တသွင်သွင်စီးနေသည့် စမ်းချောင်းရယ်၊
တသီသီမြည်တွန်နေသည့်ငှက်ငယ်လေး
တွေရယ် …… လေယူရာယိမ်းနေသည့် သစ်ပင်စိမ်းငယ်ငယ်များရယ်နှင့် Luhanခေါ်ဆောင်လာရာနေရာသည် အေးချမ်းသောသီးသန့်နေရာလေးဖြစ်နေသည်။
"မင်းသားလေး လာ…ဒီနားမှာလာထိုင်"
စမ်းချောင်းဘေးတွင်ထိုင်ချကာ ခြေနှစ်ဖက်လွှဲ
ဆော့နေသော Luhan , Sehunကိုလဲပြုံးပြကာ
လက်ယက်ခေါ်နေသေးသည်။
Sehunသည်လည်း Luhanနည်းတူပင်ထိုင်ချပစ်
ရင်း မျက်နှာချောချောကိုဘေးတိုက်ငေးမောနေ
မိသည်။
သူ့အမူအရာတွေဟာသိပ်ကိုသိသာ
နေပြီလားမသိ။ ဟင့်အင်း မသိနိုင်ပါဘူး။
ဖြူစင်တဲ့ကလေးလေး Huaက သူ့အချစ်ကို
ညီအစ်ကိုရင်းချာလိုအချစ်မျိုးလို့ပဲ သတ်မှတ်မှာ
အရောင်တွေစွန်းနေတဲ့အချစ်ကို ကလေးကသိဖို့
နေနေသာ။ စိတ်တောင်ကူးဖူးမည်မဟုတ်ချေ
ဟူးးး သူကလဲဘာလို့ယောကျ်ားလေးတယောက်
ကိုမှ ချစ်ခဲ့မိပါလိမ့်နော် ?
"မင်းသားလေး ဘာကိစ္စ သက်ပြင်းတွေချနေရ
တာလဲ ?"
စိတ်ကူးထဲကအပူလုံးတွေ အပြင်ကိုရောက် သွားမှန်း Sehunသတိပင်မထားမိ။Luhanထောက်ပြပြောဆိုတော့မှပင် ပြာပြာသလဲနှင့် ခေါင်းခါယမ်းကာ
"အာ……မဟုတ်ပါဘူး ကိုယ်သက်ပြင်းချတာက
ဟို……Lu ဒီနေ့နန်းတော်မပြန်ဘူးဆိုတဲ့စကားကို
တွေးမိလို့။ အင်းး ပြောပါဦး ဒီနေ့နန်းတော်မပြန်
ဘူးဆိုတော့ Luက ဘာလုပ်မှာလဲ"
ပါးစပ်ထဲရှိရာလျှောက်မေးလိုက်သည်ဆိုသော်
ငြားလဲ Sehun တကယ်သိချင်နေသောမေးခွန်း
ဖြစ်ပါသည်။
Luhanကတော့ မျက်လုံးလေးထောင့်ကပ်ကာ
Sehunကိုတချက်ခိုးကြည့်ရင်း နှုတ်ခမ်းရဲရဲအား
တချက်ကိုက်လိုက်သည်။
ငြိမ်သွားရာမှပင် ဟက်ဟက်ပက်ပက်ထရယ်
တော့ Sehun အလန့်သားပြန်ကြည့်နေသည်
လေ……။
"အယ် မင်းသားလေး ကျနော်မျိုးကို စိတ်ဖောက်ပြန်သွားပြီ ထင်နေတာတော့ မဟုတ်ပါဘူးနော်"
"ဟုတ်တယ်လေ ရုတ်တရတ်ကြီးထရယ်တာကို"
"ဟာဗျာ……မင်းသားလေးကလဲ"
အလိုမကျဟန် နှုတ်ခမ်းတို့ကိုတွန့်ချိုးကာ
မျက်မှောင်ကျုံ့လျက် Sehunကိုမကြည့်တော့ပဲ
ရေစီးကြောင်းများဆီသို့သာ တည့်တည့်ကြည့်နေ
ပြန်သည်။
ဒီလိုကျပြန်တော့လဲSehunကတဖန်ပြန်၍
အလိုမကျဖြစ်ရသည်။
ကောင်လေးရဲ့အကြည့်တွေကို ဒီစမ်းချောင်းက
သိမ်းပိုက်ရက်လေခြင်းလို့လေ။
မနာလိုဝန်တိုမှုခပ်ပါးပါးကို အသာမျှောချ
ကောင်လေးစိတ်ကျေနပ်သွားဖို့ရာ စကားလုံး
လှလှတို့လဲမဖန်တီးတတ်သဖြင့် အမူအရာလေး
ဖြင့်သာ ချော့တော့မည်ရည်ရွယ်လျက်
Luhanဦးခေါင်းထိပ်ကိုအသာအယာပုတ်ပေးရင်း
"ဟိတ်……စိတ်ဆိုးသွားတာလား ပန်းကလေး"
"ကျနော်မျိုးကို အဲ့လိုကြီးမခေါ်ပါနဲ့ဆိုနေ"
ယခုမှတကယ့်ကိုစိတ်ဆိုးသွားသည့်ပုံနှင့် ထိုင်နေရာမှထရပ်တော့ စစ်သူကြီးOh ကမန်းကတမ်းနှင့်လက်လေးကိုဆွဲကိုင်ကာမတ်တပ်ထလိုက်ရသေးသည်။
မျက်နှာကဖြင့် Sehun ဘက်ကို မလှည့်သေး
ဘေးတစောင်းအနေအထားကိုပင် Sehun မရမကလိုက်ကြည့်မိတော့ ဆန့်ကျင်ဘက်ကိုပိုလို့ပိုလို့ပင်လှည့်သွားလေသည်။
"ကိုယ့်ကိုကြည့်ပါဦးLuရယ် ဟင်??? ဟင် ဟင်"
တခါမှမမြင်ဖူးသည့် စစ်သူကြီး၏ဂျီကျမှုကို မျက်မြင်တွေ့လိုက်ရလို့ထင် ပြုံးကာလာပြီး
Sehunကို မျက်စောင်းတချက်ထိုးကာ နဂိုနေရာ
တွင်ပြန်ထိုင်ပြန်သည်။
"ပြောပါဦး ဘာကိစ္စ ထရယ်ရတာလဲ"
"အင်း…တကယ်တော့ ကျနော်မျိုးနန်းတော်ထဲ
ကထွက်မှာကို အိမ်ရှေ့စံသိတယ်ဗျ အဲ့ဒါကြောင့်လဲ အစောင့်တွေအားလုံးကို ကိုယ်တော်ပဲခေါ်ထုတ်သွားပေးတာလေ"
"ဟင်း……ကိုယ်ကတော့ အစောင့်တွေတယောက်မှမရှိလို့ စိတ်ပူလိုက်ရတာ"
"ဟီးး ကျနော်မျိုးက ရက်၃၀တခါ နန်းတော်ပြင်
ထွက်တယ် ဒုက္ခသည်စခန်းကိုသွား လိုတာတွေ
လုပ်ပေးပြီးရင် အိမ်ကိုပြန်တယ် ပြီးနောက်တနေ့
မှနန်းတော်ကိုပြန်တာ"
အိမ်???အိမ်ဆိုတော့ Han အိမ်တော်!!!
