(Zawgyi)
စားပြဲေပၚမွ နာရီ Alarm ျမည္သံေၾကာင့္ Yunho အိပ္ခ်င္မူးတူးနဲ႔ နာရီကိုလွမ္းစမ္းကာ Alarm ကိုပိတ္ပစ္လိုက္သည္။ 5 မိနစ္ေလာက္ ဆက္ေမွးလိုက္ဦးမယ္...။ ညကဂိမ္းေဆာ့တာမ်ားၿပီး ေနာက္က်မွအိပ္တာ အိပ္ေရးကမ၀ေသး..။
"Hyung~!!!!!!"
အခန္းတံခါးရုတ္တရတ္ပြင့္သြားၿပီး ကၽြန္ေတာ့္ရဲ႕ခ်စ္လွစြာေသာ တဦးတည္းေသာညီေလး ၀င္လာသည္။
"Hyung ထေတာ့ေလ ေက်ာင္းေနာက္က်မယ္ Pali Pali"
ဟာာာ ဒီကေလး အိပ္ေရးမ၀ေသးပါဘူးဆိုေနမွ ေစာင္ကိုအတင္းလာဆြဲကာ ႏွိုးေနတယ္..။ အာာား ေမွာက္ခံုအိပ္ေနတဲ့ ကၽြန္ေတာ့္ခါးေပၚလာတက္ထိုင္ျပန္ၿပီ..။
"Yaaa Jung Jaejoong~!!!"
ကၽြန္ေတာ္အိပ္ေနရာမွ လူးလဲထေတာ့ ကၽြန္ေတာ့္ကိုယ္ေပၚမွသူလဲ ေဘးသို႔ျပဳတ္က်သြားသည္။ ၿပီးေတာ့ သူ႔ရဲ႕ခ်စ္စရာမ်က္လံုးဝိုင္းဝိုင္းေလးေတြနဲ႔ ကၽြန္ေတာ့္ကိုလွမ္းၾကည့္ေနတယ္..။
"Wae..??? Hyung က ကၽြန္ေတာ့္ကိုေအာ္တယ္ေပါ့ အဟင့္.."
ေဟာ ၾကည့္ပါလား.။ နည္းနည္းေလးပဲ ေဟာက္လိုက္ရေသးတယ္ မ်က္ရည္ကက်ၿပီ..။ Jung Yunho ေရ ေခ်ာ့ေပဦးေတာ့ပဲ.. ဒီေကာက္စိန္ေလးအေၾကာင္း သိရဲ႕သားနဲ႔..။
"Miyahae Joongie မငိုပါနဲ႔ Hyung က နာသြားလို႔ ေအာ္လိုက္မိတာ"
"Hyung က ငယ္ငယ္ကလို Joongie ကို မခ်စ္ေတာ့ပါဘူး အလကားေန ေအာ္ဖို႔ပဲသိတယ္ အဟင့္ 😢"
"Arni Hyung က Joongie ကို ဒီေလာက္ခ်စ္တာကို"
"အဲဒါဆို Appa Omma နဲ႔ Joongie ဘယ္သူ႔ကိုအခ်စ္ဆံုးလဲ"
"ေမးစရာလိုလို႔လား Joongie ကို အခ်စ္ဆံုးေပါ့"
"Jinja Yayyyy ဒါမွ Jaejoongie ရဲ႕ Hyung ကြ"
ကၽြန္ေတာ့္ကို၀မ္းသာအားရ လာဖက္တဲ့ညီေလးကို အလိုက္သင့္ေလး ျပန္ဖက္ထားလိုက္တယ္..။ ေတာ္ပါေသးရဲ႕ ခဏေလးနဲ႔စိတ္ျပန္ေျပသြားလို႔...။
"Hyung ေက်ာင္းေနာက္က်ေတာ့မယ္ ျမန္ျမန္ထ Joongie သြားတိုက္ေဆးထည့္ေပးမယ္"
ေျပာလဲေျပာ အိပ္ယာေပၚကဆင္းေျပးကာ ေရခ်ိဳးခန္းထဲေျပး၀င္သြားသည္။ ကၽြန္ေတာ္လဲ အခ်ိန္ဆြဲမေနေတာ့ပဲ အိပ္ယာကိုျမန္ျမန္သိမ္းလိုက္သည္။ ႏိုမို႔ဆိုအသံျပဲနဲ႔ေအာ္ေနဦးမယ္ေလ..။
"Hyung ေရခ်ိဳးဖို႔ ေရပါစပ္ေပးထားတယ္ ျမန္ျမန္ေတာ့ခ်ိဳးေနာ္ ၿပီးရင္မနက္စာစားဖို႔ ဆင္းခဲ့ဦး"
ေရခ်ိဳးခန္းထဲကေန ပြစိပြစိေျပာကာထြက္လာတဲ့ ကၽြန္ေတာ့္ကေလးေလး.။ တခါတေလက်ေတာ့ ကေလးေပါက္စေလးလို ထစ္ခနဲရွိငိုေနတတ္ၿပီး တခါတေလက် Omma ထက္ပင္ ကၽြန္ေတာ့္ကို ဂရုစိုက္တတ္ေသးသည္။
အခုလဲၾကည့္ သီခ်င္းေလးတေအးေအးနဲ႔ ကၽြန္ေတာ့္ဗီဒိုကိုဖြင့္ကာ ေက်ာင္းသြားရင္၀တ္ဖို႔ အ၀တ္အစားကို သူ႔စိတ္ႀကိဳက္ထုတ္ေပးေနတာ..။ သူ႔ေငးေနရင္ ဒီေန႔ေက်ာင္းသြားရမွာမဟုတ္ဘူး ေရျမန္ျမန္သြားခ်ိဳးမွ...။
Aww ဒါနဲ႔ ကၽြန္ေတာ္တို႔မိသားစုအေၾကာင္းေျပာရဦးမယ္...။ ကၽြန္ေတာ့္နာမည္က Jung Yunho
ကၽြန္ေတာ္တို႔မိသားစုက ၄ေယာက္ေလ Appa Omma ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္ညီေလး Jung Jaejoong..။
Appa က ကုမၼဏီႀကီးတခုမွာ အလုပ္လုပ္ေနတာ Omma ကေတာ့ အိမ္မွာပဲ အိမ္မႈကိစၥေတြလုပ္တာေပါ့..။ ကၽြန္ေတာ္က တကၠသိုလ္ေက်ာင္းသား ညီေလး Jaejoong ကေတာ့ အခုမွအထက္တန္းေက်ာင္းသားေလး။
