DREAM [Edited Version]

By HanXun

177K 14.7K 1K

(Written in 2016) အိမ်မက်ထဲအမြဲရှိနေတဲ့သူက ကိုယ့်မျက်စိရှေ့တည့်တည့်မှာ ကိုယ့်ကို ပြုံးလျက်စိုက်ကြည့်နေခဲ့သည်ဆ... More

Intro
DREAM Chapter 1
DREAM Chapter 2
DREAM Chapter 3
DREAM Chapter 4
DREAM Chapter 5
DREAM Chapter 6
DREAM Chapter 7
DREAM Chapter 8
DREAM Chapter 9
DREAM Chapter 10
DREAM Chapter 11
DREAM Chapter 12
DREAM Chapter 14
DREAM Chapter 15
DREAM Chapter 16
DREAM Chapter 17

DREAM Chapter 13

6.2K 726 51
By HanXun


"တဖက်တပ်ဖွဲ့ စခန်းချရာ နေရာနဲ့ ကိုယ်တို့ စခန်းက ၇မိုင်လောက်ဝေးတယ် ကြားထဲမှာ တောင် စောင်းတခုရှိပြီးအကယ်၍စစ်ဖြစ်ခဲ့မယ်ဆို အဲ့နေရာကိုရှောင်ရလိမ့်မယ်"

ကျွန်းစားပွဲရှည်ကြီး၏ အလယ်ဗဟို ထိပ်တည့်တည့်မှာ ရပ်လျက် အမှာစကားတွေပြော နေသောသူ

စားပွဲပေါ် ဖြန့်ခင်းထားသည့် မြေပုံကို ထောက်ပြ
ကာ အကွက်စေ့စေ့ကို ရှင်းနေသော သူ

Sehunမျက်လုံးထဲမှာတော့ လုံးဝကို အသားမကျသေးသည့် ပုံစံပင်ဖြစ်သည်။

သံချပ်ကာဝတ်စုံနှင့် စူးရဲတောက်ပနေသော
မျက်ဝန်းတွေ~~•Huaနဲ့မလိုက်ဖက်လိုက်တာ

အဓိပ္ပာယ်မရှိတဲ့ရူးကြောင်ကြောင် အတွေးတွေ
ကို Sehun တွေးနေမိတော့သည်။

"တပ်ဖွဲ့သုံးဖွဲ့ခွဲပြီး စောင့်ကြည့်ရမယ် ထိုးစစ်ဆင်ဖို့တော့ ကြိုးစားမှာမဟုတ်ဘူး"

"မဖြစ်နိုင်တာ Huaကိုယ်တော် ကျနော်မျိုးတို့
တပ်ဖွဲ့အင်အားက သူတို့ထက် ၅ဆများတယ်
ခုချက်ချင်းတိုက်ရင်တောင် သူတို့ကို အလွယ်
တကူသိမ်းနိုင်တယ်"

အမြဲလိုလို အတိုက်အခံစိတ်များကာ အနိုင်ယူ
လိုသည့် Wang Jinကို အိမ်ရှေ့စံတို့က ဒီစစ်ဆင်ရေးမှာ နောက်ကျချန်ခဲ့ဖို့ပြောသော်
လည်း Luhan ကိုယ်တိုင်ခေါင်းမာစွာခေါ်လာခဲ့
ခြင်းဖြစ်သည်။

"ဒီတပ်စုမှာ အာဏာအရှိဆုံးက Huaပဲ မင်းတို့
ဘယ်သူမှ ကိုယ့်သဘောနဲ့ကို လှုပ်ရှားပိုင်ခွင့်
မရှိဘူး "

"အိမ်ရှေ့စံ!!!!"

"တိတ်တော့ Wang Jin !!! ကိုယ်တော် စကားအများကြီးမပြောချင်ဘူး"

Wang Jin မင်းသား အားမလိုအားမရဖြစ်စွာ လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ခြင်းကို Sehunတွေ့လိုက်သည်။

တဖက်ရန်သူကို မချေမှုန်းနိုင်ခင်မှာပင် မိမိတို့
ဘက်က အချင်းချင်းစိတ်ဝမ်းကွဲနေရပါသည်။

ဘုရင်ငယ်ဘက်ကတတ်နိုင်သလောက်အလျှော့ ပေးပါသော်လည်းWang Jinမရောင့်ရဲတတ်ချေ။

"Wang Jin မင်းသားတို့တပ်ဖွဲ့ တဖက်စခန်းကို
အမြဲ စောင့်ကြည့်နေဖို့တာဝန်ပေးတယ်
Baekhyun မင်းသား Jong Daeမင်းသားတို့
တပ်ဖွဲ့က စစ်ပွဲဖြစ်ခဲ့ရင် လိုအပ်မဲ့စစ်လက်နက်
ရိက္ခာ အကုန်လုံးကို ကြီးကြပ်ပြီး စခန်းရဲ့ လုံခြုံ
ရေးကိုတာဝန်ယူပေးပါ"

"ကောင်းပါပြီ Hua ကိုယ်တော် "

ဘယ်လောက်ပဲမင်းမျိုးမင်းနွယ်ဖြစ်ပါစေ Hua အဆင့်အတန်းနှင့်ရာထူးသည် နန်းမင်းသားတို့
ထက်ပိုမြင့်သည်မို့ တာဝန်ထမ်းဆောင်ချိန်ဆို
ရိုသေစွာဆက်ဆံကြသည်။

"ပြီးတော့………"

ပြတ်တောက်သွားသောစကားသံက Sehun
အကြည့်တချို့ကိုငံ့လင့်နေသလိုရှိသည်။

သို့ပေမဲ့ Sehun ပြန်မကြည့်ခဲ့ ။ Luhanဟာ
Sehunကို တချက်မလွှဲကြည့်နေသည်ဆိုတာ
သိနေလျက်နှင့်တောင် Sehunပြန်မော့မကြည့်ခဲ့။

သက်ပြင်းချသံကိုSehunကြားလိုက်ရသည်။

မကြည့်ပေမဲ့ နားတော့ အစွမ်းကုန်စွင့်ထားမိလို့
နေပါသည်။

"အိမ်ရှေ့စံကိုယ်တော်နဲ့စစ်သူကြီးOhက နည်းဗျူဟာတွေကို ကိုယ်တော်နဲ့ဝိုင်းတိုင်ပင်
ဆွေးနွေးပေးပါ"

