အတိတ်​၊ပစ္စုပန်​၊အနာဂါတ်​အားလု...

By SilverQueen947

86.7K 6.2K 574

~~~ သံသရာအဆက်​ဆက်​ ​ပေါင်းစည်းရပါ​စေလို့​ လောဘ​တွေမကြီးပါဘူး အခုရှင်​သန်​​နေရတဲ့ဘဝ​လေးမှာ ပိုင... More

ပုံပြင်​မမည်​​ခဲ့သောပုံပြင်​များ
ဇာတ်​သိမ်းများ၏နိဒါန်း
ငွေ့ရည်ပျံသွားသောချစ်ခြင်းဖွဲ့ကြွေလွင့်မှုများ
မချိုမြိန်မှုတမ်းချင်း
ကြေမွဒိုင်ယာရီ
ထွက်​​ပေါက်​တစ်​ခု၏ခေါ်သံ
နောင်တအချို့မြစ်ဖျားခံရာ
ချစ်​ခြင်းတိမ်​စိုင်​လွှာ
ဧဒင်ကောက်ကြောင်း
စိတ်ကူးအိမ်မက်များနှင့်ထပ်တူ
ကျေးဇူးတင်ခြင်းနှင့် Extra ပိစိ

လွတ်မြောက်ခြင်း သို့မဟုတ် ချုပ်နှောင်ခြင်း

4.3K 438 51
By SilverQueen947

အဲ့ဒီလိုချန်ထားရစ်ခဲ့မယ်လို့
တစ်ခါမှမမျှော်လင့်ထားမိတော့
ကျွန်တော်ဖြေသိမ့်လို့မရဘူးဖြစ်နေတယ် lu

အိပ်ယာကနိုးလာတိုင်း
အဲ့ဒါဟာအိမ်မက်ဆိုးတစ်ခုဖြစ်ပါစေလို့
ဆုတောင်းနေပေမယ့်
ကျွန်တော့ဆုတောင်းတွေကမပြည့်လာဘူး
ဘာလို့များ ကျွန်တော့ကို
ဒီလိုလုပ်ရက်တာလဲ
အဆုံးထိတိုင်မလျှောက်နိုင်ဘူးဆိုရင်
အစကတည်းက
အဲ့ဒီ့လက်တွေကမ်းမပေးခဲ့သင့်ဘူး lu

ကျွန်တော်ခင်ဗျားအပေါ်
ဘယ်လောက်အစွဲအလမ်းကြီးတယ်ဆိုတာ
သိရက်နဲ့ ကျွန်တော့ကိုအိမ်မက်လှလှတွေ
မမက်စေခဲ့သင့်ဘူး

ကျွန်တော်စဉ်းစားတယ်
အကြိမ်ကြိမ်အခါခါ
အပြန်ပြန်အလှန်လှန် ခင်ဗျားကိုတစ်ဘ၀လုံးနာကျင်ခံစားစေရမယ့်အရာကိုပေါ့

အဖြေကတော့တစ်ခုပဲထွက်တာ
ခင်ဗျားနှလုံးသားရောဘ၀ပါ
ရှင်လျက်နဲ့သေစေမယ့်
လက်နက်က ကျွန်တော်ကိုယ်တိုင်ပဲ

ခင်ဗျားကျွန်တော့ကိုသေလုအောင်ချစ်တာက အားနည်းချက်တစ်ခုပဲ

ကျွန်တော်ဟာ တခြားသူတွေအပေါ်
လူကဲခတ်အားနည်းချင်နည်းနေလိမ့်မယ်
ဒါပေမယ့် ကျွန်တော်ချစ်ရလွန်းတဲ့
ခင်ဗျားအကြောင်းကို
ခေါင်းစကနေခြေဖျားထိသိနေတာက
ကျွန်တော့အားသာချက်တစ်ခုဖြစ်လာခဲ့တယ်

ကျွန်တော်ပဲ..................
ခင်ဗျားကိုနာကျင်ခံစားရအောင်လုပ်နိုင်မှာ

စဉ်းစားတယ် .......
