အတိတ်​၊ပစ္စုပန်​၊အနာဂါတ်​အားလု...

By SilverQueen947

86.7K 6.2K 574

~~~ သံသရာအဆက်​ဆက်​ ​ပေါင်းစည်းရပါ​စေလို့​ လောဘ​တွေမကြီးပါဘူး အခုရှင်​သန်​​နေရတဲ့ဘဝ​လေးမှာ ပိုင... More

ပုံပြင်​မမည်​​ခဲ့သောပုံပြင်​များ
ဇာတ်​သိမ်းများ၏နိဒါန်း
ငွေ့ရည်ပျံသွားသောချစ်ခြင်းဖွဲ့ကြွေလွင့်မှုများ
မချိုမြိန်မှုတမ်းချင်း
ကြေမွဒိုင်ယာရီ
ထွက်​​ပေါက်​တစ်​ခု၏ခေါ်သံ
နောင်တအချို့မြစ်ဖျားခံရာ
လွတ်မြောက်ခြင်း သို့မဟုတ် ချုပ်နှောင်ခြင်း
ချစ်​ခြင်းတိမ်​စိုင်​လွှာ
ဧဒင်ကောက်ကြောင်း
စိတ်ကူးအိမ်မက်များနှင့်ထပ်တူ

ကျေးဇူးတင်ခြင်းနှင့် Extra ပိစိ

9.4K 641 90
By SilverQueen947

ဒီ Fic လေးကို အမှတ်တရဖြစ်ချင်လွန်းလို့
Wp မှာစရေးတော့
ကိုယ့်သူငယ်ချင်းတွေကလွဲရင်
ဖတ်မယ့်သူမရှိခဲ့ပေမယ့်
တစ်ယောက်ကနေ နှစ်ယောက်ဖြစ်လာတဲ့ Viewer လေးတွေကို
ကြည့်ရင်းကျေနပ်ခဲ့ရပါတယ်

အပိုင်းလေးနည်းနည်းရတော့
ကိုယ်အားကျလေးစားတဲ့ author တွေက
အားပေးတယ်
ဆက်ရေးဖို့တိုက်တွန်းတယ်
reader လေးတွေရှိလာပြီး
တကူးတကကိုအားပေးတော့
ကိုယ့်မှာပျော်လိုက်ရတာ

Author တွေက Vote ပေးကြတော့
တော်တော်များများလဲဖတ်လာကြပြီး
RL လေးတွေထဲထည့်သွားတာမြင်ရတာ
တကယ့်ကို အားဆေးပါပဲ

Vote ပေးတဲ့ မန့်ပေးတဲ့
Wall ပေါ်မှာရေးပြီးအားပေးတဲ့
FB မှာပါ Frame လေး
တွေလုပ်ပြီး အားတက်စေခဲ့တဲ့
ခလေးတွေအပြင်
ဖတ်ရှုပေးတဲ့ တစ်ယောက်ချင်းစီကို
ကျေးဇူးတင်ပါတယ်
Vote မပေးလဲရပါတယ်
ဖတ်ပေးတယ်ဆိုရင်ပဲ
အိတကယ်ကျေနပ်ပြီး
ကျေးဇူးတင်ရပါတယ်
အိလိုပေါက်စလေးရဲ့အရေးအသားကို
အားပေးခဲ့တဲ့
Author တွေရော
ဖတ်ပေးခဲ့တဲ့ခလေးတွေကိုရော
တကယ်အများကြီးကျေးဇူးပါ

အိ FIC လေးအတွက်
Cover photo လေး ဆွဲပေးတဲ့
ချစ်သူငယ်ချင်းအိလေး  FleurDeris

အိလေးရေကျေးဇူးပါ
ဒါလေးကိုအရေးတယူပြောနေလို့
တောင်းပန်ပါတယ်

အိရဲ့နောက်ထပ် fic လေးတွေကိုလဲ
အားပေးပါဦး
အရမ်းရက်​စက်​ထားတာများလို့
EXTRA ​လေး​ရေး​ပေးထားပါတယ်

အချိန်ပေးဖတ်ရှုသူများကို လေးစားလျက်

EKM

************************************************************************

" Xiao Lu ah

ဒီမှာလာကြည့်ပါလား အရမ်းလှတယ်"

" လာပြီ လာပြီ"
