ဝုန်းး
"ဘာလုပ်မလို့လဲ Sehun..."
ဒူးထောက်ထိုင်ချနေရင်းမှ ဝုန်းကနဲမတ်တပ်ထ
ရပ်လိုက်ရင်း တဲနန်းထဲမှထွက်ရန်ပြင်တော့
Baekhyunမင်းသားက ပခုံးတဖက်ကို လှမ်းကိုင်
ကာတားသည်။
စစ်သူကြီးOhဟုမခေါ်တော့ပဲနာမည်ရင်းကောက်
ခေါ်လိုက်သည်ကိုလဲ Sehunဂရုမစိုက်နိုင်။
သူသိတာကLuhan ဘယ်ရောက်နေလဲ???
Hua ဘယ်ရောက်သွားလဲ???
"မင်းသား လွှတ်ပါ ကျနော်မျိုး သွားရှာရမယ်
သွားရှာမှဖြစ်မယ်"
"မသွားရဘူး မင်း ပြဿနာကိုပိုကြီးအောင်
မလုပ်ပါနဲ့"
ပခုံးပေါ်တင်ထားသည့်Baekhyunမင်းသား၏
လက်ကိုဆွဲခါပစ်လိုက်သည့်အခါ ရှေ့မှပိတ်ရပ်ရင်းတားပြန်သည်။
"မင်းသား Luပျောက်နေတာဗျ Hua ကျနော့် Hua မရှိတော့တာ"
"စိတ်အေးအေးထားစမ်း Sehun"
ပခုံးနှစ်ဖက်ကို ချုပ်ကိုင်ကာ ဆွဲရမ်းပစ်လိုက်
သော်လည်း Sehun ရုန်းကန်နေသေးသည်။
နီရဲနေသောမျက်လုံးများနှင့်တင်းခံနေသော
မျက်ရည်များကိုမြင်တော့ Baekhyunမင်းသား
ထိတ်လန့်သွားမိသည်။
"ကျနော်မျိုးကိုလွှတ်ပေးးးး"
"တော်တော့ စစ်သူကြီးOh"
တဲနန်းတွင်းသို့ ဝင်လာသော အိမ်ရှေ့စံကိုယ် တော် ၊ Jong Daeမင်းသားနှင့် Sehunမျက်လုံးထဲဝေဝေဝါးဝါးတွေ့လိုက်ရတာက Chanyeol Hyung Nim
"အိမ်ရှေ့စံ Lu …… Luပျောက်နေတယ်"
"ကိုယ်တော်တို့သိပြီးပြီ မင်းစိတ်ငြိမ်ငြိမ်ထားရင်
ကောင်းမယ်"
Sehun အလွန်အမင်း အံ့သြသွားရသည်။
တိုင်းပြည်၏ဘုရင်ငယ်တပါး ပျောက်နေသော
ကိစ္စ၊ရန်သူ့နယ်မြေ စစ်မြေပြင် တွင်းမှာဖြစ်ပျက်
သွားသော ကိစ္စ၊ဒါကို စိတ်အေးနေကြသလား??
ကိုယ့်ညီနောင် ရန်သူ အဖမ်းခံရသလား ဘာလား မသိသည်ကို စိတ်မပူဘူးတဲ့လား???
Sehunကတော့ မရပါ။ စိတ်ငြိမ်အောင်လဲမစွမ်း
နိုင်တော့ပါ ။ သူ့ရဲ့ အရှင် သူ့ရဲ့ပန်းကလေး
" ကျနော်မျိုး အခုသွားရှာမယ်"
"ရပ်လိုက်စမ်း စစ်သူကြီး Oh Sehun "
အိမ်ရှေ့စံစကားကိုသွေဖီကာ Sehun ရှေ့ဆက်
တိုးသည်။ သို့ပေမဲ့ Chanyeolက လမ်းပိတ်ကာ
တားပြန်သည်။
"ဖယ်စမ်း PARK CHANYEOL ဒါအမိန့်"
"မင်းသား………"
တုန်ခါသွားသည့်သူငယ်အိမ်နှင့်အတူChanyeol
နှုတ်ခမ်းတွေကမယုံကြည်နိုင်သည့်သဖွယ် ပွင့်ဟသွားခဲ့ကြသည်။
Sehun မျက်စိတင်းတင်းမှိတ်ပစ်လိုက်ရင်း
"တောင်းပန်ပါတယ် Hyung"
~~ဝုန်းးး
"အိမ်ရှေ့စံ………"
Chanyeol၏အလောတကြီးအော်လိုက်သံ
တဲနန်းအပြင်သို့ပင် လျှံထွက်ကျလာသည်။
အိမ်ရှေ့စံ Yi Xingသည် အပြင်သို့ထွက်သွားတော့မည်ပြင်နေသော Sehunကို နောက်ဘက်ကနေပခုံးကိုလှမ်းဆွဲကာ အားနှင့်တွန်းပစ်လိုက်ခြင်းဖြစ်သည်။ နဂိုတည်းမှခြေမခိုင်ချင်သည့် Sehun သည် နောက်သို့လှန်ကျကာစားပွဲတလုံးနှင့်ကျောဆောင့်မိသွားတော့သည်။
"ကိုယ်တော်ပြောတာနားထောင်ပါ စစ်သူကြီး
ဟင့်အင်းး……Sehun ညီတော်"
ကျောဘက်ဆီကနာကျင်မှုကြောင့်လားမသိ
ပေမဲ့ တာဆူနေသည့်မျက်ရည်တွေSehunပါးကို
ဖြတ်စီးလာသည်။
ရှေ့တည့်တည့်တွင်ဒူးထောက်ကာ ထိုင်ချလိုက်
သော အိမ်ရှေ့စံကို မော့မကြည့်မိ။
"Luhanပျောက်သွားတာ သိရင် Wang Jinက
ငြိမ်ခံနေမလား အခွင့်ကောင်းယူပြီးချက်ချင်း
စစ်ထွက်ဖို့ပြောလိမ့်မယ် Luhanလိုချင်တာက
ငြိမ်းချမ်းရေး ……… စစ်မက်မဟုတ်ဘူး Sehun"
အိမ်ရှေ့စံပြောနေသည်များနားထဲမှာစွဲနေဖို့ကို
ပင် Sehunတော်တော်ကြိုးစားနေရသည်။
ခုသူ့နားထဲကြားယောင်နေမိတာ Luhanစကားသံ Luhanခေါ်သံတွေကိုပင်။
"Wang Jinသိသွားလို့ စစ်ထွက်ဖြစ်ရင် စစ်ဖြစ်တာကိုအခွင့်ကောင်းယူပြီး Luhanကို