ဖျတ်ကနဲဆိုသလို Luhanကိုကြည့်မိတော့
သမင်ငယ်က တိမ်တွေကိုငေး စမ်းချောင်းထဲ
ခြေထောက်နှစ်ချောင်းကိုနှစ်ကာနှစ်ကာ
ဆော့ရင်း သဘာဝကိုခံစားနေလေရဲ့။
"မင်းသားလေး ကျနော်မျိုးကို တခုကူညီပါလား"
"ဘာကိုလဲ Lu ?"
စကားဖွင့်ပေးလိုက်သည်နှင့် Luhan ပြုံးလိုက်ပြီးလက်တို့ကိုဆန့်တန်းလျက် အပျင်းကြောဆန့်လေသည်။
ထို့နောက် အောက်ကြမ်းပြင်တွင်လှဲချပစ်ကာ
Sehunပေါင်ပေါ်ခေါင်းအုံးလာသည်။
" Hua??? "
"ကျနော်မျိုးအရမ်းပင်ပန်းလို့ ခဏအိပ်မယ်လေနော် နေဝင်သွားတဲ့အခါကျနှိုးပေါ့ မင်းသားလေးကိုအိမ်တော်ခေါ်သွားမယ်"
မျက်လုံးတို့ကိုမှိတ်ထားကာ နှုတ်မှတတွတ်တွတ်
ပြောနေသော Luhanကို Sehun မမှိတ်မသုန်
စိုက်ကြည့်နေမိသည်။
တနေကုန်လှုပ်ရှားခဲ့ရတော့ ပင်ပန်းနေမပေါ့။
ပြောစရာရှိသည်များပြောပြီး ခေါင်းချလိုက်တည်းက အိပ်ပျော်သွားလိုက်တာ အသက်ရှုသံပြင်းပြင်းလေးပင်ထွက်လို့ရယ်။
"မင်း ဘယ်သူလဲ Lu အင်း Huaရယ် မင်းက
ဘယ်လိုလူများလဲ"
Luhanဆံပင်များကိုအသာသပ်တင်ကာ ဖြေသူ
မရှိ အဖြေမသိမေးခွန်းများကို Sehunမေးနေမိသည်။
ဒီအတောအတွင်း Sehun သိပ်သိချင်နေမိသော
အကြောင်းအရာပင်ဖြစ်သည်။
"Luရယ် ကိုယ်မှန်းမိသလောက်တော့ မင်းလေးက ကိုယ့်ထက်အဆပေါင်းများစွာမြင့်မားသူဖြစ်နိုင်တယ်"
ဖြောင့်စင်းနေသောနှာတံလေးပေါ် လျှောစီးသလို
လက်ညိုးလေးနှင့်ခုန်ဆင်းရင်း Sehun တိုးတိုး
ညင်ညင်ပြောနေမိသည်။
Luhanနိုးသွားမည်ကိုလဲ စိုးထိတ်ရသဖြင့် ဘာလုပ်လုပ်ညင်ညင်သာသာတိုးတိုးတိတ်တိတ်
ကလေးရယ်ပင်ဖြစ်သည်။
"မင်းနဲ့ကိုယ့်ကြားမှာ တားဆီးထားတာတွေ
မှအများကြီး"
လက်နှစ်ဖက်ကို ပိုက်ကာယှက်လျက် အိပ်နေ
သဖြင့် နီးနေသည့် လက်တဖက်ကို ထိကိုင်ဖို့
ကြိုးစားတော့ အံ့သြဖို့ကောင်းစွာLuhanလက်ညိုးလေးကသူ့လက်ညိုးကိုလာချိတ််နေသည်။
Sehun ပြုံးလိုက်ပြီးကောင်းကင်ကိုမော့ကြည့်
လိုက်သည်။
ဝါဂွမ်းစလိုတိမ်တွေက ဟိုဒီရွေ့လျားလျက်ရှိနေသလို
"ဒါပေမဲ့ ချစ်တာကချစ်တာပဲ ကလေးရယ်"
လက်ညိုးလေးနှစ်ချောင်းကချိတ်သွယ်ထားလျက် ရှိနေခဲ့ပါသည်။
*******D*R*E*A*M*******
နေဝင်ပြီးတော်တော်ကြာသည်ထိ သူတို့
နှစ်ယောက် လမ်းမပေါ်မှာသာရှိသေးသည်။
ညမထွက်ရအမိန့်ရှိသည်မို့ ဈေးဆိုင်တချို့သိမ်း
ကုန်ပြီဖြစ်သလို ဈေးလမ်းမမှာလဲ လူတစနှင့်တစရှင်းစပြုလာပြီ။
"နည်းနည်းလောက်ဆက်လျှောက်လိုက်ရင်
အိမ်ကိုရောက်ပြီ"
"အင်း…အိမ်နဲ့နန်းတော်က သိပ်မဝေးဘူးနော်"
"ဟုတ်တယ်……"
ပြောစရာစကားရယ်လို့ မယ်မယ်ရရလဲမရှိတော့
သည်မို့ တိတ်တဆိတ်သာလျှောက်လာခဲ့ကြ
ရင်း မဟူရာဘက်သို့တဖြည်းဖြည်းပြောင်းလာ
သည့် ကောင်းကင်ကိုသတိပြုမိသည်။
"မြန်မြန်လျှောက်ရအောင်လေ မှောင်လာ
တော့မယ်"
"ဟုတ်ကဲ့ပါ မင်းသားလေး"
နှစ်နှစ်ခြိုက်ခြိုက်အိပ်ခဲ့ရသည်မို့ Luhanမျက်နှာ
ဖောင်းဖောင်းလေးနှင့်လန်းနေသလိုပင်
"အိမ်ရောက်ပြီ……"
<<晗>> ဟူ၍တလုံးတည်းရေးထိုးထားသည့်
ခေါင်းစီးနှင့်အိမ်တော်သည် နန်းမြို့တော်တွင်
အကြီးကျယ်အခမ်းနားဆုံးသောအိမ်ဖြစ်လိမ့်
မည်ဟု Sehun တွေးလိုက်မိသည်။
ကျွန်းတံခါးရှည်ကြီးကိုဖွင့်ကာဝင်လိုက်တော့
တိတ်ဆိတ်နေသောဝန်းကျင်ကအခန့်သား
ဆီးကြိုနေလေသည်။
"ဝင်လေ မင်းသားလေး"
အိမ်တော်ထဲသို့ခြေတဖက်လှမ်းဝင်လိုက်တော့မှ
အကျယ်အဝန်းကိုခန့်မှန်းမိသည်။
