My Love,Kim JongIn(Every Inch...

By Free_Spirited_Nini

31.9K 3.1K 357

with all my heart... More

Lips (1st Inch)
Hands(2nd inch)
Eyes (3rd Inch)
Jawline (4th inch)
Back (5th Inch)
Smiles (6th Inch)
Bear liked nose (7th Inch)
Hair (9th Inch)
Voice (10th Inch)
Ears (11th Inch)
Nape (12th Inch)
ABS (13th Inch)
14th Inch - His Entire Being

Leg (8th Inch)

1.8K 214 32
By Free_Spirited_Nini

နှင်းတဖွဲဖွဲကျနေတဲ့ ဆောင်းရာသီရဲ့ညနေခင်းဟာ ကော်ဖီပူပူလေးတစ်ခွက်နဲ့ လိုက်ဖက်ညီလွန်းလှတယ်။ Drama လေးကြည့်ရင်းသောက်ရရင် ပိုကောင်းမှာဆိုပေမဲ့ စာပိသေနေသော ကျမအဖို့ စာရွက်ပုံထဲကိုသာ ခေါင်းနှစ်ထားရသည်။ JongIn တစ်ယောက်လည်း January Comeback အတွက်လေ့ကျင့်နေတာနဲ့ အိမ်ကိုရောက်မလာတာ တစ်ပတ်တောင်ရှိလေပြီ။ နေ့တိုင်းနီးပါး ဖုန်းအဆက်အသွယ်ရှိပေမဲ့လို့ မနေ့ကတော့ ဆက်သွယ်လို့မရ။ ဖုန်းမကိုင်လို့ msg ပို့ထားပေမဲ့ အခုချိန်ထိ Reply မလုပ်သေး။

မျက်မှန်ကြီးတပ်ကာ စာရွက်တွေနဲ့ ပွစာကြဲနေတဲ့ကျမကို ရုတ်တရက်ထွက်ပေါ်လာတဲ့ Taeyeon unnie ရဲ့ 'I' Ringtone က ရပ်တန့်လိုက်သည်။ Contact name က JongIn...။

"Hello~ JongIn လား? မနေ့က ဖုန်းဘာလို့မကိုင်တာလဲ? msg တောင် ပို့ထားသေးတယ်...မမြင်ဘူးလား"

"အာာာ...ဟို...ခြေထောက်ထိသွားလို့ ဆေးရုံသွားရဘာရနဲ့"

"ခြေထောက်ထိသွားတယ်" ဆိုသည့် စကားသံက ကျမရင်ထဲမှာ Black Hole ကြီး တစ်ခုဖြစ်ပေါ်သွားစေသည်။

JongIn...JongIn ဒဏ်ရာရသွားတာလား။

"ခြေထောက်ဘာဖြစ်တာလဲ? ဘယ်လိုဖြစ်လို့လဲ? မြန်မြန်ပြောပါ....စိတ်ပူလို့သေတော့မယ်"

မျက်ရည်အချို့က ကျမ မျက်ဝန်းမှာ တွဲလွဲခိုစပြုလာပြီ။

"စိတ်အေးအေးထားပါ ဘာမှမဖြစ်ပါဘူး...ဒီတိုင်း ခြေထောက်ခေါက်ရုံလေး"

"အရမ်းဆိုးလား? အခုကော အရမ်းနာနေလား"

"Gwinchana! အခုသက်သာသွားပြီ ခဏနားခိုင်းထားလို့ ရက်နည်းနည်းတော့ နားရဦးမယ်"

"အခု...အခု JongIn ဘယ်မှာလဲဟင်? Dorm မှာလား? လာတွေ့လို့မရဘူးလား? "

"ရတာတော့ ရပါတယ်...ဒါပေမဲ့ ခဏနေမှောင်တော့မဲ့ဟာ...မလာရင်လဲ မလာနဲ့တော့လေ"

"မှောင်လဲဘာဖြစ်လဲ...အခု စိတ်အရမ်းပူလို့ လာတွေ့ချင်တယ်..လာခဲ့မယ်နော်"

"အင်းးးးး...သဘော..."

