အတိတ်​၊ပစ္စုပန်​၊အနာဂါတ်​အားလု...

By SilverQueen947

86.2K 6.2K 574

~~~ သံသရာအဆက်​ဆက်​ ​ပေါင်းစည်းရပါ​စေလို့​ လောဘ​တွေမကြီးပါဘူး အခုရှင်​သန်​​နေရတဲ့ဘဝ​လေးမှာ ပိုင... More

ပုံပြင်​မမည်​​ခဲ့သောပုံပြင်​များ
ဇာတ်​သိမ်းများ၏နိဒါန်း
မချိုမြိန်မှုတမ်းချင်း
ကြေမွဒိုင်ယာရီ
ထွက်​​ပေါက်​တစ်​ခု၏ခေါ်သံ
နောင်တအချို့မြစ်ဖျားခံရာ
လွတ်မြောက်ခြင်း သို့မဟုတ် ချုပ်နှောင်ခြင်း
ချစ်​ခြင်းတိမ်​စိုင်​လွှာ
ဧဒင်ကောက်ကြောင်း
စိတ်ကူးအိမ်မက်များနှင့်ထပ်တူ
ကျေးဇူးတင်ခြင်းနှင့် Extra ပိစိ

ငွေ့ရည်ပျံသွားသောချစ်ခြင်းဖွဲ့ကြွေလွင့်မှုများ

6K 499 26
By SilverQueen947

ညသည်မှောင်လွန်းလှ၏ ......
တကယ်တော့ ညဆိုတာထက်
အာရုံဦးရောက်လုနီးအချိန်
ဘေကျင်းမြို့ရဲ့ကောင်းကင်သည်
မဟူရာရောင်ကတ္တီပါစ
ချခင်းထားသလို ပိန်းပိတ်မည်းမည်း
သို့ပေမယ့် ယနေ့မှစုံလင်နေသော
ကြယ်များသည်ဟိုတစ်စု သည်တစ်စုဖြင့်
အနက်ပေါ် အဖြူအပွင့်ခင်း
ထင်ထင်လင်းလှချေ၏

အတူကြည့်နေကျ မြင်ကွင်းဖြစ်သည့်တိုင်
အတူထိုင်နေကျ နေရာဖြစ်သည့်တိုင်
နေသားမကျသလို တလှုပ်လှုပ် တယွယွ
ပခုံးစွန်းချင်းထိတိုက်မတတ်
နီးကပ်နေပါရက်သားနဲ့တောင်
ကျွန်တော်တို့နှစ်ယောက်သည်
အဝေးကွာကြီးဝေးကွာနေသယောင်

နံဘေးမှအစွန်းအစမြင်နေရသော
သူ့ကိုလှမ်းကြည့်လိုက်မိတော့
တဒိတ်ဒိတ်ခုန်လာသော ရင်အစုံဟာ
အမြဲတမ်းဖြစ်နေကြအတိုင်း
တသွေမတိမ်းခုန်လှုပ်လျက်
ဖြူနုသောအသားအရည် ထင်ရှားသောမေးရိုး
ကြုံ့ထားသော မျက်မှောင်များကြားကပင်
မည်းနက်စီတန်းသော မျက်ခုံးများ
ခပ်လျော့လျော့ထိုင်နေပုံကတောင်
နတ်ဘုရားတို့ထုဆစ်သော ပန်းပုအလား
ပစ်ချက်တစ်စုံတစ်ရာရယ်မရှိ
ထိုလူသားသည် ပြီးပြည့်စုံလွန်းလှ၏

အကြိမ်ကြိမ်နမ်းရှိုက်ခဲ့ဖူးသော
သွေးကြောမျှင်များနှင့် ပါးပြင်ကို
