လူသားလိုမိစ္ဆာမျိုး...

By Swae_Nyoe

60.6K 7.5K 93

ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နို... More

Description
Part 1.1
Part 1.2
Part 2.1
Part 2.2
Part 3.1
Part 3.2
Part 4.1
Part 4.2
Part 5.1
Part 5.2
Part 6.1
Part 6.2
Part 7.1
Part 7.2
Part 8.1
Part 8.2
Part 9.1
Part 9.2
Part 10.1
Part 10.2
💥တယ်လီဂရုလေး ဖွင့်ထားပါပြီနော်💥
Part 11.1
Part 11.2
Part 12.1
Part 12.2
Part 13.1
Part 13.2
Part 14.1
Part 14.2
Part 15.1
Part 15.2
Part 16.1
Part 16.2
Part 17.1
Part 17.2
Part 18.1
Part 18.2
Telegram ကို လာခဲ့နော်
Part 19.2
Part 20.1
Completed in Telegram
Part 20.2
Part 21.1
Part 21.2
Part 22.1
Part 22.2
Part 23.1
Part 23.2
Part 24.1
Part 24.2
Part 25.1
Part 25.2
Part 26.1
Part 26.2
Part 27.1
Part 27.2
Part 28.1
Part 28.2
Part 29.1
Part 29.2
Part 30.1
🌥September's Clouds Promotion
Part 30.2
Part 31.1
Part 31.2
Part 32.1
💥 September လလယ် Promotion💥
Part 32.2
" စွဲညို့Team ဇာတ်လမ်းများ ဖတ်ဖွယ်ဖတ်ရာ စုံစုံလင်လင်"
Part 33.1
Part 33.2
Part 34.1

Part 19.1

702 107 0
By Swae_Nyoe

Part 19.1

အခန်း (၁၉)

ခြောက်ခြားဖွယ်ပုံပြင်

မြို့နယ်စည်ပင်သာယာရုံး၊ အစည်းအဝေးခန်းမ။

ရှီအန်းအလုပ်သမားIDက သူတို့နှစ်ဦးထင်ထားတာထက် ပိုပြီး သုံးရလွယ်တယ်။ အမှုကိုက သိပ်မကြီးတာကြောင့်လည်း ရဲဝန်ထမ်းတွေက သတင်းအချက်အလက်တွေ မြန်မြန်ယူလာပေးပြီး စည်ပင်ရုံးမှာဧည့်တွေ့ချင်တဲ့ ယင်းရန်ရဲ့တောင်းဆိုချက်ကို လက်ခံခဲ့တာဖြစ်ပါလိမ့်မယ်။

ဆိုပေမယ့် သူတို့နှစ်ဦး အချက်အလက်တွေကြည့်နေချိန်မှာ ရဲဝန်ထမ်းနှစ်ယောက် အစည်းအဝေးခန်ထဲ အမြဲရှိ​နေတယ်။

နေ့လည်၂နာရီထိုးတော့ ချိန်းထားတဲ့အတိုင်း လင်းပေ့ရောက်လာပြီး မနေ့ကထက်စာရင် ပိုမိုလန်းဆန်းနေလေရဲ့။ သူမက မထိုင်ခင် ရဲဝန်ထမ်းနှစ်ဦးကို လှမ်းကြည့်လိုက်တယ်။

"ဘာများလဲနော်..ဟိတ်ဟန်ကြီးတွေက? ကျွန်မ​ ရှေ့နေခေါ်ရတော့မှာလား?"

ရွှတ်နောက်နောက်နဲ့ ပြောလေတဲ့လင်းပေ့ရယ်ပါ။

သူမကိုယ်ဟန်က အပူအပင်းကင်းသလိုရှိနေပြီး သူတို့ကို အပြစ်တင်နေတဲ့ပုံမျိူးလည်း မပေါက်ဘူး။ ယင်းရန်ပြုံးပြီး ပြောလိုက်တယ်။

"ပေ့ကျဲ..ကျွန်တော်တို့ အကြံဉာဏ်တစ်ခုရထားတာလေ..အဲ့ဒါ ပေ့ကျဲအကူအညီလိုလို့"

"ပြောပါရှင်"

"ကိုနှင်းဆီဆုံးသွားတဲ့အကြောင်း ပရောဂျက်ကို ပေ့ကျဲတို့ကိုင်ထားတယ်လို့ ပြောဖူးတယ်မလား? အခု အဲ့ဒီပရောဂျက် စနေပြီလား?"