JongIn အသံက သိပ်လိုက်လျောချင်သည့်ပုံမပေါ်ပေ။ နဂိုတည်းက ကိုးနာရီကျော်လို့ အပြင်ထွက်ရင်တောင် သိပ်မကြိုက်ချင်ပေ။

ကျမ ဖုန်းချပြီးပြီးချင်း ဘောင်းဘီအရှည်လဲ၊ အနွေးကောက်ဝတ်ကာ Mask တပ်ပြီး အိမ်ကထွက်ခဲ့သည်။ နှင်းတွေအရမ်းကျနေတာမို့ ကားလမ်းပိတ်နေမှာစိုးတာကြောင့် မြေအောက်ရထားနှင့်သာ အမြန်ပြေးရသည်။

ခြေထောက်ခေါက်ရုံပဲဟု ပြောပေမဲ့ ကျမ ရင်ထဲပူလောင်နေသည်။ အချိုးကျကျရှည်သွယ်နေတဲ့ JongIn ခြေထောက်လေးကို ကျမ ဘယ်လောက်ချစ်လဲ ကျမ အပြင်တခြားမည်သူမှ သိမည်မထင်ပါ။

----------------

"JongIn"

အခန်းထဲကို ဝင်ဝင်ချင်းမှာတွေ့လိုက်ရတဲ့ မြင်ကွင်းက စိတ်မောလူမောနဲ့ ကျမကို ချင်ချင်းမျက်ရည်ဝဲသွားအောင် လုပ်နိုင်စွမ်းသည်။

အိပ်ထဲမှာထိုင်နေတဲ့ JongIn မျက်နှာက တော်တော်လေးမကောင်း။ ထို့ပြင် စောင်အောက်ကတိုးထွက်နေတဲ့ ပတ်တီးတွေနဲ့ခြေထောက်က ကျမကို ပိုပြီးဝမ်းနည်းစေသည်။

"ရောက်ပြီလား"

ဘာမှမဖြစ်တဲ့ပုံနဲ့ အတတ်နိုင်ဆုံးအားတင်းပြောတဲ့ အပြုံးတွေနဲ့ ဆန့်ကျင်စွာ မျက်လုံးဟာ မှိန်ဖျော့နေခဲ့သည်။

အခန်းမှာရှိနေတဲ့ Member အချို့လည်း အလိုက်တသိနဲ့ ထထွက်သွားပေးတဲ့နောက် ကျမ JongIn ခြေထောက်နားလေးမှာ ဝင်ထိုင်ရင်း ပတ်တီးပတ်ထားတဲ့ ခြေထောက်ကို ကိုင်ကြည့်ရတော့မလို ဒီတိုင်းပဲထားရမလိုနဲ့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေမိသည်။

JongIn က အကသမားလေ။ အကသမားတစ်ယောက်အတွက် ခြေထောက်က အရမ်းအရေးကြီးတာ..။ ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။

အတွေးနဲ့တင် မျက်ရည်တို့က ကျမပါးပြင်ပေါ် အလုအယက်ပြေးဆင်းလာကြသည်။

"wae...wae...ဘာလို့ငိုနေတာလဲ...ဘာဖြစ်လို့လဲ?"

"နောက်ဆိုဂရုစိုက်နော် JongIn"

ကျမ စကားကို ခပ်ဖျော့ဖျော့ပြုံးရင်း ခေါင်းညိတ်ကာ တုံ့ပြန်ပြီးတဲ့နောက် သူ့ရဲ့လက်နွေးနွေးက ကျမလက်ကို လာရောက်ဆုပ်ကိုင်ထားသည်။

သူ အနာတရဖြစ်တဲ့အချိန်...စိတ်ဓာတ်ကျ အားငယ်တဲ့အချိန်...ဘယ်လောက်ပဲသေးငယ်တဲ့ ပမာဏနဲ့ပဲဖြစ်ဖြစ် သူ့အတွက် အားတစ်ခုဖြစ်ပေးချင်တယ်...။

အရှေ့ကရပ်ပြီး မကာကွယ်ပေးနိုင်တောင် အနောက်ကနေ အစွမ်းရှိသမျှ ကူညီပံပိုးပေးချင်တယ်...။

နောက်တစ်ပတ်အကြာ Concert လုပ်တဲ့အခါ များစွာသော ငွေရောင်အလင်းတိုင်နဲ့ ငွေပင်လယ်ကြီးထဲမှာ ကျမ မှုန်မွှားစွာပါဝင်ခဲ့တယ်။ ကျမ ထိုပွဲမှာ ရှိနေမှန်းတောင် JongIn မသိခဲ့။ ထိုနေ့က သူမကနိုင်တဲ့အတွက် Fan အပေါ်တာဝန်မကျေသလို ခံစားရပြီး သူငိုခဲ့တယ်။ "အဆင်ပြေပါတယ်" ပြောရင်း စိတ်မကောင်းမှုကြောင့် လိုက်ငိုခဲ့တဲ့ ကောင်မလေးအချို့ကြား ကျမလည်း အသံထွက်ကာ ငိုကြွေးခဲ့မိတယ်...။

ထိုနေ့က အိမ်ပြန်ရောက်တော့ Fan acc တွေက ရေးတင်ထားတဲ့ JongIn ကို အားပေးစာအချို့ကို Screenshot ရိုက်ပြီး message တစ်စောင်နဲ့အတူ ပို့ပေးခဲ့တယ်။

