မချိုမြိန်မှုတမ်းချင်း

4.7K 451 30
                                    

နားနေခန်းမှာ ခဏနားနေရင်း
ဘာရယ်မဟုတ် TV ကို
ဟိုပြောင်းဒီပြောင်းလုပ်မိချိန်
ကျွန်တော့ကမ္ဘာဟာ ပြိုကျလာတယ်
ကော်ဖီခွက်လေးကိုင်လို့ နေရာကနေမရွေ့
မတ်တပ်ကြီးမေ့မောနေသူကျွန်တော်

ကလေး..........

ကျွန်တော့ဆီကပြန်သွားအပြီး
ပထမဆုံးပြန်မြင်ရတဲ့
ကလေးရဲ့ရုပ်သွင်...........

ဂျင်းဘောင်းဘီအပြဲရယ်

တီရှပ်ပေါ်မှာ
ဂျာကင်တစ်ထည်ဝတ်ထားတယ်
သူ့ Crazy ဦးထုပ်လေးနောက်ပြန်ဆောင်းလို့
မျက်မှန်ဝိုင်းလေးတောင်ဆင်ယင်ထားသေး
ရိုးရိုးရှင်းရှင်းဒီဇိုင်းနဲ့သူ့ဟန်အတိုင်း
ခြေချင်းချိတ်လို့ထိုင်နေတဲ့ ကလေးဟာ
မြင်သူတိုင်း ပြန်ငေးကြည့်ချင်စရာ

" Oh Sehun ssi အခုတလော
နားထောင်ဖြစ်နေတာဒါမှမဟုတ်
ခံစားမိနေတဲ့သီချင်းများရှိပါသလား
ကိုယ့်အဖွဲ့ဆိုတဲ့သီချင်းတွေပဲ
နားထောင်ဖြစ်နေလား"

"အဲ့ဒီ့လိုတော့မဟုတ်ဘူးခင်ဗျ ကျွန်တော်တို့က
အကုန်နားထောင်ပါတယ်
အသစ်ထွက်တဲ့ဟာတွေဆိုရင်
ကိုရီးယားမှာရော ဥရောပဖက်ကဟာတွေပါ  နားထောင်လေ့ရှိပါတယ်

အခုတလောအနေနဲ့ဆိုရင်တော့
သီချင်းအသစ်မဟုတ်ပေမယ့်
ကြိုက်နေတဲ့သီချင်းပေါ့နော်
အဲ့ဒါလေးတော့ရှိတယ်"

" ဟုတ်ကဲ့ ကျွန်မတို့ရဲ့ Star's Feeling program တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု
ကနေOh Sehun ရဲ့
လတ်တလောခံစားချက်အကြောင်းလေးကို
ပရိတ်သတ်တွေအတွက်မျှဝေချင်တာမို့
သီချင်းလေးကို ပြောပြပါဦး
အားလုံးအတူတူခံစားချင်လို့ပါ"

"Eminem နဲ့ Rihanna ရဲ့

Love the way you lie ပါ"

ကင်မရာကိုစိုက်ကြည့်ပြီးပြောလိုက်တဲ့
ကလေးရဲ့မျက်ဝန်းတွေဟာ
နာကျင်မှုတို့နဲ့ ကြေမွနေတာကို
ကျွန်တော်ရင်နဲ့ဆတ်ဆတ်ခံစားမိတယ်

လက်ထဲမှာကိုင်ထားတဲ့ကော်ဖီခွက်ဟာ
တဆတ်ဆတ်တုန်ယင်လာတဲ့
လက်ချောင်းများကြားက
ချော်ကျ မြေကြီးနဲ့ရိုက်မိသံခွက်ခနဲ
နီးစပ်ရာခုံပေါ်တစ်ကိုယ်လုံး
ပစ်ထိုင်ချလိုက်ရတယ်
တလှပ်လှပ်ဖြစ်လာတဲ့ခံစားချက်ကြောင့်
ရင်ဘတ်ကိုလက်နဲ့ဖိထားရတယ်
နာကျင်လိုက်တာ .....

အတိတ်​၊ပစ္စုပန်​၊အနာဂါတ်​အားလုံးထိုသူပိုင်​၏......Where stories live. Discover now