Episode 26

2.4K 164 0
                                    

(Zawgyi)

Jaejoong တယောက် သီချင်းလေးတအေးအေးနဲ့ ခြံထဲက ပန်းပင်လေးတွေကို ရေလောင်းပေးနေတယ်....။ ဒီပန်းခင်းကြီးကို သူစိုက်ထားခဲ့တာ အခုဆိုရင် အရောင်အသွေး အမျိုးအစားစုံလင်လှတဲ့ ပန်းပင်တွေက သူ့အစုနဲ့သူ အစီအရီနဲ့မို့ အလွန်ကြည့်ကောင်းလွန်းလှတယ်....။

ရေလောင်းလို့ပြီးသွားတော့ Jaejoong သူ့ဘာသာကျေနပ်စွာဖြင့် ပန်းခင်းကြီးကိုငေးနေလိုက်တယ်....။ သိပ်မကျယ်တဲ့သူတို့ရဲ့ ခြံလေးထဲမှာ အပြည့်နီးပါးနေရာယူထားတဲ့ပန်းခင်းကြီး... သူ့ရဲ့အားလပ်ချိန်တွေကို ဒီပန်းပင်တွေကို ပြုစုပျိုးထောင်ရင်းနဲ့ပဲ ကုန်လွန်ခဲ့ရတာလေ.... နာကျင်စရာအတိတ်တွေကို မေ့ဖျောက်ရင်းနဲ့ပေါ့....။

"Joongie ရေ သားငယ်လေး"

"Nae Appa ကျွန်တော်ခြံထဲမှာ"

Jaejoong နှုတ်ကလဲထူးရင်း အိမ်ထဲပြေးဝင်သွားလိုက်တယ်....။ Appa...ဟုတ်ပါတယ်...။ အခုဆို Jaejoong မှာ Appa ရှိနေပြီ...။ အမှန်က Yunho ရဲ့ Appa ပါ...။ နှစ်ပေါင်းများစွာကွဲကွာနေတဲ့ ဖခင်ဖြစ်သူကို Yunho က ပြန်ရှာတွေ့ခဲ့ပြီး သူတို့၃ယောက် တအိမ်တည်းအတူတူနေကြတာလေ...။

"Appa ဘာဖြစ်လို့လဲဟင်...??"

"သားကိုမတွေ့လို့ခေါ်ကြည့်တာပါ အပြင်တွေလျှောက်ထွက်သွားမှာစိုးလို့"

"Appa ကလဲ ကျွန်တော်က ကလေးမှမဟုတ်တော့တာ မစိုးရိမ်ပါနဲ့"

Jaejoong က နှုတ်ခမ်းလေးဆူကာ ချစ်စဖွယ်ပြောတော့ Appa က ခေါင်းလေးကိုခပ်ဖွဖွပုတ်လိုက်ရင်း ပြုံးနေတယ်....။

"မင်းအစ်ကိုက Appa ကိုသေချာမှာထားတာလေ Joongie ကို ဂရုစိုက်ပေးပါတဲ့"

Appa စကားကြောင့် Jaejoong နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်တယ်...။ Yunho က ခုချိန်ထိ Jaejoong ကိုအရမ်းစိုးရိမ်နေဆဲပဲလေ...။ Yunho စိုးရိမ်တာလဲ မမှားပါဘူး....။ လွန်ခဲ့တဲ့၂နှစ်လောက်က Jaejoong ကိုယ့်ကိုကိုယ် သတ်သေဖို့ကြိုးစားခဲ့တယ်လေ....။

Changmin နဲ့ကွာရှင်းပြီး Yunho နဲ့အတူတူပြန်လာနေတဲ့ Jaejoong အမြဲတမ်းငေးငေးငိုင်ငိုင်ဖြစ်နေတာ...။ တနေ့တော့ Yunho အလုပ်ကိုအသွား ကိုယ့်လက်ကောက်ဝတ်က သွေးကြောကို ဓားနဲ့လှီးဖြတ်ကာ သတ်သေဖို့ Jaejoong လုပ်ခဲ့တယ်...။ ကံကောင်းချင်တော့ Yunho က အရေးကြီးတဲ့ဖိုင်တခုကျန်ခဲ့လို့ အိမ်ပြန်အလာ သွေးတွေနဲ့သတိလစ်နေတဲ့ Jaejoong ကိုတွေ့ခဲ့တာလေ...။ ဆေးရုံပို့တော့လဲ အချိန်မှီရုံလေးတင်ပါပဲ....။

You're My Everything {Completed}Where stories live. Discover now