ကျွန်တော်ပါမိန်းမယူလိုက်ရင်ရော
ဟင့်အင်း........ ဒါဆိုခင်ဗျားကစိတ်ချသွားမှာ

ကျွန်တော်ဟိုးအဝေးကြီး
ထွက်သွားခဲ့ရင်ရော
ခင်ဗျားကအဆင်ပြေမှာပါလို့ နှစ်သိမ့်ပြီး
စိတ်ထဲမှာကြိတ်မှိတ်လွမ်းဆွတ်
စိတ်ပူရုံကလွဲပြီးလိုက်ရှာမှာလဲမဟုတ်ဘူး

ကျွန်တော်ခင်ဗျားကိုအရွဲ့တိုက်ပြီး
လုပ်ချင်ရာတွေလျှောက်လုပ်ရင်ရော
ခင်ဗျားက ကျွန်တော်ချစ်တဲ့
Hyung တွေကိုအကူအညီတောင်းပြီး
အဆင်ပြေအောင်လုပ်ခိုင်းဦးမှာ

နည်းလမ်းအများကြီးသာစုံသွားတယ်
ခင်ဗျားဘ၀တစ်ခုလုံး
နောင်တတွေနဲ့ကျန်ခဲ့ဖို့မမြင်ဘူး

အဲ့ဒီတော့
ကျွန်တော်နောက်ဆုံးစိတ်ကူးကိုထုတ်သုံးမယ်

အဲ့ဒါဟာ ကျွန်တော့သေဆုံးခြင်းပဲ

ကျွန်တော့အနားမှာ
လူတွေအများကြီးရှိနေတဲ့အတွက်
ကျွန်တော့အတွက်အခွင့်အရေးရမှာမဟုတ်ဘူး

ကျွန်တော်ကိုယ်တိုင်က အဲ့ဒီ့လိုဇာတ်ဝင်ခန်းမျိုးတွေတောင်မကြိုက်ဘူးဆိုတာသိလို့
ခင်ဗျားက ကျွန်တော့အသက်အတွက်
ထူးထူးခြားခြားစိတ်မပူနေဘူးဆိုတာ
ကျွန်တော်သိနေတယ်

ခင်ဗျားမေ့နေတဲ့အချက်က
ကျွန်တော်ဟာဟန်ဆောင်ခြင်းကို
တစ်ဖက်ကမ်းခတ်မကျွမ်းကျင်သည့်တိုင်
မြိုသိပ်ထားခြင်းကိုတော့
အထိုက်အလျောက်
တတ်မြောက်တယ်ဆိုတာကိုပဲ

ကျွန်တော်ခံစားနာကျင်နေတာကို
ုဟန်ဆောင်ပြီးပျော်သလိုမနေနိုင်ဘူးဆိုပေမယ့်
ကျွန်တော့စိတ်ထဲ
ဘယ်လိုဖြစ်နေတယ်ဆိုတာကို
အသေးစိတ်မထုတ်ဖော်တတ်ပဲ
မြိုသိပ်တာက ကျွန်တော့စတိုင်လ်ပဲလေ.......

သံသယရှိနိုင်စရာအရာတစ်ခုခုကိုမှ
ကျွန်တော်လုပ်မပြခဲ့ပဲနဲ့
ခံစားနာကျင်နေလို့
စကားများများမပြောဘဲနေထိုင်ခြင်းအားဖြင့်
Hyung တွေဟာကျွန်တော်အဲ့ဒီလို
လုပ်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး

သေဆုံးခြင်း........................