ဆိုတဲ့အသံစူးစူးရဲ့နောက်

" ဂလောင် ဂလွမ်"
ဆိုတဲ့အသံမျိုးစုံကတဆက်တည်း

ဝှီးချဲရဲ့ဘီးကို လက်ကအော်တိုလှည့်ပြီးသား

ဒူးကိုကိုင်ကာ ခုန်ဆွခုန်ဆွရောက်လာတဲ့ သူ

" အဟီး.................. ခလုတ်တိုက်သွားတာ"

" ထင်တယ်............. အမြဲတမ်းအဲ့ဒီ့လိုပဲ

အခုရောဘယ်နားထိသွားပြီလဲ
ပြဦး နာနေလား"

ရှိသမျှသွားကိုအကုန်ထုတ်ပြပြီးရယ်ရင်း
သူဝတ်ထားတဲ့ ခပ်ပွပွဘောင်းဘီလေးကိုအသာအယာလှန်ပြရှာတယ်

ပွန်းသွားတဲ့ဒဏ်ရာလေးက
သွေးစလေးတွေစို့လို့
အကဲပိုတယ်ပဲပြောပြော
ဒီ့​ကောင့်​ရင်ထဲမှာဆစ်ခနဲနာတယ်

" လာခဲ့ဒီကို ဆေးထည့်ပေးမယ်"

သေးသေးကွေးကွေးအဲ့ဒီ့ကိုယ်တော်ကို
လက်ကဆွဲလိုက်တော့
ကျွန်တော့ပေါင်ပေါ်မှာ ထိုင်ရက်သား

အသင့်ရှိနေတဲ့
ဲ့ဘေးနားကဆေးဘူးကိုယူကာ
လိမ်းပေးတော့ ပြုံးပြီးကြည့်နေတာက
ကျေနပ်နေသလိုမျက်နှာထား

အဲ့ဒီ့လူကြီးဟာ
အရမ်းကိုဂရုစိုက်တာလိုချင်တာ

သူကခလေးလား
ကျွန်တော်ကအငယ်လားမသဲကွဲဘူး

သူ့ပခုံးပေါက်စပေါ်မေးတင်လိုက်ပြီး
ခါးကိုဖွဖွဖက်တော့
ကျွန်တော့လည်ပင်းကို
လက်နှစ်ဖက်နဲ့သိုင်းဖက်ကာ
ဆံပင်တွေကိုလှမ်းနမ်းတယ်

သိမ့်ခနဲခံစားချက်ဟာ
ရင်ဘတ်ထဲကိုတစိမ့်စိမ့်စီးဝင်လာတာမျိုး

" အဲ့ဒီ့အနောက်ထဲမှာ
ဘာတွေစိတ်ဝင်စားစရာရှိလို့
သွားနေတာလဲ Xiao Lu"

" ဟိုလေ ကြောင်ပေါက်လေးတွေတွေ့လို့
ကလေးရဲ့
ချစ်စရာလေးတွေ"

" ဟွန်း.............. မမွေးနဲ့နော်
ကျွန်တော့ ViVi လာရင်
သူတို့နဲ့မတည့်ဖြစ်လိမ့်မယ်"

အိမ်မှာကျန်ခဲ့တဲ့ကျွန်တော့အချစ်တော်ကို
Baek Hyung ကယူလာပေးမယ်လို့
ကတိပေးထားတာ
နောက်တစ်ပတ်လောက်ဆိုလာမယ်တဲ့

" သူ့ Vivi ပဲ
ဒီလောက်တောင်ချစ်နေတယ်"
မဲ့ရွဲ့နေတဲ့နှုတ်ခမ်းနဲ့ ကျွန်တော့
လည်ပင်းကလက်တွေကို
ဖြုတ်ချသွားပုံက မကြည်တဲ့စတိုင်လ်

ရယ်ချင်စိတ်ကို ထိန်းသိမ်းကာ

" Wae.... မနာလိုဘူးလား"

" အံမယ်............... ကိုယ်ကဘာကို
မနာလိုဖြစ်ရမှာလဲ
ကလေးက ကိုယ့်ကိုပဲပိုချစ်တာ
Vivi ဆိုတာ နောက်မှစဉ်းစားမှာ
ဟုတ်တယ်နော်"

အပိုင်ချည်တတ်တဲ့နေရာမှာ ကျွန်တော်သူ့ကိုလိုက်မမှီနိုင်
ရယ်ချလိုက်ရင်း သူ့ပါးပြင်ကို
ထိတွေ့နမ်းရှိုက်လိုက်တဲ့အခါ
အရာအားလုံးပြည့်စုံသွားသလို

နူးညံ့တယ်......................