ခြေသံတဖျတ်ဖျတ်များကိုကြားရသည်။

ယာယီတဲနန်းထဲမှ သူတွေအလျှိုလျှို ထွက်သွား
ကြပြီ ။

အပြင်ကိုထွက်ဖို့ခြေလှမ်းမပြင်ရသေးတာက Sehunဖြစ်ပြီးLuhanအားမေးကြည့်ချင်သည့် စကားတခွန်းက

"မင်း ကိုယ့်ကို တကယ် လိုအပ်တာလား" လို့ပါ

တာဝန်ကြောင့် ဝတ္တရားကြောင့် လိုအပ်နေတာမျိုးမဟုတ်ပဲ ကိုယ့်ကို ယုံကြည်လို့၊ကိုယ်မှ မဟုတ်ရင် မဖြစ်လို့၊ကိုယ့်ကိုလိုအပ်နေတာမျိုး

တကယ့်တကယ်တော့ Sehun နှုတ်ဖျားမှ ဘာစကားမှထွက်မလာခဲ့။

သူတို့နှစ်ယောက်ကြားမှာ ရှိနေသည့် အေး စက်စက် အခြေအနေတခုဟာ သိပ်ကို
ဆိုးရွားလွန်းပါသည်။

"ပြောစရာစကားကျန်သေးသလား????"

အခေါ်အဝေါ်တွေ နာမ်စားတွေကို ရှောင်ဖယ်
လွှဲသုံးရင်း Luhanမေးလာသည့်အခါ Sehun
ခေါင်းညွှတ်ကာအရိုအသေပေးရင်း တဲနန်းထဲ
ကထွက်လာခဲ့သည်

Sehunထွက်သွားပါမှ တင်းထားသော စိတ်တို့
သည် ပျော်ကျသွားဟန်ဖြင့် Luhan ခုံပေါ်သို့
အရုပ်ကြိုးပြတ်သလို ထိုင်ချမိလိုက်သည်

နေ့ချင်းညချင်း ဖြစ်ပျက်သွားသော ကိစ္စမှာ Sehunကိုရှင်းပြဖို့လဲ Luhan မစွမ်းသာ။

အနည်းဆုံးတော့ ဖုံးကွယ်ထားရက်လေခြင်း
ဆိုပြီး စိတ်ထိခိုက်သွားလိမ့်မည်။

သူ့အကြောင်းတွေတကယ်မသိစေချင်သည့်
အတွက် Sehunဆီ သူ့သတင်းတွေမရောက်အောင် လိုက်ဖုံးဖိနေမိတာလဲသူ့အပြစ်ပါပဲ။

ပခုံးပေါ်ထမ်းထားရတဲ့ ဝန်တွေက သိပ်များလွန်း
နေတော့ ခိုနားစရာနေရာတခုရှိချင်မိတာကြောင့်

Luhan စိတ်အားထက်သန်စွာ တောင်းဆိုမိသည်။

အဲ့ဒီနေရာဟာ သူ ဖြစ်ပေးလို့မရဘူးလား??? စစ်သူကြီးOhဖြစ်လို့မရဘူးလား???
မင်းသားလေး ရယ် ခိုနားခွင့်မပေးနိုင်ဘူးလား???

Luhan သိပ် လောဘကြီးသွားသလား ?

ဝေဝေဝါးဝါးဖြစ်လာသည့် အမြင်အာရုံတွေက
Luhanကိုလှောင်ပြောင်နေသည်။

မင်း တကယ် ပျော့ညံ့တာပဲတဲ့

"မဟုတ်ပါဘူး ငါ သူ့ကိုတကယ်လိုအပ်နေလို့ပါ
"

*******D*R*E*A*M*******

လမ်းတလျှောက်တွေ့ရသည့် တပ်သားများက
Luhanကို အရိုအသေပေးကာ ဖြတ်သွားကြသည်

"Hua ကိုယ်တော် ဘာအလိုရှိလို့ပါသလဲ"

"ရေကန်မှာ ရေနည်းနည်းသွားခပ်မလို့"

"အာ……ကျနော်မျိုးကိုပေးပါ သွားခပ်ပေးပါ့မယ်"

"နေပါစေ ကိုယ်တော် ပတ်ဝန်းကျင်အခြေအနေလဲ တချက်လေ့လာချင်သေးလို့ပါ လုပ်စရာရှိတာ
လုပ်ပါ"

မေးလာသမျှ တပ်သားများကို ပြန်ဖြေကြားရင်း
ရေကန်ရှိရာဘက်ကို ထွက်ခဲ့မိသည်။

ဒီနေရာမှာ စခန်းချဖို့ Luhan အမိန့်ပေးခဲ့ခြင်းဟာလဲ သောက်ရေသုံးရေအလွယ်ရနိုင်သည့် သဘာဝရေကန်တကန်နှင့်နီးလို့ဖြစ်သည်။

Wang Jinကတော့ ထုံးစံအတိုင်း ကန့်ကွက် သည်။ တဖက်တပ်ဖွဲ့အခြေစိုက်ရာနှင့် ဝေးလွန်း၍တဲ့လေ။

လက်နက်သိုလှောင်ရာတဲ ရိက္ခာတဲတို့ကို ဖြတ်ပြီးနောက် Luhan ရေကန်ကို ရောက်လာသည်။

ရေမခပ်သေးပဲ ကန်စပ်မှာ ထိုင်ချပစ်ရင်း ကန်တဝိုက်ကို စိတ်လွတ်ကိုယ်လွတ်ငေးနေမိသည်။

ကြည်လင်နေသည့်ရေများက အနည်းငယ်တော့
စိတ်အေးစေပါသည်။

~••

နောက်နားဆီမှ သစ်ကိုင်းခြောက်နင်းသံ ကြား
လိုက်သည့်အခါ Luhan လျင်မြန်စွာပင် မတ်တပ်ထရပ်လိုက်ပြီး ဓားနှင့်ရွယ်လိုက်သည်။

"သြော်………"

တိုးတိုးသာသာ ထွက်လာသော သူ့စကားသံ
ကိုယ့်ဓားစက်နှင့်မလှမ်းမကမ်းမှာ သူ့လည်ပင်း

ဒီပုံစံမျိုးက ကြုံခဲ့ဖူးသော်လည်း အနေအထားချင်းမှမတူလေပဲ……။

မတုန်လှုပ်စဖူးLuhan တုန်လှုပ်လျက် ဓားကိုင်ထားသောလက်တို့သည် တုန်ရင်လာခဲ့သည်။

"ကျနော်မျိုး……တောင်းပန်"

