"ဒီတော့ Luက .."
"အင်း…"
"ဒီအုတ်တံတိုင်းကိုကျော်ပြီးတော့……"
"ဟုတ်……မင်းသားလေး"
"နန်းတော်အပြင်ကိုထွက်ချင်တယ်ပေါ့"
"အဲ့တော့ မင်းသားလေး က အိမ်ရှေ့စံတို့ကို သွားမပြောပဲ မျက်စိမှိတ်ပေးထားပါ"
သူခိုးသေဖော်ညှိနေသော Luhanကို Sehun
အမူအရာမဲ့ ကြည့်နေလိုက်သည်။
ခုချိန်ထိတော့ သူတို့နှစ်ယောက်လုံး မြေကြီး
ပေါ်ထိုင်လျက်သာ ရှိနေသေးသည်။
တိတ်ဆိတ်စွာနေသော စစ်သူကြီးကိုကြည့်ပြီး
သဘောတူသည်ဟု ကိုယ့်ဘာသာမှတ်ချက်
ချကာ Luhanထမည်အလုပ်တွင်
"နေဦး……"
မတ်တပ်ရပ်နှင့်နေပြီးသော Luhanလက်ကို
လှမ်းဆွဲကာထလိုက်သည်။ထို့နောက် အုတ်တံတိုင်းဘက်ကို တချက်ကြည့်ရင်း
"ကိုယ်လဲ လိုက်မယ်"
အုတ်တံတိုင်းအထပ်ထပ်အစောင့်အကြပ်
အသွယ် သွယ်ကိုဖြတ်ကျော်ပြီးနန်းတော်အပြင်ဘက်သို့ အောင်မြင်စွာ ရောက်သွားခဲ့ချေပြီ။
ဝတ်စုံပေါ်တွင်ကပ်နေသော ဖုန်မှုန့်အစအနများ
ကိုဖယ်ရှားခါချနေသော သူ၏စစ်သူကြီးကို
ကြည့်ရင်း Luhan တချက်ခိုးရယ်လိုက်မိသည်။
"ဘာကိစ္စကြောင့်ရယ်တော်မူတာလဲ ကိုယ်တော်
ဖုရား"
Sehun၏ခပ်ရွတ်ရွတ်အမေးကို အပြုံးမသတ်သေးသောမျက်နှာနှင့်Luhanက
"မင်းသားလေးကြည့်ရတာ နန်းတော်အပြင်ခိုး
ထွက်တဲ့ကိစ္စနဲ့တော်တော်ရင်းနှီးနေပုံရလို့ပါ"
Luhanစကားကြောင့် Sehun ပြုံးလိုက်ပြီး
Luhanခေါင်းပေါ်ကပ်နေသည့် သစ်ရွက်တစ်ရွက်ကိုဆွဲခွာလိုက်သည်။
နန်းတော်အပြင်သို့ရောက်ပြီဆိုသော်ငြားလဲ မြို့
ထဲဝင်ဖို့အတွက် တော်တော်လျှောက်ရဦးမှာမို့
ခြေလှမ်းတို့ကိုစလိုက်ရင်း
"ဟန်ယန်းမှာတုန်းက ခဏခဏဆိုသလို Chanyeol Hyung nim နဲ့ ထွက်ဖူးတယ်လေ
ကိုယ်က သိပ်အရေးပါတဲ့မင်းသားမဟုတ်တော့
လက်ပူးလက်ကြပ်မိလဲ ဘယ်သူမှ သိပ်တော့ ဂရုမစိုက်လှပါဘူး"
"မဖြစ်ချေဘူး မင်းသားလေး နန်းတော်ထဲပြန်
ကြွပါ"
ခြေလှမ်းများကို တုံ့ကနဲရပ်ပစ်ရင်း နန်းတော်
ဖက်ကို ခါးညွှတ်ကာ လက်ကမ်းပြနေသော
Luhanအား Sehunနားမလည်သလိုကြည့်မိ
တော့
"မင်းသားလေးက ကျနော်မျိုးရဲ့ဆရာ ကျနော်မျိုးအတွက် အရေးပါတဲ့သူဖြစ်တာမို့ဂရုစိုက်ရပါမယ် နန်းပြင်မှာအန္တရယ်များပါတယ်နန်းတော် ထဲပြန်ဝင်ပါဖုရား"
"အရူးလေး……အပိုတွေမပြောနဲ့ လာ သွားမယ်"
Luhanလက်ကို ဆွဲပြီး သွက်သွက်လျှောက်
လိုက်တော့ လမ်းတလျှောက်ပွင့်နေသည့်ပန်းများ
ပိုလှသွားသလိုပင်
ထိုလက်လေးကိုSehunဖြုတ်ဖို့ မကြိုးစားခဲ့သလို
Luhanကလဲ ဖြုတ်ပေးဖို့ မတောင်းဆိုခဲ့လေဘူး။
နားထဲကို လူသံသူသံအလုအယက်တိုးဝင်
လာတဲ့အခါမှသာ ဈေးနားရောက်လာပြီမှန်း သိသဖြင့်Sehunတယောက် Luhanလက်လေးကိုလွှတ်ပေးလိုက်မိပြီးနောက်
"မင်းသားလေး ခဏနေဦး"
ဈေးထဲဝင်ခါနီး ဆိုင်တဆိုင်၏အကွယ်မှာ
မတ်တပ်ရပ်ကာ ဝတ်ထားသည့်ဝတ်စုံနက်ကို
ပင့်ချွတ်လိုက်သော Luhanကြောင့် Sehunလန့်
သွားပြီး မျက်စိစုံမှိတ်ချပစ်လိုက်ရင်း
"Lu မင်းအဲ့ဒါဘာလုပ်တာလဲ"
"ဒီအနက်ရောင်ကြီးနဲ့ဈေးထဲဝင်လို့မှမဖြစ်တာ
မသင်္ကာစရာဖြစ်နေမှာပေါ့ အောက်မှာတထပ်
ဝတ်ထားပါသေးတယ်"
မျက်လုံးမရဲတရဲဖွင့်ကြည့်တော့ Luhanရယ်
Sehunကို ပြုံးပြီးကြည့်နေလေသည်။
သူ့ကိုယ်ပေါ်မှာတော့ အဖြူရောင်ဝတ်စုံကနေရာ
ယူနှင့်နေပြီလေ။
"မင်းသားလေး ဒီပုံစံကြီးနဲ့သွားရင် မင်းမှုထမ်း
ဆိုတာ သိသွားမှာပဲ"
မေးလေးထောက်လိုက် ခေါင်းလေးကုတ်လိုက်
နဲ့စဉ်းစားနေသောLuhanမှာခြေဆုံးခေါင်းဆုံးဘယ်ပြန်ညာပြန်ကြည့်နေသောကြောင့် စစ်သူ ကြီး Oh ကျောတောင်ချမ်းချင်ချင်ဖြစ်လာရသည်။
"ဘာ…ဘာဖြစ်လို့လဲ Lu"
"သိပြီ ... လိုက်ခဲ့"
လက်ဆွဲခေါ်ရာနောက်ပါသွားပြန်ပြီး စီစဉ်ပေးထားခဲ့သည်သည့် အဝတ်အစားများကိုဝတ်ပြီး
ထွက်လာတော့ Luhanက ပန်းပဲဆရာကြီးနှင့်
စကားစမြည်ပြောနေသည်။
ဒီပန်းပဲဖိုက Luhanကိုဒုတိယမြောက်တွေ့ခဲ့သည့်နေရာလေးပါပဲ။
သာမန်အရပ်သားပန်းပဲဆရာတချို့နှင့်လဲ