အဓိကအိမ်တော်ဆောင်ကြီးအပြင် ဘေးမှာလဲ
အဆောင်ငယ်လေးများရှိသည်။အနောက်ဖက်တွင်လဲ အဆောင်များရှိဦးမည်ထင်သည်။
"ဧည့်သည်ဆောင်က အနောက်ဖက်မှာ……အင်း
အိမ်တော်ထိန်းဦးကြီးတို့အိပ်နေကြပြီထင်တယ်
လာလေ မင်းသားလေး ကျနော်မျိုးအခန်းလိုက်
ပြမယ်"
"နေပါဦး Luhan"
Luhanလက်ကိုအချိန်မှီဖမ်းဆွဲလိုက်ပေမဲ့
စိတ်မကောင်းစွာပဲ လက်ကလွတ်ထွက်သွားပြီး
ဝတ်ရုံအနားစကိုသာ လှမ်းဖမ်းမိခဲ့သည်။
"ကိုယ်မမေးဘူးလို့ ဆုံးဖြတ်ထားပေမဲ့……"
"ကျနော်မျိုးဘယ်သူလဲ ဘာလဲဆိုတာ
မင်းသားလေးသိချင်နေတာမလား"
ကောင်းကင်၌တဖျတ်လက်သွားသောကြယ်
တလုံးက Luhanမျက်ဝန်းတွင်ဖြစ်ထွန်းခဲ့သည်။
"အချိန်အတိုင်းအတာတခုရောက်ရင် Lu ကိုယ်တိုင်ပြောပြပါ့မယ်"
"ကိုယ်က……"
"သခင်လေးပြန်ရောက်ပြီလား ဦးကြီးတို့
သတိမထားမိလိုက်ဘူး ကြည့်စမ်း"
အနောက်ဘက်နားဆီကနေ ပျာတိပျာယာ
ထွက်လာသော အိမ်တော်ထိန်းဖြစ်ဟန်တူသည့်
ဦးကြီးတယောက်ကြောင့် Sehunစကားစတို့
ပြတ်သွားရသည်။
"ဧည့်သည်ပါလာတာပဲ သခင်လေး"
"အင်း ……ဧည့်သည်ဆောင်ကိုပို့ပေးလိုက်ပါဦးကြီး … မင်းသားလေး ဒါဆို "
ခေါင်းညွှတ်အရိုအသေပေးကာ လှည့်ထွက်
သွားသောLuhanကိုSehunတားချိန်ပင်မရလိုက်
အိမ်တော်ထိန်းခေါ်လိုက်သည့် Minနှင့်Lingဆို
သော အိမ်စေမိန်းမပျိုနှစ်ဦးနောက်ကိုသာလိုက်
သွားလိုက်ရင်း Luhanဝင်သွားသည့်အခန်းကို
ကြည့်မိတော့ မီးအလင်းရောင်ပင်ပျောက်သွား
ချေပြီ။
ထို့နောက်တွင်တော့ Sehunသည်လဲ အကြည့်
လွှဲလိုက်ရင်း မရေရာမသေချာခဲ့မှုများနှင့်အတူ
တနေ့တာကို အဆုံးသတ်ခဲ့ရပြန်တော့သည်။
.............
အိပ်ရာပြောင်း၍အိပ်ရေးပျက်ခဲ့သည်ဆိုဦး။
မနက်ရောက်တော့ အကျင့်ပါနေသည့်အတိုင်း
မျက်လုံးတို့ကပွင့်လာခဲ့သည်။
အဆင်သင့်ပြင်ထားပေးဟန်တူသော
ရေ နွေးနွေးနှင့်ကိုယ်လက်သန့်စင်ပြီးသည့်
နောက် အပြင်ထွက်လာသောအခါ နေရောင်ခြည်နွေးနွေးကကိုယ်ပေါ်ဖြာကျလာသည် တိတ်ဆိတ်နေသည့်ဝန်းကျင်က ရုတ်တရတ်…………
"မင်းသားလေး……"
အလျင်အမြန်ပင် အိမ်တံခါးမပေါက်ဆီလျှောက်
သွားမိတော့ ထိုနေရာတွင်ရောက်နှင့်နေပြီးသား
Luhan။
အိမ်တံခါးကိုဖြင့် မဖွင့်ရသေးပေမဲ့အပြင်ဘက်မှလူများ၏အော်ဟစ်သံပြေးလွှားသံနှင့် အလျင် စလိုစကားပြောသံ များကို အတိုင်းသားကြားနေရသည်။
"ဘာဖြစ်တာလဲ Lu"
"ဟင့်အင်း မသိသေးဘူး Luတို့အမြန်ဆုံး
နန်းတော်ပြန်မှရမယ်"
*******D*R*E*A*M*******
"ခုလိုရုတ်တရတ် မြို့ရိုးနားမှာ စစ်တပ်ဖွဲ့
လာဆိုက်တည်းက လက်အောက်ခံနိုင်ငံ
ရဲ့သဘောဟာ သွေးရိုးသားရိုးမဖြစ်နိုင်ပါဘူး
မင်းကြီး"
စစ်သေနာပတိချုပ်၏ပြတ်သားသောအသံသည်
ညီလာခံအတွင်းဟိန်းထွက်သွားသည်။
Sehunတို့နန်းတော်ထဲပြန်ဝင်ဝင်ပြီးချင်းညီလာခံ
သို့ဆင့်ခေါ်ခံရသည် ။ အကြောင်းရင်းမှာမူ
လက်အောက်ခံနိုင်ငံလေးတစ်ခုသည် စစ်လက်နက်အင်အားအပြည့်အစုံနှင့် နန်ကျင်း
မြို့တော်ကို ခေတ္တဝိုင်းခဲ့ခြင်းကြောင့်ဖြစ်သည်။
ဘယ်သူတွေဘယ်လိုပဲဆိုစေဦးး။ ဒါဟာ စစ်ကြေညာခြင်းသာဖြစ်သည်။ပုန်ကန်မှု၏အစသာ ဖြစ်သည်။
"သေနာပတိချုပ်က ဒီကိစ္စကိုဘယ်လိုဆုံးဖြတ်
ချင်လဲ"
ဘုရင်မင်းမြတ်၏လက်ဝဲဘက်နေရာတွင် ထိုင်နေ
သောသူက စကားစလာသည်။
Sehunစိတ်ဝင်စားမိသော အဆင့်အတန်းနှင့်
ရာထူးကို Luhanကထိုသို့ပြသသွားခဲ့သည်။
နဂါးတစ်ကောင်မိုးပေါ်ပျံတက်ဟန်ထွင်းထား
