Episode 20

2.3K 167 9
                                    

(Zawgyi)

Jaejoong ဆွဲလက်စဒီဇိုင်းပုံတပုံကို အပြီးသတ်လိုက်ပြီးနောက် ထိုင်ခုံနောက်မှီကို မှီပြီးအညောင်းဆန့်လိုက်တယ်...။ နဂိုတည်းက ပုံဆွဲရတာ တီထွင်ဆန်းသစ်ရတာ ဝါသနာပါသူမို့ ဒီအလုပ်က သူနဲ့တော်တော်လေး အဆင်ပြေတယ်ပြောရမလားပဲ...။

"Morning Jaejoong ဒီနေ့လဲအစောကြီးရောက်နေပါလား"

နှုတ်ဆက်သံနဲ့အတူ ရုံးခန်းထဲဝင်လာသူက Design ဌာနရဲ့ ဌာနမှူး Boa Noona...။ သူတို့ဌာနက Jaejoong အပါအ၀င်မှ ၀န်ထမ်း၅ယောက်သာရှိတာ...။ Jaejoong က လူတိုင်းနဲ့တည့်အောင်ပေါင်းတတ်တော့ အဆင်ပြေနေတာပဲလေ...။

"Noona လဲ အစောကြီးရောက်လာတာပဲကို... ကျွန်တော်က မနေ့ကဆွဲလက်စကြီးဖြစ်နေတဲ့ အင်္ကျီဒီဇိုင်းကို အပြီးသတ်လိုက်ချင်လို့ပါ"

Jaejoong စကားကို Boa Noona က ခေါင်းညိတ်ကာပြုံးကြည့်နေလိုက်တယ်...။ ငယ်ရွယ်သွက်လက်တဲ့ Jaejoong ကို သူမရဲ့မောင်လေးတယောက်လို ခင်တွယ်နေမိတယ်လေ...။

"Aww ဒါနဲ့ Jaejoong ဟိုနေ့ကထုတ်လိုက်တဲ့ ရှပ်အင်္ကျီဒီဇိုင်းက အရွေးခံရတယ် နောက်လထဲလောက်ဆို ဈေးကွက်မှာဖြန့်မယ်တဲ့လေ"

"Wow တကယ်လား ပျော်လိုက်တာ အဲဒါကျွန်တော့်ရဲ့ ပထမဆုံးထုတ်တဲ့ဒီဇိုင်းလေ..."

"Chukahae Jaejoong နောက်လဲ ဒီဇိုင်းဆန်းဆန်းတွေ အများကြီးတီထွင်နိုင်ပါစေ"

"Gomawo Noona ကျွန်တော်ကြိုးစားပါ့မယ်"

Jaejoong တော်တော်လေးကိုပျော်နေမိတာ...။ သူ့ပွဲဦးထွက်အောင်မြင်မှုပဲလေ...။ ဒီ့ထက်ပိုပြီးကြိုးစားချင်စိတ်တွေလဲ ဖြစ်လာရတယ်...။ ခဏနေတော့ သူတို့ဌာနကစုံတွဲဖြစ်တဲ့ Leeyoung Hyung နဲ့ Sooyin Noona ရောက်လာကြတယ်...။

"တို့ဌာနမှူးကတော့ အမြဲအစောကြီးရောက်နေပါလား အလုပ်ကြိုးစားတဲ့ဝန်ထမ်းလေး Jaejoong ရောပဲ.."

Jaejoong သူတို့စကားကြောင့်ရီနေလိုက်တယ်...။ သူတို့နှစ်ယောက်က အရမ်းအားကျစရာစုံတွဲပါ...။ ဒီနှစ်ကုန်လောက်မှာ လက်ထပ်ကြမယ်ဆိုတာလဲ လူတိုင်းသိပြီးသား...။ အမြဲတမ်းအလုပ်သွားအလုပ်ပြန် အတူတူနဲ့ အလုပ်ထဲမှာကြိုးစားကြတာချင်းလဲ တူနေပြန်ရော..။

You're My Everything {Completed}Where stories live. Discover now