ကၽြန္ေတာ္တို႔မိသားစုက အရမ္းႀကီးမခ်မ္းသာေပမယ့္ သာမန္လူလတ္တန္းစားအဆင့္ပါ..။ အလုပ္ႀကိဳးစားၿပီး ေအးေဆးတည္ၾကည္ေသာ Appa နဲ႔ အိမ္ေထာင္ရွင္မေကာင္းပီသေသာ Omma... ၿပီးေတာ့ ကေလးဆန္ေပမယ့္ အလိုက္သိတတ္လြန္းတဲ့ညီေလး... ဒါေတြက ကၽြန္ေတာ့္အတြက္ ဘာနဲ႔မွမလဲႏိုင္တဲ့ ေပ်ာ္ရႊင္မႈပါ.။ ကၽြန္ေတာ့္မိသားစုကို ကၽြန္ေတာ္အရမ္းခ်စ္တယ္..။
"Omma Joongie က ၾကက္ဥလိပ္စားခ်င္တာ"
"ေက်ာင္းကျပန္လာရင္စားေလ Omma လုပ္ထားမွာေပါ့"
အိမ္ေအာက္ဆင္းလိုက္တာနဲ႔ ထမင္းစားပြဲမွာသူစားခ်င္တာကို ပူဆာေနတဲ့ညီေလးနဲ႔ Omma ရဲ႕ အသံကပ်ံ႕လြင့္လာသည္။
"အခုစားလို႔မရဘူးလား Omma ကလဲ"
"Joongie ေလး ေက်ာင္းေနာက္က်မွာေပါ့ Omma ညေနလုပ္ထားေပးပါ့မယ္ စိတ္ခ်"
သူစားခ်င္တာမစားရလို႔ ၀က္ကေလးလိုႏႈတ္ခမ္းဆူကာ စိတ္ေကာက္ေနေသာ ညီေလးကိုၾကည့္ၿပီး ကၽြန္ေတာ္သေဘာက်စြာရီမိသည္..။
"Agioo Omma ေမြးထားတာ လူေလးမွမဟုတ္တာ ၀က္ေပါက္စေလးပဲ ႏႈတ္သီးေလးကိုေထာ္ေနတာ"
"ဟာာာ Hyung ေနာ္"
Omma ကပါ သေဘာက်ၿပီး တခစ္ခစ္ရီေနေတာ့သည္။
"သား Yunnie မနက္စာလာစားေလ Omma ေကာ္ဖီေဖ်ာ္ေပးရမလား"
"ရတယ္ Omma ႏြားႏို႔ပဲေသာက္ေတာ့မယ္"
ခုခ်ိန္ထိႏႈတ္ခမ္းေလးဆူကာ ငိုမဲ့မဲ့ရုပ္ေလးနဲ႔ထိုင္ေနေသာ Jaejoong ကို ကၽြန္ေတာ္ခ်စ္စႏိုးနဲ႔ ပါးေလးကိုမနာေအာင္ လိမ္ဆြဲလိုက္သည္။
"အ..နာတယ္ Hyung ရဲ႕"
ၾကည့္ပါလား အပိုေတြ.. မနာေအာင္လုပ္တာကို..။
"Wuri Joongie ေလးက စိတ္ေကာက္ေနတာလား Hyung က ခ်စ္လို႔စတာကို"
"Hyung နဲ႔ Omma က ၂ေယာက္ေပါင္းၿပီး Joongie ကိုအႏိုင္က်င့္ေနၾကတာေလ"
"Joongie ေလးရယ္ Omma က ဒီသားပိစိေလးကို အႏိုင္က်င့္ပါ့မလား Joongie ေလး ေက်ာင္းေနာက္က်ေနမွာစိုးလို႔ပါ"
"ဒါေပမယ့္ Hyung က Joongie ကို ၀က္ေပါက္ေလးလို႔ေခၚတာ"
Jaejoong စကားေၾကာင့္ သားအမိ၂ေယာက္ရီလိုက္မိသည္။ ဒီကေလးဟာေလ ၾကံဖန္ၿပီးကို စိတ္ေကာက္တတ္တာ.. ၿပီးရင္လဲ ခဏေနသူ႔ဘာသာ စိတ္ျပန္ေျပသြားတတ္ျပန္ေရာ..။
"Hyung မွားသြားပါတယ္ Joongie ေလးက ၀က္ေပါက္ေလးမွမဟုတ္တာ"
ထိုအခါမွ မ်က္ႏွာေလးကျပံဳးစိစိေလးျဖစ္လာသည္...။
"ေၾကာင္ေပါက္စေလးေလ"
ကၽြန္ေတာ္ဆက္ေျပာလိုက္တဲ့စကားေၾကာင့္ သူစိတ္ဆိုးကာထေအာ္ေတာ့သည္၊
"Hyung ကၽြန္ေတာ္က တိရစၧာန္လား ေျပာ.??"
"Appa ရဲ႕ေၾကာင္ေပါက္စေလးကို ဘာလို႔ဝိုင္းစေနၾကတာလဲ"
"ဟာာာ Appa..."
အလုပ္သြားဖို႔ျပင္ဆင္ၿပီးဆင္းလာတဲ့ Appa ကပါ စလိုက္ေတာ့ ကၽြန္ေတာ့္ညီေကာက္စိန္ေလးက ထေအာ္ပါေလေရာ..။ မနက္ခင္းတိုင္းမွာခုလို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ရီေမာသံေလးေတြနဲ႔ ေ၀ဆာေနတဲ့ ကၽြန္ေတာ့္တို႔ရဲ႕အိမ္ေလးက တကယ့္ကို Home Sweet Home စစ္စစ္ပါ..။ ေက်းဇူးတင္ပါတယ္ ဘုရားသခင္.. ခုလိုသာယာတဲ့ မိသားစုဘ၀ေလးကို ပိုင္ဆိုင္ခြင့္ရတဲ့အတြက္ေပါ့..။
"Joongie ျမန္ျမန္လာေလ ေက်ာင္းေနာက္က်ေတာ့မယ္"
"လာၿပီ Hyung ရဲ႕ Maths စာအုပ္က်န္ခဲ့လို႔"
"လြယ္အိတ္ေသခ်ာျပန္စစ္ဦး ဟိုေန႔ကလဲ History စာအုပ္က်န္ခဲ့တယ္မလား"
"အဟီး...ဟုတ္တယ္ ဒီေန႔ေတာ့အကုန္ပါၿပီ"
ကၽြန္ေတာ္ဆိုင္ကယ္ဟဲမက္ကိုလွမ္းေပးေတာ့ ညီေလးကယူေဆာင္းလိုက္ၿပီး ကၽြန္ေတာ့္ေနာက္မွာခြထိုင္လိုက္သည္။ သူ႔ကိုေက်ာင္းအရင္ပို႔ၿပီးမွ ကၽြန္ေတာ့္ Uni ကိုသြားရမွာေလ..။
"ဟာာာ Hyung ေရ သြားပါၿပီ"
"ဟမ္ ဘာျဖစ္ျပန္တာလဲ..???"