--JongIn-ah...တွေ့တယ်မလား...JongIn ခြေထောက်ထိထားလို့ ခဏတာ အပြည့်အဝ မဖျော်ဖြေပေးနိုင်တာကို အားလုံးကနားလည်ကြတယ်...အဲ့တာကြောင့် စိတ်မကောင်းမဖြစ်ပဲနဲ့...ကိုယ့်ကျန်းမာရေးကိုပဲ သေချာလေးဂရုစိုက်နော်...JongIn ပဲ အဆင်ပြေရင် ရပါပြီ...မြန်မြန်နေကောင်းလာနော်~ Saranghae 💗💗--

သူပြန်ပို့တဲ့ "gomawo" ဆိုတဲ့စာလေးရိုက်နေတုန်း သူမျက်ရည်ဝဲနေမယ်ဆိုတာ မမြင်ရလဲ ကျမကောင်းကောင်းသိတယ်။

တကယ်တော့ သူက စိတ်ထားနူးညံ့တဲ့...ထိခိုက်ခံစားလွယ်တဲ့ ပန်းကလေးတစ်ပွင့်ရယ်သာ...။

--------------

ရက်မှ...သတ္တပတ်...။

ထိုမှတစ်ဆင့်...လ။

နှစ်လကြာပြီ...။ Video call များမှတစ်ဆင့်ကလွဲ၍ JongIn မျက်နှာကို ကျမမမြင်ရတာ...နှစ်လတိတိပြည့်ပြီဖြစ်သည်။

သူ့ခြေထောက် မြန်မြန်ပြန်ကောင်းအောင် ဆုတောင်းပေးရုံမှ လွဲ၍မတတ်နိုင်သည့်ကျမ ဒီနှစ်လလုံးလုံး အရူးလို "JongIn ခြေထောက် မြန်မြန်ပါကောင်းပါစေ" ဟုသာ အချိန်ပြည့်ဆုတောင်းနေခဲ့မိသည်။

ညဘက်ဘုရားရှစ်ခိုးတိုင်း...။

ကောင်းတာတစ်ခုခု လုပ်ပြီးတိုင်း...။

တခါတလေ စကားပြောရင်း သူငယ်ချင်းနဲ့ စကားတူသွားတဲ့အခါ...။ (စကားချင်းတူသွားရင် ပထမဆုံးဆုတောင်းတဲ့သူရဲ့ ဆုတောင်းတစ်ခုပြည့်သည်ဟု ငယ်ငယ်ကကြားဖူးခဲ့တာကြောင့် ဖြစ်သည်)

တခြားသူတစ်ယောက်ရဲ့ မျက်တောင်မွှေးကျွတ်နေတာ တွေ့တဲ့အခါ...။ (ဒါလည်း ငယ်ငယ်က သူများပြောတာကြားဖူး)

အချိန်တိုင်း အချိန်တိုင်းမှာ JongIn ခြေထောက်မြန်မြန် ပြန်ကောင်းဖို့အတွက်သာ ကျမခေါင်းထဲရှိခဲ့သည်။

ပြီးတော့...

အလွမ်း...။

နှစ်လလုံးလုံး မတွေ့ရတာကြောင့် သေတော့မတတ် လွမ်းတယ်...။

------------

ပျင်းရိပျင်းတွဲနှင့် သွားကိုအီလေးဆွဲတိုက်ရင်း ရေစိုနေသောလက်နှင့် ရေချိုးခန်းထဲက မှန်ပေါ်မှာ JongIn နာမည်ကိုရေးခြစ်နေမိသည်။

"ဟိတ်~ တစ်ယောက်ယောက်ကိုများ လွမ်းနေသလား"

အသံကြောင့်လှည့်ကြည့်လိုက်တော့ ရေချိုးခန်းပေါက်ဝမှာ မိုးပြာရောင်ရှပ်ကလေးနဲ့ သစ်လွင်တတ်ကြွနေတဲ့ JongIn က ခါးတစ်ဖက်ထောက်ကာ ဖင်ကောက်ရပ်နေလေသည်။

"JongIn..."

ဟန်မဆောင်နိုင်အောင် ပြုံးပျော်သွားတဲ့ ကျမကိုကြည့်ရင်း သူကပါ ကြည်နူးသလိုလိုက်ပြုံးတယ်။ အမြန်အမြန် ပလုတ်ကျင်း၊ မျက်နှာသစ်လိုက်တာကြောင့် ကျမရဲ့ ခဲရောင် T- shirt ပေါ် ရေအချို့စင်ကုန်သည်။

"JongIn ခြေထောက်ကော...လုံးဝကောင်းသွားပြီပေါ့"

"ဒါပေါ့"