သည့်ရွှေရောင်ဝတ်စုံကိုဝတ်ဆင်ကာ ဘုရင်မင်းမြတ် ,အိမ်ရှေ့စံတို့နှင့်တတန်းတည်းထိုင်နေသော သူ Luhan။
"ဒါဟာ စစ်ကြေညာခြင်းပါ ကျနော်မျိုးတို့ဖက်က
ပြင်ဆင်မှုတွေပြုလုပ်ထားသင့်နေပါပြီ"
"သံတမန် တွေဟာ အလကားရှိနေတာမဟုတ်ဘူး
သေနာပတိချုပ် !!! စစ်ကိုမတိုက်ပဲ ရှောင်လွှဲ
လို့ရတဲ့နည်းလမ်းတွေရှိပါတယ် အလျင်စလို
မဆုံးဖြတ်စေချင်ဘူး"
ငြိမ်နေခဲ့သည့်အိမ်ရှေ့စံကိုယ်တော်Yi Xingက
ထောက်ပြပြောဆိုသည့်အခါ Wang Jin မင်းသားသည်
"ဒီကိစ္စဟာ ရှောင်လွှဲမရတော့ဘူး အိမ်ရှေ့စံ
သူတို့ဖက်က တရားဝင်စစ်ကြေညာလိုက်ပြီ
ဒါကိုကျနော်မျိုးတို့ဖက်က ငြိမ်ခံနေရင်း ညံ့ရာ
ကျမပေါ့"
"စစ်ဖြစ်ရင် တိုင်းပြည်အတွက် ပြည်သူပြည်သား
တွေအတွက် အဆမတန်နစ်နာတယ်
Wang Jin"
"ဒီစစ်ကိုမတိုက်ပဲ ပြည်ပြိုကွဲတာကို ကြည့်စိမ့်
သလား Hua ကိုယ်တော်"
"Wang Jin……"
ညီလာခံသည် အပ်ကျသံပင်မကြားရလောက်
အောင် တိတ်ဆိတ်သွားခဲ့ပြီး Luhan,အိမ်ရှေ့စံ
နှင့်Wang Jin ထိုသုံးဦးတို့၏ အကြည့်မြားများ
သည် စူးရှပြင်းထန်နေခဲ့သည်။
Sehunအနေဖြင့်လဲ ထိုမျှလောက်ရာဇမာန်ပြင်း
လွန်းလှသည့်Luhanပုံစံကိုမမြင်ဖူးခဲ့။
"ဘုရင်မင်းမြတ်……"
တည်ကြည်လွန်းလှသည့်ဘုရင်မင်းမြတ်
ရှေ့မှောက်တွင် ဒူးထောက်ချလိုက်သော Luhan
"ဒီစစ်ပွဲကိုဦးဆောင်တိုက်ခွင့်ပေးပါ…"
"Hua……"
အိမ်ရှေ့စံကိုယ်တော်၏အလောတကြီး
တား မြစ်သံ၊ လွန်ခဲ့သည့်အချိန်ပိုင်းကမှ စစ်ကိုရှောင်လွှဲချင်ခဲ့သောHuaသည် ယခုစစ်ကိုဦးဆောင်တိုက်ခွင့်တောင်းနေသည်
"ကောင်းပြီ သားတော်…"
ဘုရင်မင်းမြတ်၏အကြည့်တို့တွင်Luhanအပေါ်
အပြည့်အဝယုံကြည်မှုရှိသည့်အရိပ်အယောင်
များ တားဆီးမရ။
ဦးခေါင်းတချက်ညွှတ်ကာ အရိုအသေပေး
လိုက်ပြီး မှူးကြီးမတ်ရာများဘက်သို့ လှည့်လာ
သောLuhan
"ဒီစစ်ပွဲကို ကိုယ်တော် ဘုရင်ငယ် Luhan
ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်မယ်"
အဆင့်အတန်းများ စည်းမျဉ်းစည်းကမ်းများ
ကိုဘေးဖယ်ကာ Sehunမော့ကြည့်မိသည်။
တိုက်ဆိုင်စွာရယ် Sehunရှိရာကို တည့်တည့်
မတ်မတ်ကြည့်နေသောLuhan.....
"ဘုရင်ငယ်တဲ့လား Lu"
"မင်းပြောတဲ့သင့်တော်တဲ့အချိန်အတိုင်းအတာ
တခုဆိုတာအခုချိန်ပေါ့"
To Be ConTinued…………
( fan fictionတွင် ပါဝင်သောအကြောင်းအရာများသည် စိတ်ကူးယဉ်ပုံဖော်ခြင်းသပ်သပ်သာဖြစ်ပါသည်)
တသြင္သြင္စီးေနသည့္ စမ္းေခ်ာင္းရယ္၊
တသီသီျမည္တြန္ေနသည့္ငွက္ငယ္ေလး
ေတြရယ္ …… ေလယူရာယိမ္းေနသည့္ သစ္ပင္စိမ္းငယ္ငယ္မ်ားရယ္ႏွင့္ Luhanေခၚေဆာင္လာရာေနရာသည္ ေအးခ်မ္းေသာသီးသန႔္ေနရာေလးျဖစ္ေနသည္။
"မင္းသားေလး လာ…ဒီနားမွာလာထိုင္"
စမ္းေခ်ာင္းေဘးတြင္ထိုင္ခ်ကာ ေျခႏွစ္ဖက္လႊဲ
ေဆာ့ေနေသာ Luhan , Sehunကိုလဲၿပဳံးျပကာ
လက္ယက္ေခၚေနေသးသည္။
Sehunသည္လည္း Luhanနည္းတူပင္ထိုင္ခ်ပစ္
ရင္း မ်က္ႏွာေခ်ာေခ်ာကိုေဘးတိုက္ေငးေမာေန
မိသည္။
သူ႕အမူအရာေတြဟာသိပ္ကိုသိသာ
ေနၿပီလားမသိ။ ဟင့္အင္း မသိနိုင္ပါဘူး။
ျဖဴစင္တဲ့ကေလးေလး Huaက သူ႕အခ်စ္ကို
ညီအစ္ကိုရင္းခ်ာလိုအခ်စ္မ်ိဳးလို႔ပဲ သတ္မွတ္မွာ
အေရာင္ေတြစြန္းေနတဲ့အခ်စ္ကို ကေလးကသိဖို႔
ေနေနသာ။ စိတ္ေတာင္ကူးဖူးမည္မဟုတ္ေခ်
ဟူးးး သူကလဲဘာလို႔ေယာက်္ားေလးတေယာက္
ကိုမွ ခ်စ္ခဲ့မိပါလိမ့္ေနာ္ ?
