ထွက်​​ပေါက်​တစ်​ခု၏ခေါ်သံ

4.2K 425 40
                                    

" Jong In ya ဘယ်လိုဖြစ်ရတာလဲ Dancing Machine ကြီး
အာရုံတွေပျောက်နေတာလားပြောပါဦး"

အကတိုက်ပေးနေတဲ့ Hyung
ကနောက်သလိုပြောတော့
ကျွန်တော်ခေါင်းကိုသာအကြိမ်ကြိမ်ညွတ်ရင်း တောင်းပန်နေမိတယ်

" ကျွန်တော်ခဏနားမှဖြစ်မယ်ထင်တယ် Hyung တို့ တောင်းပန်ပါတယ်
ကျွန်တော့စိတ်ကဘယ်လိုမှအဆင်မပြေဘူး"

" ဟုတ်ပြီ ဟုတ်ပြီခဏနားလိုက်
နေ့လည်ထမင်းစားပြီးမှပြန်စကြမယ်လေ"

ကျွန်တော်တစ်ယောက်တည်း
စိတ်တွေမတည်မငြိမ်ဖြစ်နေတာလား
ဆိုတော့လဲမဟုတ်ပါ
အခုချိန်မှာမန်ဘာအားလုံးရဲ့
စိတ်အခြေအနေက ဘယ်လိုမှကောင်းမနေ

ဟန်ဆောင်ပြီးသာနေနေရပေမယ့်
အကတိုက်ခြင်းကိုလဲစိတ်မ၀င်စား
ဘာဆိုဘာမှခေါင်းထဲမ၀င်.....
စိတ်ရှုပ်ထွေးခြင်းနဲ့
ဝမ်းနည်းခြင်းတို့ကသာအပြည့်

Practice Room ထဲမှာ
ခြေပစ်လက်ပစ် လှဲချလိုက်ရင်း
မျက်နှာကျက်ကိုသာ ငေးကြည့်နေမိသည်
ကျွန်တော်စဉ်းစားမိတာ
ကျွန်တော်တို့အတွက် ဆိုးဝါးတဲ့
နေ့ရက်တွေဟာမကုန်ဆုံးနိုင်သေးပါလား

မန်ဘာသုံးယောက်ဆုံးရှုံးလိုက်ရတဲ့
ဖြစ်ရပ်ကတောင် အခုထိနေသားကျအောင်
မနည်းအားတင်းထားရတုန်းရှိသေး
အခုတစ်ခါ ကျွန်တော်တို့အချစ်ဆုံး
အငယ်ဆုံးလေးရဲ့အသည်းကို
ကျွန်တော်တို့ချစ်သော Hyung ကခွဲလေသတဲ့
လောကကြီးဟာ
ဘယ်လောက်တောင်ရက်စက်ပါသလဲ

ကျွန်တော်တို့မှာ အသက်ရွယ်နဲ့မလိုက်
အောင်မြင်မှုတွေရှိနေတယ်
လူတကာအားကျရတဲ့ ဖွဲ့စည်းမှုကြီးရှိနေတယ်

ဒါပေမယ့်.............. လူတိုင်းတွေးနေခဲ့သလို
ကျွန်တော်တို့တကယ်ရော
ပျော်ရွှင်နေပါရဲ့လား
ကြိုးစားသမျှအရာထင်နေသာ
လက်တွေ့ပေါင်းစပ်မှုများကြောင့်
အထပ်ထပ်အခါခါရရှိခဲ့သော
အောင်မြင်မှုများတွင်
ကျွန်တော်တို့အတူတကွ
အောင်ပွဲခံနိုင်ခဲ့ပါသော်လဲ
စတင်ကာစကတည်းက
ပင်ပန်းဆင်းရဲလွန်းစွာဖြတ်သန်းခဲ့ရသော
နေ့ရက်များတွင် အတူရှိခဲ့ဖူးသူများကို
ရင်နဲ့အမျှလွမ်းဆွတ်ရသည်
အတူနာကျင်ဝေမျှဖူးသူများကို
ပြန်မရနိုင်တော့မှန်းသိရက်နဲ့ပင်
ကြိတ်၍မျှော်လင့်ခြင်းများဟာ
အောင်မြင်မှုတစ်ခါရလာတိုင်း တစ်ခါပင်

အတိတ်​၊ပစ္စုပန်​၊အနာဂါတ်​အားလုံးထိုသူပိုင်​၏......Where stories live. Discover now