သူ သတ်ပစ်နိုင်တယ်"
"ဘယ်………ဘယ်လို ဘုရင်ငယ်လေ Luက
ဘုရင်ငယ်တပါးလေ"
"Wang Jinမင်းသားအတွက်တော့ အနှောင့် အယှက်ပင်မပိုဘူး"
Sehun၏အလျှင်အမြန်မေးလိုက်သံကို Baekhyunမင်းသားကထောက်ပြဖြေဆိုသည်။
အိမ်ရှေ့စံကိုယ်တော်က Sehunကိုကြည့်သည်
ထို့နောက်Baekhyunမင်းသား၊ထို့နောက်
Jong Daeမင်းသားနှင့်Chanyeolတို့ကိုကြည့် သည်။
"ကိုယ်တော်တို့ဒီကိစ္စကို လျှို့ဝှက်လုပ်ဆောင်
မှရမယ်"
*******D*R*E*A*M*******
အသိစိတ်ပြန်ဝင်လာသည့်အခါ မြင်မြင်သမျှအရာအားလုံးအမှောင်ကျလျက်
လက်နှစ်ဖက်ကို ချုပ်ထားသည့် သံကြိုးများအား
ရုန်းကန်ကြည့်တော့မှပင် သိသည်။
သူ ညက တိုက်ခိုက်ခံခဲ့ရသည်။
သူ့အားလျှော့တွက်လာခဲ့သော တဖက်လူ အင် အား သည် ၅ယောက်မျှသာအသာလေးနိုင် နိုင်သော်လည်း
"မသေစေနဲ့"ဆိုသောတဖက်အဖွဲ့ခေါင်းဆောင်
၏အမိန့်အဆုံးမှာသူအညံ့ခံဖို့ဆုံးဖြတ်လိုက်သည်။
တဖက်ခေါင်းဆောင်သည် သတ်ဖြတ်မှုကို
မလိုလားသည်မှာ သေချာသလောက်ရှိသည်မို့
သို့သော် ခုသတိရလာချိန်ထိတော့ မည်သူတဦး
တယောက် အရိပ်အယောင်ကိုမှ မတွေ့ရသေး။
Luhan လက်နှစ်ဖက်လုံးကိုချုပ်ထားသည့် သံကြိုးအားဆောင့်ရုန်းနေသဖြင့် ဆူညံသံများ
သည် အတုန်းအရုန်းထွက်ပေါ်လာသည်။
Luhanရည်ရွယ်တာက တယောက်ယောက် သူ့ကိုလာကြည့်ဖို့။
ရည်ရွယ်ချက်အောင်မြင်ခဲ့သည်။
"မင်း သတိရလာပြီလား "
Luhanကြားခဲ့ရသော တဖက်အဖွဲ့၏ ခေါင်း ဆောင် အသံ။ သူရောက်လာပြီ။
သို့သော် ပိန်းပိန်းမှောင်နေသောအခန်းတွင်
ထိုသူ၏မျက်နှာကိုLuhanမမြင်ရ။
"မင်းကိုဘာလို့ ဖမ်းခေါ်လာလဲ သိမယ်ထင်တယ် ဘုရင်ငယ်Hua"
"ငါမသိဘူး ဒါပေမဲ့ ဆွေးနွေးမှုကို ငါလိုလားတယ် စစ်မဖြစ်ချင်ဘူး"
"ဆွေးနွေးမှု…………စစ်တပ်အင်အားသိန်းချီကို
ဦးဆောင်လာတဲ့သူက ဆွေးနွေးမှုကို လိုလားသတဲ့လား"
သာမန်အချိန်နားထောင်လျှင် ချိုသာနေမည့် ထိုသူ့အသံသည် ယခုတွင် Luhanအားခနဲ့သံဖြင့် ခက်ထန်မာကျောနေသည်။
"မင်းတို့ဖက်က အရင်စစ်အင်အားပြခဲ့တယ်လို့
ငါသိထားတာ"
"ဒီမှာ………"
လင်းကနဲဖြစ်သွားသော အခန်းက မီးထွန်းလိုက်
မှန်းသိသာသည်။ မီးတုတ်ကိုကိုင်ထားသည့်
ထိုသူက Luhanအ နားဒူးထောက်ထိုင်ကာ
သဝဏ်လွှာတခုကို ဖြန့်ပြသည်။
"ဒါ……ဒါက"
"ဟုတ်တယ် ဘုရင်ငယ်ရဲ့တံဆိပ်တုံး ဘုရင်ငယ်
အမိန့်နဲ့ ကျုပ်တို့ပြည်နယ်ကို အခွန်၃ဆတိုး ကောက်ခံတဲ့ကိစ္စ"
Luhanမလုပ်ပါဘူး ငြင်းရအောင်လဲ သူ့အမှတ်တံဆိပ်က သဝဏ်လွှာပေါ်ဝယ်အထင်းသားရှိနေပြန်သေးသည်။
"ဒီကိစ္စကြောင့် ပုန်ကန်တာလား "
"ကျုပ်တို့ပုန်ကန်တာမဟုတ်ဘူး တရားမျှတမှု
ကိုလိုချင်ရုံသပ်သပ်ပဲ။ စစ်ဖြစ်လို့လဲ ကျုပ်တို့အတွက်ကောင်းတာတခုမှမရှိဘူး"
"ငါ့ကိုဖမ်းလာတာ အပေးအယူလုပ်ဖို့ပေါ့"
ထိုသူရယ်ပြီး ထသွားသည်…… မလှမ်းမကမ်း
က တိုင်တခုမှာမီးတိုင်ကိုစိုက်ပြီး Luhanကိုလှည့်
ကြည့်ချိန် မီးအလင်းရောင်ကြောင့် သူ့မျက်နှာကို
ကောင်းစွာမြင်လိုက်ရသည်။
"မဆိုးဘူး ကြားထားတဲ့သတင်းတွေအတိုင်း
သိပ်ကို ထက်မြက်သားပဲ Hua"
မှောင်နေသဖြင့်သာ Luhan မသိခဲ့ခြင်းဖြစ်ပြီးအခု Luhanရောက်နေသည့် နေရာသည်အချုပ် ခန်းလို နေရာမျိုးပတ်ပတ်လည် အုတ်များဖြင့် ကာထားလေသည်။
Luhan လှည့်လည်ကြည့်နေစဉ်မှာပင် ထိုသူက Luhanအနားတဖန်ပြန်ရောက်လာပြီးသံကြိုးများဖြည််ပေးသည်။