"မင္းသားေလး ဘာကိစၥ သက္ျပင္းေတြခ်ေနရ
တာလဲ ?"
စိတ္ကူးထဲကအပူလုံးေတြ အျပင္ကိုေရာက္ သြားမွန္း Sehunသတိပင္မထားမိ။Luhanေထာက္ျပေျပာဆိုေတာ့မွပင္ ျပာျပာသလဲႏွင့္ ေခါင္းခါယမ္းကာ
"အာ……မဟုတ္ပါဘူး ကိုယ္သက္ျပင္းခ်တာက
ဟို……Lu ဒီေန႕နန္းေတာ္မျပန္ဘူးဆိုတဲ့စကားကို
ေတြးမိလို႔။ အင္းး ေျပာပါဦး ဒီေန႕နန္းေတာ္မျပန္
ဘူးဆိုေတာ့ Luက ဘာလုပ္မွာလဲ"
ပါးစပ္ထဲရွိရာေလွ်ာက္ေမးလိုက္သည္ဆိုေသာ္
ျငားလဲ Sehun တကယ္သိခ်င္ေနေသာေမးခြန္း
ျဖစ္ပါသည္။
Luhanကေတာ့ မ်က္လုံးေလးေထာင့္ကပ္ကာ
Sehunကိုတခ်က္ခိုးၾကည့္ရင္း ႏႈတ္ခမ္းရဲရဲအား
တခ်က္ကိုက္လိုက္သည္။
ၿငိမ္သြားရာမွပင္ ဟက္ဟက္ပက္ပက္ထရယ္
ေတာ့ Sehun အလန႔္သားျပန္ၾကည့္ေနသည္
ေလ……။
"အယ္ မင္းသားေလး က်ေနာ္မ်ိဳးကို စိတ္ေဖာက္ျပန္သြားၿပီ ထင္ေနတာေတာ့ မဟုတ္ပါဘူးေနာ္"
"ဟုတ္တယ္ေလ ႐ုတ္တရတ္ႀကီးထရယ္တာကို"
"ဟာဗ်ာ……မင္းသားေလးကလဲ"
အလိုမက်ဟန္ ႏႈတ္ခမ္းတို႔ကိုတြန႔္ခ်ိဳးကာ
မ်က္ေမွာင္က်ဳံ႕လ်က္ Sehunကိုမၾကည့္ေတာ့ပဲ
ေရစီးေၾကာင္းမ်ားဆီသို႔သာ တည့္တည့္ၾကည့္ေန
ျပန္သည္။
ဒီလိုက်ျပန္ေတာ့လဲSehunကတဖန္ျပန္၍
အလိုမက်ျဖစ္ရသည္။
ေကာင္ေလးရဲ႕အၾကည့္ေတြကို ဒီစမ္းေခ်ာင္းက
သိမ္းပိုက္ရက္ေလျခင္းလို႔ေလ။
မနာလိုဝန္တိုမႈခပ္ပါးပါးကို အသာေမွ်ာခ်
ေကာင္ေလးစိတ္ေက်နပ္သြားဖို႔ရာ စကားလုံး
လွလွတို႔လဲမဖန္တီးတတ္သျဖင့္ အမူအရာေလး
ျဖင့္သာ ေခ်ာ့ေတာ့မည္ရည္႐ြယ္လ်က္
Luhanဦးေခါင္းထိပ္ကိုအသာအယာပုတ္ေပးရင္း
"ဟိတ္……စိတ္ဆိုးသြားတာလား ပန္းကေလး"
"က်ေနာ္မ်ိဳးကို အဲ့လိုႀကီးမေခၚပါနဲ႕ဆိုေန"
ယခုမွတကယ့္ကိုစိတ္ဆိုးသြားသည့္ပုံႏွင့္ ထိုင္ေနရာမွထရပ္ေတာ့ စစ္သူႀကီးOh ကမန္းကတမ္းႏွင့္လက္ေလးကိုဆြဲကိုင္ကာမတ္တပ္ထလိုက္ရေသးသည္။
မ်က္ႏွာကျဖင့္ Sehun ဘက္ကို မလွည့္ေသး
ေဘးတေစာင္းအေနအထားကိုပင္ Sehun မရမကလိုက္ၾကည့္မိေတာ့ ဆန႔္က်င္ဘက္ကိုပိုလို႔ပိုလို႔ပင္လွည့္သြားေလသည္။
"ကိုယ့္ကိုၾကည့္ပါဦးLuရယ္ ဟင္??? ဟင္ ဟင္"
တခါမွမျမင္ဖူးသည့္ စစ္သူႀကီး၏ဂ်ီက်မႈကို မ်က္ျမင္ေတြ႕လိုက္ရလို႔ထင္ ၿပဳံးကာလာၿပီး
Sehunကို မ်က္ေစာင္းတခ်က္ထိုးကာ နဂိုေနရာ
တြင္ျပန္ထိုင္ျပန္သည္။
"ေျပာပါဦး ဘာကိစၥ ထရယ္ရတာလဲ"
"အင္း…တကယ္ေတာ့ က်ေနာ္မ်ိဳးနန္းေတာ္ထဲ
ကထြက္မွာကို အိမ္ေရွ႕စံသိတယ္ဗ် အဲ့ဒါေၾကာင့္လဲ အေစာင့္ေတြအားလုံးကို ကိုယ္ေတာ္ပဲေခၚထုတ္သြားေပးတာေလ"
"ဟင္း……ကိုယ္ကေတာ့ အေစာင့္ေတြတေယာက္မွမရွိလို႔ စိတ္ပူလိုက္ရတာ"
"ဟီးး က်ေနာ္မ်ိဳးက ရက္၃၀တခါ နန္းေတာ္ျပင္
ထြက္တယ္ ဒုကၡသည္စခန္းကိုသြား လိုတာေတြ
လုပ္ေပးၿပီးရင္ အိမ္ကိုျပန္တယ္ ၿပီးေနာက္တေန႕
မွနန္းေတာ္ကိုျပန္တာ"
အိမ္???အိမ္ဆိုေတာ့ Han အိမ္ေတာ္!!!