မီးပြိဳင့္မိေန၍ ဆိုင္ကယ္ခဏရပ္ထားစဥ္ ကၽြန္ေတာ့္ေနာက္ကသူက ရုတ္တရတ္ အလန္႔တၾကားထေအာ္သည္..။
"ကြန္ပါဘူးက်န္ခဲ့ၿပီ ဒီေန႔ Drawing အခ်ိန္ပါတယ္ တျခားသူေတြဆီကလဲ ဌားလို႔အဆင္မေျပဘူး"
"Yaaaa Jung Jaejoong မင္းကိုခုနတည္းက လြယ္အိတ္ေသခ်ာစစ္ဖို႔ မေျပာဘူးလား"
လမ္းတ၀က္ေရာက္မွပဲသတိရေတာ့တယ္..။ ကၽြန္ေတာ္စိတ္တိုတိုနဲ႔ ေအာ္လိုက္ေတာ့ ငိုမဲ့မဲ့မ်က္ႏွာနဲ႔ Hyung ကကိုယ့္ညီေလးဒီတေယာက္ရွိတာကို ၿငိဳျငင္တာလားတဲ့ေလ..။ စကားကလဲေတာ္ေတာ္တတ္... ေနာက္ဆံုးေတာ့ အိမ္သို႔ျပန္လွည့္ကာ သူ႔ကြန္ပါဘူးျပန္ယူလိုက္ရေတာ့သည္..။ ဒီေန႔ေတာ့ ေက်ာင္းေနာက္က်ပါၿပီ....။
ကၽြန္ေတာ္ေက်ာင္းေရာက္ေတာ့ နာရီ၀က္ေလာက္ေနာက္က်ေနၿပီေလ..။ အခ်ိန္တိက်တဲ့ဆရာ Lee က ခုခ်ိန္ဆိုစာစသင္ေနမွာေသခ်ာတယ္..။ အခ်ိန္ပိုေတြ က်ဴရွင္ေတြမတက္တဲ့ ကၽြန္ေတာ့္လိုေက်ာင္းသားမ်ိဳးက အတန္းခ်ိန္ကိုမွန္မွန္တက္ၿပီး ဆရာသင္သမၽွကို လိုက္မွတ္ႏိုင္မွျဖစ္မွာေလ...။
"အ..."
အေလာတႀကီးေလၽွာက္လာတဲ့ကၽြန္ေတာ္ ေကာ္ရစ္ဒါအေကြ႕နားမွာ တဖက္ကလူတေယာက္နဲ႔ ၀င္တိုက္မိၿပီး ကိုင္လာတဲ့စာအုပ္ေတြျပဳတ္က်ကုန္သည္။
"Miyahae.."
၂ေယာက္လံုးမွားတာဆိုေပမယ့္ ကၽြန္ေတာ္ကပဲေတာင္းပန္ကာ စာအုပ္ေတြကိုျပန္ေကာက္လိုက္သည္..။ တဖက္လူကေတာ့ ေတာင္းပန္ဖို႔ေနေနသာသာ က်သြားတဲ့ကၽြန္ေတာ့္စာအုပ္ေတြကိုေတာင္ ျပန္ကူေကာက္မေပး..။
"ျမန္ျမန္လုပ္စမ္းပါ.."
ဟမ္..မကူေပးတဲ့အျပင္စိတ္မရွည္တဲ့အသံနဲ႔..။ ကၽြန္ေတာ့္အၾကည့္က ေရွ႕မွာျမင္ရေသာသူ႔ရဲ႕ ေတာက္ေျပာင္ေနေသာရွဴးဖိနပ္ကေန တျဖည္းျဖည္းအေပၚကိုေရြ႕ကာ သူ႔မ်က္ႏွာကို လွမ္းၾကည့္လိုက္သည္။
Shim Changmin..???