"တောင်းပန်ပါတယ် Huaကိုယ်တော် အနှောင့်
အယှက်ပေးမိတာ ခွင့်လွှတ်ပေးတော်မူပါ"

ဦးခေါင်းညွှတ်အရိုအသေပြုကာ နောက်ဆုတ်
လျက် Sehun လှည့်ထွက်သွားလေတော့ Luhan
ရင်ထဲမွန်းကြပ်လာ၏။

အလျင် ခေါ်နေကြ *မင်းသားလေး*ဆိုသည်ကို
ခေါ်လိုက်ဖို့ရာ Luhanနှုတ်ခမ်းတို့ ပိတ်နေသည်။
လက်လှမ်းလိုက်ပေမဲ့ သူ မမြင်နိုင်တော့။

**Hua ကိုယ်တော်**

အသုံးအနှုန်းတို့သည် ဓားတစင်းလို ထက်မြခဲ့သည်။

ရွယ်ခဲ့သော ဓားပိုင်ရှင်က ကိုယ်ဖြစ်ပါလျက်
သူက စကားတခွန်းနဲ့ သတ်သွားခဲ့သည်လေ။

*******-*******

မီးခိုးငွေ့များ တလူလူတက်နေသည့် မီးဖိုကို
အဓိပ္ပာယ်မရှိ ထိုးဆွမိသည်။

အချိန်ကား ညနက်သန်းခေါင်၊
အအေးဓာတ်က ကျောကွဲလုမတတ်။

လုံခြုံရေးတာဝန်ကျသည့် တပ်စုစိတ်ကမဟုတ်
ပါသော်လည်း Sehun အိပ်မရသဖြင့် အပြင်သို့
ထွက်လာခဲ့သည်။

ရှုပ်ထွေးနေသော အတွေးများသည် Sehun၏
နေ့စဉ်တာဝန်များကို လစ်ဟင်းစေသည်။

သူနှင့်မျက်နှာချင်းဆိုင် စစ်နည်းဗျူဟာများ ဆွေးနွေးသော်လည်း သူရော Sehunပါ အပိုစကားတခွန်းမပြောခဲ့။

နန်းတော်ထဲရှိ Luhan အဆင့်အတန်းကို မြင့်မှန်း
သိသော်လည်း ဘုရင်မင်းမြတ်နီးပါး အာဏာ
ရှိနေလိမ့်မည်ဟု မထင်ခဲ့။

အမှန်အတိုင်းသိလိုက်ရသည့်တိုင် ချစ်စိတ်က
လန့်စိတ်ကို ဖုံးမသွားတာ Sehun အံ့သြမဆုံးပေ။

Sehun မသိလိုက်ခင်မှာပဲ အချစ်တို့က တဖြည်းဖြည်းများလာခဲ့သည်။

သူ ကမ်းလင့်ခဲ့တာ လက်တဖက်မဟုတ်ပဲ ဓားတချက်ဖြစ်ခဲ့တော့ Sehun ထိတ်လန့်သွား
ရသည်။

ဒီလောက်ဆို ရူးသွပ်တာ ရပ်လိုက်ဖို့သင့်ပြီ။

ကြယ်ကင်းမဲ့နေသော ယနေ့ညသည် လခြမ်း
ကွေးကွေးကလဲအဖော်မဲ့စွာနှင့် အလင်းရောင်
တဖျော့ဖျော့။

တလှမ်းချင်းလျှောက်လာသော ခြေသံတို့သည်
တိတ်ဆိတ်နေသော ညမှာ ကျယ်ကျယ်
လောင်လောင်ကို ထွက်ပေါ်လာသည်။

ဖျော့တော့နေသော အလင်းရောင်အောက်မှာပင်
လာနေသောသူ၏ပုံပန်းကို Sehunသိလိုက်သည်။

ရင်ခုန်သံတချက်ဖြင့် သိလိုက်သည်။

Sehunနံဘေးမှာ သူ ထိုင်ချလိုက်တော့ Sehun
တခြားဖက်ကိုပဲ ရွှေ့လိုက်မိသလား???
သူ့ကိုပဲ အရိုအသေပေးလိုက်မိသလား???
ကိုယ်ကိုယ်တိုင်မသဲကွဲတော့။

"ကျနောမျိုး လူ့လောကကို ရောက်တဲ့ညက
ကြယ်တာရာတွေအများကြီးထွန်းလင်းခဲ့တယ်
ကြယ်တစင်းကြွေကျခဲ့တယ်လို့ ခမည်းတော်က
ပြောခဲ့တယ်"

နှုတ်ခမ်းနှစ်လွှာပွင့်ရုံပြောနေသော စကားတို့သည် Sehun တယောက်တည်းကိုသာ
ကြားစေဖို့ ရည်ရွယ်သည်။

"ပညာရှိအမတ် Hanရဲ့ တဦးတည်းသောသား
ကျနော်မျိုးအသက် 5နှစ်မှာပဲ နန်းတော်ထဲ အခစားဝင်ခွင့်ရခဲ့တယ်"

ဘဝဇာတ်ကြောင်းကို ပြန်ပြောင်းပြောပြနေသော
Luhanကို Sehun စေ့စေ့ကြည့်လိုက်မိသည်။

Luhanအကြည့်ကတော့ တငွေ့ငွေ့တောက်နေ
သည့် မီးပုံထဲမှာ~~•

"ဘာမဆို တတ်ကျွမ်းလွယ် သိနားလည်လွယ်တဲ့ကျနော်မျိုးက ငယ်ရွယ်တုန်းကတော့ ချစ်ဖွယ်ကောင်းပေမဲ့အသက်ကြီးလာတာနဲ့အမျှ မင်းမျိုးနွယ်ရဲ့ထီးနန်းကို ခြိမ်းခြောက်လာတယ်လို့ သူတို့တွေပြောကြတယ်"

စကားစတို့ပြတ်သွားရင်း Luhan လေတဝရှုသွင်းလိုက်သည်။ တခုခုပြောရန် အားယူလိုက်သည့်ပုံပင်