ဖ်တ္ကနဲဆိုသလို Luhanကိုၾကည့္မိေတာ့
သမင္ငယ္က တိမ္ေတြကိုေငး စမ္းေခ်ာင္းထဲ
ေျခေထာက္ႏွစ္ေခ်ာင္းကိုႏွစ္ကာႏွစ္ကာ
ေဆာ့ရင္း သဘာဝကိုခံစားေနေလရဲ႕။
"မင္းသားေလး က်ေနာ္မ်ိဳးကို တခုကူညီပါလား"
"ဘာကိုလဲ Lu ?"
စကားဖြင့္ေပးလိုက္သည္ႏွင့္ Luhan ၿပဳံးလိုက္ၿပီးလက္တို႔ကိုဆန႔္တန္းလ်က္ အပ်င္းေၾကာဆန႔္ေလသည္။
ထို႔ေနာက္ ေအာက္ၾကမ္းျပင္တြင္လွဲခ်ပစ္ကာ
Sehunေပါင္ေပၚေခါင္းအုံးလာသည္။
" Hua??? "
"က်ေနာ္မ်ိဳးအရမ္းပင္ပန္းလို႔ ခဏအိပ္မယ္ေလေနာ္ ေနဝင္သြားတဲ့အခါက်ႏွိုးေပါ့ မင္းသားေလးကိုအိမ္ေတာ္ေခၚသြားမယ္"
မ်က္လုံးတို႔ကိုမွိတ္ထားကာ ႏႈတ္မွတတြတ္တြတ္
ေျပာေနေသာ Luhanကို Sehun မမွိတ္မသုန္
စိုက္ၾကည့္ေနမိသည္။
တေနကုန္လႈပ္ရွားခဲ့ရေတာ့ ပင္ပန္းေနမေပါ့။
ေျပာစရာရွိသည္မ်ားေျပာၿပီး ေခါင္းခ်လိဳက္တည္းက အိပ္ေပ်ာ္သြားလိုက္တာ အသက္ရႈသံျပင္းျပင္းေလးပင္ထြက္လို႔ရယ္။
"မင္း ဘယ္သူလဲ Lu အင္း Huaရယ္ မင္းက
ဘယ္လိုလူမ်ားလဲ"
Luhanဆံပင္မ်ားကိုအသာသပ္တင္ကာ ေျဖသူ
မရွိ အေျဖမသိေမးခြန္းမ်ားကို Sehunေမးေနမိသည္။
ဒီအေတာအတြင္း Sehun သိပ္သိခ်င္ေနမိေသာ
အေၾကာင္းအရာပင္ျဖစ္သည္။
"Luရယ္ ကိုယ္မွန္းမိသေလာက္ေတာ့ မင္းေလးက ကိုယ့္ထက္အဆေပါင္းမ်ားစြာျမင့္မားသူျဖစ္နိုင္တယ္"
ေျဖာင့္စင္းေနေသာႏွာတံေလးေပၚ ေလွ်ာစီးသလို
လက္ညိုးေလးႏွင့္ခုန္ဆင္းရင္း Sehun တိုးတိုး
ညင္ညင္ေျပာေနမိသည္။
Luhanနိုးသြားမည္ကိုလဲ စိုးထိတ္ရသျဖင့္ ဘာလုပ္လုပ္ညင္ညင္သာသာတိုးတိုးတိတ္တိတ္
ကေလးရယ္ပင္ျဖစ္သည္။
"မင္းနဲ႕ကိုယ့္ၾကားမွာ တားဆီးထားတာေတြ
မွအမ်ားႀကီး"
လက္ႏွစ္ဖက္ကို ပိုက္ကာယွက္လ်က္ အိပ္ေန
သျဖင့္ နီးေနသည့္ လက္တဖက္ကို ထိကိုင္ဖို႔
ႀကိဳးစားေတာ့ အံ့ၾသဖို႔ေကာင္းစြာLuhanလက္ညိုးေလးကသူ႕လက္ညိုးကိုလာခ်ိတ္္ေနသည္။
Sehun ၿပဳံးလိုက္ၿပီးေကာင္းကင္ကိုေမာ့ၾကည့္
လိုက္သည္။
ဝါဂြမ္းစလိုတိမ္ေတြက ဟိုဒီေ႐ြ႕လ်ားလ်က္ရွိေနသလို
"ဒါေပမဲ့ ခ်စ္တာကခ်စ္တာပဲ ကေလးရယ္"
လက္ညိုးေလးႏွစ္ေခ်ာင္းကခ်ိတ္သြယ္ထားလ်က္ ရွိေနခဲ့ပါသည္။
*******D*R*E*A*M*******
ေနဝင္ၿပီးေတာ္ေတာ္ၾကာသည္ထိ သူတို႔
ႏွစ္ေယာက္ လမ္းမေပၚမွာသာရွိေသးသည္။
ညမထြက္ရအမိန႔္ရွိသည္မို႔ ေဈးဆိုင္တခ်ိဳ႕သိမ္း
ကုန္ၿပီျဖစ္သလို ေဈးလမ္းမမွာလဲ လူတစႏွင့္တစရွင္းစျပဳလာၿပီ။
"နည္းနည္းေလာက္ဆက္ေလွ်ာက္လိုက္ရင္
အိမ္ကိုေရာက္ၿပီ"
"အင္း…အိမ္နဲ႕နန္းေတာ္က သိပ္မေဝးဘူးေနာ္"
"ဟုတ္တယ္……"
ေျပာစရာစကားရယ္လို႔ မယ္မယ္ရရလဲမရွိေတာ့
သည္မို႔ တိတ္တဆိတ္သာေလွ်ာက္လာခဲ့ၾက
ရင္း မဟူရာဘက္သို႔တျဖည္းျဖည္းေျပာင္းလာ
သည့္ ေကာင္းကင္ကိုသတိျပဳမိသည္။
"ျမန္ျမန္ေလွ်ာက္ရေအာင္ေလ ေမွာင္လာ
ေတာ့မယ္"
"ဟုတ္ကဲ့ပါ မင္းသားေလး"
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ခဲ့ရသည္မို႔ Luhanမ်က္ႏွာ
ေဖာင္းေဖာင္းေလးႏွင့္လန္းေနသလိုပင္
"အိမ္ေရာက္ၿပီ……"
<<晗>> ဟူ၍တလုံးတည္းေရးထိုးထားသည့္
ေခါင္းစီးႏွင့္အိမ္ေတာ္သည္ နန္းၿမိဳ႕ေတာ္တြင္