"ဟင့်အင်း မစသေးဘူး..အကြောင်းအရာရွေးတုန်းပဲရှိသေးတယ်"

လင်းပေ့ မဆိုစလောက်အံ့သြသွားပြီး..

"အဲ့ဒီအကြောင်း ဘာလို့မေးတာလဲ?"

"ကျဲတို့ စတူဒီယိုအကောင့်က ဟိုက်ကူမှာ တော်တော်နာမည်ကြီးတယ်နော်?"

"အကောင်းဆုံး​တွေထဲပါတာပေါ့"

အလုပ်နဲ့ပတ်သက်လာရင် လင်းပေ့တို့က ယုံကြည်ချက်အပြည့်။

ထိုအခါ ယင်းရန်က ကျူံးချန်းရှော်ကို လှမ်းကြည့်ပြီး ဆက်ပြောဖို့အချက်ပြလိုက်တယ်။

ကျူံးချန်းရှော်ကလည်း ချောင်းဟန့်လိုက်ပြီး..

"မစ်လင်း..ကိုနှင်းဆီက ရှဲ့ချောင်တကယ်ဟုတ်​နေတယ်..အဲ့ဒါကြောင့် ဒီအကြောင်းအရာရွေးမယ့်အခွင့်အရေးကို အမိအရအသုံးချပြီး fanတွေဆီကနေ ကိုနှင်းဆီရဲ့ရည်းစားဦးအကြောင်း သဲလွန်စတွေ စုဆောင်းပေးရင်ကောင်းမယ်"

ချက်ချင်းဆိုသလို..လင်းပေ့မျက်နှာပေါ်က အပြုံးကြီး တောင့်တင်းသွားတယ်။

"စိတ်မရှိနဲ့နော်..သိပ်နားမလည်လိုက်လို့"

သူမပခုံးတွေ တင်းမာလာပြီး လေသံထဲမှာလည်း ခုခံလိုတဲ့အရိပ်အယောင်တွေ ပါလာတယ်။

"ကောင်းမုန်ယွီကို လူရှေ့ချပြချင်တာလား? ကိုနှင်းဆီfanတွေပြောဆိုထားတဲ့ ကောမန့်တွေ ရှင်တို့လည်းမြင်တာပဲ...ဒီလိုလုပ်လိုက်လို့ ကောင်းမုန်ယွီကိုပြန်ရှာတွေ့ရင်တောင် နောက်ဆက်တွဲဒဏ်ကို သူခံနိုင်မှာမဟုတ်ဘူး"

"ပြီးတော့ ဒါမျိူးဆိုတာ ကူညီချင်ယောင်ဆောင်ပြီး အ​သေသတ်နေသလိုကြီး...ကျွန်မကတော့ မလုပ်သင့်ဘူးလို့ပဲမြင်တယ်"

ကျူံးချန်းရှော်: "မှားနေပြဗျ..သူ့အကြောင်းတွေ ထုတ်ပြဖို့မလိုဘူး...မစ်လင်းတို့ကုမ္ပကီဘက်က fanတွေအချင်းချင်း 'ရည်စားဟောင်း'နဲ့ပတ်သက်ပြီး ငြင်းခုံဆွေးနွေးလို့ရမယ့် စကားဝိုင်းတွေ ဖန်တီးပေးဖို့ပဲလိုတာ...တစ်ချိန်တည်းမှာပဲ အခကြေးငွေပေးပြီး သတင်းလည်းဖြန့်ခိုင်းရမယ်— အဲ့ဒီအတွက် ကုန်ကျစရိတ်ကို ရှီအန်းကပြန်ပေးမှာပါ"

သူတို့ပြော​နေတာတွေက ယင်းရန်လိုက်လို့မမှီတဲ့ အနေအထားကိုရောက်လာပြီ။

အစည်းအဝေးဆိုတာ ဒါမျိူးလား? ထင်ထားတာထက် အများကြီးပိုပြီးပျင်းဖို့ကောင်းတာပဲ။

ယင်းရန်တစ်ကောင် မျက်နှာလေး တည်ကြည်နေပေမယ့် မျက်လုံးတွေထဲမှာ ဗလာကျင်းနေပြီ။ နောက်တော့ ခိုးကြောင်ခိုးဝှက်နဲ့ စားပွဲအောက်မှာ ဖုန်းကိုဖွက်ပြီး 'ငါးမန်း'ဆိုတဲ့စာလုံးကို ရိုက်ရှာနေလေတယ်။