တို့ထိလက်လှမ်းရန်ပင် မ၀ံ့ရဲတော့
ရုတ်တရက်မှုန်ဝါးလာသော မျက်ဝန်းအိမ်မှ
အထိအတွေ့ကြောင့်
မျက်ရည်ဝိုင်းလာပြီဟု အတပ်သိလိုက်သည်။

EXO ဟူသည့်အသိုက်အမြုံမှ
ခွဲထွက်လာချိန်က
ကလေးပြောခဲ့ဖူးတဲ့စကားအတိုင်း
ချန်ထားရစ်ခဲ့သူဖို့ဆုံးဖြတ်သူက
မျက်ရည်အရွှဲသားဖြစ်နေသည်မှာ
တကယ်တမ်းတော့ မတရားဘူးမဟုတ်လား

ကလေးဟာ ကျွန်တော့အတွက်
အမြဲတမ်းရပ်တည်ခဲ့တယ်
ကျွန်တော့အနားမှာ
အရိပ်ကလေးလိုတွယ်ကပ်ခဲ့တယ်
ကျွန်တော့ရှင်သန်မှုအတိုင်း
သူဟာထပ်တူထပ်မျှရှင်သန်ခဲ့တယ်
ချစ်ခြင်းအားဖြင့်လဲ
ကျွန်တော့ချစ်နိုင်စွမ်းထက်
တပြားသားတောင်မလျော့
ကျွန်တော့ဆုံးဖြတ်ချက်တိုင်းကို
သူလက်ခံနားလည်ပေးခဲ့ပေမယ့်
အဲ့ဒီ့အချိန်တိုင်း
သူ့ရင်တွေဘယ်လောက်တောင်
နာကျင်နေလိမ့်မလဲဆိုတာကို
ကျွန်တော်မတွေးမိတာတော့မဟုတ်

အခုကတော့ အရင်ကိစ္စတွေထက်
ပိုနက်နဲတဲ့အရာ
သူ့တစ်ဘ၀လုံးစာ
ကျွန်တော်နဲ့ကွေကွင်းမည့်အရေး
သူ့ကိုကျွန်တော်ချန်ထားခဲ့သည်ဖြစ်စေ
ကျွန်တော့ကိုသူချန်ထားခဲ့သည်ဖြစ်စေ
ကျွန်တော်တို့နှစ်ယောက်
ထာဝရဝေးကွာရမည့်ဖြစ်စဉ်

အမှန်ကတော့ ကျွန်တော်ကကြီးသူဖြစ်ပြီး
ကိုယ်ရဲ့သတ္တိကြောင်မှုကို
ဆင်ခြေပေါင်းများစွာဖြင့်
လှတပတဖုံးအုပ်လိုက်လေခြင်း

ပတ်ဝန်းကျင်.................

ကောင်လေးနှစ်ယောက်ရဲ့အချစ်ဆိုသည်မှာ
ကျွန်တော်တို့ Fan တွေရေးလေ့ရှိသော
Fic တွေမှာသာ ပျော်ဖို့ကောင်းတာ
တကယ့်လက်တွေ့ဘ၀မှာတော့
ထင်သလောက်ရိုးစင်းမနေခဲ့
အထူးသဖြင့် အခုထိတိုင်
Moment တွေအများကြီးနဲ့
Hit ဖြစ်နေသော ကျွန်တော်တို့နှစ်ယောက်ရဲ့
အမှန်တကယ်ရင်ဆိုင်ရမည့် လမ်းမှာ
အခြားသူများထက် ပိုမိုခက်ခဲမည်မှာ
ပြေးကြည့်စရာမလို
ချစ်သူများက ချစ်သောမျက်စိဖြင့်ကြည့်သော်
ကြည်နူးစရာအခိုက်အတန့်များ
လွမ်းမောစရာ အတိတ်များ

သို့သော်...