ကျွန်တော်ချစ်ရတဲ့ Xiao Luhan ဟာ

သိပ်ကိုနူးညံ့ပြီး ချစ်စရာကောင်းတဲ့
နတ်သားလေး

သူကတော့ Sanamja လို့ပြောတာပဲ

ဒါပေမယ့် ကျွန်တော့မျက်စိထဲမှာတော့
ကလေးပေါက်စလေးလိုချစ်စရာ
ကောင်းတာအပြင်ပိုပြီးမမြင်မိ

သူကသာကျွန်တော့ကိုကလေးလို့ခေါ်တာ
ဖြစ်ချင်းဖြစ် ကျွန်တော်ကတောင်ခေါ်ရဦးမယ်

ဒါပေမယ့်လေ

သူကနူးညံ့တယ်ဆိုတိုင်း
မိန်းကလေးလိုမျိုးတော့မဟုတ်
သူ့ကိုကာကွယ်ပေးချင်တယ်ဆိုပေမယ့်
အားနွဲ့နေလို့မဟုတ်

ကျွန်တော့ချစ်သူဟာ
ပန်းရဲ့ပွင့်ဖတ်ကလေးတွေလို
နူးညံ့အိစက်ပေမယ့် ကျွန်တော်နဲ့
ဖွဲ့စည်းပုံတူညီသော
ယောကျာ်းလေးတစ်ယောက်သာဖြစ်ပါသည်

ဒီအဖြစ်မှန်ကိုလဲ
ကျွန်တော်အမြဲတမ်းသတိရနေဖြစ်သည်

ရင်ချင်းအပ်ပွေ့ဖက်လိုက်တိုင်း
ထိတွေ့နေသည့်
ပြားကပ်သောရင်ဘတ်ကပင်
ကျွန်တော့ကိုရင်ခုန်တုန်လှုပ်စေသည်

သူ့လည်ပင်းမှ
အာဒံရဲ့တစ်စိတ်တစ်ပိုင်းပန်းသီးကလဲ
ကျွန်တော့အတွက်
သီးသန့်ဖြစ်တည်မှုဟုခံယူတယ်

တခါတရံသည်းမခံနိုင်တဲ့အခါ
အနမ်းများကြမ်းတတ်တိုင်း
ဟန်မဆောင်နိုင်စွာထွက်ပေါ်တတ်သည့်
ညည်းညူသံသေးသေးလေးက
ယောကျာ်းဆန်နေတာကိုပင်
ကျွန်တော်သဘောကျ၏

ဘာတွေများ ဂရုစိုက်နေရဦးမှာလဲ
ကျွန်တော်ကိုယ်တိုင် Luhan ဖြစ်ပြီး
Luhan သည်ပင် Oh Sehun
ဖြစ်သည်လေ.....................

" ကလေး ကြယ်တွေကြည့်နေတာလား
လှတယ်ဆိုတာ"

" ဟုတ်သားပဲ ဟိုမှာကြည့်လိုက် Lu
လှတယ်နော်
ကြယ်တွေကစုံနေတာပဲ"

" ဟုတ်တယ်နော် လှလိုက်တာ
ဟိုမှာတစ်လုံးတစ်လုံး ဒီမှာတစ်လုံး"

လက်ညိုးတစ်ထိုးထိုးနဲ့ပြောနေတာက
မုန့်ကိုမြင်တဲ့ ကလေးငယ်အလား

" ဒီလိုဆိုတော့လဲ ကိုယ့်လို
ကံကောင်းတဲ့သူမရှိဘူး"

" ဘာကို............"

" သြော်ဒီလိုလေ
ဒီလောက်လှတဲ့ကြယ်တွေကို
ကိုယ့်ချစ်သူရင်ခွင်မှာမှီပြီးကြည့်ရတော့
ကောင်းတာပေါ့မဟုတ်ဘူးလား"

" ဒါပေါ့ ဒါပေါ့ ......................