ရင်းနှီးကျွမ်းဝင်ပုံရသော Luhanသည် Sehun
အတွက်ပို၍ပဟေဠိဆန်လာသည်။
*အဟင်းး Luက ပဟေဠိဆန်တဲ့ ပန်းလေးတပွင့်ပဲလေ*
"မင်းသားလေးအဆင်ပြေပြီပေါ့"
"ကိုယ့်ကို အဲ့လိုခေါ်ရင် သူတို့ရိပ်မိကုန်မှာပေါ့
နန်းတော်ကမှန်း"
"ကျနော်မျိုးတို့ဘယ်သူဆိုတာ သူတို့သိပြီးသား
ဒါကြောင့် မင်းသားလေးကို ဒီခေါ်လာတာပေါ့
နန်းတွင်းစစ်တပ်အတွက် လိုအပ်တဲ့ လက်နက်တချို့ကိုဒီပန်းပဲဖိုကထုတ်တာလေ"
Luhanအပြောအပြီး ချွေးတလုံးလုံးနှင့် သံထည်ရဲရဲများအား ပုံသွင်းထုရိုက်နေသောဦးလေးကြီးများကို Sehunကြည့်လိုက်သည်။
ဒီလိုဈေးထဲမှ ပန်းပဲဖိုသေးသေးလေးက စစ်လက်နက်တွေအတွက် တစိတ်တပိုင်းတာဝန်ယူ
ထားမယ်မှန်း Sehun မထင်ခဲ့ရိုးအမှန်ပါ။
Sehunအတွေးများကို ရိပ်မိနေသည်ထင် Luhanက ခင်းကျင်းထားသည့်ဓားများထဲမှ တချောင်းကိုမကာ ခပ်ဆဆကိုင်ရင်း
"ပန်းပဲဖိုသေးပေမဲ့ အထင်မသေးနဲ့လေဗျာ
ဆရာကြီးရဲ့ပန်းပဲပညာက နန်ကျင်းမှာ ထိပ်တန်းပဲ နန်းတော်ထဲမခစားချင်ဘူးဆိုလို့သာဒီအတိုင်းထားရတာ"
ထို့နောက်တွင်တော့ မျက်တောင်မခတ်ကြည့်
နေသည့် Sehun ကိုမှအားမနာ တချက်တောင်
ဂရုမစိုက်ပဲ ပန်းပဲဆရာကြီးကိုသာကြည့်လျက်
"ဆရာကြီး ကျနော်မှာထားတဲ့ ဓားလေးလဲ
မမေ့နဲ့ဦးနော်"
"အေးပါကွယ်"
ဓားကိုပြန်ချပြီး ဈေးအတွင်းဘက်ထဲ လျှောက်သွားသည့် Luhanကျောပြင်ကို ရပ်ငေးကြည့် ရင်း Sehun ရပ်လျက်ကျန်ခဲ့ပါသေးသည်။
"သခင်လေးသာ မရှိခဲ့ရင် ဦးကြီးတို့ ဒီလိုဘဝမျိုးရမှာတောင် မဟုတ်ဘူး"
"ဗျာ……"
ရပ်နေမိသည့် Sehun နံဘေးနားကပ်လာပြီးစကားစလာသည့် ပန်းပဲဆရာကြီး၏မျက်လုံးထဲ
တွင် ဝမ်းမြောက်မှု တွေအပြည့်ရှိနေသည်။
"သခင်လေးLuhan က ငယ်ငယ်လေးတည်းက
သူတပါးကိုသိပ်ကူညီတတ်တဲ့ကလေး လိမ်မာ
တယ် ထူးချွန်တယ် ဦးကြီးတို့ တော်ဝင်စစ်တပ်ကိုလက်နက်သွင်းခွင့်ရအောင်လဲသခင်လေးပဲ ကြိုးစားပေးခဲ့တာလေ"
"သခင်လေး Luhan ဘယ်လိုကြောင့်
သခင်လေးလို့ခေါ်တာလဲ?"
ထူးခြားသော အသုံးအနှုန်းကြောင့် Sehun
မင်တက်သွားမိသည်။
Luhanရာထူးနှင့်အဆင့်အတန်းကို သူ သံသယ
ဝင်မိပေမဲ့ လက်ရှိ သိထားရတာကတော့ Baek
Hyunမင်းသား၏ကိုယ်ရံတော်ဆိုတာပင်
"အင်းလေ မောင်ရင်က မင်းမှုထမ်းမဟုတ်ဘူး
လား"
"ဟုတ်ပေမဲ့ ကျနော်က ဟန်ယန်းကပါ"
"အော်……ဒါပေမဲ့သိသင့်ပါတယ် သခင်လေးက
Hanအိမ်တော်ရဲ့အမွေဆက်ခံသူ နန်းတော်
မှာဆိုရင်……"
"မင်းသားလေး!!!!!"
ဘယ်နားကနေ ဘယ်လို ပြန်ရောက်လာမှန်းမသိ
သော Luhanသည် အနားသို့ရောက်လာသည်။
လက်ထဲမှာကိုင်ထားတာက နီရဲရဲဇီးသီးများကို
သီတန်းကာထိုးထားသည့် တုတ်နှစ်ချောင်း
"ရော့ မင်းသားလေး တချောင်းယူ ဆရာကြီး သွားတော့မယ်နော်"
"ဟေ့ Lu....ဟို...ကျနော်သွားလိုက်……"
လက်ထဲတုတ်တချောင်းထိုးပေးကာ အတင်း
ဆွဲခေါ်ထုတ်သွားသော Luhanကြောင့် ပန်းပဲ ဆရာကြီးကိုပင်နှုတ်ဆက်စကားဆုံးအောင်
မပြောလိုက်ရ။
*Hanအိမ်တော်က သခင်လေး *
*နန်းတော်ထဲမှာဆို သူရဲ့နာမည်က Hua*
Sehunလက်ကို ဆွဲကာ တဟုန်ထိုးပြေးနေသော
Luhanသည် မေးခွန်းများနှင့်လူသားလေးတဦး
ဖြစ်သလို Sehunအတွက်လဲ………
"တကယ့် မျောက်ကလေးပဲကွာ"
*******D*R*E*A*M*******
ဟန်ယန်းမှာရှိစဉ်အခါက Sehun နန်းတော်ထဲမှ
ခိုးထွက်ရသည့် အကြောင်းသည် ဈေးထဲတွင်
လည်မည်။ လျှောက်ကြည့်မည်။ နာမည်ကြီး
စားတော်ဆက်သို့သွားကာ အစားအသောက်
ကောင်းများမြည်းစမ်းမည်ဖြစ်သလို သေရည်ကောင်းတချို့ကိုလဲ တခွက်တဖလားချဦးမည်။
တခါတလေChanyeol Hyungနှင့်အပြိုင်လောင်း ကစားဝိုင်းများတွင် အော်ဟစ်လောင်း ကြေးထပ်မည်ဖြစ်ပြီး မင်းသားတပါး၏ အနေ အထိုင်တင်းကျပ်မှုတွေကို လျှော့ချပစ်နိုင်သည့်အချက်ကြောင့်ဖြစ်သည်။
သို့ပေမဲ့ Sehun ၏မျောက်ကလေး Huaတဖြစ်လဲLuhanကတော့ ထိုကဲ့သို့မဟုတ်ပါချေ။
"ထိ ထိ ထိ ဟာာာကွာာ"
"ဟေးးးး"
