) - အတိတ်ပုံပြင် (၁၃) {Birthday Special}
အခန်း(၁၅) - အတိတ်ပုံပြင်(နိဂုံး)
အခန်း(၁၆) - တမ်းတခြင်းနေ့ရက်များ(၁)
အခန်း(၁၇) - သတိရခြင်းနေ့ရက်များ(၂)
အခန်း(၁၈) - မြတ်နိုးခြင်းနေ့ရက်များ(၃)
အခန်း(၁၉) - ကြေကွဲခြင်းနေ့ရက်များ(၄)
အခန်း(၂၀) - ရင်ခုန်ခြင်းနေ့ရက်များ(၅)
အခန်း (၂၁) -မျှော်လင့်ခြင်းနေ့ရက်များ(၆)
အခန်း(၂၂) - ပျော်ရွှင်ခြင်းနေ့ရက်များ(၇)
အခန်း (၂၃) -ကြည်နူးခြင်းနေ့ရက်များ (၈)
အခန်း (၂၄) - စွဲလမ်းခြင်းနေ့ရက်များ (၉)
အခန်း(၂၅) - ချိုမြိန်ခြင်းနေ့ရက်များ (၁၀)
အခန်း(၂၆) - ချစ်မေတ္တာဟူသည် (၁)
အခန်း (၂၈) - ချစ်မေတ္တာဟူသည် (၃) (💝Valentine Day Special💝)
အခန်း (၂၉) - ချစ်မေတ္တာဟူသည် (၄)
အခန်း(၃၀) - ချစ်မေတ္တာဟူသည် (၅)
အချစ်​ဦးသို့
အခန်း (၃၁) - ချစ်မေတ္တာဟူသည် (၆)
အခန်း(၃၂) - ချစ်မေတ္တာဟူသည် (၇)
Note (20.2.2021)
အခန်း(၃၃) - ချစ်မေတ္တာဟူသည် (၈)
အခန်း(၃၄) - ချစ်မေတ္တာဟူသည် (၉)
အခန်း (၂၇) - ချစ်မေတ္တာဟူသည် (၂)
2.4K 237 234
Par cuttiehsumindooly
Unicode ‼️
👑"ချိုမြိန်ခြင်း"ဟူသော ဝေါဟာရ
မင်းအနားရှိမှ အနှစ်သာရ
ပြည့်ဝတယ် ။
👑"ချိုမြိန်ခြင်း"ဟူသော စကားလုံး
မင်းအပြုံးတို့ကြောင့်
ပိုအသက်ဝင်တယ် ။
👑"ချိုမြိန်ခြင်း" ဟူသော အဓိပ္ပာယ်
မင်းရယ်လိုက်မှ
နှလုံးသားထိ အနက်ရှိုင်းဆုံး
စီးဝင်တယ် ။
•••••••  အချစ်ဦးသည်သာ ••••••••
ဆက်လက်ယှဉ်ပြိုင်ရမည့် အဖွဲ့ ၃ ဖွဲ့ထဲ ပါဝင်ခွင့်ရခဲ့လို့ ပျော်ရွှင်ကြည်နူးနေသည့်စိတ် ၊ အားသွန်ခွန်စိုက် ကစားရင်းဖြင့် ဟိုအတိတ်ဆီကကဲ့သို့ သူနှင့် အတူ Couple Game ပြိုင်ပွဲတွင် ပထမဆု ထပ်မံရချင်မိသည့် စိတ်တို့သည် MC မှ ပထမဆုံးအနေနဲ့စတင် ယှဉ်ပြိုင်ဆော့ကစားရမည့် game ကိုကြေငြာလိုက်သည့်အချိန်တွင် အားတွေလျော့ကာ လက်မှိုင်ချရတော့ မယောင်ဖြစ်ကုန်လေတော့သည်။
ထို Game မှာ ကျွန်မတို့ နှစ်ယောက် ဘယ်လိုမှ ဝင်ရောက်ဆော့ကစားလို့ မရသည့် game ဖြစ်နေလေတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့အောင် အကြပ်ရိုက်သွားစေသည်။
ဂျီမင်း ကို လှမ်းကြည့်လိုက်တော့လဲ ဘာမှမတတ်နိုင်တော့သည့်ပုံစံဖြင့် ခေါင်းလေးကုတ်ကာ တွေဝေလျက်သာ။
ထို Game ကစားနည်းမှာ လက်ရှိအခြေအနေအရ ကျွန်မတို့ နှစ်ယောက်ကစားခွင့်မရှိရအောင် စီစဉ်ထားသည့်အလား။
ထိုကဲ့သို့ ကျွန်မတို့ နှစ်ယောက်ကို အံ့သြသင့်စေခဲ့သည့် Game ပုံစံမှာမူကား
ယှဉ်ပြိုင်သူ စုံတွဲက မျက်နှာချင်းဆိုင် အနေအထားဖြင့် လက်ချင်းတွဲထား၍ အသဲပုံ Candy တစ်လုံးကို တဖက်တချက်စီကနေ နှုတ်ခမ်းဖြင့် ပြိုင်တူ ထိငုံရင်း လမ်းတလျှောက်၌ ရှိသော အတားအဆီးကြိုးများကို ငုံ့တန်လျှင်ငုံ့၊ ခွကျော်သင့်လျှင်ကျော်ပြီး ပန်းတိုင်ဆီ အမြန်အရောက်သွားရမည်။
ဤနည်းဖြင့် Candy များကို အခေါက်ခေါက် အခါခါ သယ်သူပို့ဆောင်၍ တစ်မိနစ်အတွင်း Candy အများဆုံးရအောင် သယ်ဆောင်နိုင်သည့် စုံတွဲက အနိုင်ရမည် ဟူသော ထို game သည် တခြားစုံတွေများ အတွက် လွယ်ကောင်း လွယ်နိုင်သော်လည်းကျွန်မတို့နှစ်ဦးအတွက်တော့ အမှန်တကယ် ခက်ခဲစေခဲ့သည်။
စဉ်းစားကြည့်ပါလျှင် Mask အုပ်ထားရသော သူအနေဖြင့် ထိုကစားနည်းကို မည်ကဲ့သို့
ကစားနိုင်မည်လဲလေ ။
"ကိုယ် ... Mask ချွတ်ပြီး
ကစားလိုက်ရမလားဟင် ??"