JongIn က ပြောရင်း ဘဲလေးကတဲ့သူတွေ ခုန်သလိုမျိုး ခြေထောက်နှစ်ဖက်ကိုစုကာ ခြေဖျားထောက်ပြီး ပေါ့ပါးစွာခုန်ပြသည်။

"ဘာလို့ခုန်နေတာလဲ...ချော်လဲဦးမယ်"

"မလဲပါဘူး...ခြေထောက်က အကောင်းကြီး ပြန်ဖြစ်သွားပြီဟာကို...ကြည့်ပါလား"

နှုတ်ခမ်းတထော်ထော်နဲ့ ပြောရင်းက သူ့ခြေထောက်တစ်ဖက်ကို ကျမ မျက်နှာရှေ့ထိ ဆွဲမကာ ခြေချောင်းလေးတွေကို တလှုပ်လှုပ် လုပ်ပြနေလေရဲ့။

ဂါးးး အသည်းယားလာပြီ! ကိုက်စားလိုက်ရ ><

"ဒါပေမဲ့လည်း သတိထားပြီးနေ...."

စကားတောင်မဆုံးလိုက် ဟန်ချက်ပျက်သွားတဲ့ JongIn ကိုယ်လုံးက ကျမပေါ် အလုံးလိုက်အထွေးလိုက် ပြုတ်ကျလာတယ်။

"တွေ့လား...ငြိမ်ငြိမ်မှ မနေတာ"

"မဟုတ်ပါဘူး....ဖက်ထားချင်လို့ ဉာဏ်များတာ"

ပြောင်ချော်ချော်ပြောရင်း သူ့ရင်ခွင်ထဲရောက်နေတဲ့ ကျမကိုယ်လုံးလေးကို ပိုပြီးတင်းကျပ်နေအောင် ဖက်လိုက်သည်။

"လွမ်းနေတာ..."

နားနားကို တိုးတိုးကပ်ပြောတဲ့ သူ့စကားသံမှာ သကာရည်အချို့ ပျော်ဝင်နေသည်ထင်၏။

အကြင်နာတစ်ချက် ခပ်မြန်မြန်ပေးပြီး ခါးကိုမတ်နေအောင် ပြင်ရပ်လိုက်ပြီးတဲ့နောက်

"အဟမ်းး...မေးခွန်းတစ်ခု မေးမယ်နော်! မှန်အောင်ဖြေနိုင်ရင် ဆုချမယ်"

ကျမ ကြောင်တောင်တောင်နှင့်ပင် ခေါင်းညိတ်ပြလိုက်သည်။

"ကမ္ဘာပေါ်မှာ အချောဆုံးလူသား!"

"Oh Sehun!"

"ဟမ်...ဘယ်က Oh Sehun က ပါလာတာလဲ....မဟုတ်ဘူး"

အလိုမကျမှုက သူ့နှုတ်ခမ်းညိုညိုတွေကို ထော်နေစေသည်။

"မသိဘူးလေ...Oh Sehun တော့ အချောဆုံးထင်တာပဲ...Luhan ge?"

"မဟုတ်ဘူး...မဟုတ်ဘူး လျှောက်ပြောမနေနဲ့! သူတို့ထက် ပိုချောတဲ့သူ! ပို sexy ကျတဲ့သူ! ပိုပြီးခန့်ညားပြီး သဘောကောင်းတဲ့သူ! Oppa material ဖြစ်နေတဲ့သူမျိုး"

သူ့ကိုယ်သူပြောနေမှန်း ကျမ သိလိုက်သည်။

"JongIn?"

"Wowww~ Bravo! Bravo! တော်ချက်ပဲ! ဝီ...ဝီ"

လက်ခုပ်လက်ဝါးတွေ တီး၊ ဝီစီတွေမှုတ်နဲ့ တစ်ယောက်တည်း အောင်ပွဲခံရင်း အလုပ်ရှုပ်နေတော့တယ်။

"Seriously??"

မျက်ခုံးတစ်ဖက်ပင့်ရင်းမေးတဲ့ ကျမ အမေးကို ဂရုမစိုက်ပဲ JongIn က အိတ်ကပ်ထဲက တစ်စုံတစ်ခုကို ထုတ်ယူနေတယ်။

"အခုလို အဖြေမှန်ကို ခဏတာအတွင်း ဖြေနိုင်တဲ့အတွက် Tadaaaaa~~ဒီနွေရာသီအတွက် Fiji ကျွန်းတွင် အပန်းဖြေခွင့်လက်မှတ်ပါ..."

"ဝါးးး Jinja? Jinja? Daebak!"