ခပ်လှမ်းလှမ်းဆီမှနေ ကလေးတအုပ်၏ဟေးကနဲအော်လိုက်သံနှင့်အတူပျက်ယွင်းယွင်းဖြစ်နေသော Luhanမျက်နှာကို Sehunကတော့ ဒီအတိုင်းမတ်တပ်ရပ်၍သာကြည့်နေမိသည်။
နန်းတော်ထဲမှခိုးထွက်ကာဒုက္ခသည်စခန်း
ကိုရောက်လာပြီးအိုမင်းမစွမ်းသက်ကြီးပိုင်းတချို့ကို Luhan ဆေးကုပေးသည်။
Luhanဆေးကုတတ်ခြင်းကို Sehun အစအံ့သြ
မိသော်လည်း ခဏတာသာပင်။
ဆေးကုပြီးသည့်နောက်ပိုင်း ကလေးငယ်များနှင့် ဆော့ကစားကာအချိန်ဖြုန်းနေသည်။
ဆေးကုတုန်းက Sehunဝင်ကူညီပေးသော်လည်း
အခုမတ်တပ်ရပ်နေရခြင်းမှာကျောက်ခဲတလုံးကို ထိအောင် တခြားကျောက်ခဲတလုံးနှင့်လိမ့်ပစ်ရသည့် ကလေးကလားကစားနည်းကိုတကယ်ဝါသနာမပါသောကြောင့်ပင်။
"ကဲကဲ တောက်မှာမလား မြန်မြန်တောက်"
Sehunဝင်မပါ၍မရတော့။ Luhanနဖူးက
အတောက်ခံရလွန်း၍ နီရဲကာဖောင်းနေသယောင်ပင်။
"တော်ပြီ ကလေးတို့ Gege နဖူးအရမ်းနာနေပြီထင်တယ်"
Luhanနည်းတူ ဒူးထောက်ထိုင်ချလိုက်ရင်း Luhanနဖူးကိုအုပ်ကာ Sehunပြောသည့်နောက် ကလေးတွေက ဆူပုတ်ပုတ်နဲ့ကြည့်လာသည်။
သူတို့ခင်ဗျာ နဖူးလဲတောက်ချင်ပေမဲ့ Luhan
နာမှာတော့ စိုးရိမ်ကြပါသည်။
"Lulu Gege အရမ်းနာသွားတာလား?"
"မီးမီး ဆေးလူးပေးရမလား"
တယောက်တပေါက်ဝိုင်းမေးကြသော ကလေးငယ်များကို Luhan ပြုံးပြလိုက်ကာ
"Geတို့တခြားနည်း ကစားကြတာပေါ့"
"ဝေးးးးးးး"
ပျော်ရွှင်စွာအော်ဟစ်လျက် ကလေးငယ်များ
ပြေးထွက်သွားကြသည်။
Luhanကတော့ Sehun အုပ်ကိုင်ထားသည့်လက်လေးကိုအသာဖယ်ရင်းမတ်တပ်ထရပ်လေသည်။
ပေကျံနေသည့်မြေမှုန့်များကို ခါကာဖယ်ချရင်း
တွန့်ကြေနေသည့်ဝတ်စုံကိုတချက်ဆွဲဆန့်သည်။
ပျော့ပျောင်းကာနဖူးပေါ်ကျလာသည့် ဆံနွယ်များကို စိတ်မရှည်သလိုတချက် မှုတ်ထုတ်ပစ်သေးပါသည်။
ထိုအပြုအမူတခုတိုင်းစီကိုပင် မျက်တောင်မခတ်
ပဲကြည့်နေသော စစ်သူကြီးOhရယ်ကြောင့်
"အဟမ်း သွားမယ်လေ မင်းသားလေး"
"Lu ......... အင်း တော်ပြီ ဘာမှမဟုတ်တော့ဘူး
သွားမယ်"
ပြောချင်သည်များကိုမြိုသိပ်လျက် ထွက်သွား
ရသည့်ပုံဖြင့် Sehun နောက်ကျောကိုကြည့်ရ
သည်မှာ Luhan စိတ်မွန်းကျပ်လာခဲ့သည်။
အမည်မသိသော~~မခန့်မှန်းတတ်သော~~
ကြောက်ရွံ့စရာကောင်းသည့် တစုံတရာကြောင့်
စိတ်တွေမွန်းကျပ်လာခဲ့သည်။
• • • • • • • • • • • • • • • • • •
"ကလေးတွေ မလုပ်နဲ့နော် ပေါက်တတ်ကရတွေမလုပ်နဲ့"
Sehunခြေတခါခါ လက်တခါခါလုပ်နေပေမဲ့
Luhanနှင့်တကွ မျောက်လောင်းများကပြော မရဆိုမရဖြစ်နေကြသည်။
ဈေးအလယ်တွင်အလွန်တရာအပေါက်ဆိုးသော
ဦးလေးကြီးတစ်ယောက်ရှိသည်။
ဗန်းပြအလုပ်က သစ်သီးဆိုင်ဖြစ်သော်လည်း
အမှန်မှာ ငွေတိုးချေးစားသည်။ အတိုးမတရားယူ
တတ်ပြီး အလုပ်သမားများကို ခေါင်းပုံဖြတ်သေး
သည်။
ထိုလူမျိုးကိုမှ Luhanတို့ မှတ်လောက်သားလောက်အောင် ဒုက္ခပေးချင်ပါသတဲ့။
ကလေးများက ကလေးစိတ်မို့ ထားပါတော့
"Lu လျှောက်မလုပ်နဲ့လေ သူမကောင်းတာ
လုပ်ရင် ရုံးတော်ကိုသွားတိုင် ဖြစ်တာပဲ"
"မင်းသားလေးကလဲ ဒီလူ့မကောင်းကြောင်း
သက်သေနဲ့တကွ ရုံးတော်ကဖမ်းဖို့ အမိန့်ချ
ထားပြီးသား"
"Luကဘယ်လိုသိလဲ"
"ကျနော်မျိုးကိုယ်တိုင် ဒီအမှုဖြေရှင်းထားတာကို
ဒီလူကမင်းမှုထမ်းနဲ့ကုန်သည်ကြားက လာဘ်ပေးလာဘ်ယူမှုတွေကိုလဲ ကြားခံလုပ်ပေးသေးတယ် နယ်နယ်ရရတော့မဟုတ်ဘူး"
ပုံမှန်အတိုင်းပင် Luhan ပြောနေသော်လည်း
Sehunအံ့သြပြီးရင်းသာအံ့သြလာရသည်။
Luhanတွင်ဖုံးကွယ်ထားသည့် ဘဝစာမျက်နှာ
ဘယ်နှရွက်များရှိမလဲ သူသိချင်သည်။
ကိုယ်ရံတော်တယောက်ဟုဆိုသည်ကချေသည်အရှုံးပေးလောက်သည့် ကကြိုးပိုင်ရှင်အဖြစ် Sehun သိခဲ့ပြီးကိုယ်ခံပညာကျွမ်းကျင်သည့် တိုက်ခိုက်ရေးသမားလဲဖြစ်နေသည်။
တူရိယာပေါင်းများစွာ တီးခတ်တတ်သည့်
Hanအိမ်တော်၏အမွေဆက်ဆံသူတဆက်တည်း သမားတော်တယောက်ဖြစ်နေပြီးယခု ရုံးတော်မှလုပ်သည့် စုံစမ်းစစ်ဆေးခြင်းတွင်လဲ ပါနေပြန်သည်။
Luhan မင်းတကယ်ပဲ ဘာလဲ???