အတွေးတွေလွန်ပြီး ငုတ်တုတ်မေ့နေသည့် ကျွန်မနားကို ကပ်ကာ တိုးတိုးလေး
လာပြောသည့် သူ့စကား။
ထို့ကြောင့် ခေါင်းကို ဆတ်ကနဲ သူ့ဘက်လှည့်လိုက်ပြီး
"ဂျီမင်း နော် ... မနောက်နဲ့ "
နှုတ်ခမ်းလေး စူပီး စူပုတ်ပုတ်လေးလုပ်ကာ ပြောလိုက်မိတော့ ကျွန်မကို သေသေချာချာကြည့်ပီး ရယ်နေလေသောသူ ။
ထိုကဲ့သို့ မျက်လုံးလေးတွေ မှေးမှိတ်သွားခြင်းဖြင့် ရယ်နေမှန်း သိသာစေသော သူ ၊
Mask သာ မအုပ်ထားလျင် သူ့ရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေ ပွင့်ဟပြီး လှိုက်လှိုက်လှဲလှဲ ရယ်မောနေတာကိုပါ မြင်ရမည်လေ။
အခုတော့ ကျွန်မတို့နှစ်ယောက်ကြား ခြားထားသည့် Mask ဟုခေါ်သော အနက်ရောင် ပိတ်စလေးကြောင့် သူ့အပြုံးတွေနဲ့ ဝေးကွာနေတုန်း ။ တကယ်ဆို သူ့အရယ်အပြုံးလေးတွေကို မျက်ဝါးထင်ထင် တွေ့မြင်ချင်လှပါပြီဟု စိတ်ထဲမှာတော့ ခဏခဏ တောင်းတနေမိသည်။
"ကိုယ်က ... ဆုယောင်း နဲ့ အဲ့ကစားနည်းကို ကစားကြည့်ချင်ပါတယ်ဆိုမှကွာ"
ကလေးတစ်ယောက်လို အလိုမကျစွာ ပြောလိုက်တဲ့ သူ့စကားက သူ့အနေနဲ့ မည်သို့ အဓိပ္ပာယ်သတ်မှတ်ကာ ပြောလိုက်သည်မှန်း မသိသော်လည်း ကျွန်မအနေနဲ့တော့ ထိုစကားကိုကြားကြားချင်း ရင်တွေအတိုင်းမသိ ခုန်လှုပ်ရင်း ပါးပြင်တဝိုက် သွေးကြောနီနီလေးတွေ ထကြွသွားသည်။
အဲ့ကစားနည်းရဲ့ ပုံစံအရ ချစ်သူနှစ်ဦး Candy တစ်လုံးကို ပြိုင်တူငုံခဲထားချိန် ဘယ်လိုပဲဖစ်ဖစ် နှုတ်ခမ်း၂ ခုကတော့ ထိကပ်သွားမှာပဲ မဟုတ်လားလေ ။
Indirected Kissဟု သတ်မှတ်နိုင်သည့် သွယ်ဝိုက်သော နည်းလမ်းဖြင့် အနမ်းပေးခိုင်းခြင်းဟု ခေါင်းစဉ်တပ်ရမည့် ထိုကစားနည်းကို သူက ကျွန်မနဲ့ ကစားကြည့်ချင်တယ် ဟူ၍ ယခုလိုဆိုလိုက်ခြင်းကြောင့် ကျွန်မရဲ့ ရင်ခုန်သံတွေ မူမမှန်ဖြစ်ကုန်ရတာတော့ ကျွန်မနှလုံးသားလေးရဲ့အလွန် မဟုတ်ဘူးဟုသာ ထင်မိပါသည်။
ထိုအတူ စိတ်အာရုံက အတိတ်ဆီမှ ဆော့ကစားရင်း ပြုမူခဲ့မိကြတဲ့ မတော်တဆ အနမ်းလေးများဆီ ဝဲပျံသွားမိတော့လည်း နှုတ်ခမ်းတဝိုက် ထူပူလာသယောင်နဲ့ ချိုမြိန်ခြင်းတွေပေးခဲ့တဲ့ သူ့နှုတ်ခမ်းဖူးဖူးလေးကို တောင့်တမိပြန်ပါသည်။
အလွမ်းတွေက နှစ်ရှည်လများစွာ
ဘယ်လောက်တောင် ကြီးစိုးထားနိုင်ခဲ့သလဲဆိုရင် အခုလိုအနားမှာ မျက်ဝါးထင်ထင်ရှိရက်နဲ့ကို လွမ်းနေမိပြန်တယ် မေ့အချစ်ဦးရယ်....။
"ပြိုင်ပွဲစဖို့အတွက် အဖွဲ့၃ဖွဲ့ အသင့်နေရာယူပေးပါ"
MC ရဲ့ ကစားရန်နှိုးဆော်လိုက်တဲ့ အသံက အတွေးတွေကို အဝေးသို့ လွင့်ပျောက်သွားစေလေသည်။
MC ရဲ့ အသံကြားကြားချင်း
သူနဲ့ကျွန်မ ပြိုင်တူ အကြည့်ချင်းဆုံကာ မျက်လုံးချင်းစကားပြောလိုက်ပြီးနောက်
"ဟို .... ကျွန်တော်တို့ နှစ်ယောက် ဒီပွဲစဉ်ကို အရှုံးပေးပါတယ်... ကျွန်တော်နှုတ်ခမ်းက အနာကြောင့် ဘယ်လိုမှ ကစားလို့ မရလို့ပါ"