အဲ့ဒါ သူမတော်တဆ မှားtypeမိတဲ့စာလုံးလေ။ သူမသိတဲ့ ငါးမျိူးစိတ်ဆိုတော့ စပ်စုချင်စိတ်ပေါ်လာတာနဲ့ ရှာကြည့်နေတာ။

ယင်းရန် အာရုံလွင့်နေချိန်မှာ လင်းပေ့ကတော့ အရှိကိုအရှိအတိုင်း နားလည်နေတယ်...

"ကျွန်မသိပြီ...ရှင်တို့က ကိုနှင်းဆီရဲ့ရည်းစားဟောင်းအကြောင်း လိုင်းပေါ်ကလူတွေ ဆွေးနွေးထားတဲ့ chatမှတ်တမ်းတွေကို လိုချင်တာမလား? fanတွေထဲက တစ်ယောက်ယောက် ကောင်းမုန်ယွီနဲ့ အဆက်အသွယ်ရှိခဲ့၊မရှိခဲ့ သိချင်နေတာဟုတ်?"

"အင်းး သူ ကိုနှင်းဆီpageထဲ ခဏခဏဝင်တတ်တယ်..တစ်ခါကဆို တခြားလူယောင်ဆောင်ပြီး ကိုနှင်းဆီရဲ့ရည်စားဟောင်းဘက်ကတောင် ကာပြောခဲ့သေးတယ်...သူ မပျောက်သွားခင်ရက်ပိုင်းက အလဲလဲအပြိုပြို စိတ်ဓာတ်ကျနေတာကိုကြည့်ရသလောက် လိုင်းပေါ်ကလူတွေနဲ့ အချေအတင်ဖြစ်ခဲ့လို့နေမှာ"

"ဒါပေမယ့် တကယ်သာ စိတ်ဖောက်နေတဲ့fanတစ်ယောက် ကျူးလွန်ထားတဲ့အမှုဆိုရင် တရားခံကိုယ်တိုင်ထွက်လာပြီး သဲလွန်စပေးဖို့ လုံးဝမဖြစ်နိုင်ဘူး"

လင်းပေ့က မျက်မှောင်ကြုပ်ပြီး ပြောတယ်။

ကျူံးချန်းရှော်ကတော့ သူမစကားကိုမတုံ့ပြန်။ သူ ခပ်တည်တည်ပဲဆက်ပြောတယ်။

"ကောင်းမုန်ယွီက ရှက်တတ်ပြီးလူကြောက်တတ်လို့ ဘယ်တော့မှ တခြားလူတစ်ယောက်နဲ့ နှစ်​ယောက်တည်း ထိပ်တိုက်ရန်ဖြစ်ရဲမှာမဟုတ်ဘူး...သူ လိုင်းပေါ်မှာ လူစိမ်းတွေနဲ့ အပြန်အလှန်ပြောတာဆိုလို့ လူတွေအများကြီးဝိုင်းပြီး ဆွေးနွေးကြတဲ့ စကားဝိုင်းတွေလောက်ပဲရှိတယ်...ဒီတော့ အဲ့ဒီကိစ္စတွေကို သိနေတဲ့လူတချို့ရှိကိုရှိမှာပဲ"

လင်းပေ့က ဆံပင်သပ်လိုက်ပြီး..

"ရှင်က အသေးစိတ်အထိ ခန့်မှန်းထားတာကိုး"

"သေချာလေ့လာပြီးမှ ပြောတဲ့စကားပါ..ကျွန်တော့်မှာ သက်သေရှိတယ်— ကောင်းမုန်ယွီက အမြဲအဲ့လိုပဲလုပ်တတ်တာ"

ကျူံးချန်းရှော်က ပြောပြောဆိုဆိုနဲ့ laptopကို တွန်းပေးလိုက်တယ်။

19 02

tabletထဲက ရပ်ထားတဲ့screenမှာ ပေါ်နေတာက ရဲစခန်းမှာရှိတဲ့ စောင့်ကြည့်ကင်မရာတွေနဲ့ ရိုက်ကူးမှတ်တမ်းယူထားတဲ့ ဗီဒီယိုတစ်ခု။ ဗီဒီယိုထဲမှာ စစ်မေးခံနေရသူကတော့ တော်တော်ကြီး စိတ်အနှောင့်အယှက်ဖြစ်နေပုံရတဲ့ မိန်းမငယ်တစ်ဦးဖြစ်တယ်။