ဟုတ္ပါသည္.. စိတ္မရွည္သလို ရွဴတည္တည္မ်က္ႏွာထားနဲ႔ထိုလူသည္ Appa အလုပ္လုပ္ေနေသာကုမၼဏီက သူေဌး Shim ရဲ႕တဦးတည္းေသာသား Shim Changmin ပါ..။
သူ႔မိဘရဲ႕ခ်မ္းသာႂကြယ္၀မႈ သူ႔ရဲ႕ေခ်ာေမာမႈေၾကာင့္ ေက်ာင္းမွာေတာ့သူက Star ပါပဲ...။ မာနႀကီးၿပီးေတာ္ရံုလူနဲ႔ အေပါင္းအသင္းမလုပ္တတ္တာေၾကာင့္ ကၽြန္ေတာ္နဲ႔အတန္းတူေပမယ့္ မခင္ၾကပါ..။
ကၽြန္ေတာ္လဲခပ္ျမန္ျမန္ပဲစာအုပ္ေတြေကာက္ယူလိုက္ေတာ့ သူကေဘးမွျဖတ္ကာ ထြက္သြားေတာ့သည္။ သူ႔ကိုယ္ေပၚကရေသာ အေကာင္းဆံုးေရေမႊးနံ႔က ကၽြန္ေတာ့ႏွာ၀သို႔တိုး၀င္လာသည္..။ အဆင့္အတန္း... ဟုတ္တယ္ ကၽြန္ေတာ္တို႔ၾကားထဲမွာ ကြာျခားမႈကအဲဒါပဲေလ.. စိတ္ဓာတ္မက်နဲ႔ Jung Yunho မင္းတေန႔မွာသူ႔ထက္ ခ်မ္းသာလာႏိူင္တာပဲေလ...။ အေတြးစကိုျမန္ျမန္ျဖတ္ကာ စာသင္ခန္းဆီသို႔ ေလၽွာက္သြားလိုက္ေတာ့သည္..။
-------------------------
"Omma ညီေလးျပန္မလာေသးဘူးလား"
"အင္း ဟုတ္တယ္ ခဏေနျပန္ေရာက္ေတာ့မွာပါ"
Joongie ကလဲ ေက်ာင္းကျပန္ရင္သူ႔သူငယ္ခ်င္းနဲ႔ လိုက္သြားၿပီး စာလုပ္ၿပီးမွျပန္လာေနက်ေလ..။ ဒီေန႔မွေနာက္က်လိုက္တာ.။
"Omma သား Joongie ကိုသြားႀကိဳလိုက္မယ္"
"အမေလးေတာ္ သူ႔ညီေလးကိုစိတ္မခ်ႏိုင္ျဖစ္ေနတာ ဟိုဘက္လမ္းေလးတင္ကို"
"ေမွာင္ေနလို႔ပါ Omma ကလဲ"
"ေအးပါ သြား သြား Omma ထမင္းစားဖို႔ျပင္ထားလိုက္မယ္"
"Nae Omma"
ကၽြန္ေတာ္လဲအေပၚအက်ႌေကာက္၀တ္ကာ ဟိုဘက္တလမ္းေက်ာ္ကညီေလးရဲ႕ သူငယ္ခ်င္းအိမ္သို႔ထြက္လာခဲ့လိုက္သည္။
Jaejoong မွာလဲ သူငယ္ခ်င္းနဲ႔အတူတူစာလုပ္ေနတာ အခ်ိန္ေတာင္မၾကည့္မိ..။ တြက္လက္စပုစၧာၿပီးေတာ့မွ နာရီကိုလွမ္းၾကည့္မိေတာ့ ေနာက္က်ေနတာသတိထားမိၿပီး သူငယ္ခ်င္းကိုႏႈတ္ဆက္ကာ ျပန္လာခဲ့လိုက္သည္။
ဟိုဘက္လမ္း ဒီဘက္လမ္းမို႔ သိပ္မေဝးဘူးထင္ရေသာ္လဲ တကယ္တမ္းလမ္းေလၽွာက္ရင္ မိနစ္၂၀ေလာက္အနည္းဆံုးေလၽွာက္ရတာ..။ Jaejoong ခပ္သြက္သြက္ေလၽွာက္လာရင္း အေရွ႕ဘက္ဆီမွ ဒယီးဒယိုင္ေလၽွာက္လာေသာ လူတေယာက္ကိုျမင္ေတာ့ ရင္ထဲထိတ္ခနဲျဖစ္သြားသည္။
"အမူးသမားလား..??? Omma ေရ ကယ္ပါ"
ငယ္ငယ္တည္းကအက်င့္က အရက္မူးသမားဆို အေသေၾကာက္တာ..။ Appa နဲ႔ Hyung ကလဲ အရက္ကိုမေသာက္တတ္တာဆိုေတာ့ အမူးသမားဆိုတာ Jaejoong နဲ႔ဘယ္လိုမွ မရင္းႏွီးေပ..။
"ေဟ့ ဟိုအေရွ႕က ေကာင္မေလး. အဲ့မွာရပ္ေနစမ္း"
ဘုရားေရ..ေကာင္မေလးတဲ့..။ ေၾကာက္ပါတယ္ဆိုမွ လာေခၚေနတယ္ Omma ကလဲဘာလို႔ကၽြန္ေတာ့္ကို မိန္းကေလးနဲ႔တူေအာင္ေမြးထားတာလဲ.။ Hyung လိုမ်ိဳး ေယာက်ၤားပီပီသသရုပ္မ်ိဳးေလး ေမြးမေပးဘူး..။
အမူးသမားကတျဖည္းျဖည္းအနားကပ္လာေတာ့ Jaejoong တဆတ္ဆတ္တုန္လာကာ လမ္းေဘးမွာကပ္ရပ္ေနမိသည္။ ဟင့္အင္း..မလာနဲ႔ေၾကာက္တယ္..။
Jaejoong မ်က္လံုးကိုစံုမွိတ္ထားကာ ဆုေတာင္းေနစဥ္ ရုတ္တရတ္ပခံုးကိုလာဖက္ေသာ အထိအေတြ႕နဲ႔အတူ ရင္းႏွီးေနေသာကိုယ္သင္းနံ႔ကိုရလိုက္သည္..။
"Hyung..???"
"Yaaaa ခင္ဗ်ားကဘာလဲ ကၽြန္ေတာ့္ညီေလးကို အႏိုင္က်င့္ခ်င္လို႔လား လာစမ္းပါ သတၱိရွိရင္"
အမူးသမားလဲ မေက်မနပ္နဲ႔ ဘာမွျပန္ေျပာမေနေတာ့ပဲ ထြက္သြားေတာ့သည္။ ေတာ္ပါေသးရဲ႕ Hyung အခ်ိန္မီေရာက္လာေပလို႔ေပါ့...။
"Joongie မေၾကာက္နဲ႔ေတာ့ အမူးသမားမရွိေတာ့ဘူး"
"ခုနက Joongie အရမ္းလန္႔သြားတာ"
"Hyung လဲစိတ္မခ်လို႔လိုက္လာတာေပါ့ ဘာမွမေၾကာက္နဲ႔ လာ အိမ္ျပန္ၾကမယ္ Omma က ထမင္းစားဖို႔ေစာင့္ေနၿပီ..။
"Joongie ကိုကုန္းပိုးပါလား Hyung"
"Agioo ခ်က္ခ်င္းကေလးေလးျဖစ္သြားပါလား"
"ခုနကေၾကာက္သြားတာအခုထိ ရင္တုန္မေျပေသးလို႔ပါ"
"ဟုတ္ပါၿပီကြာ လာ Hyung ေက်ာေပၚတက္"
ကၽြန္ေတာ္ထိုင္ခ်ေပးလိုက္ေတာ့ Joongie က ေက်ာေပၚတက္လာကာ သူ႔လက္၂ဖက္နဲ႔လဲ ျပဳတ္မက်ေအာင္ကၽြန္ေတာ့္ကိုဖက္ထားေသးသည္။
"Wuyi Joongie ေလး အစားေတြအမ်ားႀကီးစားတာ ၀က္ကေလးျဖစ္ေနတာပဲ"
"Hyung က ေလးလို႔လား..???"