"မင်းသားလေး မတ်တပ်မေ့မနေနဲ့ ဒီလူထောင်
နန်းမစံရခင် စပ်ကြား ကသိကအောက်ဖြစ်
အောင် လုပ်လိုက်ချင်သေးတာ ဟုတ်တယ်နော်
ရဲဘော်တို့!!!!"
"ဟုတ်ပါတယ်!!!!!"
သူ့လူနှင့်သူတော့ ဟုတ်နေသော အုပ်စုပါပင်။
Sehunမှာ အတွေးနယ်ချဲ့ချိန်တောင် မရှိလိုက်ပဲ
Luhanဆွဲခေါ်ရာနောက် ကောက်ကောက်ပါ
သွားရချေပြီ။
"ပန်းသီးလေးတွေက ချိုလား"
"ချိုတာပေါ့ ငါ့တူရဲ့"
ကလေးများနှင့်Sehunကိုတော့ အဖက်မလုပ်ပဲ
Luhanကျမှ ငါ့တူ ငါ့တူ တတူတူနေသော ဆိုင်ပိုင်ရှင်ဗိုက်ပူအား ကလေးတွေရော Sehun
ပါ တော်တော်မေတ္တာစူးနေပြီဟု ပြော၍ရသည်။
ဘာတွေသဘောကျနေသည်မသိ Luhan
အနားကမခွာပဲ သွားဖြဲပြနေသည်ကို
Luhanမသိမသာမျက်စပစ်ပြတော့ ကလေး
တွေက အသစ်ယူလာသည့်အဝတ်အိတ်တွေ
ထဲ ပန်းသီးတွေကောက်ထည့်သည်။
ဒါကိုမသိသော ဆိုင်ရှင်ဗိုက်ပူက Luhanမျက်စ
ကိုမြင်ကာ ခုန်ဆွခုန်ဆွဖြစ်နေလေရဲ့။
ခင်ဗျားဆိုင်ကုန်တော့မယ် အသက်ကြီးမှ
နွားအိုမြက်နုကြိုက်နေတယ် လို့ ထအော်မိတော့
မည့်ပါးစပ်ကို Sehunအတန်ထိန်းထားရသည်။
ယောကျ်ားလေးဖြစ်ရဲ့နှင့် ချောလွန်းလှလွန်း
သော Luhanကိုလဲ Sehun မကျေနပ်ချင်။
Wang Jinမင်းသားပြောသလို ဒီကောင်လေး
အန္တရယ်များတာ လက်ခံရမလိုဖြစ်နေပြီ။
သူများတွေ စိတ်နဲ့တောင် ပစ်မှားကြမှာ Sehun
စိုးရိမ်လှသည်။
"အဟီး နောက်မှပဲ လာတော့မယ်"
ပန်းသီးတဗန်းလုံးပြောင်သွားသည်ကိုမြင်သော
Luhan အရူးကွက်နင်းတော့သည်။
ဈေးသူဈေးသားများမြင်သော်လည်းမပြော
ကြပါ။ဆိုင်ရှင်သတ္တဝါက လူချစ်လူခင်များတာကို။
"ပြေး ပြေး ပြေးးးး"
တွေ့ရာဖရဲသီးတလုံးကို လက်အားနေသည့် Sehunလက်ထဲထည့်ကာ သူကတော့ နာနတ်သီးဆွဲယူလျက် ပြေးလေသည်။
အခြေအနေကို ယခုမှ သဘောပေါက်သော ဆိုင်ရှင်သည် အော်ဟစ်ဆဲဆိုကာ နောက်မှ
လိုက်မည်ပြုသော်လည်း ကာဆီးထားသော
ဈေးသူဈေးသားများကြောင့် Sehunတို့တတွေ
လွတ်သွားကြသည်။
ဈေးကိုတော်တော်လွန်သည်အထိ သူတို့ပြေး
လာခဲ့ကြသည်။
"ရော့ ဖရဲသီး နာနတ်သီး ပန်းသီး ရွာထဲက
လူတွေကို အကုန်ခွဲဝေပေးလိုက်နော်"
"ဟုတ် Gege"
"ဒါဆို Geပြန်မယ် နောက်ကျမှထပ်လာခဲ့မယ်
ဟုတ်ပြီလား"
Luhanအပြောကို ကလေးအားလုံးက ခေါင်းညိမ့်
ပြသော်လည်း Xiao Fei ဆိုသည့် ကလေးမလေး
က Sehunကိုကြည့်ပြီးလက်ညိုးထိုးကာ
"Ge နောက်တခါလာရင် အဲ့ဒီGe Geကိုပါ ခေါ်
လာခဲ့နော်"
Xiao Feiစကားကိုကျန်ကလေးအားလုံးကလဲ ထောက်ခံကြသည်။
အသီးကိုယ်စီပိုက်ကာ ကလေးတွေပြန်သွားကြ
သည့်နောက် မွန်းတည့်ချိန်အတော်လွန်လှပြီးနန်းတော်ပြန်ချိန်ရောက်လာခဲ့လေသည်။
"ကဲ Lu ကိုယ်တို့လဲ ပြန်ရအောင်"
"ဘယ်ပြန်မှာလဲ ?"
"နန်းတော်လေ"
မထုံတက်တေးမျက်နှာပေးနှင့်Luhanအမေးကို
မျက်မှောင်ကျုံ့လျက် Sehunပြန်ဖြေလိုက်
သည်။
သို့ပေမဲ့ တဆက်တည်း Luhanပြောချလိုက်
သည့်စကားမှာ Oh Sehun တယောက်....
"ကျနော်မျိုး ဒီနေ့နန်းတော်မပြန်ဖူးရယ်"
"ဘယ်လို???? "
To Be ConTinued…………
"ဒီေတာ့ Luက .."