"ကောင်းမုန်ယွီ ပျောက်နေတယ်ဟုတ်လား? ကျွန်မ–ကျွန်မ ဘာမှမသိဘူးနော်...ကျွန်မနဲ့သူနဲ့ ဘယ်လိုမှမပတ်သက်ဘူး"

"အဲ့ဒီနေ့က ကျွန်မ ရှေ့နောက်မကြည့်ဘဲ ပြောလိုက်မိတာဝန်ခံပါတယ်... ဒါပေမယ့် အဲ့ဒါ လွန်ခဲ့တဲ့လဝက်လောက်က ဖြစ်ထားတဲ့ကိစ္စ..ကျွန်မစကားတွေကြောင့်နဲ့ သူသတ်သေဖို့အထိတော့ မကြံစည်လောက်ပါဘူးနော်? အဓိပ္ပါယ်မှမရှိတာ!"

ကောင်မလေးနာမည်က ​​​​ကျိုင်ကျင်းတဲ့။ ဘွဲ့လွန်ဝင်ခွင့်ဖြေဖို့ပြင်ဆင်နေတဲ့ ဂျူနီယာကျောင်းသူတစ်ယောက်ပေါ့။

ဖြစ်ကြောင်းကုန်စင်က မရှုပ်ထွေးဘူး။

သူမနဲ့ကောင်းမုန်ယွီက ဘွဲ့လွန်ဝင်ခွင့်ဖြေဖို့ပြင်နေတဲ့ နယ်ခံကျောင်းသားတွေထဲမှာ တစ်ဖွဲ့တည်းသွားကျတယ်။

ကောင်းမုန်ယွီက အဲ့ဒီအဖွဲ့ထဲသိပ်မဝင်ဆံ့ဘူး။ အသက်လည်းကြီးတယ်။ စာမေးပွဲဖြေဖို့ ထောက်ပံ့ပေးနေတဲ့မိသားစုလည်း မရှိဘူးး။ ဒီကြားထဲ ရည်းစားနဲ့ကလမ်းခွဲထားသေး။ ဘယ်ဘက်ကကြည့်ကြည့် သူမက တစ်ကောင်ကြွက်ဆိုမှ တကယ့်ကိုတစ်ကောင်ကြွက်။ ဒါတင်မကဘူး...လူမှုဆက်ဆံရေးပိုင်းမှာလည်း ညံ့သေးတယ်။ အဖွဲ့ထဲကကျောင်းသားတွေ twitterမှာ စကားပြောကြရင် သူမ ဘယ်တော့မှ ဘာမှဝင်မပြောဘူး။

သို့ပေမယ့် ကောင်းမုန်ယွီက လူတွေကြားမှာ ထင်းထွက်မနေသည့်တိုင်အောင် သဘောမ​နောကောင်းလေတော့ အဖွဲ့ထဲကကျောင်းသားတွေက သူမနဲ့မခင်ချင်ရင်တောင်မှ သူမကို အမြင်မကြည်တာမျိူးမရှိ​ကြဘူး။

ပြဿနာက groupထဲမှာ ကျောင်းသားတွေအချင်းချင်း voice-chatပြောကြရင်းနဲ့ စတယ်။

ကျိုင်ကျင်းက သူမကျောင်းကအသင်းမှာ နွေလည်ည ခြောက်ခြားစရာပုံပြင်တွေအကြောင်း အစည်းအဝေးလုပ်ဖို့ရှိတာကြောင့် အဖွဲ့သားအကုန်လုံးကို တကူးတကခေါ်ပြီး voice-chatစလိုက်တယ်...ဒါမှ သူမ ကုန်ကြမ်းတွေရမှာလေ။

အစပိုင်းမှာ စကားဝိုင်းက အခြေအနေကောင်းတယ်။ ကောင်းမုန်ယွီ စကားမစခင်အထိပေါ့။

လူမှန်ရင် သေချာ​ပေါက်ဝင်ပြောရမှာဖြစ်တဲ့ ဒီလိုစကားဝိုင်းမျိူးမှာတောင် ကောင်းမုန်ယွီက များ​သောအား​ဖြင့် နားပဲထောင်​ပြီး ဝင်မပြောတတ်ဘူး။ အခုလို သူမဘက်က အရင်စပြောလာတော့ အကုန်လုံးအံ့သြသွားကြပေမယ့် တိတ်တဆိတ်နားထောင်ပေးကြတယ်။