"ရပါတယ္ကြာ Hyung က ဒီေလာက္ေတာ့အေပ်ာ့ေပါ့"
"အာာ Hyung ရတယ္သာေျပာတာ လမ္းေလၽွာက္တာယိုင္ေနၿပီ"
အမွန္ကသူေၾကာက္ေစရန္ တမင္ျပဳတ္က်မလိုလုပ္ရင္း ေလၽွာက္ေနတာျဖစ္သည္။ အစကေတာ့ သူလဲ ေၾကာက္ေၾကာက္နဲ႔ ကၽြန္ေတာ့္ကိုအတင္းက်ံဳးဖက္ထားတာ..။ ေနာက္မွသူ႔ကိုေနာက္ေနမွန္းသိသြားၿပီး တခိခိရီေနေတာ့သည္။
ကၽြန္ေတာ့္ကေလးေလး...အရမ္းအျပစ္ကင္းစင္တဲ့ညီေလး
Omma နဲ႔ Appa ေက်းဇူးတင္ပါတယ္ ကၽြန္ေတာ့္အတြက္ ဒီလိုခ်စ္စရာညီေလးကိုေမြးဖြားေပးခဲ့လို႔..။
To Be Continue~~~~
YunJaeMin Again 😄😄
အခုက Yunjae က ညီအစ္ကိုျဖစ္ေနတာ
Reader မ်ား Feel ၾကေစသတည္း..။
(Unicode)
စားပွဲပေါ်မှ နာရီ Alarm မြည်သံကြောင့် Yunho အိပ်ချင်မူးတူးနဲ့ နာရီကိုလှမ်းစမ်းကာ Alarm ကိုပိတ်ပစ်လိုက်သည်။ 5 မိနစ်လောက် ဆက်မှေးလိုက်ဦးမယ်...။ ညကဂိမ်းဆော့တာများပြီး နောက်ကျမှအိပ်တာ အိပ်ရေးကမဝသေး..။
"Hyung~!!!!!!"
အခန်းတံခါးရုတ်တရတ်ပွင့်သွားပြီး ကျွန်တော့်ရဲ့ချစ်လှစွာသော တဦးတည်းသောညီလေး ဝင်လာသည်။
"Hyung ထတော့လေ ကျောင်းနောက်ကျမယ် Pali Pali"
ဟာာာ ဒီကလေး အိပ်ရေးမဝသေးပါဘူးဆိုနေမှ စောင်ကိုအတင်းလာဆွဲကာ နှိုးနေတယ်..။ အာာား မှောက်ခုံအိပ်နေတဲ့ ကျွန်တော့်ခါးပေါ်လာတက်ထိုင်ပြန်ပြီ..။
"Yaaa Jung Jaejoong~!!!"
ကျွန်တော်အိပ်နေရာမှ လူးလဲထတော့ ကျွန်တော့်ကိုယ်ပေါ်မှသူလဲ ဘေးသို့ပြုတ်ကျသွားသည်။ ပြီးတော့ သူ့ရဲ့ချစ်စရာမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကျွန်တော့်ကိုလှမ်းကြည့်နေတယ်..။
"Wae..??? Hyung က ကျွန်တော့်ကိုအော်တယ်ပေါ့ အဟင့်.."
ဟော ကြည့်ပါလား.။ နည်းနည်းလေးပဲ ဟောက်လိုက်ရသေးတယ် မျက်ရည်ကကျပြီ..။ Jung Yunho ရေ ချော့ပေဦးတော့ပဲ.. ဒီကောက်စိန်လေးအကြောင်း သိရဲ့သားနဲ့..။
"Miyahae Joongie မငိုပါနဲ့ Hyung က နာသွားလို့ အော်လိုက်မိတာ"
"Hyung က ငယ်ငယ်ကလို Joongie ကို မချစ်တော့ပါဘူး အလကားနေ အော်ဖို့ပဲသိတယ် အဟင့် 😢"
"Arni Hyung က Joongie ကို ဒီလောက်ချစ်တာကို"
"အဲဒါဆို Appa Omma နဲ့ Joongie ဘယ်သူ့ကိုအချစ်ဆုံးလဲ"
"မေးစရာလိုလို့လား Joongie ကို အချစ်ဆုံးပေါ့"
"Jinja Yayyyy ဒါမှ Jaejoongie ရဲ့ Hyung ကွ"
ကျွန်တော့်ကိုဝမ်းသာအားရ လာဖက်တဲ့ညီလေးကို အလိုက်သင့်လေး ပြန်ဖက်ထားလိုက်တယ်..။ တော်ပါသေးရဲ့ ခဏလေးနဲ့စိတ်ပြန်ပြေသွားလို့...။
"Hyung ကျောင်းနောက်ကျတော့မယ် မြန်မြန်ထ Joongie သွားတိုက်ဆေးထည့်ပေးမယ်"
ပြောလဲပြော အိပ်ယာပေါ်ကဆင်းပြေးကာ ရေချိုးခန်းထဲပြေးဝင်သွားသည်။ ကျွန်တော်လဲ အချိန်ဆွဲမနေတော့ပဲ အိပ်ယာကိုမြန်မြန်သိမ်းလိုက်သည်။ နိုမို့ဆိုအသံပြဲနဲ့အော်နေဦးမယ်လေ..။
"Hyung ရေချိုးဖို့ ရေပါစပ်ပေးထားတယ် မြန်မြန်တော့ချိုးနော် ပြီးရင်မနက်စာစားဖို့ ဆင်းခဲ့ဦး"
ရေချိုးခန်းထဲကနေ ပွစိပွစိပြောကာထွက်လာတဲ့ ကျွန်တော့်ကလေးလေး.။ တခါတလေကျတော့ ကလေးပေါက်စလေးလို ထစ်ခနဲရှိငိုနေတတ်ပြီး တခါတလေကျ Omma ထက်ပင် ကျွန်တော့်ကို ဂရုစိုက်တတ်သေးသည်။
အခုလဲကြည့် သီချင်းလေးတအေးအေးနဲ့ ကျွန်တော့်ဗီဒိုကိုဖွင့်ကာ ကျောင်းသွားရင်ဝတ်ဖို့ အဝတ်အစားကို သူ့စိတ်ကြိုက်ထုတ်ပေးနေတာ..။ သူ့ငေးနေရင် ဒီနေ့ကျောင်းသွားရမှာမဟုတ်ဘူး ရေမြန်မြန်သွားချိုးမှ...။
Aww ဒါနဲ့ ကျွန်တော်တို့မိသားစုအကြောင်းပြောရဦးမယ်...။ ကျွန်တော့်နာမည်က Jung Yunho
ကျွန်တော်တို့မိသားစုက ၄ယောက်လေ Appa Omma ကျွန်တော်နဲ့ ကျွန်တော့်ညီလေး Jung Jaejoong..။