တကယ်တော့ကျွန်တော်ခင်ဗျားကို
နာကျင်စေချင်ပြီးဘ၀တစ်ခုလုံး
နောင်တအပြည့်နဲ့
ရှင်သန်ရအောင်လုပ်ချင်တာဖြစ်သလို
ကျွန်တော်ကိုယ်တိုင်လဲ ဒီဘ၀ကြီးကဖက်တွယ်နေရတာမုန်းလှပြီ Lu

ကျွန်တော့မှာအောင်မြင်မှုတွေရှိတယ်
ကျွန်တော်ချစ်တဲ့အနုပညာရှိတယ်
မိဘ၊မိသားစုနဲ့ ကျွန်တော့ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Hyung တို့ရှိတယ်

ဒါပေမယ့်........... ခင်ဗျားမှမရှိတာ Lu

ကျွန်တော့မှာ အချစ်ရယ်လို့တိတိကျကျမခံစားတတ်ခင်ကတည်းက
ခင်ဗျားတစ်ယောက်ကိုပဲ တွယ်တာခဲ့ရတာ
ခင်ဗျားတစ်ယောက်ကိုပဲ
နတ်ဘုရားလိုကိုးကွယ်ခဲ့ရတာ

ခင်ဗျားကျွန်တော့အနားမှာ
အမြဲတမ်းမရှိပေးနိုင်တော့ဘူး

ကျွန်တော်နဲ့ခင်ဗျား မိုင်ပေါင်းများစွာဝေး
နိုင်ငံနဲ့ချီပြီးစည်းတွေခြားနေပါတယ်
ဆိုတုန်းကတောင်
ကျွန်တော်ဖြေသိမ့်နိုင်ခဲ့တယ်

တစ်နေ့တော့ ကျွန်တော်တို့နီးမှာပါဆိုတဲ့
အတွေးနဲ့ပေါ့
အဲ့ဒီ့တစ်နေ့ဟာ
နောက်ထပ်နှစ်ပေါင်းများစွာဖြစ်ချင်လဲဖြစ်မယ်

ဒါပေမယ့် .......... ဒါပေမယ့်ပေါ့ Lu ရယ်

ကျွန်တော့မှာမျှော်လင့်ခွင့်ရှိနေတယ်လေ

နှစ်ယောက်စလုံးမအားပေမယ့်
မတွေ့နိုင်ပေမယ့်
ခင်ဗျားပါတဲ့အစီအစဉ်တွေနဲ့
ရုပ်ရှင်ဇာတ်ကားတွေကိုကြည့်ပြီး
ကျွန်တော်အလွမ်းဖြေနိုင်မယ်

ကျွန်တော်ပါဝင်တဲ့
အင်တာဗျူးအစီအစဉ်တွေနဲ့ program တွေ
ကျွန်တော်တို့ EXO ရဲ့ Concert တွေ
နိုင်ငံတကာမှာကျင်းပနေတိုင်း
ခင်ဗျားကျွန်တော့ကိုမြင်တွေ့နိုင်မယ်

တစ်ပါတ်မှတစ်ခါပဲ ဖုန်းပြောနိုင်ပါဦး
တစ်ညလုံးမရပ်မနားပြောပြီး
ကျွန်တော်တို့အလွမ်းဖြေနိုင်မယ်

လူတွေလစ်တဲ့အခါ Video Call ခေါ်ပြီး
ဟိုး.............အဝေးကြီးက ခင်ဗျားကို
Screen ပေါ်ကနေ ကျွန်တော်နမ်းမယ်

အခွင့်အရေးရှိတဲ့အခါတိုင်း
ဘေဂျင်းကခင်ဗျားနဲ့ကျွန်တော့အိမ်ကိုလာပြီး
ကျွန်တော့ရင်ခွင်ထဲခင်ဗျားကိုထည့်သိပ်မယ်
ကျွန်တော်ရှိတဲ့ကိုရီးယားကို
ခင်ဗျားလာတဲ့အခါခိုးတွေ့ကြမယ်

IG မှာ သိပ်မျက်စိလျင်လွန်းတဲ့ Hunhan Fan တွေကို Hint လိုလိုနဲ့ပျော်အောင်စပြီး
ဘယ်သူဘာမေးမေး
မသိချင်ယောင်ဆောင်နေမယ်

အဲ့ဒီ့အခါ ခင်ဗျားကျွန်တော့ကိုဆူနေပေမယ့်
Cmt တွေကိုအတူတူဖတ်ပြီး
ကျွန်တော်တို့ရယ်မောကြမယ်

အဲ့ဒီလိုစိတ်ကူးမျှော်လင့်ချက်တွေနဲ့
ကျွန်တော်ရှင်သန်နေခဲ့ရတာ

တစ်နေ့မှာတော့ အတူတူနေထိုင်ခွင့်