"သူရဲဘောကြောင်ပြီး ထွက်မပြေးဘူးလို့ ငါယုံကြည်တယ် မနက်ဖြန်ကျရင် မင်းကိုဖမ်းထားကြောင်းမင်းစစ်တပ်ကိိုအကြောင်းကြားမှာပါ မင်းလက်ရေးမူနဲ့အပေးအယူလုပ်ကြတာပေါ့ စစ်ကိုမလိုဘူးလို့မင်းပြောခဲ့တယ်နော် ကတိတည်ပါစေ"
Luhanလက်ကိုတင်းကျပ်စွာ ချုပ်နှောင်ထားခဲ့
သော သံကြိုးများပြေကျသွားခိုက် ထိုသူအပြင်
ပြန်ထွက်ဖို့ပြင်သည်
"နေဦး……မင်းဘယ်သူလဲ"
"............ ရှန်းရှီ နယ်စားရဲ့သားတော်
Kim Jun Myeon"
"Kim…Jun…Myeon"
ရှားပါးသောနာမည်စုကို Luhanခပ်တိုးတိုးရွတ်
ဆိုမိစဉ် အချုပ်ခန်းတံခါးပြန်ပိတ်သွားခဲ့လေသည်။
*******D*R*E*A*M*******
မှောင်ရိပ်ခိုပြီး လူတစ်စုလှုပ်ရှားနေသည်။
သစ်ပင်တပင်မှတပင်အကူး အကာအကွယ်ယူကာ သွားလာနေသူ စုစုပေါင်း
လေးယောက်……
"ရှူးးးးး……"
ရှေ့ဆုံးမှလူဟန့်တားလိုက်သည့်အခါ အားလုံး
ဒူးထောက်ထိုင်ချပြီး အခြေအနေကိုစောင့်ကြည့်
လိုက်သည်။
သူတို့တွေ ရန်သူ့စခန်းထဲသို့ ခြေလှမ်းကျွံခဲ့လေပြီ
သူတို့ဆိုတာက
"အိမ်ရှေ့စံ Huaကိုယ်တော်ကို ဘယ်မှာချုပ်ထားမယ် ထင်လဲ"
"အချူပ်ခန်းပဲရှိတယ် Baekhyun ဟိုမှာတွေ့လား ? သိသိသာသာလူများနေတဲ့အဆောက် အအုံ သူတို့စစ်အင်အားပြပြီးတည်းက Huaကိုဖမ်းဖို့ပြင်ပြီးသား အဲ့ဒါကြောင့် အဲ့အဆောင်ကိုကြိုဆောက်ထားတာ ဖြစ်နိုင်ချေရှိတယ်"
"ကျနော်မျိုး အဲ့အဆောင်ထဲဝင်မယ်"
ထိုအဆောင်ရှိရာသို့မျက်တောင်မခတ်တမ်း
ကြည့်ကာ Sehunပြောတော့ Yi Xingခေါင်းညိမ့်
သည်။
"Sehunရယ် Baekhyunရယ် Chanyeolရယ်
Luhanကိုကယ်ဖို့တာဝန်ယူ ကိုယ်တော် စခန်း
အခြေအနေကို စနည်းနာလိုက်ဦးမယ် သတိထားရမှာ လူမသတ်မိစေနဲ့"
Sehunတို့တတွေ ခေါင်းညိမ့်ပြပြီး အဆောင်
ဆီသို့ချဉ်းကပ်သွားသည်။
ဒီစခန်းကိုရောက်ဖို့ ညနေစောင်းလောက်တည်း
က ထွက်လာခဲ့ရသည်။ မိမိတို့စခန်းမှာတော့
Jong Daeကိုထားခဲ့ပြီး Wang Jinမင်းသား
ကိုစောင့်ကြည့်စေသည်။
အံ့သြဖွယ်ကောင်းသည်က Luhan အမိန့်ပေး
ထားသည့် ရန်သူ့စခန်းကိုစောင့်ကြည့်နေဆို
သည်ကို Wang Jinမင်းသားမလိုက်နာခြင်းပင်။
ဒါကြောင့်လဲ ခုချိန်ထိLuhanအဖမ်းခံရတာ
သူမသိသေး။
"အာ့………"
"ဘယ်သူလဲ....."
အဆောင်အပြင်ဘက်တံခါးမှာ လူလေးယောက်ရှိသည်။
Chanyeolနှင့်Baekhyunနှစ်ယောက်စီ လှဲသိပ်ပြီးသောအခါ Chanyeolကအပြင်တံခါးမှာ စောင့်နေခဲ့ပြီးSehunနှင့်Baekhyunအထဲသို့ဝင်လာလိုက်သည်။
အထဲရောက်သော်လည်း ရှည်လျားသည့် လှေကားထစ်များက ဆီးကြိုနေပြန်သည်။
လှေကားများအဆုံးမှာ မှိန်ပျပျမီးအလင်းရောင်
တွေ့သည်။
Sehunနှင့်Baekhyunတယောက်မျက်နှာ
တယောက် ကြည့်ပြီးခေါင်းဆတ်ပြလျက်
တဟုတ်ထိုးပြေးဆင်းသွားလိုက်သည်။
"ဟာ……မင်းတို့ဘယ်သူတွေလဲ"
ရုတ်ရုတ်သဲသဲဖြစ်သွားသော လူ၆ယောက်ခန့် သည်ဓားများဖြင့် ပြေးဝင်လာသဖြင့် Sehun ဓားအိမ်မှဓားကိုအနည်းငယ် မျှသာ ထုတ်လိုက်ရင်း ကာလိုက်သည်။
Baekhyunဖက်ကိုယုံကြည်သည်မို့ မိမိထံပြေး
ဝင်လာသည့် လူသုံးယောက်ကိုသာ အာရုံထား
ရင်း တိုက်ခိုက်မိသည်။
ဓားအိမ်နှင့်ရိုက်ချလိုက်သဖြင့် ဓားလွတ်ကျသွား
သောသူသည် လက်ချည်းသက်သက်Sehunကို
တိုက်ခိုက်သည်။ လျှင်မြန်စွာရှောင်လိုက်ပြီး
လည်စောင်းကိုရိုက်ချပစ်လိုက်တော့ မေ့မျော
သွားသည်။
အစောင့်သက်သက်သာဖြစ်ဟန်တူသော ထိုသူ
များသည် Baekhyunတို့Sehunတို့တိုက်ခိုက်မှု
များကိုမခံနိုင်ပဲ အချိန်တိုလေးအတွင်းမှာ ကျကုန်သည်။
"Sehun ရော့ ဒီမှာ သော့..."
