Episode 15

2.4K 182 15
                                    

(Zawgyi)

"ဒီတခေါက် Marketing ဌာနကနေ ကုန်ပစ္စည်းအသစ်အတွက် အကြံပြုချက် တင်သွင်းရမယ် အဲဒီ့ပစ္စည်းကဈေးအသင့်အတင့်နဲ့ ဈေးကွက်မှာကျယ်ကျယ်ပြန့်ပြန့် ရောင်းချနိုင်ရမယ်"

Meeting မှာ မန်နေဂျာရှင်းပြနေတာကို ၀န်ထမ်းအားလုံးတိတ်ဆိတ်စွာ နားထောင်နေကြသည်....။

"လူတိုင်းကိုယ့်ထင်မြင်ချက်ကို အဆိုပြုလို့ရပါတယ် ပြီးမှ CEO က သင့်တော်မယ့်ကုန်ပစ္စည်းကို ဈေးကွက်မှာဖြန့်မှာဖြစ်ပါတယ် အရွေးချယ်ခံရတဲ့ ကုန်ပစ္စည်းအဆိုပြုနိုင်သူကို ရောင်းရသမျှရဲ့ 10%ကို ပေးမှာပါ"

10% ဆိုသောစကားကြောင့် ၀န်ထမ်းအားလုံး ကျွတ်စီကျွတ်စီဖြစ်သွားကြသည်...။ ဟုတ်တယ်လေ ရောင်းအားကောင်းရင်ကောင်းသလို သူတို့လဲအကျိုးအမြတ်ခံစားရမှာကို....။

Changmin ကတော့ လက်၂ဖက်ပိုက်ကာ ထိုင်ခုံကိုခပ်လျှောလျှောမှီထိုင်နေရင်း အစည်းအဝေးကို စိတ်မပါပဲ နားထောင်နေသည်...။ Yunho မှာလဲ စာရွက်ပေါင်းစုံနဲ့ Changmin ဘေးမှာ အလုပ်ရှုပ်နေလေရဲ့...။

အခုဆို Yunho က Changmin ရဲ့လက်ထောက်လို ဖြစ်နေတာ...။ အလုပ်လုပ်ရင်လဲ Changmin ရဲ့ရုံးခန်းထဲမှာပဲ ၀င်လုပ်ရတာ... Changmin ဘယ်သွားသွားနောက်ကနေ တကောက်ကောက်လိုက်ရင်း အရင်ကထက်လဲ ပိုရင်းနှီးလာတယ်လေ...။

"အချိန်တပါတ်ပေးပါ့မယ် နောက်တပါတ်အစည်းအဝေးမှာ အဆိုပြုချက်တွေကို တင်ပြကြပါ ဒီနေ့အစည်းအဝေးကတော့ ဒီလောက်ပါပဲ"

အစည်းအဝေးပြီးပြီဆိုတော့ အားလုံးစာရွက်စာတန်းတွေ ကိုယ်စီသိမ်းကာ ထဖို့ပြင်နေစဉ် မန်နေဂျာက ပြန်လှည့်လာပြီး...

"Jung Yunho လဲ အဆိုပြုချက်ကို CEO ဆီမှာ တင်လို့ရပါတယ်"

"Nae??? ကျွန်တော်ရောလား???"

Yunho အံ့ဩသွားတာတော့အမှန်ပင်...။ သူလိုအလုပ်သင်ဝန်ထမ်းကရော အခုလိုတခြား ၀န်ထမ်းတွေနဲ့အတူ အဆိုတင်သွင်းခွင့်ရမယ်လို့ ထင်မှမထားတာ....။

"ဟုတ်တယ် CEO ကိုယ်တိုင်ပြောတာ... ကြိုးစားကြည့်ပေါ့ Changmin ကတော့ စိတ်မ၀င်စားဘူးထင်တယ်"

You're My Everything {Completed}Where stories live. Discover now