မတတ်သာစွာ ပြောလိုက်ရတဲ့ သူ့စကားကို MC ကလဲ စိတ်မကောင်းစွာဖြင့် ခေါင်းလေးငြိမ့်ကာ လက်ခံပေးလိုက်ပေမဲ့ ကျန်တဲ့ပြိုင်ပွဲဝင်
အဖွဲ့၂ ဖွဲ့ရဲ့ မျက်နှာမှာတော့ အပြုံးရိပ်တွေက လှစ်ကနဲဖြတ်ပြေးသွားသည်။
စင်အောက်မှာ အားပေးရန် အသင့်စောင့်နေတဲ့ ပရိတ်သတ်ကြီးထံကတော့ "ဟာ" ကနဲ အလိုမကျစွာ ညည်းတွားသံတွေ ပေါ်ထွက်လာကြသည် ။
"ပရိတ်သတ်ကြီး မပူပါနဲ့ နောက်ပွဲတွေ ကျွန်တော်တို့ နှစ်ယောက် နိုင်အောင် ဆော့ပေးပါ့မယ်နော်"
ပရိတ်သတ်ဘက် မျက်နှာမူပြီး လက်ကလေးတဖက်မြှောက်ကာ တိုင်တည်သယောင်နဲ့ ခပ်သွက်သွက်လေး ပြောလိုက်တဲ့ သူ့စကားက ထိုလူထုကို စိတ်ကျေနပ်သွားစေသည်မို့ လက်ခုပ်တီးကာ အားပေးလိုက်ကြတဲ့ သူအချို့တောင် ရှိနေပြန်သည်။
တကယ်ဆို သူဟာ ရောက်ရာနေရာ ၊
ဖြစ်ပျက်တဲ့ အခြေအနေပေါ်လိုက်ကာ အဆင်ပြေအောင် လုပ်ဆောင်တတ်တဲ့သူ တစ်ယောက် ၊ အများချစ်အောင် နေတတ်တဲ့သူတစ်ယောက် ဆိုတာ ထိုကဲ့သို့ အပြုအမူ အပြောအဆိုလေးတွေကနေ သိသာနေစေပြန်တော့ သူ့ကို ပြုံးပြီးတစိမ့်စိမ့် ကြည့်ရင်းနဲ့ သူအပေါ်ထားတဲ့ ကျွန်မရဲ့ အချစ်တွေကလဲ တသိမ့်သိမ့်တိုးလို့သာ နေပြန်လေတော့သည်။
••••••••••••
ဂျီမင်း Pov:
တစ်မိနစ်ဆိုတဲ့ အချိန်ကာလအတွင်း Indirected Kiss game ကို သရုပ်ဖော် ယှဉ်ပြိုင်နေကြတဲ့ စုံတွဲ ၂ တွဲကို ကြည့်ရင်း အားကျနေယုံမှ လွဲ၍ မရှိ။
တကယ်ဆို ကျွန်တော်နဲ့ ဆုယောင်း
ထို Game ကိုသာ ကစားခွင့်ရမယ်ဆိုရင် လွမ်းဆွတ်ခဲ့ရတဲ့ သူမ နှုတ်ခမ်းလေးတွေကို ထိတွေ့ခွင့်ရမှာ အသေအချာ။
ပန်းဆီရောင် သူမနှုတ်ခမ်းလေးကပေးတဲ့ နူးညံ့တဲ့ ချိုမြိန်ခြင်းတွေကို ဆွတ်ယူသုံးဆောင်ခွင့်ရမှာ ဧကန်။
ခုတော့ Idol တစ်ယောက်ဖြစ်နေခြင်းက သာမာန်လူတွေလို ပြုမူနေထိုင်ဖို့ အခွင့်မသာခဲ့ချိန်မှာ ချစ်ရသူကို ငေးကြည့်နေယုံပဲ တတ်နိုင်ခဲ့တော့သည်။
ဒါပေမဲ့ ထိန်းချုပ်ထားလို့ မရတဲ့ ချစ်ခြင်းရဲ့ ဆန္ဒတွေအရ သူမလက်ဖဝါးနုနုလေးကို ဆွဲယူကာ ဆုပ်ကိုင်ထားလိုက်ပြီး
"ကိုယ်တို့ နောက်ပွဲစဉ် ၂ ခု ကျိန်းသေပေါက် နိုင်အောင်ဆော့မယ်နော် "
ပြောလိုက်တော့ ခေါင်းကို တဆတ်ဆတ်ငြိမ့်ရင်း ပြုံးပြနေတဲ့ ချစ်ရသူ ။
သူမရဲ့ အပြုံးချိုချိုလေးတွေဟာ ဟိုတချိန်တုန်းကအတိုင်း ကျွန်တော့် နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြန်လေသည်။
•••••••••••
ပထမပွဲစဉ်ပြီးဆုံးပြီးနောက် ဒုတိယပွဲစဉ် စတင်ရန် ကြေငြာလိုက်ချိန်မှာတော့ စိတ်လှုပ်ရှားမှုတွေက အတိုင်းထက်အလွန်။
ပထမပွဲစဉ်က ကိုယ်မကစားလိုက်ရပေမဲ့ ထိုကစားနည်းမှာလွယ်မည်ဟု ယူဆမိသလောက် ကိုယ်တကယ်ပါဝင်ခွင့်ရမည့် ဒုတိယပွဲစဉ်မှာတော့ လုပ်ဆောင်ရမည့် အချက်တွေ များသည်ဟု ထင်မိပြန်သည်။
ကစားရမည့်ပုံစံမှာ အဆင့် ၁ အနေဖြင့် ပွဲစတင်သည်နှင့် ဂျီမင်းက ကျွန်မကို ကုန်းပိုးပြီး အချွန်အတက် အဖုအထစ် သေးသေးလေးတွေပါသည့် ကော်ဇောခင်းကို ဖြတ်နင်းရမည် ။