သူတို့ 'Dear Happiness' photo book အတွက် ဓာတ်ပုံသွားရိုက်တယ်ဆိုတည်းက ကျမ သွားချင်နေတဲ့ကျွန်း။

"ဧည့်သည့်က ချစ်ဖို့ကောင်းလို့ အထူးအစီအစဉ်အနေနဲ့ super duper handsome ဖြစ်တဲ့ ဟောဒီ့က နာမည်ကျော်အဆိုတော် EXO KAI ကိုပါ အတူတူခေါ်သွားခွင့်ရရှိမှာပဲ ဖြစ်ပါတယ်...နာ့ ခါဂျော်~"

ကျမ လက်မောင်းကို တွဲခိုရင်းပြောတဲ့ သူ့ပုံစံဟာ ကလေးတစ်ယောက်လို ဖြူစင်ပြီးချစ်ဖို့ကောင်းတယ်။

"JongIn က အားလို့လား?"

"Comeback မလုပ်ခင် တစ်ပတ်အနားပေးထားတယ်လေ...ခရီးကလဲ သုံးညအိပ်လေးရက်ဆိုတော့ Ok!"

Baekhyun Oppa ကို အားကျ၍ထင်။ စကားတစ်ခွန်းပြောတိုင်း မျက်နှာအမူအရာကို မျိုးစုံလုပ်ပြနေလေသည်။

ထို့နောက် တစ်နေ့ကုန်အူမြူးကာ ရှိသမျှအကုန် မွှေနှောက်ရှာဖွေစားသောက်လို့ အားမရပဲ ကြက်ကြော်တွေပါ မှာစားကာ ဝမ်းစည်းစိမ်ခံပြီး ညနေစောင်းမှ Dorm ကို ပြန်သွားတော့သည်။ ကျမ အိမ်ကတော့ အမှိုက်ပုံအလား ပွရှုပ်ကာ ကျန်ခဲ့၏။

-------------------

"Woooow Daebak! ပင်လယ်ကြီး! တကယ်အရမ်းလှလိုက်တာ! wow!"

ထိုအော်သံများကား ပထမဆုံးအကြိမ်ရောက်ဖူးသည့် ကျမ၏အသံများမဟုတ်။ အမောင် Kim JongIn ၏ အသံများပင်။

"Kim JongIn ssi...မိန်းကလေးကျနေတာပဲ အော်နေတာ"

ကျမ စကားကိုဂရုမစိုက်ပဲ လှိုင်းတွေတလှိမ့်လှိမ့်တတ်နေတဲ့ ကမ်းစပ်ကို ပြေးဆင်းသွားတာကြောင့် ကျမလဲ JongIn နောက်ကပြေးလိုက်သွားလိုက်သည်။ တဝူးဝူး တအားအား အော်ရင်း ခုန်ပေါက်ပြေးလွှားနေသည့် JongIn ကိုကြည့်ရင်း ပျော်ရွှင်မှုတို့က ကျမဆီကူးစက်လာသည်။

"အားး"

ကမ်းစပ်ကို လှိုင်းလုံးတွေတတ်လာတဲ့အခါ သူ့ခြေချောင်းလေးတွေကို မထိအောင် ရှောင်ပြေးလိုက်...ရေပြန်ကျသွားတဲ့အခါ ပြန်ပြေးဆင်းသွားလိုက်နဲ့...အလုပ်ရှုပ်နေလေသည်။

နောက်တစ်ကြိမ် ရေပြန်တတ်လာတဲ့အခါ သူပြန်မပြေးတတ်ရသေးခင် သူ့ကျောကို ကျမတွန်းထားလိုက်တာမို့ သူ့ခြေထောက်တွေရေစိုကုန်တော့ နှုတ်ခမ်းစူသည်။ သူ ကစားနေတာနှောင့်ယှက်တယ်ဆိုပြီး ခြေထောက်ကိုပင် ဆောင့်လိုက်သေးသည်။

နောက်တော့ ကျမကို ခါးကနေဆွဲကိုင်ကာ ရေထဲအတင်းတွန်းပို့ဖို့ ကြိုးစားတော့သည်။

"အား JongIn မလုပ်နဲ့...ပြီးမှ ရေထဲဆင်းမှာ အခုမဆင်းသေးဘူး"

သူ့လက်တွေကို ဆွဲဖယ်ရင်း အရယ်တစ်ဝက်နဲ့ပြောတဲ့ စကားကို မကြားသလိုပါပင်။ သူပါလိုက်ပါရယ်မောရင်း တတ်လာတဲ့လှိုင်းလုံးတွေကြား ကျမကို ဝုန်းခနဲပစ်ချလိုက်တော့သည်။

"ဂါးးးးး ရေတွေစိုကုန်ပြီ! Kim JongIn စိတ်ပုပ်"

ဗိုက်ကိုဖိနှိပ်ကာ တဟားဟားရယ်နေတာကို အခွင့်ကောင်းယူပြီး သူ့ကိုပါ ရေထဲဆွဲချလိုက်သည်။