မနက်ခင်းတစ်ခုတည်းမှာအတူနိုးထခွင့်

တူညီတဲ့နေ့ရက်တွေကို
တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ပြီး
ဖြတ်သန်းခွင့်

အဲ့ဒီ့အရာတွေတကယ်ရှိလာမယ်လို့
ကျွန်တော်ထင်နေခဲ့တယ်
အဲ့ဒီလိုစိတ်ကူးအိမ်မက်တွေနဲ့
ကျွန်တော့နေ့တွေကိုအားတင်းပြီး
ဖြတ်သန်းနေခဲ့ရတာ

ကျွန်တော့မှာ
ဘ၀အနာဂါတ်ရည်မှန်းချက်တစ်ခု
ရှိတယ်ဆိုရင်
အဲ့ဒါက ခင်ဗျားနဲ့အတူရှင်သန်ရဖို့ပါပဲ Lu

ဒါတွေကို ကျွန်တော်မပြောပြလဲ
ခင်ဗျားနှလုံးသားနဲ့သိပါတယ်

အခုတော့ ဘာမျှော်လင့်ချက်မှလဲမရှိတော့ဘူး
ကျွန်တော်တို့ ယဉ်ခဲ့ရသမျှ
စိတ်ကူးတွေလဲခင်ဗျားရိုက်ချိုးခဲ့တယ်

ကျွန်တော်တို့တွေးတောခဲ့သမျှဟာလဲ
သားလိမ္မာဖြစ်ချင်ပါတယ်ဆိုတဲ့
စကားတစ်ခွန်းအောက်မှာ အေးခဲ
အရာအားလုံးက တစစီစုတ်ပြတ်သတ်ပြီး
နောက်ဆုံးတော့ခင်ဗျားလက်ကို
ကျွန်တော်လွှတ်ထားခဲ့ရတာပါပဲလား

အသက်ရှင်ဖို့အကြောင်းပြချက်မဲ့သွားတဲ့
ကျွန်တော်
သေဆုံးခြင်းရဲ့တစ်ဖက်ကိုပဲ
မျှော်လင့်မိတော့တယ်

ကျန်ခဲ့တဲ့သူတွေအတွက်
မတရားမှန်းသိပေမယ့်

ခင်ဗျားဘ၀စုတ်ပြတ်သတ်နာကျင်ဖို့ရယ်
ကျွန်တော်ခံစားရတဲ့အရူးမီးဝိုင်းခံစားချက်မျိုးကနေလွတ်မြောက်ဖို့ရယ်
ကျွန်တော်အဲ့ဒီ့အရာကို ရွေးချယ်ခဲ့တယ် Lu

အဲ့ဒီ့မှာမှ ရိုးရိုးသေဆုံးခြင်းမျိုးမဟုတ်ဘဲ
ကျွန်တော်ပင်ပန်းခံစားခဲ့ရတယ်ဆိုရင်
ခင်ဗျားပိုရူးသွပ်သွားမှာပဲ Lu

အချစ်ကြီးရင်အမျက်ကြီးသတဲ့ Lu

ကျွန်တော်ခင်ဗျားကို ရင်နဲ့အမျှချစ်ရပေမယ့်
ခွင့်မလွှတ်နိုင်ဘူး.................

ခွင့်မလွှတ်ချင်ဘူး.................

ချစ်ရက်သားနဲ့ သတ္တိမရှိလို့လွှတ်ထားခဲ့တဲ့
ကျွန်တော့လက်ကို
တစ်သက်လုံးဘယ်တော့မှ ပြန်ကိုင်ဆွဲခွင့်မရှိ

ခင်ဗျားတစ်သက်လုံး
ချစ်ခင်မြတ်နိုးလာရတဲ့ကျွန်တော့ကို
ဘယ်သောအခါမှ ပြန်မြင်တွေ့ခွင့်မရှိ

အဲ့ဒီ့လိုနဲ့ ခင်ဗျားရွေးချယ်ထားတဲ့ဘ၀ကို
ခင်ဗျားမပျော်ပိုက်စွာနဲ့
ခင်ဗျားနှလုံးသားဟာ
နေ့စဉ်နဲ့အမျှပျက်စီးနေစေရမယ်

ကျွန်တော်ကလူဆိုးဆိုရင်
အဲ့ဒီလိုဖြစ်အောင်လုပ်တာခင်ဗျားကိုယ်တိုင်ပဲမို့
တခြားသူကိုအပြစ်တင်လို့မရဘူး Lu

ထပ်ဆင့်အပိုဆုအနေနဲ့
ကျွန်တော်ဟာပင်ပန်းခြင်းကြီးစွာ
ဝေဒနာကိုခံစားခဲ့ရပါတယ်ဆိုရင်
ခင်ဗျားတော့
တစ်နေ့ကိုတစ်ခါလောက်ကျွန်တော့နောက်ကိုလိုက်ချင်စိတ်ဖြစ်နေမယ်လို့လောင်းရဲတယ်

အဟက်............