"အင္း…"
"ဒီအုတ္တံတိုင္းကိုေက်ာ္ၿပီးေတာ့……"
"ဟုတ္……မင္းသားေလး"
"နန္းေတာ္အျပင္ကိုထြက္ခ်င္တယ္ေပါ့"
"အဲ့ေတာ့ မင္းသားေလး က အိမ္ေရွ႕စံတို႔ကို သြားမေျပာပဲ မ်က္စိမွိတ္ေပးထားပါ"
သူခိုးေသေဖာ္ညွိေနေသာ Luhanကို Sehun
အမူအရာမဲ့ ၾကည့္ေနလိုက္သည္။
ခုခ်ိန္ထိေတာ့ သူတို႔ႏွစ္ေယာက္လုံး ေျမႀကီး
ေပၚထိုင္လ်က္သာ ရွိေနေသးသည္။
တိတ္ဆိတ္စြာေနေသာ စစ္သူႀကီးကိုၾကည့္ၿပီး
သေဘာတူသည္ဟု ကိုယ့္ဘာသာမွတ္ခ်က္
ခ်ကာ Luhanထမည္အလုပ္တြင္
"ေနဦး……"
မတ္တပ္ရပ္ႏွင့္ေနၿပီးေသာ Luhanလက္ကို
လွမ္းဆြဲကာထလိုက္သည္။ထို႔ေနာက္ အုတ္တံတိုင္းဘက္ကို တခ်က္ၾကည့္ရင္း
"ကိုယ္လဲ လိုက္မယ္"
အုတ္တံတိုင္းအထပ္ထပ္အေစာင့္အၾကပ္
အသြယ္ သြယ္ကိုျဖတ္ေက်ာ္ၿပီးနန္းေတာ္အျပင္ဘက္သို႔ ေအာင္ျမင္စြာ ေရာက္သြားခဲ့ေခ်ၿပီ။
ဝတ္စုံေပၚတြင္ကပ္ေနေသာ ဖုန္မႈန႔္အစအနမ်ား
ကိုဖယ္ရွားခါခ်ေနေသာ သူ၏စစ္သူႀကီးကို
ၾကည့္ရင္း Luhan တခ်က္ခိုးရယ္လိုက္မိသည္။
"ဘာကိစၥေၾကာင့္ရယ္ေတာ္မူတာလဲ ကိုယ္ေတာ္
ဖုရား"
Sehun၏ခပ္႐ြတ္႐ြတ္အေမးကို အၿပဳံးမသတ္ေသးေသာမ်က္ႏွာႏွင့္Luhanက
"မင္းသားေလးၾကည့္ရတာ နန္းေတာ္အျပင္ခိုး
ထြက္တဲ့ကိစၥနဲ႕ေတာ္ေတာ္ရင္းႏွီးေနပုံရလို႔ပါ"
Luhanစကားေၾကာင့္ Sehun ၿပဳံးလိုက္ၿပီး
Luhanေခါင္းေပၚကပ္ေနသည့္ သစ္႐ြက္တစ္႐ြက္ကိုဆြဲခြာလိုက္သည္။
နန္းေတာ္အျပင္သို႔ေရာက္ၿပီဆိုေသာ္ျငားလဲ ၿမိဳ႕
ထဲဝင္ဖို႔အတြက္ ေတာ္ေတာ္ေလွ်ာက္ရဦးမွာမို႔
ေျခလွမ္းတို႔ကိုစလိုက္ရင္း
"ဟန္ယန္းမွာတုန္းက ခဏခဏဆိုသလို Chanyeol Hyung nim နဲ႕ ထြက္ဖူးတယ္ေလ
ကိုယ္က သိပ္အေရးပါတဲ့မင္းသားမဟုတ္ေတာ့
လက္ပူးလက္ၾကပ္မိလဲ ဘယ္သူမွ သိပ္ေတာ့ ဂ႐ုမစိုက္လွပါဘူး"
"မျဖစ္ေခ်ဘဴး မင္းသားေလး နန္းေတာ္ထဲျပန္
ႂကြပါ"
ေျခလွမ္းမ်ားကို တုံ႕ကနဲရပ္ပစ္ရင္း နန္းေတာ္
ဖက္ကို ခါးၫႊတ္ကာ လက္ကမ္းျပေနေသာ
Luhanအား Sehunနားမလည္သလိုၾကည့္မိ
ေတာ့
"မင္းသားေလးက က်ေနာ္မ်ိဳးရဲ႕ဆရာ က်ေနာ္မ်ိဳးအတြက္ အေရးပါတဲ့သူျဖစ္တာမို႔ဂ႐ုစိုက္ရပါမယ္ နန္းျပင္မွာအႏၲရယ္မ်ားပါတယ္နန္းေတာ္ ထဲျပန္ဝင္ပါဖုရား"
"အ႐ူးေလး……အပိုေတြမေျပာနဲ႕ လာ သြားမယ္"
Luhanလက္ကို ဆြဲၿပီး သြက္သြက္ေလွ်ာက္
လိုက္ေတာ့ လမ္းတေလွ်ာက္ပြင့္ေနသည့္ပန္းမ်ား
ပိုလွသြားသလိုပင္
ထိုလက္ေလးကိုSehunျဖဳတ္ဖို႔ မႀကိဳးစားခဲ့သလို
Luhanကလဲ ျဖဳတ္ေပးဖို႔ မေတာင္းဆိုခဲ့ေလဘူး။
နားထဲကို လူသံသူသံအလုအယက္တိုးဝင္
လာတဲ့အခါမွသာ ေဈးနားေရာက္လာၿပီမွန္း သိသျဖင့္Sehunတေယာက္ Luhanလက္ေလးကိုလႊတ္ေပးလိုက္မိၿပီးေနာက္
"မင္းသားေလး ခဏေနဦး"
ေဈးထဲဝင္ခါနီး ဆိုင္တဆိုင္၏အကြယ္မွာ
မတ္တပ္ရပ္ကာ ဝတ္ထားသည့္ဝတ္စုံနက္ကို
ပင့္ခြၽတ္လိုက္ေသာ Luhanေၾကာင့္ Sehunလန႔္
သြားၿပီး မ်က္စိစုံမွိတ္ခ်ပစ္လိုက္ရင္း
"Lu မင္းအဲ့ဒါဘာလုပ္တာလဲ"
"ဒီအနက္ေရာင္ႀကီးနဲ႕ေဈးထဲဝင္လို႔မွမျဖစ္တာ
မသကၤာစရာျဖစ္ေနမွာေပါ့ ေအာက္မွာတထပ္
ဝတ္ထားပါေသးတယ္"
မ်က္လုံးမရဲတရဲဖြင့္ၾကည့္ေတာ့ Luhanရယ္
Sehunကို ၿပဳံးၿပီးၾကည့္ေနေလသည္။
သူ႕ကိုယ္ေပၚမွာေတာ့ အျဖဴေရာင္ဝတ္စုံကေနရာ
ယူႏွင့္ေနၿပီေလ။
"မင္းသားေလး ဒီပုံစံႀကီးနဲ႕သြားရင္ မင္းမႈထမ္း
ဆိုတာ သိသြားမွာပဲ"
ေမးေလးေထာက္လိုက္ ေခါင္းေလးကုတ္လိုက္
နဲ႕စဥ္းစားေနေသာLuhanမွာေျခဆုံးေခါင္းဆုံးဘယ္ျပန္ညာျပန္ၾကည့္ေနေသာေၾကာင့္ စစ္သူ ႀကီး Oh ေက်ာေတာင္ခ်မ္းခ်င္ခ်င္ျဖစ္လာရသည္။
"ဘာ…ဘာျဖစ္လို႔လဲ Lu"
"သိၿပီ ... လိုက္ခဲ့"
လက္ဆြဲေခၚရာေနာက္ပါသြားျပန္ၿပီး စီစဥ္ေပးထားခဲ့သည္သည့္ အဝတ္အစားမ်ားကိုဝတ္ၿပီး
ထြက္လာေတာ့ Luhanက ပန္းပဲဆရာႀကီးႏွင့္
စကားစျမည္ေျပာေနသည္။
ဒီပန္းပဲဖိုက Luhanကိုဒုတိယေျမာက္ေတြ႕ခဲ့သည့္ေနရာေလးပါပဲ။
သာမန္အရပ္သားပန္းပဲဆရာတခ်ိဳ႕ႏွင့္လဲ
ရင္းႏွီးကြၽမ္းဝင္ပုံရေသာ Luhanသည္ Sehun