နောက်တော့ နှစ်ယောက်သား ပင်လယ်ထဲ ရေအပြိုင်ပက်ကြတော့သည်။

ခဏကြာတော့ နှစ်ယောက်လုံး ခြေကုန်လက်ပန်းကျကာ သောင်ပြင်မှာလဲကုန်သည်။

"မောလိုက်တာ"

JongIn က အသက်ကို အလုအယက်ရှုရင်း ပြောတယ်။

"ဟုတ်ပ...ခြေထောက်တွေလဲ ညောင်းတယ်"

ခြေထောက်တွေကို ငုံ့ကြည့်ပြောရင်းက JongIn ခြေချောင်းလေးတွေကို သေချာကြည့်မိသည်။ ရှည်ရှည်သွယ်သွယ်လေးတွေ ဖြစ်နေသော ခြေချောင်းလေးတွေက သူ့အတိုင်းပင် ချစ်ဖို့ကောင်းသည်။

"ဓာတ်ပုံရိုက်ရမှာပေါ့~"

ကျမ JongIn ကို လှည့်ပြောပြီး ဖိနပ်နဲ့အတူထားခဲ့တဲ့ ဖုန်းကိုပြေးယူလိုက်ပြီး JongIn ဘေးနားမှာပြန်လှဲလိုက်သည်။

"JongIn...ခြေထောက်တွေကို ဓာတ်ပုံရိုက်ကြရအောင်...heehe RS Goals~"

ကျမ အရောင်သေချာချိန်ပြီး ဓာတ်ပုံရိုက်ယူလိုက်တယ်။

*အဆုံးထိ တူတူလျှောက်ကြရအောင်*

ကျမ ဓာတ်ပုံပေါ်မှာ ရေးလိုက်တဲ့စာကိုတွေ့တော့ JongIn က ပြုံးပြီး စကားတစ်ခွန်းဆိုသည်။

"ညောင်းလာရင် ကုန်းပိုးသွားမှာလား" တဲ့လေ။

"ဟင့်အင်း...ဒရွတ်တိုက်ဆွဲသွားမှာ"

ကျမ သူ့ဘက်လှည့်ပြီး နှာခေါင်းရှုံ့ကာဖြေလိုက်သည်။

"ဒါဆို မညောင်းအောင် အားဆေးမှန်မှန်သောက်မှ ဖြစ်တော့မယ်"

JongIn မျက်နှာက တဖြည်းဖြည်းတိုးကပ်လာပြီး ကျမ နှုတ်ခမ်းလွှာတွေပေါ် ချိုမြိန်တဲ့ အကြင်နာတစ်ပွင့် ကြွေကျလာတယ်။

အေးစက်နေတဲ့ ကျမတို့ ခြေထောက်တွေဟာ နွေးထွေးစေဖို့ အတူတူပူးကပ်သွားကြတယ်။

JongIn ရဲ့ ဖြစ်တည်မှု အလုံးစုံဟာ ကျမအတွက် နွေးထွေးမှုကိုပေးပြီး ချစ်ခြင်းကို မြတ်နိုးစွာ တည်ဆောက်ပေးတယ်...။

------------

"စားလို့ကောင်းမဲ့ပုံပဲ ရှလွတ်~"

အရှေ့မှာ ခင်းကျင်းထားတဲ့ အစားအသောက်တွေကို ကြည့်ပြီး JongIn တစ်ယောက်ဟာ ပျော်မြူးလို့နေသည်။

သူတစ်ယောက်တည်း စကားပြောလိုက် စားလိုက်လုပ်နေပေမဲ့ ကျမ ကတော့ အိပ်ချင်နေတာမို့ စကားသိပ်မပြောဖြစ်။ စားလို့ပြီးခါနီးကျ ကျမ ခြေထောက်ကို တစ်စုံတစ်ခုလာထိတာ ခံစားလိုက်မိတယ်။

ကြောင်တွေ ဘာတွေများလား?...။

နောက်တစ်ခေါက် လာထိတဲ့အခါ ဘာလဲဆိုတာ ကျမ သေချာသိလိုက်တယ်။ အငြိမ်မနေနိုင်တဲ့ JongIn ခြေထောက်။

သူ့ကို ဂရုမစိုက်လို့ Attention ရှာတာ။

"JongIn...ကလေးလဲ မဟုတ်ပဲ ဘာလုပ်နေတာလဲ...သူများတွေ မြင်ရင်ရှက်စရာကြီး"

JongIn က ဘာမှပြန်မပြောပဲ ပါးစပ်နားရွက်တတ်ချိတ်တော့မတတ် ရယ်ရင်း ခြေထောက်နဲ့ ဆက်ဆော့နေတယ်။

ကျမ မျက်လုံးပြူးပြရင်း ဟန့်လိုက်ပေမဲ့ သူက အစသန်သူရယ်။

တွေ့မယ်။

ကျမ ဖိနပ်ချွတ်ပြီး သူ့ခြေထောက်ကို ပြန်တိုက်ခိုက်လိုက်တယ်။ သူကတော့ ပိုပြီးတော့တောင် သဘောကျသွားသလိုပင်။

မနိုင်တဲ့အဆုံး...ကျမ သူ့ခြေထောက်ကို ခြေမနဲ့ခြေညိုးအသုံးပြုပြီး ဆိတ်ဆွဲလိုက်တော့...