"နက္ခတ်စုံတဲ့ညမှာမွေးလာတဲ့သူ လောကအရှင်သစ်ဆိုပြီး စကားတချို့ကလဲ ရှိခဲ့ဖူးတယ်
အဟက်……ဒီလိုနဲ့ ကျနောမျိုး အသက်၉နှစ်မှာ ခမည်းတော် မယ်တော် နှစ်ပါးလုံး ဆုံးရှုံးခဲ့ရတယ် ဘာကြောင့်လဲ???ခုချိန်ထိ ကျနော်မျိုးမသိဘူး"

ရင်ထဲတွင် ဘယ်လောက်နာကျင်နေမလဲ??
Sehunမတွေးရဲ တော့ ။

ဒူးခေါင်းပေါ်ပိုက်ထားသည့် လက်နှစ်ဖက်ကို
ဆုပ်ကိုင်ကာ  Luhanကိုထွေးပွေ့ပေးချင်ပေမဲ့ Sehun ကိုယ်ကမဆောင်ခဲ့။

"မိဘနှစ်ပါးလုံးဆုံးရှုံးပြီး ကျနော်မျိုးနန်းတော်
ကိုရောက်သွားတယ် တစ်နှစ်အကြာမှာ မင်းကြီး
က သားတော်အဖြစ် မွေးစားပြီး ဘုရင်ငယ်ရာထူးကိုပေးတယ် နောင်အိမ်ရှေ့စံနန်းတက်တဲ့အခါကျနော်ဟာ အိမ်ရှေ့စံနဲ့အတူ တိုင်းပြည်ကို
အဓွန့်ရှည်စည်ပင်သာယာအောင် အုပ်ချုပ်ရမယ်"

တချို့သော အကြောင်းအရာများကိုတော့ Luhanမပြောလိုတော့။Sehunကိုမသိစေလိုတော့။

"Lu…"

Luhanအသက်ရှုသံများ ခေတ္တရပ်တန့်သွားသလားပင်။

အံ့သြလွန်းသဖြင့် ခပ်ဟဟ ဖြစ်သွားသော
နှုတ်ခမ်းတစုံဟာ ပါးပြင်ပေါ်စီးကျလာသည့်
မျက်ရည်စက်တို့နှင့်အပြိုင် တုန်ရီနေသည်။

"ကိုယ် စိတ်မဆိုးတာမို့ ရှင်းပြဖို့မလိုပါဘူး"

မျက်ရည်တို့ကို သုတ်ကာပေးလိုက်သော်လည်း
အကြွင်းအကျန်တချို့က Sehun လက်ဖမိုးကို
ဖြတ်ကာစီးလို့လာသည်။

ဒီကောင်လေးကို Sehun ဘယ်လိုမေ့ရက်မှာတဲ့လဲ။

"ရာထူးတွေကိုဘေးဖယ်ပြီး ဒီအတိုင်းLuhan
အဖြစ် ဆက်ဆံပြီး အနားမှာနေပေးနိုင်မလား"

ပါးပြင်ကိုအုပ်ကိုင်ထားသည့်Sehunလက်ပေါ်က
ထပ်ကာ ပြောလိုက်သောစကား၊

Sehunခေါင်းညိမ့်ပြလိုက်တော့ ပြုံးလိုက်သည့်
နှုတ်ခမ်းပါးလေး၊

ည၏ဆွဲဆောင်အားသည်ထိတ်လန့်ဖွယ်
ဖြစ်သည်။

စိတ်များလွတ်မထွက်ခင်မှာပင် ပူးကပ်စပြုတော့
မည့် အနေအထားကို အလျင်အမြန်ခွာလိုက်ပြီး
တယောက်မျက်နှာပင်တယောက် မကြည့်နိုင်
အောင် ပူလာခဲ့ရသည်။

ဒီညကတော့ အမှတ်တရဖြစ်မည်ထင်သည်။

*******D*R*E*A*M*******

ညနက်သည်ထိ ငုတ်တုပ်ထိုင်နေခဲ့မိသည်မို့
မျက်လုံးတွေကျိန်းစပ်နေသည်။

သို့သော်လည်း သတိရှိနေရမည့် အနေအထားပေမို့ Sehun လှဲနေရာမှ ထလိုက်ပြီး ကိုယ်လက်သန့်စင်ရန် ရေကန်ဆီသွားဖို့ပြင်သည်။

Luhanတဲနန်းရှေ့ကဖြတ်မိတော့ သူရော
နိုးပြီလား သိချင်လာသည်။

ဝင်သွားနိုင်သော်လည်း မသင့်တော်သည်မို့
ခေါင်း သာတွင်တွင်ခါယမ်းပြီး ဆက်လျှောက်ရန်
အပြင်။

"စစ်သူကြီးး……"

Luhan တဲနန်းမှထွက်လာသော ကပျာကယာထွက်လာသည်က Baekhyunမင်းသားဖြစ်ပြီး
အထိတ်တလန့်ပုံစံရှိလှသည့်အတွက်

"မင်းသား ဘာကိစ္စ……"

"Hua……Luhanမရှိတော့ဘူး"

"ဗျာ……"

Baekhyunမင်းသားကိုဖယ်ကာ တဲနန်းထဲ
ဝင်ကြည့်မိသည်။

မြေပြင်ပေါ်ပြန့်ကျဲကျနေတဲ့ အသုံးအဆောင်
ပစ္စည်းတွေနဲ့ ဖရိုဖရဲအဆင်အပြင်တွေကြားမှာ

Sehunဒူးထောက်ကျသွားခဲ့လေသည်။

"Lu………"

To Be ConTinued………



"တဖက္တပ္ဖြဲ႕ စခန္းခ်ရာ ေနရာနဲ႕ ကိုယ္တို႔ စခန္းက ၇မိုင္ေလာက္ေဝးတယ္ ၾကားထဲမွာ ေတာင္ ေစာင္းတခုရွိၿပီးအကယ္၍စစ္ျဖစ္ခဲ့မယ္ဆို အဲ့ေနရာကိုေရွာင္ရလိမ့္မယ္"