Baekhyunလှမ်းပစ်ပေးသော သော့ကို လှမ်းယူရင်း အနောက်ဘက်သို့ဆက်ထားသည့်လမ်းကြားထဲသို့ ပြေးဝင်လိုက်သည်။
Baekhyunမင်းသားက ခံနိုင်ရည်ရှိစွာပြန်ထ လာသည့် သူတွေကိုတိုက်ခိုက်နေဆဲ………
Sehunပြေးနေရင်းမှ လမ်းဆုံးသွားသည့်အခါ အချုပ်ခန်းတခုကို သွားတွေ့သည်။
စိုက်ထားသောမီးတုတ်အလင်းရောင်ကြောင့် ရှင်းရှင်းလင်းလင်းမြင်လိုက်ရတာ ဒူးကိုလက်နှစ်ဖက်ဖြင့်ပိုက်ရင်းထိုင်နေသည့် ချစ်ရသူ။
"Lu~~•"
"မင်းသားလေး………"
ဆတ်ကနဲမော့ကြည့်လာသည့် မျက်ဝန်းများက
ရွှန်းလဲ့လို့နေ၏။
Sehun သော့မြန်မြန်ဖွင့်ပြီး အချုပ်ခန်းထဲသို့ဝင်
ကာထွေးပွေ့ပစ်လိုက်တော့ကောင်သေးသေး
လေးသည် ရုန်းကန်ခြင်းအလျင်းမရှိပဲပါလာသည်။
"ကိုယ်စိုးရိမ်လွန်းလို့ ရူးမတတ်ပဲ စိတ်ပူလွန်းလို့
သေမတတ်ပဲ ကျေးဇူးပါLuရယ် ဒီအတိုင်းလေး
ရှိနေပေးလို့ ကျေးဇူးပါ"
Luhanလက်တွေက ပြန်သိုင်းဖက်လာပြီး ကျောပြင်ကိုခပ်ဖွဖွပုတ်ပေးသောအခါ Sehunပင့် သက်ရှိုက်လျက် Luhanဆံနွယ်များကို နမ်း
ရှိုက်မိခဲ့သည်။
ကိုယ်လေးတချက်တုန်သွားရုံကလွဲ ထိုလူသားလေးသည် ငြိမ်ငြိမ်လေးနေခဲ့ပါသည်။
"ကိုယ်တို့သွားကြရအောင် Lu...."
ပွေ့ဖက်ထားရာမှ ခွာကာ ပါးလေးကိုအုပ်ကိုင်
လိုက်သည်။
ချုပ်နှောင်မထားသည့် Luhanလက်များကိုကြည့်ရင်း Sehunအံ့သြမိသော်လည်း တွေဝေနေချိန်မရပဲ Luhanလက်ကို ဆွဲကိုင်လိုက်သည်။
"Luမသွားဘူး မင်းသားလေး"
"ဘယ်လို……Lu"
ဆုပ်ကိုင်ထားသည့်Sehunလက်ကို ပြန်လည်အုပ်ကိုင်ရင်း ဆိုလေသောသူ
"Lu ကိုယ်တိုင်ဖြေရှင်းရမဲ့ပြဿနာတွေ ဒီမှာ
ရှိတယ်"
"ကိုယ်တို့အတူတူ ဖြေရှင်းလို့ရတယ်လေ"
"ဟင့်အင်း……"
ခေါင်းခါယမ်းရင်း Luhan ငြင်းဆိုသည်။
ထို့နောက် ရင်ဘတ်နားဆီမှ ဝတ်ရုံစကို အသာ
လှပ်ရင်း တခုခုကိုယူလိုက်သည်။ထွက်လာတာက ငွေမှင်ရောင် လက်ဖဝါးသာသာဓားတိုလေးတချောင်း
"ဒါလေးက မင်းသားလေးအတွက် ရည်ရွယ်ပြီး
လုပ်ထားတာ မထင်မှတ်ပဲဒီမှာပေးဖြစ်သွားတယ်
ယူပြီး ပြန်ပါနော်"
"Lu~~•မင်းး ကိုယ့်ကို.."
"မင်းသားလေး Luကိုယုံတယ်မလား Lu
လုပ်နိုင်ပါတယ်"
ဓားကိုSehunလက်ထဲထည့်ပေးရင်း Sehun မျက်လုံးတွေကိုတည့်တည့်ကြည့်ကာ
ပြောပြန်သည်။
ကိုယ် မင်းကို ယုံတာပေါ့
ဒါပေမဲ့ ကိုယ် ဘယ်လိုလုပ် မင်းကိုထားခဲ့ရက်နိုင်
မှာလဲ???ရန်သူ့အလယ်မှာလေ
ငြိမ်ကျသွားသောSehunကိုပြုံးကြည့်ရင်း Luhan ဒူးထောက်လျက် ကိုယ်ကိုအနည်းငယ်ကြွလိုက်သည်။
နွေးထွေးသွားသော နဖူးပြင်ထက်မှ အထိအတွေ့
သည် Sehunနှလုံးသား၏အောက်ခြေသို့တိုင်
လာရိုက်ခတ်သည်။
"ကျနော်မျိုး ကိုစောင့်နေနော်"
To Be ConTinued……………
ဝုန္းး
"ဘာလုပ္မလို႔လဲ Sehun..."
ဒူးေထာက္ထိုင္ခ်ေနရင္းမွ ဝုန္းကနဲမတ္တပ္ထ
ရပ္လိုက္ရင္း တဲနန္းထဲမွထြက္ရန္ျပင္ေတာ့
Baekhyunမင္းသားက ပခုံးတဖက္ကို လွမ္းကိုင္
ကာတားသည္။
စစ္သူႀကီးOhဟုမေခၚေတာ့ပဲနာမည္ရင္းေကာက္
ေခၚလိုက္သည္ကိုလဲ Sehunဂ႐ုမစိုက္နိုင္။
သူသိတာကLuhan ဘယ္ေရာက္ေနလဲ???
Hua ဘယ္ေရာက္သြားလဲ???
