Episode 19

2.2K 187 16
                                    

(Zawgyi)

Changmin ရေချိုးခန်းထဲကထွက်လာတော့ Jaejoong က ကုတင်ပေါ်မှာထိုင်ရင်း ဖုန်းကလိနေဆဲ...။ အရင်ကဆို Changmin ရေချိုးခန်းကပြန်ထွက်လာရင် တဘက်အဆင်သင့်ကမ်းပေးမယ်...။ အ၀တ်အစားကလဲ အဆင်သင့်ထုတ်ထားပြီးသလို အိပ်ယာကအစသိမ်းပြီးသား..။

အခုဘာအလုပ်မှမလုပ်တော့သလို Changmin ကိုလဲပစ်ထားတာကြာပေါ့....။ အိပ်ယာသိမ်းတာ အခန်းရှင်းတာကအစ အိမ်အကူတွေ လာလုပ်ပေးရတဲ့အထိပဲ...။ အရင်ကနဲ့တခြားစီကို ကွာခြားသွားခဲ့တာ Changmin စိတ်ဆိုးချင်ပေမယ့် ကိုယ့်အမှားလဲမကင်းတာကြောင့် မပြောပဲငြိမ်နေရတာ...။

"Jaejoong ငါ့ကိုအ၀တ်တစုံလောက် ထုတ်ပေးနိုင်မလား?"

Changmin သွေးတိုးစမ်းကာ မေးကြည့်လိုက်တာပါ...။Jaejoong ရဲ့ဖုန်းဆော့နေတဲ့လက်တွေ ရပ်တန့်သွားတာကိုတော့ သတိထားမိလိုက်တယ်...။ ပြီးတော့မှကုတင်ပေါ်ကနေ ဖြည်းဖြည်းချင်းဆင်းလာပြီး ဗီဒိုတံခါးကိုဆွဲဖွင့်ကာ Changmin အတွက်အင်္ကျီရွေးပေးနေရဲ့...။ ပါးစပ်ကတော့ ဘာစကားတခွန်းမှမဟပေ....။

သင့်တော်တဲ့အ၀တ်တစုံထုတ်ပြီး Changmin မတ်တပ်ရပ်နေတဲ့နားက ခုံပေါ်လာတင်ပေးသွားသည်...။ Changmin မျက်နှာတချက်ပြုံးသွားမိလိုက်တယ်...။ ဒီလောက်ဆိုရင်တော့ အခြေအနေမဆိုးပါဘူး...။

"ငါ့ဆံပင်တွေရေစိုနေတာ သုတ်ပေးလို့ရောရမလား??"

Changmin နောက်တမျိုးထပ်စမ်းခိုင်းကြည့်ပြန်တယ်...။ Jaejoong လှမ်းလက်စခြေလှမ်းတွေ ရပ်သွားပြီး နောက်သို့ပြန်လှည့်လာကာ Changmin လက်ထဲကတဘက်ကို လှမ်းယူလိုက်တော့ Changmin ကပဲအလိုက်သိစွာ ကုတင်ပေါ်သွားထိုင်လိုက်တယ်...။ သူ့အရပ်အရှည်ကြီးကို Jaejoong မှမမှီတာကို...။

Jaejoong ခေါင်းသုတ်ပေးတာကို ငြိမ်ခံနေရင်း Changmin သဘောကျစွာပြုံးနေမိသည်....။ ခိုင်းတာတော့လုပ်ပေးပါရဲ့... စကားတော့ပြန်မပြောတာအခက်သား...။ သူ့ပါးစပ်ကနေ Oppa လို့ခေါ်တာလေးကို ပြန်တော့လိုချင်မိသားပဲ....။

Changmin ဆံပင်တွေခြောက်သွားတော့ Jaejoong သူ့အလုပ်ပြီးပြီမို့ တဘက်ကိုကုတင်ပေါ်ပစ်တင်ကာ လှည့်ထွက်သွားဖို့အလုပ် Changmin က လက်တဖက်ကို လှမ်းဆွဲထားလိုက်တယ်....။

You're My Everything {Completed}Where stories live. Discover now