အဆင့် ၂ - ဂျီမင်း က ကျွန်မကို ပွေ့ပိုက်ချီကာ ခပ်မြင့်မြင့်လေးရောက်အောင် မ တင်ပေးထားပြီး သူ့အကူအညီနဲ့ ကျွန်မက အမြင့်ရှိ ကြိုးတန်းတွင် ချိတ်ထားသော မုန့်ကို လက်သုံးခွင့်မရဘဲ ပါးစပ်ဖြင့်သာ လှမ်းဆွဲယူကာ ကုန်အောင် စားရမည်။
အဆင့် ၃ - အသင့်ချထားသော ဘောလုံးကို မိုးပေါ်သို့ မြှောက်ကာတင်၍ ထိုသို့ မြှောက်နေချိန်တွင် သူနဲ့ကျွန်မက ခန္ဓာကိုယ်ကို ပြိုင်တူ တပတ်လှည့်လိုက်ရမည်ဖြစ်ပြီး ထိုဘောလုံးပြန်အကျ၌ ကျွန်မတို့နှစ်ဦးသားရဲ့ ရင်ခွင်အတွင်း ဘောလုံးကိုညှပ်ကာ ထည့်ရင်း အောက်သို့ ပြုတ်မကျအောင် ဖမ်းယူရမည်ပင်ဖြစ်သည်။
ထိုသို့ အဆင့် ၃ ဆင့်ကို အမြန်ဆုံးနည်းဖြင့် အောင်မြင်စွာ ကစားနိုင်မှသာလျှင် ပွဲစဉ် ၂ အတွက် အမှတ်ပြည့် ရမည်ပင်ဖြစ်သည်။
ကျွန်မတို့နှစ်ယောက်အတွက် စိန်ခေါ်မှုတွေကတော့ စတင်ခဲ့ပြန်ပြီပင်ဖြစ်သည်။
"ရွှီး"
ဝစီမှုတ်သံကြားသည်နှင့် ကျွန်မကို ကုန်းပိုး၍ စတင်ပြေးလေသော အချစ်ဦးသူ။
အားသွန်ခွန်စိုက်နဲ့ အချွန်အတက်တွေကို ကျော်လွှားရင်း ပြေးနေတဲ့ ချစ်ရသူကို ကြည့်ရင်း လွန်ခဲ့သော အတိတ်က ပုံရိပ်လေးကို မျက်လုံးထဲ မြင်ယောင်မိတော့ ရင်ထဲရှိ အလွမ်းဒဏ်ရာက ငွေ့ငွေ့လေး ဖြတ်ပြေးသွားတယ်။
ဒါပေမဲ့ အခုဆို လွမ်းဆွတ်ခဲ့ရတဲ့ သူ့ရဲ့ ကျောပြင်လေးကို မထင်မှတ်စွာပင် ထပ်မံထိတွေ့ခွင့်ရခဲ့ပြီ မဟုတ်လားလေ။ ထို့ကြောင့် အပြုံးဖျော့ဖျော့လေးက မျက်နှာထက်ဝယ် ပြန်လည်ရောက်ရှိသွားခဲ့သည်။
သူ့ရဲ့ လည်ပင်းလေးကို နောက်ကနေ သိုင်းယှက်ကာ ဖက်ထားရင်းက သူပြေးရင်းနဲ့ လှုပ်ရမ်းသွားသည့်အခိုက် ယိမ်းယိုင်သွားတတ်တဲ့ ကျွန်မခန္ဓာကို အကြောင်းပြုပြီး သူ့ လည်တိုင်နားလေးထိ ငုံ့လိုက်ကာ သူ့ရဲ့ကိုယ်သင်းနံ့လေးကို ခိုးပြီးရှူရှိုက်လိုက်မိသေးသည်။
ရေမွှေးကိုတော့ ပြောင်းသုံးလိုက်ပြီနဲ့တူပါတယ်။
အရင်ကလို ခပ်ဖျော့ဖျော့အနံ့ မဟုတ်တော့ဘူးလေ။ ခုတော့ Manly ဆန်တဲ့ အနံ့လေးက နှာဝမှတဆင့် ရင်ထဲအထိ တိုးဝှေ့ကာ ရောက်ရှိသွားသည်။
ဆွဲဆောင်မှု ရှိလွန်းတယ် ဂျီမင်း ရယ်။
အို ... ကျွန်မ သူ့ရနံ့လေးမှာ နစ်မျောရင်း အတွေးတွေ လွန်နေလိုက်တာ။
သူက ပထမအဆင့်တောင် ကျော်ဖြတ်ပြီးလို့ ဒုတိယအဆင့်စတင်ဖို့ အခုသူက ကျွန်မကို သူ့ကျောပေါ်ကချပြီးတော့ ပွေ့ချီဖို့ ပြင်နေပီလေ။
ကျွန်မပေါင်လယ်လောက်ကနေ ပွေ့ကာမြှောက်ချီပေးလိုက်တဲ့သူ့ကြောင့် ကျွန်မက သူ့ထက် ခေါင်းနှစ်လုံးစာမက မြင့်တက်သွားပြီး အမြင့်မှာ ကြိုးနဲ့တွယ်ချိတ်ထားတဲ့ မုန့်ကို မှီလုစဲစဲဖြစ်သွားသည်။
သို့သော်လည်း ကြိုးလှုပ်တိုင်း ခါယမ်းသွားတဲ့ မုန့်ကို ပါးစပ်နဲ့ လှမ်းဆွဲရတာ သိပ်တော့အဆင်မပြေလှဘူးလေ။
ဒါပေမဲ့ ဟန်ဆုယောင်း ကိုဒီလို လာစမ်းလို့ ဘယ်ရမလဲ ။
ခါးကိုမတ် ခေါင်းကိုဆန့်ကာ အားအပြည့်နဲ့ ကြိုးစားပြီး လှမ်းဆွဲလိုက်တော့မှ မုန့်က ကျွန်မပါးစပ်ထဲကို လျောလျောရှူရှူ ရောက်လာတော့သည်။