ဒီလိုကံကောင်းတာမျိုးက
ရှားတယ်နော်အရယူထား"

ရယ်သံတို့က ပြတင်းပေါ
က်ကနေပျံ့လွင့်သွားတဲ့အခါ
အပြင်ဘက်မြေသားနုပေါ်က

ပန်းပွင့်လေးတွေတောင်
လိုက်ရယ်နေကြမလားထင်မှတ်မိအောင်
ချစ်သူနဲ့အတူရှိရသောညသည်
ပြည့်စုံလွန်းပေစွ

" သိလား Xiao Lu ကျွန်တော့
ခြေထောက်တွေဒီလိုဖြစ်နေတာ
ဒီလိုအချိန်မျိုးဆိုအဆင်ပြေတယ်"

မျက်မှောင်တွေကျုံ့ပြီးကြည့်လာတာက Angry Bird ပိစိတွေလို

" ဒီလိုလေ ကျွန်တော့
အောက်ပိုင်းကနာကျင်မှုကို
မခံစားရဘူးလေ
နို့မို့ စားပြီးအိပ် အိပ်ပြီးစားနဲ့
တဖြည်းဖြည်းလုံးလာတဲ့
ခင်ဗျားခန္ဓာကိုယ်ကို
ကျွန်တော်ဒီလိုတင်ထားလို့ကတော့
.........တော့"

အားးးး

ဒေါက်ခနဲမြည်အောင်ခေါင်းကို
ခေါက်ချလိုက်တာများ
လူကောင်နဲ့မလိုက် နာလိုက်တာ.......

" ခြေထောက်မကောင်းတာကို
စကားလုပ်ပြီးပြောနေလိုက်တာ
ငါဝက်ဖြစ်တော့ရော ဘာဖြစ်သေးလဲ
နေမကောင်းဖြစ်တာကိုများ
အခုကကောင်းသလေးဘာလေးနဲ့"

ပွစိစိပြောနေတဲ့ Xiao Lu ဟာ
တကယ့်ကို အဘိုးကြီးအလား

" ကျွန်တော်ပြောတာဝက်မပါဘူးနော်
ခင်ဗျားဘာသာခင်ဗျားပြောတာ
အေးနော် ၀က်ကလေးဆိုတော့လဲချစ်ရမှာပဲ"

ခပ်မြူးမြူးပြောမိတော့

" Yarrr Oh Sehun
မင်းတော့နာပြီမှတ်လိုက်"

ခပ်ညစ်ညစ်ကြည့်လာတဲ့ Xiao Lu ရဲ့
အကြည့်တွေကို
ကျွန်တော်သိနေသလိုပဲ

တဖြည်းဖြည်းတိုးလာတဲ့ သူ့လက်တွေက
ကျွန်တော့အားနည်းချက် ရှိရာ
ခါးတ၀ိုက်ဆီသို့

" ဟားးဟားး မလုပ်နဲ့ မလုပ်နဲ့ဆို
Xiao Lu "

" ဘယ်ရလိမ့်မလဲ ကလေးရယ်
မင်းစလာတာလေ "

သူ့လက်သေးသေးလေးတွေက
ခါးကမထိရသေးခင်ကို ကျွန်တော့မှာ
ကြက်သီးတဖျန်းဖျန်းထပြီး ရီချင်လာရော
မျက်ရည်တွေပါထွက်လောက်အောင်
ရီပြီးကျွန်တော်မောလောက်ကာမှ
လွှတ်ပေးလိုက်ပြီး
မှတ်ပြီလားဆိုတဲ့အကြည့်နဲ့
မိန့်မိန့်ကြီးထိုင်ကြည့်နေတာ
သူများမြင်ရင် နိုင်ငံတစ်နိုင်ငံကို
သိမ်းလာနိုင်တဲ့စစ်​သူကြီးရဲ့သွင်​ပြင်​...................

" တော်ပြီတော်ပြီ
မိုးချုပ်နေပြီအိပ်တော့မယ် "

လို့သူ့ဘာသာသူပြော

နောက်ဖေးကို
လှစ်ခနဲနေအောင်ပြေးကာ
ရေနွေးနဲ့အ၀တ်စတစ်ခုကိုယူလာ
ကျွန်တော့ကိုသန့်ရှင်းရေးလုပ်ပေးနေလေရဲ့

နွေးထွေးမှု.............

ချစ်ခြင်းတရားများ............

သေတပန်သက်တဆုံး....................