မုန်းသူများ၏ တစ်ဖက်စောင်းနင်းအပြောမျိုးတွင်ကျွန်တော်တို့နှစ်ယောက် ကူကယ်ရာမဲ့
နစ်မွန်းခဲ့ကြရသည်မှာအခါခါ

ကျွန်တော်မျက်စိမှိတ်ထားလိုက်လို့ မမြင်နိုင်
သူ မမြင်ချင်ယောင်ဆောင်ထားလို့ မမြင်နိုင်
ဒါပေမယ့် ကျွန်တော်တို့အသိုင်းအ၀ိုင်းကတော့ မြင်ကိုမြင်သည်
မမြင်လျင် မြင်အောင်ရှာကြမည်
နည်းနည်းမြင်လျင် များများရှုံ့ချမည်
များများမြင်လျင် ဧရာမချဲ့ထွင်မည်

ဒီလိုနဲ့....

ကျွန်တော်တို့ရဲ့ အချစ်ဟာ
သန့်ရှင်းပါသည်ဟု
ပြနိုင်စရာသက်သေဟူ၍မရှိ
ကိုယ်တိုင်ကမသန့်စင်သော်လဲ
သူတပါးကိုအင်မတန်နစ်နာစေချင်သော
လက်ညှိုးများကြားတွင်
ခံပြင်းစရာကောင်းလောက်အောင်
ဒေါသထွက်ရုံမှတပါးဘာမှမတတ်နိုင်ခဲ့

ကလေး....

အခုမှ တကယ့်ကိုအောင်မြင်နေတုန်း
ကျွန်တော်ဆိုသည်မှာလဲ
အောင်မြင်မှုတွေပွေ့ပိုက်နေတုန်း
ကျွန်တော်သာရှိရင်
အောင်မြင်မှုကိုမမက်မောပါ
အကုန်လုံးကိုစွန့်ပစ်နိုင်ပါသည်ဟု
အကြိမ်ကြိမ်ပြောခဲ့သော
ထိုကောင်လေး၏မျက်ဝန်းများသည်
အလိမ်အညာတစ်စက်မှမပါသည်ကို
ကျွန်တော်အကြွင်းမဲ့ယုံကြည်ပေမယ့်
ထိုစွန့်လွှတ်မှုများတွင် ကလေးကိုချစ်သောသူများပါဝင်လာသောအခါ
ကျွန်တော့ကလေးလေးခံနိုင်ရည်ရှိပါ့မလားလို့ တွေးပူမိတယ်

ကလေးဟာ သူ့အနားမှာရှိသမျှလူတိုင်းကို
တန်ဖိုးထားတတ်သလို
အစွဲအလန်းကလဲကြီးသူတစ်ယောက်
နာမည်ကြီး Idol တစ်ယောက်မို့ Insagram မှာပိုစ့်တစ်ခုတင်ပြီးပြီဆိုတာနဲ့
Comment ပေါင်းများစွာ
တက်လာတတ်တဲ့အထဲ
သူ့ပရိတ်သတ်တွေရေးတဲ့စာကို
လိုက်လိုက်ဖတ်တတ်တဲ့ကလေး
ပျော်စရာရေးထားရင်
နှုတ်ခမ်းလေးတွန့်ကွေးပြီးပြုံးပျော်တတ်သလို
Bad Comment တစ်ခုတစ်လေတွေ့တဲ့အခါမျိုးမှာလဲ
စိတ်ထိခိုက်ခံစားနေတတ်တဲ့ကျွန်တော့ကလေး
မွေးနေ့မှာ ဆုတောင်းနောက်ကျတာကအစ
နှုတ်ခမ်းတထော်ထော်နဲ့မှတ်ထားတဲ့ကလေး

အသေးအမွှားလေးတွေမှာတောင် သူဟာ သူ့ကိုချစ်သူတွေသူကိုယ်တိုင်က ချစ်ရသူတွေကို
တတ်နိုင်သမျှကာကွယ်ပေးချင်တဲ့
ကလေးဟာ တကယ်တမ်းထိုသူတွေကို
ချန်ထားရစ်ခဲ့ရမယ်ဆိုလျင်
နောင်တကင်းကင်းနဲ့​ပျော်ရွှင်နိုင်ပါ့မလား

သူမြတ်နိုးလွန်းရပြီး အခက်အခဲပေါင်းများစွာ