ကောင်းမုန်ယွီပြောပြတဲ့ပုံပြင်က ထူးဆန်းလွန်းပါတယ်။

သူမသူငယ်ချင်းဆီကပြန်ကြားတဲ့ ဖြစ်ရပ်မှန်တဲ့—

တစ်နေ့ သူငယ်ချင်းA ဈေးဝယ်ပြီးပြန်လာတော့ လမ်းထဲမှာ တစ်ခါမှမမြင်ဖူးတဲ့ အဘိုးကြီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဲ့ဒီအဘိုးကြီးက မသတီချင်စရာမျက်နှာသေကြီးနဲ့ လမ်း​ပေါ်မှာ တိတ်တဆိတ် ရပ်နေတယ်တဲ့။

Aလည်း ဘာမှအထွေအထူးမစဥ်းစားဘဲ အိမ်ပြန်သွားလိုက်တယ်။

အဲ့ဒီကစ​ပြီးနေ့တိုင်း Aဟာ ဈေးဝယ်သွားတိုင်း အဘိုးကြီးနဲ့တွေ့တော့တယ်။ အစပိုင်းတုန်းက လယ်သမားဈေးနားက လမ်းထဲမှာ။ နောက်တော့ သူမတို့အိမ်ယာရှိတဲ့ ရပ်ကွက်အဝင်လမ်းနားမှာ။ နောက်ဆုံးကျ အိမ်ယာဝင်ပေါက်နားထိ ရောက်လာတယ်။

အဘိုးကြီးက ဘာမှတော့မလုပ်ဘူး။ ဒါပေမယ့် Aက သူ့ကိုသတိထားမိလို့ ကြည့်လိုက်တဲ့အချိန်တိုင်း သူကလည်း Aကိုပဲ အမြဲတမ်းစိုက်ကြည့်နေတာ။

ဒီလိုနဲ့ တစ်ရက်ကျတော့ Aဟာ ထိုင်ရာကထပြီး လိုက်ကာဆွဲဖွင့်လိုက်တယ်။

အဘိုးကြီးက အိမ်ယာအဝင်ဝမှာမတ်တပ်ရပ်ပြီး သူမအိမ်ပြတင်းပေါက်ကို မျက်နှာသေကြီးနဲ့ ကြည့်နေခဲ့ပါသတဲ့။

ပုံပြင်လေးရဲ့အဆုံးသတ်ကတော့ ဒါပါပဲ။

အရှေ့မှာပြောသွားတဲ့ပုံပြင်တွေက သွေးသံတရဲရဲတွေ၊ သရဲတွေနဲ့ ကြောက်ဖို့ကောင်းသလောက်...အဲ့ဒီ စိတ်လှုပ်ရှားစရာပုံပြင်တွေနဲ့ယှဥ်ရင် သူမပုံပြင်က တော်တော်ကြီးထုံထိုင်းပြီး ပျင်းဖို့ကောင်းတယ်။

"နည်းနည်းပျင်းဖို့ကောင်းတယ်နော်...ဖြစ်ရပ်မှန်ရော တကယ်ဟုတ်လို့လား?"

အရင်ဆုံး ထင်မြင်ချက်ပေးလာသူက ကျိုင်ကျင်း။

"အစ်မသူငယ်ချင်းက တရားလွန် စန်းစန်းတင့်ဖြစ်နေသလိုကြီး"

ကောင်းမုန်ယွီ: "ကြောက်ဖို့မကောင်းဘူးလား?"

"ဘယ်နားက ကြောက်ဖို့ကောင်းရမှာလဲ? လုံးဝပဲ...လူသတ်သမားက သူသတ်မယ့်လူ နေတဲ့အထပ်ကို လက်ညှိုးထိုးရေနေတာလောက်တောင် ကြောက်ဖို့မကောင်းဘူး"

"...တကယ် လုံးဝကြောက်ဖို့မကောင်းဘူးလား?"

"အစ်မက တိုင်လည်နေတဲ့ အသံဖမ်းစက်လား?"