ကျွန်တော်ဆိုတာလဲအမှတ်သည်းခြေတော့
နည်းတယ် Lu ရယ်
သေဆုံးခြင်းရဲ့ဟိုတစ်ဖက်ကမ်းမှာ
ယောကျာ်းတစ်ယောက်က
အခြားယောကျာ်းတစ်ယောက်ကို
ချစ်လို့ရတယ် လက်တွဲခွင့်ရှိတယ်ဆိုရင်
ခင်ဗျားကိုပဲ ကျွန်တော်ထပ်ရွေးချယ်မိဦးမှာပဲ

ကျွန်တော့ချစ်သူဟာ
ယောကျားတစ်ယောက်ပဲမို့
မိန်းမတစ်ယောက်ဖြစ်ခဲ့ရင်အဆင်ပြေမယ်လို့ ယောင်လို့တောင်မတွေးမိဘူး

ဒါဟာမှန်သောစကားပါ Lu

ကျွန်တော်ကတော့သတ္တိရှိတယ်
ခင်ဗျားသာသဘောတူရင်
တစ်လောကလုံးကိုကြေညာလိုက်ဖို့အသင့်ပဲ

ဒါပေမယ့်...................
ခင်ဗျားဘက်က သွေးကြောင်တဲ့အခါ
ကျွန်တော်တို့ရခဲ့သမျှ ရလဒ်တိုင်းက
အနှုတ်လက္ခဏာချည်းပါပဲလား Lu

(--------) ဆိုတဲ့ဆေးတစ်မျိုးအကြောင်း
သူငယ်ချင်းတစ်ယောက်ဆီက
အမှတ်မထင်ကြားခဲ့ဖူးတာ
ကျွန်တော့အတွက် လက်ဆောင်တစ်ခုပဲ

စစ်ဘက်ဆိုင်ရာနဲ့မှုခင်းပိုင်းတွေမှာ
နိုင်ငံရေးလျို့ဝှက်အစီအစဉ်တွေမှာ
သုံးတဲ့အဲ့ဒီ့ဆေးက နှစ်မျိုးရှိတယ် Lu

ဦးနှောက်ကိုတဖြည်းဖြည်းပျက်စီးစေတာရယ်
နှလုံးသားကိုတဖြည်းဖြည်းပျက်စီးစေတာရယ်
ဆေးအနည်းငယ်ကို
နေ့စဉ်ရက်ဆက်သုံးပေးရပြီး
ရက်ပေါင်းများစွာကြာတဲ့အခါ
အဲ့ဒီ့လူက ဆရာဝန်တွေစမ်းသပ်မရတဲ့
ရောဂါမျိုးနဲ့ သေဆုံးလိမ့်မယ်

မသေဆုံးခင်မှာလဲ
သေသွားပါစေလို့ဆုတောင်းမိတဲ့အထိ
တအားကိုနာကျင်တာပဲတဲ့ Lu

ဘယ်လောက်တောင်ကောင်းသလဲ
ကျွန်တော်အခုအသေးစိတ်ရေးထားတဲ့
ဒီစာအုပ်ကိုခင်ဗျားဆီကိုရောက်အောင်
ကျွန်တော့သူငယ်ချင်းက
မဖြစ်မနေပို့ပေးမှာကိုကျွန်တော်သိတယ်
ဘာလို့ဆို Jong In ကကျွန်တော့ကို
အရမ်းချစ်တာလေ
ခင်ဗျားထက်မပိုရင်တောင်အများကြီး
မလျော့နိုင်လောက်တဲ့ချစ်ခြင်းမျိုးနဲ့
ခလေးတစ်ယောက်လို၊သူငယ်ချင်းတစ်ယောက်လို သူဟာကျွန်တော့ကိုအရမ်းချစ်တာ

အဲ့ဒီ့တော့ ဒီစာအုပ်ရဲ့စာလုံးတစ်လုံးတိုင်းက
တရုတ်လူမျိုးပေမယ့်
ကိုရီးယားစာကိုကျွမ်းကျင်လွန်းတဲ့
ခင်ဗျားကိုသတ်မယ့်အဆိပ်ပဲဖြစ်လိမ့်မယ် Lu

ကျွန်တော်ဆိုတဲ့လူကလဲ အရမ်းကိုအချစ်ကြီးလွန်းတယ်ထင်တယ် Xiao Lu ရေ
အဲ့ဒီ့ဆေးကိုကျွန်တော်သောက်ဖို့
ရွေးချယ်လိုက်ကတည်းက
ဦးနှောက်ကိုတဖြည်းဖြည်းပျက်စီးစေမယ့်ဆေးကိုပဲရွေးလိုက်တယ်

ဘာလို့လဲဆိုတော့