Appa က ကုမ္မဏီကြီးတခုမှာ အလုပ်လုပ်နေတာ Omma ကတော့ အိမ်မှာပဲ အိမ်မှုကိစ္စတွေလုပ်တာပေါ့..။ ကျွန်တော်က တက္ကသိုလ်ကျောင်းသား ညီလေး Jaejoong ကတော့ အခုမှအထက်တန်းကျောင်းသားလေး။
ကျွန်တော်တို့မိသားစုက အရမ်းကြီးမချမ်းသာပေမယ့် သာမန်လူလတ်တန်းစားအဆင့်ပါ..။ အလုပ်ကြိုးစားပြီး အေးဆေးတည်ကြည်သော Appa နဲ့ အိမ်ထောင်ရှင်မကောင်းပီသသော Omma... ပြီးတော့ ကလေးဆန်ပေမယ့် အလိုက်သိတတ်လွန်းတဲ့ညီလေး... ဒါတွေက ကျွန်တော့်အတွက် ဘာနဲ့မှမလဲနိုင်တဲ့ ပျော်ရွှင်မှုပါ.။ ကျွန်တော့်မိသားစုကို ကျွန်တော်အရမ်းချစ်တယ်..။
"Omma Joongie က ကြက်ဥလိပ်စားချင်တာ"
"ကျောင်းကပြန်လာရင်စားလေ Omma လုပ်ထားမှာပေါ့"
အိမ်အောက်ဆင်းလိုက်တာနဲ့ ထမင်းစားပွဲမှာသူစားချင်တာကို ပူဆာနေတဲ့ညီလေးနဲ့ Omma ရဲ့ အသံကပျံ့လွင့်လာသည်။
"အခုစားလို့မရဘူးလား Omma ကလဲ"
"Joongie လေး ကျောင်းနောက်ကျမှာပေါ့ Omma ညနေလုပ်ထားပေးပါ့မယ် စိတ်ချ"
သူစားချင်တာမစားရလို့ ဝက်ကလေးလိုနှုတ်ခမ်းဆူကာ စိတ်ကောက်နေသော ညီလေးကိုကြည့်ပြီး ကျွန်တော်သဘောကျစွာရီမိသည်..။
"Agioo Omma မွေးထားတာ လူလေးမှမဟုတ်တာ ဝက်ပေါက်စလေးပဲ နှုတ်သီးလေးကိုထော်နေတာ"
"ဟာာာ Hyung နော်"
Omma ကပါ သဘောကျပြီး တခစ်ခစ်ရီနေတော့သည်။
"သား Yunnie မနက်စာလာစားလေ Omma ကော်ဖီဖျော်ပေးရမလား"
"ရတယ် Omma နွားနို့ပဲသောက်တော့မယ်"
ခုချိန်ထိနှုတ်ခမ်းလေးဆူကာ ငိုမဲ့မဲ့ရုပ်လေးနဲ့ထိုင်နေသော Jaejoong ကို ကျွန်တော်ချစ်စနိုးနဲ့ ပါးလေးကိုမနာအောင် လိမ်ဆွဲလိုက်သည်။
"အ..နာတယ် Hyung ရဲ့"
ကြည့်ပါလား အပိုတွေ.. မနာအောင်လုပ်တာကို..။
"Wuri Joongie လေးက စိတ်ကောက်နေတာလား Hyung က ချစ်လို့စတာကို"
"Hyung နဲ့ Omma က ၂ယောက်ပေါင်းပြီး Joongie ကိုအနိုင်ကျင့်နေကြတာလေ"
"Joongie လေးရယ် Omma က ဒီသားပိစိလေးကို အနိုင်ကျင့်ပါ့မလား Joongie လေး ကျောင်းနောက်ကျနေမှာစိုးလို့ပါ"
"ဒါပေမယ့် Hyung က Joongie ကို ဝက်ပေါက်လေးလို့ခေါ်တာ"
Jaejoong စကားကြောင့် သားအမိ၂ယောက်ရီလိုက်မိသည်။ ဒီကလေးဟာလေ ကြံဖန်ပြီးကို စိတ်ကောက်တတ်တာ.. ပြီးရင်လဲ ခဏနေသူ့ဘာသာ စိတ်ပြန်ပြေသွားတတ်ပြန်ရော..။
"Hyung မှားသွားပါတယ် Joongie လေးက ဝက်ပေါက်လေးမှမဟုတ်တာ"
ထိုအခါမှ မျက်နှာလေးကပြုံးစိစိလေးဖြစ်လာသည်...။
"ကြောင်ပေါက်စလေးလေ"
ကျွန်တော်ဆက်ပြောလိုက်တဲ့စကားကြောင့် သူစိတ်ဆိုးကာထအော်တော့သည်၊
"Hyung ကျွန်တော်က တိရစ္ဆာန်လား ပြော.??"
"Appa ရဲ့ကြောင်ပေါက်စလေးကို ဘာလို့ဝိုင်းစနေကြတာလဲ"
"ဟာာာ Appa..."
အလုပ်သွားဖို့ပြင်ဆင်ပြီးဆင်းလာတဲ့ Appa ကပါ စလိုက်တော့ ကျွန်တော့်ညီကောက်စိန်လေးက ထအော်ပါလေရော..။ မနက်ခင်းတိုင်းမှာခုလို ပျော်ပျော်ရွှင်ရွှင်ရီမောသံလေးတွေနဲ့ ဝေဆာနေတဲ့ ကျွန်တော့်တို့ရဲ့အိမ်လေးက တကယ့်ကို Home Sweet Home စစ်စစ်ပါ..။ ကျေးဇူးတင်ပါတယ် ဘုရားသခင်.. ခုလိုသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက်ပေါ့..။
"Joongie မြန်မြန်လာလေ ကျောင်းနောက်ကျတော့မယ်"
"လာပြီ Hyung ရဲ့ Maths စာအုပ်ကျန်ခဲ့လို့"
"လွယ်အိတ်သေချာပြန်စစ်ဦး ဟိုနေ့ကလဲ History စာအုပ်ကျန်ခဲ့တယ်မလား"
"အဟီး...ဟုတ်တယ် ဒီနေ့တော့အကုန်ပါပြီ"
ကျွန်တော်ဆိုင်ကယ်ဟဲမက်ကိုလှမ်းပေးတော့ ညီလေးကယူဆောင်းလိုက်ပြီး ကျွန်တော့်နောက်မှာခွထိုင်လိုက်သည်။ သူ့ကိုကျောင်းအရင်ပို့ပြီးမှ ကျွန်တော့် Uni ကိုသွားရမှာလေ..။
"ဟာာာ Hyung ရေ သွားပါပြီ"
"ဟမ် ဘာဖြစ်ပြန်တာလဲ..???"