ကျော်ဖြတ်ဝေဖန်တိုက်ခိုက်မှုပေါင်းစုံထဲက ယနေ့ထိခေါင်းမော့နိုင်အောင်
အားတင်ထားခဲ့ရသည့်
အဆိုတော်တစ်ယောက်ရဲ့ဘ၀ကို
ကျွန်တော်တစ်ယောက်တည်းနဲ့
လဲလှယ်လိုက်မည်ဆိုလျင်
ကျွန်တော်ကရောတရားပါ့မလား

ကျွန်တော့အတွက်ကတော့ EXO မှာတုန်းကလဲ
လူအများရဲ့ချစ်ခင်မှုကိုရရှိပိုင်ဆိုင်ခဲ့ပြီး
ဖြစ်သလို တစ်ယောက်တည်းခွဲထွက်ပြီးတော့လဲ
ကျွန်တော်ကျေနပ်လောက်တဲ့အထိ
အောင်မြင်မှုကိုရရှိခဲ့ပြီးတဲ့လူတစ်ယောက်

ကျွန်တော့အသက်အရွယ်နဲ့ဆိုလျင်
ထိုအောင်မြင်မှုတွေကို
အနိုင်နဲ့ပိုင်းပြီးထားခဲ့ရင်တောင်
ကျေနပ်အားရနိုင်သည့်အခြေအနေ

လေးနှစ်ငယ်တဲ့ ကျွန်တော့ကလေးလေးဟာ
ရုပ်ရှင်လောကထဲကိုတောင်
အခုမှမြေစမ်းခရမ်းပျိုးကာစအချိန်

မလုပ်ရက် ............

ကျွန်တော်ကျတော့ အကုန်ရရှိပြီးမှ
ကလေးကိုကျတော့
စွန့်လွှတ်ပစ်လိုက်မယ်ဆိုတာကြီးကတော့
တကယ်ကိုမမျှတတာပါ

ရှေးရိုးဆန်ကာ မျိုးရိုးမပြတ်စေရဆိုတဲ့
ကျွန်တော့ပါပါး ...
မြေးတစ်ယောက်လောက်သာချီရရင်
ကျွန်တော့ကိုဘာမှထပ်မတောင်းဆိုတော့ပါဘူးဆိုတဲ့ မာမား ....
ကျွန်တော်ကရော ထားရစ်ခဲ့နိုင်ပါ့မလား

ကျွန်တော်တို့အတူမနေနိုင်ရင်တောင်
ဒီလိုပဲ ချစ်မြဲချစ်နေကြမယ်

တစ်ချိန်ချိန်မှာ ....

အားလုံးလက်ခံပေးနိုင်မယ့်တစ်နေ့မှာ...
အတူတူနေထိုင်အသက်ရှင်ကြမယ်
ကျွန်တော့မိဘဆွေမျိုးတွေကိုလဲ
ဒူးထောက်သင့်ရင် ဒူးထောက်ပြီးပဲဖြစ်ဖြစ်
တောင်းဆိုမယ်

ဒီလိုမှ မရရင်တော့
အရာအားလုံးကိုစွန့်လွှတ်ပြီး
အကုန်လုံးနဲ့ဝေးရာအရပ်မှာ
ကျွန်တော်တို့ ဇာတ်မြုပ်နေထိုင်ကြမယ်

အဲ့ဒါ့ကိုမှ မလုပ်ဘူးဆိုရင်လဲ
ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ဘဲ
ကြံ့ကြံ့ခိုင်ရင်ဆိုင်ကြမယ်
ကျွန်တော်တို့အချစ်ကိုပဲ ကြည့်ကြမယ်

ကလေးပြောတဲ့အစီအစဉ်တွေအတိုင်း
အဲ့ဒီလိုရိုးရိုးရှင်းရှင်းလေး
အကောင်အထည်ဖော်လို့ရရင်လဲ
အကောင်းသား
ချစ်ရသူတွေကို ချန်ထားခဲ့ရင်လဲ
နာကျင်ရမယ်
ပတ်ဝန်းကျင်ရဲ့ပြောစကားကို
ဥပေက္ခာပြုဖို့ဆိုတာကလဲ ရေရှည်မလွယ်ကူ
အတွေးပေါင်းများစွာ
စိတ်ကူးပေါင်းများစွာ အပြီးမှာတော့
ကျွန်တော်နှလုံးသား...