ထိုဘီစကစ်ကို အမြန်ဝါးစားလိုက်နိုင်ပြီးနောက် ဒုတိယအဆင့်အောင်မြင်မှုအတွက် ဝမ်းသာအားရနဲ့ သူ့ကို ငုံ့ကြည့်မိတော့ ကျွန်မကို ပြုံးပြီး မော့ကြည့်နေမှန်း သေချာနေတဲ့ သူ။
ထိုသို့ သူနဲ့ကျွန်မ တစ်ယောက်နဲ့ တယောက် ဝမ်းသာအားရနဲ့ အကြည့်ချင်း ဆုံနေမိတဲ့အချိန်မှာ ကျွန်မတို့နှစ်ယောက်ကို အားပေးနေတဲ့ ပရိတ်သတ်ရဲ့ အသံကို ကျယ်လောင်စွာ ကြားလိုက်ရတော့သည်။
အဘယ့်ကြောင့်ဆိုသော် တခြားစုံတွဲတွေက ခုထိ မုန့်လှမ်းဆွဲနေကြတုန်းပဲ ရှိသေးသည်မို့ ယခုကဲ့သို့ ထိပ်ဆုံးကနေ ကစားနိုင်နေသည့် ကျွန်မတို့ဆီသာ ပရိတ်သတ်ရဲ့ အားပေးမှုက ပိုခဲ့တယ် ထင်ပါသည်။
အဲ့နောက် သူနဲ့ကျွန်မလဲ တတိယအဆင့်ကို ဆော့ကစားရန်အတွက် လက်ချင်းတွဲပြီး ဘောလုံးရှိရာဆီ အမြန်ပြေးလိုက်ကြသည်။
သူက ဘောလုံးကို ကောက်ကာ အထက်သို့ ခပ်မြင့်မြင့်ပစ်ထားလိုက်ချိန်မှာ ကျွန်မတို့နှစ်ယောက် ခန္ဓာကိုယ်ကို တပတ်လှည့်လိုက်ကြသည်။
ထိုအခိုက် ပြန်ကျလာတဲ့ ဘောလုံးကို ကျွန်မတို့နှစ်ယောက်ရဲ့ ရင်ဘတ်ကြားထဲ ညှပ်ကာဖမ်းဖို့ အသည်းအသန် ကြိုးစားလိုက်သည်။
ဒါပေမဲ့ တိုင်ပင်မမှန်သေးတဲ့ အခြေအနေမို့ ဘောလုံးက တခြားကျသွားပြီး သူနဲ့ကျွန်မကတော့ ပြေးဖက်သလိုဖြစ်ကာ ကျွန်မက သူ့ရင်ခွင်ထဲဝင်သွားလေတော့သည်။
"ဒုတ် .... ဒုတ် .... ဒုတ်"
တဒုတ်ဒုတ် ခုန်နေတဲ့ နှလုံးခုန်သံက သူ့ဆီကလား ကျွန်မဆီကလား ။
သေချာတာကတော့ ကျွန်မရဲ့ ရင်ဘက်ကြီးက ပေါက်ထွက်တော့မည်ဟု ခံစားနေရသည်။
သူရဲ့ လက်တွေက ကျွန်မကျောပြင်ပေါ်မှာ သွယ်ယှက်ကာ ခပ်တင်းတင်း ပွေ့ဖက်ထားသည့် အတွက်ကြောင့်။
သူ့ကို မော့ကြည့်လိုက်မိတော့ သူကလဲ ကျွန်မကို ကြည့်နေလေသည်။
အဲ့ မျက်ဝန်း ... ရီဝေစွာ ကြည့်နေတဲ့ အဲ့မျက်ဝန်းတွေ အရင်လို ညို့အားပြင်းနေတုန်းပဲ အချစ်ရယ်။
ထိုအချိန်မှာ ပရိတ်သတ်ရဲ့ ရယ်သံလား (ဒါမှမဟုတ်) နောက်မှဆက်ချစ်ကြပါဆိုပြီး စနောက်အော်တဲ့အသံလား မသဲမကွဲ နားထဲကြားမိတော့မှ လက်ရှိအခြေအနေကိုသတိရပြီး လူချင်းခွာလိုက်မိကြတော့သည်။
ကံကြမ္မာဖန်ဆင်းတဲ့
အချစ်ပျိုးခင်းလေးက
ရင်ခုန်စရာ သိပ်ကောင်းအောင်
လှပလွန်းတယ်။
ထို့နောက်တော့ ဘောလုံးပစ်နည်းကို ဆက်ကာ ကစားနေပေမဲ့ တိုင်ပင်က မကိုက်သေးဘဲ သူနဲ့ ကျွန်မမှာ အကြိမ်ကြိမ်အခါခါ ဖက်မိနေစဲ။ နှလုံးသားရပ်ဝန်းကလဲ အတိုင်းအဆမဲ့ ခုန်လှုပ်နေမိစဲ။
ထိုအချိန်မှာ တခြားစုံတွဲတွေလဲ တတိယအဆင့်ကို ယှဉ်ပြိုင်ဖို့ ရောက်လာကုန်ကြပြီ။
ကျွန်မတို့နှစ်ယောက်ကတော့ ဘောလုံးနဲ့လွဲစဲ
လူချင်းကတော့ဖက်မိကြစဲ။
တကယ်ဆို ထင်သလောက်မလွယ်ကူသော ကစားနည်းပင်။
ဒါပေမဲ့ တခြားသူတွေ ရောက်လာပီး ကစားနေပြီမို့ ရှေ့ကဦးစွာ စောလျင်ကာ ရောက်ရှိပြီး ဆော့ကစားနေနှင့်သည့် ကျွန်မတို့နှစ်ယောက် အရင်အနိုင်ရဖို့ စိတ်အာရုံကို ပိုစုစည်းလိုက်မိကြသည်။
