ငွေ့ရည်ပျံသွားသောချစ်ခြင်းဖွဲ့ကြွေလွင့်မှုများ

6.1K 499 26
                                    

ညသည်မှောင်လွန်းလှ၏ ......
တကယ်တော့ ညဆိုတာထက်
အာရုံဦးရောက်လုနီးအချိန်
ဘေကျင်းမြို့ရဲ့ကောင်းကင်သည်
မဟူရာရောင်ကတ္တီပါစ
ချခင်းထားသလို ပိန်းပိတ်မည်းမည်း
သို့ပေမယ့် ယနေ့မှစုံလင်နေသော
ကြယ်များသည်ဟိုတစ်စု သည်တစ်စုဖြင့်
အနက်ပေါ် အဖြူအပွင့်ခင်း
ထင်ထင်လင်းလှချေ၏

အတူကြည့်နေကျ မြင်ကွင်းဖြစ်သည့်တိုင်
အတူထိုင်နေကျ နေရာဖြစ်သည့်တိုင်
နေသားမကျသလို တလှုပ်လှုပ် တယွယွ
ပခုံးစွန်းချင်းထိတိုက်မတတ်
နီးကပ်နေပါရက်သားနဲ့တောင်
ကျွန်တော်တို့နှစ်ယောက်သည်
အဝေးကွာကြီးဝေးကွာနေသယောင်

နံဘေးမှအစွန်းအစမြင်နေရသော
သူ့ကိုလှမ်းကြည့်လိုက်မိတော့
တဒိတ်ဒိတ်ခုန်လာသော ရင်အစုံဟာ
အမြဲတမ်းဖြစ်နေကြအတိုင်း
တသွေမတိမ်းခုန်လှုပ်လျက်
ဖြူနုသောအသားအရည် ထင်ရှားသောမေးရိုး
ကြုံ့ထားသော မျက်မှောင်များကြားကပင်
မည်းနက်စီတန်းသော မျက်ခုံးများ
ခပ်လျော့လျော့ထိုင်နေပုံကတောင်
နတ်ဘုရားတို့ထုဆစ်သော ပန်းပုအလား
ပစ်ချက်တစ်စုံတစ်ရာရယ်မရှိ
ထိုလူသားသည် ပြီးပြည့်စုံလွန်းလှ၏

အကြိမ်ကြိမ်နမ်းရှိုက်ခဲ့ဖူးသော
သွေးကြောမျှင်များနှင့် ပါးပြင်ကို
တို့ထိလက်လှမ်းရန်ပင် မ၀ံ့ရဲတော့
ရုတ်တရက်မှုန်ဝါးလာသော မျက်ဝန်းအိမ်မှ
အထိအတွေ့ကြောင့်
မျက်ရည်ဝိုင်းလာပြီဟု အတပ်သိလိုက်သည်။

EXO ဟူသည့်အသိုက်အမြုံမှ
ခွဲထွက်လာချိန်က
ကလေးပြောခဲ့ဖူးတဲ့စကားအတိုင်း
ချန်ထားရစ်ခဲ့သူဖို့ဆုံးဖြတ်သူက
မျက်ရည်အရွှဲသားဖြစ်နေသည်မှာ
တကယ်တမ်းတော့ မတရားဘူးမဟုတ်လား

ကလေးဟာ ကျွန်တော့အတွက်
အမြဲတမ်းရပ်တည်ခဲ့တယ်
ကျွန်တော့အနားမှာ
အရိပ်ကလေးလိုတွယ်ကပ်ခဲ့တယ်
ကျွန်တော့ရှင်သန်မှုအတိုင်း
သူဟာထပ်တူထပ်မျှရှင်သန်ခဲ့တယ်
ချစ်ခြင်းအားဖြင့်လဲ
ကျွန်တော့ချစ်နိုင်စွမ်းထက်
တပြားသားတောင်မလျော့
ကျွန်တော့ဆုံးဖြတ်ချက်တိုင်းကို
သူလက်ခံနားလည်ပေးခဲ့ပေမယ့်
အဲ့ဒီ့အချိန်တိုင်း
သူ့ရင်တွေဘယ်လောက်တောင်
နာကျင်နေလိမ့်မလဲဆိုတာကို
ကျွန်တော်မတွေးမိတာတော့မဟုတ်

အတိတ်​၊ပစ္စုပန်​၊အနာဂါတ်​အားလုံးထိုသူပိုင်​၏......Dove le storie prendono vita. Scoprilo ora