တကယ်တော့
ကျွန်တော်တို့နှစ်ယောက်ရဲ့နှလုံးသားကို
မီးရှို့ကာ ဒီဇာတ်လမ်းကိုနိဂုံးချုပ်ဖို့
ဖြစ်လာခဲ့ပါတော့တယ်

တစ်ဖက်သတ်ပေါ့လေ
ကျွန်တော့တစ်ဖက်သတ်တွေးလို့
သူ့နှလုံးသားကိုပါ
ရက်ရက်စက်စက်သတ်မိလေခြင်း
အခုတော့ နာကျင်အက်ကွဲနေတဲ့
ကျွန်တော့ကလေးဟာ
ပင်ပန်းခံရခက်စွာနဲ့ ရတဲ့အချိန်လေးမှာ
သူ့ကိုသတ်တဲ့နတ်ဆိုးထံ
အခစားရောက်လာလေရဲ့

ကလေးလေးရယ် .........

ခွင့်မလွှတ်ပါနဲ့လို့ထုတ်ဖော်ပြောဖို့
မထိုက်တန်အောင်ကို
ကိုယ်က သူရဲဘောကြောင်သူတစ်ယောက်ပါ
ကိုယ်ရိုက်တဲ့ Drama တွေထဲကလို
ဇာတ်လမ်းဆန်ဆန်ဆင်ခြေတွေနဲ့
ထားခဲ့ရလို့
ကလေးကိုအကြိမ်ကြိမ်အားနာနေမိပါရဲ့ကွယ်

......................................................................

ကြယ်များကြွေသွားမလားလို့
ကျွန်တော်မျက်တောင်မခတ်တမ်း
စောင့်ကြည့်နေပေမယ့်
ကျွန်တော့ဆုတောင်းတွေပြည့်မှာစိုးလို့ထင့်
ကြယ်တွေက ကောင်းကင်မှာအခြေချမပျက်

ကျွန်တော့အနီးမှာ ထိုင်နေတဲ့အနှီလူသားဟာ
ကျွန်တော့ဘက်ကို
တစ်ချက်စောင်းငဲ့ကြည့်ရုံကလွဲ
ကျောက်ရုပ်တစ်ရုပ်လို ထိုင်နေတာများ
မျက်လုံးတွေသာဖွင့်မထားရင်
အိပ်ပျော်နေတယ်လို့ ထင်မိတော့မှာ
အညိုနုရောင်ဆံပင်တွေဟာ ဖြူဥနေသောသူ့အသားရောင်နဲ့
အင်မတန်မှ လိုက်ဖက်လွန်းနေတယ်
အဲ့ဒီ့ဆံနွယ်နုနုတွေကို
သူ့နားရွက်ပိစိလေးနောက်
သိမ်းအုပ်ပေးလိုက်တော့
တစ်ချက်ပဲတွန့်သွားပြီး
ကျွန်တော့ကိုလဲကြည့်မလာ

ဘေးတိုက်မြင်နေရသော
အကောင်ပေါက်လေးအား
ပွေ့ဖက်ပြီးနမ်းရှုံ့ချင်လိုက်တဲ့စိတ်တွေက
တားမနိုင်စီးမရ
ကိုယ်စိတ်ဆိုးနေမှန်းပြချင်လို့သာ
ငြိမ်နေရတာ
အခုထိထိုင်နေတာ
မိုးတောင်လင်းတော့မယ်
ဖြေရှင်းချက်ဆိုတာဝေးလို့
စကားလဲတစ်ခွန်းမှမပြော
သူလုပ်နေတဲ့ပုံစံက
အရင်ကနဲ့လုံးဝခြားနားနေတာမို့
ကိုယ့်ကိုရင်ပူစေသော်လဲ