"အားးးး!"

တိတ်ဆိတ်နေတဲ့ ခန်းမထဲ သူ့အော်သံကဟိန်းခနဲ ထွက်လာပြီး ညစာစားနေတဲ့ သူ့အချို့ဆီက အကြည့်တွေစုပုံရောက်လာသည်။

ကျမ သူ့ကိုလျှာထုတ်ပြောင်ပြပြီး ထိုနေရာက ထထွက်ပြေးလာခဲ့တယ်။ သူ နောက်ကနေ မကျေမချမ်း လှမ်းအော်တဲ့အသံအချို့ကြောင့် ပြုံးရင်းပေါ့။

-----------------

"TV လိုင်းတွေကလဲ ဘာတွေလာမှန်းလဲ မသိဘူး...ဘာ,ဘာသာစကားတွေလားပဲ"

အိပ်ယာပေါ်မှာ ခေါင်းအုံးကိုမှီထိုင်ကာ Channel တွေ တစ်လိုင်းပြီးတစ်လိုင်း ပြောင်းကြည့်ရင်းက အလိုမကျ စူပုပ်ကာပြောတဲ့ ကိုယ်တော်ချောဟာ ကလေးထက်ပိုပြီး ဂျစ်ကျတတ်သည်။

"Korea လိုင်းတော့ရှိမလား Kim JongIn ssi ရဲ့"

ကျမ ပြောရင်း ကျမဘက်ခြမ်းက ကိုယ်ပိုင်ကုတင်ပေါ် တတ်ထိုင်လိုက်သည်။

(They're in a room with two beds xD )
"ပျင်းတယ်...ပျင်းတယ်...အာ...အရမ်းပျင်းတယ်...ပျင်းလို့သေတော့မယ်"

ကုတင်ပေါ်လူးလှိမ့်ကာ တစ်ယောက်တည်း ကမ္ဘာပျက်နေသော JongIn သည် ဆေးမမှီတော့ပေ။

"ပျင်းတဲ့ဒဏ်ကို အလူးအလဲခံစားနေရတယ်....တစ်ခုခုဆော့မယ်လေ"

"မိုးချုပ်နေပြီဟာကို...ဘာကစားမလို့လဲ"

"ကျောက်တုံး၊ ကပ်ကြေး၊ စက္ကူဆော့မယ်လေ! ရှုံးတဲ့သူကို ပိုပို ပေးကြေး"

"awww awww နစ်နာနေဦးမယ်"

ကျမ မဲ့ကာရွဲ့ကာဖြင့် ပြောလိုက်သည်။

"အာ့ဆို ဆော့ပင်နဲ့ လျှောက်ဆွဲကြေးဆော့မလား?"

"စိန်လိုက်! ဆော့ပင်ထုတ်!"

"Asa! အပီဆွဲပစ်မယ်"

လက်သီးလက်မောင်းတန်းကာ ပြောရင်း သူ့အိတ်ထဲက ဆော့ပင်ထုတ်ပြီး ကျမ ကုတင်ပေါ် နေရာရွေ့လာသည်။

"စုံစွမ်စိ!"

သူက ကပ်ကြေး။ ကျမ က ကျောက်တုံး။

"Ah yeah!"

"အာ jamkkaman!.....Jamkkamannnnnnnn! ဒီတစ်ခေါက်က အစမ်းလေ...မရဘူး...." (First box ထဲက Luhan တို့နဲ့ဂိမ်းဆော့တဲ့အခန်းက အသံကိုကြားယောင်ပါလေ :3)

"hol~ အဲ့ညစ်တတ်တဲ့အကျင့်ကလဲ ဒုက္ခပဲ"

ပြောသာပြောသည်။ ထိုညစ်တတ်တဲ့အကျင့်ကလေးဟာ အတော်တော့ချစ်ဖို့ကောင်းသည်ဟု ကျမထင်သည်။

"အစမ်းပါဆို...ဒီတစ်ခေါက်မှ တကယ်အစစ်"

"ထားပါတော့...စုံစွမ်စိ!"

ကံတရားသည် အမှန်တရား၏ ဘက်တော်သားပင်။ သူက ကျောက်တုံးလုပ်၍ ကျမက စက္ကူလုပ်သည်။

"Jamkka..."