ထို့ကြောင့်ပင် စိတ်ကဦးဆောင်လေလို့ပဲလား
နောက်ဆုံးမှာတော့ မြင့်တက်ပြီးပြန်ကျလာတဲ့ ဘောလုံးကို နှစ်ယောက်ရဲ့ ရင်ခွင်ထဲ အတည့်ကျအောင် ဖမ်းထားနိုင်ခဲ့လေတော့သည်။
"ဟေး..... ကိုယ်တို့ နှစ်ယောက် အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီ"
အော်ဟစ်ပြီး လက်ချင်းဆုပ်ကိုင်ထားရင်းနဲ့ သူနဲ့ကျွန်မ ထခုန်မိကြသလို
ပရိတ်သတ်ရဲ့ အားပေးသံမှာလဲ အကျယ်ကြီး။
ပျော်တယ် .... သိပ်ပျော်ပါတယ်
အခက်ခဲတွေရဲ့ အဆုံးသတ်
အောင်မြင်မှုကို ရောက်ရှိချိန်မှာ
ချစ်ရသူနဲ့ နှစ်ယောက်အတူတူမို့
ပိုပြီး ပျော်ပါတယ် ။
•••••••••••••
ဂျီမင်း Pov:
ဒုတိယပွဲစဉ်မှာတော့ ထိုကဲ့သို့ပင် ကျွန်တော်တို့ နှစ်ယောက်က အမှတ်ပြည့် ၁၀ မှတ်ကို အောင်အောင်မြင်မြင်နဲ့ ဆွတ်ခူးရယူနိုင်ခဲ့သည်။
ထို့နောက် နောက်ဆုံးပိတ်ပွဲစဉ် သို့ ရောက်ရှိလာခဲ့သည်။
ထိုပွဲစဉ်မှာ မည်သို့ ယှဉ်ပြိုင်ရမည်ကို သိချိန်မှာတော့ ကျွန်တော့်အတွက်တော့ ထိုပြိုင်ပွဲက လွယ်ကူလွန်းလှပေမဲ့ ဆုယောင်း အတွက်တော့ လုပ်ဆောင်နိုင်ပါ့မလား စိတ်ပူမိသည်။
နောက်ဆုံးပွဲစဉ်မှာကား လာအားပေးတဲ့ ပရိတ်သတ်ကြီးအတွက် ဖျော်ဖြေမှုပုံစံလဲ သက်ရောက်အောင် ပြိုင်ပွဲဝင် စုံတွဲတွေက Couple Dance နဲ့ ကပြယှဉ်ပြိုင်ရမည်ဟု MC မှ ကြေညာလိုက်သည်။
ထိုအဖွဲ့သုံးဖွဲ့မှ အကောင်းဆုံးကပြနိုင်တဲ့ အဖွဲ့ကို ပရိတ်သတ်ရဲ့မဲ နဲ့သာ ဆုံးဖြတ်၍ အမှတ်ပြည့်ပေးမည်ပင် ဖြစ်လေသည်။
ကပြရမည့်ပုံစံမှာလဲ သူတို့ ဖွင့်ပေးသည့် Remix သီချင်းများကို ဆီလျော်အောင် ကပြပေးနိုင်လျှင် ပို၍ သဘောကျမည် ဖြစ်သည်။
စည်းမျဉ်းစည်းကမ်းကို အကုန်ရှင်းပြပြီးနောက်
ပထမဆုံး စုံတွဲမှာ စတင်ကပြတော့ 2NE1 အဖွဲ့ရဲ့
I am the Best သီချင်းတီးလုံးအောက်မှာ ထိုနှစ်ယောက်သား မကတတ်ကတတ် လျှောက်လုပ်နေတာက အလွဲလွဲအချော်ချော် ။ ရယ်စရာ ကောင်းနေတော့ ပရိတ်သတ်ရဲ့ ရယ်မောသံကသာ ကွင်းလုံးပြည့် ဖုံးလွှမ်းနေခဲ့သည်။
ဒုတိယ အဖွဲ့လဲ ထို့နည်းတူစွာ နောက်ခံဖွင့်ထားပေးတဲ့ Remix သီချင်းတွေက တခြား သူတို့ကချင်ရာ လျှောက်ကနေတာက တမျိုး နဲ့ ကြည့်လို့တော့ မလှ ဖြစ်နေခဲ့ပြန်သည်။
နောက်ဆုံးမှာတော့ ကျွန်တော်တို့ နှစ်ယောက်အလှည့် ။
ပရိတ်သတ်ကလဲ နောက်ဆုံးပိတ်စုံတွဲကို
ပိုပြီး စိတ်ဝင်စားကြသည်ထင်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ အဖွဲ့နံပါတ်ဖြစ်သည့် နံပါတ် ၁၀ ကို ကျယ်လောင်စွာ အော်ကာရွတ်ပေးနေကြသည်။
ကျွန်တော်ကတော့ ဆုယောင်း ဘယ်လို ကပြမလဲ သိချင်မိတဲ့စိတ်ကြောင့် ပို၍ စိတ်လှုပ်ရှားနေမိခဲ့သည်။
ဆုယောင်း ပုံစံကလဲ လက်လေးနှစ်ဖက် ယှက်သာ ပွတ်သတ်ရင်း စိတ်လှုပ်ရှားမှုကို ဖြေဖျောက်နေသည့်ပုံ ။
ထို့ကြောင့် သူမနားတိုးကပ်ကာ
" ဘာမှမကြောက်နဲ့နော် ...
ကိုယ် ဦးဆောင်ပြီး ကပေးမယ် ....