ကြၽန္းစားပြဲရွည္ႀကီး၏ အလယ္ဗဟို ထိပ္တည့္တည့္မွာ ရပ္လ်က္ အမွာစကားေတြေျပာ ေနေသာသူ

စားပြဲေပၚ ျဖန႔္ခင္းထားသည့္ ေျမပုံကို ေထာက္ျပ
ကာ အကြက္ေစ့ေစ့ကို ရွင္းေနေသာ သူ

Sehunမ်က္လုံးထဲမွာေတာ့ လုံးဝကို အသားမက်ေသးသည့္ ပုံစံပင္ျဖစ္သည္။

သံခ်ပ္ကာဝတ္စုံႏွင့္ စူးရဲေတာက္ပေနေသာ
မ်က္ဝန္းေတြ~~•Huaနဲ႕မလိုက္ဖက္လိုက္တာ

အဓိပၸာယ္မရွိတဲ့႐ူးေၾကာင္ေၾကာင္ အေတြးေတြ
ကို Sehun ေတြးေနမိေတာ့သည္။

"တပ္ဖြဲ႕သုံးဖြဲ႕ခြဲၿပီး ေစာင့္ၾကည့္ရမယ္ ထိုးစစ္ဆင္ဖို႔ေတာ့ ႀကိဳးစားမွာမဟုတ္ဘူး"

"မျဖစ္နိုင္တာ Huaကိုယ္ေတာ္ က်ေနာ္မ်ိဳးတို႔
တပ္ဖြဲ႕အင္အားက သူတို႔ထက္ ၅ဆမ်ားတယ္
ခုခ်က္ခ်င္းတိုက္ရင္ေတာင္ သူတို႔ကို အလြယ္
တကူသိမ္းနိုင္တယ္"

အၿမဲလိုလို အတိုက္အခံစိတ္မ်ားကာ အနိုင္ယူ
လိုသည့္ Wang Jinကို အိမ္ေရွ႕စံတို႔က ဒီစစ္ဆင္ေရးမွာ ေနာက္က်ခ်န္ခဲ့ဖို႔ေျပာေသာ္
လည္း Luhan ကိုယ္တိုင္ေခါင္းမာစြာေခၚလာခဲ့
ျခင္းျဖစ္သည္။

"ဒီတပ္စုမွာ အာဏာအရွိဆုံးက Huaပဲ မင္းတို႔
ဘယ္သူမွ ကိုယ့္သေဘာနဲ႕ကို လႈပ္ရွားပိုင္ခြင့္
မရွိဘူး "

"အိမ္ေရွ႕စံ!!!!"

"တိတ္ေတာ့ Wang Jin !!! ကိုယ္ေတာ္ စကားအမ်ားႀကီးမေျပာခ်င္ဘူး"

Wang Jin မင္းသား အားမလိုအားမရျဖစ္စြာ လက္သီးႏွစ္ဖက္ကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္ျခင္းကို Sehunေတြ႕လိုက္သည္။

တဖက္ရန္သူကို မေခ်မႈန္းနိုင္ခင္မွာပင္ မိမိတို႔
ဘက္က အခ်င္းခ်င္းစိတ္ဝမ္းကြဲေနရပါသည္။

ဘုရင္ငယ္ဘက္ကတတ္နိုင္သေလာက္အေလွ်ာ့ ေပးပါေသာ္လည္းWang Jinမေရာင့္ရဲတတ္ေခ်။

"Wang Jin မင္းသားတို႔တပ္ဖြဲ႕ တဖက္စခန္းကို
အၿမဲ ေစာင့္ၾကည့္ေနဖို႔တာဝန္ေပးတယ္
Baekhyun မင္းသား Jong Daeမင္းသားတို႔
တပ္ဖြဲ႕က စစ္ပြဲျဖစ္ခဲ့ရင္ လိုအပ္မဲ့စစ္လက္နက္
ရိကၡာ အကုန္လုံးကို ႀကီးၾကပ္ၿပီး စခန္းရဲ႕ လုံၿခဳံ
ေရးကိုတာဝန္ယူေပးပါ"

"ေကာင္းပါၿပီ Hua ကိုယ္ေတာ္ "

ဘယ္ေလာက္ပဲမင္းမ်ိဳးမင္းႏြယ္ျဖစ္ပါေစ Hua အဆင့္အတန္းႏွင့္ရာထူးသည္ နန္းမင္းသားတို႔
ထက္ပိုျမင့္သည္မို႔ တာဝန္ထမ္းေဆာင္ခ်ိန္ဆို
ရိုေသစြာဆက္ဆံၾကသည္။

"ၿပီးေတာ့………"

ျပတ္ေတာက္သြားေသာစကားသံက Sehun
အၾကည့္တခ်ိဳ႕ကိုငံ့လင့္ေနသလိုရွိသည္။

သို႔ေပမဲ့ Sehun ျပန္မၾကည့္ခဲ့ ။ Luhanဟာ
Sehunကို တခ်က္မလႊဲၾကည့္ေနသည္ဆိုတာ
သိေနလ်က္ႏွင့္ေတာင္ Sehunျပန္ေမာ့မၾကည့္ခဲ့။

သက္ျပင္းခ်သံကိုSehunၾကားလိုက္ရသည္။

မၾကည့္ေပမဲ့ နားေတာ့ အစြမ္းကုန္စြင့္ထားမိလို႔
ေနပါသည္။

"အိမ္ေရွ႕စံကိုယ္ေတာ္နဲ႕စစ္သူႀကီးOhက နည္းဗ်ဴဟာေတြကို ကိုယ္ေတာ္နဲ႕ဝိုင္းတိုင္ပင္
ေဆြးေႏြးေပးပါ"

ေျခသံတဖ်တ္ဖ်တ္မ်ားကိုၾကားရသည္။

ယာယီတဲနန္းထဲမွ သူေတြအလွ်ိုလွ်ို ထြက္သြား
ၾကၿပီ ။

အျပင္ကိုထြက္ဖို႔ေျခလွမ္းမျပင္ရေသးတာက Sehunျဖစ္ၿပီးLuhanအားေမးၾကည့္ခ်င္သည့္ စကားတခြန္းက

"မင္း ကိုယ့္ကို တကယ္ လိုအပ္တာလား" လို႔ပါ

တာဝန္ေၾကာင့္ ဝတၱရားေၾကာင့္ လိုအပ္ေနတာမ်ိဳးမဟုတ္ပဲ ကိုယ့္ကို ယုံၾကည္လို႔၊ကိုယ္မွ မဟုတ္ရင္ မျဖစ္လို႔၊ကိုယ့္ကိုလိုအပ္ေနတာမ်ိဳး

တကယ့္တကယ္ေတာ့ Sehun ႏႈတ္ဖ်ားမွ ဘာစကားမွထြက္မလာခဲ့။

သူတို႔ႏွစ္ေယာက္ၾကားမွာ ရွိေနသည့္ ေအး စက္စက္ အေျခအေနတခုဟာ သိပ္ကို
ဆိုး႐ြားလြန္းပါသည္။

"ေျပာစရာစကားက်န္ေသးသလား????"