မီးပွိုင့်မိနေ၍ ဆိုင်ကယ်ခဏရပ်ထားစဉ် ကျွန်တော့်နောက်ကသူက ရုတ်တရတ် အလန့်တကြားထအော်သည်..။
"ကွန်ပါဘူးကျန်ခဲ့ပြီ ဒီနေ့ Drawing အချိန်ပါတယ် တခြားသူတွေဆီကလဲ ဌားလို့အဆင်မပြေဘူး"
"Yaaaa Jung Jaejoong မင်းကိုခုနတည်းက လွယ်အိတ်သေချာစစ်ဖို့ မပြောဘူးလား"
လမ်းတဝက်ရောက်မှပဲသတိရတော့တယ်..။ ကျွန်တော်စိတ်တိုတိုနဲ့ အော်လိုက်တော့ ငိုမဲ့မဲ့မျက်နှာနဲ့ Hyung ကကိုယ့်ညီလေးဒီတယောက်ရှိတာကို ငြိုငြင်တာလားတဲ့လေ..။ စကားကလဲတော်တော်တတ်... နောက်ဆုံးတော့ အိမ်သို့ပြန်လှည့်ကာ သူ့ကွန်ပါဘူးပြန်ယူလိုက်ရတော့သည်..။ ဒီနေ့တော့ ကျောင်းနောက်ကျပါပြီ....။
ကျွန်တော်ကျောင်းရောက်တော့ နာရီဝက်လောက်နောက်ကျနေပြီလေ..။ အချိန်တိကျတဲ့ဆရာ Lee က ခုချိန်ဆိုစာစသင်နေမှာသေချာတယ်..။ အချိန်ပိုတွေ ကျူရှင်တွေမတက်တဲ့ ကျွန်တော့်လိုကျောင်းသားမျိုးက အတန်းချိန်ကိုမှန်မှန်တက်ပြီး ဆရာသင်သမျှကို လိုက်မှတ်နိုင်မှဖြစ်မှာလေ...။
"အ..."
အလောတကြီးလျှောက်လာတဲ့ကျွန်တော် ကော်ရစ်ဒါအကွေ့နားမှာ တဖက်ကလူတယောက်နဲ့ ဝင်တိုက်မိပြီး ကိုင်လာတဲ့စာအုပ်တွေပြုတ်ကျကုန်သည်။
"Miyahae.."
၂ယောက်လုံးမှားတာဆိုပေမယ့် ကျွန်တော်ကပဲတောင်းပန်ကာ စာအုပ်တွေကိုပြန်ကောက်လိုက်သည်..။ တဖက်လူကတော့ တောင်းပန်ဖို့နေနေသာသာ ကျသွားတဲ့ကျွန်တော့်စာအုပ်တွေကိုတောင် ပြန်ကူကောက်မပေး..။
"မြန်မြန်လုပ်စမ်းပါ.."
ဟမ်..မကူပေးတဲ့အပြင်စိတ်မရှည်တဲ့အသံနဲ့..။ ကျွန်တော့်အကြည့်က ရှေ့မှာမြင်ရသောသူ့ရဲ့ တောက်ပြောင်နေသောရှူးဖိနပ်ကနေ တဖြည်းဖြည်းအပေါ်ကိုရွေ့ကာ သူ့မျက်နှာကို လှမ်းကြည့်လိုက်သည်။
Shim Changmin..???
ဟုတ်ပါသည်.. စိတ်မရှည်သလို ရှူတည်တည်မျက်နှာထားနဲ့ထိုလူသည် Appa အလုပ်လုပ်နေသောကုမ္မဏီက သူဌေး Shim ရဲ့တဦးတည်းသောသား Shim Changmin ပါ..။
သူ့မိဘရဲ့ချမ်းသာကြွယ်ဝမှု သူ့ရဲ့ချောမောမှုကြောင့် ကျောင်းမှာတော့သူက Star ပါပဲ...။ မာနကြီးပြီးတော်ရုံလူနဲ့ အပေါင်းအသင်းမလုပ်တတ်တာကြောင့် ကျွန်တော်နဲ့အတန်းတူပေမယ့် မခင်ကြပါ..။
ကျွန်တော်လဲခပ်မြန်မြန်ပဲစာအုပ်တွေကောက်ယူလိုက်တော့ သူကဘေးမှဖြတ်ကာ ထွက်သွားတော့သည်။ သူ့ကိုယ်ပေါ်ကရသော အကောင်းဆုံးရေမွှေးနံ့က ကျွန်တော့နှာဝသို့တိုးဝင်လာသည်..။ အဆင့်အတန်း... ဟုတ်တယ် ကျွန်တော်တို့ကြားထဲမှာ ကွာခြားမှုကအဲဒါပဲလေ.. စိတ်ဓာတ်မကျနဲ့ Jung Yunho မင်းတနေ့မှာသူ့ထက် ချမ်းသာလာနိူင်တာပဲလေ...။ အတွေးစကိုမြန်မြန်ဖြတ်ကာ စာသင်ခန်းဆီသို့ လျှောက်သွားလိုက်တော့သည်..။
-------------------------
"Omma ညီလေးပြန်မလာသေးဘူးလား"
"အင်း ဟုတ်တယ် ခဏနေပြန်ရောက်တော့မှာပါ"
Joongie ကလဲ ကျောင်းကပြန်ရင်သူ့သူငယ်ချင်းနဲ့ လိုက်သွားပြီး စာလုပ်ပြီးမှပြန်လာနေကျလေ..။ ဒီနေ့မှနောက်ကျလိုက်တာ.။
"Omma သား Joongie ကိုသွားကြိုလိုက်မယ်"
"အမလေးတော် သူ့ညီလေးကိုစိတ်မချနိုင်ဖြစ်နေတာ ဟိုဘက်လမ်းလေးတင်ကို"
"မှောင်နေလို့ပါ Omma ကလဲ"
"အေးပါ သွား သွား Omma ထမင်းစားဖို့ပြင်ထားလိုက်မယ်"
"Nae Omma"