အတြက္ပို၍ပေဟဠိဆန္လာသည္။
*အဟင္းး Luက ပေဟဠိဆန္တဲ့ ပန္းေလးတပြင့္ပဲေလ*
"မင္းသားေလးအဆင္ေျပၿပီေပါ့"
"ကိုယ့္ကို အဲ့လိုေခၚရင္ သူတို႔ရိပ္မိကုန္မွာေပါ့
နန္းေတာ္ကမွန္း"
"က်ေနာ္မ်ိဳးတို႔ဘယ္သူဆိုတာ သူတို႔သိၿပီးသား
ဒါေၾကာင့္ မင္းသားေလးကို ဒီေခၚလာတာေပါ့
နန္းတြင္းစစ္တပ္အတြက္ လိုအပ္တဲ့ လက္နက္တခ်ိဳ႕ကိုဒီပန္းပဲဖိုကထုတ္တာေလ"
Luhanအေျပာအၿပီး ေခြၽးတလုံးလုံးႏွင့္ သံထည္ရဲရဲမ်ားအား ပုံသြင္းထုရိုက္ေနေသာဦးေလးႀကီးမ်ားကို Sehunၾကည့္လိုက္သည္။
ဒီလိုေဈးထဲမွ ပန္းပဲဖိုေသးေသးေလးက စစ္လက္နက္ေတြအတြက္ တစိတ္တပိုင္းတာဝန္ယူ
ထားမယ္မွန္း Sehun မထင္ခဲ့ရိုးအမွန္ပါ။
Sehunအေတြးမ်ားကို ရိပ္မိေနသည္ထင္ Luhanက ခင္းက်င္းထားသည့္ဓားမ်ားထဲမွ တေခ်ာင္းကိုမကာ ခပ္ဆဆကိုင္ရင္း
"ပန္းပဲဖိုေသးေပမဲ့ အထင္မေသးနဲ႕ေလဗ်ာ
ဆရာႀကီးရဲ႕ပန္းပဲပညာက နန္က်င္းမွာ ထိပ္တန္းပဲ နန္းေတာ္ထဲမခစားခ်င္ဘူးဆိုလို႔သာဒီအတိုင္းထားရတာ"
ထို႔ေနာက္တြင္ေတာ့ မ်က္ေတာင္မခတ္ၾကည့္
ေနသည့္ Sehun ကိုမွအားမနာ တခ်က္ေတာင္
ဂ႐ုမစိုက္ပဲ ပန္းပဲဆရာႀကီးကိုသာၾကည့္လ်က္
"ဆရာႀကီး က်ေနာ္မွာထားတဲ့ ဓားေလးလဲ
မေမ့နဲ႕ဦးေနာ္"
"ေအးပါကြယ္"
ဓားကိုျပန္ခ်ၿပီး ေဈးအတြင္းဘက္ထဲ ေလွ်ာက္သြားသည့္ Luhanေက်ာျပင္ကို ရပ္ေငးၾကည့္ ရင္း Sehun ရပ္လ်က္က်န္ခဲ့ပါေသးသည္။
"သခင္ေလးသာ မရွိခဲ့ရင္ ဦးႀကီးတို႔ ဒီလိုဘဝမ်ိဳးရမွာေတာင္ မဟုတ္ဘူး"
"ဗ်ာ……"
ရပ္ေနမိသည့္ Sehun နံေဘးနားကပ္လာၿပီးစကားစလာသည့္ ပန္းပဲဆရာႀကီး၏မ်က္လုံးထဲ
တြင္ ဝမ္းေျမာက္မႈ ေတြအျပည့္ရွိေနသည္။
"သခင္ေလးLuhan က ငယ္ငယ္ေလးတည္းက
သူတပါးကိုသိပ္ကူညီတတ္တဲ့ကေလး လိမ္မာ
တယ္ ထူးခြၽန္တယ္ ဦးႀကီးတို႔ ေတာ္ဝင္စစ္တပ္ကိုလက္နက္သြင္းခြင့္ရေအာင္လဲသခင္ေလးပဲ ႀကိဳးစားေပးခဲ့တာေလ"
"သခင္ေလး Luhan ဘယ္လိုေၾကာင့္
သခင္ေလးလို႔ေခၚတာလဲ?"
ထူးျခားေသာ အသုံးအႏႈန္းေၾကာင့္ Sehun
မင္တက္သြားမိသည္။
Luhanရာထူးႏွင့္အဆင့္အတန္းကို သူ သံသယ
ဝင္မိေပမဲ့ လက္ရွိ သိထားရတာကေတာ့ Baek
Hyunမင္းသား၏ကိုယ္ရံေတာ္ဆိုတာပင္
"အင္းေလ ေမာင္ရင္က မင္းမႈထမ္းမဟုတ္ဘူး
လား"
"ဟုတ္ေပမဲ့ က်ေနာ္က ဟန္ယန္းကပါ"
"ေအာ္……ဒါေပမဲ့သိသင့္ပါတယ္ သခင္ေလးက
Hanအိမ္ေတာ္ရဲ႕အေမြဆက္ခံသူ နန္းေတာ္
မွာဆိုရင္……"
"မင္းသားေလး!!!!!"
ဘယ္နားကေန ဘယ္လို ျပန္ေရာက္လာမွန္းမသိ
ေသာ Luhanသည္ အနားသို႔ေရာက္လာသည္။
လက္ထဲမွာကိုင္ထားတာက နီရဲရဲဇီးသီးမ်ားကို
သီတန္းကာထိုးထားသည့္ တုတ္ႏွစ္ေခ်ာင္း
"ေရာ့ မင္းသားေလး တေခ်ာင္းယူ ဆရာႀကီး သြားေတာ့မယ္ေနာ္"
"ေဟ့ Lu....ဟို...က်ေနာ္သြားလိုက္……"
လက္ထဲတုတ္တေခ်ာင္းထိုးေပးကာ အတင္း
ဆြဲေခၚထုတ္သြားေသာ Luhanေၾကာင့္ ပန္းပဲ ဆရာႀကီးကိုပင္ႏႈတ္ဆက္စကားဆုံးေအာင္
မေျပာလိုက္ရ။
*Hanအိမ္ေတာ္က သခင္ေလး *
*နန္းေတာ္ထဲမွာဆို သူရဲ႕နာမည္က Hua*
Sehunလက္ကို ဆြဲကာ တဟုန္ထိုးေျပးေနေသာ
Luhanသည္ ေမးခြန္းမ်ားႏွင့္လူသားေလးတဦး
ျဖစ္သလို Sehunအတြက္လဲ………
"တကယ့္ ေမ်ာက္ကေလးပဲကြာ"
*******D*R*E*A*M*******
ဟန္ယန္းမွာရွိစဥ္အခါက Sehun နန္းေတာ္ထဲမွ
ခိုးထြက္ရသည့္ အေၾကာင္းသည္ ေဈးထဲတြင္
လည္မည္။ ေလွ်ာက္ၾကည့္မည္။ နာမည္ႀကီး
စားေတာ္ဆက္သို႔သြားကာ အစားအေသာက္
ေကာင္းမ်ားျမည္းစမ္းမည္ျဖစ္သလို ေသရည္ေကာင္းတခ်ိဳ႕ကိုလဲ တခြက္တဖလားခ်ဦးမည္။
တခါတေလChanyeol Hyungႏွင့္အၿပိဳင္ေလာင္း ကစားဝိုင္းမ်ားတြင္ ေအာ္ဟစ္ေလာင္း ေၾကးထပ္မည္ျဖစ္ၿပီး မင္းသားတပါး၏ အေန အထိုင္တင္းက်ပ္မႈေတြကို ေလွ်ာ့ခ်ပစ္နိုင္သည့္အခ်က္ေၾကာင့္ျဖစ္သည္။
သို႔ေပမဲ့ Sehun ၏ေမ်ာက္ကေလး Huaတျဖစ္လဲLuhanကေတာ့ ထိုကဲ့သို႔မဟုတ္ပါေခ်။
"ထိ ထိ ထိ ဟာာာကြာာ"
"ေဟးးးး"