"မင္းသား လႊတ္ပါ က်ေနာ္မ်ိဳး သြားရွာရမယ္
သြားရွာမွျဖစ္မယ္"
"မသြားရဘူး မင္း ျပႆနာကိုပိုႀကီးေအာင္
မလုပ္ပါနဲ႕"
ပခုံးေပၚတင္ထားသည့္Baekhyunမင္းသား၏
လက္ကိုဆြဲခါပစ္လိုက္သည့္အခါ ေရွ႕မွပိတ္ရပ္ရင္းတားျပန္သည္။
"မင္းသား Luေပ်ာက္ေနတာဗ် Hua က်ေနာ့္ Hua မရွိေတာ့တာ"
"စိတ္ေအးေအးထားစမ္း Sehun"
ပခုံးႏွစ္ဖက္ကို ခ်ဳပ္ကိုင္ကာ ဆြဲရမ္းပစ္လိုက္
ေသာ္လည္း Sehun ႐ုန္းကန္ေနေသးသည္။
နီရဲေနေသာမ်က္လုံးမ်ားႏွင့္တင္းခံေနေသာ
မ်က္ရည္မ်ားကိုျမင္ေတာ့ Baekhyunမင္းသား
ထိတ္လန႔္သြားမိသည္။
"က်ေနာ္မ်ိဳးကိုလႊတ္ေပးးးး"
"ေတာ္ေတာ့ စစ္သူႀကီးOh"
တဲနန္းတြင္းသို႔ ဝင္လာေသာ အိမ္ေရွ႕စံကိုယ္ ေတာ္ ၊ Jong Daeမင္းသားႏွင့္ Sehunမ်က္လုံးထဲေဝေဝဝါးဝါးေတြ႕လိုက္ရတာက Chanyeol Hyung Nim
"အိမ္ေရွ႕စံ Lu …… Luေပ်ာက္ေနတယ္"
"ကိုယ္ေတာ္တို႔သိၿပီးၿပီ မင္းစိတ္ၿငိမ္ၿငိမ္ထားရင္
ေကာင္းမယ္"
Sehun အလြန္အမင္း အံ့ၾသသြားရသည္။
တိုင္းျပည္၏ဘုရင္ငယ္တပါး ေပ်ာက္ေနေသာ
ကိစၥ၊ရန္သူ႕နယ္ေျမ စစ္ေျမျပင္ တြင္းမွာျဖစ္ပ်က္
သြားေသာ ကိစၥ၊ဒါကို စိတ္ေအးေနၾကသလား??
ကိုယ့္ညီေနာင္ ရန္သူ အဖမ္းခံရသလား ဘာလား မသိသည္ကို စိတ္မပူဘူးတဲ့လား???
Sehunကေတာ့ မရပါ။ စိတ္ၿငိမ္ေအာင္လဲမစြမ္း
နိုင္ေတာ့ပါ ။ သူ႕ရဲ႕ အရွင္ သူ႕ရဲ႕ပန္းကေလး
" က်ေနာ္မ်ိဳး အခုသြားရွာမယ္"
"ရပ္လိုက္စမ္း စစ္သူႀကီး Oh Sehun "
အိမ္ေရွ႕စံစကားကိုေသြဖီကာ Sehun ေရွ႕ဆက္
တိုးသည္။ သို႔ေပမဲ့ Chanyeolက လမ္းပိတ္ကာ
တားျပန္သည္။
"ဖယ္စမ္း PARK CHANYEOL ဒါအမိန႔္"
"မင္းသား………"
တုန္ခါသြားသည့္သူငယ္အိမ္ႏွင့္အတူChanyeol
ႏႈတ္ခမ္းေတြကမယုံၾကည္နိုင္သည့္သဖြယ္ ပြင့္ဟသြားခဲ့ၾကသည္။
Sehun မ်က္စိတင္းတင္းမွိတ္ပစ္လိုက္ရင္း
"ေတာင္းပန္ပါတယ္ Hyung"
~~ဝုန္းးး
"အိမ္ေရွ႕စံ………"
Chanyeol၏အေလာတႀကီးေအာ္လိုက္သံ
တဲနန္းအျပင္သို႔ပင္ လွ်ံထြက္က်လာသည္။
အိမ္ေရွ႕စံ Yi Xingသည္ အျပင္သို႔ထြက္သြားေတာ့မည္ျပင္ေနေသာ Sehunကို ေနာက္ဘက္ကေနပခုံးကိုလွမ္းဆြဲကာ အားႏွင့္တြန္းပစ္လိုက္ျခင္းျဖစ္သည္။ နဂိုတည္းမွေျခမခိုင္ခ်င္သည့္ Sehun သည္ ေနာက္သို႔လွန္က်ကာစားပြဲတလုံးႏွင့္ေက်ာေဆာင့္မိသြားေတာ့သည္။
"ကိုယ္ေတာ္ေျပာတာနားေထာင္ပါ စစ္သူႀကီး
ဟင့္အင္းး……Sehun ညီေတာ္"
ေက်ာဘက္ဆီကနာက်င္မႈေၾကာင့္လားမသိ
ေပမဲ့ တာဆူေနသည့္မ်က္ရည္ေတြSehunပါးကို
ျဖတ္စီးလာသည္။
ေရွ႕တည့္တည့္တြင္ဒူးေထာက္ကာ ထိုင္ခ်လိဳက္
ေသာ အိမ္ေရွ႕စံကို ေမာ့မၾကည့္မိ။
"Luhanေပ်ာက္သြားတာ သိရင္ Wang Jinက
ၿငိမ္ခံေနမလား အခြင့္ေကာင္းယူၿပီးခ်က္ခ်င္း
စစ္ထြက္ဖို႔ေျပာလိမ့္မယ္ Luhanလိုခ်င္တာက
ၿငိမ္းခ်မ္းေရး ……… စစ္မက္မဟုတ္ဘူး Sehun"
အိမ္ေရွ႕စံေျပာေနသည္မ်ားနားထဲမွာစြဲေနဖို႔ကို
ပင္ Sehunေတာ္ေတာ္ႀကိဳးစားေနရသည္။
ခုသူ႕နားထဲၾကားေယာင္ေနမိတာ Luhanစကားသံ Luhanေခၚသံေတြကိုပင္။
"Wang Jinသိသြားလို႔ စစ္ထြက္ျဖစ္ရင္ စစ္ျဖစ္တာကိုအခြင့္ေကာင္းယူၿပီး Luhanကို
သူ သတ္ပစ္နိုင္တယ္"
"ဘယ္………ဘယ္လို ဘုရင္ငယ္ေလ Luက
ဘုရင္ငယ္တပါးေလ"
"Wang Jinမင္းသားအတြက္ေတာ့ အေႏွာင့္ အယွက္ပင္မပိုဘူး"
Sehun၏အလွ်င္အျမန္ေမးလိုက္သံကို Baekhyunမင္းသားကေထာက္ျပေျဖဆိုသည္။