အႀကီးက်ယ္အခမ္းနားဆုံးေသာအိမ္ျဖစ္လိမ့္
မည္ဟု Sehun ေတြးလိုက္မိသည္။
ကြၽန္းတံခါးရွည္ႀကီးကိုဖြင့္ကာဝင္လိုက္ေတာ့
တိတ္ဆိတ္ေနေသာဝန္းက်င္ကအခန႔္သား
ဆီးႀကိဳေနေလသည္။
"ဝင္ေလ မင္းသားေလး"
အိမ္ေတာ္ထဲသို႔ေျခတဖက္လွမ္းဝင္လိုက္ေတာ့မွ
အက်ယ္အဝန္းကိုခန႔္မွန္းမိသည္။
အဓိကအိမ္ေတာ္ေဆာင္ႀကီးအျပင္ ေဘးမွာလဲ
အေဆာင္ငယ္ေလးမ်ားရွိသည္။အေနာက္ဖက္တြင္လဲ အေဆာင္မ်ားရွိဦးမည္ထင္သည္။
"ဧည့္သည္ေဆာင္က အေနာက္ဖက္မွာ……အင္း
အိမ္ေတာ္ထိန္းဦးႀကီးတို႔အိပ္ေနၾကၿပီထင္တယ္
လာေလ မင္းသားေလး က်ေနာ္မ်ိဳးအခန္းလိုက္
ျပမယ္"
"ေနပါဦး Luhan"
Luhanလက္ကိုအခ်ိန္မွီဖမ္းဆြဲလိုက္ေပမဲ့
စိတ္မေကာင္းစြာပဲ လက္ကလြတ္ထြက္သြားၿပီး
ဝတ္႐ုံအနားစကိုသာ လွမ္းဖမ္းမိခဲ့သည္။
"ကိုယ္မေမးဘူးလို႔ ဆုံးျဖတ္ထားေပမဲ့……"
"က်ေနာ္မ်ိဳးဘယ္သူလဲ ဘာလဲဆိုတာ
မင္းသားေလးသိခ်င္ေနတာမလား"
ေကာင္းကင္၌တဖ်တ္လက္သြားေသာၾကယ္
တလုံးက Luhanမ်က္ဝန္းတြင္ျဖစ္ထြန္းခဲ့သည္။
"အခ်ိန္အတိုင္းအတာတခုေရာက္ရင္ Lu ကိုယ္တိုင္ေျပာျပပါ့မယ္"
"ကိုယ္က……"
"သခင္ေလးျပန္ေရာက္ၿပီလား ဦးႀကီးတို႔
သတိမထားမိလိုက္ဘူး ၾကည့္စမ္း"
အေနာက္ဘက္နားဆီကေန ပ်ာတိပ်ာယာ
ထြက္လာေသာ အိမ္ေတာ္ထိန္းျဖစ္ဟန္တူသည့္
ဦးႀကီးတေယာက္ေၾကာင့္ Sehunစကားစတို႔
ျပတ္သြားရသည္။
"ဧည့္သည္ပါလာတာပဲ သခင္ေလး"
"အင္း ……ဧည့္သည္ေဆာင္ကိုပို႔ေပးလိုက္ပါဦးႀကီး … မင္းသားေလး ဒါဆို "
ေခါင္းၫႊတ္အရိုအေသေပးကာ လွည့္ထြက္
သြားေသာLuhanကိုSehunတားခ်ိန္ပင္မရလိုက္
အိမ္ေတာ္ထိန္းေခၚလိုက္သည့္ Minႏွင့္Lingဆို
ေသာ အိမ္ေစမိန္းမပ်ိဳႏွစ္ဦးေနာက္ကိုသာလိုက္
သြားလိုက္ရင္း Luhanဝင္သြားသည့္အခန္းကို
ၾကည့္မိေတာ့ မီးအလင္းေရာင္ပင္ေပ်ာက္သြား
ေခ်ၿပီ။
ထို႔ေနာက္တြင္ေတာ့ Sehunသည္လဲ အၾကည့္
လႊဲလိုက္ရင္း မေရရာမေသခ်ာခဲ့မႈမ်ားႏွင့္အတူ
တေန႕တာကို အဆုံးသတ္ခဲ့ရျပန္ေတာ့သည္။
.............
အိပ္ရာေျပာင္း၍အိပ္ေရးပ်က္ခဲ့သည္ဆိုဦး။
မနက္ေရာက္ေတာ့ အက်င့္ပါေနသည့္အတိုင္း
မ်က္လုံးတို႔ကပြင့္လာခဲ့သည္။
အဆင္သင့္ျပင္ထားေပးဟန္တူေသာ
ေရ ေႏြးေႏြးႏွင့္ကိုယ္လက္သန႔္စင္ၿပီးသည့္
ေနာက္ အျပင္ထြက္လာေသာအခါ ေနေရာင္ျခည္ေႏြးေႏြးကကိုယ္ေပၚျဖာက်လာသည္ တိတ္ဆိတ္ေနသည့္ဝန္းက်င္က ႐ုတ္တရတ္…………
"မင္းသားေလး……"
အလ်င္အျမန္ပင္ အိမ္တံခါးမေပါက္ဆီေလွ်ာက္
သြားမိေတာ့ ထိုေနရာတြင္ေရာက္ႏွင့္ေနၿပီးသား
Luhan။
အိမ္တံခါးကိုျဖင့္ မဖြင့္ရေသးေပမဲ့အျပင္ဘက္မွလူမ်ား၏ေအာ္ဟစ္သံေျပးလႊားသံႏွင့္ အလ်င္ စလိုစကားေျပာသံ မ်ားကို အတိုင္းသားၾကားေနရသည္။
"ဘာျဖစ္တာလဲ Lu"
"ဟင့္အင္း မသိေသးဘူး Luတို႔အျမန္ဆုံး
နန္းေတာ္ျပန္မွရမယ္"
*******D*R*E*A*M*******
"ခုလို႐ုတ္တရတ္ ၿမိဳ႕ရိုးနားမွာ စစ္တပ္ဖြဲ႕
လာဆိုက္တည္းက လက္ေအာက္ခံနိုင္ငံ
ရဲ႕သေဘာဟာ ေသြးရိုးသားရိုးမျဖစ္နိုင္ပါဘူး
မင္းႀကီး"
စစ္ေသနာပတိခ်ဳပ္၏ျပတ္သားေသာအသံသည္
ညီလာခံအတြင္းဟိန္းထြက္သြားသည္။