ခပ္လွမ္းလွမ္းဆီမွေန ကေလးတအုပ္၏ေဟးကနဲေအာ္လိုက္သံႏွင့္အတူပ်က္ယြင္းယြင္းျဖစ္ေနေသာ Luhanမ်က္ႏွာကို Sehunကေတာ့ ဒီအတိုင္းမတ္တပ္ရပ္၍သာၾကည့္ေနမိသည္။
နန္းေတာ္ထဲမွခိုးထြက္ကာဒုကၡသည္စခန္း
ကိုေရာက္လာၿပီးအိုမင္းမစြမ္းသက္ႀကီးပိုင္းတခ်ိဳ႕ကို Luhan ေဆးကုေပးသည္။
Luhanေဆးကုတတ္ျခင္းကို Sehun အစအံ့ၾသ
မိေသာ္လည္း ခဏတာသာပင္။
ေဆးကုၿပီးသည့္ေနာက္ပိုင္း ကေလးငယ္မ်ားႏွင့္ ေဆာ့ကစားကာအခ်ိန္ျဖဳန္းေနသည္။
ေဆးကုတုန္းက Sehunဝင္ကူညီေပးေသာ္လည္း
အခုမတ္တပ္ရပ္ေနရျခင္းမွာေက်ာက္ခဲတလုံးကို ထိေအာင္ တျခားေက်ာက္ခဲတလုံးႏွင့္လိမ့္ပစ္ရသည့္ ကေလးကလားကစားနည္းကိုတကယ္ဝါသနာမပါေသာေၾကာင့္ပင္။
"ကဲကဲ ေတာက္မွာမလား ျမန္ျမန္ေတာက္"
Sehunဝင္မပါ၍မရေတာ့။ Luhanနဖူးက
အေတာက္ခံရလြန္း၍ နီရဲကာေဖာင္းေနသေယာင္ပင္။
"ေတာ္ၿပီ ကေလးတို႔ Gege နဖူးအရမ္းနာေနၿပီထင္တယ္"
Luhanနည္းတူ ဒူးေထာက္ထိုင္ခ်လိဳက္ရင္း Luhanနဖူးကိုအုပ္ကာ Sehunေျပာသည့္ေနာက္ ကေလးေတြက ဆူပုတ္ပုတ္နဲ႕ၾကည့္လာသည္။
သူတို႔ခင္ဗ်ာ နဖူးလဲေတာက္ခ်င္ေပမဲ့ Luhan
နာမွာေတာ့ စိုးရိမ္ၾကပါသည္။
"Lulu Gege အရမ္းနာသြားတာလား?"
"မီးမီး ေဆးလူးေပးရမလား"
တေယာက္တေပါက္ဝိုင္းေမးၾကေသာ ကေလးငယ္မ်ားကို Luhan ၿပဳံးျပလိုက္ကာ
"Geတို႔တျခားနည္း ကစားၾကတာေပါ့"
"ေဝးးးးးးး"
ေပ်ာ္႐ႊင္စြာေအာ္ဟစ္လ်က္ ကေလးငယ္မ်ား
ေျပးထြက္သြားၾကသည္။
Luhanကေတာ့ Sehun အုပ္ကိုင္ထားသည့္လက္ေလးကိုအသာဖယ္ရင္းမတ္တပ္ထရပ္ေလသည္။
ေပက်ံေနသည့္ေျမမႈန႔္မ်ားကို ခါကာဖယ္ခ်ရင္း
တြန႔္ေၾကေနသည့္ဝတ္စုံကိုတခ်က္ဆြဲဆန႔္သည္။
ေပ်ာ့ေပ်ာင္းကာနဖူးေပၚက်လာသည့္ ဆံႏြယ္မ်ားကို စိတ္မရွည္သလိုတခ်က္ မႈတ္ထုတ္ပစ္ေသးပါသည္။
ထိုအျပဳအမူတခုတိုင္းစီကိုပင္ မ်က္ေတာင္မခတ္
ပဲၾကည့္ေနေသာ စစ္သူႀကီးOhရယ္ေၾကာင့္
"အဟမ္း သြားမယ္ေလ မင္းသားေလး"
"Lu ......... အင္း ေတာ္ၿပီ ဘာမွမဟုတ္ေတာ့ဘူး
သြားမယ္"
ေျပာခ်င္သည္မ်ားကိုၿမိဳသိပ္လ်က္ ထြက္သြား
ရသည့္ပုံျဖင့္ Sehun ေနာက္ေက်ာကိုၾကည့္ရ
သည္မွာ Luhan စိတ္မြန္းက်ပ္လာခဲ့သည္။
အမည္မသိေသာ~~မခန႔္မွန္းတတ္ေသာ~~
ေၾကာက္႐ြံ႕စရာေကာင္းသည့္ တစုံတရာေၾကာင့္
စိတ္ေတြမြန္းက်ပ္လာခဲ့သည္။
• • • • • • • • • • • • • • • • • •
"ကေလးေတြ မလုပ္နဲ႕ေနာ္ ေပါက္တတ္ကရေတြမလုပ္နဲ႕"
Sehunေျခတခါခါ လက္တခါခါလုပ္ေနေပမဲ့
Luhanႏွင့္တကြ ေမ်ာက္ေလာင္းမ်ားကေျပာ မရဆိုမရျဖစ္ေနၾကသည္။
ေဈးအလယ္တြင္အလြန္တရာအေပါက္ဆိုးေသာ
ဦးေလးႀကီးတစ္ေယာက္ရွိသည္။
ဗန္းျပအလုပ္က သစ္သီးဆိုင္ျဖစ္ေသာ္လည္း
အမွန္မွာ ေငြတိုးေခ်းစားသည္။ အတိုးမတရားယူ
တတ္ၿပီး အလုပ္သမားမ်ားကို ေခါင္းပုံျဖတ္ေသး
သည္။
ထိုလူမ်ိဳးကိုမွ Luhanတို႔ မွတ္ေလာက္သားေလာက္ေအာင္ ဒုကၡေပးခ်င္ပါသတဲ့။
ကေလးမ်ားက ကေလးစိတ္မို႔ ထားပါေတာ့
"Lu ေလွ်ာက္မလုပ္နဲ႕ေလ သူမေကာင္းတာ
လုပ္ရင္ ႐ုံးေတာ္ကိုသြားတိုင္ ျဖစ္တာပဲ"
"မင္းသားေလးကလဲ ဒီလူ႕မေကာင္းေၾကာင္း
သက္ေသနဲ႕တကြ ႐ုံးေတာ္ကဖမ္းဖို႔ အမိန႔္ခ်
ထားၿပီးသား"
"Luကဘယ္လိုသိလဲ"
"က်ေနာ္မ်ိဳးကိုယ္တိုင္ ဒီအမႈေျဖရွင္းထားတာကို
ဒီလူကမင္းမႈထမ္းနဲ႕ကုန္သည္ၾကားက လာဘ္ေပးလာဘ္ယူမႈေတြကိုလဲ ၾကားခံလုပ္ေပးေသးတယ္ နယ္နယ္ရရေတာ့မဟုတ္ဘူး"
ပုံမွန္အတိုင္းပင္ Luhan ေျပာေနေသာ္လည္း
Sehunအံ့ၾသၿပီးရင္းသာအံ့ၾသလာရသည္။
Luhanတြင္ဖုံးကြယ္ထားသည့္ ဘဝစာမ်က္ႏွာ
ဘယ္ႏွ႐ြက္မ်ားရွိမလဲ သူသိခ်င္သည္။
ကိုယ္ရံေတာ္တေယာက္ဟုဆိုသည္ကေခ်သည္အရႈံးေပးေလာက္သည့္ ကႀကိဳးပိုင္ရွင္အျဖစ္ Sehun သိခဲ့ၿပီးကိုယ္ခံပညာကြၽမ္းက်င္သည့္ တိုက္ခိုက္ေရးသမားလဲျဖစ္ေနသည္။
တူရိယာေပါင္းမ်ားစြာ တီးခတ္တတ္သည့္
Hanအိမ္ေတာ္၏အေမြဆက္ဆံသူတဆက္တည္း သမားေတာ္တေယာက္ျဖစ္ေနၿပီးယခု ႐ုံးေတာ္မွလုပ္သည့္ စုံစမ္းစစ္ေဆးျခင္းတြင္လဲ ပါေနျပန္သည္။
Luhan မင္းတကယ္ပဲ ဘာလဲ???