အိမ္ေရွ႕စံကိုယ္ေတာ္က Sehunကိုၾကည့္သည္
ထို႔ေနာက္Baekhyunမင္းသား၊ထို႔ေနာက္
Jong Daeမင္းသားႏွင့္Chanyeolတို႔ကိုၾကည့္ သည္။
"ကိုယ္ေတာ္တို႔ဒီကိစၥကို လွ်ို႔ဝွက္လုပ္ေဆာင္
မွရမယ္"
*******D*R*E*A*M*******
အသိစိတ္ျပန္ဝင္လာသည့္အခါ ျမင္ျမင္သမွ်အရာအားလုံးအေမွာင္က်လ်က္
လက္ႏွစ္ဖက္ကို ခ်ဳပ္ထားသည့္ သံႀကိဳးမ်ားအား
႐ုန္းကန္ၾကည့္ေတာ့မွပင္ သိသည္။
သူ ညက တိုက္ခိုက္ခံခဲ့ရသည္။
သူ႕အားေလွ်ာ့တြက္လာခဲ့ေသာ တဖက္လူ အင္ အား သည္ ၅ေယာက္မွ်သာအသာေလးနိုင္ နိုင္ေသာ္လည္း
"မေသေစနဲ႕"ဆိုေသာတဖက္အဖြဲ႕ေခါင္းေဆာင္
၏အမိန႔္အဆုံးမွာသူအညံ့ခံဖို႔ဆုံးျဖတ္လိုက္သည္။
တဖက္ေခါင္းေဆာင္သည္ သတ္ျဖတ္မႈကို
မလိုလားသည္မွာ ေသခ်ာသေလာက္ရွိသည္မို႔
သို႔ေသာ္ ခုသတိရလာခ်ိန္ထိေတာ့ မည္သူတဦး
တေယာက္ အရိပ္အေယာင္ကိုမွ မေတြ႕ရေသး။
Luhan လက္ႏွစ္ဖက္လုံးကိုခ်ဳပ္ထားသည့္ သံႀကိဳးအားေဆာင့္႐ုန္းေနသျဖင့္ ဆူညံသံမ်ား
သည္ အတုန္းအ႐ုန္းထြက္ေပၚလာသည္။
Luhanရည္႐ြယ္တာက တေယာက္ေယာက္ သူ႕ကိုလာၾကည့္ဖို႔။
ရည္႐ြယ္ခ်က္ေအာင္ျမင္ခဲ့သည္။
"မင္း သတိရလာၿပီလား "
Luhanၾကားခဲ့ရေသာ တဖက္အဖြဲ႕၏ ေခါင္း ေဆာင္ အသံ။ သူေရာက္လာၿပီ။
သို႔ေသာ္ ပိန္းပိန္းေမွာင္ေနေသာအခန္းတြင္
ထိုသူ၏မ်က္ႏွာကိုLuhanမျမင္ရ။
"မင္းကိုဘာလို႔ ဖမ္းေခၚလာလဲ သိမယ္ထင္တယ္ ဘုရင္ငယ္Hua"
"ငါမသိဘူး ဒါေပမဲ့ ေဆြးေႏြးမႈကို ငါလိုလားတယ္ စစ္မျဖစ္ခ်င္ဘူး"
"ေဆြးေႏြးမႈ…………စစ္တပ္အင္အားသိန္းခ်ီကို
ဦးေဆာင္လာတဲ့သူက ေဆြးေႏြးမႈကို လိုလားသတဲ့လား"
သာမန္အခ်ိန္နားေထာင္လွ်င္ ခ်ိဳသာေနမည့္ ထိုသူ႕အသံသည္ ယခုတြင္ Luhanအားခနဲ႕သံျဖင့္ ခက္ထန္မာေက်ာေနသည္။
"မင္းတို႔ဖက္က အရင္စစ္အင္အားျပခဲ့တယ္လို႔
ငါသိထားတာ"
"ဒီမွာ………"
လင္းကနဲျဖစ္သြားေသာ အခန္းက မီးထြန္းလိုက္
မွန္းသိသာသည္။ မီးတုတ္ကိုကိုင္ထားသည့္
ထိုသူက Luhanအ နားဒူးေထာက္ထိုင္ကာ
သဝဏ္လႊာတခုကို ျဖန႔္ျပသည္။
"ဒါ……ဒါက"
"ဟုတ္တယ္ ဘုရင္ငယ္ရဲ႕တံဆိပ္တုံး ဘုရင္ငယ္
အမိန႔္နဲ႕ က်ဳပ္တို႔ျပည္နယ္ကို အခြန္၃ဆတိုး ေကာက္ခံတဲ့ကိစၥ"
Luhanမလုပ္ပါဘူး ျငင္းရေအာင္လဲ သူ႕အမွတ္တံဆိပ္က သဝဏ္လႊာေပၚဝယ္အထင္းသားရွိေနျပန္ေသးသည္။
"ဒီကိစၥေၾကာင့္ ပုန္ကန္တာလား "
"က်ဳပ္တို႔ပုန္ကန္တာမဟုတ္ဘူး တရားမွ်တမႈ
ကိုလိုခ်င္႐ုံသပ္သပ္ပဲ။ စစ္ျဖစ္လို႔လဲ က်ဳပ္တို႔အတြက္ေကာင္းတာတခုမွမရွိဘူး"
"ငါ့ကိုဖမ္းလာတာ အေပးအယူလုပ္ဖို႔ေပါ့"
ထိုသူရယ္ၿပီး ထသြားသည္…… မလွမ္းမကမ္း
က တိုင္တခုမွာမီးတိုင္ကိုစိုက္ၿပီး Luhanကိုလွည့္
ၾကည့္ခ်ိန္ မီးအလင္းေရာင္ေၾကာင့္ သူ႕မ်က္ႏွာကို
ေကာင္းစြာျမင္လိုက္ရသည္။
"မဆိုးဘူး ၾကားထားတဲ့သတင္းေတြအတိုင္း
သိပ္ကို ထက္ျမက္သားပဲ Hua"
ေမွာင္ေနသျဖင့္သာ Luhan မသိခဲ့ျခင္းျဖစ္ၿပီးအခု Luhanေရာက္ေနသည့္ ေနရာသည္အခ်ဳပ္ ခန္းလို ေနရာမ်ိဳးပတ္ပတ္လည္ အုတ္မ်ားျဖင့္ ကာထားေလသည္။
Luhan လွည့္လည္ၾကည့္ေနစဥ္မွာပင္ ထိုသူက Luhanအနားတဖန္ျပန္ေရာက္လာၿပီးသံႀကိဳးမ်ားျဖည္္ေပးသည္။
"သူရဲေဘာေၾကာင္ၿပီး ထြက္မေျပးဘူးလို႔ ငါယုံၾကည္တယ္ မနက္ျဖန္က်ရင္ မင္းကိုဖမ္းထားေၾကာင္းမင္းစစ္တပ္ကိိုအေၾကာင္းၾကားမွာပါ မင္းလက္ေရးမူနဲ႕အေပးအယူလုပ္ၾကတာေပါ့ စစ္ကိုမလိုဘူးလို႔မင္းေျပာခဲ့တယ္ေနာ္ ကတိတည္ပါေစ"