Xiao Lu မျက်နှာလေးကိုငုံ့ကြည့်ရင်း

ဖြစ်လာတဲ့ခံစားချက်ကအစုံ...........................

သူ့လက်ဖ၀ါးငယ်လေးကို ဆွဲကိုင်ယူကာ
ပါးပြင်မှာအပ်ထားမိတော့ခပ်တိုးတိုးရယ်တယ်

ကျွန်တော့ခန္ဓာကိုယ်ကို
ကုတင်ပေါ်သို့တွဲပြီးတင်ပြီးတဲ့
ပက်လက်ဖြစ်သွားတ
ဲ့ကျွန်တော့အပေါ်အုပ်မိုးလို့ကြည့်တယ်

သူ့ရင်ခွင်ထဲမှာကျွန်တော့ခေါင်းကို
တယုတယပွေ့ထားပြီး
ဆံပင်တွေကို ပွတ်သပ်ပေးရင်းနဖူးပြင်နဲ့
သူအားကျပါတယ်ဆိုတဲ့မျက်ခုံးတွေရှိရာ
အနမ်းဖွဖွခြွေလေရဲ့

သူကငုံ့ကြည့်သလို
ကျွန်တော်ကမော့ကြည့်တယ်

ကြည့်တဲ့အနေအထားမတူတာတောင်
ကြည့်ရတဲ့အကြောင်းအရာကတူတယ်

နှုတ်ခမ်းထက်ကအပြုံးတွေဆင်တူတယ်

ခံစားမှုကတူတယ်

ချစ်တယ်.........

တော်ပြီပေါ့ ချစ်ရတဲ့သူနဲ့
အတူရှင်သန်နေထိုင်ရတဲ့ဘဝ

လူ့ဘ၀သက်တမ်းက
ဘယ်လောက်ရှိမှာမို့လို့လဲ
ဘယ်သူအရင်သေမလဲ
ကျွန်တော်တို့မသိဘူး
သေခြင်းတရားက
ကျွန်တော်တို့ကိုခွဲခွာလိုက်ရင်တောင်
အတူရှင်သန်ရတဲ့အခိုက်အတန့်မှာ
နောင်တရယ်မရှိအောင် ​ပျော်ရွှင်ခဲ့ကြရင်
ဒါဟာ လှပတဲ့အဆုံးသတ်တစ်ခုပဲမဟုတ်လား

ကျွန်တော်သူ့အတွက်ကလေးလေး
မမွေးပေးနိုင်သလိုသူလဲမမွေးပေးနိုင်ဘူး

ဒါပေမယ့် ရင်ကနေဖြစ်မှ
သွေးကနေတည်မှ သားသမီးရယ်မဟုတ်ပါဘူး
ကိုယ်သာချစ်တတ်ရင်
ကမ္ဘာပေါ်ကကလေးတိုင်းက
သားသမီးဖြစ်နိုင်ပါတယ်

မရတော့ရောဘာဖြစ်သေးလဲ
ကျွန်တော့အတွက်တော့ကလေးနဲ့တူတဲ့
Xiao Lu လေးရှိနေပြီပဲ

ကျွန်တော့လက်ဖ၀ါးနဲ့ကွက်တိဖြစ်နေတဲ့
သူ့မျက်နှာလေးကိုအုပ်ကိုင်လိုက်ရင်း
မေးဖျားကို ဖွဖွနမ်းမိတယ်
ကိုယ်သင်းရနံ့ခပ်ဖျော့ဖျော့နဲ့တင်
ကျွန်တော်ရီဝေေ၀ဖြစ်သွားတယ်

မေးဖျားကိုကိုင်ကာ
ကျွန်တော့မျက်နှာနဲ့မျက်နှာချင်းဆိုင်အထိ
ဆွဲချလိုက်တော့ တစ်ယောက်ထွက်သက်ကို
တစ်ယောက်ဝင်သက်အဖြစ်ဖန်တီးနိုင်သည့်
အနေအထား

လရောင်မျှင်မျှင်ပက်ဖြန်းထားတဲ့
အခန်းငယ်မှာ
မှောင်တစ်ဝက်လင်းတလှည့်ပေမယ့်
သူ့နှုတ်ခမ်းဖျားရဲရဲလေးကို
ကျွန်တော်မြင်တယ်

" Xiao Lu သိလား
ကောင်းကင်ပေါ်မှာကြယ်မစုံသေးဘူး
ကျန်နေသေးတယ်"

" ဟုတ်လား.......ဘယ်မှာကျန်နေတာလဲ"