"မင္းသားေလး မတ္တပ္ေမ့မေနနဲ႕ ဒီလူေထာင္
နန္းမစံရခင္ စပ္ၾကား ကသိကေအာက္ျဖစ္
ေအာင္ လုပ္လိုက္ခ်င္ေသးတာ ဟုတ္တယ္ေနာ္
ရဲေဘာ္တို႔!!!!"
"ဟုတ္ပါတယ္!!!!!"
သူ႕လူႏွင့္သူေတာ့ ဟုတ္ေနေသာ အုပ္စုပါပင္။
Sehunမွာ အေတြးနယ္ခ်ဲ့ခ်ိန္ေတာင္ မရွိလိုက္ပဲ
Luhanဆြဲေခၚရာေနာက္ ေကာက္ေကာက္ပါ
သြားရေခ်ၿပီ။
"ပန္းသီးေလးေတြက ခ်ိဳလား"
"ခ်ိဳတာေပါ့ ငါ့တူရဲ႕"
ကေလးမ်ားႏွင့္Sehunကိုေတာ့ အဖက္မလုပ္ပဲ
Luhanက်မွ ငါ့တူ ငါ့တူ တတူတူေနေသာ ဆိုင္ပိုင္ရွင္ဗိုက္ပူအား ကေလးေတြေရာ Sehun
ပါ ေတာ္ေတာ္ေမတၱာစူးေနၿပီဟု ေျပာ၍ရသည္။
ဘာေတြသေဘာက်ေနသည္မသိ Luhan
အနားကမခြာပဲ သြားၿဖဲျပေနသည္ကို
Luhanမသိမသာမ်က္စပစ္ျပေတာ့ ကေလး
ေတြက အသစ္ယူလာသည့္အဝတ္အိတ္ေတြ
ထဲ ပန္းသီးေတြေကာက္ထည့္သည္။
ဒါကိုမသိေသာ ဆိုင္ရွင္ဗိုက္ပူက Luhanမ်က္စ
ကိုျမင္ကာ ခုန္ဆြခုန္ဆြျဖစ္ေနေလရဲ႕။
ခင္ဗ်ားဆိုင္ကုန္ေတာ့မယ္ အသက္ႀကီးမွ
ႏြားအိုျမက္ႏုႀကိဳက္ေနတယ္ လို႔ ထေအာ္မိေတာ့
မည့္ပါးစပ္ကို Sehunအတန္ထိန္းထားရသည္။
ေယာက်္ားေလးျဖစ္ရဲ႕ႏွင့္ ေခ်ာလြန္းလွလြန္း
ေသာ Luhanကိုလဲ Sehun မေက်နပ္ခ်င္။
Wang Jinမင္းသားေျပာသလို ဒီေကာင္ေလး
အႏၲရယ္မ်ားတာ လက္ခံရမလိုျဖစ္ေနၿပီ။
သူမ်ားေတြ စိတ္နဲ႕ေတာင္ ပစ္မွားၾကမွာ Sehun
စိုးရိမ္လွသည္။
"အဟီး ေနာက္မွပဲ လာေတာ့မယ္"
ပန္းသီးတဗန္းလုံးေျပာင္သြားသည္ကိုျမင္ေသာ
Luhan အ႐ူးကြက္နင္းေတာ့သည္။
ေဈးသူေဈးသားမ်ားျမင္ေသာ္လည္းမေျပာ
ၾကပါ။ဆိုင္ရွင္သတၱဝါက လူခ်စ္လူခင္မ်ားတာကို။
"ေျပး ေျပး ေျပးးးး"
ေတြ႕ရာဖရဲသီးတလုံးကို လက္အားေနသည့္ Sehunလက္ထဲထည့္ကာ သူကေတာ့ နာနတ္သီးဆြဲယူလ်က္ ေျပးေလသည္။
အေျခအေနကို ယခုမွ သေဘာေပါက္ေသာ ဆိုင္ရွင္သည္ ေအာ္ဟစ္ဆဲဆိုကာ ေနာက္မွ
လိုက္မည္ျပဳေသာ္လည္း ကာဆီးထားေသာ
ေဈးသူေဈးသားမ်ားေၾကာင့္ Sehunတို႔တေတြ
လြတ္သြားၾကသည္။
ေဈးကိုေတာ္ေတာ္လြန္သည္အထိ သူတို႔ေျပး
လာခဲ့ၾကသည္။
"ေရာ့ ဖရဲသီး နာနတ္သီး ပန္းသီး ႐ြာထဲက
လူေတြကို အကုန္ခြဲေဝေပးလိုက္ေနာ္"
"ဟုတ္ Gege"
"ဒါဆို Geျပန္မယ္ ေနာက္က်မွထပ္လာခဲ့မယ္
ဟုတ္ၿပီလား"
Luhanအေျပာကို ကေလးအားလုံးက ေခါင္းညိမ့္
ျပေသာ္လည္း Xiao Fei ဆိုသည့္ ကေလးမေလး
က Sehunကိုၾကည့္ၿပီးလက္ညိုးထိုးကာ
"Ge ေနာက္တခါလာရင္ အဲ့ဒီGe Geကိုပါ ေခၚ
လာခဲ့ေနာ္"
Xiao Feiစကားကိုက်န္ကေလးအားလုံးကလဲ ေထာက္ခံၾကသည္။
အသီးကိုယ္စီပိုက္ကာ ကေလးေတြျပန္သြားၾက
သည့္ေနာက္ မြန္းတည့္ခ်ိန္အေတာ္လြန္လွၿပီးနန္းေတာ္ျပန္ခ်ိန္ေရာက္လာခဲ့ေလသည္။
"ကဲ Lu ကိုယ္တို႔လဲ ျပန္ရေအာင္"
"ဘယ္ျပန္မွာလဲ ?"
"နန္းေတာ္ေလ"
မထုံတက္ေတးမ်က္ႏွာေပးႏွင့္Luhanအေမးကို
မ်က္ေမွာင္က်ဳံ႕လ်က္ Sehunျပန္ေျဖလိုက္
သည္။
သို႔ေပမဲ့ တဆက္တည္း Luhanေျပာခ်လိဳက္
သည့္စကားမွာ Oh Sehun တေယာက္....
"က်ေနာ္မ်ိဳး ဒီေန႕နန္းေတာ္မျပန္ဖူးရယ္"
"ဘယ္လို???? "
To Be ConTinued…………