ကျွန်တော်မသေဆုံးခင်အချိန်ထိခင်ဗျားကို
ချစ်ရတဲ့ကျွန်တော့နှလုံးသားလေးကို
အကောင်းအတိုင်းရှိစေချင်လို့

ဦးနှောက်ထဲကမှတ်ညဏ်တွေ
ပျောက်ဆုံးပျက်စီးသွားပါစေဦး
အမှတ်တရတွေနဲ့ချစ်ခဲ့ဖူးတဲ့ဘ၀တစ်ခုဟာ
ကျွန်တော့အသွေးအသားထဲမှာ
ပျံ့နှံ့စီးဝင်နေဆဲပဲ Lu

ဘယ်တော့မှမမေ့ချင်ခဲ့သလို
ဘယ်တော့မှလဲမေ့မှာမဟုတ်ဘူး

ကျွန်တော့ရဲ့အသက်မဲ့တဲ့ခန္ဓာကိုယ်ကို
ခင်ဗျားမြင်ပြီး
ဒီစာအုပ်ကိုခင်ဗျားဖတ်ရတဲ့အခါ
နာကျင်လွန်းမကနာကျင်လွန်းလို့
ကျွန်တော်နဲ့အတူ
လိုက်ချင်စိတ်ပါပေါက်သွားမလားပဲ

ဟားဟားးးး ရယ်တော့ရယ်ရသား Lu ရယ်

အဲ့ဒီလိုတွေးလိုက်တာ
ကျွန်တော်ပျော်မယ်ထင်ပေမယ့်
ထင်သလောက်မပျော်ပါလား
ခင်ဗျားငိုနေမှာသေလောက်အောင်မုန်းတဲ့
ကျွန်တော့စိတ်ကိုဆွဲစုတ်ဖျက်စီးချင်လိုက်တာ

ကျွန်တော်တို့ဝေးခဲ့တဲ့ နေ့ရက်တိုင်းကို
ကျွန်တော့လက်ဖျံနဲ့လက်ကောက်ဝတ်မှာ
တစ်ရက်ချင်း၊တစ်ချက်ချင်း
မှတ်သားထားတယ် Lu

ဦးနှောက်ကတဖြည်းဖြည်း
ပျက်စီးလာရင်တောင်
ကျွန်တော်တို့ရဲ့ဝေးကွာမှုကို
ကျွန်တော့နာကျင်မှုနဲ့ထပ်တူ
ခန္ဓာကိုယ်ပေါ်မှာ ရေးထိုးထားခဲ့ချင်လို့ပါ

နာလားလို့ခင်ဗျားမေးချင်သလား
နာတာပေါ့ Lu အဲ့ဒီ့ဆေးတွေက
ရင်ဘတ်တွေအရမ်းအောင့်တယ်

ခေါင်းတွေသေလုမြောပါးကိုက်တယ်
အမြဲလိုလိုမျက်မှောင်ကျုံ့ထားတတ်တဲ့
ကျွန်တော့အတွက်အဲ့ဒီ့ခံစားမှုကို
အလွယ်တူကူဖုံးကွယ်ထားနိုင်ခဲ့တယ်

ဘယ်သူမှမရိပ်မိအောင်လုပ်ရတာ
သိပ်တော့မလွယ်ဘူးပေါ့လေ
အရိပ်တကြည့်ကြည့်နဲ့
ကျွန်တော့ Hyung တွေကိုကျွန်တော်
အမြဲတောင်းပန်နေရတယ်

သူတို့ကကျွန်တော့ကိုချစ်သလောက်
ကျွန်တော်ကတော့ခင်ဗျားကိုပိုချစ်ခဲ့မိလို့

သူတို့ကကျွန်တော့ဘေးမှာအမြဲရှိခဲ့သလောက်

ကျွန်တော်ကတော့ ခင်ဗျားကိုပဲရွေးချယ်ခဲ့လို့

အမြဲတမ်းအတွက် အားနာနေမိပါတယ်
Lu ရယ်

ကျွန်တော်အခုလိုဖြစ်သွားတဲ့အခါ
ခင်ဗျားကိုကျွန်တော့ Hyung တွေက
မုန်းခဲ့ရင် ခံနိုင်ရည်ရှိအောင်ကြိုးစားပါ

ကိုယ့်အတွက်အရေးပါတဲ့လူတွေ
ကိုယ့်ဘ၀ထဲကထွက်ခွာသွားတဲ့အခါ
ဘယ်လိုပင်ပန်းခက်ခဲတယ်ဆိုတာ
ကျွန်တော်ကဘ၀နဲ့ရင်းပြီးရတဲ့အသိပါ

......................................................................................