Sehunတို႔နန္းေတာ္ထဲျပန္ဝင္ဝင္ၿပီးခ်င္းညီလာခံ
သို႔ဆင့္ေခၚခံရသည္ ။ အေၾကာင္းရင္းမွာမူ
လက္ေအာက္ခံနိုင္ငံေလးတစ္ခုသည္ စစ္လက္နက္အင္အားအျပည့္အစုံႏွင့္ နန္က်င္း
ၿမိဳ႕ေတာ္ကို ေခတၱဝိုင္းခဲ့ျခင္းေၾကာင့္ျဖစ္သည္။
ဘယ္သူေတြဘယ္လိုပဲဆိုေစဦးး။ ဒါဟာ စစ္ေၾကညာျခင္းသာျဖစ္သည္။ပုန္ကန္မႈ၏အစသာ ျဖစ္သည္။
"ေသနာပတိခ်ဳပ္က ဒီကိစၥကိုဘယ္လိုဆုံးျဖတ္
ခ်င္လဲ"
ဘုရင္မင္းျမတ္၏လက္ဝဲဘက္ေနရာတြင္ ထိုင္ေန
ေသာသူက စကားစလာသည္။
Sehunစိတ္ဝင္စားမိေသာ အဆင့္အတန္းႏွင့္
ရာထူးကို Luhanကထိုသို႔ျပသသြားခဲ့သည္။
နဂါးတစ္ေကာင္မိုးေပၚပ်ံတက္ဟန္ထြင္းထား
သည့္ေ႐ႊေရာင္ဝတ္စုံကိုဝတ္ဆင္ကာ ဘုရင္မင္းျမတ္ ,အိမ္ေရွ႕စံတို႔ႏွင့္တတန္းတည္းထိုင္ေနေသာ သူ Luhan။
"ဒါဟာ စစ္ေၾကညာျခင္းပါ က်ေနာ္မ်ိဳးတို႔ဖက္က
ျပင္ဆင္မႈေတြျပဳလုပ္ထားသင့္ေနပါၿပီ"
"သံတမန္ ေတြဟာ အလကားရွိေနတာမဟုတ္ဘူး
ေသနာပတိခ်ဳပ္ !!! စစ္ကိုမတိုက္ပဲ ေရွာင္လႊဲ
လို႔ရတဲ့နည္းလမ္းေတြရွိပါတယ္ အလ်င္စလို
မဆုံးျဖတ္ေစခ်င္ဘူး"
ၿငိမ္ေနခဲ့သည့္အိမ္ေရွ႕စံကိုယ္ေတာ္Yi Xingက
ေထာက္ျပေျပာဆိုသည့္အခါ Wang Jin မင္းသားသည္
"ဒီကိစၥဟာ ေရွာင္လႊဲမရေတာ့ဘူး အိမ္ေရွ႕စံ
သူတို႔ဖက္က တရားဝင္စစ္ေၾကညာလိုက္ၿပီ
ဒါကိုက်ေနာ္မ်ိဳးတို႔ဖက္က ၿငိမ္ခံေနရင္း ညံ့ရာ
က်မေပါ့"
"စစ္ျဖစ္ရင္ တိုင္းျပည္အတြက္ ျပည္သူျပည္သား
ေတြအတြက္ အဆမတန္နစ္နာတယ္
Wang Jin"
"ဒီစစ္ကိုမတိုက္ပဲ ျပည္ၿပိဳကြဲတာကို ၾကည့္စိမ့္
သလား Hua ကိုယ္ေတာ္"
"Wang Jin……"
ညီလာခံသည္ အပ္က်သံပင္မၾကားရေလာက္
ေအာင္ တိတ္ဆိတ္သြားခဲ့ၿပီး Luhan,အိမ္ေရွ႕စံ
ႏွင့္Wang Jin ထိုသုံးဦးတို႔၏ အၾကည့္ျမားမ်ား
သည္ စူးရွျပင္းထန္ေနခဲ့သည္။
Sehunအေနျဖင့္လဲ ထိုမွ်ေလာက္ရာဇမာန္ျပင္း
လြန္းလွသည့္Luhanပုံစံကိုမျမင္ဖူးခဲ့။
"ဘုရင္မင္းျမတ္……"
တည္ၾကည္လြန္းလွသည့္ဘုရင္မင္းျမတ္
ေရွ႕ေမွာက္တြင္ ဒူးေထာက္ခ်လိဳက္ေသာ Luhan
"ဒီစစ္ပြဲကိုဦးေဆာင္တိုက္ခြင့္ေပးပါ…"
"Hua……"
အိမ္ေရွ႕စံကိုယ္ေတာ္၏အေလာတႀကီး
တား ျမစ္သံ၊ လြန္ခဲ့သည့္အခ်ိန္ပိုင္းကမွ စစ္ကိုေရွာင္လႊဲခ်င္ခဲ့ေသာHuaသည္ ယခုစစ္ကိုဦးေဆာင္တိုက္ခြင့္ေတာင္းေနသည္
"ေကာင္းၿပီ သားေတာ္…"
ဘုရင္မင္းျမတ္၏အၾကည့္တို႔တြင္Luhanအေပၚ
အျပည့္အဝယုံၾကည္မႈရွိသည့္အရိပ္အေယာင္
မ်ား တားဆီးမရ။
ဦးေခါင္းတခ်က္ၫႊတ္ကာ အရိုအေသေပး
လိုက္ၿပီး မႉးႀကီးမတ္ရာမ်ားဘက္သို႔ လွည့္လာ
ေသာLuhan
"ဒီစစ္ပြဲကို ကိုယ္ေတာ္ ဘုရင္ငယ္ Luhan
ကိုယ္တိုင္ ဦးေဆာင္တိုက္ခိုက္မယ္"
အဆင့္အတန္းမ်ား စည္းမ်ဥ္းစည္းကမ္းမ်ား
ကိုေဘးဖယ္ကာ Sehunေမာ့ၾကည့္မိသည္။
တိုက္ဆိုင္စြာရယ္ Sehunရွိရာကို တည့္တည့္
မတ္မတ္ၾကည့္ေနေသာLuhan.....
"ဘုရင္ငယ္တဲ့လား Lu"
"မင္းေျပာတဲ့သင့္ေတာ္တဲ့အခ်ိန္အတိုင္းအတာ
တခုဆိုတာအခုခ်ိန္ေပါ့"
To Be ConTinued…………
( fan fictionတြင္ ပါဝင္ေသာအေၾကာင္းအရာမ်ားသည္ စိတ္ကူးယဥ္ပုံေဖာ္ျခင္းသပ္သပ္သာျဖစ္ပါသည္)