အဲ့ဒီလိုချန်ထားရစ်ခဲ့မယ်လို့
တစ်ခါမှမမျှော်လင့်ထားမိတော့
ကျွန်တော်ဖြေသိမ့်လို့မရဘူးဖြစ်နေတယ် luအိပ်ယာကနိုးလာတိုင်း
အဲ့ဒါဟာအိမ်မက်ဆိုးတစ်ခုဖြစ်ပါစေလို့
ဆုတောင်းနေပေမယ့်
ကျွန်တော့ဆုတောင်းတွေကမပြည့်လာဘူး
ဘာလို့များ ကျွန်တော့ကို
ဒီလိုလုပ်ရက်တာလဲ
အဆုံးထိတိုင်မလျှောက်နိုင်ဘူးဆိုရင်
အစကတည်းက
အဲ့ဒီ့လက်တွေကမ်းမပေးခဲ့သင့်ဘူး luကျွန်တော်ခင်ဗျားအပေါ်
ဘယ်လောက်အစွဲအလမ်းကြီးတယ်ဆိုတာ
သိရက်နဲ့ ကျွန်တော့ကိုအိမ်မက်လှလှတွေ
မမက်စေခဲ့သင့်ဘူးကျွန်တော်စဉ်းစားတယ်
အကြိမ်ကြိမ်အခါခါ
အပြန်ပြန်အလှန်လှန် ခင်ဗျားကိုတစ်ဘ၀လုံးနာကျင်ခံစားစေရမယ့်အရာကိုပေါ့အဖြေကတော့တစ်ခုပဲထွက်တာ
ခင်ဗျားနှလုံးသားရောဘ၀ပါ
ရှင်လျက်နဲ့သေစေမယ့်
လက်နက်က ကျွန်တော်ကိုယ်တိုင်ပဲခင်ဗျားကျွန်တော့ကိုသေလုအောင်ချစ်တာက အားနည်းချက်တစ်ခုပဲ
ကျွန်တော်ဟာ တခြားသူတွေအပေါ်
လူကဲခတ်အားနည်းချင်နည်းနေလိမ့်မယ်
ဒါပေမယ့် ကျွန်တော်ချစ်ရလွန်းတဲ့
ခင်ဗျားအကြောင်းကို
ခေါင်းစကနေခြေဖျားထိသိနေတာက
ကျွန်တော့အားသာချက်တစ်ခုဖြစ်လာခဲ့တယ်ကျွန်တော်ပဲ..................
ခင်ဗျားကိုနာကျင်ခံစားရအောင်လုပ်နိုင်မှာစဉ်းစားတယ် .......
ကျွန်တော်ပါမိန်းမယူလိုက်ရင်ရော
ဟင့်အင်း........ ဒါဆိုခင်ဗျားကစိတ်ချသွားမှာကျွန်တော်ဟိုးအဝေးကြီး
ထွက်သွားခဲ့ရင်ရော
ခင်ဗျားကအဆင်ပြေမှာပါလို့ နှစ်သိမ့်ပြီး
စိတ်ထဲမှာကြိတ်မှိတ်လွမ်းဆွတ်
စိတ်ပူရုံကလွဲပြီးလိုက်ရှာမှာလဲမဟုတ်ဘူးကျွန်တော်ခင်ဗျားကိုအရွဲ့တိုက်ပြီး
လုပ်ချင်ရာတွေလျှောက်လုပ်ရင်ရော
ခင်ဗျားက ကျွန်တော်ချစ်တဲ့
Hyung တွေကိုအကူအညီတောင်းပြီး
အဆင်ပြေအောင်လုပ်ခိုင်းဦးမှာနည်းလမ်းအများကြီးသာစုံသွားတယ်
ခင်ဗျားဘ၀တစ်ခုလုံး
နောင်တတွေနဲ့ကျန်ခဲ့ဖို့မမြင်ဘူး
YOU ARE READING
အတိတ်၊ပစ္စုပန်၊အနာဂါတ်အားလုံးထိုသူပိုင်၏......
Fanfiction~~~ သံသရာအဆက်ဆက် ပေါင်းစည်းရပါစေလို့ လောဘတွေမကြီးပါဘူး အခုရှင်သန်နေရတဲ့ဘဝလေးမှာ ပိုင်ဆိုင်ခွင့်ရဖို့ကိုပဲကြိုးပမ်းမိတာ ဘဝနဲ့ချီပြီးမှားသတဲ့လား ~~~ Oh Sehun