အေခၚအေဝၚေတြ နာမ္စားေတြကို ေရွာင္ဖယ္
လႊဲသုံးရင္း Luhanေမးလာသည့္အခါ Sehun
ေခါင္းၫႊတ္ကာအရိုအေသေပးရင္း တဲနန္းထဲ
ကထြက္လာခဲ့သည္

Sehunထြက္သြားပါမွ တင္းထားေသာ စိတ္တို႔
သည္ ေပ်ာ္က်သြားဟန္ျဖင့္ Luhan ခုံေပၚသို႔
အ႐ုပ္ႀကိဳးျပတ္သလို ထိုင္ခ်မိလိုက္သည္

ေန႕ခ်င္းညခ်င္း ျဖစ္ပ်က္သြားေသာ ကိစၥမွာ Sehunကိုရွင္းျပဖို႔လဲ Luhan မစြမ္းသာ။

အနည္းဆုံးေတာ့ ဖုံးကြယ္ထားရက္ေလျခင္း
ဆိုၿပီး စိတ္ထိခိုက္သြားလိမ့္မည္။

သူ႕အေၾကာင္းေတြတကယ္မသိေစခ်င္သည့္
အတြက္ Sehunဆီ သူ႕သတင္းေတြမေရာက္ေအာင္ လိုက္ဖုံးဖိေနမိတာလဲသူ႕အျပစ္ပါပဲ။

ပခုံးေပၚထမ္းထားရတဲ့ ဝန္ေတြက သိပ္မ်ားလြန္း
ေနေတာ့ ခိုနားစရာေနရာတခုရွိခ်င္မိတာေၾကာင့္

Luhan စိတ္အားထက္သန္စြာ ေတာင္းဆိုမိသည္။

အဲ့ဒီေနရာဟာ သူ ျဖစ္ေပးလို႔မရဘူးလား??? စစ္သူႀကီးOhျဖစ္လို႔မရဘူးလား???
မင္းသားေလး ရယ္ ခိုနားခြင့္မေပးနိုင္ဘူးလား???

Luhan သိပ္ ေလာဘႀကီးသြားသလား ?

ေဝေဝဝါးဝါးျဖစ္လာသည့္ အျမင္အာ႐ုံေတြက
Luhanကိုေလွာင္ေျပာင္ေနသည္။

မင္း တကယ္ ေပ်ာ့ညံ့တာပဲတဲ့

"မဟုတ္ပါဘူး ငါ သူ႕ကိုတကယ္လိုအပ္ေနလို႔ပါ
"

*******D*R*E*A*M*******

လမ္းတေလွ်ာက္ေတြ႕ရသည့္ တပ္သားမ်ားက
Luhanကို အရိုအေသေပးကာ ျဖတ္သြားၾကသည္

"Hua ကိုယ္ေတာ္ ဘာအလိုရွိလို႔ပါသလဲ"

"ေရကန္မွာ ေရနည္းနည္းသြားခပ္မလို႔"

"အာ……က်ေနာ္မ်ိဳးကိုေပးပါ သြားခပ္ေပးပါ့မယ္"

"ေနပါေစ ကိုယ္ေတာ္ ပတ္ဝန္းက်င္အေျခအေနလဲ တခ်က္ေလ့လာခ်င္ေသးလို႔ပါ လုပ္စရာရွိတာ
လုပ္ပါ"

ေမးလာသမွ် တပ္သားမ်ားကို ျပန္ေျဖၾကားရင္း
ေရကန္ရွိရာဘက္ကို ထြက္ခဲ့မိသည္။

ဒီေနရာမွာ စခန္းခ်ဖိဳ႕ Luhan အမိန႔္ေပးခဲ့ျခင္းဟာလဲ ေသာက္ေရသုံးေရအလြယ္ရနိုင္သည့္ သဘာဝေရကန္တကန္ႏွင့္နီးလို႔ျဖစ္သည္။

Wang Jinကေတာ့ ထုံးစံအတိုင္း ကန႔္ကြက္ သည္။ တဖက္တပ္ဖြဲ႕အေျခစိုက္ရာႏွင့္ ေဝးလြန္း၍တဲ့ေလ။

လက္နက္သိုေလွာင္ရာတဲ ရိကၡာတဲတို႔ကို ျဖတ္ၿပီးေနာက္ Luhan ေရကန္ကို ေရာက္လာသည္။

ေရမခပ္ေသးပဲ ကန္စပ္မွာ ထိုင္ခ်ပစ္ရင္း ကန္တဝိုက္ကို စိတ္လြတ္ကိုယ္လြတ္ေငးေနမိသည္။

ၾကည္လင္ေနသည့္ေရမ်ားက အနည္းငယ္ေတာ့
စိတ္ေအးေစပါသည္။

~••

ေနာက္နားဆီမွ သစ္ကိုင္းေျခာက္နင္းသံ ၾကား
လိုက္သည့္အခါ Luhan လ်င္ျမန္စြာပင္ မတ္တပ္ထရပ္လိုက္ၿပီး ဓားႏွင့္႐ြယ္လိုက္သည္။

"ေၾသာ္………"

တိုးတိုးသာသာ ထြက္လာေသာ သူ႕စကားသံ
ကိုယ့္ဓားစက္ႏွင့္မလွမ္းမကမ္းမွာ သူ႕လည္ပင္း

ဒီပုံစံမ်ိဳးက ႀကဳံခဲ့ဖူးေသာ္လည္း အေနအထားခ်င္းမွမတူေလပဲ……။

မတုန္လႈပ္စဖူးLuhan တုန္လႈပ္လ်က္ ဓားကိုင္ထားေသာလက္တို႔သည္ တုန္ရင္လာခဲ့သည္။

"က်ေနာ္မ်ိဳး……ေတာင္းပန္"

"ေတာင္းပန္ပါတယ္ Huaကိုယ္ေတာ္ အေႏွာင့္
အယွက္ေပးမိတာ ခြင့္လႊတ္ေပးေတာ္မူပါ"

ဦးေခါင္းၫႊတ္အရိုအေသျပဳကာ ေနာက္ဆုတ္
လ်က္ Sehun လွည့္ထြက္သြားေလေတာ့ Luhan
ရင္ထဲမြန္းၾကပ္လာ၏။