"ဘာမှ ခဏမလေးနဲ့...ညစ်ဖို့မကြံနဲ့တော့ အဆွဲခံလိုက်တော့"

">3<"

"အဟီးဟီး...ကိုရီးယားပေါင်ချိန်ကွ!"

စူပုပ်ပုပ်မျက်နှာရဲ့ နဖူးပေါ်မှာ လခြမ်းကွေးလေးဆွဲပြီး ကျမ သဘောတကျ အော်ဟစ်ရယ်မောလိုက်သည်။

"တွေ့မယ်! အလှည့်ကျ မနွဲ့ကြစတမ်းပေါ့ကွာ ဟွန်း"

ကြိမ်းသာကြိမ်းမောင်းတာ ကစားတာ တစ်နာရီနီးပါးသာကြာသွားတယ်။

ကျမ မျက်နှာပေါ်မှာ သူဆွဲထားတဲ့ ချီးပုံ (သူကတော့ ချီးပုံလို့ ပြောတာပါပဲ) ငါးခုသာ ကွက်ကျားကွက်ကျားရှိနေပြီး သူ့မျက်နှာပေါ်မှာတော့ ကျမလက်ရာများ နေရာလွတ်မရှိအောင် ပြည့်နေပြီဖြစ်သည်။

"အဟေး နိုင်ပြန်ပြီ"

"ဟင်း သနားလို့ အလျော့ပေးထားတာနော်!"

"blah blah~ ဘယ်နားကိုဆွဲရင် ကောင်းမလဲ? နေရာတောင်ပြည့်နေပြီ"

"နှလုံးသားတည့်တည့်မှာ ပြန်ဖျက်မရအောင် ဆွဲပစ်လိုက်"

သူ့အင်္ကျီလည်ပင်းကို အတင်းဆွဲဖြဲပြရင်း ပြောင်ချော်ချော်ပြောတဲ့ပုံက တစ်ချက်တည်း ကိုက်စားလိုက်ချင်စရာ။

မျက်နှာသေနဲ့ထိုင်ကြည့်ပေးလိုက်တော့ သဘောတကျရယ်တယ်။ ရွှေဉာဏ်တော် စူးရောက်သူမှာ လက်ခုပ်တီးပြီး ရယ်ရတာအားမရလို့ ခြေခုပ်ပါတီးရယ်လေရဲ့။

"ငြိမ်ငြိမ်နေ...ဒါဆွဲပြီးရင် အိပ်တော့မှာ"

"Arasaw Arasaw..."

ရယ်နေတာကို အရှိန်သတ်ပြီး ခါးမတ်ကာပြန်ထိုင်သည်။

ကျမ အရှေ့က သူ့ခြေဖမိုးပေါ်မှာ စာအချို့ချရေးလိုက်သည်။ ပြီးတော့ အသည်းပုံလေးတစ်ခု။

"မထိခိုက်ပါနဲ့..."

JongIn က စာကိုအသံထွက်ဖတ်ပြီး ခံစားသွားရသလို မျက်နှာလေးလုပ်ပြတယ်။

"နောက်တစ်ခေါက် ထပ်မထိခိုက်တော့ဘူး...ကတိပေးတယ်"

ကျမကို ရင်ခွင်ထဲဆွဲသွင်းရင်း ဆံပင်တွေကိုပွတ်သပ်ပေးကာ ခပ်တိုးတိုးပြောသည်။

နောက်တစ်ခေါက်...။

အကယ်၍ နောက်တစ်ခေါက် JongIn ရဲ့ ခြေထောက်ထပ်ပြီး ထိခိုက်ရင် ဒီတစ်ခေါက်ခံစားရတဲ့ နာကျင်စိုးရိမ်မှုထက် မလျော့တဲ့ ပိုပြီးအဆများတဲ့ နာကျင်မှုမျိုး ကျမ ထပ်ပြီးခံစားရလိမ့်မယ်။

JongIn က, ကနေရရင် ပျော်တယ်။

ပြည့်စုံလှပတဲ့ ကကွက်တွေကို JongIn အလိုအတိုင်း ဖန်တီးပေးတဲ့ ခြေထောက်တွေကို ကျမ ကျေးဇူးတင်တယ်။

သူများထက်သာပြီး အချိုးကျကြည့်ကောင်းနေတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် JongIn ရဲ့ ပိုင်ဆိုင်မှုဖြစ်နေတဲ့အတွက် ကျေးဇူးတင်တယ်...။

ပြီးတော့...။

ချစ်တယ်...။

======TBC======

Continue Reading

You'll Also Like

3M 264K 48
!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အ...
13.9K 2.4K 6
Can I Borrow A Kiss? I Promise, I'll Give It Back.
87.4K 11.5K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
379K 68.4K 74
Title: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သ...