Fighting "
အားပေးလိုက်တော့ ခေါင်းလေးငြိမ့်ပြရင်း Fghting ဆိုပီး လက်သီးလေးဆုပ်ကာ လိုက်လုပ်ရှာတဲ့ ကျွန်တော်ချစ်ရတဲ့ မိန်းကလေး။ ဘယ်လိုတောင် ချစ်စရာကောင်းတာလားနော်။
ကျွန်တော်တို့ နှစ်ယောက် စင်မြင့် အလယ်တွင် ကပြရန် အသင့်နေရာယူပြီးချိန်မှာတော့ သီချင်းတီးလုံးစတင်ထွက်ပေါ်လာချေပြီ။
တိုက်တိုက်ဆိုင်ဆိုင် ထိုသီချင်းမှာ ကျွန်တော်တို့အဖွဲ့ရဲ့ I Need U သီချင်း ဖြစ်နေတော့ အတိုင်းထက်အလွန် ပျော်သွားမိသည်။
သူတို့ဖွင့်ပေးတဲ့ နေရာက ကျွန်တော်ဆိုရတဲ့ အပိုဒ်ဖြစ်နေတော့ ပို၍တောင် ပျော်မိသေးသည်။
ကျွန်တော်ပျော်ရွှင်တက်ကြွစွာနဲ့ စတင်ကလိုက်မိသလို ဆုယောင်း ရော ကနိုင်ပါ့မလား လှည့်ကြည့်လိုက်တော့
I need U girl....Wae ? ဆိုတဲ့နေရာမှာ သူမက ကျွန်တော့်တို့ကကွက်တွေအတိုင်း တပုံစံထဲ ကနေလေပြီ ။
တကယ် အချိုးအစားကျကျ မှန်မှန်ကန်ကန်နဲ့ ကျွမ်းကျွမ်းကျင်ကျင် ကနေတဲ့ သူမကြောင့် ကျွန်တော့်ရဲ့ အံ့သြသင့်မှုတွေက နှိုင်းယှဉ်ပြစရာတောင် မရှိတော့လောက်အောင်။
သူမ အခုလို ကျွမ်းကျင်စွာ ကတတ်လိမ့်မယ်မှန်း မထင်ထားမိခဲ့တဲ့ ကျွန်တော် တော်တော် အ တယ်ဟု ဆိုရလိမ့်မည်ပင်။ တကယ်ဆို သူမက ဘက်စုံတော်ခဲ့တဲ့ မိန်းကလေးတစ်ယောက်ဆိုတာ ကျွန်တော့်မေ့သွားခဲ့သည် မဟုတ်လား။
ကျွန်တော်တို့ နှစ်ယောက် ညီညီညာညာ ကနေတာကို ကြည့်ပြီး ပရိတ်သတ်မှာတော့ အံ့အားသင့်စွာနဲ့ သဘောအကျကြီးကျလျက် အော်ဟစ် အားပေးနေကြသည်။
ကျွန်တော်လဲ သူမကတာကိုပဲ မြတ်နိုးစွာ ကြည့်ရင်းနဲ့ အာရုံတွေက ပရိတ်သတ်ဘက်သိပ်မရှိဘဲ သူမဆီသာ ရောက်နေမိတော့သည်။
သွက်လက်လှပစွာ ကနေတဲ့ သူမကတော့
အရမ်း ချစ်စရာကောင်းနေခဲ့ပါသည်။
I need U သီချင်းပီးသွားချိန်တော့ ထပ်မံထွက်ပေါ်လာသည့် သီချင်းက
EXID ရဲ့ Up Down သီချင်း။
ဝီအာရယ်..... ဝီဝီ... အာရယ် ....
ဆုယောင်း .... သူမက တကယ့်ကို perfect ထိုသီချင်းမှာလဲ အမှားမရှိ၊ ကျွန်တော့ကို ပြုံးပြီး ကြည့်ရင်း ချစ်ဖွယ်ကောင်းစွာ ကနေပြန်သည်။
ထို့ကြောင့် ပရိတ်သတ်ရဲ့ နှစ်သက်သဘောကျစွာ အားပေးသံကတော့ ကွင်းလုံးပြည့် ကျယ်လောင်စွာ ဟိန်းထွက်နေတော့သည်။
ကျွန်တော်တို့ နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ချိန်မှာတော့
"MC က ဘယ်အဖွဲ့ကို အကြိုက်ဆုံးပါလဲ" ဟု အော်ကာမေးတိုင်း ပရိတ်သတ်ရဲ့ အကဲဖြတ် အမှတ်ပေးမှုက ကျွန်တော်တို့နှစ်ယောက်သာ ဖြစ်ခဲ့တော့သည်။
အဲ့အချိန် ဆုယောင်း နားကပ်ကာ
"ဆုယောင်း က အရမ်းကတတ်နေတာပဲ ကိုယ်မထင်ထားမိဘူး" ခပ်တိုးတိုးလေးပြောမိတော့
"ဆုယောင်း ... မြန်မာနိုင်ငံမှာတုန်းက အကသင်တန်း တက်ဖူးတယ်လေ၊ ပြီးတော့ ဂျီမင်း တို့အဖွဲ့ရဲ့ သီချင်းတွေတိုင်းကို လိုက်ကနေကျမို့ပါ ၊ ဆုယောင်းက ဂျီမင်းရဲ့ Bias ARMY စစ်စစ်ပါနော် "
ကျွန်တော်အမေးကို ပြုံးပြုံးလေးနဲ့ ဖြေလေတဲ့သူမ။
ကျွန်တော်အပေါ်ကို အလေးနက်ထားဆဲဆိုတာ သိမိတော့ ပျော်လွန်းလို့ ၊ ပြီးတော့ ချစ်လွန်းလို့ ဖြစ်နိုင်ရင် သူမကို ရင်ခွင်ထဲမှာ ထည့်ရင်း တ၀ကြီးသာ ပွေ့ဖက်ထားလိုက်ချင်တော့သည်။ လူတွေအားလုံးကိုတော့ မေ့လျော့ထားပြီးပေါ့။
•••••••••
ကမ်းခြေက သဲသောင်ယံလမ်းလေးပေါ် ဖြတ်လျောက်ရင်း ပြိုင်ပွဲကရလာတဲ့ ဆုလက်ဆောင်တွေကို လက်ထဲမှာ တပွေ့တပိုက်ကိုင်ထားပြီး ပျော်နေတဲ့ ချစ်ရသူလေး သူမ။
နောက်ဆုံးမှာ ကျွန်တော်တို့ နှစ်ယောက်က အမှတ်အများဆုံးနဲ့ Couple Game ပြိုင်ပွဲ ပထမဆုကို ထိုက်တန်စွာ ထပ်မံဆွတ်ခူးရရှိခဲ့ပြန်ပြီလေ။ အရမ်းလိုက်ဖက်တဲ့ စုံတွဲဟု အသိအမှတ်ပြုခြင်းတွေနဲ့ အတူ။