" ခင်ဗျားမျက်လုံးကြည်ကြည်လေး
တွေထဲမှာလေကြယ်တွေက
ကောင်းကင်မှာပေါ်ထက်
ခင်ဗျားမျက်ဝန်းတွေထဲမှာ ပိုလှတယ်"

ကျွန်တော်အရမ်းတွန့်တိုတာပဲ

အဲ့ဒီ့နှုတ်ခမ်းပါးတွေတွန့်ကွေးကာ
ရယ်နေတာကို

ငုံ့ကြည့်နေတဲ့
လမင်းကြီးကိုတောင်မမြင်စေချင်ပါ
သူ့အပြုံးလှလှ​တွေကိုဖုံးကွယ်​တဲ့အ​နေနဲ့

အနူးညံ့ဆုံးနဲ့အညင်သာဆုံး
ဆွဲယူနမ်းရှိုက်မိတဲ့အခါ

သူ့အပြုံးတွေ ကျွန်တော့နှုတ်ခမ်းထက်
အလှပဆုံးပွင့်ဖူးတယ်

မလိုချင်ဘူး..........မလိုအပ်ဘူး
ဒီထက်ပြည့်စုံတဲ့ဘဝ
ဒီထက်ပိုကောင်းတဲ့ဘ၀ဆိုတာ
ကျွန်တော့အနားမှာ
ချစ်သူရှိနေသမျှကာလပတ်လုံး
ဆယ်နှစ်​လလုံးက
ရာသီဥတုသာယာတယ်​လေ ..........

Oh Sehun အနားမှာ
Luhan ရှိတဲ့အခါ
အပြည့်စုံဆုံး
အချစ်ရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခု
သူ့အလိုလိုဖြစ်​တည်​ခဲ့ရ​ပေါ့.......

akyinnamon မမမွန်​​ရေ
အိနည်းနည်း​လေး​ရေး​ပေးထားတယ်
အိကလိမ်​မာပါတယ်​ war
ထဲလဲမပါ​တော့ပါဘူး
မမမွန်​စိတ်​မ​ကောင်းဖြစ်​​အောင်​လဲ
မလုပ်​​တော့ပါဘူး
ချစ်​တယ်​ဆိုရင်​ ဆက်​​ရေး​ပေးပါ​နော်
extra က သိပ်​မ​ကောင်း​ပေမယ့်
ဖတ်​​ပေးရင်​​တော့ သိပ်​​ပျော်​မှာပဲ

စာ​ရေးချင်​သူ
#EKM

Continue Reading

You'll Also Like

131K 6K 15
သိပ်ချစ်ကြတဲ့ သူနှစ်ဦး သံသယများကြောင့် ကွဲကွာသွားတဲ့ အခါ အရင်လိုရော ချစ်နေသေးလား သံသယတွေရော နည်းသွားနိုင်ကြလား ဆိုတာကတော့ အကြီးကြီး warning နော် သ...
86.7K 6.2K 12
~~~ သံသရာအဆက်​ဆက်​ ​ပေါင်းစည်းရပါ​စေလို့​ လောဘ​တွေမကြီးပါဘူး အခုရှင်​သန်​​နေရတဲ့ဘဝ​လေးမှာ ပိုင်​ဆိုင်​ခွင့်​ရဖို့ကိုပဲကြိုးပမ်းမိတာ ...
81K 7.3K 22
ပျော်ရွှင်ဖွယ်အတိပြီးသော... မြတ်နိုးဖွယ်အတိပြီးသော..... ချစ်ခြင်းတို့ဖြင့်အတိပြီးသော.... လိုအပ်ချက်ကင်းမဲ့ဇုန်...... ပေါက်စတို့ရဲ့ အိမ် ပျော်ရွှင်ဖွယ်...
54.7K 3K 32
ကျ​နော်​ အရမ်း မဆိုးပါဘူး ကိုကို မချစ်​​တော့မှာ ဆိုးလို့ ကျ​နော်​ စိတ်​လည်း အရမ်းမ​ကောက်​ရဲပါဘူး ကိုကို မ​ချော့​တော့မှာ ဆိုးလို့ ကျ​နော်​ ကိုကို မ...