ကျွန်တော်လဲအပေါ်အင်္ကျီကောက်ဝတ်ကာ ဟိုဘက်တလမ်းကျော်ကညီလေးရဲ့ သူငယ်ချင်းအိမ်သို့ထွက်လာခဲ့လိုက်သည်။
Jaejoong မှာလဲ သူငယ်ချင်းနဲ့အတူတူစာလုပ်နေတာ အချိန်တောင်မကြည့်မိ..။ တွက်လက်စပုစ္ဆာပြီးတော့မှ နာရီကိုလှမ်းကြည့်မိတော့ နောက်ကျနေတာသတိထားမိပြီး သူငယ်ချင်းကိုနှုတ်ဆက်ကာ ပြန်လာခဲ့လိုက်သည်။
ဟိုဘက်လမ်း ဒီဘက်လမ်းမို့ သိပ်မဝေးဘူးထင်ရသော်လဲ တကယ်တမ်းလမ်းလျှောက်ရင် မိနစ်၂၀လောက်အနည်းဆုံးလျှောက်ရတာ..။ Jaejoong ခပ်သွက်သွက်လျှောက်လာရင်း အရှေ့ဘက်ဆီမှ ဒယီးဒယိုင်လျှောက်လာသော လူတယောက်ကိုမြင်တော့ ရင်ထဲထိတ်ခနဲဖြစ်သွားသည်။
"အမူးသမားလား..??? Omma ရေ ကယ်ပါ"
ငယ်ငယ်တည်းကအကျင့်က အရက်မူးသမားဆို အသေကြောက်တာ..။ Appa နဲ့ Hyung ကလဲ အရက်ကိုမသောက်တတ်တာဆိုတော့ အမူးသမားဆိုတာ Jaejoong နဲ့ဘယ်လိုမှ မရင်းနှီးပေ..။
"ဟေ့ ဟိုအရှေ့က ကောင်မလေး. အဲ့မှာရပ်နေစမ်း"
ဘုရားရေ..ကောင်မလေးတဲ့..။ ကြောက်ပါတယ်ဆိုမှ လာခေါ်နေတယ် Omma ကလဲဘာလို့ကျွန်တော့်ကို မိန်းကလေးနဲ့တူအောင်မွေးထားတာလဲ.။ Hyung လိုမျိုး ယောင်္ကျားပီပီသသရုပ်မျိုးလေး မွေးမပေးဘူး..။
အမူးသမားကတဖြည်းဖြည်းအနားကပ်လာတော့ Jaejoong တဆတ်ဆတ်တုန်လာကာ လမ်းဘေးမှာကပ်ရပ်နေမိသည်။ ဟင့်အင်း..မလာနဲ့ကြောက်တယ်..။
Jaejoong မျက်လုံးကိုစုံမှိတ်ထားကာ ဆုတောင်းနေစဉ် ရုတ်တရတ်ပခုံးကိုလာဖက်သော အထိအတွေ့နဲ့အတူ ရင်းနှီးနေသောကိုယ်သင်းနံ့ကိုရလိုက်သည်..။
"Hyung..???"
"Yaaaa ခင်ဗျားကဘာလဲ ကျွန်တော့်ညီလေးကို အနိုင်ကျင့်ချင်လို့လား လာစမ်းပါ သတ္တိရှိရင်"
အမူးသမားလဲ မကျေမနပ်နဲ့ ဘာမှပြန်ပြောမနေတော့ပဲ ထွက်သွားတော့သည်။ တော်ပါသေးရဲ့ Hyung အချိန်မီရောက်လာပေလို့ပေါ့...။
"Joongie မကြောက်နဲ့တော့ အမူးသမားမရှိတော့ဘူး"
"ခုနက Joongie အရမ်းလန့်သွားတာ"
"Hyung လဲစိတ်မချလို့လိုက်လာတာပေါ့ ဘာမှမကြောက်နဲ့ လာ အိမ်ပြန်ကြမယ် Omma က ထမင်းစားဖို့စောင့်နေပြီ..။
"Joongie ကိုကုန်းပိုးပါလား Hyung"
"Agioo ချက်ချင်းကလေးလေးဖြစ်သွားပါလား"
"ခုနကကြောက်သွားတာအခုထိ ရင်တုန်မပြေသေးလို့ပါ"
"ဟုတ်ပါပြီကွာ လာ Hyung ကျောပေါ်တက်"
ကျွန်တော်ထိုင်ချပေးလိုက်တော့ Joongie က ကျောပေါ်တက်လာကာ သူ့လက်၂ဖက်နဲ့လဲ ပြုတ်မကျအောင်ကျွန်တော့်ကိုဖက်ထားသေးသည်။
"Wuyi Joongie လေး အစားတွေအများကြီးစားတာ ဝက်ကလေးဖြစ်နေတာပဲ"
"Hyung က လေးလို့လား..???"
"ရပါတယ်ကွာ Hyung က ဒီလောက်တော့အပျော့ပေါ့"
"အာာ Hyung ရတယ်သာပြောတာ လမ်းလျှောက်တာယိုင်နေပြီ"
အမှန်ကသူကြောက်စေရန် တမင်ပြုတ်ကျမလိုလုပ်ရင်း လျှောက်နေတာဖြစ်သည်။ အစကတော့ သူလဲ ကြောက်ကြောက်နဲ့ ကျွန်တော့်ကိုအတင်းကျုံးဖက်ထားတာ..။ နောက်မှသူ့ကိုနောက်နေမှန်းသိသွားပြီး တခိခိရီနေတော့သည်။
ကျွန်တော့်ကလေးလေး...အရမ်းအပြစ်ကင်းစင်တဲ့ညီလေး
Omma နဲ့ Appa ကျေးဇူးတင်ပါတယ် ကျွန်တော့်အတွက် ဒီလိုချစ်စရာညီလေးကိုမွေးဖွားပေးခဲ့လို့..။
To Be Continue~~~~
YunJaeMin Again 😄😄
အခုက Yunjae က ညီအစ်ကိုဖြစ်နေတာ
Reader များ Feel ကြစေသတည်း..။