မနက်ဖြန်....
ခင်ဗျားမင်္ဂလာဆောင်ပဲ Lu

သေချာပေါက်ခင်ဗျားပျော်နေမှာမဟုတ်ဘူး
ဆိုတာ ကျွန်တော်သိတယ်

ကျွန်တော့ကိုအကြိမ်ကြိမ်
တောင်းပန်ရင်း အခါခါ စိတ်ပူရင်း
လူတွေမသိအောင် အခေါက်ပေါင်းများစွာ
ခင်ဗျားငိုရှိုက်လိမ့်မယ်

ခင်ဗျားငိုတိုင်း မျက်ရည်သုတ်ပေးတတ်တဲ့

နဖူးကိုနမ်းရင်း ချော့တတ်တဲ့
ကျွန်တော့ကိုခင်ဗျားသတိရရင်
မျက်ရည်တွေကြားကပဲပြုံးလိမ့်မယ်

ကျွန်တော်တို့နှစ်ယောက်
ဘယ်တော့မှပြန်မဆုံနိုင်တော့ပါဘူးလို့
တွေးမိတဲ့အခါ

ခင်ဗျားဟာ မျက်နှာကိုလက်နဲ့အုပ်လို့
နင့်နင့်သည်းသည်းငိုပါဦးမယ်

ကျွန်တော်ရောမငိုဘူးလို့မထင်ပါနဲ့ Lu

ခင်ဗျားကထားရစ်ခဲ့တဲ့သူဟာ
ခင်ဗျားထက်လေးနှစ်တိတိငယ်တဲ့
ကလေးတစ်ယောက်ပါ

ရင့်ကျက်ချင်ယောင်ဆောင်ထားတဲ့
နှလုံးသားနုနုနဲ့လူငယ်တစ်ယောက်ပါ Lu

ကျွန်တော်သေရမှာကိုမကြောက်ပါဘူး
ကျွန်တော်ခံစားရသမျှဝေဒနာတွေက
လွတ်မြောက်တော့မှာမို့
ပျော်တောင်ပျော်ပါတယ်............

ဒါပေမယ့် ခင်ဗျားကိုထားခဲ့ရမှာတော့
ကျွန်တော်ဝမ်းနည်းတယ်
သေဆုံးခြင်းရဲ့နောက်ကွယ်မှာ
ကျွန်တော်တို့နှစ်ယောက်
ဘယ်တော့မှ
ပြန်မတွေ့နိုင်ကြတော့ဘူးဆိုတဲ့အသိနဲ့တင်
လိပ်ပြာလွင့်မတတ်ထိရှပါတယ် Lu

ဒါပေမယ့် ဒါကိုကျွန်တော်ရွေးချယ်ရမယ်
အဲ့ဒီ့အတွက်နောင်တလဲမရှိဘူး
တစ်ခုရှိတာကကျွန်တော်နည်းနည်း
အတွေးပြောင်းသွားခဲ့တယ်

ပထမတော့ခင်ဗျားမင်္ဂလာဆောင်တွေ
ဟန်းနီးမွန်းတွေပြီးသွားတဲ့အထိ
ကျွန်တော်ကြည့်နေဦးမယ်

တဖြည်းဖြည်းပျက်စီးလာတဲ့
ကျွန်တော့အကြောင်းတွေကိုသိရင်း

ခင်ဗျားတစိမ့်စိမ့်ခံစားစေရဖို့
ရည်ရွယ်ထားပေမယ့်

အခုတော့ တစ်မျိုးပြောင်းသွားပြီ

ထွက်ခွာမှုတိုင်းမှာ ခင်ဗျားကသာ
ကျွန်တော့ကိုထားရစ်ခဲ့တာ
ခင်ဗျားရဲ့ကျောပြင်ကိုကြည့်ရင်း
ကျွန်တော်အမြဲတမ်းကျန်ရစ်ခဲ့ရတာ
ဒီတစ်ခါတော့ခင်ဗျားကို
ကျွန်တော်အရင်ထားရစ်ခဲ့မယ်

မဆိုးပါဘူး............ ခင်ဗျားမင်္ဂလာပွဲမတိုင်မီကျွန်တော်သေဆုံးခဲ့ကြောင်း
သိတဲ့အခါ ခင်ဗျားအတွက်ပိုပြီး ထိခိုက်ရမှာပဲ

တစ်လောကလုံးကထိုးသမျှလက်ညိုးကို
ခင်ဗျားခံသင့်ပါတယ် Lu

သတ္တိမရှိတဲ့ သွေးနည်းတဲ့ခင်ဗျားအတွက်
အဲ့ဒီ့လောက်တော့ထိုက်တန်ပါတယ် Lu ရယ်

ကျွန်တော်ခင်ဗျားကို
လက်လွှတ်လိုက်ရခြင်းနောက်ဆုံးနေ့ရက်ကို
လက်ကောက်ဝတ်မှာ ခပ်နက်နက်ထိုးဖြတ်ပြီး ကမည်းတင်စေမယ် Xiao Lu

ချစ်ခဲ့တယ်...........