သူကိုယ်တိုင်လဲ ပြုံးပျော်နေတဲ့မတွေ့ရ
ကိုယ့်ကိုမြင်မြင်ချင်း
လွမ်းနေတဲ့အရိပ်အယောင်တွေကို
လှိုက်လှိုက်လှဲလှဲ တွေ့လိုက်ရတာမို့
အတော်အသင့်စိတ်သက်သာရသွားရတာ

သူ့ကြည့်ရတာ တော်တော်လေးပင်ပန်းနေတဲ့ပုံပေါက်နေတာမို့
စိတ်ညစ်အောင်လဲထပ်မပြောရက်
သူ့အသွင်က ကလေးတစ်ယောက်အပြစ်လုပ်ခဲ့မိသလိုမျိုးကျွန်တော့ကိုလုံးလုံးမကြည့်

ကျွန်တော်ကအနားမှာ
ကပ်ထိုင်လိုက်တာတောင်
လက်သီးလေးတွေကိုဆုပ်လို့
ဟိုဘက်ကိုမသိမသာတိုးတယ်
ကျွန်တော်သူ့ကိုမကြည့်ပြန်တော့လဲ
တစ်ချက်ကခိုးကြည့်လိုက်သေးတယ်
သူ့ဆံပင်တွေကို ကျွန်တော်နမ်းတုန်းက
ချက်ချင်းငိုချတော့မလို
မျက်နှာပေးလေးကြောင့်

ထားပါတော့.........
အိပ်ရေး၀၀အိပ်ခိုင်းပြီးမနက်မှပဲ
ရှင်းစရာရှိတာ ရှင်းတော့မယ်

" Xiao Lu ထထ ခြေလက်သန့်စင်လိုက်
လာကျွန်တော်လိုက်ပို့ပေးမယ်"

ပြောလဲပြော ဆွဲလဲထူကာရေချိုးခန်းရှိရာ
ပို့ပေးလိုက်တော့
ရေသံတွေကြားလိုက်ရပြီး
တော်တော်ကြာမှ ပြန်ထွက်လာတယ်

ရေချိုးလိုက်သလို
ခေါင်းတွေပါလျှော်လိုက်တဲ့ ထိုပေါက်စအား
ရွဲ့တာလားလို့ ​မေးလိုက်ချင်သော်ငြား
တုန်ယင်နေသော ကိုယ်တော်ကြောင့်
လေစိမ့်ဝင်နေသော ပြတင်းတံခါးအား
ပြေးပိတ်ပြီးသကာလ
ပုဝါတစ်ထည်ကိုယူ
အပေါ်ပိုင်းဗလာဖြစ်နေသော
ဖြူနုနုခန္ဓာကိုယ်အား
မသိချင်ယောင်ဆောင်ကာ
ရေခြောက်အောင်သုတ်ပေး
ခေါင်းတွေကိုပါသုတ်ပေးပြီး Dryer နဲ့
ခြောက်အောင်မှုတ်ပေး

ဒါတောင်အသံတစ်ချက်မထွက်
ငြိမ်သက်ကာနေတဲ့လူ
ညအိပ်ဝတ်စုံတစ်စုံကိုထုတ်လိုက်တော့
Hello Kitty ၀မ်းဆက်ကြီး
ဒါလား ကျွန်တော့ထက်လေးနှစ်ကြီးတာ
ရယ်ချင်စိတ်ကိုမြိုသိပ်ကာ
နာမည်ကြီးလှတဲ့ ကျွန်တော့ရဲ့အချေမျက်နှာဖုံးကို ကမန်းကတမ်းကောက်စွပ်
အကျီင်္လဲပြီး ကုတင်နားမှာ
အူတိအူကြောင်ရပ်နေသောသူကို
အရုပ်ကလေးတစ်ရုပ်လိုကောက်မ
စောင်ပုံထဲကိုပစ်သွင်းကာ