"အဲ့လောက်ကြီး ရိုင်းဖို့မလိုပါဘူး"

"ဘယ်မှာရိုင်းလို့လဲ?"

ကျိုင်ကျင်းက အမြဲတစေ စကားပြောရင့်သီးတယ်။ ကောင်းမုန်ယွီက အသေးအမွှားတွေကို ပုံကြီးမချဲ့မိအောင် နှုတ်ဆိတ်ပြီးနေနေကျ။ အဲ့ဒီနေ့ကျမှ ကောင်းမုန်ယွီတစ်ယောက် ရန်မဖြစ်တတ်၊ဖြစ်တတ်နဲ့ ကျိုင်ကျင်းကို ရန်တွေ့လိမ့်မယ်လို့ ဘယ်သူထင်ခဲ့မလဲ။ တစ်ယောက်တစ်ခွန်း စကားများကြရင်း ကျိုင်ကျင်းက ကောင်းမုန်ယွီကို ''အန်တီအရွယ်ကြီးက အပျိူဖျန်းလေးလို ဘွဲ့လွန်စာမေးပွဲလာဖြေနေတယ်ဟေ့" လို့ပြောလိုက်တာ..ကောင်းမုန်ယွီ အဖွဲ့ထဲက ချက်ချင်းထွက်သွားပါလေရော။

ကောင်းမုန်ယွီက အဲ့ဒီအဖွဲ့ထဲမှာ သူငယ်ချင်းမရှိတော့ ဘယ်သူမှ သူမဘက်က မနေပေးကြဘူး။ နောက်​တော့ ကျိုင်ကျင်းတစ်ယောက် သူမပြောလိုက်တာလွန်သွားသလို ခံစားမိပေမယ့် ကောင်းမုန်ယွီကို အထူးတလည် မတောင်းပန်ချင်တာကြောင့် ပြဿနာကို ဒီအတိုင်း တန်းလန်းထားလိုက်တယ်။

19 03

ဒီအ​ကြောင်းတွေ နားထောင်ပြီး လင်းပေ့တစ်ကိုယ်လုံး ချွေးတွေရွှဲလာလေရဲ့။

"အဲ့ဒီပုံပြင်က မဟုတ်မှလွဲရော ကောင်းမုန်ယွီကိုယ်တိုင်ကြုံခဲ့တဲ့ ဖြစ်ရပ်မှန်များလား..."

"မသေချာဘူး..ဒါပေမယ့် ဖြစ်နိုင်ချေရှိတယ်"

ကျူံးချန်းရှော်က laptopကိုပြန်ဆွဲယူလိုက်ပြီး..

"သူက မိသားစုနဲ့ ဆက်ဆံရေးသာမန်ပဲ...ရှဲ့ချောင်နဲ့က လမ်းခွဲထားတယ်...အလုပ်လည်းထွက်ထားတယ်...လုပ်ဖော်ကိုင်ဖက်တွေနဲ့ အကြိုက်ချင်းမတူတော့ သူ့မှာ သူငယ်ချင်းလည်းမရှိဘူး...အသိမိတ်ဆွေတချို့ ရှိတယ်ဆိုပေမယ့် ရင်းနှီးတဲ့သူငယ်ချင်းအဆင့်ထိ မရောက်တာခက်တယ်..လွန်ရောကျွံရောမှ မေးထူးခေါ်ပြောလောက်ပဲ လုပ်တာဆိုတော့"

Telegram မှာ အပိုင်း ၇၁အထိ ရောက်ပါပြီနော်။

Continue Reading

You'll Also Like

1.3M 22.2K 47
Alyx Johns has traveled to hell and back since the night her mother died. She suffered through the worst of emotional and physical abuse, yet kept he...
27.4K 1.5K 32
#ဘာသာပြန်မဟုတ်ပါ# #OC ဖြစ်ပါသည်# နန်းတော်မှာ ကလေးငယ်လေးလို နေခဲ့သော မင်းသားတစ်ပါးအား ဖခမည်းတော်မှ တောင်ပေါ်မှ ကျောင်းတစ်ကျောင်းသို့ ပို့၍ ပညာသင်ယူစေသ...
3.1M 73.3K 26
"whats your favorite scary movie?" "that one my little pony movie"
4.4M 123K 39
"I wanna kill you.." He whispered huskily. "I dare you" I said. Seventeen year old Sonee rave win's a contest to go stay at Dracula's castle for two...