အလ်င္ ေခၚေနၾက *မင္းသားေလး*ဆိုသည္ကို
ေခၚလိုက္ဖို႔ရာ Luhanႏႈတ္ခမ္းတို႔ ပိတ္ေနသည္။
လက္လွမ္းလိုက္ေပမဲ့ သူ မျမင္နိုင္ေတာ့။

**Hua ကိုယ္ေတာ္**

အသုံးအႏႈန္းတို႔သည္ ဓားတစင္းလို ထက္ျမခဲ့သည္။

႐ြယ္ခဲ့ေသာ ဓားပိုင္ရွင္က ကိုယ္ျဖစ္ပါလ်က္
သူက စကားတခြန္းနဲ႕ သတ္သြားခဲ့သည္ေလ။

*******-*******

မီးခိုးေငြ႕မ်ား တလူလူတက္ေနသည့္ မီးဖိုကို
အဓိပၸာယ္မရွိ ထိုးဆြမိသည္။

အခ်ိန္ကား ညနက္သန္းေခါင္၊
အေအးဓာတ္က ေက်ာကြဲလုမတတ္။

လုံၿခဳံေရးတာဝန္က်သည့္ တပ္စုစိတ္ကမဟုတ္
ပါေသာ္လည္း Sehun အိပ္မရသျဖင့္ အျပင္သို႔
ထြက္လာခဲ့သည္။

ရႈပ္ေထြးေနေသာ အေတြးမ်ားသည္ Sehun၏
ေန႕စဥ္တာဝန္မ်ားကို လစ္ဟင္းေစသည္။

သူႏွင့္မ်က္ႏွာခ်င္းဆိုင္ စစ္နည္းဗ်ဴဟာမ်ား ေဆြးေႏြးေသာ္လည္း သူေရာ Sehunပါ အပိုစကားတခြန္းမေျပာခဲ့။

နန္းေတာ္ထဲရွိ Luhan အဆင့္အတန္းကို ျမင့္မွန္း
သိေသာ္လည္း ဘုရင္မင္းျမတ္နီးပါး အာဏာ
ရွိေနလိမ့္မည္ဟု မထင္ခဲ့။

အမွန္အတိုင္းသိလိုက္ရသည့္တိုင္ ခ်စ္စိတ္က
လန႔္စိတ္ကို ဖုံးမသြားတာ Sehun အံ့ၾသမဆုံးေပ။

Sehun မသိလိုက္ခင္မွာပဲ အခ်စ္တို႔က တျဖည္းျဖည္းမ်ားလာခဲ့သည္။

သူ ကမ္းလင့္ခဲ့တာ လက္တဖက္မဟုတ္ပဲ ဓားတခ်က္ျဖစ္ခဲ့ေတာ့ Sehun ထိတ္လန႔္သြား
ရသည္။

ဒီေလာက္ဆို ႐ူးသြပ္တာ ရပ္လိုက္ဖို႔သင့္ၿပီ။

ၾကယ္ကင္းမဲ့ေနေသာ ယေန႕ညသည္ လျခမ္း
ေကြးေကြးကလဲအေဖာ္မဲ့စြာႏွင့္ အလင္းေရာင္
တေဖ်ာ့ေဖ်ာ့။

တလွမ္းခ်င္းေလွ်ာက္လာေသာ ေျခသံတို႔သည္
တိတ္ဆိတ္ေနေသာ ညမွာ က်ယ္က်ယ္
ေလာင္ေလာင္ကို ထြက္ေပၚလာသည္။

ေဖ်ာ့ေတာ့ေနေသာ အလင္းေရာင္ေအာက္မွာပင္
လာေနေသာသူ၏ပုံပန္းကို Sehunသိလိုက္သည္။

ရင္ခုန္သံတခ်က္ျဖင့္ သိလိုက္သည္။

Sehunနံေဘးမွာ သူ ထိုင္ခ်လိဳက္ေတာ့ Sehun
တျခားဖက္ကိုပဲ ေ႐ႊ႕လိုက္မိသလား???
သူ႕ကိုပဲ အရိုအေသေပးလိုက္မိသလား???
ကိုယ္ကိုယ္တိုင္မသဲကြဲေတာ့။

"က်ေနာမ်ိဳး လူ႕ေလာကကို ေရာက္တဲ့ညက
ၾကယ္တာရာေတြအမ်ားႀကီးထြန္းလင္းခဲ့တယ္
ၾကယ္တစင္းေႂကြက်ခဲ့တယ္လို႔ ခမည္းေတာ္က
ေျပာခဲ့တယ္"

ႏႈတ္ခမ္းႏွစ္လႊာပြင့္႐ုံေျပာေနေသာ စကားတို႔သည္ Sehun တေယာက္တည္းကိုသာ
ၾကားေစဖို႔ ရည္႐ြယ္သည္။

"ပညာရွိအမတ္ Hanရဲ႕ တဦးတည္းေသာသား
က်ေနာ္မ်ိဳးအသက္ 5ႏွစ္မွာပဲ နန္းေတာ္ထဲ အခစားဝင္ခြင့္ရခဲ့တယ္"

ဘဝဇာတ္ေၾကာင္းကို ျပန္ေျပာင္းေျပာျပေနေသာ
Luhanကို Sehun ေစ့ေစ့ၾကည့္လိုက္မိသည္။

Luhanအၾကည့္ကေတာ့ တေငြ႕ေငြ႕ေတာက္ေန
သည့္ မီးပုံထဲမွာ~~•

"ဘာမဆို တတ္ကြၽမ္းလြယ္ သိနားလည္လြယ္တဲ့က်ေနာ္မ်ိဳးက ငယ္႐ြယ္တုန္းကေတာ့ ခ်စ္ဖြယ္ေကာင္းေပမဲ့အသက္ႀကီးလာတာနဲ႕အမွ် မင္းမ်ိဳးႏြယ္ရဲ႕ထီးနန္းကို ၿခိမ္းေျခာက္လာတယ္လို႔ သူတို႔ေတြေျပာၾကတယ္"

စကားစတို႔ျပတ္သြားရင္း Luhan ေလတဝရႈသြင္းလိုက္သည္။ တခုခုေျပာရန္ အားယူလိုက္သည့္ပုံပင္