ကိုယ်ပါစောင်ထဲဝင်ရတယ်

လက်မောင်းပေါ်သူ့ခေါင်းကိုတင်
ရင်ခွင်ထဲမှာ နေသားတကျဖြစ်အောင်
ပွေ့ဖက်ပြီးမှ

" အိပ်လိုက်တော့ မနက်ကျရင်တော့
ကျွန်တော့ကိုအချိန်ပေး
Schedule တွေဖျက်ပစ်လိုက်
အဲ့ဒီ့တော့မှအကုန်ရှင်းမယ်"

ခပ်ပြတ်ပြတ်ပြောတဲ့လေသံအောက်
တစ်စုံတစ်ခုပြောချင်ပုံရတဲ့
နှုတ်ခမ်းတွေကိုကျွန်တော့နှုတ်ခမ်းတွေနဲ့
ထိကပ်ဖိပိတ်လိုက်ပြီး
ညအိပ်မီးကိုမှိန်ပစ်လိုက်တယ်

ဆံပင်ပါးပျော့ပျော့လေးတွေကို
လက်နဲ့ခပ်ဖွဖွ
ထိုးသပ်လိုက်တဲ့အခါ
သူ့ရဲ့ကျော်ကြားလှတဲ့
မျက်တောင်ရှည်ရှည်တွေဟာ
တဖြည်းဖြည်းမှိတ်ကျလာတာ
အသည်းယားစဖွယ် ....

ခပ်မှိန်မှိန်မီးရောင်အောက်
သူ့မျက်လုံးတွေပိတ်မကျခင်
ကျွန်တော့ကိုတစ်ချက်မော့ကြည့်တဲ့
သူ့မျက်ဝန်းတွေထဲမှာ
ခုနကကောင်းကင်ပေါ်မှာမပါဝင်သည့်
ကြယ်အစုအဝေးများ တလက်လက်

ကြယ်တွေအကုန်ကြွေပြီး သူ့မျက်ဝန်းအိမ်ထဲရောက်နေသလားလို့
တွေးမိတော့ ခပ်ပြုံးပြုံးဖြစ်သွားရတယ်
နဖူးထက်ငြိမ်းချမ်းတဲ့အနမ်းတစ်ချက်ပေးတော့
သူ့နှုတ်ခမ်းတွေပြုံးလိုက်လေသလား...

" ကောင်းသောအိပ်စက်ခြင်းဖြစ်ပါစေ
ချစ်ရတဲ့ Xiao Lu "

နာကျင်ရခြင်းတွေ
ဝမ်းနည်းပူလောင်ခြင်းတွေဟာ
ချစ်ရသူကို ရင်ခွင်ထဲထည့်သိပ်ထားတဲ့အခါ
ပျောက်ခြင်းမလှပျောက်ကုန်လေရဲ့

ချစ်တယ် Xiao Lu
အရာရာထက်

ပြီးတော့.............
ကိုယ်ကိုယ်တိုင်ထက်......

ဆက်ရန်................

Continue Reading

You'll Also Like

6.8M 222K 30
{SENSITIVE CONTENT} Olivia Greene. A typical nerd? Not really. Shy. Awkward. Fashion sense from hell? Of course. Olivia has been picked on her entir...
359K 13K 60
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...
1M 61.9K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...