Luhanလက္ကိုတင္းက်ပ္စြာ ခ်ဳပ္ေႏွာင္ထားခဲ့
ေသာ သံႀကိဳးမ်ားေျပက်သြားခိုက္ ထိုသူအျပင္
ျပန္ထြက္ဖို႔ျပင္သည္
"ေနဦး……မင္းဘယ္သူလဲ"
"............ ရွန္းရွီ နယ္စားရဲ႕သားေတာ္
Kim Jun Myeon"
"Kim…Jun…Myeon"
ရွားပါးေသာနာမည္စုကို Luhanခပ္တိုးတိုး႐ြတ္
ဆိုမိစဥ္ အခ်ဳပ္ခန္းတံခါးျပန္ပိတ္သြားခဲ့ေလသည္။
*******D*R*E*A*M*******
ေမွာင္ရိပ္ခိုၿပီး လူတစ္စုလႈပ္ရွားေနသည္။
သစ္ပင္တပင္မွတပင္အကူး အကာအကြယ္ယူကာ သြားလာေနသူ စုစုေပါင္း
ေလးေယာက္……
"ရႉးးးးး……"
ေရွ႕ဆုံးမွလူဟန႔္တားလိုက္သည့္အခါ အားလုံး
ဒူးေထာက္ထိုင္ခ်ၿပီး အေျခအေနကိုေစာင့္ၾကည့္
လိုက္သည္။
သူတို႔ေတြ ရန္သူ႕စခန္းထဲသို႔ ေျခလွမ္းကြၽံခဲ့ေလၿပီ
သူတို႔ဆိုတာက
"အိမ္ေရွ႕စံ Huaကိုယ္ေတာ္ကို ဘယ္မွာခ်ဳပ္ထားမယ္ ထင္လဲ"
"အခ်ဴပ္ခန္းပဲရွိတယ္ Baekhyun ဟိုမွာေတြ႕လား ? သိသိသာသာလူမ်ားေနတဲ့အေဆာက္ အအုံ သူတို႔စစ္အင္အားျပၿပီးတည္းက Huaကိုဖမ္းဖို႔ျပင္ၿပီးသား အဲ့ဒါေၾကာင့္ အဲ့အေဆာင္ကိုႀကိဳေဆာက္ထားတာ ျဖစ္နိုင္ေခ်ရွိတယ္"
"က်ေနာ္မ်ိဳး အဲ့အေဆာင္ထဲဝင္မယ္"
ထိုအေဆာင္ရွိရာသို႔မ်က္ေတာင္မခတ္တမ္း
ၾကည့္ကာ Sehunေျပာေတာ့ Yi Xingေခါင္းညိမ့္
သည္။
"Sehunရယ္ Baekhyunရယ္ Chanyeolရယ္
Luhanကိုကယ္ဖို႔တာဝန္ယူ ကိုယ္ေတာ္ စခန္း
အေျခအေနကို စနည္းနာလိုက္ဦးမယ္ သတိထားရမွာ လူမသတ္မိေစနဲ႕"
Sehunတို႔တေတြ ေခါင္းညိမ့္ျပၿပီး အေဆာင္
ဆီသို႔ခ်ဥ္းကပ္သြားသည္။
ဒီစခန္းကိုေရာက္ဖို႔ ညေနေစာင္းေလာက္တည္း
က ထြက္လာခဲ့ရသည္။ မိမိတို႔စခန္းမွာေတာ့
Jong Daeကိုထားခဲ့ၿပီး Wang Jinမင္းသား
ကိုေစာင့္ၾကည့္ေစသည္။
အံ့ၾသဖြယ္ေကာင္းသည္က Luhan အမိန႔္ေပး
ထားသည့္ ရန္သူ႕စခန္းကိုေစာင့္ၾကည့္ေနဆို
သည္ကို Wang Jinမင္းသားမလိုက္နာျခင္းပင္။
ဒါေၾကာင့္လဲ ခုခ်ိန္ထိLuhanအဖမ္းခံရတာ
သူမသိေသး။
"အာ့………"
"ဘယ္သူလဲ....."
အေဆာင္အျပင္ဘက္တံခါးမွာ လူေလးေယာက္ရွိသည္။
Chanyeolႏွင့္Baekhyunႏွစ္ေယာက္စီ လွဲသိပ္ၿပီးေသာအခါ Chanyeolကအျပင္တံခါးမွာ ေစာင့္ေနခဲ့ၿပီးSehunႏွင့္Baekhyunအထဲသို႔ဝင္လာလိုက္သည္။
အထဲေရာက္ေသာ္လည္း ရွည္လ်ားသည့္ ေလွကားထစ္မ်ားက ဆီးႀကိဳေနျပန္သည္။
ေလွကားမ်ားအဆုံးမွာ မွိန္ပ်ပ်မီးအလင္းေရာင္
ေတြ႕သည္။
Sehunႏွင့္Baekhyunတေယာက္မ်က္ႏွာ
တေယာက္ ၾကည့္ၿပီးေခါင္းဆတ္ျပလ်က္
တဟုတ္ထိုးေျပးဆင္းသြားလိုက္သည္။
"ဟာ……မင္းတို႔ဘယ္သူေတြလဲ"
႐ုတ္႐ုတ္သဲသဲျဖစ္သြားေသာ လူ၆ေယာက္ခန႔္ သည္ဓားမ်ားျဖင့္ ေျပးဝင္လာသျဖင့္ Sehun ဓားအိမ္မွဓားကိုအနည္းငယ္ မွ်သာ ထုတ္လိုက္ရင္း ကာလိုက္သည္။
Baekhyunဖက္ကိုယုံၾကည္သည္မို႔ မိမိထံေျပး
ဝင္လာသည့္ လူသုံးေယာက္ကိုသာ အာ႐ုံထား
ရင္း တိုက္ခိုက္မိသည္။
ဓားအိမ္ႏွင့္ရိုက္ခ်လိဳက္သျဖင့္ ဓားလြတ္က်သြား
ေသာသူသည္ လက္ခ်ည္းသက္သက္Sehunကို
တိုက္ခိုက္သည္။ လွ်င္ျမန္စြာေရွာင္လိုက္ၿပီး
လည္ေစာင္းကိုရိုက္ခ်ပစ္လိုက္ေတာ့ ေမ့ေမ်ာ
သြားသည္။
အေစာင့္သက္သက္သာျဖစ္ဟန္တူေသာ ထိုသူ
မ်ားသည္ Baekhyunတို႔Sehunတို႔တိုက္ခိုက္မႈ
မ်ားကိုမခံနိုင္ပဲ အခ်ိန္တိုေလးအတြင္းမွာ က်ကဳန္သည္။
"Sehun ေရာ့ ဒီမွာ ေသာ့..."