"နကၡတ္စုံတဲ့ညမွာေမြးလာတဲ့သူ ေလာကအရွင္သစ္ဆိုၿပီး စကားတခ်ိဳ႕ကလဲ ရွိခဲ့ဖူးတယ္
အဟက္……ဒီလိုနဲ႕ က်ေနာမ်ိဳး အသက္၉ႏွစ္မွာ ခမည္းေတာ္ မယ္ေတာ္ ႏွစ္ပါးလုံး ဆုံးရႈံးခဲ့ရတယ္ ဘာေၾကာင့္လဲ???ခုခ်ိန္ထိ က်ေနာ္မ်ိဳးမသိဘူး"

ရင္ထဲတြင္ ဘယ္ေလာက္နာက်င္ေနမလဲ??
Sehunမေတြးရဲ ေတာ့ ။

ဒူးေခါင္းေပၚပိုက္ထားသည့္ လက္ႏွစ္ဖက္ကို
ဆုပ္ကိုင္ကာ  Luhanကိုေထြးေပြ႕ေပးခ်င္ေပမဲ့ Sehun ကိုယ္ကမေဆာင္ခဲ့။

"မိဘႏွစ္ပါးလုံးဆုံးရႈံးၿပီး က်ေနာ္မ်ိဳးနန္းေတာ္
ကိုေရာက္သြားတယ္ တစ္ႏွစ္အၾကာမွာ မင္းႀကီး
က သားေတာ္အျဖစ္ ေမြးစားၿပီး ဘုရင္ငယ္ရာထူးကိုေပးတယ္ ေနာင္အိမ္ေရွ႕စံနန္းတက္တဲ့အခါက်ေနာ္ဟာ အိမ္ေရွ႕စံနဲ႕အတူ တိုင္းျပည္ကို
အဓြန႔္ရွည္စည္ပင္သာယာေအာင္ အုပ္ခ်ဳပ္ရမယ္"

တခ်ိဳ႕ေသာ အေၾကာင္းအရာမ်ားကိုေတာ့ Luhanမေျပာလိုေတာ့။Sehunကိုမသိေစလိုေတာ့။

"Lu…"

Luhanအသက္ရႈသံမ်ား ေခတၱရပ္တန႔္သြားသလားပင္။

အံ့ၾသလြန္းသျဖင့္ ခပ္ဟဟ ျဖစ္သြားေသာ
ႏႈတ္ခမ္းတစုံဟာ ပါးျပင္ေပၚစီးက်လာသည့္
မ်က္ရည္စက္တို႔ႏွင့္အၿပိဳင္ တုန္ရီေနသည္။

"ကိုယ္ စိတ္မဆိုးတာမို႔ ရွင္းျပဖို႔မလိုပါဘူး"

မ်က္ရည္တို႔ကို သုတ္ကာေပးလိုက္ေသာ္လည္း
အႂကြင္းအက်န္တခ်ိဳ႕က Sehun လက္ဖမိုးကို
ျဖတ္ကာစီးလို႔လာသည္။

ဒီေကာင္ေလးကို Sehun ဘယ္လိုေမ့ရက္မွာတဲ့လဲ။

"ရာထူးေတြကိုေဘးဖယ္ၿပီး ဒီအတိုင္းLuhan
အျဖစ္ ဆက္ဆံၿပီး အနားမွာေနေပးနိုင္မလား"

ပါးျပင္ကိုအုပ္ကိုင္ထားသည့္Sehunလက္ေပၚက
ထပ္ကာ ေျပာလိုက္ေသာစကား၊

Sehunေခါင္းညိမ့္ျပလိုက္ေတာ့ ၿပဳံးလိုက္သည့္
ႏႈတ္ခမ္းပါးေလး၊

ည၏ဆြဲေဆာင္အားသည္ထိတ္လန႔္ဖြယ္
ျဖစ္သည္။

စိတ္မ်ားလြတ္မထြက္ခင္မွာပင္ ပူးကပ္စျပဳေတာ့
မည့္ အေနအထားကို အလ်င္အျမန္ခြာလိုက္ၿပီး
တေယာက္မ်က္ႏွာပင္တေယာက္ မၾကည့္နိုင္
ေအာင္ ပူလာခဲ့ရသည္။

ဒီညကေတာ့ အမွတ္တရျဖစ္မည္ထင္သည္။

*******D*R*E*A*M*******

ညနက္သည္ထိ ငုတ္တုပ္ထိုင္ေနခဲ့မိသည္မို႔
မ်က္လုံးေတြက်ိန္းစပ္ေနသည္။

သို႔ေသာ္လည္း သတိရွိေနရမည့္ အေနအထားေပမို႔ Sehun လွဲေနရာမွ ထလိုက္ၿပီး ကိုယ္လက္သန႔္စင္ရန္ ေရကန္ဆီသြားဖို႔ျပင္သည္။

Luhanတဲနန္းေရွ႕ကျဖတ္မိေတာ့ သူေရာ
နိုးၿပီလား သိခ်င္လာသည္။

ဝင္သြားနိုင္ေသာ္လည္း မသင့္ေတာ္သည္မို႔
ေခါင္း သာတြင္တြင္ခါယမ္းၿပီး ဆက္ေလွ်ာက္ရန္
အျပင္။

"စစ္သူႀကီးး……"

Luhan တဲနန္းမွထြက္လာေသာ ကပ်ာကယာထြက္လာသည္က Baekhyunမင္းသားျဖစ္ၿပီး
အထိတ္တလန႔္ပုံစံရွိလွသည့္အတြက္

"မင္းသား ဘာကိစၥ……"

"Hua……Luhanမရွိေတာ့ဘူး"

"ဗ်ာ……"

Baekhyunမင္းသားကိုဖယ္ကာ တဲနန္းထဲ
ဝင္ၾကည့္မိသည္။

ေျမျပင္ေပၚျပန႔္က်ဲက်ေနတဲ့ အသုံးအေဆာင္
ပစၥည္းေတြနဲ႕ ဖရိုဖရဲအဆင္အျပင္ေတြၾကားမွာ

Sehunဒူးေထာက္က်သြားခဲ့ေလသည္။

"Lu………"

To Be ConTinued………

Continue Reading

You'll Also Like

5.2K 888 10
The one who I love is my big brother's old flame. ZhangYiXing × KimJunMyeon Fan Fiction
39K 5.8K 38
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
101K 6.5K 52
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.
4.5K 558 3
If colors could talk ..