တကယ်ဆို အချစ်ဦးသူမက ကျွန်တော့်အတွက်တော့ Lucky Girl လေးပါ။ ပွဲတိုင်း အောင်မြင်အောင် ပါရမီဖြည့်ပေးနိုင်သည် မဟုတ်လားလေ။
တယောက်နဲ့ တယောက် အကြည့်လေးတွေ ကူးလူးယှက်နွယ်ရင်း ကစားပွဲကအကြောင်းတွေ ပြန်ပြောင်းပြောပြီး ပြုံးပျော်လာလိုက်ကြတာ သူမတည်းခိုရာ Hotel ရှေ့အရောက်မှာတော့
မခွဲချင် ခွဲချင်နဲ့ ဒီတညတော့ ခွဲဖို့ ပြင်ရဦးမည်။
"ကိုယ် မနက်ဖြန်မနက်ကျ Geumjeongsan တောင်ကိုသွားဖို့ လာခေါ်မယ်နော်"
ကျွန်တော့စကားကို အပြုံးချိုချိုလေးနဲ့ ခေါင်းလေးငြိမ့်ပြနေတဲ့ သူမ။ မထားခဲ့ချင်ဘူး တကယ်။
တာ့တာပြကာ ထွက်လာပြီးမှ သူမကို နောက်ပြန်လှည့်ကြည့်လှည့်ကြည့် လုပ်ရင်း မခွဲနိုင် မခွာရက် ဖြစ်နေမိသည်။ ပြီးမှ အလွန်အကျူးဖြစ်နေမဲ့ ကိုယ့်ပုံကို တွေးမြင်မိပြီး ခပ်ရှက်ရှက်နဲ့ ခေါင်းလေးကုတ်ကာ ပြန်လှည့်မကြည့်ရန် ကိုယ့်ကိုယ်ကို ဆုံးမပြီး ထိုနေရာမှ ထွက်လာခဲ့တော့သည်။
တကယ်တော့ ကျွန်တော်တို့ ပထမဆုရခဲ့တဲ့အတွက် ကြိုက်နှစ်သက်ရာဒေသတစ်ခုကို စုံတွဲခရီးသွားခွင့် ရရှိခဲ့သည်။
ဒါပေမဲ့ ကျွန်တော့်အတွက် နားရက်ရတာက ၂ ရက်ပဲကျန်တော့သည်မို့ အချစ်ဦးသူမနှင့် အမှတ်တရတွေရှိရာ Geumjeongsan တောင်ကို တညတာ တောင်တက်ခရီးသွားဖို့ပဲ တောင်းဆိုမိတော့ ဆုယောင်း ကလဲ ကြည်ဖြူစွာ လက်ခံပေးခဲ့သည်။
ကျန်ရှိတဲ့ နားရက် ၂ ရက်မှာတော့ ချစ်ရသူ သူမအတွက် အချိန်ပေးရမည်ပင်။ မပြောင်းလဲသေးတဲ့ ရင်ခုန်သံတွေဖြစ်တည်ရာ နှလုံးသားလေးကအချက်ပြနေတဲ့ "ဆုယောင်း ကို ချစ်တယ်" ဆိုတဲ့စကားကို ပြောခွင့်ရနိုင်ဖို့တော့ ကြိုးစားရပေဦးမည်။
••••••••••
ထိန်ထိန်ဝင်းပနေတဲ့ လမင်းကြီးက အလင်းတွေ လက်ဆောင်ပေးနေသလို လေပြေလေးတွေကလဲ တဖြူးဖြူးနဲ့ ချစ်သူနှစ်ဦးကို ကောင်းချီးပေးလျက်။
Hotel ရှေ့မှာရပ်ရင်း လမင်းကြီးကို မော့ကြည့်ပြီး ပြုံးနေတဲ့ ကောင်မလေး။ ကြုံဆုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်စဉ်းစားရင်း ရင်ခုန်လျက်။
ထိုနည်းတူစွာ ကမ်းစပ်မှာ ရပ်ပြီး လေပြေလေးတွေကို မျက်လုံးလေးမှိတ်ကာ အရသာခံ ခံစားရင်းပျော်နေတဲ့ ကောင်လေး။
အချစ်ဦးနဲ့ ပြန်ဆုံစည်းခွင့်ပေးခဲ့တဲ့ ကံတရားကို ကျေးဇူးတင်ရင်း ပြုံးလျက်။
သေချာတာက
သူတို့နှစ်ဦးရဲ့ မနက်ဖြန်အတွက် ကြိုတင်
ရင်ခုန်သံတွေက မြန်နေပေဦးတော့မည်။
"ချိုမြိန်ခြင်း" ဟူသော အနှစ်သာရ
အချစ်ဦးကြောင့်သာ
ပိုမို လှပ ပြည့်စုံခဲ့တယ်။
အချစ်ဦးသည်သာ
Written By
Cuttiehsumindooly
❣️❣️❣️
Zawgyi‼️
ပြည့်ဝတယ် ။
ပိုအသက်ဝင်တယ် ။
မင်းရယ်လိုက်မှ
စီးဝင်တယ် ။
•••••••  အချစ်ဦးသည်သာ ••••••••
ကစားနိုင်မည်လဲလေ ။
"ကိုယ် ... Mask ချွတ်ပြီး
ကစားလိုက်ရမလားဟင် ??"
လာပြောသည့် သူ့စကား။
••••••••••••
ဂျီမင်း Pov:
•••••••••••
"ရွှီး"
"ဒုတ် .... ဒုတ် .... ဒုတ်"
ကံကြမ္မာဖန်ဆင်းတဲ့
အချစ်ပျိုးခင်းလေးက
လှပလွန်းတယ်။
ပိုပြီး ပျော်ပါတယ် ။
•••••••••••••
ဂျီမင်း Pov:
" ဘာမှမကြောက်နဲ့နော် ...
Fighting "
ဝီအာရယ်..... ဝီဝီ... အာရယ် ....
•••••••••
••••••••••
သေချာတာက
အချစ်ဦးကြောင့်သာ
အချစ်ဦးသည်သာ
Written By
Cuttiehsumindooly
Continuer la Lecture
Vous Aimerez Aussi
610K 40.2K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
268K 9.6K 41
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
267K 6.5K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
800K 25.4K 31
" ခင်ဗျားကို ကျွန်တော် မယူရင် ဘယ်သူက ယူမှာလဲ " " မင်း မိုက်ရိုင်းလှချည်လား " ပါးပေါ်သို့စပ်ဖျင်းဖျင်းနဲ့ ကျရောက်လာတဲ့ သူမ လက်ဝါးနဲ့က မစိမ်းသက်တော့ပါဘ...