Baekhyunလွမ္းပစ္ေပးေသာ ေသာ့ကို လွမ္းယူရင္း အေနာက္ဘက္သို႔ဆက္ထားသည့္လမ္းၾကားထဲသို႔ ေျပးဝင္လိုက္သည္။
Baekhyunမင္းသားက ခံနိုင္ရည္ရွိစြာျပန္ထ လာသည့္ သူေတြကိုတိုက္ခိုက္ေနဆဲ………
Sehunေျပးေနရင္းမွ လမ္းဆုံးသြားသည့္အခါ အခ်ဳပ္ခန္းတခုကို သြားေတြ႕သည္။
စိုက္ထားေသာမီးတုတ္အလင္းေရာင္ေၾကာင့္ ရွင္းရွင္းလင္းလင္းျမင္လိုက္ရတာ ဒူးကိုလက္ႏွစ္ဖက္ျဖင့္ပိုက္ရင္းထိုင္ေနသည့္ ခ်စ္ရသူ။
"Lu~~•"
"မင္းသားေလး………"
ဆတ္ကနဲေမာ့ၾကည့္လာသည့္ မ်က္ဝန္းမ်ားက
႐ႊန္းလဲ့လို႔ေန၏။
Sehun ေသာ့ျမန္ျမန္ဖြင့္ၿပီး အခ်ဳပ္ခန္းထဲသို႔ဝင္
ကာေထြးေပြ႕ပစ္လိုက္ေတာ့ေကာင္ေသးေသး
ေလးသည္ ႐ုန္းကန္ျခင္းအလ်င္းမရွိပဲပါလာသည္။
"ကိုယ္စိုးရိမ္လြန္းလို႔ ႐ူးမတတ္ပဲ စိတ္ပူလြန္းလို႔
ေသမတတ္ပဲ ေက်းဇူးပါLuရယ္ ဒီအတိုင္းေလး
ရွိေနေပးလို႔ ေက်းဇူးပါ"
Luhanလက္ေတြက ျပန္သိုင္းဖက္လာၿပီး ေက်ာျပင္ကိုခပ္ဖြဖြပုတ္ေပးေသာအခါ Sehunပင့္ သက္ရွိုက္လ်က္ Luhanဆံႏြယ္မ်ားကို နမ္း
ရွိုက္မိခဲ့သည္။
ကိုယ္ေလးတခ်က္တုန္သြား႐ုံကလြဲ ထိုလူသားေလးသည္ ၿငိမ္ၿငိမ္ေလးေနခဲ့ပါသည္။
"ကိုယ္တို႔သြားၾကရေအာင္ Lu...."
ေပြ႕ဖက္ထားရာမွ ခြာကာ ပါးေလးကိုအုပ္ကိုင္
လိုက္သည္။
ခ်ဳပ္ေႏွာင္မထားသည့္ Luhanလက္မ်ားကိုၾကည့္ရင္း Sehunအံ့ၾသမိေသာ္လည္း ေတြေဝေနခ်ိန္မရပဲ Luhanလက္ကို ဆြဲကိုင္လိုက္သည္။
"Luမသြားဘူး မင္းသားေလး"
"ဘယ္လို……Lu"
ဆုပ္ကိုင္ထားသည့္Sehunလက္ကို ျပန္လည္အုပ္ကိုင္ရင္း ဆိုေလေသာသူ
"Lu ကိုယ္တိုင္ေျဖရွင္းရမဲ့ျပႆနာေတြ ဒီမွာ
ရွိတယ္"
"ကိုယ္တို႔အတူတူ ေျဖရွင္းလို႔ရတယ္ေလ"
"ဟင့္အင္း……"
ေခါင္းခါယမ္းရင္း Luhan ျငင္းဆိုသည္။
ထို႔ေနာက္ ရင္ဘတ္နားဆီမွ ဝတ္႐ုံစကို အသာ
လွပ္ရင္း တခုခုကိုယူလိုက္သည္။ထြက္လာတာက ေငြမွင္ေရာင္ လက္ဖဝါးသာသာဓားတိုေလးတေခ်ာင္း
"ဒါေလးက မင္းသားေလးအတြက္ ရည္႐ြယ္ၿပီး
လုပ္ထားတာ မထင္မွတ္ပဲဒီမွာေပးျဖစ္သြားတယ္
ယူၿပီး ျပန္ပါေနာ္"
"Lu~~•မင္းး ကိုယ့္ကို.."
"မင္းသားေလး Luကိုယုံတယ္မလား Lu
လုပ္နိုင္ပါတယ္"
ဓားကိုSehunလက္ထဲထည့္ေပးရင္း Sehun မ်က္လုံးေတြကိုတည့္တည့္ၾကည့္ကာ
ေျပာျပန္သည္။
ကိုယ္ မင္းကို ယုံတာေပါ့
ဒါေပမဲ့ ကိုယ္ ဘယ္လိုလုပ္ မင္းကိုထားခဲ့ရက္နိုင္
မွာလဲ???ရန္သူ႕အလယ္မွာေလ
ၿငိမ္က်သြားေသာSehunကိုၿပဳံးၾကည့္ရင္း Luhan ဒူးေထာက္လ်က္ ကိုယ္ကိုအနည္းငယ္ႂကြလိုက္သည္။
ေႏြးေထြးသြားေသာ နဖူးျပင္ထက္မွ အထိအေတြ႕
သည္ Sehunႏွလုံးသား၏ေအာက္ေျခသို႔တိုင္
လာရိုက္ခတ္သည္။
"က်ေနာ္မ်ိဳး ကိုေစာင့္ေနေနာ္"
To Be ConTinued……………