ချစ်နေတုန်းပဲ................

အသက်နဲ့ခန္ဓာကိုယ်ဟာ
မတည်မြဲတော့သည့်တိုင်
ခင်ဗျားကို ကျွန်တော်ချစ်တဲ့အချစ်ကို
ဘယ်အရာကမှမတားဆီးနိုင်ဘူး
ဟော့ဒီ့လောကကြီးပျက်စီးသွားရင်တောင်

ကျွန်တော်တို့ချစ်ခဲ့ဖူးတာ
ပုံပြင်တစ်ပုဒ်အဖြစ်ကျန်ခဲ့မယ်ဆိုတာ.........

Oh Sehun..............

.....................................................

အောက်သို့ပြုတ်ကျလာသော
စာအုပ်အပါးလေးတစ်အုပ်

စာမျက်နှာများထက်က
ခပ်သော့သော့လက်ရေးများနှင့်
ခပ်ရှရှခံစားချက်များ

ကုတင်ပေါ်က
အခုထိသတိပြန်မလည်လာသေးတဲ့
ကောင်လေးတစ်ယောက်

အဲ့ဒီ့ကောင်လေးရဲ့သွေးစွန်းနေတဲ့
လက်တွေကို တို့ထိထားရင်း
နှုတ်ခမ်းကိုပြတ်ထွက်လုမတတ်ကိုက်ကာ
သည်းသည်းထန်ထန်ငိုကြွေးနေတဲ့
သတို့သားဝတ်စုံနဲ့ ကောင်လေးတစ်ယောက်

အပြင်ဘက်ကနေ အခန်းတံခါးကိုမှီကာ
ရှိုက်သံမထွက်မျက်ရည်ကျနေသော
ကောင်လေး 8 ယောက်

အချိန်အကြာကြီးနေမှ
ပြန်လည်ဆုံဆည်းရပါလျက်

ဝမ်းမြောက်ခြင်းမမည်နိုင်သော တွေ့ဆုံခြင်း

မလှပသောမြင်ကွင်း

မျက်ရည်များဖြင့်ပြည့်သောနေ့လည်ခင်း

ချစ်ခြင်းများသည် အယူအဆမှားခဲ့သောအခါ...

ဆက်ရန်

Continue Reading

You'll Also Like

194M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
6M 327K 91
They couldn't be more different. Ridley is a knight in shining white armor, so perfect in every way that it makes people hardly able to stand him. Pr...
560K 58.2K 80
[Unicode]ဆူးအပြည့်နဲ့ နှင်းဆီ ဖြစ်ဖြစ်၊ စိမ်းဖန်တဲ့ နွယ်ခက် ဖြစ်ဖြစ်၊ ချစ်သူ့လက်နဲ့ ထိခတ်မိလျှင်တော့.. အကြင်နာဆွတ်သည့် ပန်းလေးတစ်ပွင့်သာ..။ [Zawgyi]...
14.1M 516K 69
The same cliche story of a nerd and jock falling in love. But what happens when the nerd turns out to be a boy that doesn't take shit from anybody an...